Sugar...
Bởi WaiThaw4
161K 6K 260
ရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ.... Xem Thêm
Roles...
Chapter (1)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter(......)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Beginning of the end...
Hi
Chapter (2)
9.5K 300 0
Bởi WaiThaw4
တောင်ကြီးမြို့ရဲ့နွေရာသီမနက်အစောပိုင်းမှာ
T shirtဖြူ ကို ဂျင်းပြာဖျော့ဖျော့အရှည်နဲ့
တွဲဖက်ဝတ်ဆင်ပြီး ခပ်နွေးနွေးနေခြည်ကို
မူးတစ်ယောက်အကြောဖြေပြီးမျက်နှာချင်းဆိုင်
မိတ်ဆက်နေလေတယ်...
ခြံထဲစိုက်ထားသမျှအပင်ပေါင်းမျိုးစုံကို
ပေါင်းပင် သင်းနုတ် ရေလောင်းပြီး
ဥယျာဉ်ပျိုးကိရိယာတွေနဲ့အလုပ်များနေတဲ့ဦးစော
ဆီယောင်လည်လည်လှမ်းလာခဲ့ပြီးတဲ့နောက်...
"ဒီခြံထဲကအပင်တွေကိုအဲ့လောက်တောင်
ဂရုစိုက်တာလား"
စကားစမြည်လာတဲ့ မူး ကိုဦးစောလှည့်ကြည့်ကာတစ်ချက်ပြုံးရင်း...
"အပင်တွေကိုစိမ်းကားပြီးထွက်ခွာသွားတဲ့
တစ်ယောက်ယောက်ကဒီမေးခွန်းကိုမေးခွင့်
မရှိဘူးမလား"
"Wow! စကားလမ်းကြောင်းအမြန်ဆုံးပြောင်းမှ
ဖြစ်မယ် မဟုတ်ရင်သိပ်မကြာခင်မှာပဲ ကျုပ်
စကားစလက်နက်တွေနဲ့ဖိသတ်တာကိုခံရတော့
မယ်လို့ထင်တယ်"
"ဒီမှာနေရတာအဆင်ရောပြေရဲ့လား မူးလေး"
"အချိန်တွေကြာခဲ့လို့လား...ဘယ်နှခေါက်
အလည်ပြန်လာလာ အရာအားလုံးကနေသား
ကျဖို့ခက်ခဲနေတုန်းပဲ..."
"Oh...အခုတော့ဧည့်သည်ဖြစ်သွားပြီလို့ပြော
ချင်တာလား...စကားတွေထဲမှာငြီးငွေ့မှုတွေပါ
နေတယ်နော်"
"Ha Ha အဲ့ဒီလိုတော့ မထင်လိုက်ပါနဲ့...
Umm...ဒီနေ့ အင်းလေးဘက်သွားမလို့
အပင်ကိစ္စတွေပြီးရင်ရေချိုးပြီးကားထဲမှာ
စောင့်ပေးစေချင်တယ်..."
ပြုံးပြပြီးအချိုသတ်ပြောဆိုလာတဲ့ မူး ကို
ကြည့်ပြီးဦးစောလည်းသဘောကျစွာတုံးတိ
တိထရယ်မိတော့တယ်...
........................................
ကမ်းစပ်ပါးကမညီညာတဲ့မြေပျော့ပျော့တွေ
ကြောင့် လှေပေါ်ဆင်းဖို့ကသာမန်ထက်နဲနဲ
အဆင်မပြေဖြစ်ပေမဲ့ယောကျာ်းလေးတစ်
ယောက်အတွက်ခက်ခဲတယ်လို့တော့မပြော
ချင်ဘူး...
"ဘယ်အချိန်ပြန်လာခေါ်ရမလဲ မူးလေး"
"ဖုန်းဆက်လိုက်မယ်"
ခေါင်းညိမ့်ပြတဲ့ဦးစောကိုထားခဲ့ပြီး မူး လည်း
လှေပေါ်လိုက်ပါသွားလေတော့တယ်...
လေပြေအေးတွေရဲ့နူးညံ့ညင်သာစွာထိတွေ့
မှုတွေနဲ့အတူ...
အိုင်တစ်ဝိုက်ကဇင်ရော်ဖြူ တွေပျံသန်းနေတာကိုအကြောင်းပြချက်ကင်းငေးမောနေရင်း...
အင်းလေးအိုင်မှာလှေစီးရတဲ့အေးချမ်းမှုကို
မျက်လုံးမှိတ်ပြီးခံစားမိတယ်...
အတွေးနယ်ပယ်ထဲလွင့်နေခဲ့တဲ့အတွက်
အချိန်ကုန်သွားတာကိုတောင် မူး သတိမထား
မိလိုက်ဘူးလေ...
.
.
.
.
.
.
ခင်ဗျားကိုတွေ့ရဖို့မျှော်လင့်တာပဲ...
.....................................
စည်ကားတဲ့Halloweenပွဲတော်တစ်ခုကို
ကျင်းပနေသလို...
နှစ်စဉ်နှစ်တိုင်းမှာဒီကုန်တိုက်ကလူတွေစည်
ပင်နေတော့တာပါပဲ...
များပြားလွန်းတဲ့လူတွေထဲမှာမှ မူး တွေ့ချင်ခဲ့တဲ့
သူကတော့ခြွင်းချက်ထက်မပိုခဲ့ဘူး...
ခင်ဗျားပုံစံကအင်းလေးကိုအလည်လာတဲ့လူ
မှန်းသိသာနေတာပဲကို...
တစ်ကြိမ်တစ်ခါပဲတွေ့ဖူးခဲ့ပေမယ့်လဲ...
တွေ့ဖို့မဖြစ်နိုင်မှန်းသိသိနဲ့ ဒီအထိလာခဲ့မိတာ...
"...... ... .. .
ငါတကယ်ပဲရူးနေပြီထင်တယ်"
.
.
.
ခင်ဗျားမျက်နှာလေးကိုကျုပ်နောက်တစ်ခေါက်
တွေ့ဖို့ဖြစ်နိုင်သေးလား...
......................................
အရှိုက်နက်တစ်ယောက် အိမ်ရှေ့တံခါးစောင်း
ကိုမှီကိုင်ပြီး နောက်ပြန်မြှောက်ထားတဲ့
ဘယ်ဘက်ခြေထောက်ကိုဖိနပ်ထိုးသွင်းနေ
တယ်...
Sport shirtပွယောင်းယောင်းကိုတံတောင်
ဆစ်အထိမသေမသပ်ခေါက်တင်ထားပြီး
နာရီတစ်လုံးပဲပကာသနပါပေမဲ့...
သူကအမြဲလိုလိုကိုတစ်မျိုးတစ်ဖုံကြည့်ကောင်း
နေတာပါပဲ...
ဘေးပုခုံးကအညိုရောင်ကြိုးဟာသူ့ရဲ့
ဝါညစ်ညစ်ဘက်နွယ်နေတဲ့စာရွက်ရှည်တွေ
ဆေးရောင်စုံတွေကိုထည့်ကျင်းထားတဲ့အိတ်ရဲ့
အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တယ်...
ကျော့ရှင်းပြီး များသောအားဖြင့်ခန့်ညားလေ့ရှိ
တဲ့သူက အခုတော့ ဗရုတ်သုတ်ခနိုင်တဲ့ပုံစံ
ပဲဖြစ်နေလိမ့်မယ်...
"သား... ဘယ်သွားမလို့လဲ"
"mommy ကိုကျွန်တော် အရင်တစ်ပတ်
လောက်က ဒီနေ့ရွှေဘုံသာလမ်းမှာ ပန်းချီပြပွဲ
ဖွင့်မယ်လို့ပြောခဲ့တယ်လေ"
"ဂရုစိုက်သွားနော်သား...ရွှေဘုံသာလမ်းဘက်
မှာလူတွေအရမ်းရှုပ်တာ..."
"ကျွန်တော်ကအမြဲဂရုစိုက်ပါတယ်mommy..."
အပြုံးတစ်ချို့ကိုတည်ငြိမ်မှုနဲ့အတူဖွင့်ဟပြသရင်း
ခြံပြင်ရောက်မှ"သွားပြီနော်"ဆိုတဲ့စကားကို
နှုတ်ဆက်စကားအဖြစ်သုံးပြသွားတယ်...
"အင်း..."
.............
အရှိုက်သစ်......
နေမင်းကြီးရဲ့ကိုယ်ပွားဆည်းဆာလေးက
လည်းဝင့်ထည်နေတာပဲနော်...
အဖေရောသားရော နှစ်ယောက်လုံးဘာလို့
ဒီလောက်တောင်ကြည့်ကောင်းနေရတာလဲ...
ကျွန်မတော့အရမ်းကိုသိမ်ငယ်မိတာပဲ...
.
.
.
ဧည့်ခန်းထဲကမိသားစုဓာတ်ပုံလေးကိုငေး
ကြည့်ရင်း...ဒေါ်မြနက်နွယ်တွေးနေမိတော့တာ...
.....................................
After Three Days...
"Oww......ကျွန်တော့်ရဲ့အစ်ကိုကြီးပြန်လာ
ပြီလား"
အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရတဲ့မြောက်ကြွကြွ
အသံကနားထဲဒိုင်းခနဲဝင်လာတယ်...
ဒီအသံပိုင်ရှင်က မူး နဲ့စိတ်တူကိုယ်တူအရင်း
နှီးဆုံးလူ...ဒါပေမဲ့ အပြန်အလှန်respectရှိ
ကြရမယ့်အခြေအနေမျိုးကိုပိုင်ဆိုင်ထားတာ
တော့မဟုတ်လောက်ဘူး...
"ထိုက်စံ မင်းအသက်ရှင်နေသေးလား
3,4ရက်လောက်ကြာသွားတော့ မင်းကို
အသက်50ပြည့်ပြီးအနိစ္စရောက်သွားလောက်
ပြီလို့တွေးထားတာ"
"မသေသေးဘူး
အစ်ကို အဘိုးကြီးဖြစ်ပြီးတုံချိတုံချိဖြစ်နေတဲ့ပုံ
ကိုမရရအောင်ကြည့်သွားမှာ..."
"အမှတ်တရဆိုတဲ့အရာက မင်းနဲ့မသင့်တော်လို့
ဘာလက်ဆောင်မှမဝယ်လာခဲ့ဘူး"
"သိပါတယ်ဗျာ အစ်ကိုဘယ်တုန်းကများ
ကျွန်တော့်ကိုစေတနာထားဖူးလို့လဲ"
ခပ်တိုးတိုးညည်းပြီးချစ်စရာကောင်းလောက်
အောင်ကိုအမြင်ကပ်ဖို့ကောင်းစွာတုံ့ပြန်လာတဲ့
သူကို မူး လဲအရွဲ့တိုက်ချင်တာကြောင့်...
"Hey Hey Hey...
စိတ်မကောင်းဖြစ်အောင်မပြောနဲ့...
လက်ဆောင်လိုချင်သပဆိုလဲ ငါမောင်းလာတဲ့ကားထဲက ဒီဇယ်တွေကြိုက်သလောက်ယူ
သွားနိုင်တယ် အိမ်ရောက်ရင်အဝသောက် Ok?"
"တော်ပါ Hyungရယ် လက်ဆောင်မယူဘဲနေ
နိုင်ပါတယ် သေတော့မသေပါရစေနဲ့...
လူ့ပြည်ကနတ်သမီးလေးတွေနဲ့ပျော်လို့တောင်
မဝသေးတာကို..."
မင်းထိုက်စံရဲ့အကျိုးနဲဖြေဆိုပုံကြီးကို
သေသေချာချာနားထောင်ပြီး မူး စောဒက
တက်လေတော့တယ်...
"မင်းနှာခေါင်းကတော်တော်အခြေအနေဆိုး
နေတာပဲ"
"သွားတုန်းကတော့အပြောင်းအလဲဖြစ်
အောင်အဝေးပြေးကားစီးမယ်ဆိုပြီး
အခုတော့တောင်ကြီးဘက်ကအိမ်မှာရှိတဲ့ကားနဲ့ပဲပြန်ခဲ့ရတယ်မလား...
ပြောပါအုံး အကြောင်းပြချက်လှလှလေး..."
"အဲ့ဒါက သက်တောင့်သက်တာမရှိလို့ကွ
နောက်ပြီးတစိမ်းလူနဲ့နာရီတော်တော်ကြာ
အောင်အတူတူထိုင်ပြီးစီးရတာ ဒီကြားထဲကားကလှုပ်တုပ်လှုပ်တုပ်နဲ့ခေါင်းကမူးချင်သေး"
"မိဘလုပ်စာနဲ့ဇိမ်ပြေနပြေနေလေ့ရှိတဲ့လူ
တွေကဒီလိုပါပဲ ဒေစီဘဝမှာသာယာနေကြတာလေ အမှန်ဆိုကြက်ဟင်းခါးသီးဖြစ်ရမှာ
Ha Ha "
"တော်ပြီကွာ မင်းနဲ့အပြိုင်မငြင်းချင်ဘူး
မောတယ် ခဏနားပြီးရေချိုးတော့မယ်"
မင်းထိုက်စံတစ်ယောက်သတင်းစာလိပ်ကိုင်
ပြီးSofaပေါ်လက်နောက်ပစ်လှဲတာမိနစ်မှ
မကြာသေး...
မူး ရဲ့စကားကြောင့်ချက်ချင်းနေရာကထပြီး
ခပ်တည်တည်နဲ့လှေကားဝသွားရပ်နေပြီးမှ...
"ကျွန်တော်လဲခုနကမှဘောလုံးပွဲကြည့်ပြီးတာ မျက်လုံးတွေတောင်ညောင်းလာသလိုပဲ...
အင်း အစ်ကို့အခန်းထဲမှာခဏမှေးလိုက်အုံး
မယ်"
"လုပ်ပြန်ပြီလား အိမ်မှာတခြားအခန်းလွတ်
တွေအများကြီးရှိတယ် အဲဒီထဲကကြိုက်တဲ့
အခန်းတခန်းခန်းမှာသွားအိပ်"
"ဟင့်အင်း အစ်ကို့အခန်းထဲမှာပဲအိပ်မယ်
အိပ်ယာပေါ်ကအစ်ကို့ရဲ့ကိုယ်သင်းနံ့လေးကို
သဘောကျလို့ သွားပြီ"
"ဟျောင့် နေဦး.......ထိုက်..........."
ဒီကောင်ဆိုးလေးကအိမ်ရောက်ရင် မူး ရဲ့
အခန်းထဲမှာခြေကားရားလက်ကားရာနေချင်
သလိုနေပြီး မူးရဲ့အင်္ကျီတွေကိုလည်းမူပိုင်
ခွင့်မပေးဘဲယူယူဝတ်သေးတာ...
သူပြောနေကျ အစ်ကို့ကိုယ်သင်းနံ့လေးကို
သဘောကျလို့ ဆိုတဲ့စကားအခုလဲပြောသွား
ပြန်ပြီလား...
.
.
.
.
.
.
ညီအစ်ကိုမို့လို့ပဲ...
သူ့ကောင်မလေးသာဖြစ်ခဲ့ရင် အိပ်ခန်းထဲဆွဲ
သွင်းခံရလောက်တယ်...
~ ~ ~ ~ ~ ~
ညီအရင်းတစ်ယောက်လိုတွယ်တာရတဲ့
လူကြီးလေးမင်းထိုက်စံရဲ့ချုပ်ဆေးတွေကြောင့်မူးတစ်ယောက်သဘောကျနေမိတော့တာပါပဲ...
Đọc tiếp
Bạn Cũng Sẽ Thích
1.1M 40.2K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
418K 21.8K 47
300K 12.2K 39
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
572K 56.8K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...