Jeon Jungkook......
သူစိတ်အေးသွားတယ်။
hyungဆိုလာတော့
သူဘာမှမတတ်နိုင်။
ခွင့်ပြုရသည်သာ...။
ရေအေးအေး သောက်ချင်လာတာကြောင့်
အပေါ်မတတ်သေးဘဲ
သူပြုံးမိသွားတယ်..။
ထမင်းစားပွဲပေါ်
ဘေးမှာလဲစားလက်စ
ပြောင်းလဲလာသည်။
စိတ်မကောင်း....
သူရေသောက်ပြီးလို့
Hyungကနိုးမလာ
အသာအယာလှုပ်နှိုးလိုက်ရတယ်။
အိပ်ပျော်သွားတာ"
"......."
ဘယ်တော့မို့လို့လဲ
အင်းအင်းအဲအဲနဲ့
"Jungkook assignment က
အိပ်လို့မဖြစ်ဘူး"
သူခွင့်မပြုနိုင်။
အခုအိပ်လိုက်တော့
တစ်ခုခုလုပ်ပေးမယ်
ရှေ့လကမှစပြီး
အိမ်သန့်ရှင်းရေးနှင့် ဈေးဝယ်ဖို့အတွက်
Arjumaရှိတာကြောင့်ရေခဲသတ္တာ
စိတ်ပူစရာမလိုတော့...
Hyungတတ်သလောက်
သူတစ်ယောက်ထဲ
သဘောတူလိုက်ရသည်....။
စားချင်စဖွယ်....
Assignmentပြီးချိန်မှာတော့ မနက်၆နာရီ
...................................................
အရေးကြီးmeetingတစ်ခုတတ်ပြီးလို့
ပြန်လာလိုက်တာ
မင်းလဲဒီမနက် မနက်စာ
"လိုက်ပို့မယ် hyung"
သူ့ရုံးခန်းကနေ
သူမသိခဲ့ဘူး။
ကလေးဆန်ဆန်
ရယ်ချင်လာတယ်...။
ပေးသွားတဲ့ကောင်လေးက
အမြဲမျက်နှာသေနဲ့
နေတတ်တဲ့ သူတို့CEO
မြင်ရမှာဖြစ်တယ်။
Jeon Jungkook......
သူအိမ်ပြန်ရောက်တော့ ည၈နာရီ
ဆင်၀င်အောက်ရပ်ထားတဲ့
Ferrari အနီရောင်လေးကိုမြင်တော့
သူစိတ်အေးသွားတယ်။
hyung အိမ်ပြန်ရောက်နေပြီဆိုတဲ့သဘောပင်။
ခုနောက်ပိုင်း သူ့ဘာသာသူ
ကားမောင်းသွားချင်တယ်လို့
hyungဆိုလာတော့
သူဘာမှမတတ်နိုင်။
စိတ်ပူပေမယ့်လည်း hyungအလိုကျ
ခွင့်ပြုရသည်သာ...။
သက်ပြင်းဖွဖွချကာ Necktieကိုဖြေလျော့ရင်း
သူအိမ်ထဲဝင်လာလိုက်တယ်။
ရေအေးအေး သောက်ချင်လာတာေကြာင့်
အပေါ်မတတ်သေးဘဲ
ထမင်းစားခန်းဆီသာ တန်းလာလိုက်တယ်။
၀င်၀င်ချင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်
သူပြုံးမိသွားတယ်..။
ထမင်းစားပွဲပေါ်
မှောက်ရက်အိပ်ပျော်နေတဲ့hyung...
ပြန့်ကြဲနေတဲ့စာအုပ်တွေရယ်
ဖွင့်ရက်သားLaptopတစ်လုံးရယ်
ဘေးမှာလဲစားလက်စ
အသင့်စား ခေါက်ဆွဲဘူးနဲ့snackအခွံတွေ..
အခုနောက်ပိုင်း hyung တော်တော်ကို
ပြောင်းလဲလာသည်။
ကျောင်းစာတစ်ဖက်အပြင်
Kim groupရဲ့စားသောက်ကုန်လုပ်ငန်းခွဲမှာပါ
အလုပ်သင်အနေနဲ့ ၀င်လုပ်နေပြီ
Hyungပြောင်းလဲလာတာကို
သူဝမ်းသာပေမယ့်
အရမ်းပင်ပန်းနေတာမြင်တော့လဲ
စိတ်မကောင်း....
သူရေသောက်ပြီးလို့
အတော်ကြာရပ်ကြည့်နေတဲ့အထိ
Hyungကနိုးမလာ
နောက်ဆုံးမနေနိုင်တော့လဲ
အသာအယာလှုပ်နှိုးလိိုက်ရတယ်။
"ပြန်ရောက်နေပြီလား ငါစာလုပ်နေရင်း
အိပ်ပျော်သွားတာ"
မျက်လုံးတွေပွတ်ပြီး သူ့ကိုနှုတ်ဆက်တယ်
ပြီးတော့ အိပ်ချင်မူးတူးနဲ့
အရှေ့ကစာအုပ်ကိုပြန်ဖတ်နေတယ်။
"ပင်ပန်းနေလဲ ခဏနားလိုက်လေ ညစာလဲ
မစားရသေးဘူးမဟုတ်လား
တစ်ခုခုလုပ်ပေးမယ်"
"......."
"သြော်...ဒါနဲ့Assignment deadlineက
ဘယ်တော့မို့လို့လဲ
အလုပ်ကရောအဆင်ပြေရဲ့လား"
Hyungစားလက်စ ခေါက်ဆွဲပြုတ်ဘူးခွံနဲ့
snackအခွံတွေကိုကောက်သိမ်းရင်း
သူမေးလိုက်တော့ဘာမှပြန်မဖြေ...
သူလှည့်ကြည့်လိုက်တော့
စာအုပ်ကိုင်ပြီး ပြန်အိပ်ပျော်နေတယ်။
သူပွေ့ချီလိုက်ပေမယ့်
Sleeping beautyလေးကနိုးမလာ
ဧည့်ခန်းဆိုဖာပေါ်အသာယာချပေးတော့
အင်းအင်းအဲအဲနဲ့
မျက်လုံးနည်းနည်းပွင့်လာတယ်။
"Jungkook assignment က
မနက်ဖြန်အပြီးတင်ရမှာ
အိပ်လို့မဖြစ်ဘူး"
အိပ်ချင်မူးတူးနဲ့hyungဟာ
သိပ်ကိုချစ်စရာကောင်းတယ်
မျက်လုံးမဖွင့်နိုင်အောင် အိပ်ငိုက်နေတဲ့
အခြေနေမျိုးမှာ စာလုပ်မယ်ဆိုတာကိုတော့
သူခွင့်မပြုနိုင်။
မျက်စိမဖွင့်ဘဲ ဆိုဖာပေါ်က
အတင်းကုန်းရုန်းထနေတဲ့ကောင်လေးကို
သူရင်ဖက်ထဲဆွဲပွေ့ယူလိုက်တယ်။
"Shuu..........ဘာမှမပြောနဲ့တော့
အခုအိပ်လိုက်တော့
မနက်ဖြန်hyungရဲ့assignmentပြီးစေရမယ်
ကျနော်ကတိပေးတယ် ညစာစားဖို့
တစ်ခုခုလုပ်ပေးမယ်
ခုတော့ခနအိပ်လိုက်နော်"
ဆံပင်လေးတွေကိုသပ်ပေးရင်း
သူတိုးတိုးချော့သိပ်နေမိတယ်။
ရင်ဖက်ထဲကအရုပ်ကလေးငြိမ်သွားတော့
သူဆိုဖာပေါ်ဖြေးဖြေးချပေးလိုက်တယ်။
အခန်းထဲကစောင်ယူပြီးခြုံပေးတဲ့အထိ
လုံးဝမလှုပ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဘဲ.....။
ရေခဲသတ္တာထဲမှာရှိတဲ့ဟာတစ်ချို့ကိုထုတ်ပြီး
ညစာချက်ဖို့သူပြင်ရပြန်တယ်
ရှေ့လကမှစပြီး
အိမ်သန့်ရှင်းရေးနှင့် စျေးဝယ်ဖို့အတွက်
Arjumaတစ်ယောက်နေ့တစ်ဝက်လွတ်ပေးဖို့
Hyung Ommaကိုအကူအညီတောင်းရသည်။
Arjumaရှိတာေကြာင့်ရေခဲသတ္တာ
ဟောင်းလောင်းဖြစ်နေမှာတော့
စိတ်ပူစရာမလိုတော့...
တကယ်တော့ အဲ့ဒါကလဲhyungကြောင့်ပင်
မလုပ်တတ် လုပ်တတ်နဲ့အိမ်အလုပ်တွေ
ဝင်လုပ်နေတာကို သူကြည့်မနေနိုင်တော့။
မလုပ်ပါနဲ့ဆိုလဲ
မင်းတစ်ယောက်ထဲလုပ်နေတာ
မတရားဘူးဆိုပြီး
အတင်းတွေငြင်းကာပြောမရ....
နှစ်ယောက်လုံးကလဲ အိမ်မှာ
အလုပ်သမား ခေါ်မထားချင်။
နောက်ဆုံး အိမ်အလုပ်ဝိုင်းကူဖို့
Arjumaတစ်ယောက်ကိုနေ့တစ်ပိုင်းခေါ်မယ်
အစားအသောက်ကိုလဲ သူတကယ်
အချိန်ရမှချက်ကျွေးရမယ်
Hyungတတ်သလောက်
ဝိုင်းလုပ်ပေးတာကိုလဲ လက်ခံရမယ်
သူတစ်ယောက်ထဲ
အမြဲမလုပ်ပေးရဘူးဆိုတာကို
သဘောတူလိုက်ရသည်....။
အငွေ့ထောင်းထောင်းနဲ့
သီးရွက်စုံထမင်းကြော်က
စားချင်စဖွယ်....
စာလုပ်ရင်းသောက်ဖို့အတွက်
ကော်ဖီပါကြို နှပ်ထားလိုက်တယ်။
အစားအသောက်အနံ့ရတာကြောင့်
sleeping beautyလေးနိုးလာတယ်ထင်တယ်
မျက်လုံးလေးတွေပွတ်ပြီး
ထမင်းစားခန်းထဲဝင်လာတယ်
ထမင်းကြော်ပန်းကန်ကိုယူပြီး
ဘာမှမပြောဘဲထိုင်စားနေလေရဲ့...။
စာလုပ်နေတဲ့တစ်လျောက်လုံးတော့
hyungကစိတ်၀င်တစားပင်
နှစ်ယောက်သား တစ်ညလုံး
ကော်ဖီသောက်လိုက် စာလုပ်လိုက်နဲ့
Assignmentပြိီးချိန်မှာတော့ မနက်၆နာရီ
နှစ်ယောက်လုံးPanda မျက်ကွင်းနဲ့ဖြစ်နေပြီ
ရေမိုးချိုးပြီးသူအလုပ်သွားဖို့ ပြင်ရသလို
Hyungလဲကျောင်းသွားဖို့ပြင်ရပြီ.....။
...................................................
အရေးကြီးmeetingတစ်ခုတတ်ြပီးလို့
သူ့ရုံးခန်းကိုပြန်လာချိန်
CEOရဲ့ယောင်္ကျားရောက်နေတယ်ဆိုတဲ့
သူ့secretaryစကားကြောင့်
သူအံသြသွားတယ်။
နားကြားမှားတာလားလို့ စဉ်းစားမိပေမယ့်
မြင်လိုက်ရတာတော့ တကယ်ပင်
ဧည့်ခန်းမှာထိုင်နေတဲ့ hyung....
"professorမလာလို့ မနက်ပိုင်းအချိန်
ပျက်သွားတယ်အဲ့ဒါနဲ့ assignmentတင်ပြီး
ပြန်လာလိုက်တာ...
ဒီနားကကော်ဖီဆိုင်မှာ မနက်စာစားတော့
မင်းလဲဒီမနက် မနက်စာ
မစားဖြစ်လောက်သေးဘူးလို့ စဉ်းစားမိလို့"
စားပွဲပေါ်က မနက်စာအထုတ်ကိုကြည့်ရင်း
သူကြည်ကြည်နူးနူးပြုံးမိသွားတယ်။
"အခုပေးပြီးပြီဆိုတော့ငါပြန်တော့မယ်
စားဖြစ်အောင်စားလိုက်ဦး"
"လိုက်ပို့မယ် hyung"
သူ့ရုံးခန်းကနေ
car parkingဆီသွားတဲ့လမ်းဟာ
ဒီလောက်ရင်ခုန်စရာကောင်းမှန်း
သူမသိခဲ့ဘူး။
ဓာတ်လှေခါးကြာပါစေလို့
ကလေးဆန်ဆန်ဆုတောင်းနေမိတဲ့
ကိုယ့်ကိုကိုလဲ ရယ်ချင်လာတယ်...။
"Assignment အတွက်ကျေးဇူးဘဲ"
ဖြတ်ခနဲ သူ့ညာဘက်ပါးပြင်နွေးသွားတယ်။
အနမ်းလို့သူသတိထားမိချိန်မှာ
ပေးသွားတဲ့ကောင်လေးက
ကားအမြန်မောင်းပြီး ထွက်ပြေးသွားပြီ။
ဒီနေ့ ကုမ္ပဏီကလူတွေတော့
အမြဲမျက်နှာသေနဲ့
နေတတ်တဲ့ သူတို့CEO
ညာဘက်ပါးကို ခဏခဏထိရင်း
ပြုံးစိစိဖြစ်နေတာကို ထူးထူးခြားခြား
မြင်ရမှာဖြစ်တယ်။