ဆူး
By akyinnamon
2.1M 211K 13.1K
(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ More
Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)
Part 26
10.9K 1.1K 7
By akyinnamon
လက်ကောက်ဝတ်မှာ ပတ်ထားသော ရွှေရောင် လက်ပတ်နာရီ သေးသေးလေးကို ငုံ့ကြည့်ရင်း လင်းလက် သောက်လက်စ ကော်ဖီခွက်ကို ပြန်ချလိုက်သည်။ အပြာနက်ရောင် V ပုံစံလည်ပင်းနည်းနည်းဟိုက်သည့် လက်ပြတ်အကျီင်္လေးနှင့် ဆင်တူ ပေါင်လယ် ဘောင်းဘီတိုပွပွလေးကို ၀တ်ထားသောကြောင့် ဖြူဖွေးသော ပေါင်တံနှင့်ခြေထောက်စင်းစင်းလေးမှာ ထင်းနေသည်။ အကျီင်္အနားသတ်က ခပ်ပွပွဖြစ်ကာ ဘောင်းဘီနှင့်ဆက်နေသောနေရာတွင် သားရေကြိုးခံထားသောကြောင့် ကိုယ်လုံးလှလှလေးမှာလည်း မြင်သာနေသည်။
ပြတင်းပေါက်မှန်မှာထင်နေသော မိမိပုံရိပ်ကို ငဲ့ကြည့်ရင်း တစ်ခုခုများ လိုအပ်နေဦးမည်လားဆိုသည့် သံသယက ဖျောက်ဖျက်မရ။ မိတ်ကပ်မလိမ်းထားပေမယ့် ဖြူဥနေသော မျက်နှာလေးမှာ ရှိးရှင်းစွာ လှနေသည်။ နဂိုနီထွေးနေသော နှုတ်ခမ်းလှလှလေးပုံပေါ်စေရန် အဆီနှုတ်ခမ်းဆိုးဆေးကိုသာ ရိုးရိုးလေးဆိုးထားသည်။ လက်သည်းရှည်များကိုတော့ ၀တ်ဆင်ထားသော အ၀တ်အစားနှင့်လိုက်ဖက်ရန် ပုလဲရောင်ရှင်းရှင်းလေးပေါ်မှာ ခရမ်းရောင်ဖျော့ဖျော့လိုင်းလေးများ ရစ်ပတ်နွယ်နေဟန် ပုံဖော်ထားသည်။
"ပူစူးရေ။"
"ရှင်မမ။"
"လာပြီလား သွားကြည့်ပါဦး။"
ဘယ်နှစ်ကြိမ်မြောက်အောင်မှန်းမသိဘဲ ခိုင်းမိပြန်ပြီဖြစ်သည်။ ပူစူးမ၏ ခြေသံတရှပ်ရှပ်ကို နားထောင်ရင်း လင်းလက် စိတ်တွေလောနေမိသည်။
"လာပြီ မမရေ။ ကားရောက်နေပြီ။"
အိမ်ရှေ့မှ ပူစူးမ အသံကိုကြားသည်နှင့် လင်းလက် ၀ုန်းခနဲ ထရပ်မိသွားသည်။ စိတ်လှုပ်ရှားခြင်းများနှင့်အတူ ပျော်ရွှင်နေသည်။ သူမ အိမ်ရှေ့ကိုရောက်လာချိန်မှာတော့ ကိုကိုက အငှားကားပေါ်မှဆင်းပြီး ခြံထဲသို့ပင် ရောက်နေပြီဖြစ်သည်။
"ဟိတ်။ ကောင်မလေး။"
နွေးထွေးလွန်းသော နှုတ်ဆက်သံ။ ကားပေါ်မှဆင်းလာသော ကိုကိုသည် အချိန်တွေဘယ်လောက်ကုန်ကုန် မပြောင်းလဲသော ကျောက်ဆစ်ရုပ်ထုလားဟုပင် လင်းလက် ထင်မိသည်။ ကြံ့ခိုင်အချိုးကျသော ကိုယ်ခန္ဓာအနေအထားသည် တက္ကသိုလ်ကျောင်းသားအရွယ်ကလိုပင် ဘာမှပြောင်းလဲမှုမရှိ။ ပြေပြစ်သောမေးရိုး၊ ဖြောင့်တန်းသောနှာတံ၊ အနားသတ်မျဉ်းများဖြင့်ဘောင်ခတ်ထားသလို တိကျသောနှုတ်ခမ်းများနှင့် တကယ့်ကိုလူချောတစ်ယောက်ပါ။
"လင်းကွာ။ ကိုကို့ ကို ကားဂိတ်တောင် လာမကြိုဘူး။"
"ကိုကိုပဲ လာမကြိုနဲ့ဆို။"
"ဟား ဟား။ နောက်တာပါကွာ။"
လင်းလက်ရဲ့ပါးနှစ်ဖက်ကို ဆွဲကာ ငယ်စဉ်ကလို ခေါင်းကိုဘယ်ညာရမ်းရင်း ရယ်နေသည့် ကိုကို့အပြုံးများသည် ချိုလွန်းပါသည်။
"လာ ကိုကို။ အိမ်ထဲဝင်ဦး။"
ဧည့်ခန်းရောက်သည်အထိ လင်းလက် ကိုကို့လက်ကိုဆွဲခေါ်ရင်း ဆိုဖာမှာထိုင်ခိုင်းရသည်။
"လင်း မှာတာတွေ ပါရဲ့လား။"
"ပါ ပါတယ်ဗျာ။ ပဲပုပ်ကြော်ရော၊ လက်ဖက်ခြောက်ရော မှာထားတာမှန်သမျှ အကုန်သယ်ခဲ့ပါတယ်။"
လင်းရဲ့အမေးကို ကိုကို လက်ဆောင်ထုပ်များကို ဖွင့်ပြရင်းဖြေပေမယ့် လင်းလက်က အစားအစာများကို စိတ်ဝင်စားဟန်မရှိ။
"ထားလိုက်ကိုကို။ နောက်မှကြည့်မယ်"
ဆိုကာ ဖျော်ရည်တစ်ခွက်ကိုသာ သူ့ရှေ့ချပေးသည်။
"လင်းမှာလိုက်တဲ့ ရှမ်းဝတ်စုံ ပါရဲ့လားလို့မေးတာ ကိုကိုရ။"
"ရှမ်းဘောင်းဘီနဲ့အကျီင်္လား။ ပါတယ် လင်း။"
"ဘယ်မှာလဲ ကိုကို။ အဆင်စုံဝယ်ခဲ့ရဲ့လားဟင်။"
အဖြေကိုပင်မစောင့်။ အ၀တ်အစားထည့်ထားသည့် သားရေအိတ်ကို ဇစ်ဖွင့်ကာ လင်းလက် ရှမ်းဝတ်စုံကို ရှာနေသည်။
"တော်တယ် ကိုကိုရာ။ လင်း လိုချင်တာ ဒီပုံစံလေးတွေ။"
ဝတ်စုံ သုံးလေးထည်ကို သားရေအိတ်ထဲမှဆွဲထုတ်ကာ ကြမ်းပြင်ပေါ်ပစ်ချရင်း လင်းလက် ၀မ်းသာအားရဆိုသည်။ ကြည်လင်သော ပလတ်စတစ်အိတ်ထဲ သပ်သပ်ရပ်ရပ်ခေါက်ထည့်ထားသော ရှမ်းဘောင်းဘီရှည်များနှင့် အကျီင်္င်္များမှာ ဟိုတစ်ခုဖြန့်၊ ဒီတစ်ခုထုတ်ဖြင့် ဆွဲထုတ်ထားသဖြင့် ကြမ်းပြင်ပေါ် ပြန့်ကျဲနေပြီဖြစ်သည်။ ပုံစံတူတွေပေမယ့် အရောင်စုံသည်။ အသားရောင်၊ အနက်ရောင်၊ ပင်နီရောင် ဘောင်းဘီရှည်များအပြင် ချည်သားအကျီင်္အပေါ်မှ အနားသတ် ကွေ့ဝိုက်နေသော အစင်းကြောင်းများဖြင့် ခန့်ညားစွာပုံဖော်ထားသည့် အကျီင်္အမျိုးမျိုးလည်းရှိသည်။
"သူနဲ့ဆိုရင် အရမ်းလိုက်မှာပဲ။"
ပြန့်ကျဲနေသော အ၀တ်အစားများကို ငုံ့ကြည့်ရင်း လင်းလက် ၀မ်းသာအားရပြောလာတော့ ကိုကို မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။
"ဘယ်သူလဲ လင်း။"
"ဟုတ်သား။ ကိုကို့ကိုတောင် မပြောရသေးဘူး။ လင်းမှာ မောင်လေးတစ်ယောက် ကောက်ရနေပြီ။ သူ့နာမည်က ဒီမိုးယံတဲ့။"
လင်းလက်၏ တက်ကြွနေသော ပုံစံလေးက ချစ်စရာကောင်းသလို ရင်မောစရာလည်းကောင်းနေသည်။ အပြုံးတောက်တောက်များက ကိုကို တစ်ခါမှ မမြင်ဖူးခဲ့သည့် အပြုံးတွေရယ်ပါ။
"ဟာ။ ဒီဒီ လာ။ ကိုကိုနဲ့ မိတ်ဆက်ပေးရမယ်။"
အိမ်ရှေ့တံခါးပေါက်မှာ မတ်တပ်ရပ်ရင်း သူတို့ရှိရာသို့ လှမ်းကြည့်နေသော ကောင်လေးတစ်ယောက်။ ပထမဆုံး သတိထားမိသည်က ချောမောခန့်ညားလွန်းသည့် မျက်နှာကျနှင့် ကြံ့ခိုင်သောကိုယ်ခန္ဓာကိုဖြစ်သည်။ အသက်မပါသော မျက်လုံးသေများက တစ်မျိုးလေးဆွဲဆောင်မှုရှိနေတာကို ဘယ်သူမှ ငြင်းနိုင်မည်မထင်။
"မမ။ ဧည့်သည်ရောက်နေတာလား။ ဒါဆို ကျွန်တော်ပြန်လိုက်ဦးမယ်။"
"ကိုကိုက ဧည့်သည်မဟုတ်ပါဘူးနော်။ လာ။ မင်းအတွက် မမ ရှမ်းဝတ်စုံတွေ မှာထားတာ ရောက်လာပြီ။ လာကြည့်ဦး။"
"မမကတော့ ကျွန်တော့်ကို ကလေးအရုပ်လို အ၀တ်အစားဝတ်ပေးရရင်ကို ပျော်နေတာ။"
သူ့ရှေ့မှာ ၀င်ထိုင်ရင်း စိတ်ပျက်လက်ပျက်ပုံစံနှင့် ခပ်ပြုံးပြုံးပြောနေသည့် ကောင်လေးတွင် ရှက်ရွံ့အားနာဟန်မရှိ။ ရဲတင်းပြတ်သားမှုနှင့် ခန့်ညားမှုတို့သာရှိနေသည်။
"အ၀တ်အစားဝတ်ပေးရုံပဲမဟုတ်ပါဘူးနော်။ မင်းကိုမော်ဒယ်လ်ချောချောလေးဖြစ်တဲ့အထိ မမက တာဝန်ယူထားတာ။ အခုလည်း ကိုကို့ကို ပူဆာမလို့။ ရန်ကုန်မှာ ကိုကို့အသိတစ်ယောက်ရဲ့ သင်တန်းမှာ ဒီဒီ့ကို အပ်ပေးသွားရမယ်နော်။ ဒါပဲ။"
"မမသဘောပါဗျာ။ ကြိုက်သလိုသာစီစဉ်။"
ဆိုဖာပေါ်မှာ ခါးကိုလျှောဆင်းထိုင်နေသည့်ကောင်လေးကိုတစ်လှည့် သူ့ရှေ့မှ လင်းလက်ကိုတစ်လှည့်ကြည့်ရင်း ကိုကို မယုံနိုင်လောက်အောင် အံ့သြနေရသည်။ ယခုလို သူ့မျက်စိရှေ့မှာတွေ့ရတာမျိုးမဟုတ်လျှင် လင်းလက်မှာ ဒီလောက်တရင်းတနှီးဆက်ဆံနေသည့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရှိနေသည်ကို ဘယ်လိုမှယုံနိုင်မှာမဟုတ်။
"မင်းက မော်ဒယ်လုပ်ဖို့ လူဖြစ်လာတာ ဒီဒီလေးရဲ့။ ဒီ အယ်လ်ဘမ်ကိုကြည့်စမ်းပါဦး ကိုကို"
လင်းလက်က စားပွဲပေါ်မှ ဓါတ်ပုံအယ်လ်ဘမ်တစ်ခုကို ကမ်းပေးရင်း ပြောသည်။ ဓါတ်ပုံတွေကိုမြင်မှ လင်းလက်ဆိုလိုတာကို ကိုကို သဘောပေါက်သွားသည်။ ပုံစံအမျိုးမျိုး၊ ၀တ်စုံအမျိုးမျိုးဖြင့် ရိုက်ကူးထားသော ဓါတ်ပုံများထဲမှာ ရှိနေသူသည် သူ့ရှေ့မှာ သက်သောင့်သက်သာထိုင်နေသော သာမာန် ကောင်လေးပါဟု ယုံချင်စရာမရှိလောက်အောင်ပင်။
"ကိုကိုတွေ့လား။ ကင်မရာရှေ့မှာ သူ နေပုံက ဘယ်လောက် သဘာဝဆန်လဲ။ ဘာကိုမှဂရုမစိုက်တဲ့ ဒီမျက်လုံးစိမ်းလေးတွေရဲ့ အစွမ်းကို လျော့မတွက်နဲ့။ ကိုကို မပြန်ခင် သူ့ကိုတစ်ခါတည်း သင်တန်းအပ်ပေးခဲ့ရမယ်နော်။"
လင်းလက်ပြောနေသည်ကို သူ လက်မခံလို့မရတော့။ နာမည်ကြီး မော်ဒယ်တစ်ယောက်တောင် ဒီကောင်လေးလောက်နေတတ်မှာမဟုတ်။ အကြည့်စူးစူးတွေ။ ခပ်မဲ့မဲ့အပြုံးတွေ၊ ဘာဆိုဘာကိုမှ ဂရုမစိုက်သည့် မျက်နှာပေးအနေအထားတွေ။ ဒီကောင်လေး၏ ဓါတ်ပုံတိုင်းမှာ ဆွဲဆောင်မှုအပြည့်နှင့် ပြတ်သားခန့်ညားလွန်းနေသည်။
Continue Reading
You'll Also Like
606K 6.1K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
2.4M 178K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
904K 48K 43
3.7M 275K 41