" ဘယ္လိုျဖစ္တာလဲ မိရယ္... ခုမွ ကေလးက ေမြးၿပီးကာစကို သတိထားမွေပါ့... အေလးအပင္ေတြ မ မ ရဘူးေလ... ေတာ္ၾကာ ခ်ဳပ္ထားတဲ့ဗိုက္က ျပန္ပြင့္ထြက္သြားရင္ ကြၽန္ေတာ္ ရင္က်ိဳးရခ်ည္ရဲ႕ခင္ဗ်ာ... ''
ႏွစ္ကာလအားျဖင့္ ၂၀ ရာစုအကုန္ ၂၁ ရာစုသို႔အကူးအေျပာင္း...
၂၀၀၁ ခုနစ္၏ ႏွစ္စပိုင္း တစ္ရက္...
ရန္ကုန္ျမို့၏ ရပ္ကြက္တစ္ခုအတြင္း...
ထိုေခတ္ထိုအခါ၏ အဆင့္ျမင့္ႏွစ္ထပ္တိုက္တစ္လံုးအတြင္းမွ ထြက္ေပၚလာသည့္ ၾကည္ႏူးသံမ်ား...
အိမ္အေပၚထပ္႐ွိ အခန္းထဲတြင္ေတာ့ အဘိုး အဘြားႏွစ္ေယာက္က ေျမးငယ္ေလးကိုေခ်ာ့ျမဴေနၾကသည္ ။
လသားအရြယ္ကေလးမွာလည္း သူ႔ကိုျမႇဴေနသည္ကိုသိသည့္အလား... ေျခေတြလက္ေတြ ေထာင္ကာ ေပ်ာ္ရႊင္ျမဴးတူးေနသည္ ။
" ငါ့ေျမးေလး ... အမယ္ေလး.... ဟုတ္ၿပီ ရယ္လိုက္ပါဦး... ''
အဘြားျဖစ္သူ၏ ေခ်ာ့ျမဴမွဳအဆံုး အဘိုးျဖစ္သူကလည္း ဟစ္ေႂကြး၏ ။
" ငါ့ေျမးဦးေလး ဆက္ ေလး.. ဘဘရဲ႕အသက္ကို ဆက္ေပးေနတဲ့ ငါ့ေျမး ပတၱျမားဆက္ ေလးကြ...''
ေပ်ာ္ရႊင္ျခင္းတို႔ျဖင့္ ဖံုးလႊမ္းရာ အိမ္ေဂဟာ...
# ပတၱျမားဆက္
အသားျဖဴျဖဴ အရပ္ျမင့္ျမင့္ႏွင့္ လြတ္လပ္စြာေနထိုင္တတ္သူေလး...
မ်က္ခံုးထူထူ မ်က္လံုးဝိုင္းဝိုင္းေလးမ်ားႏွင့္ ခြၽန္ျမေနေသာ ေမး႐ိုးေတြက လွသည္ဆိုသည္ထက္ အျပစ္ကင္းစြာ ေခ်ာေမာသည္ဟုဆိုရမလို...
နဖူးျပင္ေပၚ မ်က္ခံုးေလာက္ထိ ဝဲက်ေနေသာ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးတို႔က ကေလးဆန္မႈကို ေပၚလြင္ေစသည္ ။
ဒူးအထက္ ဂ်င္းေဘာင္းဘီေလးမ်ား ၊ အေႏြးထည္ပြပြေလးမ်ားက နားရြက္ထိရံုဆံပင္ေလးမ်ားႏွင့္ေပါင္းစပ္လိုက္ေတာ့ ျဖဴသြယ္သြယ္ေကာင္ေလးတစ္ေယာက္ပံုေပၚေစသည္ ။
ရယ္လိုက္လွၽင္ေပၚလာေသာ သြားစြယ္ခြၽန္ခြၽန္ေလးေတြက သိပ္ခ်စ္ဖို႔ေကာင္းပါ၏ ။
အျမဲအျပံဳးေတြနဲ႔ဘဲ ႐ွင္သန္သြားပါကေလး...
🌺ေပ်ာက္ကြယ္ခဲ့ေသာ...🌺
" ေမေမေရ... ဆက္ကိုၾကည့္လိုက္ရင္ေတာ့ အျမဲျပံဳးေနတာဘဲေနာ္... ''
ေဒၚတစ္သက္စံ သူ႔တို႔ျခံဘက္လာကာ ေခြးတစ္ေကာင္ႏွင့္ ေျပးလႊားေဆာ့ကစားေနေသာ ပတၱျမားဆက္အား ျပံဳးၾကည့္ေနရာမွ ခ်စ္သမီး၏အသံၾကားသည္မို႔ ေနာက္ကိုလွည့္ၾကည့္လိုက္မိသည္ ။
ကိုးတန္းသာ႐ွိေသးေသာ္လည္း ျမန္မာဝတ္စံုအျမဲဝတ္တတ္ၿပီး ေက်ာလယ္ေလာက္ဆံပင္ေလးေတြကို ျဖန္႔ခ်ထားတတ္သည့္ သမီးငယ္
ခ်မ္းျမျမကို.... ယခုလည္း အျပာႏုေရာင္ျမန္မာရင္ဖံုးေလးႏွင့္ အရမ္းလွေနျပန္၏ ။
ႏွစ္ေယာက္စလံုး တစ္ဦးတည္းေသာသမီးေတြျဖစ္သည့္အျပင္ ျခံခ်င္းလည္းကပ္ရပ္မို႔ ႏွစ္ေယာက္စလံုးက တစ္ေယာက္ကိုတစ္ေယာက္အရမ္းတြယ္တာၾကသည္ ။
အသက္တစ္ႏွစ္ကြာေသာ္လည္း ဆက္က မမေတြဘာေတြမေခၚ... ခ်မ္း ဟုသာေခၚသည္
ၿပီးေတာ့ သူေခၚသလိုဘယ္သူမွမေခၚရဟုလည္း မိသားစုႏွစ္စုလံုးအား အမိန္႔ထုတ္ထားျပန္သည္ ။
" ခ်မ္း ဘယ္သြားမလို႔လဲ... ''
ေျပးလႊားေဆာ့ေနရာမွ ခ်မ္းအားျမင္သည္ႏွင့္ေျပးလာၿပီး အေမာတေကာေမး႐ွာ၏ ။
" ဘယ္မွမသြားပါဘူး ဆက္ ရဲ႕ ''
" ဒါဆိုေကာင္းတာဘဲ ဆက္နဲ႔အတူလာေဆာ့... ''
" ဘာကိုေဆာ့ရမွာလဲ... ဟြန္း ဆက္ ေနာ္ အခုတေလာစာသိပ္မလုပ္ဘူးမလား အျမဲျမင္လိုက္ရရင္ေဆာ့လို႔ခ်ည္းဘဲ.... ''
ခ်မ္းက အျပံဳးမ်က္ေစာင္းေလးႏွင့္ေျပာလိုက္ေတာ့ ဆက္ ခမ်ာဇက္ေလးပုသြားၿပီး ဘာရယ္မဟုတ္ ဆံပင္ေတြကိုဖြကာ အစြယ္ေတြေပၚေအာင္ ရယ္ျပလိုက္၏ ။
" စာေမးပြဲက အေဝးႀကီးလိုပါေသးတယ္ ခ်မ္းရယ္ ဟီး ဆက္က ဉာဏ္ေကာင္းေတာ့ နီးမွက်က္လည္းရတယ္... ''
ရယ္က်ဲက်ယ္ႏွင့္ စကားေတြေျပာေနေသာ ေကာင္မေလးရယ္....
ျပံဳးၾကည့္ေနေသာ ေကာင္မေလးတစ္ေယာက္ရယ္....
🌺 first myanmar gl.....
hoping for your advices....🌺
Unicode 😉
ဘယ်လိုဖြစ်တာလဲ မိရယ်... ခုမှ ကလေးက မွေးပြီးကာစကို သတိထားမှပေါ့... အလေးအပင်တွေ မ မ ရဘူးလေ... တော်ကြာ ချုပ်ထားတဲ့ဗိုက်က ပြန်ပွင့်ထွက်သွားရင် ကျွန်တော် ရင်ကျိုးရချည်ရဲ့ခင်ဗျာ... ''
နှစ်ကာလအားဖြင့် ၂၀ ရာစုအကုန် ၂၁ ရာစုသို့အကူးအပြောင်း...
၂၀၀၁ ခုနစ်၏ နှစ်စပိုင်း တစ်ရက်...
ရန်ကုန်မြို့၏ ရပ်ကွက်တစ်ခုအတွင်း...
ထိုခေတ်ထိုအခါ၏ အဆင့်မြင့်နှစ်ထပ်တိုက်တစ်လုံးအတွင်းမှ ထွက်ပေါ်လာသည့် ကြည်နူးသံများ...
အိမ်အပေါ်ထပ်ရှိ အခန်းထဲတွင်တော့ အဘိုး အဘွားနှစ်ယောက်က မြေးငယ်လေးကိုချော့မြူနေကြသည် ။
လသားအရွယ်ကလေးမှာလည်း သူ့ကိုမြှူနေသည်ကိုသိသည့်အလား... ခြေတွေလက်တွေ ထောင်ကာ ပျော်ရွှင်မြူးတူးနေသည် ။
" ငါ့မြေးလေး ... အမယ်လေး.... ဟုတ်ပြီ ရယ်လိုက်ပါဦး... ''
အဘွားဖြစ်သူ၏ ချော့မြူမှုအဆုံး အဘိုးဖြစ်သူကလည်း ဟစ်ကြွေး၏ ။
" ငါ့မြေးဦးလေး ဆက် လေး.. ဘဘရဲ့အသက်ကို ဆက်ပေးနေတဲ့ ငါ့မြေး ပတ္တမြားဆက် လေးကွ...''
ပျော်ရွှင်ခြင်းတို့ဖြင့် ဖုံးလွှမ်းရာ အိမ်ဂေဟာ...
# ပတ္တမြားဆက်
အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် လွတ်လပ်စွာနေထိုင်တတ်သူလေး...
မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ချွန်မြနေသော မေးရိုးတွေက လှသည်ဆိုသည်ထက် အပြစ်ကင်းစွာ ချောမောသည်ဟုဆိုရမလို...
နဖူးပြင်ပေါ် မျက်ခုံးလောက်ထိ ဝဲကျနေသော ဆံနွယ်ပျော့ပျော့လေးတို့က ကလေးဆန်မှုကို ပေါ်လွင်စေသည် ။
ဒူးအထက် ဂျင်းဘောင်းဘီလေးများ ၊ အနွေးထည်ပွပွလေးများက နားရွက်ထိရုံဆံပင်လေးများနှင့်ပေါင်းစပ်လိုက်တော့ ဖြူသွယ်သွယ်ကောင်လေးတစ်ယောက်ပုံပေါ်စေသည် ။
ရယ်လိုက်လျှင်ပေါ်လာသော သွားစွယ်ချွန်ချွန်လေးတွေက သိပ်ချစ်ဖို့ကောင်းပါ၏ ။
အမြဲအပြုံးတွေနဲ့ဘဲ ရှင်သန်သွားပါကလေး...
🌺ပျောက်ကွယ်ခဲ့သော...🌺
" မေမေရေ... ဆက်ကိုကြည့်လိုက်ရင်တော့ အမြဲပြုံးနေတာဘဲနော်... ''
ဒေါ်တစ်သက်စံ သူ့တို့ခြံဘက်လာကာ ခွေးတစ်ကောင်နှင့် ပြေးလွှားဆော့ကစားနေသော ပတ္တမြားဆက်အား ပြုံးကြည့်နေရာမှ ချစ်သမီး၏အသံကြားသည်မို့ နောက်ကိုလှည့်ကြည့်လိုက်မိသည် ။
ကိုးတန်းသာရှိသေးသော်လည်း မြန်မာဝတ်စုံအမြဲဝတ်တတ်ပြီး ကျောလယ်လောက်ဆံပင်လေးတွေကို ဖြန့်ချထားတတ်သည့် သမီးငယ်
ချမ်းမြမြကို.... ယခုလည်း အပြာနုရောင်မြန်မာရင်ဖုံးလေးနှင့် အရမ်းလှနေပြန်၏ ။
နှစ်ယောက်စလုံး တစ်ဦးတည်းသောသမီးတွေဖြစ်သည့်အပြင် ခြံချင်းလည်းကပ်ရပ်မို့ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက်အရမ်းတွယ်တာကြသည် ။
အသက်တစ်နှစ်ကွာသော်လည်း ဆက်က မမတွေဘာတွေမခေါ်... ချမ်း ဟုသာခေါ်သည်
ပြီးတော့ သူခေါ်သလိုဘယ်သူမှမခေါ်ရဟုလည်း မိသားစုနှစ်စုလုံးအား အမိန့်ထုတ်ထားပြန်သည် ။
" ချမ်း ဘယ်သွားမလို့လဲ... ''
ပြေးလွှားဆော့နေရာမှ ချမ်းအားမြင်သည်နှင့်ပြေးလာပြီး အမောတကောမေးရှာ၏ ။
" ဘယ်မှမသွားပါဘူး ဆက် ရဲ့ ''
" ဒါဆိုကောင်းတာဘဲ ဆက်နဲ့အတူလာဆော့... ''
" ဘာကိုဆော့ရမှာလဲ... ဟွန်း ဆက် နော် အခုတလောစာသိပ်မလုပ်ဘူးမလား အမြဲမြင်လိုက်ရရင်ဆော့လို့ချည်းဘဲ.... ''
ချမ်းက အပြုံးမျက်စောင်းလေးနှင့်ပြောလိုက်တော့ ဆက် ခမျာဇက်လေးပုသွားပြီး ဘာရယ်မဟုတ် ဆံပင်တွေကိုဖွကာ အစွယ်တွေပေါ်အောင် ရယ်ပြလိုက်၏ ။
" စာမေးပွဲက အဝေးကြီးလိုပါသေးတယ် ချမ်းရယ် ဟီး ဆက်က ဉာဏ်ကောင်းတော့ နီးမှကျက်လည်းရတယ်... ''
ရယ်ကျဲကျယ်နှင့် စကားတွေပြောနေသော ကောင်မလေးရယ်....
ပြုံးကြည့်နေသော ကောင်မလေးတစ်ယောက်ရယ်....