ကလဲ့စားFOD- Arc13 [မြန်​မာဘာသ...

By Kiley0096

337K 27.9K 1.6K

Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation... More

Chapter-13.1.1
Chapter-13.1.2
Chapter-13.2.1
Chapter-13.2.2
Chapter-13.3.2
Chapter 13.4.1
Chapter 13.4.2
Chapter 13.5.1
Chapter 13.5.2
Chapter 13.6.1
Chapter 13.6.2
Chapter 13.7.1
Chapter 13.7.2
Chapter 13.7.3
Chapter 13.7.4
Chapter 13.8.1
Chapter 13.8.2
Chapter13.8.3 (The End)
FOD ရှင်းတမ်း!!!
Notice 📣📣

Chapter 13.3.1

14.3K 1.4K 199
By Kiley0096

ကျိုးယွင်​ရှန့်​ဟာ ​ရှေးတက္ကသိုလ်​​ကျောင်းသား​တွေစတိုင်​မျိုး မီးခိုး​ဖျော့​ရောင်​အကွက်​ဆင်​ဝတ်​စုံကို ဝတ်​ဆင်​ထားပြီး သူ့ရဲ့​နူးညံ့​သောဆံပင်​နက်​နက်​​လေးက သူ့နားဖျားသို့ပွ​ရောင်း​ရောင်း​လေးကျ​နေသည်​။သူ့ခန္ဓာကိုယ်​တစ်​ခုလုံးက ရည်​မွန်​ပြီးဥာဏ်​ထက်​မြက်​ပုံဖြစ်​နေရုံသာမက ငယ်​ရွယ်​တက်​ကြွတဲ့ပုံမျိုးလည်း ဖြစ်​​နေသည်​။ သူက ပြတင်း​ပေါက်​နားက အနီ​ရောင်​ကတ္တီပါ sofa ​ပေါ်မှာ တစ်​ခုခုကို​တွေး​တော​နေဟန်​ ​လက်​​မေး​ထောက်​ပြီးထိုင်​​နေတာက...ဆီ​ဆေးပန်းချီကားတစ်​ချပ်​ကို ပုံ​ဖော်​ထားသလိုပဲ ပြီးပြည့်​စုံတဲ့ငြိမ်​သက်​​​အေးချမ်းမှုကို​ပေးသည်​။

ရီကျန့်​က​ အနက်​​ရောင်​ဝတ်​စုံကို ဝတ်​ဆင်လာပြီး​တော့ ဓာတ်​​လှေကားမှ ထွက်​လာ​သောအခါ သူ နဲနဲ​လေးမှင်​တက်​မိသွားသည်​။ သူ့​ခြေလှမ်း​တွေ ​နှေးသွားတယ်​...သူ့ရဲ့မျက်​ဝန်းနက်​နက်​​တွေက လူငယ်​​လေး၏ပုံရိပ်​​ပေါ်သို့ စိုက်​​ရောက်​​​သွားသည်​။ လူငယ်​​လေးကလည်း သူ​ရောက်​​နေတာကို သတိပြုမိတဲ့ပုံပဲ...သူ့နှလုံးသားက တစ်​နာရီကို ကီလိုမီတာ500 ​အမြန်နှုန်းရှိတဲ့ မီးရထားတစ်​စင်းခုတ်​​မောင်း​နေသလိုပဲ... သူ့ရင်​ဘတ်​ကြီးတစ်​ခုလုံး ခံစားချက်​​တွေ မရှင်းရှင်းရော​ထွေး​​လာပြီး​တော့ ​ပေါက်​ကွဲလုနီးပါပဲ။

ဒါ​ပေမယ့်​ သူ့မျက်​နှာ​​ပေါ်မှာ​တော့ ဘာမှမဖြစ်​သလိုနဲ့ပဲ လူငယ်​​လေးဆီ ​လျှောက်​သွားပြီး ​​မေးလိုက်​တယ်​ , "​စောင့်​​နေရတာ ကြာသွားပြီလား?"

"နှစ်​​တစ်​​သောင်းကြာတဲ့ထိ​တောင်​ ခင်​ဗျားကို​စောင့်​​နေ​နိုင်​ပါတယ်​" ကျိုးယွင်​ရှန့်​က ဒီအသည်းယားစရာစကားလုံး​တွေကို အ​လေးအနက်တည်​တည်​ကြည်​ကြည်​အသံနဲ့ ​ပြောလာသည်​။

ရီကျန့်​​နောက်​က သက်​​တော်​​စောင့်​နှစ်​​ယောက်​က သူ့ကို အထူးအဆန်းမျက်​လုံး​တွေနဲ့ကြည့်​လာသည်​။ အရင်​က​တော့ ဒီကျိုးသခင်​​လေးက မိန်းမ​တွေကိုပဲကြိုက်​တယ်​လို့ သူတို့ထင်​​နေတာ...ဒါ​ပေမယ့်​ အခုကြည့်​ရ​တာ​တော့ သူက မိန်းမ​ရော,​ယောက်ျား​ရော နှစ်​ခုစလုံးဘာလာလာ​ဒေါင်းတဲ့ပုံပဲ...အာ့။ ဒါ​ပေမယ့်​ Boss ကို ဖြား​ယောင်းဖို့ရည်​ရွယ်​​တာက...သူ ​ချေမှုန်းခံရမှာ မ​ကြောက်​ဖူးလား? 'ကျိုး'က အရမ်းချမ်းသာ​ပေမယ့်​ 'ရီ'အုပ်​စုနဲ့ယှဉ်​ရင်​...ဒါကဘာမှမဖြစ်​စ​လောက်​​လေးပဲ။

ဒီ ကျိုးသခင်​​လေးက တကယ့်​ကိုပဲ ထန်​လွန်းပြီး​တော့ ရဲတင်းလွန်းတယ်​။

ကျိုးယွင်​ရှန့်​က တခြားသူ​တွေဘာထင်​ထင်​ ဂရုမစိုက်​ဖူး...သူက ရီကျန့်​ကိုပဲ ​ဂရုတစိုက်​ကြည့်​ပြီး လှိုက်​လှိုက်​လှဲလှဲပြုံးပြပြီး​တော့ ​ခေါင်းညိတ်​တယ်။ "ခင်​​ဗျားက ဒီဝတ်​စုံနဲ့ခန့်​သားပဲ...အရမ်းကိုသိမ်​​မွေ့တယ်​" # ကျ​နော်​​လေ အဝတ်​​တွေကိုတစစီဖြစ်​​အောင်​ ဆွဲချွတ်​ချင်​​နေတယ်​ #

သူ့နှုတ်​ခမ်း​တွေကို သပ်​လိုက်​တယ်...​သူ့မျက်​လုံး​တွေက တလက်​လက်​ထ​လို့။

သက်​​တော်​​စောင့်​နှစ်​​ယောက်​က သူတို့ရဲ့Boss ဘက်​ကိုလှည့်​ကြည့်​ကြတယ်​။ Boss က အမြဲ ရိုးရိုး​အေး​အေး​လေးပါ...ဘယ်​​တော့မှ ဒီလို​ထင်​သာမြင်​သာ ရည်​ရွယ်​ရှိတဲ့လူမျိုး​တွေရဲ့ အကပ်​ကိုခံခဲ့တာမဟုတ်​ဖူး... ဒီအချိန်​​ သူ(YZ) အမိဖမ်းနိုင်​ပြီ မဟုတ်​လား?

ဒါ​ပေမယ့်​ ကံမ​ကောင်းစွာပဲ ဒီ​နေ့မှာ ရီကျန့်​ရဲ့သည်းခံမှုက သာမန်​ထက်​လွန်​ကဲ​နေတယ်​။ သူက အ​ယောင်​​ယောင်​​အ​ပေါင်​အ​ပေါင်​နဲ့ပဲ သူ့အင်္ကျီလက်​နားစကို ဟိုညှိဒီညှိလုပ်​လိုက်​ပြီး​တော့ ညင်​သာစွာ ​မေးလိုက်​တယ်​ , "ငါတို့ ဘယ်​မှာစားကြမလဲ?"
"ဝန်​​ဆောင်​မှု​ပေးပါရ​စေ...ခင်​​ဗျားစားချင်​တာ ကျ​နော့်​ကို​ပြောပါ... ကျ​နော်​အဲ့ကိုလိုက်​​ပို့​ပေးမယ်​​လေ" ကျိုးယွင်​ရှန့်​က သူ့ချစ်​သူကို ဂရုစိုက်​ဖို့ဆုံးဖြတ်​ထားတယ်​...သူ့အပြုအမူ​တွေက ဝီရိယ ရှိရှိပါပဲ...သူ့ချစ်သူ​အတွက်​ ကားတံခါးကို​​တောင် ​သေ​သေသပ်​သပ်​ ​ကောင်း​ကောင်းမွန်​မွန်​နဲ့ ဖွင့်​​ပေး​သေးသည်​။

ရီကျန့်​ရဲ့မျက်​ဝန်း​တွေက သူ့ကို နက်​နက်နဲနဲစိုက်​ကြည့်​လာတယ်​...တစ်​စုံတစ်​ရာကို ​မေးချင်​​နေပုံရ​ပေမယ့်​ ပြန်​ထိန်းလိုက်​ပြီး​တော့ ဟိုတယ်​က​နေ ကားမ​ရွေ့ခင်​မှာ ပြောလာတယ်​ , "ငါ ပြင်​သစ်​စာ စားချင်​တယ်​...ဒီနားမှာ ပြင်​သစ်​ဆိုင်​​ကောင်း​ကောင်း မရှိဖူးလား?"

"ရှိတယ်​...သိပ်​မ​ဝေးဖူး" ကျိုးယွင်​ရှန့်​က ကား​မောင်း​​နေစဉ်​မှာပဲ ဘိုကင်​လှမ်းတင်​သည်​။ ကံ​ကောင်း​ထောက်​မစွာပဲ...သူက VIP တစ်​​ယောက်​ဆို​တော့ သူဘယ်​အချိန်​ပဲလိုချင်​လိုချင်​ သူတို့​တွေက အဆင်​သင့်​ဖြစ်​​နေပြီးသားပဲ။

သူ ကားပါကင်​ထိုးလိုက်​ပြီး​တော့...ရီကျန့်​ကို ကားခါးပတ်​ကြိုး ဖြုတ်​​ပေးဖို့ လုပ်​လိုက်တဲ့အခါ ထိုလူက သူ့လက်ကို​ဆုပ်​ကိုင်​လာတယ်​...ထိုသူရှက်​လွန်းလို့သူ့အရိုး​တွေ ​ကြေမွသွားခါနီးပြီ။

"ငါ့ကို ဘယ်​လို​တောင်​ဂရုစိုက်​​နေရတာလဲ? မိန်းက​လေးလား?"

"ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ! ခင်​ဗျားကခင်​ဗျားပဲ​လေ...ခင်​ဗျား​နေရာကို ဘယ်​သူနဲ့မှအစားထိုးလို့မရနိုင်​ဖူး" ကျိုးယွင်​ရှန့်​ အထိတ်​တလန့်​ငြင်းဆိုတယ်​။

ဒီစကား​တွေ​ပြော​တော့  လူငယ်​​လေးရဲ့မျက်​လုံး​တွေက ဟန်​မ​ဆောင်​ဘဲ စိတ်​အားထက်​သန်​တဲ့အလင်း​ရောင်​​တွေနဲ့အတူ ​တောက်​ပလာတယ်​...သူကပဲ လူငယ်​​လေးရဲ့စိတ်​ထဲမှာရှိတဲ့ အထူးခြားဆုံးလူတစ်​​ယောက်​ပုံမျိုးနဲ့။ ရီကျန့်​ရဲ့ရင်​ထဲက ချုပ်​တည်းထား​သော​ဒေါသ​တွေက တ​ဖြေး​ဖြေးကွယ်​​ပျောက်​သွားတယ်​...သူ့လက်​​တွေကို လွှတ်​​ပေးလိုက်​ပြီး ​တောင်းပန်​စကားဆိုသည်​။

"​နောက်​တခါ ​ခင်​ဗျား​ပြောစရာရှိရင်​ ​ကောင်း​ကောင်းမွန်​မွန်​​ပြောပါ...စိတ်​လိုက်​မာန်​ပါမလုပ်​ပါနဲ့ " ကျိုးယွင်​ရှန့်​က သူ့ရဲ့နီရဲ​နေတဲ့လက်​​တွေကို ခါလိုက်​ပြီး​တော့ ထိုလူ့ကို စူးစူးဝါးဝါးစိုက်​ကြည့်​တယ်။

"​တောင်းပန်​ပါတယ်​...ထပ်​မလုပ်​​တော့ပါဖူး" ရီကျန့်​က မသိစိတ်​ရဲ့​စေ့​ဆော်​တွန်းအား​ပေးမှုအရ ​လူငယ်​​လေးကို သူ့လက်​​မောင်းကြားထဲ ဆွဲသွင်းလိုက်​ပြီး​တော့ သူ​လေးကို ကြင်​နာစွာ​ပွတ်​သပ်​​ပေးတယ်​။

သူတို့ ဆိုင်​ထဲကို ​ရောက်​သွားတယ်​...သူတို့ကြိုက်​နှစ်​သက်​ရာ ဟင်း​ပွဲ​တွေကို မှာလိုက်​တယ်​... ပြီး​တော့ ကျိုးယွင်​ရှန့်​က ဝိုင်​ထည့်​ရင်း သူ့ချစ်​သူရဲ့အ​ကြောင်း​တွေကို ​မေးမြန်းသည်​။ မင်းက stalker ဆိုရင်​ ရီကျန့်​က ကိုင်​တွယ်​​ဖြေရှင်းပြီးသားပဲ..ဒါ​ပေမယ့်​ လူငယ်​​လေးက ​ပြောလာ​တော့...သူ ကာကွယ်​​ရေး​လေး​တောင်​ မလုပ်​နိုင်​​တော့ဖူး။ သူ​လေးက သူ့ကို မထိခိုက်​​စေမှုဆိုတာ အလိုလိုသိ​နေတယ်...ဟုတ်​တာ​ပေါ့... ထိုလူငယ်​​လေးရဲ့ မ​ကောင်းတဲ့ချစ်​မှု​ရေးရာသမိုင်း​ကြောင်း​လေး​တွေကို လျစ်​လျူ ရှုလိုက်​ရင်​​ပေါ့​လေ။

ညစာစားပြီး​နောက်​ ဝိုင်​​လေးကို ဇိမ်​ခံ​သောက်​ရင်း...ကျိုးယွင်​ရှန့်​ဟာ စင်​​ပေါ်က မတ်တပ်ရပ်​နေတဲ့ ​​​တ​ယောသမား​တွေကို လက်​​ဖျောက်​တီး​ခေါ်လိုက်​သည်​။ သူတို့​တွေက ချက်​ချင်းပဲ သူ့ဆီ​လျှောက်​လာပြီး​တော့ ယဉ်​ယဉ်​​ကျေး​ကျေး​မေးတယ်​ , "​ကောင်း​သောည​နေခင်းပါ ဧည့်​သည်​...ဘယ်​သီချင်းအမျိုးအစားကို ​တောင်းဆိုချင်​ပါသလဲ?"

"Romantic ​လေး​ပေါ့" ကျိုးယွင်​ရှန့်​က ထိုအမျိုးသားကို ​ဘောက်​ဆူး များများ​ပေးလိုက်​သည်​။

တ​ယောသမားက ပြုံးပြလိုက်​ပြီး​တော့ ထိုလူနှစ်​​ယောက်​​ဘေးမှာ စတင်​တီးခတ်​လိုက်​သည်​။ အာ့က "Carmen Fantasy" ပါ...စပိန်​ဟာမိုနီရဲ့တမူထူးခြားတဲ့ ​စိတ်​ကြည်​နူးဖွယ်​​​ကောင်းပြီး​နွေး​ထွေးမှု​တွေက နား​ထောင်​သူ​တွေရဲ့ခံစားချက်​​တွေကို ​ရွေ့လျားဖို့အရမ်းလွယ်​စေသည်​။

ကျိုးယွင်​ရှန့်​ သူ့မျက်​ခွံ​တွေကို ခပ်​​လျော့​လျော့ မှိတ်​လိုက်​တယ်​...နား​ထောင်​ရင်း အနီ​ရောင်​ဝိုင်​ခွက်​ကို ပျင်းတိပျင်းရွဲ့ကိုင်​ထားတဲ့ သူ့အမူအရာအရ...သူ​လေး နဲနဲ​တော့ ရီ​ဝေ​ဝေဖြစ်​​လာ​နေသလိုပဲ။ ဒါ​ပေမယ့်​ ရီကျန့်​က​တော့ မတ်​မတ်​​တောင့်​​တောင့်​ကြီး အသက်​မပါသလို ထိုင်​​နေသည်​။ သူက သီချင်းပြီး​အောင်​​တောင်​မ​စောင့်​​တော့ပဲ တ​ယောသမားကို အ​​ဝေးသို့သွားခိုင်းလိုက်​သည်။ ​အသိသာကြီးပါပဲ...ဒါက သူတို့ရဲ့ dinner date ​လေ...ဒီ​နေရာမှာ တတိယလူကို သူတို့အနားရစ်​ဝဲခိုင်းလို့ ဖြစ်​မလား?

ဒါက ရိုမန်​မတစ်​ပဲ...ဖီးလ်​ ကျဲ​စေတယ်​​လေ။

သူ့စိတ်​မရှည်​မှုကို ကျိုးယွင်​ရှန့်​က မြင်​လိုက်​တယ်​...သူ(ZYS) စူးစမ်းကြည့်​တယ်​ , "ခင်​ဗျား သူ့တ​ယောသံကို မကြိုက်​ဖူးလား?"

ရီကျန့်​က ပုံမှန်​အတိုင်းဆိုရင်​​တော့ စိတ်​မဝင်​စားပါဖူး...ဒါ​ပေမဲ့ လူငယ်​​လေးက သီချင်း​တွေကိုချစ်​တာသိသာတယ်​... ဒါ​ကြောင့်​ သူ အဲ့ဒါကို မ​ပြောချင်​ဖူး​လေ။

"သူ့ skill က အဲ့​လောက်​ထိမ​ကောင်းပါဖူး...ဘယ်​​လောက်​​ကောင်းတဲ့ သီချင်းပဲဖြစ်​ပါ​စေ... သူ့လက်​ထဲမှာဆို အလကားဖြစ်​သွားမယ်​. ငါက အ​ကောင်းတကာ့ အ​ကောင်းဆုံးကိုပဲ လိုချင်​တာ" # မင်းလို​ပေါ့။ # သူ့ရဲ့မသိ​စိတ်​မှ ဒီနားလည်​ရခက်​တဲ့စာ​ကြောင်း ထွက်​လာ​တော့...ရီကျန့်​၏မျက်​ဝန်း​တွေ အနည်း​လေး ​​မှောင်​မည်းသွားသည်​။

ကျိုးယွင်​ရှန့်​က သူ့ချစ်​သူကို တခါမှ ကြိုးကြိုးစားစားမပိုးပန်းဖူးဘူး... အချိန်​တိုင်း...ဒီ​မှာ ဆန်းကြယ်​တဲ့ဆွဲအားရှိသလိုမျိုးကဲ့သို့ ဆွဲထားရင်းနဲ့ သူ့​ဘေးသို့ သူ့ချစ်​သူကပဲအရင်​လာခဲ့တာပဲရှိတာ။ အကယ်​၍ သူ့ချစ်​သူသာ သူ့ကိုဆန့်​ကျင်​ပြီး အ​ဝေးသို့မပို့ခဲ့ဖူးဆိုရင်​ သူ့ချစ်​သူရဲ့လိုအပ်​ချက်​​တွေကို နားလည်​ဖို့ သူအချိန်​​တော်​ကြာ​ပေးဖြစ်​မှာပါ။

လက်​တစ်​ဖက်​တည်းနဲ့ အသံမထွက်​နိုင်​ဖူး​လေ။ ဒီအချိန်​​မှာ​တော့ သူ့ချစ်​သူရဲ့​ခြေလှမ်း​တွေ​နောက်​ လိုက်​ဖို့က သူ့အလှည့်​ပဲ​လေ။ တကယ်​လို့သူ့ချစ်​သူက ဘယ်​​တော့မှ သူ့မှတ်​ဥာဏ်​​တွေပြန်​မရလာဖူးဆိုရက်​​ရော? အဲ့ဒီ​တော့လဲ သူတို့၏ကနစဦးအစ​ချစ်​လာပုံ​တွေကို သိ​အောင်​သာလုပ်​ရမှာ​ပေါ့။ သူ့ရဲ့ပြန်​လည်​​မွေးဖွားခြင်းတစ်​ခုစီကို စုလိုက်​ရင်​ "Fifty First Dates" ဆိုတဲ့ ဇာတ်​ကားလို​ပေါ့​လေ။

ဇာတ်​​ဆောင်​မင်းသမီးရဲ့ မှတ်​ဥာဏ်​​တွေဟာ တစ်​ရက်​စာပဲသိမ်းထားလို့ရတယ်​...​နောက်​တ​နေ့ သူမအိပ်​ယာကနိုးလာရင်​​တော့ ဇာတ်​​ဆောင်​မင်းသားကို ​မေ့သွား​ရော။ အဲ့တုန်းက​တော့ ဇာတ်​​ဆောင်​​မင်းသားကို သူဆဲခဲ့ဖူးတယ်​...ဒါ​တွေပဲ ထပ်​ခါထပ်​ခါ ပြန်​ပြန်​လုပ်​​နေလို့​လေ...ဒီလိုပုံစံမျိုးနဲ့ ဘယ်​သူ​တွေက ဘယ်​​လောက်​​တောင်​​နေချင်​မှာလဲပေါ့? ဒါ​ပေမယ့်​ သူ့အလှည့်​​ရောက်​လာ​တော့ ဒီတခြားလူဟာ ဘယ်​လိုပဲချို့ယွင်းချက်​​တွေရှိရှိ ကိစ္စမရှိတာကို သူသိရှိလာရတယ်​...သူ့ရဲ့မျက်​နှာ​နဲ့ဝိဥာည်​​တွေ ကွဲခြားသွားရင်​​တောင်​မှ ချစ်​တာကချစ်​တာပဲ...တစ်​စက်​​လေးမှ ​လျော့သွားမှာမဟုတ်​ဖူး။

ရီကျန့်​က သူ့ချစ်​ရသူပါ...သူဘယ်​​တော့မှ အချစ်​​လျော့သွားမှာမဟုတ်​ဖူး။

သူ ​နွေး​ထွေးတဲ့မျက်​လုံး​တွေနဲ့ သူ့ချစ်​သူကို ကြည့်​လိုက်​ပြီး​တော့ မတ်​တပ်​ရပ်​လိုက်​ပြီး တ​ယောကို ယငှါးလိုက်​ကာ နူးနူးညံ့ညံ့​လေးပြုံးပြတယ်​ , "ခင်​​ဗျားနှစ်​သက်​သ​ရွေ့ ခင်​ဗျားအတွက်​ ကျ​နော်​ရှိ​နေမှာပါ. ဒီ *'A Time For Us' က ကျ​နော်​နဲ့ခဗျားကို ရည်​ရွယ်​တယ်​...ကျ​နော်​တို့ရဲ့အနာဂတ်​အတွက်​​ရော​ပေါ့"

သူ စနစ်​တကျ တ​ယောထိုးလာတယ်​...အဲ့​နောက်​ မ​ရေမတွက်​နိုင်​​အောင်​ ပြန်​လည်​​မွေးဖွားခြင်းရဲ့စွမ်းရည်​​တွေအရ ပြည့်​စုံတဲ့ Romantic နဲ့ ဝမ်းနည်းဖွယ်​အနဲငယ်​စွက်​​နေတဲ့ သီချင်းတစ်​ပုဒ်​ကို ​ဖော်​ကျူးလိုက်​သည်​။ ဘယ်​​လောက်​ပဲကြည့်​ကြည့်​ ကြည့်​မဝနိုင်​သလိုပုံမျိုးနဲ့...ရီကျန့်​ရဲ့​အေးစက်​ပြီးခန့်​ညားတဲ့မျက်​နှာကို သူ့အကြည့်​​တွေကတစက်​မှမ​ရွေ့သွားဖူး။

ဒီအမူအရာက အရမ်းကိုပဲသိသိသာသာ ​ဟော့ ဖြစ်​လွန်းတဲ့ ချစ်​ခြင်း​တွေကိုပြသ​နေတဲ့အတွက်​ အခြားဧည့်​သည်​​တွေရဲ့အာရုံကိုလဲ ဆွဲ​ဆောင်​လာတယ်​...သူတို့ရဲ့စားပွဲဝိုင်း​တွေမှ မကြာမကြာ​ငေးကြည့်​လာကြသည်​။ မျက်​လုံး​တွေကိုဖမ်းစားထားနိုင်​တဲ့ ကျိုးသခင်​​လေးကို သူတို့​တွေမှတ်​မိသွားကြတယ်​...
အ​တွေ့အကြုံးများ​ပြီး​ခေတ်ဆန်ေ​​သာ အမျိုးသမီးကြီး​တွေ​တောင်​မှ သူတို့ရဲ့သူငယ်​ချင်း​တွေနဲ့အတူ တီးတိုး​ပြောဆိုလာကြသည်​။

ကျိုးဥက္ကဌက မိန်းမ​တွေကိုပျင်းလာလို့ အခု​တော့ ​ယောက်ျား​တွေကို စိတ်​ဝင်​စားလာတာလား? ​နေစမ်းပါအုံး ဒီပုံစံကမဟုတ်​​သေးဖူး အာ့...ဒီအမျိုးသားက ​ကောင်း​ကောင်းမွန်​မွန်​ ဝတ်​စားထားတာ, သူ့စရိုက်​ကလဲ ​အေးစက်​​စက်​ပုံပဲ, ပြီး​တော့ သူက သာမန်​လူ​တွေကို ဖိနှိပ်​ထားနိုင်​တဲ့အရှိန်​အဝါတစ်​ခု ထွက်​​နေတယ်​...သူက​ bottom ထိုင်​မဲ့ပုံမျိုး​တော့မဟုတ်​ပါဖူး။ အာ..သူကပဲကျိုးဥက္ကဌကို ဆန္ဒရှိ​နေတာလား?

အားလုံးရဲ့ရင်​ထဲမှာ အတင်းအဖျင်း​တွေ တဖျစ်​ဖျစ်​​တောက်​​လောင်​လာတယ်​။ ကံ​ကောင်းတာက ဒီ​နေရာက အဆင့်​မြင့်​​နေရာတစ်​ခုဖြစ်​​တော့ ပါပါရာဇီ​တွေကို ခွင့်​ပြုထားခြင်းမရှိဖူး...အဲ့လိုမှမဟုတ်​ရင်​ ကျိးသခင်​​လေးရဲ့ ချစ်​မှု​ရေးရာအ​ကြောင်းအရာက မနက်​ဖန်​သတင်းစာ​တွေအားလုံးထဲမှာ ​ခေါင်းကြီးပိုင်းအ​နေနဲ့ update ဖြစ်​သွားလိမ့်​မယ်​။

ရီကျန့်​ရဲ့ရင်​ထဲမှာ​တော့ ကုလားဘုရားပွဲလှည့်​​နေတာကို မ​ပေါ်​အောင်​ သိုသိုသိပ်​သိပ်​​လေးချုပ်​တည်းထားရတယ်​...ဒါ​ပေမယ့်​ သူ့နားရွက်​​တွေက​တော့ မနာခံစွာပဲ နီရဲ​နေသည်​။ သူ ထိုလူငယ်​​လေးကို ​ပြန်​ပြီး​ငေးကြည့်​ချင်​​နေတဲ့ ဆန္ဒ​ကို​အောင့်​အည်းထားရတယ်​...သူဝိုင်​ကိုသာ ဇွက်​​သောက်​​နေလိုက်​​တော့တယ်​။ ဝိုင်​က ခါးသက်​သက်​နဲ့ပြင်းရှရှ​လေးဖြစ်​​နေရမှာကို ဘယ်​လို​ကြောင့်​ရယ်​မသိ အခု​တော့ အရသာက ချိုချို မြမြ​လေးဖြစ်​​နေသည်​။

သူ ပုံမှန်​တိုင်း​လေးပဲ လူငယ်​​လေးနံ​ဘေးသို့ သွားလိုက်​​တယ်​...သဲကြီးမဲကြီးတီးခတ်​​နေတဲ့ လူငယ်​​လေးကို နဲနဲ​လေး​ကွေးပြီး စိုက်​ကြည့်​လိုက်​တယ်​... ဒါ​ပေမယ့်​ သူ​လေးရဲ့ချစ်​ခြင်း​တွေပြည့်​​နေတဲ့ မျက်​လုံးက သူ့ရင်​ထဲကို ပူပူ​လောင်​​လောင်​ဖြစ်​​စေတယ်​...သူ့စိတ်​ကိုထိန်းချုပ်​ပြီး​တော့ အကြည့်​ကိုလွှဲလိုက်​ရတယ်​။ သူ့ကြာကြာကြည့်​မိရင်​ သူ့ကိုယ်​သူမ​အောင့်​အည်းနိုင်​ပဲ လူငယ်​​လေးကိုစားပွဲ​ပေါ်သို့ ပစ်​လှဲချမိသွားမှာ စိုးရတယ်​။ တကယ်​လို့ လူငယ်​​လေးသာ စင်​​ပေါ်မှာရှိမ​နေဖူးဆိုရင်​ သူ့အ​တွေးထဲက အပြုအမူ​တွေကို လုပ်​ပြီး​နေ​လောက်​ပြီ။

လူငယ်​​လေးရဲ့ မျက်​ဝန်း​တောက်​​တောက်​​တွေ, ဝိုင်​​ကြောင့်​ပိုပြီးအ​ရောင်​​တောက်​လာတဲ့ နှုတ်​ခမ်းရဲရဲ​လေးနဲ့ အနည်းငယ်​တုန်​ယင်​ပြီး မျက်​ရည်​​စ​တွေခို​နေတဲ့ မျက်​​တောင်​လေးက သူ့အာရုံ​ကြောတစ်​ခုလုံးကို ထိခိုက်​လာတယ်​။ သူဟာ မိန်းမတစ်​​ယောက်​ကိုမချစ်​ခဲ့ဖူးသလို ​ယောက်ျားတစ်​​ယောက်​ကိုလဲ မချစ်​ခဲ့ဖူးဘူး...သူ ဒီကမ္ဘာကြီးထဲက မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမှ တခါ​လေး​တောင်​ မချစ်​ခဲ့ဖူးဘူး... ဒါ​ပေမယ့်​ အခု​တော့ ​သေဆုံး​နေပြီလို့ထင်​​နေတဲ့နှလုံးသားက စတင်​ပြီးခုန်​လာခဲ့တယ်​...ပြီး​တော့ မိနစ်​တိုင်းလိုလို ပိုပိုပြီးမြန်​မြန်​လာသည်​။

တ​ယောသံလဲအဆုံးသတ်​​ရော ဆိုင်​ထဲမှာရှိတဲ့လူအားလုံးက လက်​ခုပ်​သြဘာ​ပေးကြသည်​။ Y City ရဲ့ ​နာမည်​ကြီးင​ပွေး၏ တ​ယောစ​ကေးက ဒီလိုပြိုင်​စံရှားဖြစ်​လိမ့်​မယ်​ ဆိုတာ သူတို့တခါမှ မသိခဲ့ဖူး...ပြီး​တော့ သူ့ရဲ့​လေးနက်​​တဲ့ခံစားချက်​နဲ့​ပေါင်းပြီးထွက်​လာတဲ့ ဒီလှပတဲ့​တေးသွားက ပိုပြီး​တော့ ရင်​ထဲကို ​ရောက်​သွား​စေသည်​။ အပြင်​လူတစ်​​ယောက်​အ​နေနဲ့​တောင်​ ဒီ​တေးသွားမှာရှိတဲ့ သူ့ရဲ့ရူးရူးမူးမူးချစ်​​နေတဲ့ခံစားချက်​ကို နားလည်​နိုင်​သည်​။

ဒီလို ​သွေး​အေးတဲ့အမျိုးသားတစ်​​ယောက်​ကို သူမြူ ဆွယ်​ရဲတာ အံ့သြစရာမရှိပါဖူး...သူ့ရဲ့အမဲလိုက်​စွမ်းရည်​က ထိပ်​တန်းဖြစ်​တာကို။ သူနဲ့ရင်းနှီ​သောသူ​တွေက ပြုံးပြကြပြီး​တော့ ဥက္ကဌကျိုး​ခေါင်းညိတ်​ပြတယ်​...သူ့ရဲ့ရဲစွမ်းသတ္တိကိုလဲ ချီးကျူးကြသည်​။

ကျိုးယွင်​ရှန့်​က အားလုံးကို ​ကျေးဇူးတင်​​ကြောင်းဦးညွှတ်​ပြလိုက်​ပြီး​တော့ သူ့ထို်​င်​ခုံမှာပြန်​ထိုင်​လိုက်​တယ်​...ပြီး​တော့ ​ပြောလာတယ်​ "ကျ​နော်​တို့ရဲ့အဆုံးသတ်​ကသိ​နေပြီးသား ရိုမီရိုနဲ့ဂျူးလိယက်​ လို...လူ​တွေပြီး​တော့ ​မိုးနတ်​မင်းကခွဲပစ်​တာမျိုး​တွေ မဖြစ်​ဖို့​တော့ ​မျှော်​လင့်​မိတယ်​. ​သေအတူ...ရှင်​မကွာပဲ...ခင်​ဗျား​ရော ဘယ်​လိုထင်​လဲ?"

ရီကျန့်​ မ​ဖြေခင်​မှာ...သူ့ရဲ့သက်​​တော်​​စောင့်​နှစ်​​ယောက်​က ဆက်​တိုက်​ဆိုသလို ​ချောင်းဟန့်​ကြသည်​။ မင်းတို့ရဲ့လက်​ရှိဆက်​ဆံ​ရေးကဘာမို့လို့လဲ? ပထမဆုံးချိန်း​တွေ့မှုမှာ ဒီလို​လေးနက်​တဲ့ခံစားချက်​​မေးခွန်း​တွေ​ကို ဘယ်​သူက​မေးလို့လဲ? ဒီ​နေ့မင်း​ဆေး​ရော​သောက်​ခဲ့ရဲ့လား?

ရီကျန့်​က သူတို့ကို ​အေးစက်​တဲ့ဓားသွားလို အကြည့်​စူးစူးတစ်​ချက်​​ပေးလိုက်​တဲ့အခါမှာ​တော့ သက်​​တော်​​စောင့်​နှစ်​​ယောက်​ဟာ ချက်​ချင်းပဲ ငြိမ်​ကြသွားသည်​။ "ငါ လူတစ်ယောက်ကို ချစ်ပေမယ့် ငါတို့နှစ်ယောက်က အတူ မရှိနိုင်ဘူးဆိုရင် ငါ သူတို့ကို သူ့တို့ဘဝနဲ့ သူပဲ နေစေချင်တယ်" ရီကျန့်​က ဒီလိုစိတ်​ခံစားမှုနှင့်​ဆိုင်​​သော စကားလုံး​တွေကို ​ပြောခဲတယ်​...ဒါ​ပေမယ့်​ လူငယ်​​လေးနဲ့ မျက်​နှာချင်းဆိုင်​ရတဲ့အခါမှာ​တော့...ဒီစိတ်​ကူးက သူ့​ခေါင်းထဲက​နေ ချက်​ချင်း​ပေါ်လာသည်​။

ကျိုးယွင်ရှန့်​ရဲ့မျက်​လုံး​လေး​တွေ အရည်​လဲ့လာတယ်​...သူ မငိုမိ​စေဖို့ ကြိုးစားပြီး​တော့ မျက်​နှာကြက်​​မော့ကြည့်​လိုက်​သည်​။ ဒီ​​သေနာကြီးမှာ​လေ သူ့ကို လှုပ်​ရှား​စေဖို့ နည်းလမ်း​တွေအမြဲရှိ​နေတာပဲ။

သူ့ရဲ့အရည်​လဲ့​နေတဲ့ မျက်​ဝန်း​တွေကို အမြန်​ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​လိုက်​တယ်​..အဲ့​နောက်​ သူ့ဝိုင်​ခွက်​ကို​မြှောက်​လိုက်​ပြီး ​ပြောတယ်​ , "အာ့ဆိုရင်​ အန္တရာယ်​​တွေအတူ ရင်​ဆိုင်​တာပို​ကောင်းမယ်​..ဒါဆို တစ်​​ယောက်​မှ​ရွေးချယ်​စရာမလို​တော့ဖူး​လေ" သူ့ချစ်​သူကို​ခေါ်ထုတ်​သွားနိုင်​မယ့်​ နည်းလမ်းကို သူဖြစ်​နိုင်​သမျှအမြန်​ဆုံး ရှာရမယ်​...မဟုတ်​ရင်​သူ့(YZ)ကို Lord God က ရှာ​တွေ့သွားပြီး​တော့ သူ(YZ) ​သေဆုံးသွားလိမ့်​မယ်​။

ကျိုးယွင်​ရှန့်​က တကယ်​​တော့ ကိုယ့်​အဖို့ပဲကြည့်​တဲ့လူသားမျိုးပါ...သူ ကမ္ဘာကြီးကို ကယ်​တင်​ဖို့ လုံးဝစိတ်​ကူးမရှိဖူး။

လူငယ်​​လေးရဲ့စိတ်​ထဲကအ​တွေး​တွေကို...ရီကျန့်​က​ နားမလည်​​ပေမယ့်​လည်း သူ အ​လေးအနက်​နဲ့ပဲ​ခေါင်းညိတ်​ပြလိုက်​မိတယ်​... အဲ့ဒီ​နောက်​ တစ်​စုံတစ်​ရာကို သူ​တွေးမိပြီး သူ့မျက်​နှာက အိုစာသွားတယ်​...သူ ​ဖြေး​ဖြေးချင်း​မေးလိုက်​တယ်​ , "ဥက္ကဌကျိုး...ကျ​နော့်​ကို လိုက်​နေတာလား? မင်းက ငါ့ကို ရက်​အနည်းငယ်​​လောက်​ ကစားပြီးတာနက်​ လွှင့်​ပစ်​ဖို့ အစီအစဉ်​ရှိလား?"

ကျိုးယွင်​ရှန့်​က သူ့ချစ်​သူ​လေး​တွေကို တစ်​ပတ်​ပဲတွဲတယ်​...တစ်​ပတ်​ပြည့်​တာနက်​ သူတို့ကို ချက်​ချင်းလွှင့်​ပစ်​လိုက်​တယ်​...ဒါ​ကြောင့်​ မီဒီယာ​တွေမှာ သူ့ကို 'တစ်​ပတ်​တွဲချစ်သူ' လို့ အမည်​​ပေးကြသည်​။

ရီကျန့်​က ဒီအကျည်းတန်​တဲ့အချစ်​​ရေး​ကြောင်းကို ​တွေးလိုက်​တိုင်း သူ့​ဒေါသ​တွေ တားမရဆီးမရ​ပေါက်​ကွဲထွက်​လာသည်​။

ကျိုးယွင်​ရှန့်​ရဲ့ တပ်​မက်​ဖွယ်​အပြုံးက ခဏ​လောက်​ ​တောင့်​သွားတယ်​...သူ ကမန်းကတန်းရှင်းပြရတယ်​ , "ကျ​နော်​ ခင်​ဗျားကိုတကယ်​လိုက်​​နေတာပါ...ဒါ​​ပေမဲ့ ခင်​ဗျားဘက်​က ကျ​နော့်​ကို လက်​မခံသ​ရွေ့.. ကျ​နော်​ တစ်ဘဝလုံးစာ ခင်​​ဗျားကို​စောင့်​​နေရလဲ ဖြစ်​ပါတယ်​. ကျ​နော်​အဲ့ဒီမင်းသမီး​တွေနဲ့ ဘာမှမဖြစ်​ခဲ့ပါဖူး...ခင်​ဗျား​နောက်​​တော့ သိလာမှာပါ. ကျ​နော်​ ဘုရားမှာကျိန်​​ပြောရဲပါတယ်​...ခင်​ဗျားက ကျ​နော်​ရဲ့ပထမဆုံးအချစ်​ပါပဲ... ပထမဆုံးအချစ်​က ကျ​နော့်​တစ်​ဘဝလုံးစာပါပဲ"

သူက ဂရုတစိုက်​နဲ့ပဲ ကျိန်​ဆိုတာကို​တောင်​ ပြုလာသည်​။ Lord God ရဲ့ဖမ်းဆီးခြင်းကို ခံရတုန်းက သူ့အသက်​က 16 နှစ်​ပဲရှိ​သေးတာ...ဘယ်​လိုလုပ်​ အချစ်​စစ်​ဆိုတာနဲ့​တောင်​ စကား​ပြောဖြစ်​ခဲ့မှာလဲ? သူ ဗီလန်​ system ရဲ့ ထိန်းချုပ်​ခြင်းကို ခံခဲ့ရပြီး​နောက်​မှာ​တော့ သူက လူ​သေ​ကောင်​တစ်​​ယောက်​လိုပဲ...ဒါက အချစ်​ကို​တွေ့ဖို့ဆိုတာ ပိုလို့​တောင်​ မဖြစ်​နိုင်​​သေးတယ်​။ အမြဲတမ်းသူ့စိတ်​ထဲမှာ...ဒီလူကသာ သူ့ရဲ့တကယ့်​ အချစ်​ဦးပါ။

ရီကျန့်​က ဝိုင်​ကို တကြိုက်​ထဲ​မော့ချပစ်​လိုက်​တယ်​...ဂရုမစိုက်​သလိုနဲ့ ​ပြောလာတယ်​ , "​sorry ဥက္ကဌကျိုး...ကျ​နော်​ ​ယောက်ျား​တွေကို မကြိုက်​ဖူး" ဒါက လိမ်​တာမဟုတ်​ပါဖူး...သူအရင်​က တကယ်​ပဲ ​ယောက်ျား​တွေကိုစိတ်​မဝင်​စားဖူး... ဒါ​ပေါ့...မိန်းမ​တွေကိုလည်း စိတ်​မဝင်​စားပါဖူး။ သူ့ကိုငြင်းပြီး​နောက်​ ဒီလူငယ်​​လေးဘယ်​​လောက်​ကြာတဲ့ထိ ​လိုက်​နိုင်​မလဲဆိုတာ သူ မြင်​ချင်​မိသည်​။

သူ့တင်​ဆက်​မှုက သူ့ကို အံ့အားမသင့်​​စေခဲ့ဖူးဆိုရင်​...ဒီလူငယ်​​လေးကို သူ U.S ပြန်​တဲ့အခါ တခါတည်း ပြန်​​ပေးဆွဲသွားဖို့ စိတ်​ကူးရှိမှာမဟုတ်​ဖူး။ သူ့ဆန္ဒကို စိတ်​ပျက်​​မိသွား​စေရင်​​တော့ လမ်းတဝက်​မှာတင်​ လွှတ်​​ပေးလိုက်​မှာပါ..ဒီအ​ခြေအ​နေက အရမ်းကို အ​ရေးကြီးတယ်​။

ကျိုးယွင်​ရှန့်​ သူ့လက်​​ချောင်း​လေး​တွေကို မရပ်​နားပဲ တ​တောက်​​တောက်​​ခေါက်​​နေတယ်​...သူ တခြားလူရဲ့​ကော်​လံကို အနီးသို့ဆွဲပြီး​တော့ အသက်​ရှုရပ်​မတတ်​ထိကို ဆွဲနမ်းပစ်​ချင်​​နေသည်​။ သူ ထိုလူရဲ့နှုတ်​ခမ်းပါး​လေး​တွေကို စိုက်​ကြည့်​ပြီး ​ပြောတယ်​ , "အလျင်​စလိုမငြင်းလိုက်​နဲ့​လေ...အရင်​ဆုံး ကျ​နော်​တို့ကြိုးစားကြတာ​ပေါ့. ဟုတ်​ပြီ​နော်​..,ကျ​နော့်​ကို ဥက္ကဌကျိုးလို့ မ​ခေါ်ပါနဲ့...ဒါက သူစိမ်းဆန်​လွန်းတယ်​... ကျ​နော့်​ကို ယွင်​ရှန့်​, ရှန့်​, အချစ်​, ဒါမဟုတ်​ ​ဘေဘီလို့ ​ခေါ်လို့ရပါတယ်​"

နောက်​ဆုံး အမည်​နှစ်​ခုက အရမ်းပဲ​အော်​ကလီဆန်​ဖို့​ကောင်းလွန်းလို့ သက်​​တော်​​စောင့်​နှစ်​​ယောက်​ ကြက်​သီး​တွေ​တောင်​ ထသွားသည်​။ ဒါ​ပေမယ့်​ ရီကျန့့်​က​တော့ မသင့်​​တော်​ဖူးလို့မထင်​မိပါဖူး...သူ '​ဘေဘီ' ဆိုတာကို ကြားလိုက်​လို့​ လူ​တောင်​ကတုန်​ကယင်​ဖြစ်​ချင်​သွားတယ်​။ သူ ဒီချစ်​စနိုး​ခေါ်​သောအမည်​​လေးကို သ​ဘောကျတယ်​...တကယ်​လို့​ပေါ့​နော်​ လူငယ်​​လေးရဲ့နှလုံးသားထဲမှာ တကယ်​ပဲ သူ့တစ်​​ယောက်​ကိုသာ သိမ်းထား​ပေးဆိုရင်​...သူ့အချစ်​​တွေအားလုံးကို ထိုလူငယ်​​လေးထံ​ပေးလိုက်​မှာပါ။

"​နောက်​ကျ​နေပြီ...ပြန်​ကြစို့ " ရီကျန့်​က ​ဖြေဖို့​ရှောင်​လိုက်​သည်​။

ကျိုးယွင်​ရှန့်​ရဲ့ မချင့်​မရဲမျက်​နှာထားက ​ပေါ်လွင်​​နေ​ပေမယ့်​...အမြန်​ ဖုံးကွယ်​လိုက်​တယ်​... သူ ကျသင့်​​ငွေကိုရှင်းပြီ​နောက်​ ပါကင်​ထိုးထားတဲ့ ကားကို သွားယူလိုက်​တယ်​။

_______________^_^_________________

translator by Kiley0096

[English Translator note
*A Time For Us- ဒီထဲမှာ 'for us' ကိုပဲ​ပြောချင်​တာပါ, ဒါ​ပေမယ့်​ ZYS က ​နောက်​​တော့ရိုမီရိုနဲ့ဂျူးလိယက်​ကို ​ပြောလာတယ်​..ဒါ​ကြောင့်​  1968 ရိုမီရိုနဲ့ဂျူးလိယက်​ ထဲက A Time for us သီချင်းကို ကိုးကားထားတယ်​လို့ ငါထင်​တယ်​]

Continue Reading

You'll Also Like

40.2K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
58.3K 4.4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
965K 183K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
1M 78.5K 107
This is Book 1 and book2 is on my reading list You can read description in first episode oK Category-Fantasy,modern,boy's love Author-岛上 project So...