DEBT S1 [ COMPLETED ]

By GiGiVeKay

408K 27.3K 2.6K

အတိတ်နဲ့ပစ္စုပ္ပန်နှစ်ခုလုံးမှာ ကျုပ်ဘာဖြစ်ချင်လဲ ၊ ဘာကိုလိုချင်လဲ ခင်ဗျားကောင်းကောင်းသိနေရက်နဲ့ မျက်ကွယ်ပြုခ... More

TWO
THREE
FOUR
FIVE
SIX
SEVEN
EIGHT
NINE
TEN
ELEVEN
TWELVE
THIRTEEN
FOURTEEN
FIFTEEN
DEBT S1 : FINAL

ONE

63.8K 2.3K 184
By GiGiVeKay

[UNICODE ]

"ဘာလာရှုပ်တာလဲ"

မေးတာကိုချက်ချင်းမဖြေဘဲ သူ့ကားသူနောက်ကျောမှီရပ်ထားရင်းက ခေါင်းမော့ကာ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်တဲ့ ဂျောင်ဂုအား ထယ်ယောင်း စိတ်မရှည်တော့။ ကားပါကင်ရဲ့ ထင်သာမြင်သာနေရာတိုင်းမှာ ပြူးနေအောင်ချိတ်ဆွဲထားတဲ့ "NO SMOKING" စာတန်းတွေသာ စကားပြောတတ်ရင် သူ့ရှေ့ကဂျွန်ဂျောင်ဂုကို ဝိုင်းဆဲနေ​လောက်ပြီ။

"အဲ့လောက် လုပ်ထားတာတောင် ခြေခိုင်ခိုင်ရပ်နိုင်သေးတယ်နော် ၊ ခင်ဗျားရဲ့ ခံနိုင်ရည်ကိုတော့ လေးစားတယ်"

"လေးစားရင် ထိုင်ကန်တော့လိုက်!"

ထိုစကားအဆုံး မျက်နှာနားတိုးကပ်လာကာ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်သူကြောင့် သူ့မှာ ချောင်းတဟွတ်ဟွတ်။ သီးပါသီးသွားတာမို့ မျက်ရည်က ချက်ချင်း ဝဲတက်လာသည်။

"အဖြစ်သည်းပြမနေနဲ့ ၊ ဒီနားမှာ ခင်ဗျားကို သနားမယ့်လူ တစ်ယောက်မှမရှိဘူး"

"ကျုပ်ကလွဲပြီး" ဆိုတာကိုတော့ သူတမင် ချန်ထားခဲ့လိုက်တာ ။ ဆေးလိပ်ငွေ့နဲ့ထိလို့ မျက်ခုံးတန်းလေးတွေကျုံ့သွားတာနဲ့ တခြားတစ်ဖက်ကို မျက်နှာလွှဲလိုက်တာပါပဲ ။ ဂင်မ်ထယ်ယောင်းကိုက အထိမခံရွှေပန်းကန် ဖြစ်နေတာတော့ သူလဲမတတ်နိုင် ။

"မင်းအခုချိန် ကုမ္ပဏီမှာရှိနေရမှာမဟုတ်ဘူးလား ဂျောင်ဂု"

"ကျုပ်တစ်ရက်လေး အလုပ်မသွားလို့ ကုမ္ပဏီက ဒေဝါလီခံမသွားဘူး စိတ်ချ ..တစ်လောကလုံး စီးပွါးကပ်ဆိုက်သွားရင်တောင် ကျုပ်က ခင်ဗျားကို တင့်တောင်းတင့်တယ် ထားနိုင်နေဦးမှာ"

"ခင်ဗျားအစ်မကို.. လို့ပြော"

ထိုစကားကြောင့် ပါးစောင်ကိုလျှာနဲ့လှန်ထိုးလိုက်ပုံက မသိရင်ကိုယ်ကပဲ မဟုတ်တန်းတရားတွေ လျှောက်ပြောနေသလိုလို။

"အခုတစ်ယောက်ကရော ဘာဇယားလဲ ၊ One night stand?"

"မင်းမျက်စိကို အောကားကြည့်ဖို့လောက်ပဲ သုံးတာထင်တယ် ၊ နေ့ခင်းကြောင်တောင်ကြီးမှာ ဘယ်သူက One night stand နဲ့ ဒိတ်မှာလဲ"

"ကျုပ်လေ.. ခင်ဗျားနဲ့"

စော်ကားပြန်ပီ ။

"လိုရင်းကိုပြော ၊ မင်းနဲ့စကားနိုင်လုဖို့ စိတ်မပါဘူး"

"ခင်ဗျား ကျုပ်နဲ့စိတ်ပါတာဆိုလို့ အလုပ်ခံရတဲ့တစ်ချိန်ပဲရှိတယ်"

"မင်း! မဖယ်ပေးရင် ငါဝင်တိုက်မှာနော်!"

ထိုသို့ပြောတော့ သကောင့်သားက "ဟက်"ခနဲ တစ်ချက်ရယ်ကာ လက်ကြားထဲက Treasurer Luxury Black ဆေးလိပ်ကို မြေပေါ်ပစ်ချရင်း ဖိနပ်ဦးနဲ့နင်းချေသည်။ တစ်ဘူးကို ဒေါ်လာတစ်ရာနီးနီးပေးရတဲ့ ဆေးလိပ်ဟာလဲ ဂျွန်ဂျောင်ဂုဆီရောက်ရင် တစ်ပဲခြောက်ပြားတန်လို တန်ဖိုးမဲ့သွားတာပါပဲ။

"လျော် နိုင် ရင် တိုက်"

ဘောင်းဘီအိတ်တွေထဲ ဟန်ပါပါလက်နှိုက်ရင်း တစ်လုံးချင်း ပီပီသသပြောလာပုံက မထီမဲ့မြင် ။ တဖန်အိတ်ကပ်ထဲက ပြန်ဆွဲထုတ်လိုက်တဲ့ ညာဘက်လက်မှာ ပါလာသည်က အနက်ရောင်ကတ္တီပါဘူးတစ်ဘူး။

"ရော့"

"ဘာကြီးလဲ"

"ဘာကြီးဖြစ်ဖြစ် ကျုပ်ကသဒ္ဓါလို့ပေးရင် ခင်ဗျားယူကိုယူရမယ်"

လက်ထဲကဘူးကို ဆတ်ခနဲဆွဲယူကာ ဖွင့်ကြည့်လိုက်တော့ နေရိပ်အောက်မှာတောင် တလက်လက်တောက်ပနေတဲ့ စိန်သေးသေးလေးတစ်ပွင့် ။ တိတိကျကျပြောရရင် စိန်နားကပ်တစ်ဖက် ။

"ခင်ဗျား နားမှာဝတ်ထားတဲ့ မဖြစ်စလောက်ဟာကို လွှင့်ပစ်လိုက် ၊ ဒါ 24 Carat စိန် ၊ နွားအိုမြက်နုကြိုက် စောက်မွဲအဘိုးကြီးတွေဆီက စပွန်ဆာရလာတဲ့ အစုတ်အပြတ်ပစ္စည်းတွေ ကျုပ်အိမ်ပေါ် ထပ်သယ်မလာနဲ့ ၊ ကျက်သရေတုံးတယ်"

သူနဲ့ကျမှ 14 Carat စိန်ကတောင် အစုတ်အပြတ်စာရင်း ဝင်သွားရသေးသည်။

"ဒါပဲမလား ရှေ့ကဖယ်!"

လူတင်မက ကားကိုပါ ထယ်ယောင်းကားရှေ့ပိတ်ရပ်ထားတာမို့ "ဖယ်" ချင်းထပ်အောင်ပြောနေရခြင်းသာ။

"နားကဟာကို လွှင့်ပစ်ပြီးမှ ကျုပ်ပြန်မယ်"

"ကျစ်! မင်းဟာပဲ တန်ကြေးရှိတာမဟုတ်ဘူး ဂျောင်ဂု ၊ ဒါလဲစိန်ပဲ ၊ မဝတ်ဖြစ်ရင် ပြန်ရောင်းစားလို့ရတယ် ၊ ဘာကိစ္စလွှင့်ပစ်ရမှာလဲ"

"ကျုပ်လက်နဲ့ဆွဲဖြုတ်လို့ ခင်ဗျားနားရွက်ပါ ပြုတ်ထွက်မသွားချင်ရင် ပြောတဲ့အတိုင်း အထွန့်မတက်ဘဲလုပ်!"

အမိန့်ပေးတဲ့လေသံ ၊ တင်စီးလွန်းတဲ့အပြုအမူတွေဆိုပေမယ့် အကြိမ်ကြိမ်နာခံနေမိတာက လက်အုပ်ချီပြီး ထိုင်ကိုးကွယ်ချင်စရာ ရုပ်ရည်ကြောင့်ပဲဖြစ်မည် ။ ပြည်ဖုံးကားချခဲ့ပြီးသားအတိတ်မှာ နင့်နင့်သီးသီး မေတ္တာသက်ဝင်ခဲ့ဖူးတာကြောင့်လဲ ပါကောင်းပါနိုင်၏ ။ လူတွေရှေ့မှာ စကားတောင် အသံကျယ်ကျယ်မပြောရဲတဲ့အထိ အသည်းငယ်ခဲ့ဖူးတဲ့ ယုန်ဖြူလေးက အခုတော့နတ်ဆိုးတစ်ပါးလို ဆိုးသွမ်းရမ်းကားတတ်နေပြီ ။ အထူးသဖြင့် သူ ဂင်မ်ထယ်ယောင်းအပေါ် ။ ဂျောင်ဂု အသက် ၁၅ နှစ်ကနေ ယခု၂၁ နှစ်အထိ ၊သူတို့သိကျွမ်းခဲ့တဲ့ ၆ နှစ်တာကာလမှာ ဘယ်ပုံစံက ဂျွန်ဂျောင်ဂုအစစ်လဲ ၊ ဘယ်ဟာက ဂျွန်ဂျောင်ဂုရဲ့သရုပ်အမှန်လဲ ထယ်ယောင်း ရေရေရာရာ မခွဲခြားတတ်။ ဂျောင်ဂုဆီက ချစ် ၊ ခင် ၊ ကြင်နာ ၊ သနားခြင်းတွေ အလုံးစုံရခဲ့သည်က လွန်လေပြီးသော အတိတ်ကာလမှာဖြစ်ပြီး သူ့အားဖိနှိပ်ချုပ်ခြယ်ချင်ရုံသပ်သပ် အနားမှာအရိပ်တကြည့်ကြည့်ရှိနေပေးသည်က လက်ရှိပစ္စုပ္ပန်ကာလမှာဖြစ်၏။

နားကပ်ကိုဖြုတ်ပြီး ခပ်လှမ်းလှမ်းက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တော့ စိတ်ကျေနပ်သွားဟန်နဲ့ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးသည်။ လစ်ဟာသွားတဲ့ နားပေါက်မှာ ခုနလေးတင် သူပေးထားတဲ့နားကပ်ကို စမ်းဝတ်ကြည့်နေပေမယ့် တော်တော်နဲ့မရ ။ မှန်ကြည့်ပြီးဝတ်နေကျကို ယခုလို မမြင်မစမ်းထိုးထည့်နေရသည့်အခါ အံဝင်ခွင်ကျဖြစ်မသွားပဲ ချော်ထွက်နေတာမို့ နားရွက်ဖျားတွေပင် ကြိမ်းစပ်လာရ၏။ တစ်ဖက်လူက "လာ ဝတ်ပေးမယ်"ဆိုတဲ့အထာနဲ့ လက်လှမ်းပေးနေတာသိပေမယ့် သူ တမင်မမြင်ချင်ယောင်ဆောင်နေတာ ။ အဲ့တာတောင် မြှောက်ထားတဲ့လက်ကြီးကို မချပဲ လေထဲမှာ တန်လန်းထားထားတာမို့ အားနာလာရတဲ့ ကိုယ်ကသာ သူ့ရှေ့တိုးကပ်သွားလိုက်ရ၏ ။

"ဖြေးဖြေးလုပ် ၊ ငါနာနေပြီ"

"အဟွန်း၊ အသံကိုက"

နားကပ်ဝတ်ပေးခြင်းအမှု ပြီးစီးသွားသည်တွင် စိန်တစ်ပွင့်ပန်ထားတဲ့ သူ့နားရွက်အား လက်ညှိုးတစ်ချောင်းနဲ့ဖွဖွထိတွေ့လို့ ..

"ကျုပ်ဟာလေး.. လှတယ်"

"ဘာပြောတာ"

"စိန်နားကပ်! လှတယ်"

ကားပေါ်ပြန်တက်ကာ အရှိန်ပြင်းပြင်းမောင်းနှင်ထွက်ခွါသွားသူထံမှ ပူရှိန်းနံ့သင်းသော ဆေးလိပ်အနံ့သည် သူ့အနားတစ်ဝိုက် လေထုတွင်ဝေ့ဝဲကာကျန်ရစ်၏။

"ကိုကို အဆင်ပြေရဲ့လားဟင်"

ဟုတ်ပါရဲ့ ။ ချိန်းထားတဲ့နေရာကိုရောက်မှ အနှောက်အယှက်ဝင်လာတာမို့ ကာပေါ်မှာ စောင့်ခိုင်းထားခဲ့မိသူကို သူလုံးလုံးသတိမေ့သွားခဲ့တာ ။

"ဆောရီး ၊ ကိုယ် ဒီနေ့တော့ ကတိမတည်နိုင်လောက်တော့ဘူး"

ထိုစကားတစ်ခွန်းသာဆိုပြီး ဂျယ်ဂျူကျွန်းကို သွားမယ့်အစီအစဉ်အစား သူမအိမ်ရှေ့ကိုသာ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လိုက်ပို့ဖြစ်ပါ၏။

_______________

စိတ်ကူးပေါက်ရာ လျှောက်မောင်းရင်း နောက်ဆုံးစခန်းချမိသည်က ဟိုတစ်ယောက်နဲ့ အတူသွားခဲ့ဖူးတဲ့Casino တစ်ခု။ ကြယ်ငါးပွင့်ဟော်တယ်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ဒီCasino က လောင်းကစားဝိုင်းတွေတင်မက တိုက်ရိုက်ဖျော်ဖြေရေးအစီစဉ်တွေပါရှိတာမို့ အပျင်းပြေ ဦးနှောက်ဆေးလို့ကောင်းသည်ဟု တစ်စုံတစ်ယောက်က ပြောဖူးသည် ။ မပက်သက်ရဲလို့ ထွက်ပြေးလာမိတိုင်း အမှတ်တရတွေပေါတဲ့ နေရာဟောင်းတွေမှာသာ သူ့ခြေထောက်တွေက အကြိမ်ကြိမ် အကျယ်ချုပ်ကျတတ်စမြဲ။

"ID မပါရင် ဝင်လို့မရပါဘူး"

"ဘာ!"

ငါ့များ ရာရာစစ ..။ မင်းပထွေးက ၂၃ နှစ် ဟ ။ ကိုယ့်ထက်နှစ်ကိုယ်စာလောက်ထွားတဲ့ လုံခြုံရေးကောင်ကို ထိုသို့ပမာမခန့် ပြန်အော်ရလောက်အောင်အထိ ဂင်မ်ထယ်ယောင်းလေး မိုက်ရူးရဲမဆန်သည်မို့...

"ကျွန်တော့်အသက် ၂၃ နှစ်ပါဗျ ၊ ဟီး.."

ဟိုကောင်နဲ့လာတိုင်း အစစ်အဆေး၊အမေးအမြန်းမရှိ ရွှတ်ခနဲ၊ဘွတ်ခနဲ ဝင်နေကြကို ကိုယ့်တစ်ယောက်တည်းကျမှ ID တောင်းခံရတာ နည်းနည်းတော့ခံရခတ်သည် ။

"ထင်သားပဲ ၊ ၁၃ နှစ်သားလို့"

"ခင်မျာ..၊ နှစ်ဆယ့်သုံးပါ ၊ နငယ်ဟထိုးစသပ် နှစ် !"

ဦးနှောက်ဆေးဖို့လာတာကနေ ဦးနှောက်ပါ ခြောက်တော့မည်ထင်ပါ၏။ အားနာပါးနာနဲ့တောင် ယုံကြည်ဟန်မပြတဲ့ လုံခြုံရေးကောင်ကိုကြည့်ပြီး ကိုယ့်ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်လိုက်မိတော့သည်။

"အဟင်း ၊ ထင်တဲ့အတိုင်း ဒီရောက်နေတာပဲ"

နောက်တော်ပါးကအသံနဲ့အတူ အနက်ရောင် Suit အပြည့်ဝတ်ထားတဲ့ လူတစ်အုပ်ကိုဦးဆောင်လို့ ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ တစ်လှမ်းချင်းလျှောက်လာသူက ဂျွန်ဂျောင်ဂုအစစ် ။ အဝေးကနေတောင် လှမ်းမြင်နေရတဲ့ ညာဘက်နားက စိန်တစ်ပွင့်က လက်ခနဲ ။ ကြည့်ရတာ ထုံးစံအတိုင်းတစ်စုံဝယ်ပြီး သူ့ကိုတစ်ဖက်ပေးတာထင်ပါ၏။

ရှပ်အင်္ကျီအဖြူကို တံတောင်ဆစ်နားအထိခေါက်တင်လို့ စတိုင်ဘောင်းဘီအနက်ရောင်နဲ့တွဲဝတ်ထားသူက အနားရောက်သည်နှင့် သူ့ကိုခေါင်းအစခြေအဆုံးတစ်ချက်ကြည့်ကာ Casino အတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်သွားသည်။ ဘာမှ စစ်ဆေးမေးမြန်းခြင်းမရှိတဲ့ လုံခြုံရေးကောင်ကို လှည့်ကြည့်လိုက်တော့ နောက်ကျောတောင် မမြင်ရတော့တဲ့လူကို ဒူးခေါင်းနဲ့နဖူး ထိလုမတတ် အရိုအသေပေးလို့ကောင်းတုန်း။

အလကား ဖင်ခေါင်းကျယ်တဲ့ကောင် ။ လူကိုတစ်ခါတည်းခေါ်သွားတော့ မြွေကိုက်မှာကျလို့ ။ ဒင်းမကူညီလဲ ရအောင်ကိုဝင်ပစ်ဦးမယ် ဟု တစ်ကိုယ်တည်းကြုံးဝါးကာ တံခါးရှေ့ကမခွါဘဲ ပေကပ်ရပ်နေလိုက်၏ ။

"အစ်ကို့!"

အသံကိုကြားဖူးသလိုလိုရှိပေမယ့် Mask တပ်ထားတာမို့ ထိုလူ သူ့အနားရောက်လာသည်အထိ ဘယ်သူဘယ်ဝါမှန်း ရေရေရာရာမသိသေး။

"ကျွန်တော်.. ဂျီဟွန်း"

နားနားမှာကပ်ပြီး ခပ်တိုးတိုးပြောလာကာမှ အထက်တန်းကျောင်းတုန်းက ဂျူနီယာ ပတ်ဂျီဟွန်းမှန်းသိတော့သည် ။ သရုပ်ဆောင်မင်းသားကြီးဖြစ်နေပြီဆိုတော့ ပရိတ်သတ် သတိမထားမိအောင် Mask တပ်ပြီး မထင်မရှားပုံစံနဲ့ လာတာဖြစ်လိမ့်မည်။

"အစ်ကို ဘာလုပ်နေတာလဲ ၊ မဝင်သေးဘူးလား ၊ ပြန်ထွက်လာတာလား"

"ID မပါလို့"

ပြောရတာတောင် ရင်ဘက်အောင့်သည် ။ သူ့လို ထောင်ထောင်မောင်းမောင်းကြီးကိုများ အသက်မပြည့်သေးဘူးထင်ပြီး အထဲပေးမဝင်တဲ့ ထိုလုံခြုံးရေးကောင်ကိုလည်း အားကြီးစိတ်တိုပါ၏။

"မရယ်နဲ့ ၊ မင်းကိုလဲ ဝင်ခိုင်းမှာမဟုတ်ဘူး ၊ ကြည့်နေ"

Mask တပ်ထားပေမယ့် ရယ်သံထွက်လာတာကြောင့် သူမကျေမချမ်း မျက်စောင်းထိုးလိုက်မိသည်။

"သူ့ကို ငါခေါ်သွားမယ် ၊ အသက်ပြည့်ပြီးသား ..၊ ငါ့ ပါတနာ"

ပတ်ဂျီဟွန်းကိုင်ထားတဲ့ အနက်ရောင်ကဒ်ပြားတစ်ခုပေါ်က ရွှေရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ VVIP ဆိုတဲ့ စာလုံးတွေကို မြင်ကာမှ ပါးစပ်အဟောင်းသား ဖြစ်သွားရသည့်အဖြစ်။ ဒင်းတို့တစ်တွေ အသက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုးမဟုတ်တဲ့နေရာမှာ ဖြစ်ဖြစ်မြောက်မြောက် ရှိနေကြတာမြင်တော့ စိတ်ထဲမကောင်း ၊ သူ့တုန်းက အဲ့လိုမလုပ်ခဲ့ရလို့လေ ။

အထဲရောက်တော့ ဝိုင်းတွေတောင် ပြည့်လုနီးနီး ။ စင်ပေါ်မှာ တီးဝိုင်းတစ်ဖွဲ့ရှိပြီး စင်အောက်နား ပရိတ်သတ်နဲ့ မလှမ်းမကမ်းနေရာမှာ လှောင်အိမ်ပုံစံ ဖန်လုံးတစ်လုံးနှင့် ထိုအထဲမှာ ကခုန်နေသော အမျိုးသမီးတစ်ဦး။ တိတိကျကျပြောရရင် Pole Dance ကနေတဲ့ Stripper တစ်ယောက်။

Casino တစ်ခုလုံးမှာ အကြီးဆုံးလို့ထင်ရတဲ့ဝိုင်းတွင်တော့ ဂျွန်ဂျောင်ဂုနဲ့အဖွဲ့က လုပ်ငန်းရှင်အဖွဲ့အစည်းတစ်ခုနဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ နေရာယူထား၏။ လက်စသတ်တော့ ဒင်းက အလုပ်ကိစ္စနဲ့ လာတာကိုး ။ သူ့ကိုမြင်တဲ့အခါ စိတ်အလိုမကျဖြစ်သွားပုံက ထိဆက်လုနီးနီး စုကျုံ့ပစ်လိုက်တဲ့ မျက်ခုံးတန်းတွေကိုကြည့်ရင် သိသာသည် ။ ကိုယ့်ခြေထောက်နဲ့ကို လာတာပဲ ..သူ့ခလုတ်တိုက်နေတာကျလို့ ။

အနားကဖြတ်သွားမိတော့ သူ့ဆီက Treasurer ဆေးလိပ်အနံ့ ခပ်ပါးပါးကိုရ၏ ။ အစည်းအဝေးလို့ သက်မှတ်လို့ရတဲ့ အခြေအနေမှာတောင် လက်ညှိုးနဲ့လက်ခလယ်ကြား ဆေးလိပ်ညှပ်လို့ ခြေချိတ်ထိုင်နေပုံက တင်တင်စီးစီး ။ ဒါကို ဟိုဖက်အဖွဲ့က စောဒကမတက်ရဲကြပုံထောက်ရင် သူတို့ဆွေးနွေးပွဲက ကုမ္ပဏီကိစ္စမဟုတ်ဘဲ အဲ့နောက်ကွယ်က မှောင်ခိုဂိုဏ်းတွေနဲ့ပက်သက်တာ တစ်ခုခုဖြစ်လိမ့်မည်။ နောက်ကျောပေးလိုက်ပြီး ဖြစ်သော်လည်း သူ့အကြည့်တွေ ကိုယ့်ဆီတောက်လျှောက် ကပ်ပါလာမှန်း ခံစားမိနေတာမို့ ကျောတောင်သိပ်မလုံချင် ။

"ဂျီဟွန်း ၊ ချိန်းထားတာရှိရင် သွားလေ ၊ အစ်ကို ဒီဘက်ထောင့်ဝိုင်းမှာပဲ ထိုင်တော့မယ် ၊ ခုနက ကူညီပေးတာကျေးဇူးနော်"

မျက်လုံးထောင့်စွန်းကနေ လှမ်းမြင်နေရတဲ့ အကြည့်တွေနဲ့သာဆို လူသတ်ပွဲအထိဖြစ်သွားနိုင်တာမလို့ မဆိုင်တဲ့သူကို ပြသနာမဖြစ်စေချင်တာကြောင့် မြန်မြန်ပ,ထုတ်နေမိခြင်းသာ။ နောက်ပြီး ပတ်ဂျီဟွန်းက နာမည်ကြီးရုပ်ရှင်မင်းသား ။ ကိုယ်နဲ့အတူလာတာ တစ်ယောက်ယောက်တွေ့သွားရင် သူ့အတွက်လဲ မလိုအပ်ဘဲ ဖြေရှင်းစရာကိစ္စတွေပိုလာနိုင်သည်။

"reservation ကြိုလုပ်ထားတဲ့ဝိုင်းကိုသွားကြမယ်လေ အစ်ကို ၊ ကျွန်တော်လဲ တစ်ယောက်ထဲလာတာမလို့"

တကယ်က ဒီညနေတွေ့ဖို့ ချိန်းထားတာရှိသည် ။ Casino ရှေ့မှာ အစ်ကိုထယ်ယောင်းကို တွေ့လိုက်လို့ တစ်ဖက်လူကို မလာဖြစ်တော့ဘူးဟု ငြင်းလိုက်တာဖြစ်၏ ။

ဝိုင်းကိုရောက်တော့ အချိန်အတိအကျနဲ့ကြိုမှာထားပုံရတဲ့ စားသောက်ဖွယ်ရာတွေက စားပွဲပေါ်မှာအဆင်သင့် ။ ဘားကောင်တာလည်းရှိတာမို့ အဖျော်ယမယာမျိုးစုံကို စိတ်ကြိုက်ထပ်မှာလို့ရသေးသည်။ သူ့အထင်တော့ ပတ်ဂျီဟွန်းလဲ ဂျွန်ဂျောင်ဂုကို မြင်ပြီးနေလောက်ပြီ ။ အကြောင်းမသိလို့ဘဲလား ၊ တမင်ဂရုမစိုက်တာလားတော့မသိပေမယ့် ဝိုင်းနားကိုရောက်လို့ ထယ်ယောင်းထိုင်ဖို့ ထိုင်ခုံဆွဲထုတ်ပေးပြီးတဲ့အထိ  လက်ကိုမလွတ်တမ်းဆုပ်ကိုင်ထားခဲ့တာဖြစ်၏။

"တစ်ယောက်တည်းဆိုပြီး အများကြီးမှာထားတယ် ၊ မင်း Casino နဲ့ စားသောက်ဆိုင်များမှားနေတာလား"

သူ့အပြောကြောင့် ပတ်ဂျီဟွန်းက ပြန်ချေပစရာ စကားရှာမရပုံနဲ့ ပြုံးစစလုပ်ရင်း ဂုတ်ပိုးကိုလက်ညှိုးနဲ့ကုတ်သည် ။

"အစ်ကိုကြိုက်တာ သပ်သပ်ထပ်မှာမယ်လေ ၊ ဒါတွေကို ရှင်းခိုင်းလိုက်မယ်"

"အာ.. ရတယ်ရတယ် ၊ အစ်ကိုက အသီးအရွက်ကလွဲလို့ အကုန်စား"

ရှေ့တည့်တည့်က ဟင်းပွဲကိုအရင်မြည်းစမ်းကြည့်ရင်း ပြောလိုက်တော့ "ဟုတ်ပါပီဗျာ" ဟု ဆိုကာ သူနာမည်မခေါ်တတ်တဲ့ ဝိုင်အဖြူတစ်မျိုးကို ခွက်ထဲမှာငှဲ့ပေးလာ၏။ ချိုမြမြအရသာနောက်တွင် လည်ချောင်းတစ်လျှောက် ရှတတလေးဖြစ်သွားတာမို့ သူအရင်က စမ်းသောက်ဖူးတဲ့ ဝီစကီအမျိုးအစားတွေနဲ့ယှဉ်ရင် အဝင်မဆိုးဘူးပြောရမည် ။ ကောင်းတောင်းတောင်းလေးမို့ နောက်ထပ်တစ်ငုံကနေ သုံး၊လေး၊ငါးခွက်အထိ လျှောခနဲ၊လျှောခနဲ ဝင်သွားသောအခါ သူ့အမြင်အာရုံတို့က ခပ်ထွေထွေလေး ဖြစ်လို့လာ၏ ။ မျက်နှာချင်းဆိုင်က ပတ်ဂျီဟွန်းကလဲ တစ်ချက်တစ်ချက် ဂျွန်ဂျောင်ဂုကြီး ဖြစ်ဖြစ်သွားတတ်သေးသည်။

"မင်းရှေ့ကို သတင်းမီဒီယာတွေ ခုချက်ချင်းရောက်မလာစေချင်ရင် ကိုင်ထားတဲ့လက်ကိုလွှတ်လိုက်!"

သူ အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ဂျွန်ဂျောင်ဂုက နှစ်ယောက်တောင်..။ နှစ်ယောက်လုံးကလဲ သူ့ကို လက်တစ်ဖက်တစ်ချက်စီကနေ ဆွဲထားကြတာမို့ သူကအလယ်မှာ ဟိုဘက်ကြည့်၊ဒီဘက်ကြည့်။ သဘောပေါက်ပြီ.. ဒီထဲကတစ်ယောက်က ပတ်ဂျီဟွန်းဖြစ်လောက်မည် ။ ဆေးလိပ်နံ့သင်းသင်းရတဲ့ ဘယ်ဘက်ခြမ်းကမှ သူ့ဂျွန်ဂျောင်ဂုအစစ်။

"ခင်ဗျား.. လာ!"

စွေ့ခနဲ လေပေါ်မြောက်တက်သွားတာက ပုခုံးတစ်ဖက်ပေါ် ကောက်ထမ်းလိုက်တဲ့ ဂျွန်ဂျောင်ဂုကြောင့်။ သူ့တံကောက်ကွေးအထက်နားကနေ လက်တစ်ဖက်တည်းနဲ့ထိန်းထားတာမို့ ပြုတ်ကျမှာစိုးမိပေမယ့် ခြေလှမ်းကျယ်တွေကြောင့် လူကလှုပ်စိလှုပ်စိဖြစ်နေကာ ဘယ်ဆွဲကိုင်လိုက်ရမှန်းမသိခင် ဆိုဖာလို့ထင်တဲ့အရာတစ်ခုပေါ် ဘုန်းခနဲ ပစ်ချခံလိုက်ရ၏။

ခပ်မှေးမှေးသာဖွင့်လို့ရတော့တဲ့ မျက်လုံးတွေကြောင့် မြင်ကွင်းက မပီမသ၊ဝိုးတဝါး။

"ကျုပ်ကလွဲရင် ဘယ်သူ့ဖြစ်ဖြစ်ကို ကြည်ဖြူနေတော့တာပဲ"

ထိုစကားအဆုံး ဂျိန်းခနဲ တံခါးပိတ်လိုက်သံကို ကြားလိုက်တာရတာကြောင့် သူလှဲနေတာ ကားနောက်ခန်းက ထိုင်ခုံရှည်ပေါ်မှာမှန်း ရိပ်မိသွားသည်။

"ဂျောင်..ဂု"

"ပြော!"

"ယောက်ဖလေး..."

"ကျစ်! ပါးစပ်ပိတ်ထား..ခင်ဗျား!"

လမ်းမထက် တရိပ်ရိပ်ပြေးနေတဲ့ကားလေးက ရုတ်တရက်ထိုးရပ်သွားကာ ကားမောင်းသူနေရာကဆင်းပြီး နောက်ခန်းထဲဝင်လာသူက ပက်လက်လန်နေတဲ့ သူ့ကိုယ်လုံးကို ခါးကနေဆွဲမှောက်ပစ်သည် ။

"ထပ်ခေါ်ကြည့်စမ်း!"

"ယောက်..ဖ.. ဟာ့!"

ဖြန်းခနဲ တင်ပါးပေါ်ရောက်လာတဲ့ လက်ဝါးချက်ကြောင့် အမူးပါ တစ်ဝက်ပြေချင်ချင်ဖြစ်သွား၏။

"ထပ်ခေါ်ဦးမလား ၊ ဟမ်!"

"ယောက်.. အာ့!..ဟာ့! ဂျောင်ဂု"

နှစ်ချက်ဆက်တိုက် အီဆိမ့်နေအောင် အရိုက်ခံလိုက်ရသည့်အခါ သူ တကယ်ကို အမူးပြေသွားခဲ့ပြီ ။

"မင်း! မှန်တာပြောတာကို ဘာလို့မခံမရပ်နိုင်ဖြစ်နေတာလဲ"

"ဂျွန်ထယ်ယောင်း!"

"ဘာ! ၊  ငါ့နာမည်မှာ မင်းမျိုးရိုးနာမည်တပ်ခေါ်ရအောင် မင်းယူထားတာငါမဟုတ်ဘူး ၊ ငါ့အစ်မ!"

"ဒါဆိုလဲ ခင်ဗျား ကျုပ်မယားငယ် လုပ်လိုက်လေ!"

"ဘာ"ဆိုတဲ့အသံတောင် ပါးစပ်က ထပ်ထွက်မလာတော့ ။ အံ့ဩလွန်းလို့ ပွင့်ဟ,သွားတဲ့ပါးစပ်ထဲ လျှာဖျားနွေးနွေးဝင်ရောက်လာမှ သူရုန်းကန်ဖို့သတိရသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်၏ ။

______________

Author's Note ||

စာဖတ်ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြိီး တင်ပါတယ်ရှင်~

____________

[ ZAWGYI ]

"ဘာလာရႈပ္တာလဲ"

ေမးတာကိုခ်က္ခ်င္းမေျဖဘဲ သူ႕ကားသူေနာက္ေက်ာမွီရပ္ထားရင္းက ေခါင္းေမာ့ကာ ေဆးလိပ္ေငြ႕ေတြ မႈတ္ထုတ္လိုက္တဲ့ဂ်ဳံးဂုအား သူစိတ္မရွည္ေတာ့။ ကားပါကင္ရဲ႕ ထင္သာျမင္သာေနရာတိုင္းမွာ ျပဴးေနေအာင္ခ်ိတ္ဆြဲထားတဲ့ NO SMOKING စာတန္းေတြသာ စကားေျပာတတ္ရင္ သူ႕ေရွ႕ကဂြၽန္ဂ်ဳံးဂုကို ဝိုင္းဆဲေနေလာက္ၿပီ။

"အဲ့ေလာက္ လုပ္ထားတာေတာင္ ေျခခိုင္ခိုင္ရပ္နိုင္ေသးတယ္ေနာ္ ၊ ခင္ဗ်ားရဲ႕ ခံနိုင္ရည္ကိုေတာ့ ေလးစားတယ္"

"ေလးစားရင္ ထိုင္ကန္ေတာ့လိုက္!"

ထိုစကားအဆုံး မ်က္ႏွာနားတိုးကပ္လာကာ ေဆးလိပ္ေငြ႕ေတြ မႈတ္ထုတ္လိုက္သူေၾကာင့္ သူ႕မွာ ေခ်ာင္းတဟြတ္ဟြတ္။ သီးပါသီးသြားတာေၾကာင့္ မ်က္ရည္ကခ်က္ခ်င္း ဝဲတက္လာသည္။

"အျဖစ္သည္းျပမေနနဲ႕ ၊ ဒီနားမွာ ခင္ဗ်ားကို သနားမယ့္လူ တစ္ေယာက္မွမရွိဘူး"

က်ဳပ္ကလြဲၿပီး ဆိုတာကိုေတာ့ သူတမင္ ခ်န္ထားခဲ့လိုက္တာ ။ ေဆးလိပ္ေငြ႕နဲ႕ထိလို႔ မ်က္ခုံးတန္းေလးေတြက်ဳံ႕သြားတာနဲ႕ တျခားတစ္ဖက္ကို မ်က္ႏွာလႊဲလိုက္တာပါပဲ ။ ဂင္မ္ထယ္ေယာင္းကိုက အထိမခံေ႐ႊပန္းကန္ ျဖစ္ေနတာေတာ့ သူလဲမတတ္နိုင္ ။

"မင္းအခုခ်ိန္ ကုမၸဏီမွာရွိေနရမွာမဟုတ္ဘူးလား ဂ်ဳံးဂု"

"က်ဳပ္တစ္ရက္ေလး အလုပ္မသြားလို႔ ကုမၸဏီက ေဒဝါလီခံမသြားဘူး စိတ္ခ် ..တစ္ေလာကလုံး စီးပြါးကပ္ဆိုက္သြားရင္ေတာင္ က်ဳပ္က ခင္ဗ်ားကို တင့္ေတာင္းတင့္တယ္ ထားနိုင္ေနဦးမွာ"

"ခင္ဗ်ားအစ္မကို.. လို႔ေျပာ"

ထိုစကားေၾကာင့္ ပါးေစာင္ကိုလွ်ာနဲ႕လွန္ထိုးလိုက္ပုံက မသိရင္ကိုယ္ကပဲ မဟုတ္တန္းတရားေတြ ေလွ်ာက္ေျပာေနသလိုလို။

"အခုတစ္ေယာက္ကေရာ ဘာဇယားလဲ ၊ One night stand?"

"မင္းမ်က္စိကို ေအာကားၾကည့္ဖို႔ေလာက္ပဲ သုံးတာထင္တယ္ ၊ ေန႕ခင္းေၾကာင္ေတာင္ႀကီးမွာ ဘယ္သူက One night stand နဲ႕ ဒိတ္မွာလဲ"

"က်ဳပ္ေလ.. ခင္ဗ်ားနဲ႕"

ေစာ္ကားျပန္ပီ ။

"လိုရင္းကိုေျပာ ၊ မင္းနဲ႕စကားနိုင္လုဖို႔ စိတ္မပါဘူး"

"ခင္ဗ်ား က်ဳပ္နဲ႕စိတ္ပါတာဆိုလို႔ အလုပ္ခံရတဲ့တစ္ခ်ိန္ပဲရွိတယ္"

"မင္း! မဖယ္ေပးရင္ ငါဝင္တိုက္မွာေနာ္!"

ထိုသို႔ေျပာေတာ့ သေကာင့္သားက ဟက္ခနဲ တစ္ခ်က္ရယ္ကာ လက္ၾကားထဲက Treasurer Luxury Black ေဆးလိပ္ကို ေျမေပၚပစ္ခ်ရင္း ဖိနပ္ဦးနဲ႕နင္းေခ်သည္။ တစ္ဘူးကို ေဒၚလာတစ္ရာနီးနီးေပးရတဲ့ ေဆးလိပ္ဟာလဲ ဂြၽန္ဂ်ဳံးဂုဆီေရာက္ရင္ တစ္ပဲေျခာက္ျပားတန္လို တန္ဖိုးမဲ့သြားတာပါပဲ။

"ေလ်ာ္ နိုင္ ရင္ တိုက္"

ေဘာင္းဘီအိတ္ေတြထဲ ဟန္ပါပါလက္ႏွိုက္ရင္း တစ္လုံးခ်င္း ပီပီသသေျပာလာပုံက မထီမဲ့ျမင္ ။ တဖန္အိတ္ကပ္ထဲက ျပန္ဆြဲထုတ္လိုက္တဲ့ ညာဘက္လက္မွာ ပါလာသည္က အနက္ေရာင္ကတၱီပါဘူးတစ္ဘူး။

"ေရာ့!"

"ဘာႀကီးလဲ"

"ဘာႀကီးျဖစ္ျဖစ္ ကျုပ်ကသဒ္ဒါလို့ပေးရင် ခင္ဗ်ားယူကိုယူရမယ္"

လက္ထဲကဘူးကို ဆတ္ခနဲဆြဲယူကာ ဖြင့္ၾကည့္လိုက္ေတာ့ ေနရိပ္ေအာက္မွာေတာင္ တလက္လက္ေတာက္ပေနတဲ့ စိန္ေသးေသးေလးတစ္ပြင့္ ။ တိတိက်က်ေျပာရရင္ စိန္နားကပ္တစ္ဖက္ ။

"ခင္ဗ်ား နားမွာဝတ္ထားတဲ့ မျဖစ္စေလာက္ဟာကို လႊင့္ပစ္လိုက္ ၊ ဒါ 24 Carat စိန္ ၊ ႏြားအိုျမက္ႏုႀကိဳက္ ေစာက္မြဲအဘိုးႀကီးေတြဆီက စပြန္ဆာရလာတဲ့ အစုတ္အျပတ္ပစၥည္းေတြ က်ဳပ္အိမ္ေပၚ ထပ္သယ္မလာနဲ႕ ၊ က်က္သေရတုံးတယ္"

သူနဲ႕က်မွ 14 Carat စိန္ကေတာင္ အစုတ္အျပတ္စာရင္း ဝင္သြားရေသးသည္။

"ဒါပဲမလား ေရွ႕ကဖယ္!"

လူတင္မက ကားကိုပါ ထယ္ေယာင္းကားေရွ႕ပိတ္ရပ္ထားတာမို႔ ဖယ္ ခ်င္းထပ္ေအာင္ေျပာေနရျခင္းသာ။

"နားကဟာကို လႊင့္ပစ္ၿပီးမွ က်ဳပ္ျပန္မယ္"

"က်စ္! မင္းဟာပဲ တန္ေၾကးရွိတာမဟုတ္ဘူး ဂ်ဳံးဂု ၊ ဒါလဲစိန္ပဲ ၊ မဝတ္ျဖစ္ရင္ ျပန္ေရာင္းစားလို႔ရတယ္ ၊ ဘာကိစၥလႊင့္ပစ္ရမွာလဲ"

"က်ဳပ္လက္နဲ႕ဆြဲျဖဳတ္လို႔ ခင္ဗ်ားနား႐ြက္ပါ ျပဳတ္ထြက္မသြားခ်င္ရင္ ေျပာတဲ့အတိုင္း အထြန့္မတက္ဘဲလုပ္!"

အမိန့္ေပးတဲ့ေလသံ ၊ တင္စီးလြန္းတဲ့အျပဳအမူေတြဆိုေပမယ့္ အႀကိမ္ႀကိမ္နာခံမိေနတာက လက္အုပ္ခ်ီၿပီး ထိုင္ကိုးကြယ္ခ်င္စရာ ႐ုပ္ရည္ေၾကာင့္ပဲျဖစ္မည္ ။ ျပည္ဖုံးကားခ်ခဲ့ၿပီးသားအတိတ္မွာ နင့္နင့္သီးသီး ေမတၱာသက္ဝင္ခဲ့ဖူးတာေၾကာင့္လဲ ပါေကာင္းပါနိုင္၏ ။ လူေတြေရွ႕မွာ စကားေတာင္ အသံက်ယ္က်ယ္မေျပာရဲတဲ့အထိ အသည္းငယ္ခဲ့ဖူးတဲ့ ယုန္ျဖဴေလးက အခုေတာ့နတ္ဆိုးတစ္ပါးလို ဆိုးသြမ္းရမ္းကားတတ္ေနၿပီ ။ အထူးသျဖင့္ သူ ဂင္မ္ထယ္ေယာင္းအေပၚ ။ ဂ်ဳံးဂု အသက္ ၁၅ ႏွစ္ကေန ယခု၂၁ ႏွစ္အထိ ၊သူတို႔သိကြၽမ္းခဲ့တဲ့ ၆ ႏွစ္တာကာလမွာ ဘယ္ပုံစံက ဂြၽန္ဂ်ဳံးဂုအစစ္လဲ ၊ ဘယ္ဟာက ဂြၽန္ဂ်ဳံးဂုရဲ႕သ႐ုပ္အမွန္လဲ ထယ္ေယာင္း ေရေရရာရာ မခြဲျခားတတ္။ ဂ်ဳံးဂုဆီက ခ်စ္ ၊ ခင္ ၊ ၾကင္နာ ၊ သနားျခင္းေတြ အလုံးစုံရခဲ့သည္က လြန္ေလၿပီးေသာ အတိတ္ကာလမွာျဖစ္ၿပီး သူ႕အားဖိႏွိပ္ခ်ဳပ္ျခယ္ခ်င္႐ုံသပ္သပ္ အနားမွာအရိပ္တၾကည့္ၾကည့္ရွိေနေပးသည္က လက္ရွိပစၥဳပၸန္ကာလမွာျဖစ္၏။

နားကပ္ကိုျဖဳတ္ၿပီး ခပ္လွမ္းလွမ္းက အမွိုက္ပုံးထဲ ပစ္ထည့္လိုက္ေတာ့ စိတ္ေက်နပ္သြားဟန္နဲ႕ ႏႈတ္ခမ္းတြန့္႐ုံ တစ္ခ်က္ၿပဳံးသည္။ လစ္ဟာသြားတဲ့ နားေပါက္မွာ ခုနေလးတင္ သူေပးထားတဲ့နားကပ္ကို စမ္းဝတ္ၾကည့္ေနေပမယ့္ ေတာ္ေတာ္နဲ႕မရ ။ မွန္ၾကည့္ၿပီးဝတ္ေနက်ကိဳ ယခုလို မျမင္မစမ္းထိုးထည့္ေနရသည့္အခါ အံဝင္ခြင္က်ျဖစ္မသြားပဲ ေခ်ာ္ထြက္ေနတာမို႔ နား႐ြက္ဖ်ားေတြပင္ ႀကိမ္းစပ္လာရ၏။ တစ္ဖက္လူက လာ ဝတ္ေပးမယ္ဆိုတဲ့အထာနဲ႕ လက္လွမ္းေပးေနတာသိေပမယ့္ သူ တမင္မျမင္ခ်င္ေယာင္ေဆာင္ေနတာ ။ အဲ့တာေတာင္ ျမႇောက္ထားတဲ့လက္ႀကီးကို မခ်ပဲ ေလထဲမွာ တန္လန္းထားထားတာမို႔ အားနာလာရတဲ့ ကိုယ္ကသာ သူ႕ေရွ႕တိုးကပ္သြားလိုက္ရ၏ ။

"ေျဖးေျဖးလုပ္ ၊ ငါနာေနၿပီ"

"အဟြန္း၊ အသံကိုက"

နားကပ္ဝတ္ေပးျခင္းအမႈ ၿပီးစီးသြားသည္တြင္ စိန္တစ္ပြင့္ပန္ထားတဲ့ သူ႕နား႐ြက္အား လက္ညွိုးတစ္ေခ်ာင္းနဲ႕ဖြဖြထိေတြ႕လို႔ ..

"က်ဳပ္ဟာေလး.. လွတယ္"

"ဘာေျပာတာ"

"စိန္နားကပ္! လွတယ္"

ကားေပၚျပန္တက္ကာ အရွိန္ျပင္းျပင္းေမာင္းႏွင္ထြက္ခြါသြားသူထံမွ ပူရွိန္းနံ႕သင္းေသာ ေဆးလိပ္အနံ႕သည္ သူ႕အနားတစ္ဝိုက္ ေလထုတြင္ေဝ့ဝဲကာက်န္ရစ္၏။

"ကိုကို အဆင္ေျပရဲ႕လားဟင္"

ဟုတ္ပါရဲ႕ ။ ခ်ိန္းထားတဲ့ေနရာကိုေရာက္မွ အႏွောက္အယွက္ဝင္လာတာမို႔ ကာေပၚမွာ ေစာင့္ခိုင္းထားခဲ့မိသူကို သူလုံးလုံးသတိေမ့သြားခဲ့တာ ။

"ေဆာရီး ၊ ကိုယ္ ဒီေန႕ေတာ့ ကတိမတည္နိုင္ေလာက္ေတာ့ဘူး"

ထိုစကားတစ္ခြန္းသာဆိုၿပီး ဂ်ယ္ဂ်ဴကြၽန္းကို သြားမယ့္အစီအစဥ္အစား သူမအိမ္ေရွ႕ကိုသာ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ျပန္လိုက္ပို႔ျဖစ္ပါ၏။

>>>>>>>>>

စိတ္ကူးေပါက္ရာ ေလွ်ာက္ေမာင္းရင္း ေနာက္ဆုံးစခန္းခ်မိသည္က ဟိုတစ္ေယာက္နဲ႕ အတူသြားခဲ့ဖူးတဲ့Casino တစ္ခု။ ၾကယ္ငါးပြင့္ေဟာ္တယ္မွာ တရားဝင္ဖြင့္လွစ္ထားတဲ့ ဒီCasino က ေလာင္းကစားဝိုင္းေတြတင္မက တိုက္ရိုက္ေဖ်ာ္ေျဖေရးအစီစဥ္ေတြပါရွိတာမို႔ အပ်င္းေျပ ဦးႏွောက္ေဆးလို႔ေကာင္းသည္ဟု တစ္စုံတစ္ေယာက္က ေျပာဖူးသည္ ။ မပက္သက္ရဲလို႔ ထြက္ေျပးလာမိတိုင္း အမွတ္တရေတြေပါတဲ့ ေနရာေဟာင္းေတြမွာသာ သူ႕ေျခေထာက္ေတြက အႀကိမ္ႀကိမ္ အက်ယ္ခ်ဳပ္က်တတ္စၿမဲ။

"ID မပါရင္ ဝင္လို႔မရပါဘူး"

"ဘာ!"

ငါ့မ်ား ရာရာစစ ..။ မင္းပေထြးက ၂၃ ႏွစ္ ဟ ။ ကိုယ့္ထက္ႏွစ္ကိုယ္စာေလာက္ထြားတဲ့ လုံၿခဳံေရးေကာင္ကို ထိုသို႔ပမာမခန့္ ျပန္ေအာ္ရေလာက္ေအာင္အထိ ဂင္မ္ထယ္ေယာင္းေလး မိုက္႐ူးရဲမဆန္သည္မို႔

"ကြၽန္ေတာ့္အသက္ ၂၃ ႏွစ္ပါဗ် ၊ ဟီး.."

ဟိုေကာင္နဲ႕လာတိုင္း အစစ္အေဆး၊အေမးအျမန္းမရွိ ႐ႊတ္ခနဲ၊ဘြတ္ခနဲ ဝင္ေနၾကကို ကိုယ့္တစ္ေယာက္တည္းက်မွ ID ေတာင္းခံရတာ နည္းနည္းေတာ့ခံရခတ္သည္ ။

"ထင္သားပဲ ၊ ၁၃ ႏွစ္သားလို႔"

"ခင္မ်ာ..၊ ႏွစ္ဆယ့္သုံးပါ ၊ နငယ္ဟထိုးစသပ္ ႏွစ္ !"

ဦးႏွောက္ေဆးဖို႔လာတာကေန ဦးႏွောက္ပါ ေျခာက္ေတာ့မည္ထင္ပါ၏။ အားနာပါးနာနဲ႕ေတာင္ ယုံၾကည္ဟန္မျပတဲ့ လုံၿခဳံေရးေကာင္ကိုၾကည့္ၿပီး ကိုယ့္ေခါင္းကိုသာ တဗ်င္းဗ်င္းကုတ္လိုက္မိေတာ့သည္။

"အဟင္း ၊ ထင္တဲ့အတိုင္း ဒီေရာက္ေနတာပဲ"

ေနာက္ေတာ္ပါးကအသံနဲ႕အတူ အနက္ေရာင္ Suit အျပည့္ဝတ္ထားတဲ့ လူတစ္အုပ္ကိုဦးေဆာင္လို႔ ေဘာင္းဘီအိတ္ထဲလက္ႏွိုက္ကာ တစ္လွမ္းခ်င္းေလွ်ာက္လာသူက ဂြၽန္ဂ်ဳံးဂုအစစ္ ။ အေဝးကေနေတာင္ လွမ္းျမင္ေနရတဲ့ ညာဘက္နားက စိန္တစ္ပြင့္က လက္ခနဲ ။ ၾကည့္ရတာ ထုံးစံအတိုင္းတစ္စုံဝယ္ၿပီး သူ႕ကိုတစ္ဖက္ေပးတာထင္ပါ၏။

ရွပ္အကၤ်ီအျဖဴကို တံေတာင္ဆစ္နားအထိေခါက္တင္လို႔ စတိုင္ေဘာင္းဘီအနက္ေရာင္နဲ႕တြဲဝတ္ထားသူက အနားေရာက္သည္ႏွင့္ သူ႕ကိုေခါင္းအစေျခအဆုံးတစ္ခ်က္ၾကည့္ကာ Casino အတြင္းသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ဝင္သြားသည္။ ဘာမွ စစ္ေဆးေမးျမန္းျခင္းမရွိတဲ့ လုံၿခဳံေရးေကာင္ကို လွည့္ၾကည့္လိုက္ေတာ့ ေနာက္ေက်ာေတာင္ မျမင္ရေတာ့တဲ့လူကို ဒူးေခါင္းနဲ႕နဖူး ထိလုမတတ္ အရိုအေသေပးလို႔ေကာင္းတုန္း။

အလကား ဖင္ေခါင္းက်ယ္တဲ့ေကာင္ ။ လူကိုတစ္ခါတည္းေခၚသြားေတာ့ ေႁမြကိုက္မွာက်လိဳ႕ ။ ဒင္းမကူညီလဲ ရေအာင္ကိုဝင္ပစ္ဦးမယ္ ဟု တစ္ကိုယ္တည္းႀကဳံးဝါးကာ တံခါးေရွ႕ကမခြါဘဲ ေပကပ္ရပ္ေနလိုက္၏ ။

"အစ္ကို႔!"

အသံကိုၾကားဖူးသလိုလိုရွိေပမယ့္ Mask တပ္ထားတာမို႔ ထိုလူ သူ႕အနားေရာက္လာသည္အထိ ဘယ္သူဘယ္ဝါမွန္း ေရေရရာရာမသိေသး။

"ကြၽန္ေတာ္.. ဂ်ီဟြန္း"

နားနားမွာကပ္ၿပီး ခပ္တိုးတိုးေျပာလာကာမွ အထက္တန္းေက်ာင္းတုန္းက ဂ်ဳနီယာ ပတ္ဂ်ီဟြန္းမွန္းသိေတာ့သည္ ။ သ႐ုပ္ေဆာင္မင္းသားႀကီးျဖစ္ေနၿပီဆိုေတာ့ ပရိတ္သတ္ သတိမထားမိေအာင္ Mask တပ္ၿပီး မထင္မရွားပုံစံနဲ႕ လာတာျဖစ္လိမ့္မည္။

"အစ္ကို ဘာလုပ္ေနတာလဲ ၊ မဝင္ေသးဘူးလား ၊ ျပန္ထြက္လာတာလား"

"ID မပါလို႔"

ေျပာရတာေတာင္ ရင္ဘက္ေအာင့္သည္ ။ သူ႕လို ေထာင္ေထာင္ေမာင္းေမာင္းႀကီးကိုမ်ား အသက္မျပည့္ေသးဘူးထင္ၿပီး အထဲေပးမဝင္တဲ့ ထိုလုံၿခဳံးေရးေကာင္ကိုလည္း အားႀကီးစိတ္တိုပါ၏။

"မရယ္နဲ႕ ၊ မင္းကိုလဲ ဝင္ခိုင္းမွာမဟုတ္ဘူး ၊ ၾကည့္ေန"

Mask တပ္ထားေပမယ့္ ရယ္သံထြက္လာတာေၾကာင့္ သူမေက်မခ်မ္းမ်က္ေစာင္းထိုးလိုက္မိသည္။

"သူ႕ကို ငါေခၚသြားမယ္ ၊ အသက္ျပည့္ၿပီးသား ..၊ ငါ့ ပါတနာ"

ပတ္ဂ်ီဟြန္းကိုင္ထားတဲ့ အနက္ေရာင္ကဒ္ျပားတစ္ခုေပၚက ေ႐ႊေရာင္တစ္ဖိတ္ဖိတ္ေတာက္ေနတဲ့ VVIP ဆိုတဲ့ စာလုံးေတြကို ျမင္ကာမွ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည့္အျဖစ္။ ဒင္းတို႔တစ္ေတြ အသက္ငယ္ငယ္ေလးနဲ႕ ဒီလိုမ်ိဳးမဟုတ္တဲ့ေနရာမွာ ျဖစ္ျဖစ္ေျမာက္ေျမာက္ ရွိေနၾကတာျမင္ေတာ့ စိတ္ထဲမေကာင္း ၊ သူ႕တုန္းက အဲ့လိုမလုပ္ခဲ့ရလို႔ေလ ။

အထဲေရာက္ေတာ့ ဝိုင္းေတြေတာင္ျပည့္လုနီးနီး ။ စင္ေပၚမွာ တီးဝိုင္းတစ္ဖြဲ႕ရွိၿပီး စင္ေအာက္နား ပရိတ္သတ္နဲ႕မလွမ္းမကမ္းေနရာမွာ ေလွာင္အိမ္ပုံစံဖန္လုံးတစ္လုံးႏွင့္ထိုအထဲမွာ ကခုန္ေနေသာအမ်ိဳးသမီးတစ္ဦး။ တိတိက်က်ေျပာရရင္ Pole Dance ကေနတဲ့ Stripper တစ္ေယာက္။

Casino တစ္ခုလုံးမွာ အႀကီးဆုံးလို႔ထင္ရတဲ့ဝိုင္းတြင္ေတာ့ ဂြၽန္ဂ်ဳံးဂုနဲ႕အဖြဲ႕က လုပ္ငန္းရွင္အဖြဲ႕အစည္းတစ္ခုနဲ႕ မ်က္ႏွာခ်င္းဆိုင္အေနအထားမွာ ေနရာယူထား၏။ လက္စသတ္ေတာ့ ဒင္းက အလုပ္ကိစၥနဲ႕လာတာကိုး ။ သူ႕ကိုျမင္တဲ့အခါ စိတ္အလိုမက်ျဖစ္သြားပုံက ထိဆက္လုနီးနီး စုက်ဳံ႕ပစ္လိုက္တဲ့ မ်က္ခုံးတန္းေတြကိုၾကည့္ရင္ သိသာသည္ ။ ကိုယ့္ေျခေထာက္နဲ႕ကို လာတာပဲ ..သူ႕ခလုတ္တိုက္ေနတာက်လိဳ႕ ။

အနားကျဖတ္သြားမိေတာ့ သူ႕ဆီက Treasurer ေဆးလိပ္အနံ႕ ခပ္ပါးပါးကိုရ၏ ။ အစည္းအေဝးလို႔ သက္မွတ္လို႔ရတဲ့အေျခအေနမွာေတာင္ လက္ညွိုးနဲ႕လက္ခလယ္ၾကား ေဆးလိပ္ညွပ္လို႔ ေျခခ်ိတ္ထိုင္ေနပုံက တင္တင္စီးစီး ။ ဒါကို ဟိုဖက္အဖြဲ႕က ေစာဒကမတက္ရဲၾကပုံေထာက္ရင္ သူတို႔ေဆြးႏြေးပြဲက ကုမၸဏီကိစၥမဟုတ္ဘဲ အဲ့ေနာက္ကြယ္က ေမွာင္ခိုဂိုဏ္းေတြနဲ႕ပက္သက္တာ တစ္ခုခုျဖစ္လိမ့္မည္။ ေနာက္ေက်ာေပးလိုက္ၿပီေသာ္လည္း သူ႕အၾကည့္ေတြ ကိုယ့္ဆီေတာက္ေလွ်ာက္ကပ္ပါလာမွန္း ခံစားမိေနတာမို႔ ေက်ာေတာင္သိပ္မလုံခ်င္ ။

"ဂ်ီဟြန္း ၊ ခ်ိန္းထားတာရွိရင္ သြားေလ ၊ အစ္ကို ဒီဘက္ေထာင့္ဝိုင္းမွာပဲ ထိုင္ေတာ့မယ္ ၊ ခုနက ကူညီေပးတာေက်းဇူးေနာ္"

မ်က္လုံးေထာင့္စြန္းကေန လွမ္းျမင္ေနရတဲ့ အၾကည့္ေတြနဲ႕သာဆို လူသတ္ပြဲအထိျဖစ္သြားနိုင္တာမလို႔ မဆိုင္တဲ့သူကို ျပသနာမျဖစ္ေစခ်င္တာေၾကာင့္ ျမန္ျမန္ပ,ထုတ္ေနမိျခင္းသာ။ ေနာက္ၿပီး ပတ္ဂ်ီဟြန္းက နာမည္ႀကီး႐ုပ္ရွင္မင္းသား ။ ကိုယ္နဲ႕အတူလာတာ တစ္ေယာက္ေယာက္ေတြ႕သြားရင္ သူ႕အတြက္လဲ မလိုအပ္ဘဲ ေျဖရွင္းစရာကိစၥေတြပိုလာနိုင္သည္။

"reservation ႀကိဳလုပ္ထားတဲ့ဝိုင္းကိုသြားၾကမယ္ေလ အစ္ကို ၊ ကြၽန္ေတာ္လဲ တစ္ေယာက္ထဲလာတာမလို႔"

တကယ္က ဒီညေနေတြ႕ဖို႔ ခ်ိန္းထားတာရွိတယ္ ။ Casino ေရွ႕မွာ အစ္ကိုထယ္ေယာင္းကို ေတြ႕လိုက္လို႔ တစ္ဖက္လူကို မလာျဖစ္ေတာ့ဘူး ျငင္းလိုက္တာ။

ဝိုင္းကိုေရာက္ေတာ့ အခ်ိန္အတိအက်နဲ႕ႀကိဳမွာထားပုံရတဲ့ စားေသာက္ဖြယ္ရာေတြက စားပြဲေပၚမွာအဆင္သင့္ ။ ဘားေကာင္တာလည္းရွိတာမို႔ အေဖ်ာ္ယမယာမ်ိဳးစုံကို စိတ္ႀကိဳက္ထပ္မွာလို႔ရေသးသည္။ သူ႕အထင္ေတာ့ ပတ္ဂ်ီဟြန္းလဲ ဂြၽန္ဂ်ဳံးဂုကို ျမင္ၿပီးေနေလာက္ၿပီ ။ အေၾကာင္းမသိလို႔ဘဲလား ၊ တမင္ဂ႐ုမစိုက္တာလားေတာ့မသိေပမယ့္ ဝိုင္းနားကိုေရာက္လို႔ ထယ္ေယာင္းထိုင္ဖို႔ ထိုင္ခုံဆြဲထုတ္ေပးၿပီးတဲ့အထိ  လက္ကိုမလြတ္တမ္းဆုပ္ကိုင္ထားခဲ့တာျဖစ္၏။

"တစ္ေယာက္တည္းဆိုၿပီး အမ်ားႀကီးမွာထားတယ္ ၊ မင္း Casino နဲ႕ စားေသာက္ဆိုင္မ်ားမွားေနတာလား"

သူ႕အေျပာေၾကာင့္ ပတ္ဂ်ီဟြန္းက ျပန္ေခ်ပစရာ စကားရွာမရပုံနဲ႕ ၿပဳံးစစလုပ္ရင္း ဂုတ္ပိုးကိုလက္ညွိုးနဲ႕ကုတ္သည္ ။

"အစ္ကိုႀကိဳက္တာ သပ္သပ္ထပ္မွာမယ္ေလ ၊ ဒါေတြကို ရွင္းခိုင္းလိုက္မယ္"

"အာ.. ရတယ္ရတယ္ ၊ အစ္ကိုက အသီးအ႐ြက္ကလြဲလို႔ အကုန္စား"

ေရွ႕တည့္တည့္က ဟင္းပြဲကိုအရင္ျမည္းစမ္းၾကည့္ရင္း ေျပာလိုက္ေတာ့ ဟုတ္ပါပီဗ်ာ ဟု ဆိုကာ သူနာမည္မေခၚတတ္တဲ့ ဝိုင္အျဖဴတစ္မ်ိဳးကို ခြက္ထဲမွာငွဲ႕ေပးလာ၏။ ခ်ိဳျမျမအရသာေနာက္တြင္ လည္ေခ်ာင္းတစ္ေလွ်ာက္ ရွတတေလးျဖစ္သြားတာမို႔ သူအရင္က စမ္းေသာက္ဖူးတဲ့ ဝီစကီအမ်ိဳးအစားေတြနဲ႕ယွဥ္ရင္ အဝင္မဆိုးဘူးေျပာရမည္ ။ ေကာင္းေတာင္းေတာင္းေလးမို႔ ေနာက္ထပ္တစ္ငုံကေန သုံး၊ေလး၊ငါးခြက္အထိ ေလွ်ာခနဲ၊ေလွ်ာခနဲ ဝင္သြားေသာအခါ သူ႕အျမင္အာ႐ုံတို႔က ခပ္ေထြေထြေလး ျဖစ္လို႔လာ၏ ။ မ်က္ႏွာခ်င္းဆိုင္က ပတ္ဆူဟိုကလဲ တစ္ခ်က္တစ္ခ်က္ ဂြၽန္ဂ်ဳံးဂုႀကီး ျဖစ္ျဖစ္သြားတတ္ေသးသည္။

"မင္းေရွ႕ကို သတင္းမီဒီယာေတြ ခုခ်က္ခ်င္းေရာက္မလာေစခ်င္ရင္ ကိုင္ထားတဲ့လက္ကိုလႊတ္လိုက္!"

သူ အားယူၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ဂြၽန္ဂ်ဳံးဂုက ႏွစ္ေယာက္ေတာင္..။ ႏွစ္ေယာက္လုံးကလဲ သူ႕ကို လက္တစ္ဖက္တစ္ခ်က္စီကေန ဆြဲထားၾကတာမို႔ သူကအလယ္မွာ ဟိုဘက္ၾကည့္၊ဒီဘက္ၾကည့္။ သေဘာေပါက္ၿပီ.. ဒီထဲကတစ္ေယာက္က ပတ္ဂ်ီဟြန္းျဖစ္ေလာက္မည္ ။ ေဆးလိပ္နံ႕သင္းသင္းရတဲ့ ဘယ္ဘက္ျခမ္းကမွ သူ႕ဂြၽန္ဂ်ဳံးဂုအစစ္။

"ခင္ဗ်ား.. လာ!"

ေစြ႕ခနဲ ေလေပၚေျမာက္တက္သြားတာက ပုခုံးတစ္ဖက္ေပၚ ေကာက္ထမ္းလိုက္တဲ့ ဂြၽန္ဂ်ဳံးဂုေၾကာင့္။ သူ႕တံေကာက္ေကြးအထက္နားကေန လက္တစ္ဖက္တည္းနဲ႕ထိန္းထားတာမို႔ ျပဳတ္က်မွာစိုးမိေပမယ့္ ေျခလွမ္းက်ယ္ေတြေၾကာင့္ လူကလႈပ္စိလႈပ္စိျဖစ္ေနကာ ဘယ္ဆြဲကိုင္လိုက္ရမွန္းမသိခင္ ဆိုဖာလို႔ထင္တဲ့အရာတစ္ခုေပၚ ဘုန္းခနဲ ပစ္ခ်ခံလိုက္ရ၏။

ခပ္ေမွးေမွးသာဖြင့္လို႔ရေတာ့တဲ့ မ်က္လုံးေတြေၾကာင့္ ျမင္ကြင္းက မပီမသ၊ဝိုးတဝါး။

"က်ဳပ္ကလြဲရင္ ဘယ္သူ႕ျဖစ္ျဖစ္ကို ၾကည္ျဖဴေနေတာ့တာပဲ"

ထိုစကားအဆုံး ဂ်ိန္းခနဲ တံခါးပိတ္လိုက္သံကို ၾကားလိုက္တာရတာေၾကာင့္ သူလွဲေနတာ ကားေနာက္ခန္းက ထိုင္ခုံရွည္ေပၚမွာမွန္း ရိပ္မိသြားသည္။

"ဂ်ဳံး..ဂု"

"ေျပာ!"

"ေယာက္ဖေလး"

"က်စ္! ပါးစပ္ပိတ္ထား..ခင္ဗ်ား!"

လမ္းမထက္ တရိပ္ရိပ္ေျပးေနတဲ့ကားေလးက ႐ုတ္တရက္ထိုးရပ္သြားကာ ကားေမာင္းသူေနရာကဆင္းၿပီး ေနာက္ခန္းထဲဝင္လာသူက ပက္လက္လန္ေနတဲ့ သူ႕ကိုယ္လုံးကို ခါးကေနဆြဲေမွာက္ပစ္သည္ ။

"ထပ္ေခၚၾကည့္စမ္း!"

"ေယာက္..ဖ.. ဟာ့!"

ျဖန္းခနဲ တင္ပါးေပၚေရာက္လာတဲ့ လက္ဝါးခ်က္ေၾကာင့္ အမူးပါ တစ္ဝက္ေျပခ်င္ခ်င္ျဖစ္သြား၏။

"ထပ္ေခၚဦးမလား ၊ ဟမ္!"

"ေယာက္.. အာ့!..ဟာ့! ဂ်ဳံးဂု"

ႏွစ္ခ်က္ဆက္တိုက္ အီဆိမ့္ေနေအာင္ အရိုက္ခံလိုက္ရသည့္အခါ သူ တကယ္ကို အမူးေျပသြားခဲ့ၿပီ ။

"မင္း! မွန္တာေျပာတာကို ဘာလို႔မခံမရပ္နိုင္ျဖစ္ေနတာလဲ"

"ဂြၽန္ထယ္ေယာင္း!"

"ဘာ! ၊  ငါ့နာမည္မွာ မင္းမ်ိဳးရိုးနာမည္တပ္ေခၚရေအာင္ မင္းယူထားတာငါမဟုတ္ဘူး ၊ ငါ့အစ္မ!"

"ဒါဆိုလဲ ခင္ဗ်ား က်ဳပ္မယားငယ္ လုပ္လိုက္ေလ!"

"ဘာ" ဆိုတဲ့အသံေတာင္ ပါးစပ္က ထပ္ထြက္မလာေတာ့ ။ အံ့ဩလြန္းလို႔ ပြင့္ဟ,သြားတဲ့ပါးစပ္ထဲ လွ်ာဖ်ားႏြေးႏြေးဝင္ေရာက္လာမွ သူ႐ုန္းကန္ဖို႔သတိရေသာ္လည္း ေနာက္က်သြားခဲ့ၿပီျဖစ္၏ ။

>>>>>>>>>>

Authors Note ||

ဖတ္ေပးတဲ့တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္လွ်က္~

____________________

Continue Reading

You'll Also Like

1.9M 193K 68
Jeon JungKook Kim Taehyung KookV
925K 70.6K 35
နေမဝင်အင်ပါယာကြီးရဲ့ Dominant Alpha King Jeon Jungkook... မိမိကို ချုပ်ကိုင်မည့် မည်သည့်အရာကိုမှ လက်မခံနိုင်တဲ့ King က Omega တွေကိုလဲ မုန်းတီးနေသတဲ့...
1M 29.8K 38
🚨🔞 warning fic 🔞🚨 မည်သူ တဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့လို့ပြောချင်ပါတယ် ရှင့်
1.3M 57.1K 26
Jk - Possessive type #Warning Cv_ Pinterest
Wattpad App - Unlock exclusive features