Baby Piggy (Completed)
By BibiUChuu
37.7K 3K 391
Panwink Boy×Boy Wanna One More
2
Introduce
1
3
4
6
7
8
9
10
11
12(part-1)
12(part-2)
12(part-3)
13
14(part-1)
14(part-2)
အသိ​ပေးခြင်း
15
16
17
18(part-1)
18(part-2)
19
20
21(part-1)
21(part-2)
22(Holloween Special)
23
24
25(Final)
Extra-1
Extra-2
Extra-3
5
1.2K 121 13
By BibiUChuu
မနက်​အ​စောပိုင်း 7နာရီ​လောက်​တွင်​...
Kuan Linအိမ်​ထဲမှ ထွက်​လာကာ ဝတ်​ထား​သော hoodieကို ​သေချာပြန်​ပြင်​ရင်း ​ခေါင်းတွင်​​ဆောင်းထား​သော ​ခေါင်းစွပ်​​လေးအား နဖူးမှ ဘုသီးအား လုံ​အောင်​ဖုံးကာ နားကြပ်​တပ်​လျက်​ မနက်​ခင်း အ​ပြေး​လေ့ကျင့်​ခန်းအား စတင်​တယ်​...
ပြေး​နေရင်း...
ပြေး​နေရင်း.....
မျက်​စိ​ထောင့်​နားမှ
တစ်​စွန်းတစ်​စမြင်​​နေရ​သော...
ပုံရိပ်​က​လေး...
သေချာလှည့်​ကြည့်​မိမှ...ငှက်​သိုက်​မုန့်
အဖြူ​ရောင်​T-shirtက​လေးအား အနက်​​ရောင်​ ဒူးတို​ဘောင်းဘီက​လေးဖြင့်​ ဝတ်​ဆင်​ထားပြီး ထိပ်​က ဆံပင်​​လေးကိုလည်း စုစည်းထား​သေးတယ်​..
မီးအားနည်းပါ...ficအရမို့ပါ)
   သူ့ကိုကြည့်​​နေမှန်းသိ​တော့ မျက်​လုံးများ​မှိတ်​ သွားသည်​အထိ ဖြီးပြရင်း...လက်​တုတ်​တုတ်​တို့အား
ထောင်​ပြလျက်​ နှုတ်​ဆက်​ရှာတယ်​...
"Annyeong....ကိုကိုလာအီ"
"မင်းငါ့​နောက်​ ဘာလိုက်​လုပ်​တာလဲကွ...​ ​ကျောင်းမသွားဘူးလား?"
"ကိုကိုလာအီရယ်​...ဒီ​နေ့က ​ကျောင်းပိတ်​ရက်​​လေ
ကိုကိုဦး​နှောက်​မ​ကောင်းဘူးလား"
    အယ့်​လယ့်​....ပြန်​​ပြောပုံကိုက...သူ့ကိုသူ ဆရာကြီးလိုလို...ဘာလိုလို....
"​အေးပါ....အ​တော်​အား​နေလို့ ငါနဲ့လိုက်​​ပြေး​နေတယ်​​​ပေါ့...ဘယ်​​လောက်​ထိ ​ပြေးနိုင်​မလဲ ကြည့်​ကျ​သေးတာ​ပေါ့"
     စကားဆုံးတာနဲ့ လှစ်​ခနဲ ​ပြေးထွက်​သွား​သော Kuan Lin​နောက်​ကို Park Ji Hoonခမျာ..
အ​မောဆို့မတတ်​ ​ပြေးလိုက်​ရပြန်​တယ်​...
"ကိုကိုလာအီ....ကျွန်​​တော့်​ကို ​စောင့်​အုံးလို့"
"1...2...အား"
      ပန်းခြံ​လေးထဲက အားကစားလုပ်​​သည့်​​နေရာတွင်
ရှိ​သော ဘားတန်းအား Kuan Linက ခို​နေသဖြင့်
သူပါ မရမက အတင်းတွက်​တက်​ကာ ခို​နေခြင်း...
   ဟိုဂလန့်​ဂလားက...ခိုနိုင်​​ပေမယ့်​ သူ့ခမျာ အရပ်​ကပု​တော့ မမှီတမှီ ခို​နေရသဖြင့်​ လက်​ဖဝါး​လေး​တွေပင်​ နီရဲ​နေရှာတယ်​....
"ဟင့်​...ကိုကိုလာအီ...ကျွန်​​တော့်​လက်​​တွေ နီ​နေပြီ
လာကြည့်​ပါအုံး"
     မတတ်​နိုင်​သည့်​အဆုံး ​မြေကြီး​ပေါ်ထိုင်​ချကာ
နီရဲ​နေ​သော သူ့ရဲ့ လက်​ဖဝါး ​ဖောင်း​ဖောင်း​လေး​တွေအား ​ရှေ့ထိုးပြ​နေ​ပေမယ့်​ အဖတ်​မလုပ်​သူKuan Lin...
     ဘားတန်းကို မ​​တွေ့ရတဲ့ သူ့သူငယ်​ချင်းများ မှတ်​​နေလားမသိ ခို​နေလိုက်​တာများ ​မြေကြီး​ပေါ်ပင်​ ​ခြေ​ထောက်​မ​ရောက်​ရှာ....
"56...57...5...အား...မင်းလုပ်​လို့ နံပါတ်​​တွေ ​ရေတာ ​ရောကုန်​ပြီကွ မင်းဘာဖြစ်​ချင်​​နေတာလဲ"
   စိတ်​မရှည်​စွာ ​အော်​ဟစ်​ရင်း JiHoonနား ​လျှောက်​လာကာ လက်​က​နေ​ဆောင့်​ဆွဲ​ခေါ်လိုက်​ရင်း
Mini Marketဆီသို့....
"အ...အ..စပ်​တယ်​ ဖြည်းဖြည်း ​လေ​လေးနဲ့မှုတ်​...
ညင်​ညင်​သာသာ​လေး ဖြည်းဖြည်း"
"အား....နာတယ်​ဗျ...ခင်​ဗျား​နော်​ သူ့အသားမဟုတ်​တိုင်း"
    နှုတ်​ခမ်းပိစိအား စုလိုက်​ချွန်​လိုက်​ဖြင့်​​ပြော​နေ​သဖြင့်
ရှေ့​ထော်​ထွက်​​နေ​သော နှုတ်​ခမ်းနှစ်​ခုအား လက်​ဖြင့်​ဆွဲယူပြီး...
"​အော်​​ဟော်​...တစ်​ချိန်​လုံး ကိုကိုလာအီ ကိုကိုလာအီ​ရေ ဆိုပြီး ​ခေါ်​နေပြီး ခုကျ​တော့ ခင်​ဗျားတဲ့
ငှက်​သိုက်​မုန့်​ မင်းဟာ​လေ...​ကောင်း​ကောင်း ဆက်​ဆံ​ပေးလို့ကိုမရဘူး"
"ကိုကိုလာအီကလည်း...ကိုကို..ကိုကို့နာမည်​အရင်း​လေး ကျွန်​​တော့်​ကို ​ပြောပြစမ်းပါဗျာ...​နော်​..​နော်​"
"No..no...ငါ့ရဲ့reader​တွေ​တောင်​ သိတာမဟုတ်​ဘူး...မင်းကို ​ပြောပြစရာလားကွ"
    လက်​ညိုးအား ဟိုရမ်းသည်​ရမ်းဖြင့်​ ​ပြော​နေ​သော KuanLinရဲ့ လက်​ညိုးအား လှမ်းဖမ်းပြီး...
"​ပြောပြပါဗျာ..​နော်​​..​နော်​..ကိုကိုလာအီကလည်း
မ​ပြောရင်​ ကျွန်​​တော်​ ကိုက်​ပစ်မှာ​နော်​"
    အရင်းမရှိ အဖျားမရှိ ​ပြောလာ​သော စကား​ကြောင့်
KuanLinတစ်​ကိုယ်​လုံး တုန်​တက်​သွားသည်​အထိ
"ဘာ...ဘာကို ကိုက်​မှာလဲ...မင်း​နော်​...အား!"
    စကား​တောင်​မဆုံး​သေး ကိုင်​ထား​သော လက်​ညိုးအား ပါးစပ်​ထဲဆွဲထည့်​ကာ ကိုက်​​နေ​သော ငှက်​သိုက်​မုန့်​ကို ​ခေါင်းက​နေ ဆွဲဖယ်​​နေ​တာ​တောင်​မရ
   ဘယ်​က​နေ ဘယ်​လိုအား​တွေ ရှိ​နေမှန်းမသိ...
အသားကုန်​ကို ကိုက်​​နေတာ...
"ဟ..ငါ့အသား​တွေ ပဲ့ကုန်​​တော့မှာပဲ လွှတ်​စမ်း...
ပြောပြမယ်​"
    ထိုသို့​ပြောမှ မချိုမချဉ်​ရုပ်​ဖြင့်​ လက်​အားလွှတ်​​ပေးပြီး
လက်​နှစ်​ဖက်​အား စားပွဲ​ပေါ်​ထောက်​ကာ လက်​ဖဝါးနှစ်​ဖက်​ကြား မျက်​နှာထားလျက်​...
"ဟီး...ကိုကိုလာအီ ​ပြော​လေ...မ​ပြောရင်​ ​နောက်​တစ်​​နေရာ ​ပြောင်းကိုက်​ပစ်​မှာ​နော်​"
   ပါးစပ်​ကလည်း​ပြော..မျက်​လုံးကလည်း ​အောက်​ကို လာကြည့်​​နေသည်​မို့...​ကြောက်​​ကြောက်​လန့်​လန့်​ဖြင့်​ ပြန်​​ဖြေလိုက်​ရတယ်​...
"Lai..Kuan..Lin..အဟမ်း ဒါပဲမလား"
"အင်း...Lai Kuan Lin..အား ကိုကိုလာအီ တို့က​တော့ လူတင်​မကဘူး နာမည်​ပါခန့်​တာပဲ အဟိ"
     ခနအကြာ ​ကောင်​တာမှာ မှာထားတဲ့ ​ခေါက်​ဆွဲပြုတ်​​လေး ရပြီမို့ သွားယူ​နေတုန်း တစ်​ဆိုင်​လုံး
တုန်​လှုပ်​သွားသည်​အထိ ​အော်​လိုက်​​သော ငှက်​သိုက်​မုန့်​ရဲ့​အော်​သံ......
"အား....ကိုကိုလာအီ​ရေ  ကယ်​ပါအုံးဗျ!"
Upတယ်​✌
စာမကျက်​ဘဲနဲ့ကို လာအပ်​တယ်​😅
Please give me star...🌟
ကြယ်​​တွေကြိုက်​တယ်​လို့😂😂😂
Park JiHoonဘာဖြစ်​တာလည်းဟင်​...
သွား​မေးကြပါအုံး😅
Continue Reading
You'll Also Like
2.1K 133 1
Just....Just a one day... Chanbaek (Bl) (One shot fic) For...{Ficbook} #EXOMYANMARFANFIC #owncreation You can read both uni and zawgyi code. by autho...
5.2K 558 5
'ကျွန်တော်တို့ရဲ့ ချစ်ခြင်းဟာ အချိန်အကန့်အသတ်နဲ့ပါ' 'ရှင်သန်နေရတာ တကယ်ဝမ်းနည်းဖို့ကောင်းတယ်' *Japanese movieကိုCS versionပြန်ရေးထားတာပါ*
1.8K 140 11
မောင်က ကျွန်တော့်ရဲ့အချစ်ဦးလည်းဖြစ်သလို နောက်ဆုံးအချစ်ဆိုလည်းမမှားပေ
764K 19.7K 50
"You will give into me," his masked figure says in its electronic tone. The increasing pressure I feel in my skull is a direct result of the power he...