brokeback mountain

By YinChanmyae

27.9K 2.2K 106

brokeback moumtain ရုပ်ရှင်ဟာ 2005 ခုနှစ် ဆု ၈ ဆုရခဲ့ပါတယ်.. ပထမဆုံး လူကြိုက်အများဆုံး Gay ရုပ်ရှင်ပါ.. ကိုယ်... More

မိတ်ဆက်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုငိး 7
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၁
အပိုင်း ၁၂ ဇာတ်သိမ်း

အပိုင်း ၁၀

1.3K 111 3
By YinChanmyae













ဟေ့ယောင်္ကျားဆိုတာ Ball ပွဲကြိုက်တာ သဘာဝပဲ.. ဘာဖြစ်လဲ.. စားရင်း ကြည့်လို့ရတာပဲ.. LD က TV ပြန်ဖွင့်ပေးလိက်ြသည်















-------------------------------//-----------------







အင်းး.. ဘာမှတော့ မထူးခြားပါဘူး..တိုတိုပဲပြောပြမယ်.. Daddy ၃ စက္ကန့်လောက်ပဲ မြင်းရိုင်းကိုယ်ပေါ်မှာရှိလိုက်တယ် .. သတိထားမိတဲ့အချိန် Daddy လေပေါ်မှာ ပျံနေပြီ...ငါ့သမီးတို့လို့ Daddy က angle လေးတွေမဟုတ်ပြန် အတောင်ပံလည်း မရှိတော့ မြင်းရိုင်းစီးတဲ့ career ကို လက်လျော့လိုက်တော့တယ်...









ရှင်အမြဲပြောတယ်... ငါးတွေ အများကြီး.. ငါးတွေ မိလိုက်တာမှ အများကြီးဆိုပြီး..တစ်ခါမှ အိမ်ကို ပါမလာဘူး... ကျွန်မရော ကလေးတွေပါ ငါးကိုဘယ်လောက်ကြိုက်လဲ ရှင်သိနေတာတောင် မှ ပါမလာခဲ့ဘူး...တစ်ခါတုန်းက ရှင်တို့ ငါးမျှားမထွက်ခင်ညမှာ ငါးထည့်တဲ့ခြင်းထဲ စာရေးပြီး ကြိုးနဲ့ချည်ထားခဲ့တယ်.. ငါးနှစ်ကြာသွားတယ်... အဲဒီစာဟာ အဲဒီအတိုင်းပဲ.. ငါးထည့်တဲ့ခြင်းက ဈေးနှုန်းကပ်ထားတဲ့ ကတ်ပြားလည်း နဲနဲတောင် မပျက်သေးဘူး... ကျွန်မဘာရေးထားလဲသိလား... Hello , Ennis ... ငါးအကြီးကြီး တစ်ကောင်လောက် အိမ်အတွက်ယူလာပေးပါ... ချစ်တဲ့ Anna... ရှင်က ပြန်လာတိုင်း ငါးတွေအများကြီးမိတယိ.. အကုန်စားပစ်လိုက်တယ်.. ပြောတယ်.. ရှင်ပြန်လာတိုင်း ငါးထည့်တဲ့ခြင်းကို ကျွန်မဖွင့်ကြည့်တယ်... စာလည်း ဒီအတိုင်းပဲရှိတယိ.. ဈေးနှုန်းကပ်ထားတဲ့ ကတ်ပြားလည်း ဒီအတိုင်းပဲရှိတယ်... ရေတောင် တစ်စက်မဆိုခဲ့ဘူး...ခြင်းမှာရေတစ်စက်တောင်ဆိုထားတာ မတွေ့ရဘူး.... Anna ပြောလည်း ပြော ငိုလည်းငိုမိသည်.. နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရတာတွေကို ပြောမိသည်












Mommy !!

Anna !!



Daddy !! Bye !!

Bye Daddy...













-------------------------//---------------------








ငါအခုပြောနေတာတွေ အားလုံးရဲ့ အဓိက အကြောင်းက ဘာလဲသိလား ? အစိုးရက အခွန်တွေသာ အတင်းကောက်နေတယ်ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတာကို ထိန်းချုပ်ဖို့မလုပ်ဘူး .. မင်းသိလား.. Lureen မျက်လုံးတွေ တစ်ဖြည်းဖြည်း သေးသေးလာပြီ ဂဏန်းပေါင်းစက်ထဲ ဂဏန်းတွေရိုက်ထည့် 0 တစ်လုံးလောက် ပိုလာဖို့ကို အတင်းကို ပြူးပြဲ ရှာနေရတယ်... ကြည့်ရတာ ဘာနဲ့တူလဲသိလား ယုန်ကသူအမြီှးကို မြစ်ထဲက ငါးမျှားနေသလိုပဲ...Jack Ennis အနားထိုငိကာ ပြောလိုက်သည်

မငိး.. ငါ့ကို အဲဒါတွေ လာပြောတာ.. ငါ့အတွက်တော့ ရုပ်ရှင်ထဲက စကားတွေလိုပဲ... ငါ နားမလည်ဘူး.. Ennis ပြုံးကာပြောလိုက်သည် Ennis လို တစ်နေ့စာတစ်နေ့ ကြံဖန်နေရတဲ့လူအဖို့ အခွန်တွေ အစိုးရတွေ ငွေကြေးပြသနာတွေကို အရေးလုပ်င်္ပြး မစဉ်းစားနိုငိဘူး









Jack Ennis ဆိုလိုတာကို နားလည်သလိုလို.. မလည်သလိုလို.. Jack ဆိုရင် အဲဒီနေကထွက်လာလိုက်မှာပဲ... Jack ထိုင်နေရာကနေ မတ်တပ်ထရပ်ကာပြောလိုက်သည်





" မင်း Anna ကို နားလည်အောင်ပြောပြီး ငါ နဲ့ ငါ့သမီးတွေကို မင်း နဲ့ Lureen က မွေးစားလိုက်ပါလား..ငါတို့လည်း အတူနေလို့ရပြီ.. အရင်လိုပဲ သိုးတွေကျောင်းကြမယ်.. မင်းယောက္ခမဆီက ပိုက်ဆံတွေလည်း ရမယ်...အေးအေးဆေးဆေးပဲ.. စမ်းချောငိးဘေး အရက်ထိုင်သောက်ကြမယ်.. ကလေးတွေကို Lureen က ကြည့်မယ်.. Jack မင်း အရမ်းတော်တာပဲ... Ennis ရွဲ့ကာ Jack ကို ပြောလိုက်ည်






---------------------------//--------------












" ကောင်း ပြီ.. သဘောပဲ " .. မောသံပေါက်နေတဲ့ Cassi က Ennis ရှေ့က ခုံမှာ ဝင်ထိုင်ရင်း ဖိနပ်ကြ်ုးဖြေကာ ဆွဲချွတ်လိုက်သည်





" ဒီနေ့ အစောပိုငိး အထိတော့ နွားကလေးတွေ ထိန်းတဲ့ အလုပ်လုပ်တယ် " Ennis မရယ် မပြုံးပဲ ပြန်ဖြေလိုက်သည်







--------------------------//------------------

Unicode

1977 ခုနှစ် ကျေးဇူးတော် ချီးမွှမ်းသောနေ့... မိသားစုတိုင်း အတူ ကြက်ဆင်ကင်နဲ့ ကျေးဇူးတော်ကို ဂုဏ်ပြုနေကျသည်

Jack တို့ Childress အိမ်မှာ Lureen မိဘတွေ ညစာလာစားကြသည်

Lureen က ပန်းကန်လုံးအပြည့် သီးစုံကျော်ကို ယူလာပြီး စားပွဲတင်လိုက်သည်

ကြက်ဆင်ကင်ပေါ် အရသာအချိုရည်တွေ Jack စမ်းလိုက်သည် ပြီးနောက် ကြက်ဆင်ကင်ကို စားပွဲပေါ်တင်လိုက်သည်

Jack နဲ့ Lureen ဟာ အခုဆို Childress ရဲ့ လူကုံတန် မြို့မျက်နှာဖုံးဖြစ်နေပြီ... Jack ဟာ အတော်ဆုံး အရောင်းကိုယ်စားလှယ်...ကုမ္မဏီရဲ့ မရှိမဖြစ်

Jack ကြက်ဆင်သားကို လှီးဖို့ ခရင်း နဲ့ ဓါးကိုယူလိုက်သည်

ငါ လုပ်လိုက်မယ်... Jack ရဲ့ ယောက္ခမ LD က Jack လက်ထဲက ခရင်း နဲ့ဓါးကိုယူလိုက်သည်

Jack စိတ်မသက်သာပေမယ့် ပုခုံးတစ်ချက်တွန့်ပြကာ ခွင့်ပြုလိုက်သည် ကြက်ဆင်ကင် နဲ့ တည်ခင်းတဲ့အခါ အိမ်ထောင်ဦးစီးကသာ လှီးပေးရတာလေ.. LD တမင်သက်သက် ယူသွားပေမယ့် Jack က အလျော့ပေးလိုက်သည်

Bobby က TV ကလာနေတဲ့ America Baseball ပွဲကို စိတ်ဝင်တစား ကြည့်နေသည်

Bobby ... အစားစား .. ပြီးမှ ကြည့် ... Lureen က အစားကို အာရုံမရှိတဲ့ သားကို ပြောလိုက်သည်

အာာာ.. Mommy ကလည်း .. ဒါတွေက နောက် တစ်ပတ်လောက် တောင် ဆက်စားနေရမှာ.. ထားစမ်းပါ... Bobby Baseball ပွဲကို မကြည့်ဖို့ပြောတဲ့ အမေကို ပြန်ပြောလိုက်သည်

မင်းအမေပြောတာ ကြားတယ် မဟုတ်လား ...Dinner .. ပြီးအောင် စား.. စားပြီးမှ ဆက်ကြည့် Bobby !.. Jack ပြောလည်း ပြော TV ကို လည်း ထပိတ်လိုက်သည်

ဟေ့ယောင်္ကျားဆိူတာ Ball ပွဲကြိုက်တာ သဘာဝပဲ.. ဘာဖြစ်လဲ.. စားရင်း ကြည့်လို့ရတာပဲ.. LD က TV ပြန်ဖွင့်ပေးလိြက်သည်

Daddy ! Daddy ... Lureen သူ့အဖေ သွားဖွင့်တာကို လှမ်းတားသည်

Jack ချက်ချင်းသွားပြန်ပိတ်သည်

သူ့အမေကို ဒီကလေး အစားစားဖို့ ၃ နာရီလောက် ကြိုးစားခဲ့ရတာ... Jack Bobby ကို လက်ညှိုးထိုးရင်းပြောသည်

ခရင်း နဲ့ ဓါးကို ချပြီး LD သွားပြန်ဖွင့်ဖို့ လှည့်ထွက်ပြန်သည်

Daddy .. Lureen လှမ်းတားးသည်

အစားစားတာ မျက်စိနဲ့ စားတာ မှမဟုတ်တာ...သမီး နင့်သားကို ယောင်္ကျားပီပီသသ ကြီးပြင်းလာစေချင်တယ် မဟုတ်လား....ယောင်္ကျားဆို ဘောလုံးပွဲကြိုက်တာ သဘာဝပဲ.... LD နောက်တစ်ခေါက် TV ကို ပြန်ဖွင့ိလိုက်သည်

အစားစား မပြီး မခြင်း.. မကြည့်ရဘူး.. ဒီလို အကျင့်ဖြစ်နေအောင် ဆုံးမနေရတာ... Jack ဒေါသ နဲ့ TV သွားပြန်ပိတ်လိုက်သည်

LD ခရင်းမပြန်ကိုင်ပဲ TV ထပ်ဖွင့်ဖို့ ထပ်လုပ်ပြန်သည်

ခင်ဗျား အခု ထိုင်လိုက်တော့ ! အဘိုးကြီး ! ... ဒါ ကျူပ်အိမ် ! ဒါ ကျုပ်သား ! ...ခင်ဗျားက ကျုပ်တ်ု့ ဧည့်သည် ! ကျုပ် ဒီထပ်ရိုင်းရိုင်း မပြောမိခင်မှာ ပြန်ထိုင်လိုက်တော့ ... ခင်ဗျား နောက်တစ်ပတ် ဆက်နေလို့မရပဲဖြစ်သွားမယ် ! Jack ဒေါသထွက်ထွက်နဲ့ ပြောလိုက်သည်

LD သူ့မိန်းမ နဲ့ Lureen ကို လှမ်းကြည့်လိုက်သည်

Lureen ခေါင်းငုံကာ ငြိမ်နေလိုက်သည် Lureen အမေကလည်း ခေါင်းငုံထားကာ မသိသလို ငြိမ်နေသည်

LD ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်

Ok ... Jack ထပြီး ကြက်ဆင်သားကို လှီးလိုက်သည်

Lureen က Bobby ကို ညစာ စားဖို့ မျက်ရိပ်ပြလိုက်သည် Bobby နာခံစွာ ခရင်း နဲ့ ဇွန်းကို ကောက်ကိုင်လိုက်သည်

-------------------------------//-----------------

Anna ရဲ့ နောက်အိမ်ထောင် Monroe ရဲ့ အိမ်မှာ ကျေးဇူးတော် ချီးမွှမ်းတဲ့ ညစာကို Ennis လာစားနေသည်

Anna က Monroe နဲ့ ရတဲ့ ကိုယ်ဝန်ဟာ အတော်ရင့်မာနေပြီ.. Anna ဟာ Ennis နဲ့ နေစဉ်ကလို ဆံပင်ပွယောင်းယောင်း နဲ့ မိန်းမတစ်ယောက်မဟုတ်တော့ တန်ဖိုးရှိအဝတ်အစားတွေနဲ့ ကြည့်ကောင်းတဲ့ အမျိုးသမီးငယ်တစ်ယောက် ဖြစ်နေပြီ

Monroe ဟာ လျှပ်စစ် အသားဖြတ်စက်ငယ်လေးနဲ့ ကြက်ဆင်သားတွေက်ု ဖြတ်ကာ အသားတွေ ပန်းကန်ထဲလိုက်ထည့်ပေးနေသည်

အဟမ်း .. Anna က ရေသောက်ကာ အနေခက်နေတဲ့ ငြိမ်သက်မှုက်ု ဖြိုခွင်းလိုက်သည်

Daddy ..Reodo မှာ မြင်းရိုင်းတွေ စီးတဲ့အကြောင်းပြောပါဦး...Jr.Anna က တိတ်ဆိတ်နေတဲ့ Dinner စားပွဲကို လှုပ်နိုးလိုက်သည်

ဟုတ်တယ်.. ပြောပြပါဦး.. Daddy .. Jennie ကလည်း ဝင်ပြောသည်

အင်းး.. ဘာမှတော့ မထူးခြားပါဘူး..တိုတိုပဲပြောပြမယ်.. Daddy ၃ စက္ကန့်လောက်ပဲ မြင်းရိူင်းကိုယ်ပေါ်မှာရှိလိုက်တယ် .. သတိထားမိတဲ့အချိန် Daddy လေပေါ်မှာ ပျံနေပြီ...ငါ့သမီးတို့လို့ Daddy က angle လေးတွေမဟုတ်ပြန် အတောင်ပံလည်း မရှိတော့ မြင်းရိုင်းစီးတဲ့ career ကို လက်လျော့လိုက်တော့တယ်...

Ennis သမီးတွေကို ပြောနေသည်

အားလုံးစားသောက်ပြီးတော့ Monroe က TV ကလာနေတဲ့ ice skating ထိုင်ကြည့်နေသည် .. Jennie နဲ့ Anna စားပွဲဝိုင်းသိမ်း ဧည့်ခန်းမှာ ဝင်ထိုင်ကာ Monroe နဲ့ အတူတူ ထိုငိကြသည်

Ennis ကစားသောက်ပြီးတာ နောက်ဆုံးဆို သူ့ပန်းကန် သူယူကာ Anna ပန်းကန်ဆေးနေတဲ့ နေရာကို လာထားပေးလိုကိသည်

ဒီမှာ.... Ennis သူ့ပန်းကန်ကို Anna ဆီပေးလိုက်သည်

Ennis...ရှငိ လက်ထပ်ဖို့ စဉ်းစားဦး.. ကလေးတွေ နဲ့ ကျွန်မ ရှင်တစ်ယောက်တည်း အထီးကျန်နေမှာ စိတ်ပူတယ်... Anna ပန်းကန်ဆေးရင်း ပြောလိုက်သည်

လက်ထပ်ဖို့.....တစ်ကြိမ်ကျရှူံး ပြီးတာ နဲ့ တော်လောက်ပြီ... Ennis ပြန်ဖြေလိုက်သည်

ရှင်.... Jack Twist နဲ့ ငါးမျှားထွက်နေတုန်းပဲလား...

..... အခုတော့ သိပ်မထွက်ဖြစ်တော့ပါဘူး...

ရှင်သိလား....ရှငိ ငါးမျှားထွက်ပြီး အိမ်ကို ငါးတစ်ကောင်မှ ယူမလာတာ ဘာလို့လဲလို့...ကျွန်မ အမြဲမေးချင်နေတာ ...
ရှင်အမြဲပြောတယ်... ငါးတွေ အများကြီး.. ငါးတွေ မိလိုက်တာမှ အများကြီးဆိူပြီး..တစ်ခါမှ အိမ်ကို ပါမလာဘူး... ကျွန်မရော ကလေးတွေပါ ငါးကိုဘယ်လောက်ကြိုက်လဲ ရှင်သိနေတာတောင် မှ ပါမလာခဲ့ဘူး...တစ်ခါတုန်းက ရှင်တို့ ငါးမျှားမထွက်ခင်ညမှာ ငါးထည့်တဲ့ခြင်းထဲ စာရေးပြီး ကြိူးနဲ့ချည်ထားခဲ့တယ်.. ငါးနှစ်ကြာသွားတယ်... အဲဒီစာဟာ အဲဒီအတိုင်းပဲ.. ငါးထည့်တဲ့ခြင်းက ဈေးနှုန်းကပ်ထားတဲ့ ကတ်ပြားလည်း နဲနဲတောင် မပျက်သေးဘူး... ကျွန်မဘာရေးထားလဲသိလား... Hello , Ennis ... ငါးအကြီးကြီး တစ်ကောင်လောက် အိမ်အတွက်ယူလာပေးပါ... ချစ်တဲ့ Anna... ရှင်က ပြန်လာတိုင်း ငါးတွေအများကြီးမိတယိ.. အကုန်စားပစ်လိုက်တယ်.. ပြောတယ်.. ရှင်ပြန်လာတိုင်း ငါးထည့်တဲ့ခြင်းကို ကျွန်မဖွင့်ကြည့်တယ်... စာလည်း ဒီအတိုင်းပဲရှိတယိ.. ဈေးနှုန်းကပ်ထားတဲ့ ကတ်ပြားလည်း ဒီအတိုင်းပဲရှိတယ်... ရေတောင် တစ်စက်မဆိုခဲ့ဘူး...ခြင်းမှာရေတစ်စက်တောင်ဆိူထားတာ မတွေ့ရဘူး.... Anna ပြောလည်း ပြော ငိုလည်းငိုမိသည်.. နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရတာတွေကို ပြောမိသည်

ဘာအဓိပ္ပါယ်မှ မရှိတာတွေတော်တော့ကွာ.... Ennis လှည့်ထွက်ဖို့ပြင်လိုက်သည်

ရှင် ကျွနိမကို ထပ်အရူးမလုပ်နဲ့တော့... Ennis.. ရှင် နဲ့ Jack Twist က ဘာတွေလဲဆို ကျွန်မအစောကြီးထဲက သိပြီးသား... Anna ပြောလိုက်သည်

Anna ! Ennis အသံကျယ်မှာလည်း စိုး၍ လေသံနှိမ့်ကာ Anna ကိုအော်လိုက်သည်

ရွံစရာကောင် Jack နဲ့ .. ရှင် နဲ့ ငါးမျှားသွားတာ မှ မဟုတ်ပဲ... ရှင် နဲ့ သူနဲ့...

Ennis စိတ်မထိန်းနိုငိပဲ... Anna လက်မောင်းကို လှမ်းဆွဲကာ လက်သီးနဲ့ရွယ်လိုက်သည်

မင်းဘာမှ မသိပဲ မပြောနဲ့ ! မင်းဘာမှမသိဘူး ! ငါပြောတာ ကြားလား မင်း ဘာမှ မသိဘူး !...

Monroe ကို အော်ခေါ်လိုက်မယ်.. ကျွန်မကိုလွတ်! Anna လက်သီးနဲ့ ရွယ်ထားတဲ့ Ennis ကိုကြောက်လန့်သွားမိသည်

ခေါ်လေ ! မင်းမခေါ်ခင် မင်းကြမ်းပြင်ပေါ် တစ်ချက်ထဲနဲ့ မေ့လဲအောင် ငါ လုပ်နိုင်တယ် ! Ennis လက်သီးကို ပိုမြှောက်လိုက်သည်

ထွက်သွား !!! ထွက်သွား !! Anna အသံကုန်အော်လိုက်သည်

Ennis Anna မျက်နှာဆီ လက်သီးရွယ်လိုက်သည်

ထွက်သွား !!! ငါ့ အိမ်က ထွက်သွား!!! Ennis Delmer .. ငါပြောတာ ကြားလား ထွက်သွား !!! Anna အသံကုန်ထပိအော်လိုက်သည်

Mommy !!

Anna !!

ဧည့်ခန်းက လူတွေ အလန့်တကြား ပြေးဝင်လာကြသည်

Ennis Anna ကို လွတ်ပေးကာ တရှိန်ထိုးအိမ်ထဲက ထွက်လာသည်ချိတ်ထားတဲ့ အင်းကျီကို ဝတ်ကာ ကားဆီ မပြေးရုံတမယ်ခြေလှမ်းတွေ နဲ့ လာကာ ကလေးတွေကိုတောင် နုတ်မဆက်ပဲ ကားဆီကို လျောက်လာသည်

Daddy !! Bye !!

Bye Daddy...

ဘာမှမသိတဲ့ Jennie နဲ့ Jr Anna လေးက အပြေးအလွှား လှမ်းနုတ်ဆက်ကြသည်

Ennis တစ်ရှိန်ထိုးကားကို မောင်းထွက်ခဲ့သည်

Ennis Bar ဆိုငိတစ်ဘက်လမ်းမှာ ကားကို ရပ်လိုကိပြီး လမ်းတစိဘက်ကို အလျငိစလိုကူးလိုက်သည်

တစ်ဘက်က အရှိန်နဲ့လာနေတဲ့ Truck ကား ဘရိတ်အုပ်လိုက်သည်

ဟေ့ ! ဘာလာနေလဲ မင်း မမြင်ဘူးလားကွ !! Truck ကား ဒါရိုက်ဘာ ခေါင်းထွက်ကာ လှမ်းအော်လိုကိသည်

Ennis Truck ကား ဒါရိုက်ဘာဆီသွားကာ ကားတံခါးဖွင့်ပြီး ဆွဲချလိုက်သည်

ဘာလုပ်တာလဲ ! ဘယ်လို အရူးကောင်လဲကွ ! Truck ကားဒါရိုက်ဘာ Ennis ကို ပြန်တွန်းလိုကိသည်

Ennis အတင်းတွန်းလှဲကာ ထိုးလိုက်သည် Truck ကား ဒါရိုကိဘာကလည်း ပြန်ထိုးသည် Ennis လဲကျသွားသည်

သေစမ်း ! သေစမ်း ! မင်းကိုယ်မင်း ဘာထင်လို့ ငါ့လာရမ်းကားနေတာလဲ သေစမ်းကွာ! Truck ကား ဒါရိုက်ဘာ က လဲကျသွားတဲ့ Ennis ကို ခြေထောက်နဲ့ကန် ကာ အော်ဟစ်လိုကိသည်

Oh fuck ! Ennis ကန်ချက်တွေကို ကာထားရင် ဆဲဆိုကာ သည်းတွားလိုက်သည်

သေစမ်း! Truck ကားသမားနောက်တစ်ခါ ထပ်ကန်လိုက်သည် ပြီးနောက်ကားပေါ်တက်ကာ မောင်းထွက်သွားသည်

Ennis မြေကြီးပေါ်မှာ လူးလိမ့်ရင်းကျန်ခဲ့သည်

-------------------------//---------------------

ရာသီတွေ နှစ်တွေ ပြောင်းပြီးတော့ 1980 ခုနှစ် တစ်ခုသော  နွေဦးရာသီ

တောင်တန်းပေါ်မှာ မြင်းကိုယ်စီနဲ့ Jack နဲ့ Ennis ... စခန်းချနေကျ စမ်းချောင်းလေးဆီ တောင် အထပ်ထပ်ကျော်ကာ လာခဲ့သည်

တောင်ခြေမှာ စခန်းချထားတဲ့ camp တဲလေးဟာ အေးချမ်းစွာ ငြိမ်သက်နေသည်

ဖြတ်စီးနေတဲ့ စမ်းချောင်းလေးမှာ Ennis ပန်းကန်တွေဆေးနေသည်

Jack Ennis ဆီလျောက်လာသည်

Jack မျက်နှာပေါ် ဇရာတစ်ချို့ထင်လာပြီ မုတ်ဆိတ်ကျငိဆွယ်တွေနဲ့ အတန်ငယ် ပြည့်ဖြိုးနေပြီ အထူးသဖြင့် ပုခုံးသားတွေ ဖောင်းတင်းကာ သတ်လတ်ပိုင်း ယောင်္ကျားတစ်ယောက်ဆို ပေါ်လွင်နေသည်

Ennis ကတော့ နဲနဲ အသက်ကြီးပုံပေါက်လာတာကလွဲလို့ အရင်လိုပဲ.. နဲနဲတော့ ပိန်သွားတယ်

ငါအခုပြောနေတာတွေ အားလုံးရဲ့ အဓိက အကြောင်းက ဘာလဲသိလား ? အစိုးရက အခွန်တွေသာ အတင်းကောက်နေတယ်ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတာကို ထိန်းချုပ်ဖို့မလုပ်ဘူး .. မင်းသိလား.. Lureen မျက်လုံးတွေ တစ်ဖြည်းဖြည်း သေးသေးလာပြီ ဂဏန်းပေါင်းစက်ထဲ ဂဏန်းတွေရိုက်ထည့် 0 တစ်လုံးလောက် ပိုလာဖို့ကို အတင်းကို ပြူးပြဲ ရှာနေရတယ်... ကြည့်ရတာ ဘာနဲ့တူလဲသိလား ယုန်ကသူအမြီးှကို မြစ်ထဲက ငါးမျှားနေသလိုပဲ...Jack Ennis အနားထိုငိကာ ပြောလိုက်သည်

မငိး.. ငါ့ကို အဲဒါတွေ လာပြောတာ.. ငါ့အတွက်တော့ ရုပ်ရှင်ထဲက စကားတွေလိုပဲ... ငါ နားမလည်ဘူး.. Ennis ပြုံးကာပြောလိုက်သည် Ennis လို တစ်နေ့စာတစ်နေ့ ကြံဖန်နေရတဲ့လူအဖို့ အခွန်တွေ အစိုးရတွေ ငွေကြေးပြသနာတွေကို အရေးလုပ်ြင်္ပး မစဉ်းစားနိုငိဘူး

ငွေက ဘာတန်ဖိုးမှ မရှိတော့ဘူး ...Jack ပြောလိုက်သည်

မင်း နဲ့ Lureen ... ပုံမှန်ပဲလား... Ennis လှမ်းမေးလိုက်သည်

Jack Ennis ကို ဘာလို့မေးတာလဲ ဆိုတဲ့ အကြည့် နဲ့ ပြီး တစ်ချက်စဉ်းစားလိုက်သည်

ပုံမှန်ပဲ... Jack ပုခုံး တစ်ချက်တွန့်ကာ ဖြေလိုက်သည်

သံသယဝင်တာမျိုးရော... မရှိဘူးလား ??? Ennis Jack ကို ထပ်မေးလိုက်သည်

Jack Ennis မေးတာကို သေချာစဉ်းစားကြည့်ပြီး ခေါင်းခါပြလိုက်သည်

မင်း အဲလိုခံစားဘူးလား... ဘယ်လိုမျိုးလဲဆိုတော့... မင်း မြို့ထဲသွားတဲ့ အခါ တစ်ယောက်ယောက်က မင်းကို ကြည့်နေသလိုမျိုး.. မင်းတစ်ခုခုလုပ်ထားတာကို သေချာနေသလို သံသယ ဝင်ပြီး စောင့်ကြည့်ခံရတာမျိုး... မင်း အိမ်က ထွက်တာနဲ့ လူတွေက မင်းကို ငါတို့အကုန်သိတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ဝိုင်းကြည့်ကြတာမျိုး... အဲလိုမျိုး ခံစားဖူးလား.. အဲလိုကြုံလာရင် မင်း ဘယ်လိုလုပ်မလဲ.... Ennis Jack ကို လှမ်းမေးလိုက်သည်

Jack Ennis ပြောသမျှ သေချာ စိုက်ကြည့်ပြီး နားထောင်နေသည်

Jack Ennis ဆိူလိုတာကို နားလည်သလိုလို.. မလည်သလိုလို.. Jack ဆိုရင် အဲဒီနေကထွက်လာလိုက်မှာပဲ... Jack ထိုင်နေရာကနေ မတ်တပ်ထရပ်ကာပြောလိုက်သည်

" အဲလိုနေရာကနေ ထွက်လာလိုက်ပေါ့ ... "

Ennis က ပြောတော့လွယ်လိုက်တာဆိုတဲ့ အကြည့် နဲ့ Jack ကို မော့ကြည့်သည်

" တခြားတစ်နေရာ ပြောင်းနေလို့ ရတာပဲ... Texas ဖြစ်ဖြစ်ပေါ့ "  .. Jack ပုခုံးတွန့်ကာ ပြောလိုက်သည် .. တစ်နေရာ အဆင်မပြေ တစ်နေရာ ပြောင်းနေလို့ ရတာပဲကို..

Texas ?? ... Ennis Jack ဆီ က ဒီလိုအဖြေပဲရမယ်ဆိုတာ သိတယ်ဆိုတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်

" မင်း Anna ကို နားလည်အောင်ပြောပြီး ငါ နဲ့ ငါ့သမီးတွေကို မင်း နဲ့ Lureen က မွေးစားလိုက်ပါလား..ငါတို့လည်း အတူနေလို့ရပြီ.. အရင်လိုပဲ သိုးတွေကျောင်းကြမယ်.. မင်းယောက္ခမဆီက ပိုက်ဆံတွေလည်း ရမယ်...အေးအေးဆေးဆေးပဲ.. စမ်းချောငိးဘေး အရက်ထိုင်သောက်ကြမယ်.. ကလေးတွေကို Lureen က ကြည့်မယ်.. Jack မင်း အရမ်းတော်တာပဲ... Ennis ရွဲ့ကာ Jack ကိူ ပြောလိုက်ည်

Jack ကတော့ အရမ်းကို စိတ်ပျက်တဲ့ အကြည့်နဲ့ Ennis ကိုကြည့်နေမိသည်

" သွားသေလိုက် Ennis Delmer ! မင်း ဘာသာ စိတ်ပျက်စရာ ဘဝ နဲ့ ပဲ နေချင်လည်း ဆက်နေလိုက် ! ငါ မင်းအတွက် ဘာမှ ထပ်မစဉ်းစားပေးတော့ဘူး !!  ...Jack ဒေါသတကြီးပြောကာ Ennis ဆေးပြီးသား ပန်းကန်တွေယူကာ လှည့်ထွက်ခဲ့သည်

ဟုတ်တယ် .. မင်းက တကယ် စဉ်းစားပေးတတ်သူကြီးပေါ့ .. ဟုတ်လား... Ennis သတိလက်လွတ် Jack ဘက်လှည့်ပြောနေတုန်း ဟင်းချိုင့်က ရေထဲမျောသွားသည်

Fuck ! Jack Fucking Twist !!  သူပဲ အရာရာ ဖြေရှင်းတတ်တယ်ပေါ့ "

Ennis ရေထဲမျှောသွားတဲ့ ချိုင့်ကို လိုက်ဆယ် ရင်း ပါးစပ်ကလည်း အော်ဟစ်ပြောရင်း ကျန်နေခဲ့သည်

---------------------------//--------------

Ennis တစ်ယောက်ထဲ Club မှာ ဘီယာထိုင်သောက်နေသည် .. လက်တစ်ဘက်ကလည်း ဆေးလိပ်ကိုရှိုက်ဖွါလိုက်သေးသည်

Beer စားပွဲထိုး မလေး တစ်ယောက် Tape recorder မှာ သီချင်း အသစ်ကို ပြောင်းဖွင့ိလိုက်သည် ပြောင်းဖွင့်ရင်း Ennis ရှိရာဆီ လှမ်း လှမ်းကြည့်သည်

Beer ၄ ပုလင်းဖြစ်နေပြီမို့ Ennis ဆီးအိမ်က Toilet သွင်းသင့်ပြီလို့ သတိပေးနေသည် Ennis မထချင် ထချင်နဲ့ Toilet သွားဖို့ ရပ်လိုက်သည်

စားပွဲထိုးမလေးက ပြန်ဖို့ ထွက်လာတဲ့ Ennis ရှေ့ပိတ်ရပ်လိုက်သည်

" တို့ အလုပ်ချိန်ပြီးပြီ ... တွဲကချင်လား "

" ငါ ဟိုဘက်ကို သွားမလို့ " Ennis တစ်နေရာကို ညွှန်ပြရင်းပြောလိုက်သည်

လာပါ ... တို့ နံမည် Cassi .. Cassi Cartwright .. Ennis ညွှန်ပြတဲ့ လက်ကို ဆွဲကာ ကပွဲခန်းမကို Cassi ဆွဲခေါ်လာသည်

" Ennis Delmer " ... Ennis ပြန်ပြောရင်း မြူးမြူးကြွကြွကနေတဲ့ Cassi နဲ့ တွဲကလိုက်သည်

Cassi ရိုးရိုးသာမာန်ကတာမျိုး မဟုတ်ပဲ Ennis ကို ပွတ်သီး ပွတ်သပ်နှင့် ရင်ခွင်ထဲတိုးလိုက် လူချင်းခွါလိုက်နဲ့ တကယ့်ကို ဆွဲမက်ဖွယ်ဖြစ်အောင်ကနေသည်

" ငါ့အတွက် ဆက်မကနဲ့တော့ .. ရပြီ "

... ကလို့ မောသွားတဲ့ Ennis နဲ့ Cassi စားပွဲတစ်လုံး မှာ ဝင်ထိုင်လိုက်ကြသည်

" ကောင်း ပြီ.. သဘောပဲ " .. မောသံပေါက်နေတဲ့ Cassi က Ennis ရှေ့က ခုံမှာ ဝင်ထိုင်ရင်း ဖိနပ်ြက်ုးဖြေကာ ဆွဲချွတ်လိုက်သည်

ခြေထောက်တွေ နာနေပြီ... Cassi က ပြောလိုက်သည်

" အလုပ်က ပင်ပန်းတယ် မဟုတ်လား " ... Ennis ခုံရှေ့တိုးကာ Cassi ကိုမေးလိုက်သည်

" အင်း.. ပင်ပန်းတာပေါ့..ရှင့်လို လူမျိုးတွေလေ.. ဘီယာ တွေမှာလိုက် ဆေးလိပ်တွေသောက်လိုက်နဲ့ စိတ်ရှုပ်စရာ ကောင်းတယ် " ... Cassi ချစ်စဖွယ် နှခေါင်းလေး ရှူံကာ ပြောလိုက်သည်

" ရှင်ရော.. ဘာ အလုပ်လုပ်လဲ Ennis Delmer " ... Cassi အရှေ့က ရှန်ပိန်ခွက်ကို ယူသောက်ရင်း စတိုငိကျကျ ဟန်ပါပါမေးလိုက်သည်

" ဒီနေ့ အစောပိူငိး အထိတော့ နွားကလေးတွေ ထိန်းတဲ့ အလုပ်လုပ်တယ် " Ennis မရယ် မပြုံးပဲ ပြန်ဖြေလိုက်သည်

Cassi Ennis အပြောကို မနှစ်မြို့သလို ကြည့်နေရာမှ ရုတ်တရက် Ennis ပေါင်ပေါ် သူ့ခြေထောက်တွေ ဆန့်တန်းကာတင်လိုက်သည်

" ဘာလုပ်တာလဲ ?? " ... Ennis အံသြသလို နားမလည်သလို ခြေထောက်တွေကို ကြည့်ပြီး Cassi ကို လှမ်းမေးသည်

" ခြေထောက်နှိပ်ပေးခိုင်းတာပေါ့ .. ကိုလူအရဲ့ " .. Cassi အရယ်တဝက် နဲ့ ပြန်ဖြေသည်

" ကောင်းပြီလေ " ... Ennis ခပ်ပြုံးပြုံးလုပ်ကာ Cassi ရဲ့ နုနယ် ဖြူဖွေးနေတဲ့ ခြေဖဝါးလေးတွေကို ခပ်ဖွဖွနှိပ်ပေးလိုက်သည်

Ummh.... Cassi သဘောကျပြီး ခပ်တိုးတိုး ညည်းလိုက်သည်

" ဘယ်လိုလဲ .. ကောင်းတယ် မဟူတ်လား ".... Ennis Cassi မျက်လုံးတွေကို စိုကိကြည့်ရင်း ပြောလိုက်သည်
-----------------------------------//----------------------

Continue Reading

You'll Also Like

35.5K 3K 28
This is a story about power and conspiracy,the battlefield of the imperial court,love and hate,ideals and belifs first broken and then established. A...
6.5K 342 14
" නාද්‍ය ! උඹ දැකලා තියෙනවද කැමීලියා මල් හිනාවෙනවා....." " මල් වලට කවද්ද බං හිනා වෙන්න පුලුවන් වුනේ...." " ගිහිං කන්නාඩියකින් බලපං නාද්‍ය...අහංකාර කැ...
53K 6.4K 40
මතකය සුන්දරයි.. එක දිගට සිහි වෙන... ආදරය විඩාබරයි... නුඹ මගෙ නොවුන කොට... වේදනාව විතරයි... වර්තමානයේ එක පිට... මමම විතරයි... අපි එකට අනාගතේ මැව්ව...
473K 30.5K 97
Description Shen Mo ဟာလိင်တူစိတ်ဝင်စားသူတစ်ယောက်ဆိုတဲ့ကောလဟာလမပြန့်ခင်က အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်ဖြစ်ခဲ့တယ် ကံကောင်းစွာနဲ့တစ်နေ့မှာ သူ့ရဲ...