Behind Every Mask { COMPLETED...
By Lastsaturday11
255K 24.5K 575
Love has a powerful way of removing the mask that we all insist on wearing. More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Final
Birthday Extra
Chapter 11
11.6K 1.3K 20
By Lastsaturday11
Shila Hotel,Seoul......
အဆင်ပြေရဲ့လား"
လက်​ထဲကwhiskeyကို
တကယ်​​တော့
သို့​ပေမယ်​လဲ
Minjaeကိုယ်​​တိုင်​ကလဲ
ထင်​​တောင်​မထင်​ထားဘူး"
Jiyongရဲ့အ​ပြောကိုလဲ
နောက်​တစ်​ခွက်​ကိုသာ
ဆက်​​သောက်​​နေမိသည်​....။
တွေ့​ပေးဖြစ်​​သေးတယ်
မတုန်မ​လှုပ်​ဘဲ...
အရည်​​ပျော်​သွားတာကိုး
ဂရုစိုက်တယ် ​​​မဟုတ်​လား"
ခေါင်းအသာယမ်းမိတယ်​..။
မချစ်​လားဆိုတာ သူမသိ
သူလဲသိသည်​။
appaဆီ​ပြောဖူးသည်​။
အခုချိန်​jungkookဟာ
ယူဖြစ်​ကြတာမဟုတ်​လား..။
အဲ့ဒီအခါကြရင်​​ရော
အ​တွေး​ကြောင့်​ရင်​ဘက်​က
စစ်​ခနဲ နာကျင်​သွားတယ်​။
ပြော​နေကြတဲ့စကား​တွေက
သူ့အတွက်​အားလုံးက
တစ်​ခွက်​ပြီးတစ်​ခွက်
ဆက်​ပြီးသာ ​သောက်ေ​နမိသည်​...။
သူကလဲ မလိုချင်​...
ဖြစ်​သွား​ရော....။
အခန်းထဲ​ရောက်​ပြီး
မျက်​လုံးမှိတ်​ပြီး
ပေးစားလိုက်​တာ"
"​အေး​လေ တကယ်​ဆို
ပို​အောင်မြင်လာတာ
Kim T​​aehyungက
အရင်​ကသတင်း​တွေက
သူ့ခေါင်းထဲ ၀င်​လာတာ
သူ့Appaနဲ့Omma
Ommaကလဲ​ယောက်ျားကို
ပြေ​ပြေလည်​လည်​​ပင်​...
နောက်​မှသူသိခဲ့တာက
သူ့appa​ရောommaပါ
လက်​ထပ်​ခဲ့ကြရချင်းသာ...
appaကချစ်​ခဲ့​ပေမယ့်
Ommaကမချစ်​ခဲ့။
အချစ်​.....
နားလည်းမလည်​ခဲ့ဘူး။
ဘာလို့အခုချိန်​မှ
Ommaကိုချ စ်​ရက်​နဲ့
Appaက
သားတစ်ချိန်ချိန်သိလာမယ်ဟုသာေ​ဖြခဲ့သည်​။
အဲ့ဒီတုန်းက
ဘယ်​သူ့ကိုမဆို
ဒါဆို ခုချိန်​​ရော....
သူမ​ဖြေနိုင်​​တော့။
ထည့်​စဉ်းစား​နေတတ်​တာ
အခုမှ
အ​တွေး​တွေ​ကြောင့်​လူကေ​မာလာသည်​...
နာရီကြည့်​​တော့ည၁၂ခွဲ
အိမ်​.....
ဘေးကပ်​ရပ်​အခန်းမှာ
နိုးလာရင်​လဲ
အသံမဟုတ်​ရင်
ဘာမှမလုပ်​ပေြး​ဖစ်​ဘူး
အရမ်းအသားကျ​နေပြီ
အိပ်​ယာ​ပေါ်ကကုန်းရုန်းထရင်း
အိမ်​ထဲ​ရောက်​​တော့တယ်​။
ထင်​တဲ့အတိုင်းဘဲ
သူဘာမှပြန်​မ​ဖြေမိ
တုန်​ရင်​​နေတယ်​....။
ေ​​​​ကြမွ​နေတဲ့အင်္ကျီ
က​လေးတစ်ယောက်လို
ဘာ​ကြောင့်​မှန်းမသိ
သူ့ကို​ပွေ့ပိုက်​ပြီးခ​လေးတစ်​​ယောက်​လို
ချော့မြူ​နေ​ပေမယ့်
"Hyungအနားမှာဘဲ​နေမှာ
ရင်​ကွင်​ကျယ်​ထဲကို
"အိမ်​ကိုလွမ်းလို့"
ခပ်တိုးတိုး​ပြန်ေ​ဖြရင်း jungkookကို
A/N ဒီရက်​ပိုင်း အားရင်​အားသ​လောက်​update
လုပ်​​ပေးပါမယ်​​နော်
Hugs and kiss to both silent&active readers😘😘😘😘😘
Love u all.....
Shila Hotel,Seoul......
"​ကျောင်းတစ်​ဖက်​ အလုပ်​တစ်​ဖက်​နဲ့ဆို​တော့
မင်းတော်​​တော်​ပင်​ပန်းမှာဘဲအလုပ်​ကရော
အခုမှ စ​လေ့လာတုန်းဆိုတော့
အဆင်ပြေရဲ့လား..."
Minjaeရဲ့အ​မေးကိုသူ​ခေါင်းဘဲငြိမ့်​ပြရင်း
လက်​ထဲကwhiskeyကို
တစ်​ရှိန်​ထိုး​မော့ချလိုက်​တယ်​။
တကယ်​​တော့ Seoul Highရဲ့​
ကျောင်းသား​ဟောင်းများ​တွေ့ဆုံပွဲကို
သူမတတ်​ချင်​...
အလယ်​တန်းအထိသာkoreaမှာ​နေခဲ့သူမို့​​
ဒီပွဲမှာသူ့ သူငယ်​ချင်းသိပ်​မရှိ။
သို့​ပေမယ်​လဲ
ရှားရှားပါးပါးခုထိသူငယ်​ချင်းဖြစ်​​​​နေသော
Minjaeရဲ့hotelမှာလုပ်​တဲ့ပွဲမို့လို့သာမက
Minjaeကိုယ်​​တိုင်​ကလဲ
အတင်းခေါ်​နေတာ​ကြောင့်
မကောင်းတတ်​၍သူလာခဲ့လိုက်​သည်​..။
"ကြားရတာ​တော့ jeon jungkookက
မင်းကို အရမ်းဂရုစိုက်​တယ်​ဆို
အဲ့ဒီ​ရေခဲတုံးက အဲ့လို​တွေလုပ်တတ်မယ်လို့
​​​ထင်​​တောင်​မထင်​ထားဘူး"
Jiyongရဲ့အ​ပြောကိုလဲ
သူအပြုံးဖြင့်သာတုန့်ပြန်​ရင်း
​နောက်​တစ်​ခွက်​ကိုသာ​
ဆက်​​သောက်​​နေမိသည်​....။
"တကယ်​​တော့ jeon jungkookကို
ငါ့appaက သားမတ်​သိပ်​​တော်​ချင်​တာ
noonaနဲ့မိတ်​ဆက်​​ပေးပြီး
​တွေ့​ပေးဖြစ်​​သေးတယ်​
jeon jungkookက​အေးတိ​အေးစက်နဲ့​
လုံးဝကိုမတုန်မ​လှုပ်​ဘဲ...
ကြာ​တော့noonaလဲ စိတ်​ညစ်​လာလို့
appaလက်လျော့လိုက်ရတာ...
Taehyung.ya....မင်း​နဲ့​တွေ့မှ
အရည်​​ပျော်​သွားတာကိုး
မင်းကို​တော့အရမ်းချစ်​ပြီး
ဂရုစိုက်တယ် ​​​မဟုတ်​လား"
Jiyongရဲ့စကားအဆုံး သူခပ်​ဖွဖွရယ်​ရင်း
ခေါင်းအသာယမ်းမိတယ်​..။
jungkookသူ့ကိုချစ်​လား
မချစ်​လားဆိုုတာ သူမသိ
အရမ်းဂရုစိုက်​တာက​တော့ အမှန်​ပင်​....။
Jiyongရဲ့အ​ဖေ ဥက္ကဥParkဟာ
jungkookကိုသူ့သမီးနဲ့
အရမ်းသ​​ဘောတူတယ်​ဆိုတာကို
သူလဲသိသည်​။
လူငယ်​ချင်းတွေ့​ပေးလို့အဆင်​မ​ပြေသဖြင့်
လူကြီးချင်းစီစဉ်​​ပေးရန်​အထိပါ
appaဆီ​ပြောဖူးသည်​။
သူနဲ့သာလက်​မထက်​ဖြစ်​ရင်​
အခုချိန်​jungkookဟာ
jiyongရဲ့noona Park groupရဲ့သမီး
Park Miyongကိုလက်​ထက်​ဖြစ်​​လောက်မှာ.....
သူနဲ့လဲ appa​ကြောင့်သာ
ယူဖြစ်​ကြတာမဟုတ်​လား..။
အဲ့ဒီအခါကြရင်​​ရော
ခင်ပွန်းကောင်းတစ်ယောက်ဖြစ်တဲ့
Jungkook ဟာသူမဟုတ်​တဲ့
တစ်​ခြားတစ်​​ယောက်​ကိုဂ​ရုစိုက်​မှာဘဲလား....
အ​တွေး​ကြောင့်ရင်​ဘက်​က
စစ်​ခနဲ နာကျင်​သွားတယ်​။
ရယ်​သံ​နှော​နေတဲ့စကားဝိုင်းထဲသူဝင်​မပါမိ...​​
ပြော​နေကြတဲ့စကား​တွေက
သူ့နားထဲဝင်​တစ်​ချက်​ မဝင်​တစ်​ချက်​..
တစ်​ဖိတ်​ဖိတ်​လက်​​နေတဲ့မီးဆိုင်းတွေ
တန်ဖိုးကြီး​​ရေ​​မွေးနံ့တွေနဲ့
designer ၀တ်​စုံ​၀တ်​ထားတဲ့လူ​တွေ
စား​သောက်​စရာကို မပြတ်​လိုက်​ဖြည့်နေတဲ့
အလုပ်​ရှုပ်​​နေတဲ့စားပွဲထိုး​တွေ
သူ့အတွက်​အားလုံးက
စိတ်​ရှုပ်​စရာလိုဖြစ်​​နေသည်​။
အာရုံလွဲသည့်အ​နေဖြင့်
တစ်​ခွက်​ပြီးတစ်​ခွက်​
ဆက််​ပြီးသာ ​သောက်​နေမိသည်​...။
"ငါ​မရ​တော့ဘူး နား​တော့မယ်​...
goodnight guys..Still have fun..."
အတူတူထိုင်​​နေတဲ့သူငယ်​ချင်းအချို့ကို
နှုတ်​ဆက်​ပြီးသူ့အတွက်​ စီစဉ်​​ပေးထားတဲ့
အခန်းဆီတတ်​လာခဲ့လိုက်​သည်​။
အမူးလွန်​​အောင်​ဆက်​​သောက်​ကြမယ်​့
သူငယ်ချင်းအချို့​အ​ကြောင်းသိ၍
minjaeက သူ့hotelမှာ အခန်းတွေပါ
အဆင်​သင့် စီစဉ်​​ပေးထားတယ်​။
အစကအိမ်​ပြန်​ဖို့ သာရည်​ရွယ်​​ပေမယ့်
သူမူးပြီးကား​မောင်းမှာကို jungkookက
စိတ်​မချ..တစ်​​နေကုန်​ပင်​ပန်းထား​သော jungkookကို အိပ်ချိန်မအိပ်​​​ဘဲ
ညကြီးမိုးချုပ်​မှသူ့ကိုလာကြိုရတာမျိုးကို
သူကလဲ မလိုချင်​...
အဲ့ဒါနဲ့ဘဲ hotelမှာဘဲအိပ်​လိုက်​မယ်​ဆိုပြီး
ဖြစ်​သွား​ရော....။
အခန်းထဲ​ရောက်​ပြီး
အ​တော်​ကြာလူးလှိမ့်နေ​ပေမယ့် သူအိပ်​မရ....
မျက်​လုံးမှိတ်​ပြီး
အသက်​ရှုသွင်းရှုထုတ်​လုပ်​​နေ​ပေမယ့်
ည​နေကcompanyမှာ ကြားခဲ့ရတဲ့
အတင်းစကား​တွေက ​ခေါင်းထဲဝင်​လာတယ်​။
"Chairman Kimက သိပ်​​တော်​တယ်​​နော်​
ဖိတ့်မယ်​ဖိတ်​ကိုယ့်အိတ်​ထဲဘဲ
အဖိတ်​ခံလိုက်​တာ ​မွေးစားသားကို
လက်​မလွတ်​နိုင်​​တော့သားအရင်းနဲ့​
ပေးစားလိုက်​တာ"
"​အေး​လေ တကယ်​ဆို
CEO jeonက​ချောင်​ပိတ်​ခံလိုက်​ရသလိုဘဲ
Kim Groupကလဲသူ့​ကြောင့်ဘဲ
ပို​အောင်မြင်လာတာ..Kim T​​aehyungက
ရုပ်​က​လေးသာ ​သေ​လောက်​​အောင်​​ချောတာ
အရင်​ကသတင်းတွေက
ဘာတစ်ခုမှ​ကောင်းတာမရှိဘူး"
"အထက်​တန်းလွာ​တွေရဲ့ အိမ်​​ထောင်​​ရေးက
သိပ်​မခံကြပါဘူးဟာ အချစ်​မှမပါတာ
စီးပွား​ရေး သက်​သက်​ဘဲဟာ"
နားနှစ်​ဖက်​ကို ​ခေါင်းအုံးနဲ့ဖိရင်း
သူအသက်​ပြင်းပြင်းရှု​နေမိသည်​။
အတင်းစကား​တွေကသူ့အတွက်​မဆန်း
အရင်​ထဲကမျိုးစုံ ​ပြောခံ​နေရပြီးသား..
သူ့ခေါင်းထဲ ၀င်​လာတာ
အချစ်​မပါတဲ့အိမ်​​ထောင်​​ရေး
သူ့Appaနဲ့Omma
အိမ်​​ထောင်​​ရေးကို​တွေးမိ​တော့
သူအသက်​ရှုကြပ်​သွားသည်​။
စီးပွား​ရေးအရလက်​ထပ်​​ပေးခြင်​းဟာ
သူ့အသိုင်းအဝိုင်းမှာ အဆန်းမဟုတ်​
ကွာရှင်းတဲ့ကိစ္စလဲ ထိုအတိုင်းပင်​
သူအသက်​၁၄နှစ်​အထိ သူ့appaနှင့်ommaကို
သိပ်​ချစ်​ကြတဲ့လူ​တွေလို့သာမြင်​ခဲ့သည်​။
Appaကommaကိုအရမ်းဂရုစိုက်​သလို
Ommaကလဲ​ယောက်ျားကို
ကြင်​နာနာခံတတ်​တဲ့အမျိုးသမီးပင်​
ရန်​ဖြစ်​ကြတာမျိုးလဲတစ်​ခါမှမမြင်​ခဲ့ဘူး
အဲ့လိုလူနှစ်​​ယောက်​ကကွာရှင်းခဲ့ကြသည်​။
ကွာရှင်းပြီးချိန်​အထိလဲ
သူ့မိဘနှစ်​ပါးရဲ့ဆက်​ဆံ​ရေးက
​ပြေ​ပြေလည်​လည်​​ပင်​...
​နောက်​မှသူသိခဲ့တာက
သူ့appa​ရောommaပါ
မိဘ​တွေကိုမလွန်​ဆန်​နိုင်​လို့
လက်​ထပ်​ခဲ့ကြရချင်းသာ...။
သူ့ထက်​၁၀နှစ်​ငယ်​တဲ့ommaကို
appaကချစ်​ခဲ့​ပေမယ့်
Ommaကမချစ်​ခဲ့။
Ommaရဲ့အ​ဖေ သူ့အဖိုးဆုံးပြီး
အ​မွေကိစ္စများအားလုံးရှင်းချိန်​မှာ​တော့
နှစ်​ဦးသ​ဘောတူ ကွာရှင်းခဲ့ကြသည်​။
အချစ်​.....
အချစ်​ကိုအ​ရေးကြီးတယ်​လို့
သူတစ်​ခါမှမထင်​မိခဲ့။
ရည်းစားအများကြီးထားခဲ့​​ပေမယ့်​
အချစ်ဆိုတာဘယ်​လိုမှန်းသူမသိခဲ့သလို
နားလဲမလည်​ခဲ့ဘူး။ဘာလို့အခုချိန်​မှ
အဲ့ဒါကသူ့​ခေါင်းထဲဝင်​လာရသလဲ။
Appaကိုသူ​မေးခဲ့ဖူးပါသည်​
Ommaကိုချ စ်​ရက်​နဲ့
ဘာကြောင့် ကွာရှင်းခဲ့သလဲ​ပေါ့။
Appaက  တစ်​ချို့အရာ​တွေဟာ
ကိုယ့်အတွက်​မဟုတ်​ရင်​
စွန့်လွတ်​လိုက်​တာ ပို​ကောင်းတယ်​
သားတစ်ချိန်ချိန်သိလာမယ်ဟုသာ​ဖြေခဲ့သည်​။
အဲ့ဒီအချိန်​တုန်းက​တော့ ​
ပေါ့​ပေါ့တန်​တန်​သာတွေးခဲ့မိတယ်​
အဲ့ဒီတုန်းက ဘယ်​သူ့ကိုမဆို
သူနဲ့မကိုက်​ရင်​စွန့်လွတ်​ပစ်​လိုက်​ဖို့
၀န်​မ​လေးခဲ့တဲ့အချိန်​ကိုး...။
ဒါဆို ခုချိန်​​ရော....
Jungkookကိုစွန့်လွတ်​နိုင်​လားဟု
သူ့ဘာသာသူပြန်​​မေးမိချိန်​
သူမ​ဖြေနိုင်​​တော့။
စီးပွား​ရေးကိုစိတ်​မဝင်​စားတဲ့သူဟာ
အခုမှစီးပွား​ရေးကိစ္စ​တွေ​ကို​
အားကြိုးမာန်တတ်​​​လေ့လာ​နေတာ
ဘယ်​သူနဲ့တွဲဖို့ဖြစ်​ဖြစ်​ ၀န်​မ​လေးတဲ့သူဟာ
အိမ်​​ထောင်​သည်​ဆိုတဲ့အ​ကြောင်းပြချက်​နဲ့
ဘယ်​သူ့ကိုမှလှည့်မကြည့်တော့တာ
ကို့ယ့်အ​တွက်​သာ ကို​ယ်​တွေးတတ်​တဲ့သူဟာ
ဘယ်​ကိစ္စမဆို jungkook​ရောဆိုတာပါ
ထည့်စဉ်းစား​နေတတ်​တာ
အခုမှ အရမ်းကို
တော်​ချင်​ ထက်​မြက်​ချင်​​နေတာ...။
အ​တွေး​တွေ​ကြောင့် လူက​မောလာသည်​...
နာရီကြည့်တော့ည၁၂ခွဲ
ဘယ်​လိုမှဆက်​အိပ်​မရ​တော့...
အထီးကျန်​ပြီး ဘာမှမရှိသလိုခံစားချက်​ကြီး..
အိမ်​.....
အိမ်​ကိုဘဲပြန်​ချင်​တယ်​
သူ့အတွက်​ စိတ်​သက်​သာ​ရာရစေတဲ့​နေရာ
သူတို့နှစ်​​ယောက်​ရဲ့အိမ်​ကို....
သူ့အိပ်​ယာ​ပေါ်သူလှဲရင်း​
ဘေးကပ်​ရပ်​အခန်းမှာ
သူဘာဖြစ်​ဖြစ်​ သူ့အတွက်​ရှိ​ပေးမယ့်
လူရှိ​နေတယ်​ဆိုတဲ့ အသိနဲ့ဘဲအိပ်​ချင်​တယ်​...။
နိုးလာရင်​လဲ
နိုးပြီးလား မနက်​စာလာစားဦး​နော်​ဆိုတဲ့
အသံမဟုတ်​ရင်​
ဒီ​နေ့စော​စောသွားရမှာမို့လို့
ဘာမှမလုပ်​ပြေး​ဖြစ်​ဘူး
Hyungစား​နေကျဆိုင်​ကို
bookingလှမ်းလုပ်ပေးထားတယ်​ ​​
နေ့လည်ကျလာကြိုမယ်​​ဆိုတဲ့
sticky note​လေးမြင်​ပြီးဘဲနိုးချင်​တယ်​...။
သူဟာနှစ်​​ယောက်​တစ်​ကမ္ဘာဖြစ်​​နေတဲ့ဘဝကို
အရမ်းအသားကျ​နေပြီ
အခုချိန်​မှာ ဘာကိုမှမစွန့်လွတ်​နိုင်​​တော့.....။
အိပ်​ယာ​ပေါ်ကကုန်းရုန်းရင်း
ကုတ်​အင်္ကျီနဲ့ကား​​သော့ကိုဆွဲပြီး
အ​ပြေးတပိုင်းနဲ့hotelထဲကထွက်​လာမိတယ်​။
ယာဉ်​တိုက်​မှု ဖြစ်​လုဖြစ်​ခင်​အ​ခြေ​နေမျိုးကို
သုံး​လေး​ခေါက်​ကြုံ ပြီးမှ
သူအိမ်​ပြန်​​ရောက်​လာခဲ့တယ်​။
ခြံထဲကားရပ်​ပြီး အိမ်​တံခါးpasswordကို
ငါး​ခေါက်​​လောက်​မှားပြီး​​တော့မှ
အိမ်​ထဲ​ရောက်​​တော့တယ်​။
အိမ်​ထဲအ​ပြေးတစ်​ပိုင်းဝင်​လာတဲ့သူ..
အိပ်​​နေရင်းထလာတဲ့ပုံနဲ့
အိမ်​​ပေါ်ထပ်​ကဆင်းလာတဲ့jungkook
သူ့ကိုမြင်​​တော့အံသြ​နေပုံနဲ့...
"ကားဝင်လာ​တဲ့အသံကြားလို့ ထကြည်​့တာ
ထင်​တဲ့အတိုင်းဘဲ
Hyungမူးလာတာလား ဟိုမှာဘဲအိပ်​မှာဆိုပြီး
ဒီအချိန်​ကြီးမှ ကား​မောင်းပြန်​လာရလား"
သူဘာမှပြန်​မ​ဖြေမိ
လူကဘာလုပ်​ရမှန်းမသိဖြစ်​ကာ
တုန်​ရင်​​နေတယ်​....။
"လူကဘယ်​လိုပုံဖြစ်​နေတာလဲ
ဘာဖြစ်​ခဲ့လို့လဲ "
အိပ်​ယာကထလာလို့ရှုပ်​ပွ​နေတဲ့ဆံပင်​ရယ်​ alcoholအရှိန်နဲ့ နီရဲ​​နေတဲ့မျက်နှာရယ် ​​
စိတ်ခံစားမှု​​ကြောင့်တုန်​နေတဲ့ ခန္ဓာကိုယ်​
ကြေမွ​နေတဲ့အင်္ကျီ...
အ​ပေါ်ထပ်​ကုတ်​က ကား​ပေါ်ကျန်​ခဲ့ပြီ။
အရမ်းစိတ်ပူ​​နေတဲ့ပုံ​နဲ့ကြည့်​နေတဲ့
လူရင်​ထဲ​ပြေးဝင်​ပြီးသူငိုမိတယ်​ ။
က​လေးတစ်ယောက်လို
ရှိုက်ကြီးတငင်ကိုငိုမိတာ
ဘာ​ကြောင့်မှန်းမသိ
သူအရမ်းကိုဝမ်းနည်း​နေတာ...။
"Shuu.....ဘာမှမဖြစ်​ဘူး ကျ​နော်​ရှိတယ်​
Hyungမ​ဖြေချင်​ရင်​ ဘာမှမမေး​တော့ဘူး​နော်​"
သူ့ကို​ပွေ့ပိုက်​ပြီး ကလေးတစ်​​ယောက်​လို​
ချော့မြူ​နေ​ပေမယ့်
သူပိုပို ၀မ်းနည်းလာတယ်​။
"Jungkook ya...ငါ့အနားမှာဘဲ​နေပါ"
"Hyungအနားမှာဘဲ​နေမှာ
ဘယ်​ကိုမှမသွားဘူး​နော်​"
အ​​တော်​ကြာဝ​​အောင်​ငိုပြီးမှ
ရင်​ကွင်​ကျယ်​ထဲကို
မျက်​နှာအပ်​ပြီး သူငြိမ်​​နေမိတယ်​
jungkookကသူ့ဆံပင်​​တွေကိုသပ်​​ပေးရင်း
သူ့ကိုငြင်​ငြင်​သာသာဖက်​ထားဆဲ။
"ဘာ​မို့လို့ အဲ့​လောက်​၀မ်းနည်းလာရတာလဲ"
"အိမ်​ကိုလွမ်းလို့"
ခပ်တိုးတိုး​ပြန်ဖြေရင်း jungkookကို
သူတင်းတင်းပြန်ဖက်ထားလိုက်တယ်​....။
​​​​
Continue Reading
You'll Also Like
445K 23.2K 51
134K 12.9K 23
hybird fiction (own creation)sindaria_TK
94.9K 9.5K 35
Taekook. [ - I dare you to love me ? - Of course ... ] All scenes in this fiction are the author's own creations. End Date - 6.2.2022
255K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...