ရက္ေတြအမ်ားႀကီးၾကာလာခဲ့သည္ ။
ေဖေဖလည္း က်န္းမာေရးမေကာင္းေသးသလို ေမေမလည္းသူ႔လူႀကီးႏွင့္မျပတ္ေသး... ။
ေနာက္ပိုင္း ထိုလူႀကီး၏နာမည္ႏွင့္ အလုပ္အကိုင္ကိုပါ ဆက္သိလာခဲ့၏ ။ သို႔ေသာ္ ဘယ္သူ႔ကိုမွမေျပာျဖစ္ေတာ့ ။ ဘြားႏွင့္ဘကလည္း မႏိုင္ေတာ့လို႔လႊတ္ထားလိုက္ပံုေပၚသည္ ။ ၿပီးေတာ့ ဒီအေၾကာင္းေတြကို ခ်မ္း ကိုလည္း ရင္မဖြင့္ျဖစ္ေတာ့ ။ ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းရာက်ေနသည္မဟုတ္ပါလား ။
ေမြးမိခင္ဆိုေသာ စိတ္အခံေလးကက်န္ေနေသးေသာအခါ ဘယ္လိုပင္ရက္စက္ေနေသာ္လည္း ကာကြယ္ေပးခ်င္စိတ္ေလးေတာ့က်န္ေနသည္ ။ ဆက္ ေမေမကဒီလိုလူမဟုတ္ဘူးဟုလည္း အားပါးတရ ေႂကြးေၾကာ္ပစ္ခ်င္သည္ ။
သို႔ေသာ္.... အမွန္တရားေတြ မဟုတ္ခဲ့ေသာအခါ...
တစ္ခုေသာနံနက္ခင္း...
ဆက္ မ်က္ႏွာသစ္ၿပီးမနက္စာစားရန္ဆင္းအလာ
ေမေမကေရခ်ိဳးခန္းထဲဝင္သြားတာကုိ ျမင္လိုက္၏ ။ ႐ုတ္တရက္ေပၚလာေသာအၾကံက ေမေမ့ဖုန္းကိုခိုးကိုင္ဖို႔...
ခိုးကိုင္တယ္ဆိုတာလည္း ဟိုတစ္ခါ သူမခိုးနားေထာင္တုန္းကၾကားခဲ့ရသလို သူမကိုေရာ ဘြားတို႔ကိုပါ ပစ္ၿပီးထြက္သြားဖို႔လုပ္မ်ားေနၿပီလားဆိုသည္ကိုသိခ်င္၍...
ေရခ်ိဳးခန္းကိုတစ္ခ်က္လွည့္ၾကည့္ၿပီး ေမေမတို႔အခန္းဆီသို႔သြားလိုက္သည္ ။
ေဖေဖကလည္း အျပင္မွာထြက္ထိုင္ေနသည္ေၾကာင့္ အခန္းထဲမွာဘယ္သူမွမ႐ွိ...
ထိုအခြင့္အေရးကိုအေကာင္းဆံုးအသံုးခ်ကာ ဆက္အခန္းထဲဝင္သြားလိုက္သည္ ။
ေမေမ့ဖုန္းကို အေျပးအလႊားလိုက္႐ွာလိုက္ေတာ့ ေခါင္းဦးေအာက္က ရ၏ ။ screen ကို အျမန္ဖြင့္လိုက္ရင္း message box ကို အေျပးအလႊားဖြင့္ၾကည့္လိုက္မိ၏ ။
သို႔ေသာ္ ဘာစာမွမျမင္ရေသးခင္ ဆက္၏ညာဘက္ပခံုးမွာ ပူခနဲျဖစ္သြားၿပီး ကိုယ္ေလးလည္က်သြား၏ ။
အေနာက္လွည့္ၾကည့္လိုက္ေတာ့...
" ေမေမ ''
ငယ္ငယ္ကတည္းက အႀကိမ္ႀကိမ္အ႐ုိက္ခံခဲ့ဖူးသည္ ။ စာမရလို႔ ၊ လက္ေရးမလွလို႔ စေသာအေၾကာင္းျပခ်က္မ်ားျဖင့္ ကိုယ့္ကို႐ိုက္ဖို႔တုတ္ကို ကိုကိုယ္တိုင္႐ွာေပးရေသာအျဖစ္မ်ိဳးထိ ေရာက္ဖူး၏ ။
ထိုသို႔ အ႐ိုက္ခံရျခင္းမ်ိဳးႏွင့္ယွဥ္လွၽင္ ယခု႐ိုက္ခ်က္သည္အင္မတန္ေပ်ာ့ပါသည္ ။
သို႔ေသာ္ နာသည္ ။ နာလြန္းသည္ ။ သိပ္ကိုနာသည္ ။
သူ႔ကို ေဒါသမ်က္လံုးေတြႏွင့္ စိမ္းစိမ္းႀကီးၾကည့္ေနေသာ ေမေမ့ကိုျမင္လိုက္ရ၍ ရင္ဘတ္ႏွင့္မဆံ့ေအာင္နာသည္ ။
ဆက္ ဖုန္းကိုပစ္ခ်ကာ အခန္းထဲကေျပးထြက္လာမိေတာ့သည္ ။
ဖုန္းေလး ကိုင္မိတာ ဒီေလာက္ထိအျပစ္ႀကီးသြားလားေမေမရယ္........
🌺 ေပ်ာက္ကြယ္ခဲ့ေသာ 🌺
" ဆက္. သမီး ခ်မ္းကသူ႔အခန္းထဲမွာ... ဟဲ့ ေအာ္ ဒီကေလးႏွယ္ ဘာေတြအေရးႀကီးလာမွန္းမသိပါဘူး... ''
သူမေျပာေသာစကားကိုပင္ နားမေထာင္ႏိုင္ ။ ဝုန္းဒိုင္းႏွင့္ဝင္လာၿပီး ခ်မ္း႐ွိရာအေပၚထပ္ဆီသို႔ ေျပးတက္သြားေသာ ဆက္ကိုၾကည့္ရင္း ခ်မ္း ေမေမေဒၚတစ္သက္စံ က မနက္စာေတြျပင္ေနရင္း ေျပာ၏ ။
ဆက္အခန္းတံခါးပင္မေခါက္ဘဲ ဖြင့္ၿပီးဝင္သြားလိုက္သည္ ။ ဣေျႏၵ႐ွင္မေလးကေတာ့ မနက္အေစာႀကီး စာေတြထလုပ္လို႔... ။
ဆက္ ထိန္းခ်ဳပ္ထားခဲ့ေသာမ်က္ရည္ေတြက ခ်မ္းကိုျမင္သည္ႏွင့္ အတားအဆီးမ႐ွိက်လာသည္ ။
" ဟင္.. ဆက္...ကေလး ဘာျဖစ္လို႔လဲဟင္ ''
ခ်မ္းက ေျပာလည္းေျပာ ဆက္ဆီကိုသြားကာ မ်က္ရည္ေတြကိုသုတ္ေပးရင္း ပါးႏွစ္ဖက္ကိုကိုင္ကာ ေမးေန၏ ။
ဆက္ကဘာမွမေျပာ... ။ ခ်မ္းကိုၾကည့္ရင္းသာငိုေနေလသည္ ။
ဆက္တစ္ေယာက္အခုတေလာ စိတ္ဆင္းရဲစရာေတြမ်ားေနတာ ခ်မ္းအသိဆံုး ။ ဒါေၾကာင့္ ကိုယ္ကေတာ့စိတ္ခ်မ္းသာေအာင္ထားေပးမည္ဟု ေတြးထားေသာ္လည္း တကယ္တမ္းသူငိုၿပီဆိုလွၽင္ ကိုယ့္မွာေခ်ာ့တာကလြဲၿပီးမတတ္ ။
ဒါေၾကာင့္ ခ်မ္း ေျခဖ်ားေလးေထာက္ကာ သူမထက္ေခါင္းတစ္လံုးနီးပါးပိုျမင့္ေသာ ဆက္ကိုဖက္ထားႏိုင္ေအာင္ႀကိဳးစားလိုက္သည္ ။
သို႔ေသာ္...
🚑🚑🚑🚑🚑🚑🚑
႐ုတ္တရက္ႀကီး ေဆးရံုကားသံေတြဆူညံလာသည္ ။
ဆက္ကျပတင္းေပါက္ကေန ေျပးၾကည့္၏ ။
မျဖစ္ပါေစႏွင့္ဟုဆုေတာင္းေနေသာ္လည္း မျပည့့္ခဲ့ ။ ေဆးရံုကားတစ္စီးက ဆက္တို႔အိမ္ထဲသို႔ တန္းတန္းမတ္မတ္ဝင္သြားခဲ့၏ ။
ဆက္လက္ရပ္တည္ျခင္းငွါ မစြမ္းႏိုင္ေတာ့ ။
ဆက္ ေျခေတြယိုင္လာကာ ေခြက်သြားသည္ ။
ဟင့္အင္း... ေဖေဖဘာမွမျဖစ္ရဘူး....
ရက်တွေအများကြီးကြာလာခဲ့သည် ။
ဖေဖေလည်း ကျန်းမာရေးမကောင်းသေးသလို မေမေလည်းသူ့လူကြီးနှင့်မပြတ်သေး... ။
နောက်ပိုင်း ထိုလူကြီး၏နာမည်နှင့် အလုပ်အကိုင်ကိုပါ ဆက်သိလာခဲ့၏ ။ သို့သော် ဘယ်သူ့ကိုမှမပြောဖြစ်တော့ ။ ဘွားနှင့်ဘကလည်း မနိုင်တော့လို့လွှတ်ထားလိုက်ပုံပေါ်သည် ။ ပြီးတော့ ဒီအကြောင်းတွေကို ချမ်း ကိုလည်း ရင်မဖွင့်ဖြစ်တော့ ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကျနေသည်မဟုတ်ပါလား ။
မွေးမိခင်ဆိုသော စိတ်အခံလေးကကျန်နေသေးသောအခါ ဘယ်လိုပင်ရက်စက်နေသော်လည်း ကာကွယ်ပေးချင်စိတ်လေးတော့ကျန်နေသည် ။ ဆက် မေမေကဒီလိုလူမဟုတ်ဘူးဟုလည်း အားပါးတရ ကြွေးကြော်ပစ်ချင်သည် ။
သို့သော်.... အမှန်တရားတွေ မဟုတ်ခဲ့သောအခါ...
တစ်ခုသောနံနက်ခင်း...
ဆက် မျက်နှာသစ်ပြီးမနက်စာစားရန်ဆင်းအလာ
မေမေကရေချိုးခန်းထဲဝင်သွားတာကို မြင်လိုက်၏ ။ ရုတ်တရက်ပေါ်လာသောအကြံက မေမေ့ဖုန်းကိုခိုးကိုင်ဖို့...
ခိုးကိုင်တယ်ဆိုတာလည်း ဟိုတစ်ခါ သူမခိုးနားထောင်တုန်းကကြားခဲ့ရသလို သူမကိုရော ဘွားတို့ကိုပါ ပစ်ပြီးထွက်သွားဖို့လုပ်များနေပြီလားဆိုသည်ကိုသိချင်၍...
ရေချိုးခန်းကိုတစ်ချက်လှည့်ကြည့်ပြီး မေမေတို့အခန်းဆီသို့သွားလိုက်သည် ။
ဖေဖေကလည်း အပြင်မှာထွက်ထိုင်နေသည်ကြောင့် အခန်းထဲမှာဘယ်သူမှမရှိ...
ထိုအခွင့်အရေးကိုအကောင်းဆုံးအသုံးချကာ ဆက်အခန်းထဲဝင်သွားလိုက်သည် ။
မေမေ့ဖုန်းကို အပြေးအလွှားလိုက်ရှာလိုက်တော့ ခေါင်းဦးအောက်က ရ၏ ။ screen ကို အမြန်ဖွင့်လိုက်ရင်း message box ကို အပြေးအလွှားဖွင့်ကြည့်လိုက်မိ၏ ။
သို့သော် ဘာစာမှမမြင်ရသေးခင် ဆက်၏ညာဘက်ပခုံးမှာ ပူခနဲဖြစ်သွားပြီး ကိုယ်လေးလည်ကျသွား၏ ။
အနောက်လှည့်ကြည့်လိုက်တော့...
" မေမေ ''
ငယ်ငယ်ကတည်းက အကြိမ်ကြိမ်အရိုက်ခံခဲ့ဖူးသည် ။ စာမရလို့ ၊ လက်ရေးမလှလို့ စသောအကြောင်းပြချက်များဖြင့် ကိုယ့်ကိုရိုက်ဖို့တုတ်ကို ကိုကိုယ်တိုင်ရှာပေးရသောအဖြစ်မျိုးထိ ရောက်ဖူး၏ ။
ထိုသို့ အရိုက်ခံရခြင်းမျိုးနှင့်ယှဉ်လျှင် ယခုရိုက်ချက်သည်အင်မတန်ပျော့ပါသည် ။
သို့သော် နာသည် ။ နာလွန်းသည် ။ သိပ်ကိုနာသည် ။
သူ့ကို ဒေါသမျက်လုံးတွေနှင့် စိမ်းစိမ်းကြီးကြည့်နေသော မေမေ့ကိုမြင်လိုက်ရ၍ ရင်ဘတ်နှင့်မဆံ့အောင်နာသည် ။
ဆက် ဖုန်းကိုပစ်ချကာ အခန်းထဲကပြေးထွက်လာမိတော့သည် ။
ဖုန်းလေး ကိုင်မိတာ ဒီလောက်ထိအပြစ်ကြီးသွားလားမေမေရယ်........
🌺 ပျောက်ကွယ်ခဲ့သော 🌺
" ဆက်. သမီး ချမ်းကသူ့အခန်းထဲမှာ... ဟဲ့ အော် ဒီကလေးနှယ် ဘာတွေအရေးကြီးလာမှန်းမသိပါဘူး... ''
သူမပြောသောစကားကိုပင် နားမထောင်နိုင် ။ ဝုန်းဒိုင်းနှင့်ဝင်လာပြီး ချမ်းရှိရာအပေါ်ထပ်ဆီသို့ ပြေးတက်သွားသော ဆက်ကိုကြည့်ရင်း ချမ်း မေမေဒေါ်တစ်သက်စံ က မနက်စာတွေပြင်နေရင်း ပြော၏ ။
ဆက်အခန်းတံခါးပင်မခေါက်ဘဲ ဖွင့်ပြီးဝင်သွားလိုက်သည် ။ ဣနြေ္ဒရှင်မလေးကတော့ မနက်အစောကြီး စာတွေထလုပ်လို့... ။
ဆက် ထိန်းချုပ်ထားခဲ့သောမျက်ရည်တွေက ချမ်းကိုမြင်သည်နှင့် အတားအဆီးမရှိကျလာသည် ။
" ဟင်.. ဆက်...ကလေး ဘာဖြစ်လို့လဲဟင် ''
ချမ်းက ပြောလည်းပြော ဆက်ဆီကိုသွားကာ မျက်ရည်တွေကိုသုတ်ပေးရင်း ပါးနှစ်ဖက်ကိုကိုင်ကာ မေးနေ၏ ။
ဆက်ကဘာမှမပြော... ။ ချမ်းကိုကြည့်ရင်းသာငိုနေလေသည် ။
ဆက်တစ်ယောက်အခုတလော စိတ်ဆင်းရဲစရာတွေများနေတာ ချမ်းအသိဆုံး ။ ဒါကြောင့် ကိုယ်ကတော့စိတ်ချမ်းသာအောင်ထားပေးမည်ဟု တွေးထားသော်လည်း တကယ်တမ်းသူငိုပြီဆိုလျှင် ကိုယ့်မှာချော့တာကလွဲပြီးမတတ် ။
ဒါကြောင့် ချမ်း ခြေဖျားလေးထောက်ကာ သူမထက်ခေါင်းတစ်လုံးနီးပါးပိုမြင့်သော ဆက်ကိုဖက်ထားနိုင်အောင်ကြိုးစားလိုက်သည် ။
သို့သော်...
🚑🚑🚑🚑🚑🚑🚑
ရုတ်တရက်ကြီး ဆေးရုံကားသံတွေဆူညံလာသည် ။
ဆက်ကပြတင်းပေါက်ကနေ ပြေးကြည့်၏ ။
မဖြစ်ပါစေနှင့်ဟုဆုတောင်းနေသော်လည်း မပြည့့်ခဲ့ ။ ဆေးရုံကားတစ်စီးက ဆက်တို့အိမ်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့၏ ။
ဆက်လက်ရပ်တည်ခြင်းငှါ မစွမ်းနိုင်တော့ ။
ဆက် ခြေတွေယိုင်လာကာ ခွေကျသွားသည် ။
ဟင့်အင်း... ဖေဖေဘာမှမဖြစ်ရဘူး....