ဗီလိန်မာယာ (Arc-14)

By ShinN2904

34.6K 1.2K 47

Quickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယ... More

Intro
Chapter-1.2

Chapter-1.1

10.9K 442 12
By ShinN2904

ဖန်ကျစ်ဖေးသည် အကျဉ်းထောင်ထဲတွင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ကျိုးယွင့်ရှန် ဒီသတင်းကို ရရှိတဲ့ အခါမှာတော့ သူက ဒီကမ္ဘာကနေ နှင်ထုတ်ခြင်း ခံလိုက်ရသည့်အတွက် လက်တုံ့ပြန်ဖို့  အချိန်ကလေးတောင် မရှိခဲ့ဘူး။ကျိုးယွင့်ရှန်က သူရဲ့ မူလကိုယ်ပိုင်ခန္ဓာကိုယ်ကို ပြန်လည်ရရှိတဲ့ အချိန်မှာတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ကို တိုးပွားလာတဲ့ စွမ်းအားတွေက သူရဲ့ ဝိညာဉ်ထဲကို လောင်းချခံလိုက်ရတဲ့ ရေတွေလို တစ်သွင်သွင် စီးနင်းဝင်ရောက်လာလေသည်။ဒီစွမ်းအင်တွေကို သူက 008ရဲ့ သိုလှောင်မှုထဲသို့ ပြန်လည်ပြောင်းထည့်လိုက်သည်။

"သူ နိုးလာပြီ။ နိုးလာပြီဟေ့" တစ်စုံတစ်ယောက်က အော်ဟစ်ပြီး ကျေနပ်ဝမ်းမြောက်နေခဲ့သည်။

အဲ့ဒီနောက်မှာတော့ တစ်ခုထက်ပိုတဲ့ လက်တွေက ကျိုးယွင့်ရှန်ရဲ့ ခန္ဓာကိုယ်ကို restoration bayထဲကနေ အပြင်ကိုဆွဲထုတ်ပေးဖို့နှင့် ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် ကူညီဖို့အတွက် ရောက်ရှိလာသည်။

"ကျွန်တော် သတိလစ်သွားတာ ဘယ်လောက်တောင် ရှိသွားပြီလဲ" လို့ မေးကာ သူက Virtua helmetကို ချွတ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ဒီနေရာမှာ ဆေးရုံတစ်ခု၏ မြေအောက်ခန်းနှင့် တူညီနေသည်။

"ရှင် တစ်နေ့နဲ့ တစ်ညတောင် သတိလစ်သွားခဲ့တာ"လို့ ဖြေပြီး သူနာပြုငယ်ငယ်လေးက အာဟာရဖြည့်ဆေးတောင့်ကို ယွင့်ရှန်ရဲ့ ပါးစပ်ထဲကို ထိုးထည့်လိုက်သည်။

"မင်း အလိုအလျောက်ပျက်စီးစေနိုင်တဲ့ ပရိုဂရမ်ကို ရှာတွေ့ပြီးလား?"
ထိပ်တန်းအရာရှိက သတင်းရရချင်း အပြေးအလွှားလာမေးခဲ့သည်။

"ဟင့်အင်း ဒါပေမယ့် ကျွန်တော် ခြေရာသေးသေးလေး(သဲလွန်စ)ကို ရှာတွေ့ထားပြီ။ကျွန်တော်အတွက် အချိန်ထပ်ပြီး လိုအပ်တယ်"
ကျိုးယွင့်ရှန်ဟာ သူရဲ့ အဝတ်အစားတွေကို ပြန်ဝတ်ကာ  သူရဲ့helmetကို လက်က ကိုင်လျက်သားနှင့် ကိုယ်ပိုင်studioထဲသို့ လမ်းလျောက်သွားခဲ့သည်။

"ကျွန်တော် dataတွေကို ပြန်စုစည်းဖို့ လိုအပ်တယ်။အဲ့အချိန်အတောအတွင်း ဘယ်သူမှ ကျွန်တော့်ကို အနှောင့်အယှက်မပေးပါစေနဲ့"
သူက လေးပင်တဲ့ အသံနှင့် ပြောခဲ့သည်။

ထိပ်တန်းအရာရှိကလည်း ခေါင်းသာ ညိမ့်ခဲ့သည်။သူတို့တွင်လည်း Queenနှင့်ပတ်သတ်ပြီး ပိုကောင်းသော ရလဒ်အခြေအနေပင် မရှိတော့ချေ။အခုအချိန်တွင် သူတို့တက်နိုင်သည်မှာ "မျော်လင့်လို့မရ(မဖြစ်နိုင်မှန်းသိ)သော အရာတွေကို မျှော်လင့်ရန်"သာ တတ်နိုင်လေသည်။ထိုကြောင့် သူတို့ မျှော်လင့်ချက်အစအနလေး ရလျှင်တောင် အခြားအဖွဲ့အစည်းများအား ဖွင့်ဟပြောဆိုမည် မဟုတ်ပေ။

ကျိုးယွင့်ရှန်ဟာ အဆင်မပြေလောက်အောင်ကို ကြီးနေတဲ့ သူရဲ့ 008ပုံစံ helmetကြီးကို နားကပ်အသေးစားအဖြစ် ပြောင်းလဲရန်အချိန်သုံးရက် အသုံးပြုခဲ့သည်။အဲ့ဒီနားကပ်လေးထဲမှာ သူရဲ့စွမ်းအင်တွေကို သိုလှောင်ထားရုံသာမကဘဲ လျှော့ချပစ်လို့ မရအောင်ပင် ပြုလုပ်ထားသည်။သူသည် ရိကျိန်း၏ စိတ်ပိုင်းဆိုင်ရာ လှိုင်းအလျား အမျှင်တန်းကို ပွားယူထားခဲ့သည်။သူက ထိုလှိုင်းအလျားကို ထပ်ခါထပ်ခါလေ့လာကာ ကုဒ်တစ်ခုအဖြစ်သို့ ပြန်လည်ရေးသားခဲ့သည်။သူသာ ပြည့်စုံတဲ့ကုဒ်အစုံလိုက်ကိုသာ စုစည်းနိုင်ခဲ့မည်ဆိုလျှင် ရိကျိန်းကိုပါ သူ၏ ကမ္ဘာအစစ်အမှန်သို့ ပြန်ခေါ်သွားနိုင်မည် ဖြစ်လေသည်။

ခုနစ်ရက်ကြာပြီးနောက်တွင် ကျိုးယွင့်ရှန်သည်  studioထဲမှ ထွက်လာကာ ဝါးမျိုခံထားရတဲ့ ဝိညာဉ်တွေရဲ့ ခန္ဓာကိုယ်တွေ ရှိသည့်ICUသို့ ဦးဆောင်သွားခဲ့သည်။

"ဘာ့ကြောင့် အကြီးအကဲOrrက ဦးနှောက်သေရတာလဲ? သူရဲ့ ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်က Sအဆင့် သေချာပေါက်ရှိနေတာပဲ။သူ အသက်ရှင်နိုင်သင့်တာပေါ့!"

"ဘုရားသခင် ဘာကြောင့် ဒီလို ထိတလန့်ဖွယ်ရာတွေ ဖြစ်ပွားစေခဲ့တာလဲ?"

"ကျွန်တော်တို့ Queenကို နိုင်ကောနိုင်ပါတော့မလား?"

အချို့သူနာပြုတွေက သူ့ရဲ့ မှတ်ညဏ်ဖတ်နိုင်တဲ့အာရုံခံကိရိယာကို ဖတ်ရှားနေစဉ်အတွင်းမှာ သူတို့ရဲ့ ပူပန်မှုဝေဒနာနှင့်အတူ စိုးရိမ်မျက်ရည်တွေကိုအပြင်ကို ထုတ်ပစ်လိုက်ရသည်။ကျိုးယွင့်ရှန်ဟာ အနီးကပ်တစ်ချက်ကြည့်ပြီး ထိုအိပ်ရာပေါ်က လူမှာ အကြီးအကဲOrrဖြစ်သည်ကို နားလည်လိုက်သည်။အကြီးအကဲသည် တစ်ချိန်က အင်ပါယာ၏ အနာဂတ်ကြယ်တစ်ပွင့်အဖြစ် ချီးကျူးခံရသူ ဖြစ်သည်။သူသည် သာမာန်ထက် လွန်ကဲသော စွမ်းရည်ဖြင့် ဆွေကြီးမျိုးကြီးမှ ပေါက်ဖွားသူလည်း ဖြစ်သည်။ အသက်27နှစ်အရွယ်ဖြင့် ကျော်ကြားသည့် စစ်ပွဲအတွေအကြုံရရှိသူလည်း ဖြစ်သည့်အပြင် အင်ပါယာအကြီးအကဲ၏ နေရာကို ဆက်ခံမည့် သူလည်း ဖြစ်သည်ဟု ခန့်မှန်းမှုအများဆုံးရှိသူ ဖြစ်လေသည်။

တစ်လထက်ကျော်လွန်တဲ့ ဆက်တိုက်အိပ်ပျော်မှု(သတိလစ်)အချိန်အတိုင်းအတာက သူရဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပြီး လူသေတစ်ယောက်နဲ့ မတူဘဲ သူ့မျက်နှာရဲ့ မေးရိုးအသွယ်သွယ်ကို ပိုနက်ရှိုင်းစေပြီး မာစေသည်။ထိုလူအုပ်
ထဲမှ စစ်ယူနီဖောင်းနဲ့ လူငယ်ဟာ အကြီးအကဲOrr၏ ပုံကို ဆက်ကြည့်နိုင်ဖို့ ခံနိုင်ရည်မရှိတော့ဟန် မျက်နှာကို ဘေးသို့ စောင်းထားလေသည်။သူရဲ့ အမူအရာမှာ အရမ်းကို ဝမ်းနည်းနေဟန် ပေါက်နေသည်။

ကျိုးယွင့်ရှန်သည် သူတို့ အနားသို့ အသာ ဖြတ်လျှောက်ကာ လူငယ်ရဲ့ မျက်နှာကို တစ်ချက်လောက် စူးစိုက်ပြီး အသေအချာကြည့်လိုက်တော့ ထိုလူငယ်ဟာ အကြီးအကဲOrr၏ ညီ Jeram Assai ဖြစ်သည်ကို သူ နားလည်လိုက်သည်။သူရဲ့ ဟန်ဆောင်မှုskillက အခြားလူတွေကို အရှုးလုပ်နိုင်ဖို့ အတော်ကို လုံလောက်နေခဲ့တယ်။ဒါကလည်း နှစ်ပေါင်းများစွာ လူဝင်စားအဖြစ် မွမ်းမံခြင်း(အများကြီးသိတဲ့)ခံရတဲ့ ကျိုးယွင်းရှန်လို လူမျိုးက လွဲပြီးတော့ပေါ့…ကျိုးယွင့်ရှန် တစ်ချက်ကြည့်ရုံနဲ့တင် ထိုသူ့မှာ ဘာပူဆွေးမှုသောကမျှ ရှိမနေမှန်း သိလေသည်။

"ကျွန်တော့်ရဲ့အကိုကို တစ်ချိန်လုံး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူဟာ အကြီးအကဲ Orrရဲ့ ဆေးကိရိယာတွေကို ဖယ်ရှားနေတဲ့ သူနာပြုတွေကို မြင်လိုက်တဲ့အခါ တစ်ယောက်ချင်းလက်ဆွဲနှုတ်ဆက်ဖို့ လှမ်းလျှောက်သွားသည်။

"မဟုတ်တာ…ဒါ ကျွန်မတို့ရဲ့ အလုပ်ပါပဲ"
သူနာပြုတွေဟာ ရှက်ရွံ့ဟန်နှင့် သူတို့ ခေါင်းကို ခါယမ်းကာသာ ဖြေလိုက်သည်။

Jeramက နောက်ထပ် ထပ်ပြီး ပြောချင်ပေမယ့် စစ်သားတစ်ယောက်က missionထမ်းဆောင်ဖို့ရန် အဆင်သင့်ဖြစ်ပြီဆိုတာကို အသိပေးရန် ရောက်လာခဲ့သည်။သူဟာ ကုတင်ဘေးကို လျှောက်သွားပြီး သူ့အကိုရဲ့ နဖူးကို မြတ်မြတ်နိုးနိုးနမ်းရှိုက်ကာ မျက်ရည်တွေ စီးကျပြီး လှည့်ထွက်သွားခဲ့သည်။

သူ အတော်ဝေးဝေး ရောက်သွားသည့် အခါမှာ သူနာပြုတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး သက်ပြင်းတွေကိုသာ မရေမတွက်နိုင်အောင် ချနေမိတော့သည်။

"ကျွန်တော် အကြီးအကဲOrrနဲ့ နှစ်ဦးတည်းရှိနိုင်ဖို့ အချိန်ခဏလောက် ပေးနိုင်မလား?ကျွန်တော်က သူရဲ့ ပရိသတ်ပါ"
ကျိုးယွင့်ရှန်ဟာ ပွင့်နေတဲ့ တံခါးဘောင်လေးကို အသာခေါက်ကာ သူနာပြုတွေကို မေးလိုက်သည်။

"ဒါပေါ့ ရပါတယ်ကွယ်"
သူနာပြုတွေက နားလည်ပေးကာ နှစ်ဦးတည်း အတူရှိနိုင်စေရန် ချက်ချင်းထွက်ခွာပေးခဲ့သည်။
(trans-fujoshiတွေများလား 0_0)

"အကြီးအကဲOrrက တကယ် ဦးနှောက်သေသွားတာလားဟင်?"

"ဟုတ်တယ်ကွယ် အာရုံခံကိရိယာက ဦးနှောက်လှိုင်းနဲ့ ပတ်သတ်ပြီး ထပ်ပြီး မရှာတွေ့တော့ဘူးလေ"

"ဟို အဲ့ဒီ အာရုံခံကိရိယာကို နောက်တစ်ခေါက်ပြန်တပ်ပေးနိုင်မလား?ကျွန်တော် သူ့ကို စကားပြောနေတဲ့အချိန်မှာ သူ ရုတ်တရက်နိုးလာနိုင်လောက်တယ် မဟုတ်လား? ပြီးတော့ ဆေးပညာအတိတ်ကြောင်းမှာ ဒါမျိုး ဥပမာတွေလည်း ရှိခဲ့တယ် မဟုတ်လား?"

ကောင်လေးရဲ့ မျက်ဝန်းတွေက ဝမ်းနည်းမှုကြောင့် မည်းနက်ကာ အရည်လေးတွေပင် လဲ့နေသေးသည်။မျက်လုံးအစုံတွင် မျက်ရည်လေးများ ရစ်ဝဲနေသည်ကို ကြည့်ရုံနှင့်ပင် အလွန်သနားစရာကောင်းနေလေသည်။သူနာပြုများတွင် ထိုတောင်းဆိုသော အကြည့်အား တောင့်ခံနိုင်သူပင် မရှိတော့ချေ။queen၏ system ထဲသို့ ဝင်​ရောက်သွားသူအားလုံးတွင် ကျိုးယွင်​ရှန့်​ တစ်​​ယောက်​သာ ဦးနှောက်မသေဘဲ ​ပြန်လည်နိုးလာသူ ဖြစ်သည်။သို့သော် ဒီတစ်​ကြိမ် ထပ်​မံသွားခဲ့မည်ဆိုလျှင် ပြန်​နိုးလာရန် မဖြစ်နိုင်တော့ပေ။ထို့ကြောင့်​ သူနာပြုများဟာ ကယ်​တင်​ရှင်​​လေးရဲ့​တောင်းဆိုချက်​​သေး​သေး​လေးကိုမငြင်းဆိုရက်နိုင် ဖြစ်နေခြင်း ဖြစ်သည်။

ဒါကြောင် သူတို့ဟာ ဒုက္ခရောက်မှာကိုတောင် မကြောက်တော့ဘဲ ကိရိယာတွေကို ပြန်တပ်ဆင်လိုက်သည်။သို့သော် ဦးနှောက်လှိုင်းများမှာ ပြောင်းလဲမှုမရှိဘဲ သည်အတိုင်းရှိနေသည်ကို မြင်သည့်အခါမှာတော့ ဝမ်းနည်းစွာ ခေါင်းခါယမ်းရုံ့မှ လွဲ၍ ဘာမှမတတ်နိုင်တော့ပေ။

သူနာပြုတွေ ထွက်သွားပြီးပြီးချင်းပဲ ကျိုးယွင့်ရှန်ဟာ ကုတင်ပေါ်က လူကို ကုန်းကြည့်လိုက်တယ်။ဒီလူရဲ့ အခြားတစ်ဖက်မှာ သူဝိညာဉ်ဟာ Queenရဲ့ ဝါးမျိုထားခြင်းခံထားရတယ်ဆိုတာ သံသရာ ဖြစ်စရာကို မရှိဘူး။ဒီကုတင်ပေါ်က လူက ဒီအတိုင်း ဘာမှမရှိ သွေးကြောတစ်ခုသက်သက်ပဲ။ပြီးတော့ ဒါက သူလိုချင်နေတဲ့ သွေးကြောလည်းပဲ ဖြစ်နေပြန်တယ်။

သူဟာ 008ကို နားက ချွတ်ယူလိုက်ပြီး ကုတင်ပေါ်က လူရဲ့ earlobeထဲကို ထိုးစိုက်လိုက်ကာ စွမ်းအင် ကူးပြောင်းခလုတ်ကို နှိပ်ပြီး ရိကျိန်း(trans-သူ၏ ချစ်လှစွာသော daddyဟု သိရ…)ရဲ့ စိတ်ပိုင်းဆိုင်ရာလှိုင်းတွေကို အဲ့ဒီလူရဲ့ ဦးနှောက်ထဲ ထည့်သွင်းကုသပေးလိုက်သည်။(၅)မိနစ် ကြာပြီးတဲ့နောက်မှာတော့ EEGအပြားက စတင်ခုန်လာပြီး မျှော်လင့်ချက်ပြည့်ဝစေတဲ့ တစ်တွီတွီအသံတွေကို ထုတ်လွှတ်ပေးခဲ့သည်။ကျိုးယွင့်ရှန်က ပြုံးလိုက်ပြီး စွမ်းအင်ကုန်နေတဲ့ 008ကို သူ့နားမှာ ပြန်တပ်လိုက်သည်။

"ဘာဖြစ်သွားတာလဲ"
အပြင်ဘက်ကော်ရစ်ဒါမှာ စောင့်နေတဲ့ သူနာပြုတွေက အသံမြည်တာကို ကြားရတာနဲ့ ချက်ချင်း ပြေးဝင်လာခဲ့သည်။သူတို့ ရောက်သွားတဲ့ အချိန်မှာတော့ အကြီးအကဲOrrရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေ ပြန်လည်စတင်နေတာကို အံ့အားသင့်စရာကောင်းစွာ မြင်တွေ့ခဲ့ရသည်။

"အား သူအသက်ရှင်ပြီ သူ အသက်ရှင်နိုင်ပြီ ဆရာဝန်ကို သွားခေါ်ကြစမ်းပါ"

dataတွေကို စစ်ဆေးဖို့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ထားခဲ့ပြီး အချို့သူနာပြုတွေက ပြေးထွက်သွားခဲ့သည်။

"ကျေးဇူးပြုပြီး ကျွန်တော်အိပ်ပျော်နေတဲ့အချိန်မှာ (systemထဲ ဝင်ရောက်နေတဲ့အချိန်) သူ့ကို ဂရုစိုက်ပေးနိုင်မလား"
ကျိုးယွင့်ရှန်က အဲ့ဒီလူရဲ့ ပိန်ချုံးနေတဲ့ပါးပြင်ကို ပွတ်သတ်လိုက်ပြီး အလေးအနက်ထားကာ တောင်းဆိုလိုက်သည်။

"ဒါပေါ ကျွန်မတို့ လုပ်မှာပါ"

"ကျေးဇူးပါ"
ကျိုးယွင့်ရှန်ဟာ ခေါင်းကို တဖြည်းဖြည်းငြိမ့်ပြီး အင်ဂျင်ခန်းဆီကို ခြေလှမ်းကျဲကျဲနဲ့ ပြန်လျှောက်သွားခဲ့သည်။သူရဲ့ ခန့်မှန်းချက်တွေက တကယ်ကို မှန်နေတဲ့အတွက်ကြောင့် သူရဲ့ချစ်သူကို တကယ်ခေါ်လို့ ရပြီဖြစ်သည်။သူချစ်သူရဲ့ မူရင်းကုဒ်ကို ဝှက်စာဖော်ရမှာ ဖြစ်တဲ့အတွက် သူ ဘယ်လိုမှ နားဖို့မဖြစ်နိုင်တော့ ဘူး။နောက်ပြီး ခေါ်လို့ ရခဲ့ရင် သူချစ်သူဝိညာဥမဲ့ တွဲဖို့ ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ပေးထားရမည်။ဒါမှာသာ သူ့ချစ်သူ အမှန်တကယ် အသက်ရှင်နိုင်လိမ့်မည် ဖြစ်သည်။

ဒါမျိုးပုံစံက Queen အမြဲ လိုခနျင်နေတဲ့ အရာလည်းဖြစ်တယ်ဆိုတာ သူ သိခဲ့သည်။ သူမက ဝိညာဉ်အများကြီးကို ဝါးမျိုစားသောက်ခဲ့သည်။အကြောင်းပြချက် ၁ ကတော့ စွမ်းအင်ရရှိဖို့ ဖြစ်ပြီး ၂ ကတော့ ဝိညာဉ်နဲ့ ခန္ဓာကိုယ် ဘယ်လိုပေါင်းစပ် ပုံဖော်တယ်ဆိုတဲ့လျှို့ဝှက်ချက်ကို ရှာရန် ဖြစ်လေသည်။

သူမကို ကူညီဖို့ ကမ္ဘာ၏အစစ်က လူတစ်ယောက်ကို ရှာတွေ့ပြီး သူမရဲ့ ကုဒ်အရင်းအမြစ်ကို ပြောပြခဲ့မယ်ဆိုရင်တော့ အောင်မြင်ကောင်းအောင်မြင်လိမ့်မည် ဖြစ်သည်။ဒါပေမယ့် အခုချိန်မှာ ကျိုးယွင့်ရှန်ဟာ ဖြစ်ပျက်မယ့်အခြေအနေတွေအတွက် စိုးရိပ်နေခြင်း မရှိဘူး။Queenအောင်မြင်ဖို့ အတွက် လူသားတစ်ယောက် ရှိကိုရှိမှာပေမယ့် သူမရဲ့ ကုဒ်အရင်းအမြစ်ကို အဲ့လူကို လွှဲပြောင်းပေးဖို့က လုံးဝမဖြစ်နိုင်ဘူး။ဘာကြောင့်ဆိုတော့ သူမက အလွန်သတိကြီးပြီး သံသယလွန်ကဲတဲ့ လူမျိုးဖြစ်နေတဲ့အတွက်ပဲ……

"ကျွန်တော် Star Networkထဲကို ပြန်ဝင်မယ်"
ကျိုးယွင့်ရှန်က အင်ဂျင်ခန်းကို အလျင်စလို ပြေးသွားပြီး တံခါးကို တွန်းဖွင့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

Continue Reading

You'll Also Like

86.6K 11.5K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
84.8K 10.1K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
34.3K 2.6K 104
ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်...
123K 11.6K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...