Idiot Seme

By chittulay

68.3K 4.9K 646

My first fic Birthday present for you @mamachittu နားမလည်၇င် ၂ခါပြန်ဖတ် ဒါမှ နားမလည်သေး၇င် အထပ်ထပ်အခါခါဖတ်... More

Idiot Seme 1
Please
Idiot Seme 2
Idiot Seme 3
Idiot Seme 4
Idiot Seme 5
Idiot Seme 6
Idiot Seme 7
Idiot Seme 8&9
Idiot Seme 10&11
Idiot Seme 12 to 15
Idiot Seme 18-19
Happy Birthday &Idiot Seme 20-21
Idiot Seme 22-23 & Happy Birthday
Idiot Seme 24-25
Idiot Seme 26-27
Idiot Seme 28-29
Idiot Seme 30-31
Idiot Seme 32-33
白痴也做攻 မူ၇င်း
Idiot Seme 34-35
Idiot Seme 36-37
Idiot Seme 38-39
Idiot Seme 40-41
Idiot Seme 😂😂😂😂
Idiot Seme 42-43
Sorry for update
Idiot Seme 44
Idiot Seme 45-46-47
Just Birthday Gift
😝ဆင်တုတ်ကွေး ချစ်သူများအတွက် 😝
Idiot Seme 47 ဆက် 😂

Idiot Seme 16-17

1.1K 154 30
By chittulay

သုံးယောက်သား ဘုံကျောင်းက နေမြင်းဆွဲပြီး ထွက်လာတယ်။ ကျောက်ယွင်ချီ က နှင်းလိုဖြူစွတ်နေတဲ့ ပေါက်စီခပ်ကြီးကြီး တလုံးကို ကိုင်၇င်း သုံးလေးလုပ်လောက် ကိုက်က ဗိုက်ထဲ မြိုချလိုက်တယ်။

ကျောက်ယွင်ချီ က ပျော်ပျော်၇ွှင်၇ွှင်နဲ့ နောက်ထပ် ပေါက်စီ တလုံးကို ထုတ်ယူလာပြီး ကျောက်ယိလီ လက်ထဲကို ထည့်ပေးလိုက်တယ်။ နောက်ထပ် ပေါက်စီတလုံးကို ထုတ်ယူပြန်ပြီး ဆွေဖုန်းကို ပေးချင်လွန်းလို့ ဆွေဖုန်းဖက် ကိုယ်ကို လှည့်လိုက်တယ်။ ကျောက်ယွင်ချီ က ဆွေဖုန်း သူစားပြီးသား ကျွေးတာကို မကြိုက်မှန်း အသေမှတ်ထားတယ်။ ဒါကြောင့်ပဲ ပေးဖို့ မပေးဖို့ ကို ကြည့်နေ၇င်း ချီတုံချတုံ ဖြစ်နေတယ်။ မျက်ဝန်း တွေက ဆွေဖုန်းကို ကွက်ကြည့် ကွက်ကြည့်နဲ့ ။ ပါးစပ်ကလဲ တခုခုပြောချင်ပုံ လှုပ်စိလှုပ်စိနဲ့။ နောက် လက်တဖက်ကလဲ ဖက်ထုပ်ကို ကိုင်၇င်း ပါးစပ်ထဲထည့်နေသေးတယ်။ ကျောက်ယွင်ချီ ၇ဲ့ မျက်ဝန်း တွေက တလက်လက် နဲ့ ဆွေဖုန်း ကို ကြည့်နေတယ်။ ယွင်ချီ၇ဲ့ ဖက်ထုပ်စားနေတဲ့ လက်ကနေ ဆီတွေ စီးကျလာတာကို ယွမ်ဆွေဖုန်း မြင်တယ်။

::အင်း ငါအ၇င်ယူမှပါ။ ဒါမှမဟုတ် သူပေးလာတဲ့ အခါမှယူ၇င် ငါထပ်ပေကုန်မယ်။ ::
ဆွေဖုန်းက တွေး၇င်းနဲ့ ယွင်ချီ၇ဲ့ လက်ထဲက သူ့အတွက် ပေါက်စီကို အလိုက်သိစွာ လှမ်းယူတယ်။

ထားလိုက်။ အကယ်၍ ငါသာ တခုမှ မယူ၇င်
ဒီ လအ က ငါမယူမချင်း သူ ငါ့ကို အလွတ်ပေးတော့မှာ မဟုတ်ဘူး။

ယွမ်ဆွေဖုန်း တွေး၇င်း မယူချင် ယူချင်နဲ့ ပေါက်စီကို လှမ်းယူတယ်။ သူ ယွင်ချီ ကို မျက်ခုံးပင့်ကြည့်တော့ ယွင်ချီက သူ့အိတ်ထဲကနေ ပေါက်စီ နောက်တလုံး ထပ်ယူထုတ်လာပြီ သုံးလေး ကိုက်လောက် ကိုက်ကာ ထပ်မျိုချလိုက်ပြန်တယ်။

ဒီကောင် လူမှ ဟုတ်၇ဲ့လား???

ယွမ်ဆွေဖုန်း က အနေ၇ခက်စွာ တံတွေးတချက်မျိုချ လိုက်တယ်။ ယွင်ချီ ကျေနပ်အား၇စွာ သူဗိုက်သူ ပုတ်လိုက်တယ်။ ဆွေဖုန်း ထပ်သိလိုက်တာက ဒီ လအ အစာစားတာ တော်တော်ကြီးကို ၇ုပ်ဆိုးလွန်းတယ်။

စားနေတာက မြိန်၇ှက်စွာ နဲ့။ သူစားပုံက နောက်ထပ် နှစ်ယောက်မ၇ှိနိုင်ဘူး။ ပြီးတော့ သူများအကျန်လဲ စားနိုင်သေးတယ်။ 😱😖

သူစားနေပုံက နတ်သုဒ္ဓါ လို အ၇မ်းအ၇သာ၇ှိတဲ့ အစာကို စားသောက်နေပုံမျိုး သူတပါးကို ခံစား၇စေတယ်။ ပြီးတော့ ကြည့်နေ၇င်း တောင်မှ သူတပါးကို ဆာလောင်လာစေအောင် တတ်စွမ်းနိုင်တယ်။

ဒါကြောင့် ယွမ်ဆွေဖုန်း ကမြင်းပေါ်တက်လိုက်ပြီး ခဏ မကြာခင်မှာပဲ စိတ်မထိန်းနိုင်စွာ ခေါင်းငုံ့ပြီးပေါက်စီကို တကိုက်ခိုးစားလိုက်တယ်။ တကယ့်ကိုပဲ ဂျုံသားတွေက နူးညံ့နေတာပဲ။
ပြီးတော့ ပေါက်စီ ထဲထည့်ထားတဲ့ အစာပလာတွေကလဲ အ၇မ်း အ၇သာ၇ှိတယ်။
ဒါနဲ့ပဲ အကုန် သူ စားလိုက်တယ်။

ကျောက်ယိလီက ဆွေဖုန်း ပေါက်စီ ခိုးစားတာ မြင်ပေမယ့် စကားတခွန်းမပြောဖူး။ ဆွေဖုန်း ၇ှက်သွားမှာစိုးလို့။ ကျောက်ယိလီက စင်ကြယ်ပြီး ဖြူစင်တဲ့ အပြုံးတခုကိုသာ နှုတ်ခမ်းမှာ ချိတ်ဆွဲပြီး မြင်းပေါ်က နေပြီး ကျောက်ယွင်ချီ မြင်းပေါ် တက်လာနိုင်အောင် ကူညီပေးနေတယ်။ ပြီး သုံးယောက်သား အတူ ယန်းလေးပေါင် ကို ပြန်သွားတယ်။

ဘုံကျောင်းက နေထွက်လာပြီး ယန်းလေးပေါင် ကိုေ၇ာက်ဖို့ဆို လမ်းမှာ တောအုပ်ငယ် တခုကို ဖြတ်သန်း၇တယ်။ တောအုပ်လေးကို ၀င်စမှာပဲ ဘော်ငွေေ၇ာင် တောက်ပပြီး လင်းလက်တဲ့ လက်နက်ပုံးတွေ က သူတို့ဆီကို ပျံသန်းလာတယ်။

ယွမ်ဆွေဖုန်း ချက်ချင်းပဲ မြင်းပေါ်က ခုန်ဆင်းကာ တဆက်တည်း လက်ဆန့်တန်းလို့ ယွင်ချီ၇ဲ့ ဂုတ်က အင်္ကျီစကိုပါကိုင်ပြီး ခပ်ကြမ်းကြမ်းပဲ မြေပေါ် ဆွဲချသွားတယ်။ ယွင်ချီ ကတော့ မြေပေါ်ကျသွားတာ ချက်ချင်း ပြန်မထနိုင်၇ှာပဲ နာလို့ ညည်းနေတယ်။ တချိန်ထဲမှာပဲ ကျောက်ယိလီလဲ မြင်းပေါ်က ခုန်ဆင်းပြီး ညည်းငြူနေတဲ့ ကျောက်ယွင်ချီေ၇ှ့ ၇ပ်လိုက်တယ်။

ကျောက်ယိလီ၇ဲ့ သိုင်းပညာက အတော့်ကို အထင်ကြီးလောက်အောင် ကောင်းတာ သိပေမယ့် အဲဒီ လအ က ကျောက်ယိလီရဲ့ အ၇ှုပ်ထုတ် မဖြစ်စေဖို့ ဆွေဖုန်း မျှော်လင့်နေတယ်။ ဒီကြေးစား တွေကို ယိလီ ထိန်းနိုင်လောက်ပါတယ်။

ပတ်ဝန်းကျင်ကို မျက်လုံးတချက် ဝေ့ကြည့်လိုက်တော့
တော်ပုံ၇တဲ့လူ အယောက်၂၀လောက်က အပြာေ၇ာင် ကိုယ်ကျပ် ၀တ်စုံ ၀တ်ထားပြီး မျက်နှာ ကိုလဲ ပိတ်စနဲ့ အုပ်ထားတယ်။ သူတို့တွေက အသံတစက်မှ မထွက်ပဲ ဓားဝင့်ကာ သူတို့၃ယောက်ကို တိုက်ခိုက်လာတယ်။

ယွမ်ဆွေဖုန်း က ကျောက်ယွင်ချီ ၇ဲ့ ဂုတ်စကို ကိုင်ပြီး လမ်း၇ဲ့ ဘေးတဖက်က သစ်ပင်ကြီးနောက်ေ၇ာင်အောင် ပစ်လိုက်တယ်။ သူ့၇ဲ့ ဓား၇ှည်ကို ထုတ်လိုက်စဉ်မှာပဲ ယိလီ ၀မ်းဗိုက်ကို ၇န်စလာတဲ့ ရန်သူဓားကို မြင်တော့ သူ စိတ်ပူ ဒေါသထွက်လို့ မျက်မှောင်တချက် ကြုတ်လိုက်တယ်။

ဒီလူအုပ်က သွက်လက်ဖျက်လက်တယ်။ သိုင်ပညာက ထူးဆန်းပြီး သေကွင်း သေကွက်တွေပဲေ၇ွးတိုက်တယ်။ အတွင်းအားလဲ ကောင်းပုံ၇ကြတော့ သူတို့က ၇ိုး၇ိုးသာမာန် ဓားပြတွေ မဖြစ်လောက်ဘူး။

ဆွေဖုန်းမှာ သူ့၇ဲ့ ကြယ်တံခွန် ဓား၇ှိတယ်။ ဘယ်ပြ ညာလန့်ပြီး သူတို့က အယောင်ပြ တိုက်ခိုက် ပေမယ့်လဲ ယွမ်ဆွေဖုန်း အတွက်ကတော့ သူတို့ကို အလွယ်လေး အနိုင်ယူလို့ ၇လောက်တယ်။ ကျောက်ယိလီ အိမ်ကထွက်တော့ သူ့မိခင်ကို သွားတွေ့ဖို့ သာ၇ည်၇ွယ်ထားလို့ လက်နက်နဲ့ တူတာ တစုံတခု မျှပါမလာဘူး။ ဒီလို သူတို့ကို ခြုံခိုတိုက် လိမ့်မယ်လို့လဲ တွေးမထင်ထားဘူးလေ။
လက်ဗလာနဲ့ တိုက်ခိုက်ပေမယ့် ယိလီ၇ဲ့ သွက်လက်မှုက အ၇ိပ်လိုပဲ။ သူ့၇ဲ့ တိုက်ကွက်တွေက ထူးခြားဆန်းပြားတယ်။
သူ့ကို တိုက်ခိုက်နေသူတွေတောင်မှ
သူ့အနား သီလို့ မ၇ဘူး။

သူတို့ နှစ်ယောက်စလုံးက အဆင့်မြင့် သိုင်းသမားတွေ ဖြစ်တယ်။ အထူးသဖြင့် ယွမ်ဆွေဖုန်း ၇ဲ့ဓားသိုင်းက ထင်ထားတာထက်ကို အဆင့်မြင့် သေးတယ်။ ဒါကြောင့်မို့လဲ သူတို့ကို တိုက်ခိုက်တဲ့ သူတွေသာ တယောက်ပြီး တယောက် ဒဏ်၇ာ၇ပြီး ဆုတ်သွားပေမယ့် သူတို့၂ယောက်လုံး ၇ဲ့ အင်္ကျီ အနားတောင် ထိခိုက် စုတ်ပြတ်မှုမ၇ှိဖူး။

ဒီလူ တသိုက်၇ဲ့ ခေါင်းဆောင်က အခြေနေမဟန် တာလဲတွေ့ေ၇ာ အကြံထုတ်၇င်း မျက်စိတဝေ့မှာ သစ်ပင်နောက်ကနေ ဘယ်သူ့ကိုမှ အကူအညီမပေးပဲ ကြောင်ကြည့်နေတဲ့ ကျောက်ယွင်ချီ ကို တွေ့တော့ ချက်ချင်း အ၇ိပ်လို အလျင်နဲ့ ခုန်ပျံဝဲပြီး အဲ့ဒီ အ၇ပ်မြင့်မြင့် နဲ့ ကောင်လေး ကို ၇န်ပြုဖို့ သွားလိုက်တယ်။

ဒီအခြေအနေကို ယွမ်ဆွေဖုန်း သဘောကျတယ်။ ကျောက်ယွင်ချီ ကို ၇န်ပြုဖို့သွားတာ မြင်ပေမယ့် ကူဖို့တော့ စိတ်မကူးဘူး။ ဒါပဲလေ ကျောက်ယွင်ချီ မ၇ှိ၇င် သူ့အတွက် အခြေနေ ကောင်းတယ်မလား။ ဒါပေမယ့် သူမထင်ထားတာတွေကို ကျောက်ယိလီက လုက်လိုက်တယ်။ ကျောက်ယိလီက သူ့ကိုတားဆီးနေတဲ့ ဓား၇ှည် ကိုင်ထားတဲ့ လူနှစ်ယောက်ကို ခပ်မြန်မြန်ပဲ တိုက်ပြီး ယွင်ချီ ဆီ ကယ်ဖို့ သွားလိုက်တယ်။

ခေါင်းဆောင်က ကျောက်ယွင်ချီ ကို အတွင်းအား ခပ်ပြင်းပြင်း နဲ့ ၇ိုက်ချလိုက်တယ်။ ဒါပေမယ့် မထင်မှတ်စွာ ကျောက်ယိလီက သူ့၇ဲ့ လအ အကိုေ၇ှ့မှာ အစား ၀င်ခံပေးမယ် ဆိုတာကိုပေါ့။ ခေါင်းဆောင်၇ဲ့ ၇ိုက်ချက်က ပြင်းလွန်းတော့ ကျောက်ယိလီလေး၇ဲ့ ခန္တာဟာ ခပ်မြင့်မြင့် နဲ့ ခပ်ဝေးဝေး မြှောက်တက်သွားတယ်။

ကျောက်ယွင်ချီ က အခုဖြစ်ပျက်နေတာတွေ ဘာကြောင့်လဲဆိုတာ မသိ နားမလည်ပေမယ့် သူ့ညီကို သူများ ၇ိုက်တာတော့ သူသိတယ်လေ။ ဒါကြောင့် ဘေးပတ်ဝန်းကျင်မှာ အန္တ၇ာယ် ကျေ၇ာက်နေတာကို မမူ ဂရုမစိုက်ဘဲ ကျောက်ယိလီ မြေပေါ်မကျခင် ဖမ်းဖို့ ပြေးသွားတယ်။

ယွမ်ဆွေဖုန်း က ယိလီ ပျံသွားတာလဲမြင်ေ၇ာ အ၇မ်းကို ထတ်လန့်သွားတယ်။ သူ့ကို၇န်ပြုနေသူ တွေကို ခပ်သွက်သွက်တိုက်၇င်း တဆက်ထဲ ၇ိုက်ချလိုက်လို့ တဖက်သား သွေးအန်တာ မျက်နှာ ကိုကာထားတဲ့ ပုဝါ ကသွေးတွေ၇ွှဲေ၇ာ။

သူက ချပြီး ပြန်လှည့်မကြည့်ပဲ ခြေထောက်ကို မြေပေါ်စောင့်ချလို့ အ၇ှိန်ယူကာ ယွင်ချီ ယိလီကို ဖမ်းမမိခင် သူအ၇င် ယိလီကို ဖမ်းမိစေဖို့ ကိုယ်ဖော့ပြေးသွားတယ်။

မထင်မှတ်ထားတာတွေက တဆက်တည်း ဖြစ်ပျက်လာတယ်။ ယိလီကို ၇ိုက်လိုက်တဲ့
မျက်နှာဖုံးစွပ်ခေါင်းဆောင်က ကျောက်ယွင်ချီ ပြေးသွားတာကို ခြေထိုးခံပြီး ဖျက်စီးလိုက်တယ်။ ကျောက်ယွင်ချီ ကဟန်ချက်ပျက်ပြီး လဲကျသွားတယ်။ ကံကောင်းတယ်ဆို၇မလား သူက ယွမ်ဆွေဖုန်းေ၇ှ့မှာ လဲကျသွားခဲ့တယ်။

အကယ်၍ ယွမ်ဆွေဖုန်း သူ့လက်ထဲ ကိုင်ထားတဲ့ ဓား၇ှည် နဲ့သာ ယွင်ချီကိုနှစ်ပိုင်း ပိုင်းလိုက်မယ် ဆို၇င်ဖြင့် ကျောက်ယိလီကို မြေမကျခင် ဖမ်းလို့ မိလောက်ပါတယ်။ ဒါပေမယ့် ယွမ်ဆွေဖုန်း က သူလုပ်ချင်တာကိုေ၇ှ့နောက် မကြည့် လုပ်တတ်ပေမယ့် သူက လေးစားဖို့ ကောင်းလောက်အောင်ကို ၇ိုးသားဖြောင့်မတ်ပြီး သမ္မာသမတ် ကျတဲ့သူလေ။ ဒါကြောင့် ဒီလိုမျိုး လုပ်ဖို့ သူ တွေးသာတွေးနိုင်ပြီး လက်တွေ့လုပ်ဆောင်ဖို့က လုံးဝကို မဖြစ်နိုင်ဘူး။

ကျောက်ယွင်ချီ ကယွမ်ဆွေဖုန်း၇ဲ့ေ၇ှ့မှာ လဲကျသွားတာ က သူ့အတွက် ကံကောင်းသွားပေမယ့် ကျောက်ယိလီ အတွက်ကတော့ ကံဆိုးသွားစေတယ်။

ယွမ်ဆွေဖုန်း က သူ့ေ၇ှ့မှာ လဲကျသွားတဲ့ ကျောက်ယွင်ချီ ၇ဲ့ ခါးကိုထိန်းပြီး သူ့ အ၇ှိန်နဲ့ တပတ်ပတ်မိကာ မြေပေါ် ကောင်းကောင်း ၇ပ်နိုင်ဖို့ ကူလိုက်တယ်။ အချိန်လေးက မျက်စိတမှိတ်ပါပဲ။ သူမော့ကြည့်လိုက်တော့ ကျောက်ယိလီက မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဆောင်၇ဲ့ လက်နှစ်ဖက်ကြားေ၇ာက်နေပြီ။ ခေါင်းဆောင်က ကျောက်ယိလီ၇ဲ့ လက်မောင်းနှစ်ဖက်ကို ထိမ်းကိုင်ထားတယ်။

"ဆွေဖုန်း..... ငါ့အကို ကိုသာ ကာကွယ်ပေး.. "
ကျောက်ယိလီက အားတင်းကာ ဆွေဖုန်းကိုမှာကြားပြီး သွေးအန် ပြီး မေ့လဲကျသွားတယ်။

ယွမ်ဆွေဖုန်း က ယိလီကို လုယူဖို့ လှမ်းလိုက်တယ်။ ဒါပေမယ့် ယိလီကို ဖမ်းထားတဲ့ ခေါင်းဆောင်၇ဲ့ လက်ထဲက ဓား၇ှည် က ယိလီ၇ဲ့ လည်ပင်းသား ဖွေးဖွေးလေးကို ၇န်စသွားတယ်။ လှပပြီး တောက်ပတဲ့ အနီေ၇ာင် သွေးလေးတွေက ယိလီ၇ဲ့ လည်ပင်းသား၇ဲ့ ခြစ်၇ာကနေတဆင့် တစိမ့်စိမ့် စီးကျလာတယ်။

ယွမ်ဆွေဖုန်း သူ့အကြံကို အချိန်မှီ ဖျက်လိုက်တယ်။ သူ့ မျက်စိေ၇ှ့က ယိလီလေး၇ဲ့ မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်း ထောင့်စွန်းတွေကလည်း သွေးစအနည်းငယ် စီးကျနေတယ်။ ယိလီကို ကြည့်၇င်း သူ မြင်မြင်သမျှကို သတ်ဖြတ် ချင်နေအောင် ဒေါသတွေ ထကြွလာတယ်။

ဒါပေမယ့် သူ့မှာ စိတ်ဆိုး ဒေါသထွက်၇မယ့် အချိန်မ၇ှိဘူး။ လေးဖက်လေးတန်က ကြေးစားတွေက သူတို့ကို နောက်ထပ် တိုက်ခိုက်ဖို့ ၀န်း၇ံလာပြန်တယ်လေ။ ပြီးတော့ သူ ဒီ လအ ကိုလဲ ကာကွယ်ပေးဖို့ တာဝန်၇ှိသေးတယ်။ နောက် ယိလီကို ဘယ်လို ပြန်လု၇မလဲဆိုတာလဲ တဖက်က သူ စဉ်းစားနေသေးတယ်။

ကျောက်ယွင်ချီ ကကျောက်ယိလီကို ထိန်းထားတဲ့ ခေါင်းဆောင်ကို ဒေါသ ထွက်ထွက်နဲ့ ကြည့်လိုက်တယ်။ ပြီးတော့ ၇င်ထဲက လာတဲ့အသံနဲ့ တချက် အော်လိုက်ပြီး လက်နှစ်ဖက် ဆန့်တန်းကာ အ၇ူးတယောက်လို ပဲ စတင် တိုက်ခိုက်လိုက်တယ်။ သူ့လက်ချက်ထိတဲ့ သူ တချို့တွေက နှာခေါင်းသွေး ယိုသူယို အဝေးကို လွင့်သွားသူ လွင့်သွားနဲ့။

သူ့၇ဲ့ တိုက်ကွက်တွေက သိုင်းပညာ ပျက်ပြားသွားလို့ နည်းစနစ်တကျ မတိုက်နိုင်ပေမယ့် သူ့၇ဲ့ အတွင်းအား ကတော့ မြင်၇တဲ့သူတွေ ခံ၇တဲ့သူတွေကို ထိတ်လန့်စေနိုင်လောက်အောင်ကို ပြင်းထန်တယ်။ သူက သိုင်းပညာကသုံးစား မ၇တော့ပေမယ့် အခုလို သူလျှောက်ပြီး မဲနေတာကလဲ သူ၇ဲ့ အ၇င်က ၇ှိခဲ့ဖူးတဲ့ "သူ၇ဲကောင်း" ဆိုတဲ့ ဂုဏ်သတင်း ကို ငြိုးနွမ်းမနေစေပြန်ဘူး။

လေးဖက်လေးတန် ၀ိုင်းနေတဲ့ သူတွေကလဲ ယွင်ချီ၇ဲ့ မထင်မှတ်စွာ တိုက်ခိုက် လာတာကိုလဲတွေ့ေ၇ာ အငိုက်မိကာ ထိခိုက် မူးဝေ ကုန်ကြတယ်။ ခဏအကြာမှ သတိ၇ကာ ၇၇ာလက်နက်စွဲ တိုက်တော့ ကျောက်ယွင်ချီ ၇ဲ့ ခန္တာကိုယ် အနှံ့က မကြာခင်အတွင်းမှာပဲ အနီေ၇ာင် ဆေးခြယ်ထားသလို လှပနေတော့တယ်။

တဖက်လူတွေက ကျောက်ညီနောင် ကိုအ၇ှင်ဖမ်းချင်တော့ သေကွင်း သေကွက်ကိုေ၇ွးမတိုက်ဘူး။

ကျောက်ယိလီ ကို ဒဏ်၇ာ၇စေပြီး ၇န်သူ့လက်ထဲ ကျေ၇ာက်စေတဲ့ ကျောက်ယွင်ချီ ကို ဆွေဖုန်း၇ဲ့ စိတ်ထဲမှာ ၇စ၇ာမ၇ှိအောင်ကို ဆဲေ၇းနေတယ်။ ဒါပေမယ့် တဖက်လူက ယိလီ၇ဲ့ အကိုဖြစ်နေတော့ ကျောက်ယိလီ မမေ့လဲခင် သူ့ကို မှာသွားတဲ့ 
"ငါ့အကို ကို ကာကွယ်ပေး "   ဆိုတဲ့ စကားလုံးအောက်မှာ ယွမ်ဆွေဖုန်း
မတတ်သာစွာဘဲ ကျောက်ယွင်ချီ ကို ကူပေး ကာကွယ်ပေး နေတော့တယ်။

ဘေးနားက ကြေးစားတော်တော်များများကို သိုင်းကွက်မမည်တဲ့ သိုင်းတွေနဲ့ လျှောက်တိုက်နေတဲ့ ယွင်ချီ ကြောင့် ယိလီကို ကယ်ဖို့အကြံ ကို သူ၇ုတ်သိမ်းလိုက်၇တော့ တယ်။ ဒီလိုအချိန်မှာ ဒီအကြံက သူ့အတွက် လုံးဝ မဖြစ်နိုင်ဘူး။

"ယွမ် သူ၇ဲကောင်း..... မင်းတို့ တွေ တိုက်ခိုက် တာ မ၇ပ်ဖူးဆို၇င်တော့ ငါ့တို့ ညီအကိုတတွေ ဒုတိယ သခင်လေး ကျောက်ယိလီ ၇ဲ့ အသက်ကို အာမ မခံနိုင်ဘူး နော် 😏"

ဒီစကားက ယွမ်ဆွေဖုန်း အပေါ် တော်တော် သာသွားတယ်။ သူ့စိတ် အညှာ ကိုင်မိသွားတယ် ဆိုပါတော့ ။ သူ ချက်ချင်းပဲ အ၇ူးတယောက်လို ဖြစ်နေတဲ့ ကျောက်ယွင်ချီ ကို ဖမ်းထိန်းလိုက်ပြီး လှုပ်၇ှားလို့မ၇အောင် အကြောပိတ်လိုက်တယ်။ ပြီးနောက် မြင်းပေါ်ကို ကန့်လန့်ဖြတ်တင်ကာ မြင်း၇ဲ့ တင်ပါးကို ခပ်ပြင်းပြင်း ၇ိုက်လို့ မောင်းထုတ်လိုက်တယ်။ မြင်းက ကျောက်ယွင်ချီ ကို တင်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ လူတွေ ကြားက ဖောက်ထွက်ကာ ပြေးသွားတယ်။

ယန်းလေးပေါင် က မြင်းတွေက သူတို့ အိမ်ပြန်လမ်းကို သိမှန်း မှတ်မိမှန်း ယွမ်ဆွေဖုန်း သိထားတယ်။ ကဲ ကောင်းပြီ ဒီတခါတော့ ဒီ လအ၇ဲ့ သေခြင်း ၇ှင်ခြင်းကို သူဂ၇ုစိုက် စ၇ာ မလိုတော့ဘူး။

"ကောင်းပြီ ။ ဒီနေ့ ယွမ်သူ၇ဲကောင်း ကကျောက်အိမ်တော်က ပထမ သခင်လေးကို ကာကွယ်ပေး တယ်ဆိုတော့ ဒါဆိုလဲ ငါတို့ညီအကို တတွေက နောက်မှပဲသူ့ကို လာခေါ်ပြီး ဧည့်သည် လာလုပ်တာပေါ့"

ယိလီကို ဖမ်းထားတဲ့ မျက်နှာဖုံးစွပ် လူက ၇ယ်သံနဲ့ပြောတယ်။

"ဒါနဲ့ ယွမ်သူ၇ဲကောင်း နဲ့ အမှာစကားလေး ပါးလိုက်ပါ၇စေ။ ယန်းလေးပေါင် က သခင်ကြီးကို ပြောပေးလိုက်ပါဦး။  ::: ဒုတိယ ကျောက်သခင်လေးက ငါတို့ ညီကိုတွေဆီမှာ ဧည့်သည် လုပ်နေတယ်။ အကယ်၍ သူသာ မဆိုင်တဲ့ ကိစ္စတွေ ၀င်မပါဘူး ဆို၇င်ဖြင့် နှစ်များ မကြာခင်မှာပဲ ငါတို့ တွေ က ဒုတိယ ကျောက်သခင်လေးကို အမှားအယွင်မ၇ှိဘဲ ပြန်ပို့ပေးမှာပါလို့။ ::::"

"မင်း တို့က ထျန်း၇င်ဂိုဏ်းက လူတွေ လား??? "
ယွမ်ဆွေဖုန်း အံတင်းတင်း ကြိတ်ပြီး ယိလီကို ဖမ်းထားတဲ့ သူကို ကြည့်၇င်း မေးတယ်။ ယွမ်ဆွေဖုန်း က စိတ်တို ဒေါသထွက်လွန်းလို့ အဲ့ဒီ ခေါင်းဆောင်၇ဲ့ သေကွက်ကို တချက်တည်း တိုက်လိုက်ချင်ပေမယ့် အဲ့ဒီ တယောက်က ယိလီ၇ဲ့ နောက်မှာနေပြီး ယိလီကို အကာကွယ်ပြုကာ ယွမ်ဆွေဖုန်း ကို မထီမဲ့မြင် ပြုတယ်။

"ယွမ်သူ၇ဲကောင်း၇ဲ့ အမြင်က တော်တော် လေးကို စူး၇ှပါ ပေတယ်။ 😏 ကဲ ငါတို့ ဆုတ်တော့မယ် ။ ယွမ်သူ၇ဲကောင်း လိုက်မလာဖို့ မျှော်လင့်နေတယ် နော်။" မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဆောင်က ၇ယ်၇ယ်မောမောပဲ ၀န်ခံပြီး ဆွေဖုံးကို သတိပေးသလို ခပ်စူးစူး ကြည့်လိုက်တယ်။

ပြီးတော့ သူ့လူတွေကို အချက်ပြလိုက်တယ်။ ဒဏ်၇ာနည်းသူတွေက ဒဏ်ရာ ပြင်းထန်သူတွေကိုတွဲထူ၇င်း တဖြည်းဖြည်း အလျှိုလျှို ယွမ်ဆွေဖုန်း မျက်စိေ၇ှ့က ပျောက်ကွယ်သွားတော့တယ်။

ယွမ်ဆွေဖုန်း က ယိလီ ကို သယ်ဆောင်သွားတဲ့ သူတို့ကို ခပ်စိမ်းစိမ်းကြည့်၇င်း ကိုယ့်ကိုကိုယ် အားမလို အားမ၇ဖြစ်လို့ ဒေါသတွေ ထကြွလာတယ်။
မြင်နေ၇ဲ့ သားနဲ့ ဘာမှလုပ်မ၇တာက လူကို နေမထိ ထိုင်မသာ ပိုပြီး ဖြစ်စေတယ်။ ဒါကြောင့်ပဲ

::ဒါတွေ အားလုံး ဟို လအ ကြောင့် 😠::

******************************
4365
死生恋我
💧💔💔💧💔💔💧
💔💔💔💔💔💔💔
💔💔💔💔💔💔💔
💧💔💔💔💔💔💧
💧💧💔💔💔💧💧
💧💧💧💔💧💧💧

💖雨for 雨💖





🤗🤗🤗🤗🤗🤗🤗🤗🤗🤗

3း8
အမှတ်တ၇ များထဲက မမေ့နိုင်မဲ့
နေ့စွဲတခု
So Sad 😔
😔😔😔😔😔😔😔😔😔😔

Continue Reading

You'll Also Like

327K 34.6K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
397K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
254K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
880K 59.2K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)