"Aiyaaa.......!"
"ဘုန်း!"
JiHoon သူ့ကျောပေါ်က Kuan Linအား
အိမ်ရှေ့sofaပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်ပြီး နာကျင်သွားသော ကျောပြင်အား လက်သီးဆုပ်လေးဖြင့် ထုနေရင်းမှ...
"ဘယ်လိုလောရှည်ကောင်လည်း....
လူကြည့်တော့ဖြင့် အရိုးချည်း..
ကျောပိုးကြည့်မှ အလေးကြီး..."
ပါးစပ်မှလည်း ပွစိပွစိ လုပ်နေရင်း ကျောကုန်းကိုလည်း လက်သီးဆုပ်လေးဖြင့် ထုနေကာ
လက်တစ်ဖက်မှ အထုပ်များကို စားပွဲပေါ်လှမ်းတင်နေတယ်....
"ဟဲ့...အဲ့တာ ဘယ်သူလဲ...JiHoon"
မီးဖိုချောင်ကနေ ထွက်လာတဲ့ommaဖြစ်သူရဲ့ အမေးကို ပြန်ဖြေရန် မျက်နှာကို အနည်းငယ် ရှုံ့မဲ့လိုက်ကာ...နှုတ်ခမ်းလေးဆူရင်း...
"Ommaရယ်...အဲ့တာstalkerလေ...
ကျွန်တော်ထင်တာတော့ စိတ္တဇလူသတ်သမား
ဖြစ်မယ်ထင်တယ်"
သူထင်ရာမြင်ရာကို နှုတ်ခမ်းတထော်ထော်ဖြင့်
ရှင်းပြနေသော သားဖြစ်သူရဲ့ စကားကို နားမထောင်ဘဲ
Sofaနားသွားကာ မျက်နှာကို ငုံ့ကြည့်လိုက်တော့..
"အားးးးးး....!"
"ဘာ...ဘာဖြစ်လို့လဲ omma.."
ရုတ်ချည်းထအော်လိုက်တဲ့ အမေဖြစ်သူအနား
အလန့်တကြားသွားပြီး မေးလိုက်တော့...
"Park JiHoon နင်တော့သေတော့မယ်"
"ဗျာ...omma..သားကဘာလို့ သေရမှာတုန်း"
"အဲ့ဒါ ဘယ်သူလို့ ထင်တုန်း!"
"Stalkerလား...?"
"yaa..အဲ့ဒါ စာရေးဆရာလေးEdward Laiဟဲ့"
"ဘာ...ဘာကြီး..အက်ထဝက် လာအီ? ဘာကြီးလဲ"
Ommaဖြစ်သူက ပြောပြနေတာတောင်မှ အခုထက်ထိ သဘောမပေါက်စွာ အူလည်လည်ဖြင့်
ပြန်မေးနေသေးတဲ့ Park Ji Hoon....
"အင်း...ဟင်း..ဟင်း"
သားအမိနှစ်ယောက် ရှင်းတမ်းဖွင့်နေချိန် sofaပေါ်မှ Kuan Linနိုးလာပြီး နာကျင်နေသော
နဖူးမှ အာလူးအား လက်ဖြင့်ကိုင်ကာ ညည်းတွားနေတယ်....
"စာရေးဆရာလေး....အဆင်ပြေရဲ့လားဟင် နဖူးကနာနေသေးလား"
Kuan Linအနား အပြေးသွားကာ စိုးရိမ်ပေးနေတဲ့ အမေဖြစ်သူအား JiHoonက....
"Ommaရယ်...အအေးဗူးလေးနဲ့ ရိုက်မိတာပဲ
သေမသွားပါဘူး...ပြီးတော့..ဟို စာရေးဆရာလူကြီး..
အက်ထဝက် လာအီဆိုလား..ဘာဆိုလား..
ခင်ဗျားနိုးလာပြီဆိုလည်း ပြန်တော့ဗျာ...."
JiHoonအပြောကြောင့် KuanLinက
ထိုင်နေရာမှ မော့ကြည့်လာပြီး...
"ဘာ...မင်းဘယ်လိုပြောလိုက်တယ်...ဒီမှာ...
မင်းဘက်ကလည်းမှားသေး...ပြောတာက ရင့်လှချည်လားကွ ဟမ်!"
Kuan Linအပြောကြောင့် JiHoonမျက်လုံးလေး ကလယ်ကလယ်လုပ်ရင်း
နှုတ်ခမ်းထော်လျက်....
"ခင်...ခင်ဗျား..တကယ် စာရေးဆရာပါနော်! လူသတ်သမားမဟုတ်ဘူးမလား?"
JiHoonအပြောကြောင့် ommaကပါ မော့ကြည့်လာပြီး ထိုင်နေရာမှ ထလာကာ JiHoonရဲ့ လက်မောင်းကို ဖြောင်းခနဲ မြည်အောင် ရိုက်လိုက်ပြီး...
"ဟဲ့....Park JiHoon..နင်စာရေးဆရာလေးကို ဘယ်လိုတွေပြောနေတာတုန်း! နင်ကတော့လေ...
သူများကို မဟုတ်မဟတ်ပြောဖို့ဆို အဲ့ဦးနှောက်ကြီးက တွေးတောတတ်တယ်နော်...စာဆို မရဘူး"
Ji's ommaရဲ့ စကားတွေကြောင့် Kuan Lin နဖူးက ဘုသီးအား ကိုင်လျက် 'ခွီ'ခနဲ တစ်ချက်ရယ်လိုက်တော့ JiHoonက မျက်စောင်းတွေ ဒိုင်းခနဲ ဒိုင်းခနဲ ထိုးနေလေရဲ့...
"ဟို...ဆရာလေး...ခနနေအုံးနော် အန်တီ ရေခဲအိတ် သွားယူပေးမယ်..ကြပ်ထုပ်ထိုးရအောင်လို့လေ"
Ji's ommaက ပြောပြီးတာနဲ့ မီးဖိုချောင်ထဲ ဝင်သွားပြီး ခနအကြာ ရေခဲအိတ်ကိုင်ပြီး ထွက်လာကာ
ရေခဲအိတ်ကို JiHoonလက်ထဲ ထိုးပေးပြီး...
"ဆရာလေးကို ကြပ်ထုပ်ထိုးပေးထားလိုက် အမေ ဆရာလေးကို ကျွေးဖို့ မုန့်သွားပြင်လိုက်အုံးမယ်"
ဟုပြောကာ ပြန်ဝင်သွားတယ်....
(AN:Ji's ommaကို JiHoonရဲ့ အမေအရင်း
ပုံစံလေးကို မြင်ပေးပါနော်)
JiHoonလည်း လက်ထဲကရေခဲထုပ်ကို ကိုင်လျက်
KuanLinဘေးတွင် ဆောင့်တောင့်အောင့်အောင့်ဖြင့် ဝင်ထိုင်ကာ Linရဲ့
မျက်နှာကို ဆတ်ခနဲ လက်ဖြင့် ဆွဲလိုက်ပြီး လက်ထဲက ရေခဲထုပ်ဖြင့် ဂွပ်ခနဲ ကပ်ပေးလိုက်တော့ နဂိုကနာသည်ဆိုမှ သူက အားဖြင့် ရေခဲကပ်ပေးနေသော ကြောင့် နာကျင်စွာ အော်လိုက်မိတယ်....
"အားးးးးး....! နာတယ်ကွ ဖြည်းဖြည်းလုပ်ပါဟ မင်းအသား မဟုတ်တိုင်း!"
"ခင်ဗျားက အတော့်ကို ဂရုစိုက်ချင်စရာဆိုတော့လေ...
ရုပ်ကိုက...ဟွန့်!"
"ငါ့ရုပ်က ဘာဖြစ်နေလို့လဲ"
"Stalkerလူသတ်သမားရုပ်!"
"မင်းကငါ့ကို ဘယ်နေရာကြည့်ပြီး အဲ့လိုထင်တာတုန်း"
Kuan Linက ထိုသို့မေးတော့ JiHoonကို ဟိုတစ်နေ့ညက အဖြစ်အပျက်ကို ပြောပြလိုက်တယ်..
ထိုအခါမှ Kuan Linလည်း သဘောပေါက်သွားပြီး
"အော်...အဲ့တာလား! အာ့တာက Gu Guပျောက်သွားလို့ လိုက်ရှာတာလေ ဓားကလည်း ပေါင်မုန့်ကို ယိုသုတ်နေတုန်းမို့လေ ရုတ်တရက်ဆိုတော့ မထားခဲ့မိပဲ ကိုင်လာခဲ့မိတာ"
"အဲ့တာဆို ကားပေါ်ကအထုပ်မဲကိစ္စကရော"
"အဲ့တာက...ငါစာမူသွားအပ်တာလေ"
"အခုကိစ္စကျတော့ရော...အဲ့ဒီ မဟုတ်မဟတ် ပစ္စည်းတွေ ဝယ်တာက"
မေးလည်းမေး စားပွဲပေါ်က အထုပ်ကိုပါ လက်ညိုးထိုးပြတဲ့ JiHoon..
"အော်...အဲ့တာက ငါ့သူငယ်ချင်းလေ...သူခရီးသွားစရာရှိလို့တဲ့ သူ့ခွေးကို ငါ့ဆီအပ်ထားခဲ့ပါရစေဆိုလို့လေ... အဲ့တာ သူ့ခွေးက ငါ့သားလေးကို လိုက်ကိုက်နေလို့ ကြိုးနဲ့ခတ်ထားဖို့
အနံပျောက်ဆေးက အိမ်နောက်ဘေးမှာ ကြွက်သေထားပြီး အနံ့ထွက်နေလို့ ဆေးဖြန့်မလို့...
ဆေးနဲ့ဆေးထိုးအပ်က အိမ်ကသားနေမကောင်းလို့
ဆေးထိုးပေးမလို့"
Kuan Linရဲ့ စေ့စေ့ပေါက်ပေါက် ရှင်းပြမှုအဆုံး JiHoonက ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်
"အင်း..အင်းပါ...ဟုတ်ပါပြီ..လောလောဆယ် ရေခဲကပ်ရအောင်"
JiHoonစကားကြောင့် KuanLinက မျက်နှာကို ရှေ့တိုးပေးပြီး မျက်လုံးတို့ကို မှိတ်ထားတယ်...
JiHoonလည်း ရေခဲကပ်မည်ဆိုကာ လက်အလှမ်း မျက်လုံးမှိတ်ထားတဲ့ KuanLinရဲ့
မျက်နှာချောချောအား အနီးကပ်မြင်နေရတာကြောင့်
ငေးမောစွာကြည့်နေမိပြီး...စိတ်ထဲကတွေးမိသည်က..
'ဒီလူကြီး...သေချာအနီးကပ်ကြည့်မှ အတော့်ကိုချောတာပဲ....မျက်ခုံးလေးတွေက ထူထူတန်းတန်းလေး...မျက်ခွံလေးတွေကလည်း ဖောင်းပြီး မျက်ရစ်နှစ်ထပ်နဲ့... နှာတံလေးကစင်းနေတာပဲ.....
ပါးလေးတွေက ဖောင်းတာမဟုတ် မို့မို့ကလေး...
မျက်နှာအချိုးအစားကလည်း ရှည်ရှည်သွယ်သွယ်လေး
နှုတ်ခမ်းလေးတွေကလည်း ထူထူလေးပဲ...
အင်း...သေချာကြည့်မှ အပေါ်နှုတ်ခမ်းက ထူထူလုံးလုံးလေး အဟိ..."
JiHoonအတွေးလွန်နေတုန်း KuanLin
မျက်လုံးနှစ်ဖက်က ဖတ်ခနဲပွင့်လာပြီး သူ့ရဲ့ ရှည်ရှည်သွယ်သွယ် လက်ညိုးလေးဖြင့် သူ့အား ကြောင်ကြည့်နေသော JiHoonရဲ့နဖူးကို တွန်းလိုက်ကာ...
"ဘာကြည့်နေတာလဲ ရေခဲကပ်ပေးလေ အူကြောင်ကြောင်နဲ့..."
"အော်...အင်း..အင်း"
ထိုအခါမှ JiHoon အသိဝင်လာပြီး KuanLinရဲ့ နဖူးမှ ဘုသီးအား ရေခဲကပ်ပေးနေတယ်...
ရေခဲကပ်ပေးနေရင်း JiHoonဟာ မခို့တရို့လေး
ပြုံးပြုံးနေမိရှာတယ်....
သူ့စိတ်ထဲ တစ်ချိန်လုံးပြောနေမိတဲ့ စကားလေးတစ်ခွန်းဟာလည်း....
"ကိုကိုလာအီ...ကျွန်တော် ကိုကို့ကို ချစ်နေမိပြီ"တဲ့လေ.....
Update......✌
တရုတ်ကို jiကဘယ်လိုလေးခေါ်တာ...
'ကိုကိုလာအီ'တဲ့နော်...😁
တရုတ်ကရော hoonieလေးကို ဘယ်လိုခေါ်တုန်း
ဖြေခဲ့ကြပါ...😂