" အဆင္ေျပလား..ကေလး ''
Baekhyun ၏နီရဲေနတဲ့မ်က္ႏွာကိုမေထာက္ပဲေမးခ်လိုက္သည္။ခုနကေတာ့အေၾကာက္လြန္ေနလို႔ သတိလြတ္သြားေပမယ့္အခုက အသိစိတ္ကအေကာင္းတိုင္းျပန္ျဖစ္ေနၿပီမို႔ေခါင္းမေဖာ္ရဲေပ။
Baekhyun သူဘာလုပ္မိလိုက္မွန္းကိုျပန္ပင္မေတြးရဲတာျဖစ္သည္။သူအရင္ဦးေဆာင္လိုက္တဲ့အနမ္းေတြနဲ႔
ဗရမ္းဗတာေတြေတာ့ျဖစ္ကုန္ၿပီ။
အေဖကယ္ပါ။ အေမကယ္ပါ။
တစ္ေယာက္ေယာက္ေတာ့ကယ္ၾကပါ
ေက်းဇူးျပဳၿပီး chanyeol နားကအခုအျမန္ဆံုးထြက္သြားရရင္ေကာင္းမည္
" သက္သာရဲ႕လားလို႔.. မွန္း..ကိုယ့္ကိုၾကည့္ပါအုန္း ''
အား..ခင္ဗ်ားႀကီး ေတာ္ပါေတာ့ဗ်ာ..
ဒီလူက႐ွက္ၿပီးေသေတာ့မွာ
" ကိုယ္ေတာင္းပန္ပါတယ္.မင္းအရမ္းေၾကာက္ေနတာကို
ေ႐ွ႕တိုးမိသြားတယ္..ေနာက္ဆိုမလုပ္ေတာ့ဘူးေနာ္..
ကိုယ့္ကိုၾကည့္ပါအုန္း''
ေမးဖ်ားကိုျဖည္းျဖည္းခ်င္းဆြဲေမာ့ၾကည့္ေတာ့မွ ရဲရဲနီေနေသာမ်က္ႏွာေလးေပၚလာသည္။
" ခ်စ္ဖို႔ေကာင္းလြန္းတယ္ကြာ ''
ပါးႏုႏုေလးႏွစ္ဖက္လံုးကို မေနႏိူင္စြာဆြဲမိသည္။
ေ႐ွ႕ကိုခြၽန္ခြၽန္လာတဲ့ ႏႈတ္ခမ္းေထာ္ေထာ္ေလးကို ဆြဲၿပီးငံုထားပစ္ခ်င္တာ။
" အိပ္ၾကမယ္..လာ ''
ထိုစကားေနာက္မွ baekhyun မ်က္လံုးမ်ားျပဴးက်ယ္သြားသည္။ လူ႔လက္ႏွစ္ဖက္လံုးကိုဆြဲကာထူေနေသာ
Chanyeol ကိုအူေၾကာင္ေၾကာင္နဲ႔ေမာ့ၾကည့္မိရင္း
" ကြၽန္ေတာ္..ေအာက္ဆင္းေတာ့မယ္ ''
" မဆင္းရပါဘူး..
ဒီေန႔ေတာ့ကိုယ့္ရင္ခြင္ထဲမွာေခ်ာ့သိပ္မွာ။ ''
ခါးကိုကိုင္းကာ baekhyun ႏွာသီးရဲရဲေလးကိုဆြဲၿပီးေျပာေတာ့မ်က္ႏွာတစ္ခုလံုးရဲတတ္လာသည္။
လိမ္ညာျခင္းတစ္မႈန္မ်ွမပါေစရ။
ခ်စ္ဖို႔ေကာင္းျခင္း တစ္ရာရာခိုင္ႏႈန္း အျပည့္ၿပီးသည္။
အင္တင္တင္နဲ႔ chanyeol လက္ဆြဲေခၚလာလိုက္ေသာ
အေနာက္ကလံုးတံုးတံုးေလးကို ကုတင္ေပၚ၌ထိုင္ေစေတာ့
ျပဴးတူးတူးနဲ႔လူကိုေမာ့ၾကည့္ေနေရာ။
"ဟာ..ေန..ေနအုန္း...ခင္ဗ်ား..
ဘာ လုပ္တာလဲ ''
အသည္းယားလာတာေၾကာင့္ ေဘးကေစာင္အျဖဴကိုဆြဲယူကာbaekhyun ကိုမရရေအာင္ပတ္ထားလိုက္သည္။
ကုတင္ေပၚမွကုန္းထေနသည္ကို chanyeol သူ႔၏ခနၶာကိုယ္ႀကီးနဲ႔ဖိ၍ကာတားကာ လက္ႏႈစ္ဖက္လံုးကိုပါခ်ဳပ္ၿပီးေစာင္ထုပ္ထဲသို႔ လံုးထည့္လိုက္သည္။
အတင္း႐ုန္းေနေပမယ့္မတတ္ႏိူင္ေတာ့နဲ႔ေနာက္ ၿငိမ္သြား႐ွာသည္။တစ္ကိုယ္လံုးကိုပိုးတံုးလံုးလို ပတ္ထားလိုက္၍မ်က္ႏွာေလးသာ ေပၚေနၿပီးသူ႔ကို မရဲတရဲုျပဴးၾကည့္ေနေသာအခါရင္ထဲမွာ ႏွလံုးသားကိုတစ္ေယာက္ေယာက္ကဆြဲဆိတ္ေနသလိုမ်ိဳး ကလိကလိနဲ႔ ကြၽန္ေတာ္chanyeol အသည္းယားျခင္းအမႈျဖင့္ အသက္ဆံုးပါေတာ့မည္။
" ကြၽန္ေတာ္လႈပ္လို႔မရေတာ့ဘူး ''
သူ႔ခႏၶာကိုယ္ေလးကို ဘယ္ညာယိမ္းၿပီးေျပာေတာ့
မေနႏိူင္စြာ ပါးေလးကိုေနာက္တစ္ႀကိမ္ဆြဲမိျပန္သည္။
Chanyeol ကုတင္ေပၚသို႔ တက္၍baekhyun ၏ေဘးနားဝင္လွဲလိုက္သည္။ပက္လက္လန္ေနေသာ အျဖဴတံုးေလးကိုသူ႔ဘက္ကို ဆြဲယူၿပီးမ်က္ႏွာခ်င္းဆိုင္လွည့္လိုက္ေသာအခါမ်က္ႏွာေလးက႐ွက္ရမ္းရမ္းၿပီးနီရဲေနပါရဲ႕။
" မင္းကိုယ့္ကိုဘာလို႔နမ္းတာလည္း ''
နဂိုနီေနေသာပါးႏွစ္ဖက္မွ မ်က္ႏွာတစ္ခုလံုးသာမက နားရြက္ဖ်ားမ်ားပါ နီရဲလာသည္။
Baekhyun ႐ွက္ၿပီးေသေတာ့မည္။
တစ္ကိုယ္လံုးကိုေစာင္နဲ႔ထုပ္ထားတာေၾကာင့္ လႈပ္လို႔ကမရ။
မ်က္ႏွာတစ္ခုသာေဖာ္ထားၿပီး chanyeol နဲ႔မ်က္ႏွာခ်င္းဆိုင္လွည့္အိပ္ထားသည့္အေနအထားမို႔ ဒီအေျခအေနမွာ
ေသသြားခ်င္ေလာက္ေအာင္ေနရခက္လွသည္။
" ဟာ..ဘာလို႔မ်က္လံုးႀကီးအတင္းမွိတ္ထားတာလည္း ''
ေမးတာကိုမေျဖ။႐ႈံ့မဲ့ၿပီးမ်က္လံုးကိုအတင္းသာမွိတ္ထားေတာ့တာ။
" ကို္ယ့္ကို ႐ွက္ေနတာလား ''
အနားကပ္ၿပီးေမးေတာ့ မ်က္ေမွာင္ႀကီးပါက်ံဳ႕သြားၿပီ။
မ်က္လံုးကိုလည္း နင္းကန္မွိတ္ထားသည့္ပံု။ ႏႈတ္ခမ္းပါးပါးေလးကိုလည္း တင္းေနေအာင္ေစ့ထားပါရဲ႕။
အသည္းယားလြန္းတာေၾကာင့္ chanyeol တစ္ေယာက္ထဲျပံဳးၾကည့္ေနမိသည္။
" Baekhyun ''
ေလသံေအးေအးနဲ႔အတူ baekhyun၏ မ်က္ႏွာေပၚသို႔
ညင္ညင္သာသာ chanyeol ထိေတြ႔လာသည္။
ထို႔ေနာက္အညင္သာဆံုးေသာ နဖူးေပၚသို႔ထိေတြ႔လာေသာအနမ္းတစ္စံု။
Baekhyun မ်က္လံုးဖြင့္လိုက္ေသာအခါ သူ႔ကိုေငးၾကည့္ေနေသာ chanyeol နဲ႔မ်က္လံုးခ်င္းဆံုသည္။
ဝမ္းနည္းရိပ္ သမ္းေသာမ်က္ဝန္းေတြနဲ႔ ခပ္ေရးေရးျပံဳးတဲ့ႏႈတ္ခမ္းပါးေတြ။လက္ေခ်ာင္းေတြကေတာ့ baekhyun ၏ပါးျပင္အားထိေတြ႔ေနလ်က္ပင္။
" ကိုယ့္ကို နည္းနည္းေလာက္ခ်စ္ေပးပါ ''
ခပ္တိုးတိုး ပြင့္အံလာတဲ့ စကားလံုးမ်ားက baekhyun
ႏွလံုးသားရဲ႕အနက္႐ႈိင္းဆံုးထိစီးဆင္းသြားသည္။
ျပန္လည္တံု႔ျပန္ဖို႔အင္အားေတြ ကြၽန္ေတာ့္မွာမ႐ွိတဲ့အခါ
အားတင္းထားမႈေတြက ကြၽန္ေတာ့္မ်က္ႏွာအရိပ္လာထင္သည္ေနမည္။ Chanyeol ကြၽန္ေတာ့္ကို သူ႔ရင္ခြင္ထဲသို႔ပိုက္ေထြးလိုက္သည္။
ကြၽန္ေတာ့္ခႏၶာကို္ယ္ကို တင္းက်ပ္ေနေအာင္ဆြဲေပြ႔ထားၿပီးသည့္ေနာက္ သူေမးဖ်ားတင္ထားရာကြၽန္ေတာ့္ေခါင္းအထက္ဝဲဝဲမွာ ေမ်ွာ္လင့္ျခင္းေတြ။
" နည္းနည္းေလာက္ ခ်စ္ေပးပါကြာ ''
ေနာက္တစ္ႀကိမ္ ေျပာလာေသာchanyeol၏မူပိုင္အသံေအာေအာသည္ ကြၽန္ေတာ္တည္႐ွိတဲ့ေလာကႀကီးကိုအဆံုးမသတ္ႏိူင္တုန္ခါေစသည္။
Chanyeolႏွလံုးခုန္သံေရးေရးၾကားေနရေသာရင္ခြင္သည္
ကြၽန္ေတာ့္ဘဝတြင္ပထမဆံုးေသာခိုလႈံ့ရာတစ္ခုျဖစ္ပါသည္
ကြၽန္ေတာ္လက္မလႊတ္ခ်င္တဲ့တည္ေနရာတစ္ခုလည္းျဖစ္သည့္အျပင္ ကြၽန္ေတာ္ကာကြယ္ေပးခ်င္တဲ့ခ်စ္ျခင္းတရားေတြအရင္းခံရာလည္းျဖစ္သည္။
ဤအခ်ိန္ ဤေနရာ ဤရင္ခြင္ထဲ၌တည္
ဤႏွလံုးခုန္သံေတြနဲ႔ ကြၽန္ေတာ္ဆံုးျဖတ္ခ်က္ခ်ပါသည္။ဘယ္ေတာ့မွ ကြၽန္ေတာ္လံုျခံဳရာထိုလူအနားမွထြက္မသြားေတာ့ပါ။
မညႇိးတဲ့ပန္းမ႐ွိသ၍ပင္ သစ္ရြက္တစ္ခုအျဖစ္နဲ႔ပဲ ၾကံ့ၾကံ့ခိုင္၍စိမ္းလို႔ေနခ်င္သည္။ေပးအပ္ၿပီးသားႏွလံုးသားတစ္ခုလံုးသည္လည္း chanyeol ပိုင္ဆိူင္မႈျဖစ္သည္သာ။
သူပိုင္ဆိုင္ေၾကာင္းကိုကြၽန္ေတာ္ေျပာႏိူင္ဖို႔ သတၱိအခ်ိဳ႕သာမက္ေမာမိပါသည္။
.....
......
" ဗ်ာ.. ''
ဝုန္းခနဲမတ္တပ္ထရပ္လိုက္ေပမယ့္ အားမ႐ွိေတာ့တဲ့ေျခေထာက္ယိုင္က်မသြားေအာင္မနည္းထိန္းလိုက္ရသည္။
" ဘာစကားေတြလဲ အေမ ''
" မင္းၾကားတဲ့အတိုင္းပဲ chanyeol..
ငါတို႔မိသားစုလြတ္ေျမာက္ႏိူင္မယ့္အခ်ိန္ကိုေရာက္ၿပီ မင္းလည္းစိတ္ကိုေသခ်ာျပင္ဆင္.. ''
" ဘာကို လြတ္ေျမာက္ရမွာလဲ ''
Chanyeol မ်က္ႏွာသည္အ႐ုပ္ေသြးပ်က္။
မ်က္ႏွာသာမက ခနၶာကိုယ္တစ္ခုလံုးေသြးမေလ်ွာက္ေတာ့သလိုခံစားရသည္။
" အေမတို႔ေျပာေနတာေတြ ကြၽန္ေတာ္တစ္လံုးမွနားမလည္ဘူး ''
" Chanyeol.. ''
" အေမတို႔ျပသာနာေတြထဲ ကြၽန္ေတာ္တို႔ကိုဆြဲမထည့္နဲ႔
ကြၽန္ေတာ့္ဆီကို baekhyunကိုေရာက္ေအာင္ပို႔ခဲ့တာ အေမတို႔ကိုယ္တိုင္ပဲ။ အခုလည္း အဓိပၸာယ္မ႐ွိတာေတြေျပာၿပီး ဘာေတြလုပ္ဖို႔ၾကံစည္ေနတာလဲ ''
Chanyeol အေမ၏ရင္ထဲနင့္သြားသည္။
အခုသူျမင္ေနရေသာ chanyeolသည္ ဆံုးသြားၿပီျဖစ္ေသာသူ႔၏ေမာင္အရင္းနဲ႔ ဆင္တူေနသည္။
မလြဲဧကန္ ၾကံဳရမယ့္ႀကိမ္စာေနာက္မွာ သူ ့အသက္က သူခ်စ္ရသူကိုကာကြယ္ႏိူင္မယ္ဆိုတဲ့လ်ိႈ့ဝွက္ခ်က္ကိုသိခဲ့တာေၾကာင့္ baekhyun ၏အေမကိုကယ္တင္ႏိူင္ရန္ chanyeol ၏ဦးေလးျဖစ္သူသည္
သူ႔ကိုယ္သူအဆံုးစီရင္သြားခဲ့သည္။
ဒီလိုအျဖစ္မ်ိဳးေနာက္တစ္ေခါက္ျဖစ္လာမည္ကို chanyeol ၏အေမအရမ္းေၾကာက္ပါသည္။
ေသြးသားအရင္းတစ္ေယာက္လံုးအသက္ဆံုးခဲ့ရတဲ့ျဖစ္ရပ္မွာ Baekhyun ၏အေမကိုသူအင္မတန္မုန္းသလို baekhyun ကိုလည္းအရမ္းမုန္းခဲ့ပါသည္။
ေမာင္တစ္ေယာက္ေသၿပီး ၂ႏွစ္ေက်ာ္အၾကာမွာbaekhyun အေမ၏မဂၤလာသတင္းကိုၾကားသိခဲ့ရသည္။စီးပြားပ်က္၍ အေႂကြးမ်ားတင္ထြက္ေျပးရေသာအခါသူတို႔၏သားဆိုတာကို မိဘမဲ့ေက်ာင္းမွာ ပစ္ထားခဲ့သည္ကို ျမင္ခဲ့ရသည္။
ထိုမိသားစုမွေမြးဖြားလိုက္ေသာ ကေလးကေယာက်ၤားေလးျဖစ္ေနတဲ့အခါ ေနာက္ၿပီး မိမိေမြးထားေသာကေလးဟာလည္း
ေယာက်္ားေလးျဖစ္ေနတဲ့အခါ က်ိန္စာရဲ႕အဆံုးသတ္ေရာက္လာၿပီကို chanyeol ၏အေမ ထိတ္လန္႔စြာသိလိုက္ရသည္။
ကံၾကမၼာကို ဘယ္လိုမွေ႐ွာင္လြဲ၍မရသည္ကို သိတာေၾကာင့္ ရက္စက္လိုျခင္းငွါသူတို႔၂ေယာက္၏ ကံတရားအရေတြ႔ဆံုမႈကို မေစာင့္ပဲ မိမိတို႔သေဘာနဲ႔ chanyeol တန္ဖိုးထားေသာသိကၡာတို႔ကိုထိပါးေစၿပီး ထိုေကာင္ေလးကို chanyeolအနားသို႔လႊတ္ခဲ့သည္။
မဂၤလာေဆာင္တြင္ကတည္းက အေျခအေနမေကာင္းေသာ chanyeol ကိုၾကည့္ရင္းအားရခဲ့တာေတာ့အမွန္တကယ္ပင္။ထိုေနာက္ပိုင္းတြင္လည္း chanyeol တကယ္baekhyun ကိုမုန္းေနခဲ့သည္ေလ။
ျဖစ္ႏိူင္လ်ွင္ ဒီႀကိမ္စာကိုအိပ္မက္ဆိုးတစ္ခုသာျဖစ္ေစခ်င္ပါသည္။
မရပါ။ မတတ္ႏိူင္ပါ။ျဖစ္လာခဲ့ၿပီ။
ပံုမွန္ဆိုလ်ွင္ အသက္႐ႈေနရဲ႕လားေတာင္ေမးယူရေလာက္တဲ့အထိ ေအးစက္တည္ၿငိမ္ေနတတ္ေသာသားသည္
တစ္ခုခုေျပာလ်ွင္ ျပံဳးရိပ္သန္းလာသည္။ေမးခြန္းေမးလ်ွင္ေတာင္ ေခါင္းၿငိမ့္ေခါင္းခါသာျပဳမူတတ္ေသာ သားသည္
ညီေထြစြာစကားေျပာလာခဲ့ၿပီ။
ထိုေကာင္ေလးအေၾကာင္းကိုဖြင့္ဟမိခ်ိန္တြင္ေတာ့ ေမြးကတည္းက မျမင္ဖူးခဲ့ေသာအမူအရာတစ္ခုနဲ႔တံု႔ျပန္လာခဲ့ၿပီေလ။
တားလို႔မရပါ။ဒါက သူတို႔ႏွစ္ေယာက္ရဲ႕
ကံၾကမၼာသာျဖစ္သည္။
ဒီေရစက္ဆိုးေၾကာင့္ chanyeol ၏အခ်စ္ေၾကာင့္ chanyeol က baekhyun ကိုခ်စ္မိခဲ့သည့္အတြက္ေၾကာင့္ baekhyun ေသရမွာျဖစ္သည္။
chanyeol၏ဦးေလးျဖစ္သူ လုပ္ခဲ့သလို baekhyun၏အေမ အသက္႐ွင္ႏိူင္ဖို႔သူ႔အသက္ေပးခဲ့သလိုမ်ိဳး ထက္၍ျဖစ္မွာကိုမိုးၿပိဳမွာထက္ေၾကာက္မိသည္။
ထို႔ေၾကာင့္ chanyeol ၏အသက္က baekhyun ကိုကယ္တင္ႏိူင္သည္ကိုေတာ့ အဆံုးထိေျမျမဳပ္ပစ္မိသည္။
ေမာင္တစ္ေယာက္ဆံုး႐ႈံးၿပီးသားမိမိအတြက္ တန္ဖိုးထားရတဲ့သားကို ကာကြယ္ဖို႔ဒီေလာက္ေတာ့လုပ္ခြင့္႐ွိတယ္မလား။
"အေမေျပာမယ္ chanyeol.. ဒါေတြဟာ ကံၾကမၼာပဲ။
မင္းဒီေကာင္ေလးကို မလြဲဧကန္ကိုခ်စ္မိတာမို႔လို႔ ဒီေကာင္ေလးကေသကိုေသရမယ္။ ေ႐ွာင္လႊဲလို႔မရဘူး။တားလို႔လည္းမရဘူး။ ဘယ္လိုမွ မ်က္ကြယ္ျပဳလို႔မရတဲ့အေျခအေနတစ္ခုမို႔လို႔အေမတို႔ေျပာတာကိုနားေထာင္ပါ။ အခ်ိန္တစ္ခုေလးပဲသား။ မင္းအခ်စ္ကို ဒီေကာင္ေလးတံု႔ျပန္ရင္ ဒီက်ိန္စာအဆံုးသတ္ၿပီ။ အဲ့ဒါေၾကာင့္ ေခါင္းမမာပါနဲ႔ ''
" တံု႔ျပန္ရင္လား..''
Chanyeol ေမးလိုက္တဲ့စကားမွာ chanyeol၏အေမ စကားမွားသြားမွန္းသိလိုက္သည္။
" သား..သား..chanyeol''
Chanyeol အခန္းထဲမွထြက္သြားၿပီျဖစ္သည္။
....
.....
Unicode
" အဆင်ပြေလား..ကလေး ''
Baekhyun ၏နီရဲနေတဲ့မျက်နှာကိုမထောက်ပဲမေးချလိုက်သည်။ခုနကတော့အကြောက်လွန်နေလို့ သတိလွတ်သွားပေမယ့်အခုက အသိစိတ်ကအကောင်းတိုင်းပြန်ဖြစ်နေပြီမို့ခေါင်းမဖော်ရဲပေ။
Baekhyun သူဘာလုပ်မိလိုက်မှန်းကိုပြန်ပင်မတွေးရဲတာဖြစ်သည်။သူအရင်ဦးဆောင်လိုက်တဲ့အနမ်းတွေနဲ့
ဗရမ်းဗတာတွေတော့ဖြစ်ကုန်ပြီ။
အဖေကယ်ပါ။ အမေကယ်ပါ။
တစ်ယောက်ယောက်တော့ကယ်ကြပါ
ကျေးဇူးပြုပြီး chanyeol နားကအခုအမြန်ဆုံးထွက်သွားရရင်ကောင်းမည်
" သက်သာရဲ့လားလို့.. မှန်း..ကိုယ့်ကိုကြည့်ပါအုန်း ''
အား..ခင်ဗျားကြီး တော်ပါတော့ဗျာ..
ဒီလူကရှက်ပြီးသေတော့မှာ
" ကိုယ်တောင်းပန်ပါတယ်.မင်းအရမ်းကြောက်နေတာကို
ရှေ့တိုးမိသွားတယ်..နောက်ဆိုမလုပ်တော့ဘူးနော်..
ကိုယ့်ကိုကြည့်ပါအုန်း''
မေးဖျားကိုဖြည်းဖြည်းချင်းဆွဲမော့ကြည့်တော့မှ ရဲရဲနီနေသောမျက်နှာလေးပေါ်လာသည်။
" ချစ်ဖို့ကောင်းလွန်းတယ်ကွာ ''
ပါးနုနုလေးနှစ်ဖက်လုံးကို မနေနိူင်စွာဆွဲမိသည်။
ရှေ့ကိုချွန်ချွန်လာတဲ့ နှုတ်ခမ်းထော်ထော်လေးကို ဆွဲပြီးငုံထားပစ်ချင်တာ။
" အိပ်ကြမယ်..လာ ''
ထိုစကားနောက်မှ baekhyun မျက်လုံးများပြူးကျယ်သွားသည်။ လူ့လက်နှစ်ဖက်လုံးကိုဆွဲကာထူနေသော
Chanyeol ကိုအူကြောင်ကြောင်နဲ့မော့ကြည့်မိရင်း
" ကျွန်တော်..အောက်ဆင်းတော့မယ် ''
" မဆင်းရပါဘူး..
ဒီနေ့တော့ကိုယ့်ရင်ခွင်ထဲမှာချော့သိပ်မှာ။ ''
ခါးကိုကိုင်းကာ baekhyun နှာသီးရဲရဲလေးကိုဆွဲပြီးပြောတော့မျက်နှာတစ်ခုလုံးရဲတတ်လာသည်။
လိမ်ညာခြင်းတစ်မှုန်မျှမပါစေရ။
ချစ်ဖို့ကောင်းခြင်း တစ်ရာရာခိုင်နှုန်း အပြည့်ပြီးသည်။
အင်တင်တင်နဲ့ chanyeol လက်ဆွဲခေါ်လာလိုက်သော
အနောက်ကလုံးတုံးတုံးလေးကို ကုတင်ပေါ်၌ထိုင်စေတော့
ပြူးတူးတူးနဲ့လူကိုမော့ကြည့်နေရော။
"ဟာ..နေ..နေအုန်း...ခင်ဗျား..
ဘာ လုပ်တာလဲ ''
အသည်းယားလာတာကြောင့် ဘေးကစောင်အဖြူကိုဆွဲယူကာbaekhyun ကိုမရရအောင်ပတ်ထားလိုက်သည်။
ကုတင်ပေါ်မှကုန်းထနေသည်ကို chanyeol သူ့၏ခန္ဓာကိုယ်ကြီးနဲ့ဖိ၍ကာတားကာ လက်နှုစ်ဖက်လုံးကိုပါချုပ်ပြီးစောင်ထုပ်ထဲသို့ လုံးထည့်လိုက်သည်။
အတင်းရုန်းနေပေမယ့်မတတ်နိူင်တော့နဲ့နောက် ငြိမ်သွားရှာသည်။တစ်ကိုယ်လုံးကိုပိုးတုံးလုံးလို ပတ်ထားလိုက်၍မျက်နှာလေးသာ ပေါ်နေပြီးသူ့ကို မရဲတရဲုပြူးကြည့်နေသောအခါရင်ထဲမှာ နှလုံးသားကိုတစ်ယောက်ယောက်ကဆွဲဆိတ်နေသလိုမျိုး ကလိကလိနဲ့ ကျွန်တော်chanyeol အသည်းယားခြင်းအမှုဖြင့် အသက်ဆုံးပါတော့မည်။
" ကျွန်တော်လှုပ်လို့မရတော့ဘူး ''
သူ့ခန္ဓာကိုယ်လေးကို ဘယ်ညာယိမ်းပြီးပြောတော့
မနေနိူင်စွာ ပါးလေးကိုနောက်တစ်ကြိမ်ဆွဲမိပြန်သည်။
Chanyeol ကုတင်ပေါ်သို့ တက်၍baekhyun ၏ဘေးနားဝင်လှဲလိုက်သည်။ပက်လက်လန်နေသော အဖြူတုံးလေးကိုသူ့ဘက်ကို ဆွဲယူပြီးမျက်နှာချင်းဆိုင်လှည့်လိုက်သောအခါမျက်နှာလေးကရှက်ရမ်းရမ်းပြီးနီရဲနေပါရဲ့။
" မင်းကိုယ့်ကိုဘာလို့နမ်းတာလည်း ''
နဂိုနီနေသောပါးနှစ်ဖက်မှ မျက်နှာတစ်ခုလုံးသာမက နားရွက်ဖျားများပါ နီရဲလာသည်။
Baekhyun ရှက်ပြီးသေတော့မည်။
တစ်ကိုယ်လုံးကိုစောင်နဲ့ထုပ်ထားတာကြောင့် လှုပ်လို့ကမရ။
မျက်နှာတစ်ခုသာဖော်ထားပြီး chanyeol နဲ့မျက်နှာချင်းဆိုင်လှည့်အိပ်ထားသည့်အနေအထားမို့ ဒီအခြေအနေမှာ
သေသွားချင်လောက်အောင်နေရခက်လှသည်။
" ဟာ..ဘာလို့မျက်လုံးကြီးအတင်းမှိတ်ထားတာလည်း ''
မေးတာကိုမဖြေ။ရှုံ့မဲ့ပြီးမျက်လုံးကိုအတင်းသာမှိတ်ထားတော့တာ။
" ကို်ယ့်ကို ရှက်နေတာလား ''
အနားကပ်ပြီးမေးတော့ မျက်မှောင်ကြီးပါကျုံ့သွားပြီ။
မျက်လုံးကိုလည်း နင်းကန်မှိတ်ထားသည့်ပုံ။ နှုတ်ခမ်းပါးပါးလေးကိုလည်း တင်းနေအောင်စေ့ထားပါရဲ့။
အသည်းယားလွန်းတာကြောင့် chanyeol တစ်ယောက်ထဲပြုံးကြည့်နေမိသည်။
" Baekhyun ''
လေသံအေးအေးနဲ့အတူ baekhyun၏ မျက်နှာပေါ်သို့
ညင်ညင်သာသာ chanyeol ထိတွေ့လာသည်။
ထို့နောက်အညင်သာဆုံးသော နဖူးပေါ်သို့ထိတွေ့လာသောအနမ်းတစ်စုံ။
Baekhyun မျက်လုံးဖွင့်လိုက်သောအခါ သူ့ကိုငေးကြည့်နေသော chanyeol နဲ့မျက်လုံးချင်းဆုံသည်။
ဝမ်းနည်းရိပ် သမ်းသောမျက်ဝန်းတွေနဲ့ ခပ်ရေးရေးပြုံးတဲ့နှုတ်ခမ်းပါးတွေ။လက်ချောင်းတွေကတော့ baekhyun ၏ပါးပြင်အားထိတွေ့နေလျက်ပင်။
" ကိုယ့်ကို နည်းနည်းလောက်ချစ်ပေးပါ ''
ခပ်တိုးတိုး ပွင့်အံလာတဲ့ စကားလုံးများက baekhyun
နှလုံးသားရဲ့အနက်ရှိုင်းဆုံးထိစီးဆင်းသွားသည်။
ပြန်လည်တုံ့ပြန်ဖို့အင်အားတွေ ကျွန်တော့်မှာမရှိတဲ့အခါ
အားတင်းထားမှုတွေက ကျွန်တော့်မျက်နှာအရိပ်လာထင်သည်နေမည်။ Chanyeol ကျွန်တော့်ကို သူ့ရင်ခွင်ထဲသို့ပိုက်ထွေးလိုက်သည်။
ကျွန်တော့်ခန္ဓာကို်ယ်ကို တင်းကျပ်နေအောင်ဆွဲပွေ့ထားပြီးသည့်နောက် သူမေးဖျားတင်ထားရာကျွန်တော့်ခေါင်းအထက်ဝဲဝဲမှာ မျှော်လင့်ခြင်းတွေ။
" နည်းနည်းလောက် ချစ်ပေးပါကွာ ''
နောက်တစ်ကြိမ် ပြောလာသောchanyeol၏မူပိုင်အသံအောအောသည် ကျွန်တော်တည်ရှိတဲ့လောကကြီးကိုအဆုံးမသတ်နိူင်တုန်ခါစေသည်။
Chanyeolနှလုံးခုန်သံရေးရေးကြားနေရသောရင်ခွင်သည်
ကျွန်တော့်ဘဝတွင်ပထမဆုံးသောခိုလှုံ့ရာတစ်ခုဖြစ်ပါသည်
ကျွန်တော်လက်မလွှတ်ချင်တဲ့တည်နေရာတစ်ခုလည်းဖြစ်သည့်အပြင် ကျွန်တော်ကာကွယ်ပေးချင်တဲ့ချစ်ခြင်းတရားတွေအရင်းခံရာလည်းဖြစ်သည်။
ဤအချိန် ဤနေရာ ဤရင်ခွင်ထဲ၌တည်
ဤနှလုံးခုန်သံတွေနဲ့ ကျွန်တော်ဆုံးဖြတ်ချက်ချပါသည်။ဘယ်တော့မှ ကျွန်တော်လုံခြုံရာထိုလူအနားမှထွက်မသွားတော့ပါ။
မညှိးတဲ့ပန်းမရှိသ၍ပင် သစ်ရွက်တစ်ခုအဖြစ်နဲ့ပဲ ကြံ့ကြံ့ခိုင်၍စိမ်းလို့နေချင်သည်။ပေးအပ်ပြီးသားနှလုံးသားတစ်ခုလုံးသည်လည်း chanyeol ပိုင်ဆိူင်မှုဖြစ်သည်သာ။
သူပိုင်ဆိုင်ကြောင်းကိုကျွန်တော်ပြောနိူင်ဖို့ သတ္တိအချို့သာမက်မောမိပါသည်။
.....
......
" ဗျာ.. ''
ဝုန်းခနဲမတ်တပ်ထရပ်လိုက်ပေမယ့် အားမရှိတော့တဲ့ခြေထောက်ယိုင်ကျမသွားအောင်မနည်းထိန်းလိုက်ရသည်။
" ဘာစကားတွေလဲ အမေ ''
" မင်းကြားတဲ့အတိုင်းပဲ chanyeol..
ငါတို့မိသားစုလွတ်မြောက်နိူင်မယ့်အချိန်ကိုရောက်ပြီ မင်းလည်းစိတ်ကိုသေချာပြင်ဆင်.. ''
" ဘာကို လွတ်မြောက်ရမှာလဲ ''
Chanyeol မျက်နှာသည်အရုပ်သွေးပျက်။
မျက်နှာသာမက ခန္ဓာကိုယ်တစ်ခုလုံးသွေးမလျှောက်တော့သလိုခံစားရသည်။
" အမေတို့ပြောနေတာတွေ ကျွန်တော်တစ်လုံးမှနားမလည်ဘူး ''
" Chanyeol.. ''
" အမေတို့ပြသာနာတွေထဲ ကျွန်တော်တို့ကိုဆွဲမထည့်နဲ့
ကျွန်တော့်ဆီကို baekhyunကိုရောက်အောင်ပို့ခဲ့တာ အမေတို့ကိုယ်တိုင်ပဲ။ အခုလည်း အဓိပ္ပာယ်မရှိတာတွေပြောပြီး ဘာတွေလုပ်ဖို့ကြံစည်နေတာလဲ ''
Chanyeol အမေ၏ရင်ထဲနင့်သွားသည်။
အခုသူမြင်နေရသော chanyeolသည် ဆုံးသွားပြီဖြစ်သောသူ့၏မောင်အရင်းနဲ့ ဆင်တူနေသည်။
မလွဲဧကန် ကြုံရမယ့်ကြိမ်စာနောက်မှာ သူ ့အသက်က သူချစ်ရသူကိုကာကွယ်နိူင်မယ်ဆိုတဲ့လျိှု့ဝှက်ချက်ကိုသိခဲ့တာကြောင့် baekhyun ၏အမေကိုကယ်တင်နိူင်ရန် chanyeol ၏ဦးလေးဖြစ်သူသည်
သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့သည်။
ဒီလိုအဖြစ်မျိုးနောက်တစ်ခေါက်ဖြစ်လာမည်ကို chanyeol ၏အမေအရမ်းကြောက်ပါသည်။
သွေးသားအရင်းတစ်ယောက်လုံးအသက်ဆုံးခဲ့ရတဲ့ဖြစ်ရပ်မှာ Baekhyun ၏အမေကိုသူအင်မတန်မုန်းသလို baekhyun ကိုလည်းအရမ်းမုန်းခဲ့ပါသည်။
မောင်တစ်ယောက်သေပြီး ၂နှစ်ကျော်အကြာမှာbaekhyun အမေ၏မင်္ဂလာသတင်းကိုကြားသိခဲ့ရသည်။စီးပွားပျက်၍ အကြွေးများတင်ထွက်ပြေးရသောအခါသူတို့၏သားဆိုတာကို မိဘမဲ့ကျောင်းမှာ ပစ်ထားခဲ့သည်ကို မြင်ခဲ့ရသည်။
ထိုမိသားစုမှမွေးဖွားလိုက်သော ကလေးကယောကျင်္ားလေးဖြစ်နေတဲ့အခါ နောက်ပြီး မိမိမွေးထားသောကလေးဟာလည်း
ယောကျ်ားလေးဖြစ်နေတဲ့အခါ ကျိန်စာရဲ့အဆုံးသတ်ရောက်လာပြီကို chanyeol ၏အမေ ထိတ်လန့်စွာသိလိုက်ရသည်။
ကံကြမ္မာကို ဘယ်လိုမှရှောင်လွဲ၍မရသည်ကို သိတာကြောင့် ရက်စက်လိုခြင်းငှါသူတို့၂ယောက်၏ ကံတရားအရတွေ့ဆုံမှုကို မစောင့်ပဲ မိမိတို့သဘောနဲ့ chanyeol တန်ဖိုးထားသောသိက္ခာတို့ကိုထိပါးစေပြီး ထိုကောင်လေးကို chanyeolအနားသို့လွှတ်ခဲ့သည်။
မင်္ဂလာဆောင်တွင်ကတည်းက အခြေအနေမကောင်းသော chanyeol ကိုကြည့်ရင်းအားရခဲ့တာတော့အမှန်တကယ်ပင်။ထိုနောက်ပိုင်းတွင်လည်း chanyeol တကယ်baekhyun ကိုမုန်းနေခဲ့သည်လေ။
ဖြစ်နိူင်လျှင် ဒီကြိမ်စာကိုအိပ်မက်ဆိုးတစ်ခုသာဖြစ်စေချင်ပါသည်။
မရပါ။ မတတ်နိူင်ပါ။ဖြစ်လာခဲ့ပြီ။
ပုံမှန်ဆိုလျှင် အသက်ရှုနေရဲ့လားတောင်မေးယူရလောက်တဲ့အထိ အေးစက်တည်ငြိမ်နေတတ်သောသားသည်
တစ်ခုခုပြောလျှင် ပြုံးရိပ်သန်းလာသည်။မေးခွန်းမေးလျှင်တောင် ခေါင်းငြိမ့်ခေါင်းခါသာပြုမူတတ်သော သားသည်
ညီထွေစွာစကားပြောလာခဲ့ပြီ။
ထိုကောင်လေးအကြောင်းကိုဖွင့်ဟမိချိန်တွင်တော့ မွေးကတည်းက မမြင်ဖူးခဲ့သောအမူအရာတစ်ခုနဲ့တုံ့ပြန်လာခဲ့ပြီလေ။
တားလို့မရပါ။ဒါက သူတို့နှစ်ယောက်ရဲ့
ကံကြမ္မာသာဖြစ်သည်။
ဒီရေစက်ဆိုးကြောင့် chanyeol ၏အချစ်ကြောင့် chanyeol က baekhyun ကိုချစ်မိခဲ့သည့်အတွက်ကြောင့် baekhyun သေရမှာဖြစ်သည်။
chanyeol၏ဦးလေးဖြစ်သူ လုပ်ခဲ့သလို baekhyun၏အမေ အသက်ရှင်နိူင်ဖို့သူ့အသက်ပေးခဲ့သလိုမျိုး ထက်၍ဖြစ်မှာကိုမိုးပြိုမှာထက်ကြောက်မိသည်။
ထို့ကြောင့် chanyeol ၏အသက်က baekhyun ကိုကယ်တင်နိူင်သည်ကိုတော့ အဆုံးထိမြေမြုပ်ပစ်မိသည်။
မောင်တစ်ယောက်ဆုံးရှုံးပြီးသားမိမိအတွက် တန်ဖိုးထားရတဲ့သားကို ကာကွယ်ဖို့ဒီလောက်တော့လုပ်ခွင့်ရှိတယ်မလား။
"အမေပြောမယ် chanyeol.. ဒါတွေဟာ ကံကြမ္မာပဲ။
မင်းဒီကောင်လေးကို မလွဲဧကန်ကိုချစ်မိတာမို့လို့ ဒီကောင်လေးကသေကိုသေရမယ်။ ရှောင်လွှဲလို့မရဘူး။တားလို့လည်းမရဘူး။ ဘယ်လိုမှ မျက်ကွယ်ပြုလို့မရတဲ့အခြေအနေတစ်ခုမို့လို့အမေတို့ပြောတာကိုနားထောင်ပါ။ အချိန်တစ်ခုလေးပဲသား။ မင်းအချစ်ကို ဒီကောင်လေးတုံ့ပြန်ရင် ဒီကျိန်စာအဆုံးသတ်ပြီ။ အဲ့ဒါကြောင့် ခေါင်းမမာပါနဲ့ ''
" တုံ့ပြန်ရင်လား..''
Chanyeol မေးလိုက်တဲ့စကားမှာ chanyeol၏အမေ စကားမှားသွားမှန်းသိလိုက်သည်။
" သား..သား..chanyeol''
Chanyeol အခန်းထဲမှထွက်သွားပြီဖြစ်သည်။
....
.....