လွမ်းစေသော...... (COMPLETE)

By htetwai1998

48.6K 2.4K 17

မြင်နေရက်နဲ့ လွမ်းနေရတာထက်စာရင် အဝေးမှာနေတာကမှ ဝေးနေလို့လွမ်းပါတယ်ဆိုတဲ့အကြောင်းပြချက်လေးရှိဦးမယ် More

လွမ်းစေသော...... part 1
လွမ်းစေသော...... Part 2
လွမ်းစေသော....part 3
လွမ်းစေသော.....part 4
လွမ်းစေသော......part 5
လွမ်းစေသော.....part 6
လွမ်းစေသော..... part 7
လွမ်းစေသော..... part 8
လွမ်းစေသော..... Part 9
လွမ်းစေသော ..... Part 10
လွမ်းစေသော..... Part 11
လွမ်းစေသော ..... Part 12
လွမ်းစေသော..... Part 14
လွမ်းစေသော..... Part 15
လွမ်းစေသော..... Part 16
လွမ်းစေသော..... Part 17
လွမ်းစေသော ..... Part 18
လွမ်းစေသော..... Part 19
လွမ်းစေသော..... Part 20
လွမ်းစေသော ..... Part 21
လွမ်းစေသော..... Part 22
လွမ်းစေသော ..... part 23
လွမ်းစေသော..... Part 24
လွမ်းစေသော..... Part 25
လွမ်းစေသော ..... Part 26
လွမ်းစေသော.... Part 27
လွမ်းစေသော.... part 28
လွမ်းစေသော ..... Part 29 [END]

လွမ်းစေသော..... Part 13

1.3K 82 0
By htetwai1998

လွမ်းစေသော ......  Part  13

     Krist ကျောင်းလွှတ်တော့ ကျောင်းရှေ့မှာလာကြိုမှာကိုစောင့်နေသည် အရင်ကလို လိုင်းကားနဲ့သွားရတာကိုပိုကြိုက်သည်
ဘယ်သူ့အတွက်မှ ၀န်ထုပ်ဝန်ပိုးမဖြစ် စိတ်လည်းသက်သောင့်သက်သာရှိသည် ကားဂိတ်ကိုသွားတဲ့လမ်းမှာရောင်းတဲ့ ၀က်သားကင်လည်းဝယ်စားလို့ရသည် သူငယ်ချင်းတွေနဲ့ သွားရတာလည်းပျော်စရာကောင်းသည် အခုလိုတစ်ယောက်တည်း ရပ်စောင့်နေစရာမလိုပေ အခုတော့အဲ့လိုတွေလုပ်လို့မရတော့ပေ P' ကျွန်တော်ကိုကြိုပို့ လုပ်တာလေးငါးရက်လောက်ရှိပြီ အခုတလောတော့ P' မှာစိတ်ညစ်စရာရှိနေပုံပါပဲ မျက်နှာကသိပ်မကြည်လင်

Gun  >>> ဟေ့ကောင်

Krist >>> အမေ့ ....ဟာကွာ လန့်လိုက်တာအသံမပေးဘာမ
ပေးနဲ့

Gun  >>> အမယ်သူ့ဘာသာသူ ဘာတွေ အတွေးလွန်နေမှန်းမသိပဲနဲ့

Krist >>> ဘယ်မှာတွေးလို့လဲ

Gun >>> လာငြင်းနေသေးတယ် အေးပေါ့လေ boss ကိုယောကျာ်းတော်ထားပြီး ဟိုကအကြိုအပို့ လုပ်နေတော့အပျော်တေလွန်နေမှာပေါ့

Krist >>> အပိုတေလာပြောမနေနဲ့ ဟိုနှစ်ကောင်ရော

Gun >>> ပြန်သွားပြီ လေ

Krist >>> မင်းကရော ဘာလို့မပြန်သေးလဲ

Gun >>> ပြန်တော့မလို့ပဲ မင်းတစ်ယောက်တည်းစောင့်နေတာတွေ့လို့ လာကူစောင့်ပေးတာ

Krist >>> ဒီလိုကျတော့လည်း ငါ့သူငယ်ချင်းက ချစ်ဖို့ကောင်းလိုက်တာ

Gun >>> ရုပ်ကိုက အမျိုးမျိုး တတ်လည်းတတ်နိုင်ပါ့ 

Gun နဲ့စကားပြောနေတုန်း ဖုန်းဝင်လာလို့ကိုင်လိုက်တော့

Krist >>> hello

Kaofang >>> krist လားမသိဘူး

Krist >>> ဟုတ်ပါတယ်

Kaofang >>> အမနာမည်က Kaofang ပါ ကိုကို singto နဲ့ တို့နဲ့က အရမ်းရင်းနီးဖူးတဲ့သူတွေပေါ့

Krist >>> ဟုတ်ကဲ့ ပြောစရာရှိရင် သူ့ဖုန်းကို......

Kaofang >>> ကိုကို့ကို ပြောလိုက်ပါ ပြောထားတာကိုမမေ့ပါနဲ့လို့ 

ပြောချင်တာပြောပြီးဖုန်းချသွားတာကြောင့် ဒေါသထွက်မိသည် P' နဲ့သူနဲ့ကဘယ်လိုပတ်သတ်နေတာလည်း စကားပြောသွားပုံကိုက ပိုင်စိုးပိုင်နင်းနဲ့  ခေါ်တာကလည်း ကိုကိုတဲ့ 

Gun >>> ဘယ်သူလည်း

Krist>>> ဘယ်သူမှမဟုတ်ပါဘူး ဒီအတိုင်း  အသိတစ်ယောက်ဆက်တာ

Gun >>> ဟိုမှာမင်းကားလာပြီ ငါသွားတော့မယ်နော်

Krist >>> အေး အေး ကောင်းကောင်းသွား

Gun ကိုနှုတ်ဆက်ပြီး ကားပေါ်တတ်လိုက်သည် စိတ်ထဲမှာတော့ ခုနကဖုန်းဆက်တဲ့အကြောင်းကိုသာတွေးနေသည် P' ရဲ့မျက်နှာကျွန်တော်မျက်နှာနားရောက်လာမှ အသိဝင်လာကာ

Krist >>> ဘာ ... ဘာ .ဘာလုပ်တာလဲ

Sing >>> ဘာလုပ်မယ်ထင်နေတာလဲ ခါးပတ်ပတ်ပေးတာလေ
ပြောနေတာကြားမှမကြားပဲနဲ့ ဘာတွေများဒီလောက် တွေးနေတာလဲ

Krist >>> ..........

Sing >>> ဒီည မွေးနေ့ပွဲတစ်ခု သွားစရာရှိတယ် အဲ့ဒါအိမ်ရောက်တာနဲ့ ရေမိုးချိုးပြီးပြင်ဆင်ထား

Krist >>> ကျွန်တော်လိုက်ရမှာလား

Sing >>> ငါတစ်ယောက်တည်းသွားမယ်ဆို မင်းကိုပြင်ဆင်
်ခိုင်းပါ့မလား

Krist >>> မလိုက်လို့မရဘူးလား

Sing >>> မင်းနဲ့ငါကဘာလဲ

Krist >>> လက်ထပ်ထားတဲ့သူတွေ

ဖြေပုံကိုကကြည့် လင်မယားလို့ဖြေတော့ ဘာ့ဖြစ်မှာမလို့လဲ လက်ထပ်ထားတဲ့သူတွေတဲ့ krist မင်းအဲ့လိုမထိတထိပြော မလှုပ်တလှုပ်နေနေတာကိုက ငါ့စိတ်ကိုဆွနေသလိုဖြစ်နေတာ

Sing >>> အေးအဲ့ဒါကိုငါကမင်းကိုမခေါ်လို့ ဘယ်သူနဲ့သွားရမှာလဲ  ပြောကြည့်စမ်းပါ

Krist >>> အဲ့လိုမျိုးပြောတာမဟုတ်ပါဘူး ကျွန်တော်ပြောတာက....

Sing >>> တော်ပြီ လိုက်ချင်ချင် မလိုက်ချင်ချင် လိုက်ရမှာပဲမလို့  ပြင်ဆင်ထား ဒါပဲ

သူများပြောတာဆိုဘယ်တော့မှဆုံးအောင်နားမထောင် သူပဲပြော
သူပဲအမိန့်ပေးချင်တဲ့ ထိုလူကိုမုန်းပါသည် စကားပြောရင်ဘယ်တော့မှငြင်ငြင်သာသာမရှိ သံပြတ်နဲ့ပြောနေပုံများ လူကိုသူ့လက်အောက်ငယ်သားကျနေတာပဲ ဒီလူကကျွန်တော်ချစ်တဲ့ P' ဘယ်လိုမှမဖြစ်နိုင် မျက်နှာသာတူတာစိတ်ဓာတ် အမူအရာတွေက ဆီနဲ့ရေလိုသပ်သပ်စီ စိတ်ထဲကရှိတဲ့အတိုင်း မျက်စောင်းကသူ့ဆီရောက်သွားလျှင် သူလှည့်ကြည့်တာနဲ့တိုးတာကြောင့် အရှိန်သတ်လိုက်ရသည်

Sing >>> အိမ်ရောက်ပြီဆင်းတော့လေ ငါကကုမ္မဏီပြန်ရဦးမှာ
မှာထားတာမမေ့နဲ့ ပြန်လာရင်အဆင်သင့်ဖြစ်နေပါစေ ၀တ်စုံကစီစဉ်ပြီးသား အခန်းထဲမှာချိတ်ခိုင်းထားတယ်

Krist ခေါင်းမငြိမ့်မိပါ သူကတော့သူမှာချင်တာတွေမှာပြီး ကားကိုမောင်းထွက်သွားလေပြီ သက်ပြင်းကိုချကာအိမ်ထဲသာဝင်လာခဲ့လိုက်သည်

Sing's Mon >>> သားပြန်လာပြီလား မွေးနေ့သွားရမှာဆို

Krist >>> ကျွန်တော် မလိုက်သွားလို့မရဘူးလား မေမေ

Sing's Mon >>> မလိုက်လို့မရဘူးသားရဲ့ ဒီပွဲက ဆုံးသွားတဲ့ sing ဖေဖေသူငယ်ချင်းရဲ့ မြေးလေးမွေးနေ့ သူကလည်းလုပ်ငန်းရှင်ကြီးပဲ ဒါကြောင့် အခြားသူဌေးတေလည်းလာကြမှာ ပြီးတော့
ဒီလိုပွဲမျိုးဆိုတာ အိမ်ထောင်ရှိတဲ့သူဆို စုံတွဲတတ်ကျတာကွဲ့

Krist >>> ဒါပေမဲ့ သားတို့ကသူတို့နဲ့မှမတူတာ

Sing's Mon >>> သြော် သားကဒါကိုတွေးပူနေတာလား
Sing ကတောင်ခေါ်ရဲသေးတာပဲ သားကဘာလို့မလိုက်ရဲရမှာလဲ
ကဲပါသားရယ် ဘာမှတွေးမနေနဲ့ နောက်ကျနေဦးမယ် သွားပြင်ဆင်လိုက်ဦးသွား

Sing pov:

      ကြောင်တောင်တောင်ရပ်ကျန်ခဲ့သော krist ကို ကားဘတ်မှန်ထဲမှ မြင်နေရသည် မလိုက်ချင်ဘူးတဲ့လား မလိုက်ချင်လည်းလိုက်ရမယ် မင်းသိပ်မျှော်လင့်နေတဲ့ ချမ်းသာတဲ့အသိုင်းအ၀ိုင်းရဲ့ ဓလေ့တွေ ထည်ဝါမှုတွေ ကိုမင်းခံစားသိမြင်ရအောင် လိုက်ခဲ့ရမယ်
မင်းပျော်မှာပါ မင်းကဒီလိုနေချင်တာပဲမဟုတ်လား

               ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

😉😉😉😉😉😉😉😉

Continue Reading

You'll Also Like

191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
101K 17.8K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
1.7M 17.4K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
27.5K 4.3K 32
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...