" ႀကိဳးေလး..."
ဟင္? ကိုးမာန္??
ဒီေန႕ အနည္းငယ္ ေနသာတာမို႕ coffee ဆိုင္မသြားဘဲ အင္းလ်ားကန္ေဘာင္မွာ တစ္ေယာက္တည္း လာထိုင္ေနတာ...
ေႀကြ သြားရာေနရာကို သိေနသည့္အလား ေရာက္လာတဲ႔ ကိုးမာန္...
ေႀကြ အနည္းငယ္ အံ႔ၾသသြားေပမယ့္ မ်က္ႏွာ အမူအရာ အပ်က္မခံဘဲ
" ဘာလာလုပ္တာလဲ?"
ကိုးမာန္ မေျဖေသးပဲ ေႀကြ႕ေဘးနားက ျမက္ခင္းျပင္ ေနရာလြတ္ မွာအရင္ ဝင္ထိုင္ျပီးမွ...
" coffee ဆိုင္ေရာက္ခဲ႔ေသးတယ္...
မေတြ႕တာနဲ႕ ဒီမွာ ရွိမယ္ ထင္ျပီးလိုက္လာတာ"
ေႀကြ ႏွာေခါင္းရံႈ႕လိုက္မိသည္။
ေျပာေနသည့္ဟန္က ေႀကြ႕အေျကာင္း သိပ္သိေနသည့္အလား...
" ေျပာစရာရွိလို႕လား? ကိုးမာန္..."
" အင္း... ရွိေတာ့ရွိတယ္ ...... ဒါေပမယ့္ အေရးမႀကီးပါဘူး"
ေႀကြ႕မ်က္ႏွာကို ၾကည့္ျပီး စကားေလွ်ာခ်သြားေသာ ကိုးမာန္...
ေႀကြ မသိခ်င္ေယာင္ေဆာင္ျပီး ျငိမ္ေနလိုက္သည္။
" ဒါနဲ႕ ... ငါ မင္းႀကိဳက္တဲ႔ Jay chou ရဲ႕ သီခ်င္းတစ္ပုဒ္ ငါ့ ph ထဲထည့္လာတယ္ ...
နားေထာင္ၾကည့္မလား?"
" အေရးမႀကီးတဲ႔ အေၾကာင္း အရင္နားေထာင္ခ်င္တယ္..."
ကိုးမာန္ ခဏျငိမ္သြားျပီး......
" မေန႔က Roy ကို လမ္းမွာ ဆင္းခိုင္းလိုက္တယ္ဆို? မဟုတ္ဘူးမလား??"
ေရာ္... ဒီ ကိုးမာန္ကေတာ့...
သိခ်င္တာေမးတာေတာင္ တြန္႕ဆုတ္ တြန္႕ဆုတ္နဲ႕......
ေႀကြ႕ကို ၾကည့္ေနတဲ႕ မ်က္ဝန္းေတြကလည္း
မဟုတ္ပါေစနဲ႕ ဟု ေမွ်ာ္လင့္ေနဟန္...
" ဟုတ္တယ္ ... ဆင္းခိုင္းလိုက္တယ္"
" ဘာလို႕လဲ? သူထိခိုက္မိထားတာေလ..."
" အဲ႔ဒါကို ယံုေနတာလား?"
" ဘာကိုလဲ?"
" အဲ႕ေကာင္ ထိခိုက္မိတာကို ယံုေနတာလားလို႕ေမးေနတာ..."
" ယံုတာေပါ့... ငါ့ေရွ႕တင္ သူေခ်ာ္လဲတာေလ..."
အပိုင္ေသခ်ာ ေျပာေနတဲ႔ ကိုးမာန္ရဲ႕ ပံုကို ေႀကြ စိတ္ပ်က္စြာ ၾကည့္ေနလိုက္သည္။
ေအးေပါ့...
ဒီလို ရိုးအစြာ ယံုတက္ လြန္းတဲ႔လူေတြ ကို ရိုးသားမႈ ဂုဏ္တက္ေအာင္ ပါရမီျဖည့္ဖက္ အျဖစ္ လိမ္တဲ႔သူေတြရွိေနတာေနမွာ...
" ငါက မင္းသူနဲ႕ အဆင္ေျပတယ္ ထင္ေနတာ?"
" ဘာရယ္????"
ဒီတစ္ခါ မ်က္လံုး ျပဴးသြားရတာက ေႀကြ...
" ေတာ္ရံု လူဆို အေရးမစိုက္တက္တဲ႔ မင္း က ဒီေကာင္ေလးဆို ဂရုစိုက္တယ္ထင္တာ..."
ေႀကြ အံ႔ျသမႈ နဲ႕ စိတ္ပ်က္မႈ ေပါင္းစပ္သြားတဲ႔ မ်က္ႏွာ အေနအထားနဲ႕ ၾကည့္ေနေသာ္ျငား ကိုးမာန္က ေတာ့ ဂရုျပဳမိဟန္မေပၚ...
" မင္းအတြက္ သူငယ္ခ်င္းအသစ္ရျပီေတာင္ ထင္ေနတာ... ဘာပဲေျပာေျပာ ေနမေကာင္းတဲ႔သူကို ညွာတာ သင့္တာေပါ့..."
" အဲ႕ေလာက္သနားေနရင္ ေဆးရံုတင္ေပးလိုက္ပါလား..."
" ႀကိဳးေလး မရြဲ႕နဲ႕ေနာ္"
" ဟာ ခင္ဗ်ားကပဲ ေျပာရတယ္ရွိေသး...
ကိုးမာန္... ခင္ဗ်ားက ေတာ္ေတာ္ တံုးတာပဲေနာ္..."
" ဘာကိုလဲ?"
" အရိပ္ျပလို႕ အေကာင္မျမင္တဲ႔ အဆင့္ေတာင္မဟုတ္ဘူး... အေကာင္လိုက္ႀကီး ဒီမ်က္ႏွာေပးနဲ႕ ထိုင္ေနတာေတာင္ ခင္ဗ်ား ဒီစကားေတြ ေျပာထြက္တာ ...
အသက္သာႀကီးတာ ဦးေႏွာက္က ေသးေသးေလးထင္တယ္"
ထိုအခါက် ေဒါသထြက္သြားဟန္ျဖင့္...
" ငါက မင္းအတြက္ ေျပာတာ... မင္းကို သူငယ္ခ်င္းေတြ ဘာေတြ နဲ႕ ေပ်ာ္ေပ်ာ္ေနေစခ်င္တာ..."
" မလိုပါဘူး..."
ေႀကြ စကား ခဏရပ္ျပီး ကိုးမာန္ မ်က္ႏွာကို တစ္ခ်က္ျကည့္လိုက္ေသးသည္။
ျပီးမွ...
" အခုလည္း ေပ်ာ္ေနတာပဲေလ...... ခင္ဗ်ားရွိေနလို႕..."
" ဟာ ေဟ့ ေဟ့ ... ငါ့ဘက္ လွည့္မလာနဲ႕ ...ငါက Roy အေၾကာင္းေျပာေနတာကို..."
" အဲ႔ေကာင္ အေၾကာင္း မေျပာခ်င္ပါဘူး... "
" ဒါဆိုလည္း မေျပာေတာ့ဘူး ငါစာအုပ္ဖတ္ေတာ့မယ္..."
ေျပာေျပာဆိုဆို စာအုပ္ျကီး ဆြဲထုတ္ျပီး ဖတ္ေနတဲ႔ ကိုးမာန္...
ပံုစံက တကယ့္ကို ရယ္ခ်င္စရာ...
မလည္ပဲနဲ႕ လာရႈပ္ခ်င္ေနေသးတာ...
ေႀကြ႕ကိုမ်ား Roy နဲ႕တဲ႔ ...
ဘယ္လို အေတြးေတြ ေတြးလိုက္တာလဲ ကိုးမာန္ ရယ္.........
ေႀကြ သေဘာက်စြာ ျပံဳးလိုက္မိသည္။
ရိုး အ လိုက္တဲ႔ ကိုးမာန္...
အခုလည္း စာအုပ္ကိုသာ အသည္းသန္ ငံု႕ဖတ္ေနတာ......
ေႀကြ လည္း ျငိမ္ျငိမ္မေနနိုင္ေတာ့ပဲ...
" ခုနေျပာေတာ့ Jay Chou သီခ်င္း ပါတယ္ဆို? ဘယ္မွာလဲ?"
" ကိုယ့္ဘာသာ နားေထာင္ ေရာ့"
ph ထုတ္ေပးေပမယ့္ ေႀကြ မယူပဲ...
" အတူတူ နားေထာင္မယ္ေလ"
" ကိုယ့္ဘာသာ နားေထာင္ပါကြာ... ဟင္း..."
သြန္းမာန္ စကားမဆံုးခင္ နားထဲ ေရာက္လာတဲ႔ နားၾကပ္ေၾကာင့္ ဘာမွ ဆက္မေျပာေတာ့ပဲ ျငိမ္ေနလိုက္သည္။
ေျပာလို႕လည္း နိုင္မွာမွ မဟုတ္တာ...
သီခ်င္းသံေလးနဲ႕ အတူ ျငိမ္ျပီး နားေထာင္ေနရာက...
" ဒါနဲ႕ ကိုးမာန္"
သြန္းမာန္ စာအုပ္ဖတ္ေနရင္းကေန...
" အင္း..."
" အဲ႔ ေကာင္က ခင္ဗ်ားကို စိတ္ဝင္စားေနတာ ထင္တယ္"
" ေပါက္ကရ မေျပာစမ္းပါနဲ႕ ႀကိဳးေလးရာ သီခ်င္း ေအးေဆးနားေထာင္..."
သြန္းမာန္ ေျပာျပီးတာနဲ႕ စာအုပ္ကိုသာ စိတ္ႏွစ္ျပီး ျပန္ဖတ္လိုက္သည္။
ျပံဳးစစ မ်က္ႏွာေပးနဲ႕ ၾကည့္ေနတဲ႔ ႀကိဳးေလးရဲ႕ အၾကည့္ေတြကို မသိခ်င္ေယာင္ ေဆာင္ရင္းနဲ႕သာ......
Jay Chou ရဲ႕ သီခ်င္းသံ ကေတာ့ ႏွစ္ေယာက္လံုး နားမွာ ပ်႕ံလြင္လ်က္။
~~~~~~~~~~~~~~~~~~~
" မင္းေတြ႕ခဲ႔တာ ဟုတ္ေကာ ဟုတ္ရဲ႕လား မ်ိဳးမင္း?"
" ငါလည္း မဟုတ္ပါေစနဲ႕လို႕ ေမွ်ာ္လင့္တယ္"
စာၾကည့္ခန္းကေန ပ်ံ႕လြင့္လာတဲ႔ စကားသံေၾကာင့္ အေပၚထပ္တက္ရန္ ျပင္ေနတဲ႔ ေႀကြ ေျခလွမ္းေတြ ရပ္တန္႕သြားရသည္။
စာဖတ္ခန္းထဲမွာ စကားေျပာေနပံုရတဲ႕ Daddy နဲ႕ ဦးမ်ိဳးမင္း...
" မင္းအျမင္မွားတာလည္း ျဖစ္မွာပါ... တကယ္လို႔ သူျဖစ္ေနရင္ေတာင္ ေျပာင္းလဲစရာ ဘာမွ မရွိဘူး..."
" ငါက မိတ္ေဆြ တစ္ေယာက္အေနနဲ႕ လာေျပာျပတာပါ... တကယ္လို႕ သူသာ မင္းကို စိတ္မဝင္စားခဲ႔ရင္ ..."
" အတိတ္က အတိတ္ပါပဲ... ငါက သူနဲ႕ပတ္သတ္တာ ဘာမွ မသိဘူး ...... သူ႕နာမည္ေတာင္ သိခဲ႔တာ မဟုတ္ဘူး..."
" ေအးပါ ... မင္းကို သတိထားရေအာင္ ေျပာျပတာပါ... ဒါနဲ႕ ဟိုေန႕က တင္ဒါ ေအာင္တဲ႔ project အေျခေန ေျပာပါဦး..."
" ........."
စီးပြားေရး အေၾကာင္းေတြကိုေတာ့ ေႀကြ မသိခ်င္တာမို႕ အေပၚထပ္သာတက္ခဲ့လိုက္သည္။
ဦး မ်ိဳးမင္းက ေတာ္ေတာ္ေလး စိတ္ထားေကာင္းတဲ႔သူ...
mommy နဲ႕ အိမ္ေထာင္ထူျပီး mommy ကို ခ်စ္ခင္ေပးရံုသာမက......
Daddy နဲ႕လည္း အေကာင္းဆံုး စီးပြားဖက္ တစ္ေယာက္......
ဒီလို အဖက္ဖက္က ေတာ္တဲ႔ သူျဖစ္ဖို႕က လြယ္တာမဟုတ္...
ဒါေပမယ့္လည္း......
ေမြးထားတဲ႔ သားကေတာ့ တစ္စက္မွ အခ်ိဳးမေျပ......
ဦးမ်ိဳးမင္း နဲ႕မတူပဲ mommy နဲ႕ပဲ တူလြန္းေနတဲ႕ မင္းဂုဏ္ေရာင္...
ေရစက္ကလည္းဆိုးပါ့...
အေမတူ အေဖကြဲ ညီအစ္ကိုတဲ႔...
ဟင္း......
ေႀကြ သက္ျပင္းခ်လိုက္သည္။
အဲ႔ဒါေျကာင့္မို႕ ဘာမွမေတြးခ်င္တာ...
ေတြးလိုက္မိတာနဲ႕ မဆံုးနိုင္...
အပ္ခ်ည္ျကိဳး လံုးလြင့္သြားတာကို လိုက္ဖမ္းေနရသလို မဆံုးနိုင္တဲ႔ အေတြးေတြ အသံုးလိုသေလာက္ ျဖတ္ပစ္ရတဲ႕ အပ္ခ်ည္ေတြလို ...... လိုသေလာက္ပဲ ေတြးျပီး ျဖတ္ပစ္မွ တန္ရာ က်မည္
ကားေသာ့ကို စားပြဲေပၚတင္ရင္း အက်ီ ၤလဲဖို႕ ျပင္ျပီးမွ ေႀကြ တစ္စံု တစ္ခုကို သတိရမိသြားသည္။
ဟိုေန႕က မင္းဂုဏ္ေရာင္ ေျပာသြားတဲ႔ စကားက ရိုးရိုးေတာ့မဟုတ္ႏိုင္...
ဒီေကာင္က အေၾကာင္းမရွိပဲ ေႀကြ႕ကို ခနဲ႕ရဲမွာမဟုတ္...
ေႀကြ ေတြးရင္းနဲ႕ ျပတင္းေပါက္က တဆင့္ တစ္ဖက္ျခံကို ေငးလိုက္မိသည္။
ထို႕ေနာက္ ...
တစ္ေယာက္တည္း တိုးတိတ္စြာ ေရ ရြတ္လိုက္မိသည္။
" မင္းဘာ card ကို ကိုင္ျပီး ယံုၾကည္မႈ ျပင္းထန္ေနလဲ ဆိုတာတကယ္ပဲ သိခ်င္မိတယ္..."
~~~~~~~~~~~~~~~~~~
at Precious Club
Strawberry ရနံ႕ Vabe ကို ဟန္ပါပါ ရႈိက္ဖြာရင္း မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ႔ သူကို တစ္ခ်က္ငဲ႔ႀကည့္ကာ စကားစ လာတဲ႔ Roy...
" အခု ငါက မင္းေျပာတာကို သေဘာတူလိုက္ျပီေနာ္"
သေဘာက်စြာ ျပံဳးလိုက္ျပီး
ပယင္းေရာင္ ေရတစ္ခ်ိဳ႕ကို တစ္က်ိဳက္ေမာ့လိုက္တဲ႕ မင္းဂုဏ္ေရာင္...
" မင္းေျပာေတာ့ ေလ့လာျပီးမွ အလုပ္လက္ခံမွာဆို... အခုေတာ့ ျမန္လွခ်ည္လား"
" ေလ့လာစရာ မလိုေတာ့ဘူး ... ငါကိုယ္တိုင္က ဒီပြဲကို စိတ္ဝင္စားေနလို႕ေလ"
ေျပာရင္း Vape ထပ္ရွဴ လိုက္တဲ႔ Roy...
ေက်ာင္းမွာ ေက်ာင္းသားအျဖစ္ေနေပမယ့္
Roy က ဒီေလာကမွာ နာမည္ျကီး ေၾကးစားတစ္ေယာက္ဆိုလည္း မမွား...
ေခ်တဲ႔ ငနဲကို တြဲျပီး ေဒါက္ျဖဳတ္ပစ္တာမ်ိဳး...
တြဲျပီးမွ လမ္းခြဲတာမ်ိဳး...
ဒီလို အလုပ္မ်ိဳး လုပ္လာတာမနည္း...
မၾကာခင္ကေတာ့
မင္းဂုဏ္ေရာင္ လာကမ္းလွမ္းတဲ႕ အလုပ္တစ္ခု ရွိလာခဲ႔တာ...
အလုပ္က ခါတိုင္းလုပ္ေနက်ထဲက တစ္ခု...
သူမ်ားရည္စားကို ဆြဲထုတ္ျပီး အနိုင္ပိုင္းရမွာ...
အလုပ္က မခက္ေပမယ့္ ......
ေပးတဲ႔ ေၾကးက ျမင့္ေနတာမို႕ ခဏ ေလာက္ ေလ့လာေနခဲ႔တာ...
ထင္တဲ႔ အတိုင္း ကိစၥက မလြယ္
အပိုင္ခ်ဳပ္ရမယ့္ သြန္းမာန္သစ္ ဆိုတဲ႔ လူက ၾကည့္ေကာင္းျပီး ရိုးသားျပည့္စံု သူမို႕ အျပစ္ေျပာစရာမရွိ...
တကယ့္ျပသနာက ေႀကြႀကိဳး...
Roy ဘာေၾကာင့္မွန္းမသိ... ဒီ ပြဲကို အထူး စိတ္ပါေနမိတာ...
" ေကာင္းျပီေလ ဒါဆို စိတ္မပ်က္ရေစနဲ႕ ဒီမွာ စရံ သိန္း ၁၀၀..."
ပိုက္ဆံအျပည့္ပါတဲ႔ အိတ္ကို Roy တစ္ခ်က္ေစာင္းၾကည့္ျပီး...
ျပံဳးလိုက္မိသည္။
" ငါ့အတြက္ နစ္နာစရာ မရွိတဲ႔ ပြဲပဲ..."
" တစ္ခုေတာ့ ေသခ်ာေအာင္ သိထားေစခ်င္တယ္ Roy"
" ေျပာေလ..."
" မင္းအဓိက ထိခိုက္ေအာင္လုပ္ရမွာ ဟိုလူျကီးကို မဟုတ္ဘူးေနာ္ ... ေႀကြႀကိဳးဆိုတဲ႕ ေကာင္ကို လုပ္ရမွာ...... အဲ႔ေကာင္ ခံစားရတာကို ျမင္ခ်င္တာ..."
Roy ပါးပါးေလး တစ္ခ်က္ျပံဳးလိုက္ကာ...
" လြယ္ေတာ့ မလြယ္ဘူး... ဒါေပမယ့္ ဝမ္းေျမာက္စြာ သေဘာတူတယ္"
ထို႕ေနာက္ အဓိပၸါယ္ ကိုယ္စီ အျပံဳးနဲ႕ ေအာင္ပြဲခံေနျကတဲ႔ Roy နဲ႕ မင္းဂုဏ္ေရာင္...
" Cheer!"
~~~~~~~~~~~~~~~~~~
at City Mart...
" ေက်းဇူးပါ ႀကိဳးေလးရာ မင္းသာ မေျပာရင္ ဒီလိုေနရာမွာ ငါလိုခ်င္တဲ႔ စာအုပ္ ရွိတာကို ေတြးမိမွာေတာင္မဟုတ္ဘူး..."
လိုခ်င္တာရတာႏွင့္ မ်က္ႏွာျပံဳးျဖီးေနတဲ႔ ကိုးမာန္ကို မ်က္လံုးေလးနဲ႕ပဲ ေစြၾကည့္လိုက္ျပီး......
" coffee မ်က္ႏွာေၾကာင့္ပါေနာ္...... မဟုတ္လို႕ကေတာ့ ေခြ်းစို ေျခေညာင္း မယ့္ အလုပ္ေတြစဥ္းေတာင္ မစဥ္းစားဘူး"
" သိပါတယ္ကြာ အခုဝယ္တိုက္မွာပါ လာသြားရေအာင္..."
ႏွစ္ေယာက္သား ပိုက္ဆံရွင္းေကာင္တာကေန ထြက္လာစဥ္...
" ဟာ အစ္ကို ဆံုျပန္ျပီ"
ႏႈတ္ဆက္သံနဲ႕အတူ ေတြ႕လိုက္ရတာက Roy
သူတစ္ေယာက္တည္းေတာ့မဟုတ္...
ေဘးနားမွာ သန္႕သန္႕ျပန္႕ျပန္႕ လူတစ္ေယာက္ႏွင့္...
" ဟုတ္ပါ့ကြာ ေနေကာင္းသြားျပီလား Roy?"
သြန္းမာန္ကေတာ့ ျပံဳးျပနႈတ္ဆက္ေနေပမယ့္ ေႀကြကေတာ့ ခပ္တည္တည္သာ ေနေနေလသည္။
" မိတ္ဆက္ေပးရဦးမယ္... အစ္ကို ဒါကေလ ကြ်န္ေတာ္႔ရဲ႕......"
မဝံ႔မရဲဟန္ေလးနဲ႕ ေခါင္းငံု႕သြားတဲ႔ Roy...
သရုပ္ေဆာင္ skill တကယ္မေခမွန္း ေႀကြ အသိမွတ္ျပဳလိုက္မိသည္။
" ကိုယ္ နားလည္ပါတယ္ကြာ...သြားစရာရွိတာ သြားၾကေလ... ေနာက္မွ ေတြ႕ႀကတာေပါ့... "
" ဟုတ္ အစ္ကို သြားျပီေနာ္... "
ေတာ္ေတာ္ေလး ရိုရိုက်ိဳးက်ိဳး ဟန္နဲ႕ ႏႈတ္ဆက္ျပီး ထြက္သြားတဲ႕ Roy နဲ႕သူ႕ေကာင္ေလး...
ေျကြ႕ကိုေတာ့ အဓိပၸါယ္ တစ္ခုခုပါေသာ အၾကည့္နဲ႕ ၾကည့္သြားေသးသည္။
ဒါကို ကိုးမာန္ ရိပ္မိပံုမရ...
" မ်က္ႏွာေျကာေလး ဘာေလး ေလွ်ာ့ပါဦး ႀကိဳးေလးရယ္... ဒီေလာက္ တစ္ဖက္သားက ကိုယ့္ကိုယ္ ျပံဳးျပေနတာ..."
ေႀကြ စိတ္ေလသြားသည္။
ဒီ ကိုးမာန္ နဲ႕ေတာ့ ခက္ေနျပီ...
" အလကားရတဲ႔ အျပံဳးေတြကို အလကားလူေတြပဲ ရက္ရက္ေရာေရာေပးတက္တာ..."
" အမ္! အဲ႔ေတာ့ ငါက အလကားလူလား?"
" ဘယ္သိမလဲ? ကိုယ့္ကိုယ္ကိုယ္ အသိဆံုးျဖစ္မွာေပါ့..."
" ထင္တာေတြေလွ်ာက္ေျပာမေနနဲ႕...... ေလာကျကီးကို တည့္တည့္ပဲႀကည့္... အခုၾကည့္ပါလား မင္းေျပာေတာ့ Roy က ငါ့ကို စိတ္ဝင္စားေနတာဆို... သူသာ ငါ့ကိုစိတ္ဝင္စားရင္ အခုလို သူ႕ေကာင္ေလးနဲ႕ မိတ္ဆက္ေပးရဲပါ့မလားကြ......"
လံုးဝအပိုင္ ေျပာေနတဲ႔ သြန္းမာန္ကို ၾကည့္ျပီး ေႀကြ ေတာ္ေတာ္ေလး စိတ္ညစ္သြားရသည္။
ဒီလို လူမ်ိဳးက ဘယ္လိုမွ ရွင္းျပလို႕ရမွာမဟုတ္
ခံလိုက္ရမွသာ သိမည့္လူမ်ိဳး...
" ခင္ဗ်ားကေတာ့ သိပ္ကို တည့္တည့္ေတြ ျမင္ေနတယ္ေပါ့ေလ... ဒါဆိုလည္း တစ္ေယာက္တည္းသာ ဆက္ျကည့္ျပီးေနခဲ႔ေတာ့... လိုက္မလာနဲ႕"
ေႀကြ စိတ္ေပါက္လာတာမို႕ ကိုးမာန္ကို ထားခဲ႔ျပီး ထြက္လာခဲ႔လိုက္သည္။
ဒီေလာက္တံုးအ တဲ႔လူ ... တစ္ခါမွကို မေတြ႕ဖူး...
ေလးငါးလွမ္းေလာက္ ေလွ်ာက္လာျပီးမွ မေနႏိုင္တာေၾကာင့္ ေနာက္ျပန္လွည့္လိုက္ေတာ့...
ေႀကာင္ေတာင္ေတာင္ နဲ႕ မတ္တပ္ရပ္ေနဆဲ ကိုးမာန္...
အဲ႔လို အမူရာကိုက ေဒါသထြက္ေစတာ...
ေႀကြ စကားတစ္ခြန္း ေအာ္ေျပာျပီး ထိုေနရာကေန ထြက္လာခဲ႔လိုက္သည္။
ဘယ္လိုပံုစံပဲ က်န္ခဲ႔ က်န္ခဲ႕ ေနသာ ေနခဲ႔ေပေတာ့ ... ကိုးမာန္
ေႀကြ ေျပာခဲ႔တဲ႔ စကားကေတာ့...
.
.
.
.
.
.
.
" ကိုးမာန္... ခင္ဗ်ားကေလ ေတာ္ေတာ္ တံုးတဲ႔ အရူး!!"
~~~~~~~~~~~~~~~~~~~~~
tbc.
thanks for lovely my creations
i'll try more than more to best
N.S.P
12.7.2018
2:34 P.M
notice*
media မွာ ေႀကြ နဲ႕ သြန္းမာန္ နားေထာင္တဲ႔ Jay Chou ရဲ႕ Rainbow သီခ်င္းေလးထည့္ေပးထားပါတယ္
မိုးေအးေအးေလးနဲ႕ သီခ်င္းေလးနားေထာင္ျပီး update ေအးေအးေလး ဖတ္ေပးျကပါဗ်
ေဝဖန္မႈ feedback ေလးေတြ ေမွ်ာ္လ်က္ပါ...
" ကြိုးလေး..."
ဟင်? ကိုးမာန်??
ဒီနေ့ အနည်းငယ် နေသာတာမို့ coffee ဆိုင်မသွားဘဲ အင်းလျားကန်ဘောင်မှာ တစ်ယောက်တည်း လာထိုင်နေတာ...
ကြွေ သွားရာနေရာကို သိနေသည့်အလား ရောက်လာတဲ့ ကိုးမာန်...
ကြွေ အနည်းငယ် အံ့သြသွားပေမယ့် မျက်နှာ အမူအရာ အပျက်မခံဘဲ
" ဘာလာလုပ်တာလဲ?"
ကိုးမာန် မဖြေသေးပဲ ကြွေ့ဘေးနားက မြက်ခင်းပြင် နေရာလွတ် မှာအရင် ဝင်ထိုင်ပြီးမှ...
" coffee ဆိုင်ရောက်ခဲ့သေးတယ်...
မတွေ့တာနဲ့ ဒီမှာ ရှိမယ် ထင်ပြီးလိုက်လာတာ"
ကြွေ နှာခေါင်းရှုံ့လိုက်မိသည်။
ပြောနေသည့်ဟန်က ကြွေ့အကြောင်း သိပ်သိနေသည့်အလား...
" ပြောစရာရှိလို့လား? ကိုးမာန်..."
" အင်း... ရှိတော့ရှိတယ် ...... ဒါပေမယ့် အရေးမကြီးပါဘူး"
ကြွေ့မျက်နှာကို ကြည့်ပြီး စကားလျှောချသွားသော ကိုးမာန်...
ကြွေ မသိချင်ယောင်ဆောင်ပြီး ငြိမ်နေလိုက်သည်။
" ဒါနဲ့ ... ငါ မင်းကြိုက်တဲ့ Jay chou ရဲ့ သီချင်းတစ်ပုဒ် ငါ့ ph ထဲထည့်လာတယ် ...
နားထောင်ကြည့်မလား?"
" အရေးမကြီးတဲ့ အကြောင်း အရင်နားထောင်ချင်တယ်..."
ကိုးမာန် ခဏငြိမ်သွားပြီး......
" မနေ့က Roy ကို လမ်းမှာ ဆင်းခိုင်းလိုက်တယ်ဆို? မဟုတ်ဘူးမလား??"
ရော်... ဒီ ကိုးမာန်ကတော့...
သိချင်တာမေးတာတောင် တွန့်ဆုတ် တွန့်ဆုတ်နဲ့......
ကြွေ့ကို ကြည့်နေတဲ့ မျက်ဝန်းတွေကလည်း
မဟုတ်ပါစေနဲ့ ဟု မျှော်လင့်နေဟန်...
" ဟုတ်တယ် ... ဆင်းခိုင်းလိုက်တယ်"
" ဘာလို့လဲ? သူထိခိုက်မိထားတာလေ..."
" အဲ့ဒါကို ယုံနေတာလား?"
" ဘာကိုလဲ?"
" အဲ့ကောင် ထိခိုက်မိတာကို ယုံနေတာလားလို့မေးနေတာ..."
" ယုံတာပေါ့... ငါ့ရှေ့တင် သူချော်လဲတာလေ..."
အပိုင်သေချာ ပြောနေတဲ့ ကိုးမာန်ရဲ့ ပုံကို ကြွေ စိတ်ပျက်စွာ ကြည့်နေလိုက်သည်။
အေးပေါ့...
ဒီလို ရိုးအစွာ ယုံတက် လွန်းတဲ့လူတွေ ကို ရိုးသားမှု ဂုဏ်တက်အောင် ပါရမီဖြည့်ဖက် အဖြစ် လိမ်တဲ့သူတွေရှိနေတာနေမှာ...
" ငါက မင်းသူနဲ့ အဆင်ပြေတယ် ထင်နေတာ?"
" ဘာရယ်????"
ဒီတစ်ခါ မျက်လုံး ပြူးသွားရတာက ကြွေ...
" တော်ရုံ လူဆို အရေးမစိုက်တက်တဲ့ မင်း က ဒီကောင်လေးဆို ဂရုစိုက်တယ်ထင်တာ..."
ကြွေ အံ့သြမှု နဲ့ စိတ်ပျက်မှု ပေါင်းစပ်သွားတဲ့ မျက်နှာ အနေအထားနဲ့ ကြည့်နေသော်ငြား ကိုးမာန်က တော့ ဂရုပြုမိဟန်မပေါ်...
" မင်းအတွက် သူငယ်ချင်းအသစ်ရပြီတောင် ထင်နေတာ... ဘာပဲပြောပြော နေမကောင်းတဲ့သူကို ညှာတာ သင့်တာပေါ့..."
" အဲ့လောက်သနားနေရင် ဆေးရုံတင်ပေးလိုက်ပါလား..."
" ကြိုးလေး မရွဲ့နဲ့နော်"
" ဟာ ခင်ဗျားကပဲ ပြောရတယ်ရှိသေး...
ကိုးမာန်... ခင်ဗျားက တော်တော် တုံးတာပဲနော်..."
" ဘာကိုလဲ?"
" အရိပ်ပြလို့ အကောင်မမြင်တဲ့ အဆင့်တောင်မဟုတ်ဘူး... အကောင်လိုက်ကြီး ဒီမျက်နှာပေးနဲ့ ထိုင်နေတာတောင် ခင်ဗျား ဒီစကားတွေ ပြောထွက်တာ ...
အသက်သာကြီးတာ ဦးနှောက်က သေးသေးလေးထင်တယ်"
ထိုအခါကျ ဒေါသထွက်သွားဟန်ဖြင့်...
" ငါက မင်းအတွက် ပြောတာ... မင်းကို သူငယ်ချင်းတွေ ဘာတွေ နဲ့ ပျော်ပျော်နေစေချင်တာ..."
" မလိုပါဘူး..."
ကြွေ စကား ခဏရပ်ပြီး ကိုးမာန် မျက်နှာကို တစ်ချက်ကြည့်လိုက်သေးသည်။
ပြီးမှ...
" အခုလည်း ပျော်နေတာပဲလေ...... ခင်ဗျားရှိနေလို့..."
" ဟာ ဟေ့ ဟေ့ ... ငါ့ဘက် လှည့်မလာနဲ့ ...ငါက Roy အကြောင်းပြောနေတာကို..."
" အဲ့ကောင် အကြောင်း မပြောချင်ပါဘူး... "
" ဒါဆိုလည်း မပြောတော့ဘူး ငါစာအုပ်ဖတ်တော့မယ်..."
ပြောပြောဆိုဆို စာအုပ်ကြီး ဆွဲထုတ်ပြီး ဖတ်နေတဲ့ ကိုးမာန်...
ပုံစံက တကယ့်ကို ရယ်ချင်စရာ...
မလည်ပဲနဲ့ လာရှုပ်ချင်နေသေးတာ...
ကြွေ့ကိုများ Roy နဲ့တဲ့ ...
ဘယ်လို အတွေးတွေ တွေးလိုက်တာလဲ ကိုးမာန် ရယ်.........
ကြွေ သဘောကျစွာ ပြုံးလိုက်မိသည်။
ရိုး အ လိုက်တဲ့ ကိုးမာန်...
အခုလည်း စာအုပ်ကိုသာ အသည်းသန် ငုံ့ဖတ်နေတာ......
ကြွေ လည်း ငြိမ်ငြိမ်မနေနိုင်တော့ပဲ...
" ခုနပြောတော့ Jay Chou သီချင်း ပါတယ်ဆို? ဘယ်မှာလဲ?"
" ကိုယ့်ဘာသာ နားထောင် ရော့"
ph ထုတ်ပေးပေမယ့် ကြွေ မယူပဲ...
" အတူတူ နားထောင်မယ်လေ"
" ကိုယ့်ဘာသာ နားထောင်ပါကွာ... ဟင်း..."
သွန်းမာန် စကားမဆုံးခင် နားထဲ ရောက်လာတဲ့ နားကြပ်ကြောင့် ဘာမှ ဆက်မပြောတော့ပဲ ငြိမ်နေလိုက်သည်။
ပြောလို့လည်း နိုင်မှာမှ မဟုတ်တာ...
သီချင်းသံလေးနဲ့ အတူ ငြိမ်ပြီး နားထောင်နေရာက...
" ဒါနဲ့ ကိုးမာန်"
သွန်းမာန် စာအုပ်ဖတ်နေရင်းကနေ...
" အင်း..."
" အဲ့ ကောင်က ခင်ဗျားကို စိတ်ဝင်စားနေတာ ထင်တယ်"
" ပေါက်ကရ မပြောစမ်းပါနဲ့ ကြိုးလေးရာ သီချင်း အေးဆေးနားထောင်..."
သွန်းမာန် ပြောပြီးတာနဲ့ စာအုပ်ကိုသာ စိတ်နှစ်ပြီး ပြန်ဖတ်လိုက်သည်။
ပြုံးစစ မျက်နှာပေးနဲ့ ကြည့်နေတဲ့ ကြိုးလေးရဲ့ အကြည့်တွေကို မသိချင်ယောင် ဆောင်ရင်းနဲ့သာ......
Jay Chou ရဲ့ သီချင်းသံ ကတော့ နှစ်ယောက်လုံး နားမှာ ပျံ့လွင်လျက်။
~~~~~~~~~~~~~~~~~~~
" မင်းတွေ့ခဲ့တာ ဟုတ်ကော ဟုတ်ရဲ့လား မျိုးမင်း?"
" ငါလည်း မဟုတ်ပါစေနဲ့လို့ မျှော်လင့်တယ်"
စာကြည့်ခန်းကနေ ပျံ့လွင့်လာတဲ့ စကားသံကြောင့် အပေါ်ထပ်တက်ရန် ပြင်နေတဲ့ ကြွေ ခြေလှမ်းတွေ ရပ်တန့်သွားရသည်။
စာဖတ်ခန်းထဲမှာ စကားပြောနေပုံရတဲ့ Daddy နဲ့ ဦးမျိုးမင်း...
" မင်းအမြင်မှားတာလည်း ဖြစ်မှာပါ... တကယ်လို့ သူဖြစ်နေရင်တောင် ပြောင်းလဲစရာ ဘာမှ မရှိဘူး..."
" ငါက မိတ်ဆွေ တစ်ယောက်အနေနဲ့ လာပြောပြတာပါ... တကယ်လို့ သူသာ မင်းကို စိတ်မဝင်စားခဲ့ရင် ..."
" အတိတ်က အတိတ်ပါပဲ... ငါက သူနဲ့ပတ်သတ်တာ ဘာမှ မသိဘူး ...... သူ့နာမည်တောင် သိခဲ့တာ မဟုတ်ဘူး..."
" အေးပါ ... မင်းကို သတိထားရအောင် ပြောပြတာပါ... ဒါနဲ့ ဟိုနေ့က တင်ဒါ အောင်တဲ့ project အခြေနေ ပြောပါဦး..."
" ........."
စီးပွားရေး အကြောင်းတွေကိုတော့ ကြွေ မသိချင်တာမို့ အပေါ်ထပ်သာတက်ခဲ့လိုက်သည်။
ဦး မျိုးမင်းက တော်တော်လေး စိတ်ထားကောင်းတဲ့သူ...
mommy နဲ့ အိမ်ထောင်ထူပြီး mommy ကို ချစ်ခင်ပေးရုံသာမက......
Daddy နဲ့လည်း အကောင်းဆုံး စီးပွားဖက် တစ်ယောက်......
ဒီလို အဖက်ဖက်က တော်တဲ့ သူဖြစ်ဖို့က လွယ်တာမဟုတ်...
ဒါပေမယ့်လည်း......
မွေးထားတဲ့ သားကတော့ တစ်စက်မှ အချိုးမပြေ......
ဦးမျိုးမင်း နဲ့မတူပဲ mommy နဲ့ပဲ တူလွန်းနေတဲ့ မင်းဂုဏ်ရောင်...
ရေစက်ကလည်းဆိုးပါ့...
အမေတူ အဖေကွဲ ညီအစ်ကိုတဲ့...
ဟင်း......
ကြွေ သက်ပြင်းချလိုက်သည်။
အဲ့ဒါကြောင့်မို့ ဘာမှမတွေးချင်တာ...
တွေးလိုက်မိတာနဲ့ မဆုံးနိုင်...
အပ်ချည်ကြိုး လုံးလွင့်သွားတာကို လိုက်ဖမ်းနေရသလို မဆုံးနိုင်တဲ့ အတွေးတွေ အသုံးလိုသလောက် ဖြတ်ပစ်ရတဲ့ အပ်ချည်တွေလို ...... လိုသလောက်ပဲ တွေးပြီး ဖြတ်ပစ်မှ တန်ရာ ကျမည်
ကားသော့ကို စားပွဲပေါ်တင်ရင်း အကျီ ၤလဲဖို့ ပြင်ပြီးမှ ကြွေ တစ်စုံ တစ်ခုကို သတိရမိသွားသည်။
ဟိုနေ့က မင်းဂုဏ်ရောင် ပြောသွားတဲ့ စကားက ရိုးရိုးတော့မဟုတ်နိုင်...
ဒီကောင်က အကြောင်းမရှိပဲ ကြွေ့ကို ခနဲ့ရဲမှာမဟုတ်...
ကြွေ တွေးရင်းနဲ့ ပြတင်းပေါက်က တဆင့် တစ်ဖက်ခြံကို ငေးလိုက်မိသည်။
ထို့နောက် ...
တစ်ယောက်တည်း တိုးတိတ်စွာ ရေ ရွတ်လိုက်မိသည်။
" မင်းဘာ card ကို ကိုင်ပြီး ယုံကြည်မှု ပြင်းထန်နေလဲ ဆိုတာတကယ်ပဲ သိချင်မိတယ်..."
~~~~~~~~~~~~~~~~~~
at Precious Club
Strawberry ရနံ့ Vabe ကို ဟန်ပါပါ ရှိုက်ဖွာရင်း မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သူကို တစ်ချက်ငဲ့ကြည့်ကာ စကားစ လာတဲ့ Roy...
" အခု ငါက မင်းပြောတာကို သဘောတူလိုက်ပြီနော်"
သဘောကျစွာ ပြုံးလိုက်ပြီး
ပယင်းရောင် ရေတစ်ချို့ကို တစ်ကျိုက်မော့လိုက်တဲ့ မင်းဂုဏ်ရောင်...
" မင်းပြောတော့ လေ့လာပြီးမှ အလုပ်လက်ခံမှာဆို... အခုတော့ မြန်လှချည်လား"
" လေ့လာစရာ မလိုတော့ဘူး ... ငါကိုယ်တိုင်က ဒီပွဲကို စိတ်ဝင်စားနေလို့လေ"
ပြောရင်း Vape ထပ်ရှူ လိုက်တဲ့ Roy...
ကျောင်းမှာ ကျောင်းသားအဖြစ်နေပေမယ့်
Roy က ဒီလောကမှာ နာမည်ကြီး ကြေးစားတစ်ယောက်ဆိုလည်း မမှား...
ချေတဲ့ ငနဲကို တွဲပြီး ဒေါက်ဖြုတ်ပစ်တာမျိုး...
တွဲပြီးမှ လမ်းခွဲတာမျိုး...
ဒီလို အလုပ်မျိုး လုပ်လာတာမနည်း...
မကြာခင်ကတော့
မင်းဂုဏ်ရောင် လာကမ်းလှမ်းတဲ့ အလုပ်တစ်ခု ရှိလာခဲ့တာ...
အလုပ်က ခါတိုင်းလုပ်နေကျထဲက တစ်ခု...
သူများရည်စားကို ဆွဲထုတ်ပြီး အနိုင်ပိုင်းရမှာ...
အလုပ်က မခက်ပေမယ့် ......
ပေးတဲ့ ကြေးက မြင့်နေတာမို့ ခဏ လောက် လေ့လာနေခဲ့တာ...
ထင်တဲ့ အတိုင်း ကိစ္စက မလွယ်
အပိုင်ချုပ်ရမယ့် သွန်းမာန်သစ် ဆိုတဲ့ လူက ကြည့်ကောင်းပြီး ရိုးသားပြည့်စုံ သူမို့ အပြစ်ပြောစရာမရှိ...
တကယ့်ပြသနာက ကြွေကြိုး...
Roy ဘာကြောင့်မှန်းမသိ... ဒီ ပွဲကို အထူး စိတ်ပါနေမိတာ...
" ကောင်းပြီလေ ဒါဆို စိတ်မပျက်ရစေနဲ့ ဒီမှာ စရံ သိန်း ၁၀၀..."
ပိုက်ဆံအပြည့်ပါတဲ့ အိတ်ကို Roy တစ်ချက်စောင်းကြည့်ပြီး...
ပြုံးလိုက်မိသည်။
" ငါ့အတွက် နစ်နာစရာ မရှိတဲ့ ပွဲပဲ..."
" တစ်ခုတော့ သေချာအောင် သိထားစေချင်တယ် Roy"
" ပြောလေ..."
" မင်းအဓိက ထိခိုက်အောင်လုပ်ရမှာ ဟိုလူကြီးကို မဟုတ်ဘူးနော် ... ကြွေကြိုးဆိုတဲ့ ကောင်ကို လုပ်ရမှာ...... အဲ့ကောင် ခံစားရတာကို မြင်ချင်တာ..."
Roy ပါးပါးလေး တစ်ချက်ပြုံးလိုက်ကာ...
" လွယ်တော့ မလွယ်ဘူး... ဒါပေမယ့် ဝမ်းမြောက်စွာ သဘောတူတယ်"
ထို့နောက် အဓိပ္ပါယ် ကိုယ်စီ အပြုံးနဲ့ အောင်ပွဲခံနေကြတဲ့ Roy နဲ့ မင်းဂုဏ်ရောင်...
" Cheer!"
~~~~~~~~~~~~~~~~~~
at City Mart...
" ကျေးဇူးပါ ကြိုးလေးရာ မင်းသာ မပြောရင် ဒီလိုနေရာမှာ ငါလိုချင်တဲ့ စာအုပ် ရှိတာကို တွေးမိမှာတောင်မဟုတ်ဘူး..."
လိုချင်တာရတာနှင့် မျက်နှာပြုံးဖြီးနေတဲ့ ကိုးမာန်ကို မျက်လုံးလေးနဲ့ပဲ စွေကြည့်လိုက်ပြီး......
" coffee မျက်နှာကြောင့်ပါနော်...... မဟုတ်လို့ကတော့ ချွေးစို ခြေညောင်း မယ့် အလုပ်တွေစဉ်းတောင် မစဉ်းစားဘူး"
" သိပါတယ်ကွာ အခုဝယ်တိုက်မှာပါ လာသွားရအောင်..."
နှစ်ယောက်သား ပိုက်ဆံရှင်းကောင်တာကနေ ထွက်လာစဉ်...
" ဟာ အစ်ကို ဆုံပြန်ပြီ"
နှုတ်ဆက်သံနဲ့အတူ တွေ့လိုက်ရတာက Roy
သူတစ်ယောက်တည်းတော့မဟုတ်...
ဘေးနားမှာ သန့်သန့်ပြန့်ပြန့် လူတစ်ယောက်နှင့်...
" ဟုတ်ပါ့ကွာ နေကောင်းသွားပြီလား Roy?"
သွန်းမာန်ကတော့ ပြုံးပြနှုတ်ဆက်နေပေမယ့် ကြွေကတော့ ခပ်တည်တည်သာ နေနေလေသည်။
" မိတ်ဆက်ပေးရဦးမယ်... အစ်ကို ဒါကလေ ကျွန်တော့်ရဲ့......"
မဝံ့မရဲဟန်လေးနဲ့ ခေါင်းငုံ့သွားတဲ့ Roy...
သရုပ်ဆောင် skill တကယ်မခေမှန်း ကြွေ အသိမှတ်ပြုလိုက်မိသည်။
" ကိုယ် နားလည်ပါတယ်ကွာ...သွားစရာရှိတာ သွားကြလေ... နောက်မှ တွေ့ကြတာပေါ့... "
" ဟုတ် အစ်ကို သွားပြီနော်... "
တော်တော်လေး ရိုရိုကျိုးကျိုး ဟန်နဲ့ နှုတ်ဆက်ပြီး ထွက်သွားတဲ့ Roy နဲ့သူ့ကောင်လေး...
ကြွေ့ကိုတော့ အဓိပ္ပါယ် တစ်ခုခုပါသော အကြည့်နဲ့ ကြည့်သွားသေးသည်။
ဒါကို ကိုးမာန် ရိပ်မိပုံမရ...
" မျက်နှာကြောလေး ဘာလေး လျှော့ပါဦး ကြိုးလေးရယ်... ဒီလောက် တစ်ဖက်သားက ကိုယ့်ကိုယ် ပြုံးပြနေတာ..."
ကြွေ စိတ်လေသွားသည်။
ဒီ ကိုးမာန် နဲ့တော့ ခက်နေပြီ...
" အလကားရတဲ့ အပြုံးတွေကို အလကားလူတွေပဲ ရက်ရက်ရောရောပေးတက်တာ..."
" အမ်! အဲ့တော့ ငါက အလကားလူလား?"
" ဘယ်သိမလဲ? ကိုယ့်ကိုယ်ကိုယ် အသိဆုံးဖြစ်မှာပေါ့..."
" ထင်တာတွေလျှောက်ပြောမနေနဲ့...... လောကကြီးကို တည့်တည့်ပဲကြည့်... အခုကြည့်ပါလား မင်းပြောတော့ Roy က ငါ့ကို စိတ်ဝင်စားနေတာဆို... သူသာ ငါ့ကိုစိတ်ဝင်စားရင် အခုလို သူ့ကောင်လေးနဲ့ မိတ်ဆက်ပေးရဲပါ့မလားကွ......"
လုံးဝအပိုင် ပြောနေတဲ့ သွန်းမာန်ကို ကြည့်ပြီး ကြွေ တော်တော်လေး စိတ်ညစ်သွားရသည်။
ဒီလို လူမျိုးက ဘယ်လိုမှ ရှင်းပြလို့ရမှာမဟုတ်
ခံလိုက်ရမှသာ သိမည့်လူမျိုး...
" ခင်ဗျားကတော့ သိပ်ကို တည့်တည့်တွေ မြင်နေတယ်ပေါ့လေ... ဒါဆိုလည်း တစ်ယောက်တည်းသာ ဆက်ကြည့်ပြီးနေခဲ့တော့... လိုက်မလာနဲ့"
ကြွေ စိတ်ပေါက်လာတာမို့ ကိုးမာန်ကို ထားခဲ့ပြီး ထွက်လာခဲ့လိုက်သည်။
ဒီလောက်တုံးအ တဲ့လူ ... တစ်ခါမှကို မတွေ့ဖူး...
လေးငါးလှမ်းလောက် လျှောက်လာပြီးမှ မနေနိုင်တာကြောင့် နောက်ပြန်လှည့်လိုက်တော့...
ကြောင်တောင်တောင် နဲ့ မတ်တပ်ရပ်နေဆဲ ကိုးမာန်...
အဲ့လို အမူရာကိုက ဒေါသထွက်စေတာ...
ကြွေ စကားတစ်ခွန်း အော်ပြောပြီး ထိုနေရာကနေ ထွက်လာခဲ့လိုက်သည်။
ဘယ်လိုပုံစံပဲ ကျန်ခဲ့ ကျန်ခဲ့ နေသာ နေခဲ့ပေတော့ ... ကိုးမာန်
ကြွေ ပြောခဲ့တဲ့ စကားကတော့...
.
.
.
.
.
.
.
" ကိုးမာန်... ခင်ဗျားကလေ တော်တော် တုံးတဲ့ အရူး!!"
~~~~~~~~~~~~~~~~~~~~~
tbc.
thanks for lovely my creations
i'll try more than more to best
N.S.P
12.7.2018
2:34 P.M
notice*
media မှာ ကြွေ နဲ့ သွန်းမာန် နားထောင်တဲ့ Jay Chou ရဲ့ Rainbow သီချင်းလေးထည့်ပေးထားပါတယ်
မိုးအေးအေးလေးနဲ့ သီချင်းလေးနားထောင်ပြီး update အေးအေးလေး ဖတ်ပေးကြပါဗျ
ဝေဖန်မှု feedback လေးတွေ မျှော်လျက်ပါ...