=========================
ဘတ်အွန်း အဆင်သင့်ဖြစ်ချိန်မှ ယောလ်၏ မိုးပြာရောင် တောင်ပံများ ဖြန့်လာပြီး အပေါ်ကို မြှောက်တက်လာသည်။ ထို့နောက်မှာပဲ အတောင်ပံတွေကို အောက်ကို ရိုက်ချလာပြီး ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပြေးတက်သွားတော့သည်။
" အမေ့ !! "
ပျံတက်သွားပြီး ချက်ချင်း အောက်ကို ပြန်ထိုးဆင်းလာသည်ကြောင့် ဘတ်အွန်း ငြိမ်ငြိမ်ကလေး ထိုင်မနေရဲတော့ပေ။ ကိုင်ထားသော ဆူးချွန်တွေကို လွှတ်လိုက်ပြီး ထိုင်ရက်ဖြင့် နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားသည်။ လေဟာနယ်ထဲ ခေါင်းထောင်၍ ခါးမတ်မတ် မထိုင်ရဲတာကြောင့် နဂါးကြီး၏ ပူနွေးနေသော အရေပြားပေါ်တွင် မျက်နှာအပ်၍ ဖက်တွယ်ထားမိကာ ငြိမ်ဝပ်နေမိသည်။
" ယောလ် .... "
" ဘာဖြစ်လို့လဲ ... "
ဘတ်အွန်း၏ အသံကြားမှ ယောလ် သတိဝင်လာသည်။ ပျံဝဲနေသော အရှိန်ကို သိသိသာသာလျော့ချ လိုက်ရင်း လေဟုန်စီး နေသကဲ့သို့ ရှိနေစေလိုက်သည်။
မကြာလိုက်ခင်မှာပဲ တောင်စွယ်တောင်တန်းနှင့် အနီးဆုံးတွင် ရှိနေသည့် ရွာလေးတစ်ရွာကို တွေ့လိုက်ရသည်။ သို့ရာတွင် ယောလ်အတွက် ဝေခွဲမရစရာ အကြောင်းများ ရှိလို့နေသည်။ သူ၏ ကြင်ဖက်လေးအား အစောကြီး ပြန်ပို့လိုက်ဖို့ မဖြစ်နိုင်ပေ။
သေချာသည်ကတော့ ဘတ်အွန်းနဲ့ အဝေးမှာ မနေချင်ပါ။
ဝမ်ယောလ် အခိုင်မာ ဆုံးဖြတ်ပြီးနောက် ရွာဘက်ကို ကျောခိုင်း၍ တောင်ပင်လယ်ဘက် ကို ပျံသန်းသွားတော့သည်။ သူ၏ ကျောပေါ်ကို မျက်နှာအပ်၍ ဖက်တွယ်နေသူကတော့ သိမည် မဟုတ်သေး။
ဖြူလွလွ သဲသောင်ပြင်သည် သူ၏ ပိုက်နက်ပေမို့ ထုံးစံအတိုင်း လူသူ ကင်းရှင်းလို့ နေသည်။ ကျွန်းနေ သတ္တဝါ အနည်းငယ်နှင့် လှပသော ကျွန်းငယ်လေးဖြစ်သည်။ ငယ်စဥ်ကတည်းက တစ်ဦးတည်း အချိန်ဖြုန်း ဆော့ကစားနေကျ နေရာဖြစ်၍ ဒီကျွန်းလေးကို ယောလ် နှစ်ခြိုက် သဘောကျသည်ထက် ပိုသည်။
စိမ်းသက်သော နေရာကို ရောက်လာသည်မို့ ဘတ်အွန်း အလန့်တကြားဖြစ်သွားသည်။
" ဒါ....ဘယ်နေရာကို ရောက်လာတာလဲ.."
ယောလ်က ပြန်မဖြေသေးဘဲ ဘတ်အွန်း ဆင်းလာစေဖို့ ထိုင်ချပေးလိုက်သည်။ ဘတ်အွန်းမှာ တစ်ခြားကမ္ဘာကိုပဲ ရောက်သွားပြီး အထင်နှင့် ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။
" ယောလ်.... ဒါဘယ်နေရာလဲ ...
ကျွန်တော့ရွာကို လိုက်ပို့ပေးမယ်ဆို
ဒါက....ဘယ်ရောက်သွားတာလဲ "
ဘတ်အွန်း နောက်လှည့်လာပြီး မေးတော့
ယောလ်က လူအသွင်နဲ့ ဖြစ်နေပြီး သူ့ကို
တွေတွေလေး ငေးကြည့်နေသည်ကို တွေ့ရသည်။
" ငါ... တောင်ပံတစ်ခါ ခတ်လိုက်ရင် (၁၀)မိုင် အကာအဝေးကို ခရီးရောက်တယ်။ သေချာတာတော့ ငါ မင်းရဲ့ ရွာကို ကျော်သွားတယ် ထင်တယ် ..."
နောက်ပိုင်းစကားလုံးများက သိသိသာသာ တိမ်ဝင်သွားသည်။ နဂါးကြီးမှာ တစ်သက်တွင် တစ်ခါ ပထမဆုံး လိမ်လည်လိုက် ရသည့်အတွက် မလုံမလဲ ဖြစ်သွားရသည်။ သို့သော်လည်း ဘတ်အွန်းက အမှန်ဟု ထင်မှတ်သွားသည်။
" ဒါပေမဲ့လည်း.... ပြန်လှည့်ပြီး ပို့လို့ရတာပဲ "
ယောလ် ဘာမှထပ်မပြော၊ ခေါင်းသာငုံ့နေသည်။ ငွေဖြူရောင်ဆံနွယ်တွေမှာ နေရောင်ဖြင့် အရောင်တစ်လဲ့လဲ့နှင့် လှပလွန်းနေ၏ ။ ဘတ်အွန်း စိတ်လျော့စွာဖြင့် သူ့ရှေ့ရှိ နတ်နဂါးလူသားကြီးကိုသာ ငေးကြည့်နေရသည်။
နတ်မျိုးနတ်နွယ်မို့ ဒီလောက်ထိ ကြည့်ကောင်းနေရသလားဟု မေးခွန်းထုတ်ချင်နေမိသည်။ တောင့်တင်းကြံ့ခိုင်ပြီး ပြီးပြည့်စုံနေပုံသည် ဘတ်အွန်းလို လူသားလေးနှင့် ယှဥ်လို့ပင် မရနိုင်ချေ။
ဒီလို ပြီးပြည့်စုံနေသည့် နတ်နဂါးကြီးက ဘာလို့များ လူသူကင်းမဲ့နေသည့် ကျွန်းကြီး တစ်ကျွန်းဆီ ခေါ်လာခဲ့သလဲ စဥ်းစားလို့ပင် မရချေ။ အတောင်ပံကပဲ ညောင်းသွား၍ လား။ နတ်အစွမ်းများ ကုန်ခမ်းသွား၍လား။
သို့မဟုတ်....
" ယောလ် .... ကျွန်တော့်ကို ဖမ်းလာတာတော့
မဟုတ်ပါဘူးနော်... "
ဝိုင်းစက်ကြည်လင်နေသော အပြာရောင် မျက်ဝန်းများ ပြန်လည်မော့ကြည့်လာသည့် အခိုက်အတန့်သည် ဘတ်အွန်း နှလုံးသားအား ဖျစ်ညှစ်လိုက်သလိုပင်။ လူကောင်ကြီးနှင့်မလိုက်အောင် ချစ်စရာကောင်းလွန်း လှသည်။
ယောလ်က ဆိုလာသည်။
" ဖမ်းတာ မဟုတ်ပါဘူး ။
ဒီတိုင်း...ခဏ ခေါ်လာမိတာ
" ဘာလုပ်ဖို့ ခေါ်လာတာလဲ ! "
" ဟို..... မင်း များ ရေထဲလိုက်ကစားချင်မလားလို့ "
ပင်လယ်ကြီးဘက်ကို လက်ညိုးထိုးပြရင်း ဖြေတော့ ဘတ်အွန်း မျက်မှောင်တွေ ကြုံ့မိသွားပြန်သည်။
တောင်ပေါ်ဒေသနှင့် လွင်ပြင်ဒေသတို့မှာ ကြီးပြင်းလာရသူအဖို့ ရေပြင်ကျယ်ကြီးသည် အဓိက အားနည်းချက်ပင်။ ရွာဘေးနီးစပ်မှ ချောင်းကလေးကိုပင် ရေနက်ပိုင်းထိ သွားရောက်မကူးရဲခဲ့ပေ။
ပင်လယ်ဆိုသည်မှာလည်း ညအိပ်ရာဝင်ချိန် ကြားဖူးနားဝ ရှိနေသည့် ပုံပြင်ထဲမှာသာ ကြီးကျယ်သည်ဟု ထင်ထားဖူးသည်။ ယခုကဲ့သို့ မြင်ကွင်းတစ်ဆုံး ရေပြင်ကျယ်ကြီးနှင့် ကျောက်တောင် ကျောက်ဆောင် များအား လှိုင်းအား ပြင်းပြင်းဖြင့် ရိုက်ခတ်နေသော ရေပြင်ကျယ်ကြီးကိုတော့ ကြောက်အားပိုသည်။ ထိုပင်လယ်ထဲ ရေဆင်းဆော့ဖို့ စိတ်ကူးတောင် မယဥ်ရဲပေ။
" နေပါဦး.... ယောလ် အသက်အခု ဘယ်လောက်လဲ !
အခုထိ ရေထဲ ဆော့ကစားချင်နေတုန်းဆို
သေချာပေါက် ကျွန်တော့ထက်ငယ်နေလိမ့်မယ် "
" အင်း....ငယ်တော့ ငယ်ပါသေးတယ်" ယောလ်က တွေးတွေးဆဆဖြင့် ပြန်ဖြေသည်။
" ဘယ်လောက်လဲ.... ဘယ်လောက်လဲ !!
ဒီမှာ ကျွန်တော့ထက် ငယ်နေရင်
နတ်တွေဘာတွေ မသိဘူး...
အကြီးကို အကြီးလိုရိုရိုသေသေဆက်ဆံ .."
ယောလ် သူရှေ့က လူကြီးပုံဖမ်းနေသော ဆံပင်စုတ်ဖွားနှင့် လူသားလေးအား ကြိတ်ရယ်မိလိုက်သည်။
" ဘတ်အွန်း ရဲ့ အသက်ကကော ! "
ဘတ်အွန်းက ခါးထောက်လျက်ဖြင့်
" 27 ရှိပြီ ! လူကြီးဖြစ်နေပြီ ! "
မာန်ပါပါပြောနေပုံသည် သူအမှန်တစ်ကယ် လူကြီးဖြစ်လို့ တစ်ဦးတည်း တောထွက် အမဲလိုက်ခဲ့ကြောင်းကိုပါ ထပ်လောင်းပြောပြ ချင်ပုံရသည်။
" ယောလ်က အခုနှစ်ထဲမှာဆို သုံးရာ့ နှစ်ဆယ့်ငါးနှစ်လောက် ရှိနေပြီ ထင်တယ်..."
"တွေ့လား... ငယ်ပါတယ်ဆို... ဟမ် မဟုတ်သေးပါဘူး သုံး...သုံးရာက ဘာကို ပြောတာလဲ..."
" အတိအကျပြောရရင် အသက်က
သုံးရာ့ နှစ်ဆယ့်လေးနှစ်နဲ့ ခုနှစ်လထဲမှာ !
အဲ့တာ.... နှစ်ဆယ့်ခုနစ် နှစ်ထက်ကြီးမယ်ထင်တယ် "
" အင်း..... ကြီးတာပေါ့ ! "
ဘတ်အွန်း တိုးတိုးလေး ပြန်ဖြေရင်း ငြိမ်ကုပ်သွားသည်။ အကြီးကို အကြီးလို ဆက်ဆံဖို့ ပြောခဲ့သူမှာ သူကိုယ်တိုင်ပေပဲမို့ သူ့အဘွားထက်ကို အသက်ကြီးနေသည့် ယောလ်အား မယဥ်မကျေး မလုပ်ရဲတော့ပေ။
ဘတ်အွန်း အတွေးများနေခိုက်ဝယ် ခါးနားတစ်ဝိုက်ကို လာထိုးနေသည်ကြောင့် အနောက်ကို လှည့်ကြည့်မိလိုက်သည်။
" အမေ့ !!! ဘာကောင်ကြီးလဲ !! "
ကြောက်အားလန့်အားဖြင့် ယောလ်၏ ကိုယ်ပေါ်အား ခြေကားယား လက်ကားယားဖြင့် တွယ်တက်မိတော့သည်။ သူ့ကို လာထိသည့် အကောင်ကြီးမှာ မဲမဲလုံးလုံးနှင့် ရှည်လျား ကြီးမားလွန်းကာ နှုတ်ခမ်းမွှေးရှည်ရှည်များ ရှိသည်။
ယောလ်က နှစ်သိမ့်လာသည်။
" ဘာမှ မဖြစ်ပါဘူး... ဒါ ယောလ် မွေးထားတဲ့ အကောင်လေးပဲ"
" ဘာ... !! "
ယောလ်က ဘတ်အွန်းအား သေချာ ပွေ့ချီထားရင်းဖြင့် " ဟုတ်တယ် ... အဲ့တာ ပင်လယ်ဖျံလေး... ဉာဏ်ကောင်းပြီး အဆော့သိပ်မက်တယ် "
" ပင်လယ်ဖျံ ! "
ဘတ်အွန်း သေချာ လှည့်ကြည့်လိုက်သည်။ နှုတ်ခမ်းမွှေး ရှည်ရှည်တို့အား တစ်ရှုံ့ရှုံ့ လုပ်ပြရင်း ငါးမြီးသဏ္ဌန် အမြီးကိုလည်း မြေကြီးပေါ် ပုတ်နေကာ လှုပ်ရွနေသည်။ သူ့ပုံစံက ကစားဖော်အသစ်တွေ့လို့ ပျော်နေသည့် ကလေးလေးလိုပင်။
ဘတ်အွန်း သေချာအောင် ပြန်မေးသည်။
" မကိုက်တက်ပါဘူးနော် "
" တစ်ခြား အကောင်တွေ ကိုက်ချင်ကိုက်တက်မယ် ... သူတော့ ကိုက်မှာ မဟုတ်ဘူး!"
ယောလ်က သေချာအာမခံပေမဲ့ ဘတ်အွန်းက လန့်နေဆဲ။ ထို့နောက် မသိလိုက်မသိဘာသာ နှင့် ယောလ်ကို တင်းကျပ်စွာ ဖက်တွယ်ထားဆဲ။ ယောလ်သည်လည်း တင်းကြပ်စွာ ဖက်တွယ်ထားပေးသည်။ ဘတ်အွန်း ကြောက်နေသေးမှန်း သိတော့ ယောလ်က စ နောက်ချင်လာပြန်သည်။
" ဒါဆို...ဒီအတိုင်းပဲနေတော့ !
ဒီအတိုင်းပဲ ငါ့အိမ်ကို လိုက်ခဲ့တော့ "
ထိုအခါ ဖက်တွယ်ထားသည့် လက်တွေ၊ ခြေထောက်တွေအကုန် ပြေလျော့လာပြီး အောက်ကို ချက်ချင်း ဆင်းသွားတော့သည်။ နတ်နဂါး၏ အိမ်ကို လိုက်သွားရမှာ ပိုကြောက်ပုံရသည်။
အဆော့မက်သည့် ဖျံလေးက ဘတ်အွန်းနောက် တစ်ကောက်ကောက် လိုက်ကာဖြင့် ဆော့ကစားနေတာမို့ အလန့်မပြေသေးတဲ့ ဘတ်အွန်းကလည်း အလယ်တွင်ယောလ်ကို ထားကာ ပတ်ပြေးနေရရှာသည်။ ဖျံလေးက ရင်းနှီးလွယ်တဲ့ အမူအရာရှိသော်လည်းပဲ ကြီးမားလုံးဝန်းနေသည့် ကိုယ်ခန္ဓာရယ်ကြောင့် ရှိန်နေရသည်။
နောက်တော့ ယောလ်ကပဲ ပင်လယ်ဖျံလေးကို ခေါ်ဆောင်ကာ ဆော့ပြသည်။ ဖျံလေးက ငါးမြီးသဏ္ဠာန်ဖြင့် သွားလာရ ခက်ပုံ ပေါ်သော်လည်း ယောလ် ပြေးသည့်နောက် မှီအောင် လိုက်ပြေးသည်။ နှုတ်သီးရှည်ရှည် ဖြင့်လည်း လိုက်ထိုးစနောက်တက်သည်။ တစ်ခါတစ်ရံ သဲသောင်ပြင်တွင် အမူယာပိုစွာ လူးလွန့်လျက် လှိမ့်ဆင်းသွားတက်သည်။
ပြီးနောက် ရပ်ကြည့်နေသည့် ဘတ်အွန်းကို အင်္ကျီလက်ကနေ ကိုက်ဆွဲပြီး ရေထဲ အတင်းဆင်းချနေသည်။ ဘတ်အွန်းမှာ ကမ်းစပ်အနား ဖျံကြီးနှင့် ပြေးတမ်း လိုက်တမ်း ကစားနေရင်း ရေတွေလည်းစိုရွှဲနေကာ မောဟိုက် နေရသည်။
" တော်ပြီ.... နားမယ် ... နားမှရတော့မယ်!"
ဘတ်အွန်း သည်းမခံနိုင်စွာပဲ သဲသောင်ပြင်ပေါ် ထိုင်ချလိုက်ရတော့သည်။ တစ်ကိုယ်လုံးလည်း ရေတွေရွှဲနစ်နေကာ နတ်နဂါးကြီးနှင့် ပင်လယ်ဖျံကြီးတို့ကြား မောဟိုက်နေရသည်။ မမောနိုင်သေးသည့် နှစ်ဦးမှာလည်း ဘတ်အွန်း ကိုကြည့်၍ ငြိမ်သွားရသည်။
စကားနားလည်ပုံရသည့် ဖျံကြီးမှာ အသက်ရှုမြန်နေသည့် ဘတ်အွန်းအား သေချာ ငေးကြည့်လို့နေသည်။ အင်မတန်မှ ကဲလွန်းသည့် ဖျံကြီးက ငြိမ်ကျနေသည်ကို ကြည့်ကာ ယောလ် ထူးဆန်းနေရသည်။
မကြာခင်မှာပဲ ထူးဆန်းနေသည့် ယောလ်အား ပို၍ တုန်လှုပ်လာအောင် ဖျံကြီးကလလုပ်ဆောင်လိုက်လေသည်။
" ပြွတ်စ် !
" ဟင် ! "
ရုတ်တရက်ဆန်ဆန် ဖြစ်ပျက်သွားမူကြောင့် ယောလ် တစ်ခဏတာ တောင့်ခဲသွားသည်။ ဘတ်အွန်း၏ နှုတ်ခမ်းပါးကို မဟုတ်ဘဲ ပါးပြင်လေး ဖြစ်နေလျင်တောင် ယောလ် မကြိုက်ပါ။
" ရား!!!!!!!"
ယောလ်၏ အာခေါင်ခြစ် သံကျယ်ကြီးမှာ တစ်ကျွန်းလုံး မြည်ဟီးသွားရသည်။
ချက်ချင်းဆိုသလိုပဲဲ ဖျံကြီးဟာ ယောလ်၏ လက်တွေနှင့် အကြမ်းးပတမ်း ဆွဲယူခံရပြီး ပင်လယ်ပြင်ထဲသို့ ပစ်ထည့်ခံရတော့သည်။
အချိန်တိုလေးအတွင်းမှာပဲ ဖြစ်ပျက်သွားသမျှကို လူသားလေး ဘတ်အွန်း မနည်းပင် တွေးယူလိုက်ရသည်။ ဘာကြောင့် ဘယ်လိုတွေ ဖြစ်သွားရတယ်တောင် မသိတော့။ ဖျံကြီးသူ့ကို ရွှတ်ကနဲနမ်းပြီး ချင်းမှာပဲ ယောလ်က ပင်လယ်ထဲဆွဲပစ်လိုက်တော့သည်ပင်။
အရမ်းကို မြန်ဆန်လွန်းပြီး မယုံကြည်နိုင်စရာ ဖြစ်သွားသည်။
" ငါ....ငါတောင် မထိရက်သေးတာ !!! "
ယောလ်က အံကြိတ်လျက်သား ပူဆွေးနေသည်။ ဘတ်အွန်းမှာ အူလည်လည်ဖြင့် ငေးကြည့်နေရပြီး ဘာမှ မမေးနိုင်သေး။ အနမ်းခံလိုက်ရသည်က သူဖြစ်သော်လည်း ဖြေမဆည်နိုင်အောင် ဒေါသထွက်နေသူက ယောလ် ဖြစ်နေလေသည်။
" ယောလ်... အနမ်းခံရတာက ကျွန်တော်ပါနော်... ပြီးတော့ ထိရုံတင်လေးပါ "
" ထိရုံတင်လေးမို့ပေါ့!!! မဟုတ်ရင် ချက်ချင်း မီးကင်လိုက်မှာ !!!"
ယောလ်၏ ကြိမ်းမောင်းသံကြောင့် ကမ်းစပ်အနားက ဖျံကြီးမှာ သူတို့အနား မလာရဲဘဲ ချောင်းကြည့်နေရှာသည်။ နှုတ်ခမ်းမွှေးများအား တစ်ရှုံ့ရှုံ့နှင့် ယောလ်အား အထွန့်တက်နေပုံရသည်။
ထိုပုံစံလေးမြင်တော့ ဘတ်အွန်းက ဖျံကြီးကို သနားသွားသည်။ အနားကိုလာဖို့ ပြန်ခေါ်ဖို့ လက်ရွယ်ရုံတင် ယောလ်က ကြားကနေ ကွယ်ကာ မမြင်အောင် ထိုင်နေသည်။ ထိုအခါမှာတော့ ဘတ်အွန်းက ယောလ် စိတ်တိုင်းကျ နေပေးလိုက်ပြီး ဖျံကြီးကို လျစ်လျူရှုပေးလိုက်သည်။
ယောလ်မှာ စိတ်တိုနေသေးသော်လည်း နှာခေါင်းဝမှ လေပူများဖြင့် ရေစိုနေသော ဘတ်အွန်းကို ခြောက်သွေ့စေလိုက်သည်။ ဘတ်အွန်းအတွက် သိပ်ကို သက်သောင့်သက်သာ ရှိစေတာမို့ လေနွေးငွေ့ငွေ့ကြား မျက်လုံးများ မှေးစင်းလာသည်။
မရင်းနှီးသည့် အရပ်ဒေသ၊ မရင်းနှီးသည့် သာမာန်မဟုတ်သောလူနှင့် စိတ်ချလက်ချ အိပ်ချင်စိတ် ဖြစ်ပေါ်နေသော သူ့ကိုယ်သူ လည်း အံသြနေရသည်။
ဘတ်အွန်း ဘေးက ယောလ်ကိုမသ်ိမသာ
လှည့်ကြည့်လိုက်သည် ။ လွင့်ဝဲနေသည့် ဆံနွယ်အဖြူတွေက အပြာရောင်
မျက်ဝန်းတို့က်ို အနားသတ်ပေးထားသလ်ို။
သူ့မှာတော့ ခုထိ ရေစိုနေသည့် ဆံပင်ထုံးလေးနှင့် မျက်အိမ်ကြည်ကြည် လေးသာ ရှိသည်။
ထိုနဂါးကြီးက သာမာန်လူနှင့် ကွာခြားလှစွာ ထူးခြားနေလွန်းသော်လည်း သူ့ကို ယခုထိ ပြန်မလွတ်ပေးနိုင်သည်ကတော့ အံသြဖို့ ကောင်းလွန်းနေသည်။ သူကိုယ်တိုင်မှာလည်း ထိုမျက်ဝန်းပြာပြာများ၏ ထိန်းချုပ်ခြင်း ခံနေရသလို ခံစားနေလေပြီ။
နတ်နဂါးများက လူတွေကို ပြုစားတက်လေ သလား...။
=========================
ဘတ္အြန္း အဆင္သင့္ျဖစ္ခ်ိန္မွ ေယာလ္၏ မိုးျပာေရာင္ ေတာင္ပံမ်ား ျဖန့္လာၿပီး အေပၚကို ျမႇောက္တက္လာသည္။ ထို႔ေနာက္မွာပဲ အေတာင္ပံေတြကို ေအာက္ကို ရိုက္ခ်လာၿပီး ေကာင္းကင္ေပၚသို႔ တစ္ဟုန္ထိုး ေျပးတက္သြားေတာ့သည္။
" အေမ့ !! "
ပ်ံတက္သြားၿပီး ခ်က္ခ်င္း ေအာက္ကို ျပန္ထိုးဆင္းလာသည္ေၾကာင့္ ဘတ္အြန္း ၿငိမ္ၿငိမ္ကေလး ထိုင္မေနရဲေတာ့ေပ။ ကိုင္ထားေသာ ဆူးခြၽန္ေတြကို လႊတ္လိုက္ၿပီး ထိုင္ရက္ျဖင့္ ေနာက္ကို ျဖည္းျဖည္းခ်င္း ဆုတ္သြားသည္။ ေလဟာနယ္ထဲ ေခါင္းေထာင္၍ ခါးမတ္မတ္ မထိုင္ရဲတာေၾကာင့္ နဂါးႀကီး၏ ပူေႏြးေနေသာ အေရျပားေပၚတြင္ မ်က္ႏွာအပ္၍ ဖက္တြယ္ထားမိကာ ၿငိမ္ဝပ္ေနမိသည္။
" ေယာလ္ .... "
" ဘာျဖစ္လို႔လဲ ... "
ဘတ္အြန္း၏ အသံၾကားမွ ေယာလ္ သတိဝင္လာသည္။ ပ်ံဝဲေနေသာ အရွိန္ကို သိသိသာသာေလ်ာ့ခ် လိုက္ရင္း ေလဟုန္စီး ေနသကဲ့သို႔ ရွိေနေစလိုက္သည္။
မၾကာလိုက္ခင္မွာပဲ ေတာင္စြယ္ေတာင္တန္းႏွင့္ အနီးဆုံးတြင္ ရွိေနသည့္ ႐ြာေလးတစ္႐ြာကို ေတြ႕လိုက္ရသည္။ သို႔ရာတြင္ ေယာလ္အတြက္ ေဝခြဲမရစရာ အေၾကာင္းမ်ား ရွိလို႔ေနသည္။ သူ၏ ၾကင္ဖက္ေလးအား အေစာႀကီး ျပန္ပို႔လိုက္ဖို႔ မျဖစ္နိုင္ေပ။
ေသခ်ာသည္ကေတာ့ ဘတ္အြန္းနဲ႕ အေဝးမွာ မေနခ်င္ပါ။
ဝမ္ေယာလ္ အခိုင္မာ ဆုံးျဖတ္ၿပီးေနာက္ ႐ြာဘက္ကို ေက်ာခိုင္း၍ ေတာင္ပင္လယ္ဘက္ ကို ပ်ံသန္းသြားေတာ့သည္။ သူ၏ ေက်ာေပၚကို မ်က္ႏွာအပ္၍ ဖက္တြယ္ေနသူကေတာ့ သိမည္ မဟုတ္ေသး။
ျဖဴလြလြ သဲေသာင္ျပင္သည္ သူ၏ ပိုက္နက္ေပမို႔ ထုံးစံအတိုင္း လူသူ ကင္းရွင္းလို႔ ေနသည္။ ကြၽန္းေန သတၱဝါ အနည္းငယ္ႏွင့္ လွပေသာ ကြၽန္းငယ္ေလးျဖစ္သည္။ ငယ္စဥ္ကတည္းက တစ္ဦးတည္း အခ်ိန္ျဖဳန္း ေဆာ့ကစားေနက် ေနရာျဖစ္၍ ဒီကြၽန္းေလးကို ေယာလ္ ႏွစ္ၿခိဳက္ သေဘာက်သည္ထက္ ပိုသည္။
စိမ္းသက္ေသာ ေနရာကို ေရာက္လာသည္မို႔ ဘတ္အြန္း အလန့္တၾကားျဖစ္သြားသည္။
" ဒါ....ဘယ္ေနရာကို ေရာက္လာတာလဲ.."
ေယာလ္က ျပန္မေျဖေသးဘဲ ဘတ္အြန္း ဆင္းလာေစဖို႔ ထိုင္ခ်ေပးလိုက္သည္။ ဘတ္အြန္းမွာ တစ္ျခားကမာၻကိုပဲ ေရာက္သြားၿပီး အထင္ႏွင့္ ပါးစပ္အေဟာင္းသား ျဖစ္ေနရွာသည္။
" ေယာလ္.... ဒါဘယ္ေနရာလဲ ...
ကြၽန္ေတာ့႐ြာကို လိုက္ပို႔ေပးမယ္ဆို
ဒါက....ဘယ္ေရာက္သြားတာလဲ "
ဘတ္အြန္း ေနာက္လွည့္လာၿပီး ေမးေတာ့
ေယာလ္က လူအသြင္နဲ႕ ျဖစ္ေနၿပီး သူ႕ကို
ေတြေတြေလး ေငးၾကည့္ေနသည္ကို ေတြ႕ရသည္။
" ငါ... ေတာင္ပံတစ္ခါ ခတ္လိုက္ရင္ (၁၀)မိုင္ အကာအေဝးကို ခရီးေရာက္တယ္။ ေသခ်ာတာေတာ့ ငါ မင္းရဲ႕ ႐ြာကို ေက်ာ္သြားတယ္ ထင္တယ္ ..."
ေနာက္ပိုင္းစကားလုံးမ်ားက သိသိသာသာ တိမ္ဝင္သြားသည္။ နဂါးႀကီးမွာ တစ္သက္တြင္ တစ္ခါ ပထမဆုံး လိမ္လည္လိုက္ ရသည့္အတြက္ မလုံမလဲ ျဖစ္သြားရသည္။ သို႔ေသာ္လည္း ဘတ္အြန္းက အမွန္ဟု ထင္မွတ္သြားသည္။
" ဒါေပမဲ့လည္း.... ျပန္လွည့္ၿပီး ပို႔လို႔ရတာပဲ "
ေယာလ္ ဘာမွထပ္မေျပာ၊ ေခါင္းသာငုံ႕ေနသည္။ ေငြျဖဴေရာင္ဆံႏြယ္ေတြမွာ ေနေရာင္ျဖင့္ အေရာင္တစ္လဲ့လဲ့ႏွင့္ လွပလြန္းေန၏ ။ ဘတ္အြန္း စိတ္ေလ်ာ့စြာျဖင့္ သူ႕ေရွ႕ရွိ နတ္နဂါးလူသားႀကီးကိုသာ ေငးၾကည့္ေနရသည္။
နတ္မ်ိဳးနတ္ႏြယ္မို႔ ဒီေလာက္ထိ ၾကည့္ေကာင္းေနရသလားဟု ေမးခြန္းထုတ္ခ်င္ေနမိသည္။ ေတာင့္တင္းႀကံ့ခိုင္ၿပီး ၿပီးျပည့္စုံေနပုံသည္ ဘတ္အြန္းလို လူသားေလးႏွင့္ ယွဥ္လို႔ပင္ မရနိုင္ေခ်။
ဒီလို ၿပီးျပည့္စုံေနသည့္ နတ္နဂါးႀကီးက ဘာလို႔မ်ား လူသူကင္းမဲ့ေနသည့္ ကြၽန္းႀကီး တစ္ကြၽန္းဆီ ေခၚလာခဲ့သလဲ စဥ္းစားလို႔ပင္ မရေခ်။ အေတာင္ပံကပဲ ေညာင္းသြား၍ လား။ နတ္အစြမ္းမ်ား ကုန္ခမ္းသြား၍လား။
သို႔မဟုတ္....
" ေယာလ္ .... ကြၽန္ေတာ့္ကို ဖမ္းလာတာေတာ့
မဟုတ္ပါဘူးေနာ္... "
ဝိုင္းစက္ၾကည္လင္ေနေသာ အျပာေရာင္ မ်က္ဝန္းမ်ား ျပန္လည္ေမာ့ၾကည့္လာသည့္ အခိုက္အတန့္သည္ ဘတ္အြန္း ႏွလုံးသားအား ဖ်စ္ညွစ္လိုက္သလိုပင္။ လူေကာင္ႀကီးႏွင့္မလိုက္ေအာင္ ခ်စ္စရာေကာင္းလြန္း လွသည္။
ေယာလ္က ဆိုလာသည္။
" ဖမ္းတာ မဟုတ္ပါဘူး ။
ဒီတိုင္း...ခဏ ေခၚလာမိတာ
" ဘာလုပ္ဖို႔ ေခၚလာတာလဲ ! "
" ဟို..... မင္း မ်ား ေရထဲလိုက္ကစားခ်င္မလားလို႔ "
ပင္လယ္ႀကီးဘက္ကို လက္ညိုးထိုးျပရင္း ေျဖေတာ့ ဘတ္အြန္း မ်က္ေမွာင္ေတြ ႀကဳံ႕မိသြားျပန္သည္။
ေတာင္ေပၚေဒသႏွင့္ လြင္ျပင္ေဒသတို႔မွာ ႀကီးျပင္းလာရသူအဖို႔ ေရျပင္က်ယ္ႀကီးသည္ အဓိက အားနည္းခ်က္ပင္။ ႐ြာေဘးနီးစပ္မွ ေခ်ာင္းကေလးကိုပင္ ေရနက္ပိုင္းထိ သြားေရာက္မကူးရဲခဲ့ေပ။
ပင္လယ္ဆိုသည္မွာလည္း ညအိပ္ရာဝင္ခ်ိန္ ၾကားဖူးနားဝ ရွိေနသည့္ ပုံျပင္ထဲမွာသာ ႀကီးက်ယ္သည္ဟု ထင္ထားဖူးသည္။ ယခုကဲ့သို႔ ျမင္ကြင္းတစ္ဆုံး ေရျပင္က်ယ္ႀကီးႏွင့္ ေက်ာက္ေတာင္ ေက်ာက္ေဆာင္ မ်ားအား လွိုင္းအား ျပင္းျပင္းျဖင့္ ရိုက္ခတ္ေနေသာ ေရျပင္က်ယ္ႀကီးကိုေတာ့ ေၾကာက္အားပိုသည္။ ထိုပင္လယ္ထဲ ေရဆင္းေဆာ့ဖို႔ စိတ္ကူးေတာင္ မယဥ္ရဲေပ။
" ေနပါဦး.... ေယာလ္ အသက္အခု ဘယ္ေလာက္လဲ !
အခုထိ ေရထဲ ေဆာ့ကစားခ်င္ေနတုန္းဆို
ေသခ်ာေပါက္ ကြၽန္ေတာ့ထက္ငယ္ေနလိမ့္မယ္ "
" အင္း....ငယ္ေတာ့ ငယ္ပါေသးတယ္" ေယာလ္က ေတြးေတြးဆဆျဖင့္ ျပန္ေျဖသည္။
" ဘယ္ေလာက္လဲ.... ဘယ္ေလာက္လဲ !!
ဒီမွာ ကြၽန္ေတာ့ထက္ ငယ္ေနရင္
နတ္ေတြဘာေတြ မသိဘူး...
အႀကီးကို အႀကီးလိုရိုရိုေသေသဆက္ဆံ .."
ေယာလ္ သူေရွ႕က လူႀကီးပုံဖမ္းေနေသာ ဆံပင္စုတ္ဖြားႏွင့္ လူသားေလးအား ႀကိတ္ရယ္မိလိုက္သည္။
" ဘတ္အြန္း ရဲ႕ အသက္ကေကာ ! "
ဘတ္အြန္းက ခါးေထာက္လ်က္ျဖင့္
" 27 ရွိၿပီ ! လူႀကီးျဖစ္ေနၿပီ ! "
မာန္ပါပါေျပာေနပုံသည္ သူအမွန္တစ္ကယ္ လူႀကီးျဖစ္လို႔ တစ္ဦးတည္း ေတာထြက္ အမဲလိုက္ခဲ့ေၾကာင္းကိုပါ ထပ္ေလာင္းေျပာျပ ခ်င္ပုံရသည္။
" ေယာလ္က အခုႏွစ္ထဲမွာဆို သုံးရာ့ ႏွစ္ဆယ့္ငါးႏွစ္ေလာက္ ရွိေနၿပီ ထင္တယ္..."
"ေတြ႕လား... ငယ္ပါတယ္ဆို... ဟမ္ မဟုတ္ေသးပါဘူး သုံး...သုံးရာက ဘာကို ေျပာတာလဲ..."
" အတိအက်ေျပာရရင္ အသက္က
သုံးရာ့ ႏွစ္ဆယ့္ေလးႏွစ္နဲ႕ ခုႏွစ္လထဲမွာ !
အဲ့တာ.... ႏွစ္ဆယ့္ခုနစ္ ႏွစ္ထက္ႀကီးမယ္ထင္တယ္ "
" အင္း..... ႀကီးတာေပါ့ ! "
ဘတ္အြန္း တိုးတိုးေလး ျပန္ေျဖရင္း ၿငိမ္ကုပ္သြားသည္။ အႀကီးကို အႀကီးလို ဆက္ဆံဖို႔ ေျပာခဲ့သူမွာ သူကိုယ္တိုင္ေပပဲမို႔ သူ႕အဘြားထက္ကို အသက္ႀကီးေနသည့္ ေယာလ္အား မယဥ္မေက်း မလုပ္ရဲေတာ့ေပ။
ဘတ္အြန္း အေတြးမ်ားေနခိုက္ဝယ္ ခါးနားတစ္ဝိုက္ကို လာထိုးေနသည္ေၾကာင့္ အေနာက္ကို လွည့္ၾကည့္မိလိုက္သည္။
" အေမ့ !!! ဘာေကာင္ႀကီးလဲ !! "
ေၾကာက္အားလန႔္အားျဖင့္ ေယာလ္၏ ကိုယ္ေပၚအား ေျခကားယား လက္ကားယားျဖင့္ တြယ္တက္မိေတာ့သည္။ သူ႕ကို လာထိသည့္ အေကာင္ႀကီးမွာ မဲမဲလုံးလုံးႏွင့္ ရွည္လ်ား ႀကီးမားလြန္းကာ ႏႈတ္ခမ္းေမႊးရွည္ရွည္မ်ား ရွိသည္။
ေယာလ္က ႏွစ္သိမ့္လာသည္။
" ဘာမွ မျဖစ္ပါဘူး... ဒါ ေယာလ္ ေမြးထားတဲ့ အေကာင္ေလးပဲ"
" ဘာ... !! "
ေယာလ္က ဘတ္အြန္းအား ေသခ်ာ ေပြ႕ခ်ီထားရင္းျဖင့္ " ဟုတ္တယ္ ... အဲ့တာ ပင္လယ္ဖ်ံေလး... ဉာဏ္ေကာင္းၿပီး အေဆာ့သိပ္မက္တယ္ "
" ပင္လယ္ဖ်ံ ! "
ဘတ္အြန္း ေသခ်ာ လွည့္ၾကည့္လိုက္သည္။ ႏႈတ္ခမ္းေမႊး ရွည္ရွည္တို႔အား တစ္ရႈံ႕ရႈံ႕ လုပ္ျပရင္း ငါးၿမီးသဏၭန္ အၿမီးကိုလည္း ေျမႀကီးေပၚ ပုတ္ေနကာ လႈပ္႐ြေနသည္။ သူ႕ပုံစံက ကစားေဖာ္အသစ္ေတြ႕လို႔ ေပ်ာ္ေနသည့္ ကေလးေလးလိုပင္။
ဘတ္အြန္း ေသခ်ာေအာင္ ျပန္ေမးသည္။
" မကိုက္တက္ပါဘူးေနာ္ "
" တစ္ျခား အေကာင္ေတြ ကိုက္ခ်င္ကိုက္တက္မယ္ ... သူေတာ့ ကိုက္မွာ မဟုတ္ဘူး!"
ေယာလ္က ေသခ်ာအာမခံေပမဲ့ ဘတ္အြန္းက လန့္ေနဆဲ။ ထို႔ေနာက္ မသိလိုက္မသိဘာသာ ႏွင့္ ေယာလ္ကို တင္းက်ပ္စြာ ဖက္တြယ္ထားဆဲ။ ေယာလ္သည္လည္း တင္းၾကပ္စြာ ဖက္တြယ္ထားေပးသည္။ ဘတ္အြန္း ေၾကာက္ေနေသးမွန္း သိေတာ့ ေယာလ္က စ ေနာက္ခ်င္လာျပန္သည္။
" ဒါဆို...ဒီအတိုင္းပဲေနေတာ့ !
ဒီအတိုင္းပဲ ငါ့အိမ္ကို လိုက္ခဲ့ေတာ့ "
ထိုအခါ ဖက္တြယ္ထားသည့္ လက္ေတြ၊ ေျခေထာက္ေတြအကုန္ ေျပေလ်ာ့လာၿပီး ေအာက္ကို ခ်က္ခ်င္း ဆင္းသြားေတာ့သည္။ နတ္နဂါး၏ အိမ္ကို လိုက္သြားရမွာ ပိုေၾကာက္ပုံရသည္။
အေဆာ့မက္သည့္ ဖ်ံေလးက ဘတ္အြန္းေနာက္ တစ္ေကာက္ေကာက္ လိုက္ကာျဖင့္ ေဆာ့ကစားေနတာမို႔ အလန့္မေျပေသးတဲ့ ဘတ္အြန္းကလည္း အလယ္တြင္ေယာလ္ကို ထားကာ ပတ္ေျပးေနရရွာသည္။ ဖ်ံေလးက ရင္းႏွီးလြယ္တဲ့ အမူအရာရွိေသာ္လည္းပဲ ႀကီးမားလုံးဝန္းေနသည့္ ကိုယ္ခႏၶာရယ္ေၾကာင့္ ရွိန္ေနရသည္။
ေနာက္ေတာ့ ေယာလ္ကပဲ ပင္လယ္ဖ်ံေလးကို ေခၚေဆာင္ကာ ေဆာ့ျပသည္။ ဖ်ံေလးက ငါးၿမီးသဏ္ဠာန္ျဖင့္ သြားလာရ ခက္ပုံ ေပၚေသာ္လည္း ေယာလ္ ေျပးသည့္ေနာက္ မွီေအာင္ လိုက္ေျပးသည္။ ႏႈတ္သီးရွည္ရွည္ ျဖင့္လည္း လိုက္ထိုးစေနာက္တက္သည္။ တစ္ခါတစ္ရံ သဲေသာင္ျပင္တြင္ အမူယာပိုစြာ လူးလြန့္လ်က္ လွိမ့္ဆင္းသြားတက္သည္။
ၿပီးေနာက္ ရပ္ၾကည့္ေနသည့္ ဘတ္အြန္းကို အကၤ်ီလက္ကေန ကိုက္ဆြဲၿပီး ေရထဲ အတင္းဆင္းခ်ေနသည္။ ဘတ္အြန္းမွာ ကမ္းစပ္အနား ဖ်ံႀကီးႏွင့္ ေျပးတမ္း လိုက္တမ္း ကစားေနရင္း ေရေတြလည္းစို႐ႊဲေနကာ ေမာဟိုက္ ေနရသည္။
" ေတာ္ၿပီ.... နားမယ္ ... နားမွရေတာ့မယ္!"
ဘတ္အြန္း သည္းမခံနိုင္စြာပဲ သဲေသာင္ျပင္ေပၚ ထိုင္ခ်လိဳက္ရေတာ့သည္။ တစ္ကိုယ္လုံးလည္း ေရေတြ႐ႊဲနစ္ေနကာ နတ္နဂါးႀကီးႏွင့္ ပင္လယ္ဖ်ံႀကီးတို႔ၾကား ေမာဟိုက္ေနရသည္။ မေမာနိုင္ေသးသည့္ ႏွစ္ဦးမွာလည္း ဘတ္အြန္း ကိုၾကည့္၍ ၿငိမ္သြားရသည္။
စကားနားလည္ပုံရသည့္ ဖ်ံႀကီးမွာ အသက္ရႈျမန္ေနသည့္ ဘတ္အြန္းအား ေသခ်ာ ေငးၾကည့္လို႔ေနသည္။ အင္မတန္မွ ကဲလြန္းသည့္ ဖ်ံႀကီးက ၿငိမ္က်ေနသည္ကို ၾကည့္ကာ ေယာလ္ ထူးဆန္းေနရသည္။
မၾကာခင္မွာပဲ ထူးဆန္းေနသည့္ ေယာလ္အား ပို၍ တုန္လႈပ္လာေအာင္ ဖ်ံႀကီးကလလုပ္ေဆာင္လိုက္ေလသည္။
" ႁပြတ္စ္ !
" ဟင္ ! "
႐ုတ္တရက္ဆန္ဆန္ ျဖစ္ပ်က္သြားမူေၾကာင့္ ေယာလ္ တစ္ခဏတာ ေတာင့္ခဲသြားသည္။ ဘတ္အြန္း၏ ႏႈတ္ခမ္းပါးကို မဟုတ္ဘဲ ပါးျပင္ေလး ျဖစ္ေနလ်င္ေတာင္ ေယာလ္ မႀကိဳက္ပါ။
" ရား!!!!!!!"
ေယာလ္၏ အာေခါင္ျခစ္ သံက်ယ္ႀကီးမွာ တစ္ကြၽန္းလုံး ျမည္ဟီးသြားရသည္။
ခ်က္ခ်င္းဆိုသလိုပဲဲ ဖ်ံႀကီးဟာ ေယာလ္၏ လက္ေတြႏွင့္ အၾကမ္းးပတမ္း ဆြဲယူခံရၿပီး ပင္လယ္ျပင္ထဲသို႔ ပစ္ထည့္ခံရေတာ့သည္။
အခ်ိန္တိုေလးအတြင္းမွာပဲ ျဖစ္ပ်က္သြားသမွ်ကို လူသားေလး ဘတ္အြန္း မနည္းပင္ ေတြးယူလိုက္ရသည္။ ဘာေၾကာင့္ ဘယ္လိုေတြ ျဖစ္သြားရတယ္ေတာင္ မသိေတာ့။ ဖ်ံႀကီးသူ႕ကို ႐ႊတ္ကနဲနမ္းၿပီး ခ်င္းမွာပဲ ေယာလ္က ပင္လယ္ထဲဆြဲပစ္လိုက္ေတာ့သည္ပင္။
အရမ္းကို ျမန္ဆန္လြန္းၿပီး မယုံၾကည္နိုင္စရာ ျဖစ္သြားသည္။
" ငါ....ငါေတာင္ မထိရက္ေသးတာ !!! "
ေယာလ္က အံႀကိတ္လ်က္သား ပူေဆြးေနသည္။ ဘတ္အြန္းမွာ အူလည္လည္ျဖင့္ ေငးၾကည့္ေနရၿပီး ဘာမွ မေမးနိုင္ေသး။ အနမ္းခံလိုက္ရသည္က သူျဖစ္ေသာ္လည္း ေျဖမဆည္နိုင္ေအာင္ ေဒါသထြက္ေနသူက ေယာလ္ ျဖစ္ေနေလသည္။
" ေယာလ္... အနမ္းခံရတာက ကြၽန္ေတာ္ပါေနာ္... ၿပီးေတာ့ ထိ႐ုံတင္ေလးပါ "
" ထိ႐ုံတင္ေလးမို႔ေပါ့!!! မဟုတ္ရင္ ခ်က္ခ်င္း မီးကင္လိုက္မွာ !!!"
ေယာလ္၏ ႀကိမ္းေမာင္းသံေၾကာင့္ ကမ္းစပ္အနားက ဖ်ံႀကီးမွာ သူတို႔အနား မလာရဲဘဲ ေခ်ာင္းၾကည့္ေနရွာသည္။ ႏႈတ္ခမ္းေမႊးမ်ားအား တစ္ရႈံ႕ရႈံ႕ႏွင့္ ေယာလ္အား အထြန့္တက္ေနပုံရသည္။
ထိုပုံစံေလးျမင္ေတာ့ ဘတ္အြန္းက ဖ်ံႀကီးကို သနားသြားသည္။ အနားကိုလာဖို႔ ျပန္ေခၚဖို႔ လက္႐ြယ္႐ုံတင္ ေယာလ္က ၾကားကေန ကြယ္ကာ မျမင္ေအာင္ ထိုင္ေနသည္။ ထိုအခါမွာေတာ့ ဘတ္အြန္းက ေယာလ္ စိတ္တိုင္းက် ေနေပးလိုက္ၿပီး ဖ်ံႀကီးကို လ်စ္လ်ဴရႈေပးလိုက္သည္။
ေယာလ္မွာ စိတ္တိုေနေသးေသာ္လည္း ႏွာေခါင္းဝမွ ေလပူမ်ားျဖင့္ ေရစိုေနေသာ ဘတ္အြန္းကို ေျခာက္ေသြ႕ေစလိုက္သည္။ ဘတ္အြန္းအတြက္ သိပ္ကို သက္ေသာင့္သက္သာ ရွိေစတာမို႔ ေလေႏြးေငြ႕ေငြ႕ၾကား မ်က္လုံးမ်ား ေမွးစင္းလာသည္။
မရင္းႏွီးသည့္ အရပ္ေဒသ၊ မရင္းႏွီးသည့္ သာမာန္မဟုတ္ေသာလူႏွင့္ စိတ္ခ်လက္ခ် အိပ္ခ်င္စိတ္ ျဖစ္ေပၚေနေသာ သူ႕ကိုယ္သူ လည္း အံၾသေနရသည္။
ဘတ္အြန္း ေဘးက ေယာလ္ကိုမသ္ိမသာ
လွည့္ၾကည့္လိုက္သည္ ။ လြင့္ဝဲေနသည့္ ဆံႏြယ္အျဖဴေတြက အျပာေရာင္
မ်က္ဝန္းတို႔က္ို အနားသတ္ေပးထားသလ္ို။
သူ႕မွာေတာ့ ခုထိ ေရစိုေနသည့္ ဆံပင္ထုံးေလးႏွင့္ မ်က္အိမ္ၾကည္ၾကည္ ေလးသာ ရွိသည္။
ထိုနဂါးႀကီးက သာမာန္လူႏွင့္ ကြာျခားလွစြာ ထူးျခားေနလြန္းေသာ္လည္း သူ႕ကို ယခုထိ ျပန္မလြတ္ေပးနိုင္သည္ကေတာ့ အံၾသဖို႔ ေကာင္းလြန္းေနသည္။ သူကိုယ္တိုင္မွာလည္း ထိုမ်က္ဝန္းျပာျပာမ်ား၏ ထိန္းခ်ဳပ္ျခင္း ခံေနရသလို ခံစားေနေလၿပီ။
နတ္နဂါးမ်ားက လူေတြကို ျပဳစားတက္ေလ သလား...။