လူပြတ်တဲ့လမ်းမပေါ်မှာ Kun ကျွန်တော့်ကိုထားပြီးထွက်သွားတယ်။
သူ့ phone keychain လေးကိုလည်းပြန်မယူသွားဘူး။
ကျွန်တော့်လက်ထဲကနေလမ်းပေါ်လွတ်ကျသွားတဲ့ထိုအန်စာတုံးလေးဟာအပြာရောင်ကနေအနီရောင်သို့ချက်ချင်းပြောင်းလဲသွားတာကိုအံ့သြစွာနဲ့ကျွန်တော်ကြည့်နေမိတယ်။
ပူနွေးနေတဲ့မြေပြင်ပေါ်ကနေလဲနေရာမှကျွန်တော်ထရပ်လိုက်တယ်။
အရောင်ပြောင်းကာကျွန်တော့်လက်ထဲကနေမြေကြီးပေါ်လွတ်ကျသွားတဲ့အတ်ိုင်းလေးရှိနေတဲ့အန်စာတုံးလေးကိုကျွန်တော်ကြည့်နေမိတယ်။
ကျနေတဲ့ကျွန်တော့်လွယ်အိတ်ကိုယူကာကောက်လွယ်လိုက်ပြီးမျက်နှာပေါ်မှချွေးတစ်ချို့ကိုလက်ခုံဖြင့်သပ်လိုက်တယ်။
အနီရောင်အဖြစ်ပြောင်းသွားတဲ့အန်စာတုံးလေးကိုမဝ့ံမရဲကျွန်တော်ကောက်လိုက်တယ်။
လက်ဖဝါးကိုဖြန့်၍ထိုအနီရောင်အန်စာတုံးလေးအားထူးဆန်းစွာကျွန်တော်ဆက်ကြည့်နေမိသေးတယ်။
လူတကာခိုင်းဖက်ဖြစ်နေတဲ့ကျွန်တော့်ဘဝနဲ့လူတောမတိုးတဲ့ကျွန်တော့်အသွင်အပြင်တွေကိုပြောင်းလဲချင်မိလို့အိမ်မှာအမြဲမှန်ရှေ့ရောက်တိုင်းမဖြစ်နိုင်တဲ့ Kun ပြောတဲ့စကားအရဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်ချမှတ်ခဲ့ဖူးတယ်။
အဲ့ဒီဆုံးဖြတ်ချက်ကိုအခုချိန်မှာအကောင်အထည်ဖော်လို့ရနိုင်မလားဆိုတဲ့မရေရာတဲ့အတွေးတစ်ခုလေးနဲ့ဖြန့်ထားတဲ့လက်ဖဝါးပေါ်ကအနီရောင်အန်စာတုံးလေးကိုကြည့်ရင်းကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာအိမ်သို့ဦးတည်လျှောက်လာခဲ့တယ်။
အိမ်ပြန်ရောက်တဲ့အချိန်ကညရနာရီဝန်းကျင်လောက်ရှိနေပြီဆိုတော့မှောင်မိုက်တဲ့ပတ်ဝန်းကျင်ကသာကျွန်တော့်ကိုစောင့်မျှော်နေတယ်။
လွယ်အိတ်ချ၍ကိုယ်လက်သန့်စင်ရေချိုးရန်ပြင်ဆင်လိုက်ပြီးအဝတ်စားလဲလိုက်တယ်။
ရောက်ရောက်ချင်းစာကြည့်စားပွဲပေါ်မှာတင်ထားခဲ့တဲ့အန်စာတုံးလေးကိုရေချိုးခန်းထဲကထွက်လာလို့အဝတ်စားလဲပြီးတဲ့အချိန်စာကြည့်စားပွဲနားသွားကာထိုင်၍အနီးကပ်ထပ်ကြည့်လိုက်ပြန်တယ်။
လက်ထဲမှထိုအန်စာတုံးလေးကိုအပြန်ပြန်အလှန်လှန်စူးစမ်းကြည့်နေမိတယ်။
ဘေးမှာချထားတဲ့ကျွန်တော့်ဖုန်းမှ Notification တစ်ခုလာတဲ့အသံကြောင့်ဖုန်းကိုကျွန်တော်ယူကာဖွင့်ကြည့်လိုက်တယ်။
ဘယ်သူ့ဆီကမှန်းမသိတဲ့ Message တစ်ခုဟာကျွန်တော့် phone screen ပေါ်မှာနေရာယူနေတယ်။
ကျွန်တော့် Contact မှာတစ်ခါမှမမှတ်ထားခဲ့ဖူးတဲ့ "X" ဆိုတဲ့နာမည်နဲ့လူတစ်ယောက်ဟာကျွန်တော့်ကို Message လာပို့တယ်။
📱Hello! 📱
📱ဘယ်သူလဲ? 📱
📱ငါ့နာမည်က X ပါ 📱
သူ့နာမည်က X လို့ပြောနေတဲ့ဘယ်ကမှန်းမသိတဲ့သူဟာကျွန်တော့်ကိုထူးဆန်းစွာနဲ့လာမိတ်ဆက်နေတယ်။
ဘယ်လိုလူတွေမှန်းမသိလို့ဖုန်းကိုဘေးချကာသူ့ Message တွေကိုလျစ်လျူရှုထားလိုက်ပြီးအန်စာတုံးလေးကိုသာကိုင်ကြည့်နေမိတယ်။
📱မင်းအခုအကျႌအနက်ရောင်နဲ့မီးခိုးရောင်ဘောင်းဘီအတိုဝတ်ထားတာမလား? 📱
Notification နောက်တစ်ကြိမ်ဝင်လာလို့ကြည့်လိုက်ပြန်တော့ ထို "X" ဆိုတဲ့သူဟာကျွန်တော်ဝတ်ထားတဲ့အကျႌနဲ့ဘောင်းဘီအရောင်ကိုတပ်အပ်လာပြောတယ်။
သူ့ Message ဖတ်ပြီးပြီးချင်းလန့်သွားရလို့ဖုန်းကိုဘေးသို့ချက်ချင်းလွှတ်ချကာထိုင်နေရာမှထရပ်လိုက်တယ်။
ဘေးဘီကိုကျွန်တော်တစ်ချက်ဝှေ့ကြည့်လိုက်တော့ဘယ်သူမှရှိမနေပါဘူး။ ဒါပေမယ့်သူကဘယ်လိုကျွန်တော့်ကိုမြင်နိုင်တာလဲ?
ကျွန်တော်ကိုယ့်ဖုန်းကိုတောင်မကြည့်ရဲတော့လောက်အောင်ကြောက်လန့်သွားရတယ်။
အသံမပိတ်ထားတဲ့ကျွန်တော့်ဖုန်းကနောက်ထပ် Notification တက်လို့လာတယ်။
📱ငါ့ကိုမကြောက်ပါနဲ့ ငါမင်းကိုဘာမှမလုပ်ပါဘူး မင်းလက်ထဲမှာအခုငါရှိနေပြီပဲ မင်းဖြစ်ချင်နေတဲ့ပုံစံကိုငါပြောင်းလဲပေးလို့ရပြီ 📱
အဝေးကနေလှမ်းကြည့်လိုက်တဲ့ကျွန်တော့် Phone screen ပေါ်ကသူ့ Message အတိုအထွာလေးကိုလှမ်းမြင်နေရတယ်။
ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီးတုန်ယင်နေတဲ့လက်တွေနဲ့ဖုန်းကိုကျွန်တော်ယူကြည့်လိုက်တယ်။
📱ကျွန်တော်ဖြစ်ချင်သလိုခင်ဗျားကတကယ်ပြောင်းလဲပေးနိုင်လို့လား? 📱
📱ဒါပေါ့ သူများတွေမင်းကိုထပ်မခိုင်းရဲတော့လောက်အောင်မင်းမျက်နှာကအရမ်းချောမောနေပြီးလူတကာအလယ်မှာ attention အပြည့်ရနိုင်မယ်ဆိုမင်းလည်းပျော်ရမယ်လေ ဟုတ်တယ်မလား? 📱
📱 လူတကာခိုင်းဖက်ဆိုတဲ့ကျွန်တော့်ဘဝကြီးကိုစတေးလိုက်ချင်ပြီ အဲ့တော့ကျွန်တော်ဖြစ်ချင်သလိုပြောင်းလဲပေးပါ 📱
📱 လွယ်ပါတယ် မင်းတောင်းဆိုတာက.. ဘယ်လိုပဲဖြစ်ဖြစ်ဂုဏ်ယူပါတယ် မင်းအခု Dicer ဖြစ်သွားပြီ 📱
Dicer? X ဆိုတဲ့လူကြီးပြောလိုက်တဲ့ Dicer ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်နားမလည်ဘူး။ Kun ဆီကလုယူခဲ့တဲ့ ဒီ Dice လေးဟာကျွန်တော့်လက်ထဲကနေလွတ်ကျသွားတဲ့အချိန်မှာအရောင်ပြောင်းသွားတယ်။ ပြီးတော့ကျွန်တော့်ကို X ကပြောတယ်။ ကျွန်တော် အခု Dicer ဖြစ်သွားပြီတဲ့။
ဘာတွေဘယ်လိုဖြစ်နေတာလဲကျွန်တော်တကယ်မသိတော့ဘူး။ ဘယ်အရာကဒီလိုတွေဖြစ်အောင်ဖန်တီးပြီးကိုင်တွယ်နေတာလဲတကယ်နားမလည်နိုင်တော့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ်.... အခုကျွန်တော်ဖြစ်ချင်ခဲ့တဲ့အတိုင်းပြောင်းလဲခွင့်ရပြီဆိုတော့.... ဝမ်းသာမိပါတယ်....
-------------------------
"Si Cheng!! ငါ့ကို Canteen မှာပေါင်မုန့်နဲ့ကော်ဖီသွားဝယ်ပေး....ပေး....."
စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်နှစ်ရက်ကုန်လွန်ပြီးလို့တင်္နလာနေ့ကျောင်းပြန်တက်ရတဲ့နေ့မှာထုံးစံအတိုင်းဟိုဟာဝယ်ခိုင်းဒီဟာဝယ်ခိုင်းလိုက်နဲ့ အဲ့ဒီခိုင်းစေမှုတွေနဲ့ပဲစတင်ကြိုဆိုခံရတယ်။
အရင်လိုကျောင်းကိုစောစောရောက်လာတတ်တာမျိုးမဟုတ်တော့ပဲကျောင်းတက်ဖို့မိနစ် ၂၀ အလိုလောက်မှရောက်လာခဲ့တဲ့ကျွန်တော့်ကိုခိုင်းစားနေကျကောင်တွေကထုံးစံအတိုင်း Canteen မှာမုန့်သွားဝယ်ခိုင်းတာပေါ့။
ပြောင်းလဲနေတဲ့ကျွန်တော့်မျက်နှာပေါ်ကအရင်လိုအဖုအပိန့်တွေ၊ဝက်ခြံတွေနဲ့မဟုတ်ပဲဖြူစင်ဝင်းပနေတဲ့ပုံကိုသူတို့တွေ့လိုက်ရလို့ရုတ်တရက်စကားတွေတောင်ထစ်ပြီးခိုင်းဖို့ပြောနေတာတွေကအစရပ်တန့်လို့သွားရတယ်။
ကျွန်တော်သူတို့ခိုင်းတာကိုဂရုတောင်မစိုက်ပဲမကြားချင်ယောင်ဆောင်ကာကျော်ပြီးထွက်လာလိုက်တယ်။
"အဲ့ဒါ Sicheng ရောဟုတ်ရဲ့လား?"
"ကျောင်းသားသစ်လား? Sicheng နဲ့နည်းနည်းဆင်တယ်နော်"
"ဟဲ့ အဲ့ဒါ Sicheng မလား? ဘယ်လိုဖြစ်တာလဲ?"
"သူက Dong Si Cheng မဟုတ်ဖူးလား? ချောလာတယ်နော်"
စသဖြင့်စကားသံပေါင်းစုံကျွန်တော့်နားမှာပျံဝဲသွားတာပေါ့။ ကျွန်တော့်ရဲ့ပြောင်းလဲသွားတဲ့အသွင်အပြင်တွေကိုကြည့်ပြီးကျောင်းကလူတွေအားလုံးတအံ့တသြနဲ့ဖြစ်ကုန်ကြတယ်လေ။ Haha.. X ပြောတဲ့ Attention တွေက Kun မဟုတ်တဲ့ကျွန်တော့်အနားမှာဝဲလို့နေပါလား....အခုတော့လည်း... လူတကာခိုင်းဖက်ဆိုတဲ့ကျွန်တော့်ဘဝကိုကျွန်တော်ကိုယ်တိုင်ကပဲပြန်ပြောင်းနိုင်ခဲ့တာပါလား..ကျွန်တော်ပစ်လိုက်တဲ့အန်စာတုံးကကျလာတဲ့နံပါတ်တစ်ကကျွန်တော့်ကိုခိုင်းဖက်ဘဝရောက်စေပေမယ့် Kun ဆီကလုယူနိုင်ခဲ့တဲ့ဒီအရောင်ပြောင်းအန်စာတုံးကအခုကျွန်တော့်ကိုပြန်လည်ပြောင်းလဲပေးနိုင်ခဲ့တယ်။
အတန်းထဲကိုယုံကြည်ချက်ရှိစွာလျှောက်လှမ်းလာတဲ့ကျွန်တော့်ခြေလှမ်းတွေအရှေ့မှာဘယ်သူ့မှသူ့လောက်ကျွန်တော့်ကိုမဖမ်းစားနိုင်တဲ့ Yuta gege ရောက်လို့လာတယ်။
သူလည်းသူများတွေလိုပဲ ကျွန်တော့်ကိုတွေ့တော့တအံ့တသြကြည့်နေတယ်။
"Winwin.."
"Ni hao yuta gege"
ကျွန်တော့်မျက်လုံးတွေမှိတ်သွားတဲ့အထိ Gege ကိုပြုံးပြပြီးနှုတ်ဆက်ကာသူ့အနားသို့သွားလိုက်တယ်။
"Winwin..ချောလာလိုက်တာ...."
"Gege ကိုမမှီပါဘူးဗျာ..."
"Winwin ကတော့မြှောက်ပြီ.. ထားပါတော့... အတန်း စ တော့မယ် ဝင်တော့လေ"
"ဟုတ်"
အတန်းထဲကိုကျွန်တော်ဝင်သွားလိုက်တဲ့အချိန်မှာအားလုံးကအံ့အားသင့်စွာပါးစပ်အဟောင်းသားနဲ့ကြည့်နေကြတယ်။
သူတို့ကိုဂရုစိုက်မနေပဲကိုယ့်နေရာကိုယ်ဝင်ထိုင်နေလိုက်တယ်။ ခဏနေတော့ Kun ရောက်လာပြီးကျွန်တော့်ဘေးမှာဝင်ထိုင်တယ်။
ဆရာမဝင်လာတော့အားလုံးနှုတ်ဆက်ကြပြီးစာအုပ်များထုတ်ကာစာသင်ကြရတယ်။
စာသင်ချိန်တစ်ချိန်ပြီးတော့ Kun ကကျွန်တော့်လက်ကိုအတင်းဆွဲပြီးအတန်းအပြင်ကိုခေါ်ထုတ်လာတယ်။
ရုပ်ပျက်ဆင်းပျက်မို့အားလုံးလည်းသတိထားမိကြတယ်။
"မင်းဘာတွေလုပ်နေတာလဲ!?"
"အဲ့ဒါကိုငါကမေးရမှာ! မင်းလည်း Dicer မလား? ဟုတ်တယ်မလား? အဲ့ဒါကြောင့်မင်း လူတကာရဲ့ attention ကိုရနေတာ!"
"ငါ့ဘာသာငါဘာပဲဖြစ်ဖြစ်မင်းနဲ့မဆိုင်ဘူး! မင်းအခုငါ့ Dice ကိုယူသုံးပြီးဒီလိုကောင်းစားချင်တိုင်းကောင်းစားနေလို့ရမလား...!?"
"မင်း Dice ကိုငါယူခဲ့တာမှန်တယ် ဒါပေမယ့်မင်းပစ္စည်းကိုမင်းပြန်လုမယူခဲ့ဘူးလား? ဘာမှမပြောပဲငါနဲ့ထားခဲ့တယ်မလား? အဲ့တော့ငါ့အပိုင်ဖြစ်သွားတဲ့သဘောပဲလေ"
"Haha အေးပါ.. ငါ့မှာ Dice တစ်ခုတည်းရှိတာမှမဟုတ်တာ မင်းဆီတစ်ခုရောက်သွားတာမဆန်းပါဘူး.."
"....."
Kun မှာ Dice တစ်ခုတည်းရှိတာမဟုတ်ဖူးတဲ့လား? အဲ့ဒါဆိုသူဘယ်လိုတွေထပ်လုပ်ဦးမှာလဲ? သူကျွန်တော့်ထက်ကျော်သွားမှာများလား..? ကျွန်တော့်ထက်ပိုပြီးသူက Yuta gege နဲ့ရင်းနှီးနေတော့အဆင့်ကျော်သွားမှာကျွန်တော်ကြောက်တယ်..မဖြစ်နိုင်ပါဘူး... Kun ကကျွန်တော့်လိုတော့မဟုတ်လောက်ပါဘူးလေ....
-------------------
ည ၈နာရီအချိန်မှာကျွန်တော်စာကြည့်စားပွဲရှေ့တွေးတောနေတယ်။ ဖုန်းကိုကြည့်နေပေမယ့်ဖုန်းမှာဘာ notification မှတက်မလာဘူး။ Yuta gege ကိုသတိရတယ်။ ကျွန်တော်ကလည်းတကယ်အရူးပဲ။ ဘာလို့နေ့တိုင်းတွေ့နေရတဲ့သူ့ကိုညတိုင်းသတိရနေရတာလဲ?
📱 မင်းအခုသူနဲ့တွေ့ချင်လား? 📱
📱 ဟုတ်တယ် ကျွန်တော်အခုသူ့ကိုသတိရနေတယ် မဟုတ်ဖူး ညတိုင်းတွေးမိနေတာအမြဲသူပဲ... 📱
📱 အဲ့ဒါဆိုအခုလမ်းထိပ်ကအကင်ဆိုင်ကိုမင်းသွားလိုက် သူအဲ့ဒီမှာရှိနေတယ် 📱
📱 ဟုတ်လား?? Okay thx X! 📱
ချက်ချင်းထလိုက်ပြီးအဝတ်စားလဲကာဖုန်းကိုယူ၍အမြန်ဆုံးထွက်လာလိုက်တယ်။ လိုလိုပိုပိုဆိုပြီး Dice လေးကိုလည်းယူလာလိုက်သေးတယ်။
X ပြောတဲ့ကျွန်တော်တို့လမ်းထိပ်ကအကင်ဆိုင်ရောက်တော့ gege ကအကင်တွေကိုရွေးနေတာတွေ့လိုက်ရတယ်။
အမြန်ထွက်လာလို့ဖုန်းနဲ့ Dice ပဲယူခဲ့မိတယ်။ ပိုက်ဆံကမပါဘူး။ သူနဲ့တွေ့ချင်ရင်အကင်ဝယ်မှရမှာဆိုတော့... ဘယ်လိုလုပ်ရပါ့မလဲ..?
မတတ်နိုင်ဘူး... အကြွေးနဲ့ရအောင်ပြောပြီးဝယ်ကြည့်ရမှာပဲ...
"ဟာ! winwin ပါလား..?"
"yuta gege..အကင်လာဝယ်တာလား..?"
"ဟုတ်တယ်.. winwin ရော..?"
"ကျွန်တော်လည်းအကင်စားချင်လို့ထွက်လာတာ.. ကျွန်တော့်အိမ်ကဒီနားလေးတင်လေ.."
"ဟုတ်လား..?? ကိုယ်ကဟိုဘက်နှစ်လမ်းကျော်မှာနေတာ.."
"ဪ... ဟုတ်... နီးသားပဲ..."
"Omm winwin.."
Gege ကသူ့ရဲ့ Healing smile နဲ့သွားတွေပေါ်တဲ့အထိပြုံးပြပြီးအကင်တွေဆက်ရွေးနေတယ်။
ကျွန်တော်လည်းမစားချင်တဲ့အကင်တွေကိုသူ့ရှေ့မှာရွေးပြလိုက်တယ်။ ပိုက်ဆံမပါလို့နည်းနည်းပဲရွေးပြီးကြော်ဖို့အဒေါ်ကြီးကိုပေးလိုက်တယ်။
"ကြက်ဥချောင်းပါတာဘယ်သူလဲ?"
"ကျွန်တော်ပါ.."
Gege ကဝယ်တာများလို့ကြော်လို့မပြီးသေးခင်အဒေါ်ကြီးကကျွန်တော့်အကင်တွေက်ိုထုတ်ပေးလိုက်တယ်။
ဟန်နဲ့ပန်နဲ့ပိုက်ဆံထုတ်သလိုလိုကလုပ်ပြရသေးတယ်။ ပြီးတော့မှပိုက်ဆံမေ့ခဲ့တဲ့ပုံစံနဲ့...
"ဟာ...! ပိုက်ဆံအိတ်ကိုထားခဲ့မိတာလားမသိဘူး... ဒုက္ခပဲ..."
"winwin ပိုက်ဆံမပါလို့လား?"
"ဟုတ် gege မေ့ကျန်ခဲ့တယ်ထင်တယ် အဒေါ်ကြီး ကျွန်တော့်ကိုအကြွေးရောင်းပါလားဗျာ?"
"အကြွေးတော့မရဘူးလေ သားရဲ့.."
"ဟာ! ဒုက္ခပါပဲဗျာ!!"
"ရပါတယ် winwin ရဲ့ ကိုယ်ပေးလိုက်ပါ့မယ်.."
"ဟာ! မဟုတ်တာဗျာ! အားနာစရာကြီး..."
"အားနာစရာမလိုပါဘူးကွာ ကိုယ်ပေးလိုက်ပါ့မယ် အဒေါ်ကြီးသူ့ဟာနဲ့ကျွန်တော့်ဟာအားလုံးပေါင်းဘယ်လောက်လဲ?"
"$$$$$"
ပိုက်ဆံရှင်းပြီးအကင်ဆိုင်ကနေကျွန်တော်တို့နှစ်ယောက်အတူထွက်လာကြတယ်။ Gege ကကျွန်တော်နေ့တိုင်းမြင်နေကျ uniform နဲ့မဟုတ်ပဲအိမ်နေရင်းဝတ်အကျႌအပွနဲ့ဆိုတော့တစ်မျိုးချောနေပြန်ရော။ Gege ကဘယ်လိုနေနေ ဘယ်လိုဝတ်ဝတ် အရမ်းပြီးပြည့်စုံနေသလိုပဲ။
"winwin စနေတနင်္ဂနွေမှာ ဘာတွေလုပ်လိုက်တာလဲ? မျက်နှာပေါင်းတင်လိုက်တာလား..?"
"အာ... ဟုတ်.. ဆိုပါတော့...ဟီး.."
ရှက်ကိုးရှက်ကန်းနဲ့ဘာပြောရမှန်းမသိလို့မငြင်းသာတော့ပဲဟုတ်သလိုလိုနဲ့ပြောလိုက်ရတာပေါ့။
ကျွန်တော်တို့အိမ်ကနည်းနည်းနီးလို့အတူတူလမ်းလျှောက်လာကြရင်းကျွန်တော့်ဘက်ကသူနဲ့ပိုနီးစပ်ပြီးရင်းနီးစပ်ချင်နေတာနဲ့...
"Gege ကျွန်တော့်အိမ်လိုက်ခဲ့ပါလား...? ဟိုလေ.. ဟို.. ပိုက်ဆံပြန်ဆပ်မလို့ပါ.. အိမ်ကနီးတော့ gege ကိုတစ်ခါတည်းပေးလိုက်မလို့.."
"ပြန်မပေးလည်းရပါတယ် winwin ရယ်.."
"မရပါဘူးနော် အဲ့လိုကြီးတော့ကျွန်တော်မနေတတ်ဖူး လုပ်ပါဗျာ..."
"Omm ပြီးရောလေ... လိုက်ခဲ့မယ်.."
Yes! ဆိုသောအားပါးတရကျေနပ်မှုတစ်ခုကိုစိတ်ထဲတွင်ရေရွတ်ပြီးပြုံးလိုက်မိတယ်။ နောက်ဆုံးတော့ gege ကိုကျွန်တော့်အိမ်အထ်ိခေါ်နိုင်ခဲ့ပြီ။
အိမ်နားရောက်တော့ gege ကိုအထဲခေါ်လာလိုက်တယ်။ မားလည်းပြန်မရောက်သေးတော့ကျွန်တော်တို့နှစ်ယောက်တည်းအိမ်ထဲမှာဖြစ်နေတယ်။
"Gege ခဏထိုင်နော် ကျွန်တော်အထဲမှာပိုက်ဆံသွားယူလိုက်ဦးမယ်..."
"Omm...winwin..ရပါတယ် မလောပါနဲ့.."
"ဟုတ်... aww ဒါနဲ့ gege အိမ်ထဲဝင်ကြည့်လည်းရတယ်နော် ကျွန်တော့်အိမ်ကကျဉ်းတော့ကျဉ်းတယ်ဗျ.."
"Omm ရောက်နေပြီဆိုတော့နည်းနည်းတော့ကြည့်မယ်"
"ဟုတ် Gege.."
Gege အိမ်ထဲကိုဝင်သွားပြီးဟိုဟိုသည်သည်လျှောက်ကြည့်နေတော့ကျွန်တော်လည်းအိပ်ခန်းထဲဝင်ပြီးပိုက်ဆံသွားထုတ်လိုက်တယ်။
Dice ကို gege မမြင်အောင်လွယ်အိတ်ထဲထည့်လိုက်ပြီးဖုန်းကိုစားပွဲပေါ်တင်လိုက်တယ်။
လွယ်အိတ်ထဲကပိုက်ဆံတစ်ချို့ကိုထုတ်နေတဲ့အချိန် gege ကအခန်းထဲရောက်လာတယ်။
"ဒါ winwin အခန်းလား?"
"ဟုတ်တယ် gege တစ်အိမ်လုံးကြည့်ပြီးပြီလား?"
"Omm ကြည့်ပြီးပြီ winwin မားအခန်းတော့မကြည့်ဘူးလေ winwin အခန်းပဲလာကြည့်တာ.. "
"ဟုတ် ကြည့်ပါ gege အခန်းကကျဉ်းတော့ကျဉ်းတယ်"
"အဲ့လောက်လည်းမဟုတ်ပါဘူး..winwinရဲ့.."
ထိုသို့ပြောပြီးကျွန်တော့်ကုတင်ပေါ် gege ထိုင်လိုက်တယ်။ ဒီနေ့တော့ကျွန်တော်အရင်နေ့တွေကထက်ကောင်းကောင်းအိပ်ပျော်တော့မယ်ထင်ပါရဲ့။ကျွန်တော့်ကုတင်ပေါ်ကို gege ကထိုင်သွားတယ်ဆိုတဲ့စိတ်နဲ့တင်...
"ဒါက gege စောနကပေးလိုက်တဲ့အကင်ဖိုးပါ.. ကျေးဇူးတင်ပါတယ်ဗျ"
"မလိုပါဘူး winwin ရယ် ကိုယ်ကယူတောင်ယူချင်တာမဟုတ်ဖူး.."
"ယူပါဗျာ... ကျွန်တော်စိတ်မကောင်းဖြစ်မိမှာနော်.."
"Ommပါ ယူလိုက်ပါ့မယ်.."
"ဟုတ်.. အဲ့ဒါဆိုဒီမှာပဲစားသွားမလား gege?"
"ဟင်? ဘာကိုလဲ winwin?"
"အကင်တွေကိုပြောတာပါ.. gege သယ်နေရမှာစိုးလို့ တစ်ခါတည်းစားသွားမလားလို့...ဒါပေမယ့် သဘောပါ မစားချင်လည်းရပါတယ်..."
"Omm ကောင်းသားပဲ... စားမယ်လေ .. အတူစားကြတာပေါ့..."
"ဟုတ် gege"
Yay! ဒီလောက်ဆိုကျွန်တော် gege နဲ့တော်တော်ရင်းနှီးခွင့်ရနေပြီ!
မီးဖိုချောင်ထဲကိုကလေးသဖွယ်ပျော်ရွှင်စွာခုန်ပေါက်သွားလိုက်တယ်။
ပန်းကန်တွေယူလာပြီးအကင်တွေကိုထည့်ကာကျွန်တော့်အခန်းထဲမှာစားဖို့ပြင်ဆင်လိုက်ကြတယ်။
ကုတင်ပေါ်မှာထိုင်ကာကျွန်တော်တို့နှစ်ယောက်ပျော်ရွှင်စွာနဲ့စားသောက်ကြတယ်။
အချဉ်ရည်နဲ့တို့စားရတဲ့အကင်ဖြစ်လို့မဖိတ်အောင်စားပွဲပေါ်ပြောင်းပြီးတင်စားကြတယ်။
ခဏကြာတော့......
"winwin နှုတ်ခမ်းမှာပေနေတယ်" ဆိုပြီး gege ကရုတ်တရက်ကြီးကျွန်တော့်နှုတ်ခမ်းကအချဉ်ရည်အနည်းငယ်ကိုသူ့လက်နဲ့ယူသုတ်ပေးလိုက်တယ်။
ကျွန်တော့်ရင်တွေပေါက်ထွက်တော့မယ့်အတိုင်းအထဲမှာဖြစ်ချင်တိုင်းဖြစ်ကာဝုန်းဒိုင်းကြဲနေပြီးအလိုက်ကမ်းဆိုးမသိခုန်နေတယ်။
Gege ကြားနိုင်လောက်တဲ့အထိကိုပြင်းထန်ကာကျယ်လောင်နေတဲ့နှလုံးခုန်သံတွေကြောင့်ကျွန်တော့်ရင်ဘတ်ကိုလက်နဲ့မနည်းဖိထားရတယ်။
Gege ကတော့ကျွန်တော့်နှုတ်ခမ်းထောင့်မှာပေနေတာကိုသုတ်ပေးပြီးသူ့သွားဖြူဖြူတွေနဲ့ကျွန်တော့်ကိုပြုံးပြတယ်။
ကျွန်တော်ကတော့စက်ရုပ်တစ်ရုပ်လိုဆွံ့အ သွားရကာ gege ကိုကြောင်ကြည့်နေမိတယ်။
ရင်ဘတ်ကိုဖိကိုင်ထားပြီး gege ရဲ့အပြုံးတွေကိုမိန်းမောကာကြည့်နေမိတယ်။
"Yuta gege.. ကျွန်တော်.. gege ကို.........."
###
TBC
•update every Wednesday•