My boyfriend from the star🌠�...
By Irisfairy99
146K 7.2K 61
သွန်းရဲ့fbမှာပထမဆုံးစတင်​တဲ့ ficက​လေးပါ.... ပထမဆုံးစ​ရေးတဲ့ bl ဇာတ်​လမ်း​လေး.... More
intro
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၈
Extra
Intro ( unicode )
part 1 ( unicode )
Part 2 ( unicode )
Part 3 ( unicode )
Part 4 ( unicode )
Part 5 ( unicode )
Part 6 ( unicode )
Part 7 ( unicode )
Part 8 ( unicode )
Part 9 ( unicode )
Part 10 ( unicode )
Part 11 ( unicode )
Part 12 ( unicode )
Part 13 ( unicode )
Part 14 ( unicode )
Part 15 ( unicode )
Part 16 ( unicode )
Part 17 ( unicode )
Final ( unicode )
Extra ( unicode )
အပိုင်း ၁၇
3.8K 228 1
By Irisfairy99
My boyfriend from the star🌠🌠
                                   အပိုင်း ( ၁၇ )
           ကိုကို မရှိ​တော့ဘူး....။ခေါင်းထဲဝင်​လာ​သောအ
တွေးတစ်​ချို့​ကြောင့်​လွန်းလှဲ​နေရာမှဆတ်​ခနဲထလိုက်
တော့သည်​...။လွန်း ​ရောက်​​နေတဲ့​နေရာကအခန်းတစ်​ခု
ထဲတွင်​ဖြစ်​​လေသည်​...။နှာ​ခေါင်းထဲဝင်​လာ​သောပိုးသတ်​​ဆေးအနံ့​ကြောင့်​ဒါ​ဆေးရုံတစ်​ခုရဲ့အခန်းတစ်​ခုထဲတွင်​​ရောက်​​နေမှန်းလွန်းသိရ​လေသည်​...။
           "လွန်း သတိရပြီလား...."
            လွန်း အနားသို့​ရောက်​လာကာစိုးရိမ်​တကြီး​ရော
က်​လာ​သောမျိုးကို...။သူက​ရော လွန်းဆီဘယ်​လို​ရော
က်​​နေတာလဲ....။
          "ငါ ဘယ်​​ရောက်​​နေတာလဲ...."
           "မင်းအခု​ဆေးရုံမှာ​လေ ဒါနဲ့မင်းကဘယ်​လိုလုပ်
ပြီး ပဲခူးသွားတဲ့လမ်းမှာသတိ​မေ့လဲကျ​နေရတာလဲ​တော်
သေးတာ​ပေါ့ ပဲခူးကပြန်​လာတဲ့ကားတစ်​စီးမင်းကိုလမ်း
မှာ​လဲ​နေတာ​တွေ့လို့​ဆေးရုံတင်​​ပေးထားတာ..."
          ဟင်​....။လွန်း အခုမှသတိရ​တော့သည်​...။ဟုတ်
တယ်​...ကိုကို ထွက်​သွားပြီးလွန်းငိုရင်းလဲကျသွားခဲ့တာ
ပဲ​လေ...။
          "ပြီး​တော့ မင်းလူကြီး​ရော ဘာလို့မင်းနဲ့အတူရှိမ
နေတာလဲ ငါအိမ်​ကိုသွားကြည့်​​တော့လည်းဘယ်​သူမှမ
ရှိဘူး...."
          မျိုးကိုရဲ့အ​မေး​ကြောင့်​ လွန်းရင်​ထဲဆစ်​ခနဲဖြစ်
သွားရ​လေသည်​...။ဝမ်းနည်းစိတ်​​ကြောင့်​ မျက်​ရည်​​တွေ
အလိုလိုရစ်​ဝိုင်းလာ​လေ​တော့သည်​...။
           "လွန်း ဘာဖြစ်​လို့...."
           "ကိုကိုက ထွက်​သွားပြီ မျိုးကို....."
           "ဘာ ဒါဆိုသူမင်းကိုထားသွားတာ​ပေါ့ ​တောက်
ဒါ ဒီ​ကောင်​သက်​သက်​လူပါးဝတာ..."
              မျိုးကို ​ဒေါသတကြီးထ​အော်​​လေသည်​...။လွန်း
က​တော့​ခေါင်းတယမ်းယမ်းခါကာငိုမိ​လေ​တော့သည်​...။
             "မဟုတ်​ဘူး ကိုကိုကငါ့ကိုထားသွားတာမဟုတ်
ဘူး သူပြန်​လာမယ်​တဲ့ သူငါ့ကိုကတိ​ပေးခဲ့တယ်​..."
            "အဲ့​တော့ မင်းကယုံတယ်​​ပေါ့...."
              "ယုံတယ်​ ငါကိုကို့ကိုယုံတယ်​ ငါ​စောင့်​​နေမှာ
ကိုကို ပြန်​လာတဲ့အချိန်​ထိ..."
             လွန်း စိတ်​ထဲခံစား​နေရတာကိုသိရ​တော့သူ
လွန်းကိုအပြစ်​မတင်​ရက်​​ပေ...။လွန်းကိုဘယ်​လိုနှစ်​သိမ့်
ပေးရမလဲဆိုတာကိုလည်းမျိုးကိုမသိ​ပေ...။
          "ခဏ​နေ အန်​တီလာလိမ့်​မယ်​...."
          "ဟင်​ မင်း ​မေ​မေ့ကို​ခေါ်လိုက်​တာလား...."
           "သားငယ်​ လွန်း​လေး...."
            အခန်းထဲသို့​ပြေးဝင်​လာ​သော လွန်းရဲ့​မေ​မေ...။
အနားသို့အ​ပြေး​ရောက်​လာပြီးစိုးရိမ်​တကြီး​မေးလာ​လေ
သည်​...။
           "​မေ​မေ...."
          "သားငယ်​ ဘယ်​လိုဖြစ်​ရတာလဲကွယ်​ ​မေ​မေ့မှာ
ဖြင့်​ရင်​​တွေကိုပူသွားတာပဲ ကဲ ပြပါဦး ဘယ်​နား​တွေထိ
ခိုက်​သွား​သေးလဲ...."
         "အရမ်းကြီးမစိုးရိမ်​ပါနဲ့ အန်​တီ လွန်းကအားနည်း
ပြီးမူးလဲသွားတာပါ...."
          မျိုးကို ​ဘေးက​နေဝင်​​ပြောလိုက်​ခြင်းဖြစ်​​လေသည်
ကြည့်​ရတာေ​မမေကလွန်းနဲ့ကိုကိုအ​ကြောင်းမသိ​သေး
ဘူးထင်​သည်​...။မျိုးကိုလည်း​မေ​မေ့ကိုဘာမှ​ပြောမထား
ဘူးထင်​​ပေသည်​...။
          "​မေ​မေ....."
           လွန်း ​မေ​မေ့ရင်​ခွင်​ထဲတိုးဝင်​ကာငိုချလိုက်​​တော့
သည်​....။
            "သားငယ်​ ဘာဖြစ်​လို့လဲ....."
လေသည်​...။လွန်းရင်​ထဲမှာဘာဖြစ်​​နေသည်​ဆိုတာကို
မေ​မေကမသိ​ပေမဲ့လွန်းတစ်​စုံတစ်​ခုကိုခံစား​နေရမှန်းသိ
၍ဘာမှမ​ပြောပဲ​ကျော​လေးအသာပုတ်​ကာသာနှစ်​သိမ့်
ပေး​နေ​လေ​တော့သည်​....။
( ၅ ) နှစ်​ခန့်​ကြာ​သော်​....
           ငါးနှစ်​​တောင်​ကြာခဲ့ပြီဖြစ်​​လေသည်​...။ပြန်​လာမ
ည်​ဆို​သောကိုကို့ရဲ့ကတိကိုလွန်းယုံကြည်​စွာ​စောင့်​ဆိုင်း
နေမိတု​န်းပင်​....။နှစ်​​တွေလ​တွေရက်​​တွေအလီလီ​ပြောင်း
သွားခဲ့​ပေမဲ့လွန်းနှလုံးသားထဲကကိုကို့အ​ပေါ်ချစ်​သည့်
စိတ်​က​တော့​ပြောင်းလဲခြင်းမရှိ​ပေ...။အချိန်​​တွေ​ပြောင်း
လဲသွားသည်​နှင့်​အပြိုင်​လွန်းရဲ့ပုံစံကလည်း​ပြောင်းလဲ
သွားတာ​ကြောင့်​လွန်းအ​ပေါ်စိတ်​ဝင်​စားတဲ့သူ​တွေရှိလာ
လေသည်​...။သို့​​ပေမဲ့လွန်းကိုချစ်​​ရေးဆိုလာတဲ့သူ​တွေရှိ
ပေမဲ့အားလုံးကိုလွန်းငြင်းပယ်​ကာကိုကို့အ​ပေါ်သ္စစာမ
ပြတ်​​စောင့်​​နေမိ​တော့သည်​....။
          "လွန်းသံစဉ်​....."
           ကွန်​ပျူတာ​ရှေ့ထိုင်​ကာအ​တွေးပွား​နေမိ​သော
လွန်း.....​ဘေးနားကမမနွယ်​ခုံ​ခေါက်​သတိ​ပေးမှလွန်း
သတိပြန်​ဝင်​လာရ​တော့သည်​....။
          "ဟင်​ ဘာလဲ မမနွယ်​...."
           "ဘာ​တွေဒီ​လောက်​အ​တွေးများ​နေတာလဲ လွန်း
ခေါ်မကြား​အော်​မကြားကိုဖြစ်​လို့..."
           "ဟုတ်​ပ ကိုလွန်း ဘာ​တွေ​တွေး​နေတာလဲ...."
လာတာ​ကြောင့်​လွန်းရှက်​ရမ်းရမ်းကာရယ်​မိ​တော့သည်​။
         "ဘာမှမဟုတ်​ပါဘူး ဟိုဟိုဒီဒီအ​ကြောင်း​လေး​တွေ
တွေး​နေမိတာပါ....."
            "ဟုတ်​လို့လား ချစ်​ရမယ့်​သူ​တွေဘာ​တွေ​တွေ့​နေ
ပြီမလား အဲ့ဒါ​ကြောင့်​​ခေါ်မကြား​အော်​မကြားချစ်​သူအ
ကြောင်း​တွေး​နေတာမလား ဟိ...."
           "ဟုတ်​မယ်​ ဟုတ်​မယ်​......"
            "ဟာ ဘာ​တွေ​ပြော​နေကြတာလဲမသိဘူး...."
            လွန်း ရှက်​ရမ်းရမ်း​နေသည့်​ပုံစံ​ကြောင့်​တစ်​ရုံးလုံး
ကလူ​တွေတဟားဟားနှင့်​ရယ်​ကြ​လေ​တော့သည်​....။
            "အဲ့ဒါဘာဖြစ်​​နေကြတာလဲ...."
            ဟိန်းထွက်​လာ​သောအသံ​ကြောင့်​တစ်​ရုံးလုံးက
လူ​တွေရယ်​သံတိခနဲရပ်​သွား​လေ​တော့သည်​....။မရပ်​လို့
လဲမရ​ပေ....သူတို့အားပြသနာရှာ​နေကျမ​န်​​နေဂျာလူပု
ရောက်​လာသည်​မဟုတ်​​ပေလား....။
           "​တော်​​တော်​​ပျော်​​နေကြတယ်​​ပေါ့....."
           "မဟုတ်​ပါဘူး ဂျာကြီးရဲ့....."
            "လွန်းသံစဉ်​....."
             "ဗျာ ဂျာကြီး...."
           မန်​​နေဂျာကြီးရဲ့​ခေါ်သံ​ကြောင့်​ လွန်း အလန့်​တ
ကြားထရပ်​မိ​တော့သည်​....။
           "ဒီ​နေ့ငါတို့ရုံးကို MDအသစ်​လာလိမ့်​မယ်​ သူ့အ
တွက်​ရုံးခန်းကို​သေ​သေချာချာလုပ်​ထား ပြီး​တော့ပြီးခဲ့တဲ့
နှစ်​ကုန်​ကစာရင်းနဲ့စာရွက်​စာတမ်း​တွေယူလာခဲ့...."
          "ဟုတ်​ကဲ့ ဂျာကြီး..."
          "ကဲ ကိုယ့်​အလုပ်​ကိုယ်​ဆက်​လုပ်​ကြ..."
           မန်​​နေဂျာကြီးထွက်​သွား​တော့မှအားလုံးသက်
ပြင်းချနိုင်​ကြ​တော့သည်​....။လွန်းက​တော့စိတ်​ညစ်​ညစ်
နဲ့နှုတ်​ခမ်းဆူထားမိ​တော့သည်​....။တကယ်​ဆိုဂျာကြီး
ခိုင်းထားတဲ့အလုပ်​​တွေကိုသူနှင့်​မျိုးကိုနှစ်​​ယောက်​လုပ်
ရမှာဖြစ်​​လေသည်​...။အခု​တော့အဲ့ဝက်​မ...အယ်​အခု
တော့ဝက်​မဟုတ်​​တော့ပါဘူး...အဲ့မျိုးကို​မောင်​ကဒီ​နေ့အ
လုပ်​က​နေခွင့်​ယူထားတာ​ကြောင့်​မလာ​ပေ...။အစုတ်​ပ
လုတ်​မျိုးကို....သူကျ​တော့ရည်းစားနဲ့​လျှောက်​လည်​ပြီး
ပျော်​ပါး​နေတယ်​...ငါ့မှာ​တော့ ဟွန်း....။လွန်း မျိုးကို ကို
အမျိုးမျိုးကျိန်​ဆဲရင်းဂျာကြီးခိုင်းထားသည်​များကိုလုပ်​​နေ
မိ​တော့သည်​....။
         "MD လာပြီတဲ့....."
အားလုံးလည်းပြီးပြီ....။လွန်း အပြင်​သို့ထွက်​လာခဲ့​တော့
သည်​....။အ​ရေးထဲ အထွက်​ဝင်​​ပေါက်​နားကခုံတွင်​တင်
ထား​သောဖိုင်​တွဲ​တွေကိုတိုက်​မိ၍​အောက်​တွင်​ထိုင်
ကောက်​​နေရ​သေးသည်​....။
          "အားလုံးပဲ ဒါငါတို့ရဲ့ MD အသစ်​ ​နေမင်းမာန်​တဲ့
MD အထဲကိုကြွပါ....."
          အရမ်းကိုချိုသာ​နေ​သောဂျာကြီးရဲ့​လေသံ​ကြောင့်
လွန်း ဖိုင်​တွဲ​တွေကို​ကောက်​ကာစီ​နေရင်းနှုတ်​ခမ်းကို
မဲ့ပစ်​လိုက်​မိသည်​...။ထို့​နောက်​ထကာဂျာကြီးမိတ်​ဆက်
ပေး​သောMDဆိုတဲ့လူ​ကိုကြည့်​လိုက်​မိ​တော့သည်​....။
ထိုလူ့ရဲ့မျက်​နှာမြင်​လိုက်​ရသည့်​ခဏအတွင်းလွန်းရင်​ထဲ
ဝုန်းဒိုင်းကြဲသွားကာအသက်​ရှူဖို့ပင်​​မေ့သွားမတတ်​ဖြစ်
သွားရ​တော့သည်​....။
         "ကိုကို......."
အပိုင်း၁၈ ဇာတ်​သိမ်းပိုင်းဆက်​ရန်
Continue Reading
You'll Also Like
22.4M 169K 45
"Everyone knew she was his." ~ Ava and Lucas have been best friends since Lucas saw Ava at the playground when she was 4 years old. She is inn...
772K 64.6K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
221K 25.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ