ဟင်းပွဲတွေ ပြင်ဆင်နေရင်း နံရံကနာရီကို မော့ကြည့်မိတော့...ညနေ3နာရီခွဲနေလေပြီ....
ချိန်းထားသည့် အချိန်လွန်နေပြီမို့ ခါးမှ apronအား ဆွဲချွတ်ရင်း အဝတ်အစား မြန်မြန်လဲကာ ဝန်ထမ်းတွေအား မှာစရာရှိတာ မှာပြီး
JinYoung ထွက်လာရန် တံခါးအဖွင့် TVမှ လာနေသော မိုးလေဝသ သတင်းကြောင့် ဆိုင်ဒေါင့်တွင် ထားထားသော ထီးများစွာထဲမှ အဝါနုရောင်ဂေါက်ထီးလေးအား ဆွဲယူကာ ကားဂိတ်သို့ထွက်လာခဲ့တယ်...
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ဗျာ...
ခုလိုတစ်ဆင့်ပြန်ရောင်းလို့.."
"ရပါတယ်...ကျွန်တော့်မှာက နှစ်ခုတောင်ရှိတာလေ..
အဲ့ဒါကြောင့်.."
"ဘာပဲဖြစ်ဖြစ်...ကျေးဇူးတင်ပါတယ်"
မျက်စိရှေ့မြင်နေရတဲ့ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ USAက MTechတံဆိပ်နဲ့ Knife Setလေးအား ကြည့်ပြီး ပျော်နေမိတယ်....
ပြန်ရောင်းပေးတဲ့ Chefအကိုကိုလည်း အရမ်းပဲ
ကျေးဇူးတင်နေမိတယ်...
ဝယ်ယူမှုပြီးစီးတော့ Knife Set Boxလေးအား ဆွဲလျက် ထီးအား လက်မှကိုင်ကာ
ကားဂိတ်ဆီ ပြန်လျှောက်လာခဲ့တယ်...
Busကား စီးလာရင်း ဆင်းရမယ့် ဂိတ်ရောက်တော့ ဆင်းလာရင်း မိုးက ရုတ်တရက် ရွာချတော့တယ်....
ကားဂိတ်ဆီသို့ အမြန်ပြေးပြီး မိုးခိုရင်း Kinfe Boxကို သေချာစစ်ဆေးလိုက်ရသေးတယ်...
ခနနေတော့ JinYoungလည်း ထီးဖွင့်ပြီး သွားမည်အလုပ် ဂိတ်ဆီသို့် ပြေးလာနေသော ကောင်လေးတစ်ယောက်ကြောင့် ထီးခလုတ်ဆီမှ လက်ချောင်းတို့ရပ်တန့်သွားရတယ်...
ထိုကောင်လေးက ဂိတ်မှာ မိုးခိုရင်း ကျောင်းအင်္ကျီပေါ်က မိုးရေစက်တို့အား ဖယ်ရှားရင်း
ပါးစပ်ကလည်း မိုးကိုကျိန်ဆဲနေသေးတယ်....
"မိုးစုတ်...ငါကျောင်းဆင်းမှ လာရွာရသလား!
တကယ်ပါပဲ...ဒီလောက်သည်းနေမှတော့
အိမ်ကို ဘယ်လို ပြန်ရတော့မှာလဲ?"
ပါးစပ်လှုပ်စိလှုပ်စိနဲ့ ပြောလည်းပြော သူ့ရဲ့ မိုးစိုနေသော ဆံပင်တို့အားလည်း လက်တစ်ဖက်ဖြင့် ဖွနေတယ်...
သူဒီဘက်လှည့်လာလို့ မျက်နှာအား သေချာကြည့်မိတော့....ဟိုနေ့ကကောင်လေးပဲ...
"ဟိတ်...ကိုယ်နဲ့ တူတူလိုက်မလား?
ဒီရပ်ကွက်ထဲကပဲမလား?"
"ဟမ်....အော် ခင်ဗျားပဲ...
အရင်တစ်ခါနဲ့ ဝတ်စားထားပုံ မတူပါလားနော်..
သန့်ပြန့်လို့.."
JinYoungအား ကြည့်ကာ နှာခေါင်းရှုံ့လျက် ပြောလာတဲ့ ကောင်လေး....
သူပြောတာလည်း ဟုတ်သည်လေ...
ဟိုတစ်ခါက JinYoungက KuanLinရဲ့ Fansignမို့ လန်းလန်းလေး ဝတ်ထားတာ...
ခုက စားသောက်ဆိုင်ပိုင်ရှင် Chefတစ်ယောက်လေ....
အဲ့တော့ သန့်ပြန့်စွာ ဝတ်စားရတာပေါ့...
ရှပ်အင်္ကျီလက်ရှည်ကို ဒူးဆစ်ထိခေါက်ထားပြီး...
Style Pantအနက်ထဲကို အင်္ကျီခါးစတို့အား အကုန်ထည့်ထားသည်မို့ တကယ့်ကို သန့်ပြန့်နေတာပါ..
"မင်းကိုယ်နဲ့ လိုက်မှာလား? မလိုက်ဘူးလား?"
ဆိုင်ကိုပြန်ရန်လောနေသည်မို့...
စိတ်မရှည်စွာ မေးမိတော့ သူ့ဘက်က အပြုံးလေးနဲ့ ပြန်ဖြေရှာတယ်....
"ဟဲ....လိုက်မှာပေါ့ဗျ....ခင်ဗျားကလည်း"
စကားဆုံးတာနဲ့ JinYoungလည်း ထီးကို ဖွင့်လိုက်ရင်း အတူတူဆောင်းကာ ထွက်ခွာလာခဲ့တယ်.
လမ်းတစ်လျှောက်...ထိုကောင်လေးက ခပ်ခွာခွာက လျှောက်နေသည်မို့ ကောင်လေး ပုခုံးတစ်ဖက်က ရေစိုနေတာကြောင့် ထိုကောင်လေးအား လက်မောင်းရင်းမှ ဆွဲကိုင်ကာ ထီးအောက်ဆွဲခေါ်လိုက်ရတယ်...
"ကပ်လျှောက်...မင်းကို ကိုယ်ဘာမှ မလုပ်ဘူး"
ထိုသို့ပြောတော့ သူကတစ်ချက်မော့ကြည့်လာပြီး
လမ်းဆက်လျှောက်နေတယ်...
ဆိုင်ရှေ့ရောက်တော့...အမိုးခိုရင်း သူ့လက်ထဲ ထီးထည့်ပေးကာ....
"ရော့...ယူသွားလိုက်... လမ်းကြုံနေတာပဲ
နောက်ရက်မှလာပေး"
ကောင်လေးက JinYoungအပြောကို စိတ်မဝင်စားဘဲ ဆိုင်ရဲ့ဆိုင်းဘုတ်မှ နာမည်ကို ကြည့်ကာ ပါးစပ်အဟောင်းသားနဲ့ သူ့အားကြည့်ပြီး..
"Beautiful....restaurant...
ဒါ...ဒါ...ခင်ဗျားဆိုင်ပေါ့လေ...ဟုတ်လား"
"ဟုတ်တယ်လေ...ဘာဖြစ်လို့လည်း"
"Daebaek...ဒါဆိုခင်ဗျားက...အရင်နှစ်က
Asain Chef Competition မှာ
ရွှေတံဆိပ်ရတဲ့ Bae Jin Youngဆိုတာပေါ့"
"ဟုတ်တယ်...ကိုယ်ပဲ"
JinYoungအဖြေကို ကောင်လေးက ပါးစပ်အဟောင်းသားနဲ့ ကြည့်နေရှာတယ်...
"တကယ်ပဲ...ထူးဆန်းတယ်...
ကျွန်တော် ခင်ဗျားနာမည်ပဲ ကြားဖူးတာ...
ရုပိကို ခုမှမြင်ဖူးတယ်...ခင်ဗျားပါတဲ့ Cooking Programတွေဆို ကျွန်တော်တစ်ခါမှ မကြည့်ဘူး..
အမြင်ကပ်လွန်းလို့လေ... ဘာတဲ့...အချေကောင်ဆိုလားပဲ...ကျွန်တော်အဲ့လိုလူတွေ သိပ်မုန်းတာပဲ...အော် ပြီးတော့ ကြားမိသေးတယ်...
ခင်ဗျားက ပြိုင်ပွဲမှာ ဒိုင်တွေကို လာဘ်ထိုးတယ်ဆို..
အဲ့တာကြောင့်ရတာဆိုပဲ...အေးလေ...မိဘက Companyတစ်ခုလုံး ပိုင်မှတော့..ဟင်းးး"
ကောင်လေး ပြောသွားတဲ့ စကားတွေကို Jin Young မျက်နှာသေနဲ့ နားထောင်နေရင်း...
သူ့စကားဆုံးတာနဲ့....
"ဒီမှာ....Lee...Dae...Hwi..ကျောင်းသား..
ငါ့အကြောင်းကို ဘာမှမသိပဲ...လာစွက်ဖက်ပြီး မပြောနဲ့
အကြောင်းအရင်းမသိဘဲ..ငါ့ကို မင်းက မုန်းရအောင်လည်း...ငါကမင်းကို ဘာမှ လုပ်နေတာ မဟုတ်ဘူး....ရော့...ထီးယူသွား...
နက်ဖြန်ထီးလာပေး..
နောက်ဘယ်တော့မှ...ငါ့ဆိုင်ကို မင်းမလာနဲ့!"
Jin Youngစိတ်တိုကာ...လေသံမာမာဖြင့်
သူ့ရင်ဘတ် ရင်ထိုးမှ သူ့နာမည်အား ရွတ်ကာ ပြောပြီး
လက်ထဲထီးထိုးပေးတော့...ထိုကောင်လေးက နှုတ်ခမ်း တစ်ဖက်အား ရွဲ့ပြီး...
"စကားပြောတာကိုက...အထက်စီး ဆန်လွန်အားကြီးတယ်...
ကိုယ့်ကိုယ်ကို...ချမ်းသားတယ်ဆိုပြီး..
ဘဝင်လေဟပ်ပြမနေနဲ့....
ထီးတော့ ယူသွားလိုက်မယ်...
နက်ဖြန်ပြန်လာပေးမယ်..."
လက်ထဲမှ ထီးအား ဆတ်ခနဲ ဆွဲယူကာ ထွက်သွားသော ကောင်လေးရဲ့ ကျောပြင်အား လှမ်းကြည့်ကာ..ရင်ဘတ်ဆီမှ အမျိုးအမည်မသိ
အသံတစ်ချို့ကို...ကြားနေရတယ်...
လက်ထဲမှ...Knife Boxအား ကျစ်နေအောင် ဆုပ်ကိုင်ရင်း...ပါးစပ်မှ ရေရွတ်မိသည်က...
"ငါ့ကို အဲ့လို စကားတွေ မပြောပါနဲ့လား..
ကောင်လေးရယ်....သူများတွေ ကိုယ့်ကို အဲ့လိုပြောတာ ခံနိုင်ပေမယ့်.. မင်းပြောတာကိုတော့
ကိုယ်ခံနိုင်ရည်မရှိဘူး"
Hey....👋
JinHwiသီးသန့်လေးရေးပေးထားတယ်...
ခုအပိုင်းက မsweetသေးပေမယ့်..
နောက်အပိုင်းတွေ Sweetမှာ..စိတ်ချ
နောက်အပိုင်းတွေကျ Ongnielပါလာမယ်...
အတွဲသုံးတွဲဆိုတော့လေ...
အပိုင်းရှည်မယ်လို့...😁
Readerတို့သဘောကျတယ်မလား?😘
Voteလေးတွေ မစပါ...readerလေးတွေ