~• ထည့်စားလေ Kyung ရဲ့.... ဘာလို့လဲ စားမကောင်းဘူးလား... •~
လှီးထားတဲ့ အသားတွေကို ခက်ရင်းနဲ့ ဟိုထိုး ဒီထိုး လုပ်မိနေတုန်း ရှေ့ထွက်လာတဲ့ အသံ ခပ်ဩဩကို ကြားမှ သူရှိနေမှန်း သတိရသည်။
သူဆိုတာ Kyung Soo နဲ့စေ့စပ်ထားတဲ့ သူ ....
သူရဲ့ နာမည်က Kim Jongin တဲ့ ...
အိမ်ကို ရုတ်တရက် ရောက်ချလာတဲ့ သူဟာ အိမ်နဲ့ မနီးမဝေးဆိုင် တစ်ဆိုင်မှာ ညစာ တူတူစားရန်ဟုဆိုကာ ခေါ်ထုတ်လာခဲ့ခြင်း ...
မလှုပ်မယှက်ဖြစ်နေတဲ့
Kyung Soo မျက်နှာရိပ် မျက်နှာကဲ ကို သေချာ ကြည့်ကာ လိုက်မေးနေတာမို့ အသားစ တစ်ခုကို ပါးစပ်ထဲ မြန်မြန်းထိုးထည့်လိုက်ရသည်။
~• စားမကောင်းရင် ပြောလေ Kyung .... ကိုယ်တို့ တခြားဆိုင် သွားကြမလား....•~
~• ဟင့်အင်း...ရပါတယ် ... စားလို့ ကောင်းပါတယ်... •~
လည်ပင်းမှာ တစ်နေတဲ့ အစာတွေကို ရေနဲ့ မျှောချရင်း ခပ်သွက်သွက် ဖြေတော့မှ ခေါင်း တငြိမ့်ငြိမ့် နဲ့ ဆက်စားနေပြန်သည်။
~• တော်သေးတာပေါ့....Kyung များ စားလို့ မကောင်းဘူးလားလို့.... အရင်က Kyung ဒီဆိုင်က အသားဆို သိပ်ကြိုက်တာလေ... •~
~• ဟိုလေ..... Jongin sshi....ကျွန်တော်ကလေ accident တစ်ခု ဖြစ်ထား....•~
~• ကိုယ် သိပါတယ် Kyung..... accident ကြောင့် ဘာမှ မမှတ်မိဘူး ဆိုတာလည်း သိတယ်... ဒါပေမယ့် ကိုယ့်ကို အရင်လို Jongin လို့ပဲ ခေါ်ပေးနိုင်မလား.... Jongin sshi ဆိုတာကြီးကို ကိုယ်သဘောမကျဘူး... •~
အမိန့်မဆိုသာတဲ့ ခပ်ပြတ်ပြတ် လေသံကြောင့် ခေါင်းသာ အသာငြိမ့်ပြမိလိုက်သည်။
သူကတော့ စိတ်ခုသွားသည်ထင်ရဲ့ ...
စားလက်စတွေကို ရပ်ပစ်လိုက်ကာ Kyung Soo ကို ကြည့်နေပြန်တဲ့သူ....။
ပန်းကန်ထဲက အသားတွေကို ကုန်သွားတဲ့အထိ သူ Kyung Soo ကို ငေးစိုက်ကြည့်နေတုန်း.....
~• ဟို .. ကျွန်တော် စားလို့ ပြီးပြီ Jongin.... •~
Kyung Soo စကားစတော့မှ အင်းဟုဆိုကာ အကြည့်လွှဲသွားပြီး ကောင်တာမှာ ဘေလ် သွားရှင်းနေတဲ့ သူ့ကို ကြည့်ကာ သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်မိသည်။
ကောင်တာမှာ နည်းနည်း ကြန့်ကြာနေတဲ့ သူ့ကို ဆိုင်ရှေ့က ထွက်စောင့်နေမိသည်။
ဝတ်လာတာက ဆွယ်တာ အပါးလေး တစ်ထည်သာမို့ ဝှေ့ဝိုက်လာတဲ့ လေထုက အသားထဲ စိမ့်ဝင်သွားလေရဲ့
ပခုံးနှစ်ဖက်ကို ကျုံ့ကာ လက်မောင်းတွေကို ပွတ်တိုက် အပူပေးနေတုန်း ခန္တာကိုယ်ပေါ် လွှမ်းခြုံလိုက်တဲ့ ကုတ်အင်္ကျီကြောင့် မော့ကြည့်လိုက်မိတော့ အပြုံးနုနုတို့ ပေးအပ်နေပြန်တဲ့ သူ....
~• နွေးသွားပြီ မဟုတ်လား....Kyung ..... •~
~• ဟုတ်.....•~
လေသံဖျော့ဖျော့နဲ့သာ ခေါင်းငြိမ့်အဖြေပေးမိတော့ အပြုံးနုနုတို့က သူ့ နှုတ်ခမ်းပါးထက် နေရာယူသည်။
~• ဒီည ကြယ်တွေ စုံတယ်နော်....Kyung ကိုယ်တို့ လမ်းလျှောက်ပြန်ကြမလား... •~
~• ဟို....ကားကရော...•~
~• လာပါ... Kyung ရဲ့ သွားကြမယ်... •~
ချက်ချင်းဆိုသလို Kyung Soo လက်ဖဝါးနုနုတို့က သူ့ရဲ့ ကျယ်ပြန့်တဲ့ လက်ဖဝါးထဲ နစ်မြုပ်လျှက်သား.....
Kyung Soo လက်တွေလို နုဖတ်မနေတဲ့ ကြမ်းရှရှ လက်ဖဝါးရဲ့ အနွေးဓာတ်က နှလုံးသားထဲ ထိ ငြိမ့်ခနဲ စီးဆင်းသွားသယောင်....
ဘေးချင်းယှဉ်လျက် လျှောက်လာခဲ့ရင်းကနေ သူကတော့ Kyung Soo ရဲ့ မျက်နှာကို ဘေးတိုက်အနေအထားနဲ့ မလွတ်တမ်း ငေးကြည့်နေပြန်သည်။
ကြည့်နေတဲ့ သူကတော့ မသိ ...
အကြည့်ခံနေရတဲ့ Kyung Soo က ရှိန်းတိန်းတိန်းနဲ့ နေရခက်လှသည်။
~• အဟမ်း....ကြယ်တွေက လှတယ်နော်.... •~
စကားလမ်းကြောင်း လွှဲကာ သူ့ကို အာရုံပြောင်းအောင် ကြံမိတော့ အူတိအူကြောင် နဲ့ ကောင်းကင်ကို လိုက်ကြည့်ပြန်သည်။
ခဏကြာမှ သဘောပေါက်သွားဟန်ရကာ သူ့ပါးပေါ်က ပါးချိုင့်တုလေး ခွက်ခနဲ နေအောင် ပြုံးသည်။
~• လူလည်လေး Kyung..... ကိုယ့်ကို အာရုံလွှဲတယ် ပေါ့လေ... ဒါလေး ကြည့်တာ ကို တွန့်တိုနေလိုက်တာ.... ဟင်း!... အူပုတ်လေး.... •~
~• အာ!.... ဟို!... တစ်မျိုးမထင်ပါနဲ့ နော် .... Jongin က အရမ်းကြည့်နေတော့ ကျွန်တော် မနေတတ်လို့ပါ... •~
~• ရပါတယ်... Kyung ရဲ့..... ခုတော့ ရှက်ထားဦးပေါ့ .. အရာအားလုံး သတိပြန်ရတော့မှ ကိုယ့်ရဲ့ Kyung က ကိုယ့်ကို ချော့ဖို့ ပြင်ထားပေါ့ .... humm!... •~
သူရဲ့ ခပ်သောသော စကားသံ အဆုံးမှာ ရင်ထဲက ဒုတ်ခနဲ ခုန်သည်။
ကိုယ့် သူ့ရဲ့ သက်ဆိုင်သူ မဟုတ်တာတောင် ခံစားချက် အချို့ကို ထိန်းမရ....
ကိုယ့်အတွက် မဟုတ်တဲ့ ခံစားချက် အချို့ကို ရူးရူးမိုက်မိုက် တဲ့ နှလုံးသားက မိုက်မဲလွန်းသည်။
သူရဲ့ အပြုအမူတိုင်းမှာလည်း ရူးခါလောက်အောင် ကျဆုံးနေပြန်သည်။
~• ဟိုး!...... ကြည့်နေလိုက်တာ... ဘယ်လိုလဲ... ကိုယ် ပိုချောလာလို့လား... ဟမ်!•~
~• ဟာဗျာ..!...•~
အတွေးလွန်ပြီး ငေးကြည့်မိနေတာကို တလွဲထင်နေတဲ့ သူက ကိုယ့်ဘက် ကိုယ်ယက်သည်။
ပိုချောလာလား ဆိုတာ မသိနိုင်ပေမယ့် ဒီလူသား လက်ရှိအချိန်မှာတော့ သိပ်ချောပါသည်။
ဖြည်းဖြည်း ချင်း လမ်းလျှောက်လာရင်း ခြံရှေ့ကို ရောက်တော့ ခြေစုံရပ်လိုက်တဲ့ သူ့ကြောင့် မော့ကြည့်မိတော့ နဖူးထက်ဆီက နွေးခနဲ
နဖူးပေါ်က သူ့နှုတ်ခမ်းထူထူ ကို ရုပ်သိမ်းသွားတဲ့ အထိ ရင်ထဲ ဝုန်းဒိုင်းကြဲကျန်ခဲ့ရသည်။
~• ကောင်းကောင်း အိပ်နော် .... Kyung .... အိမ်မက်လှလှ မက်ပါစေ... ချစ်တယ်...အိမ်ထဲ ဝင်တော့နော်... •~
~• Jongin အရင် ပြန်လေ... Jongin သွားတော့မှ ကျွန်တော်ဝင်ပါ့မယ်... •~
~• ဟုတ်ပြီ .... ဒါဆို ကိုယ်သွားပြီနော်....•~
လက်ပြရင်း နောက်ပြန် ဖြည်းဖြည်းချင်း လျှောက်သွားတဲ့သူ နောက်က ပါလာတဲ့ ကားပေါ်တက်သွားတဲ့ အထိ ရပ်ကြည့်နေမိသည်။
သက်ပြင်းရှည်ကြီးကိုလည်း မှုတ်ထုတ်လိုက်မိသည်။
နဖူးပေါ်က အနွေးဓာတ်လေးကတော့ ပျောက်ကွယ်မသွားသေး..
ခြံထဲ ဝင်မယ် ပြင်တော့ သစ်ပင် အကွယ်က လူအရိပ်ကြောင့် လူက တွန့်ခနဲ....
သစ်ပင်အနား တဖြည်းဖြည်း တိုးကပ်ကြည့်တော့မှ အမှောင်ထဲက ထွက်လာသူက မိန်းကလေး Mira ရဲ့ လူယုံတော် ကောင်မလေး....
~• မင်းက.... •~
~• သခင်မလေး က ရှင့်ကို မှာလိုက်ပါတယ်... မနက်ဖြန်ကျရင် သူ့ဆီ ရောက်အောင်လာခဲ့ပါတဲ့ ... •~
~• ကျွန်တော်ပြန်ရဖို့ နည်းလမ်းတွေ့လို့လား.. •~
~• လာသာလာခဲ့လိုက်ပါရှင် ..... ရောက်တော့ သိရမှာပေါ့... •~
ပြောပြီးတာနဲ့ လှည့်ထွက်သွားတဲ့ သူမက Kyung Soo ကို ဘာတွေ အမြင်မကြည် ဖြစ်နေသည်မသိ...
ကြည့်ရတာတော့ စတွေ့တုန်းက သူ့ကို ဖမ်းချုပ်လိုက်မိတဲ့ Kyung Soo လုပ်ရပ်ကြောင့် ဖြစ်မည် ထင်....
တော်တော်အဝေး ရောက်နေပြီဖြစ်သည့် သူမ ပုံရိပ်ကို ကြည့်ကာ ခြံထဲ ဝင်လာလိုက်သည်။
အိမ်ထဲ ရောက်တော့ TV ကြည့်နေတဲ့ Baekhyun က ပြီတီတီ လုပ်ကာ မေးသည်။
အဆင်ပြေရဲ့လား ဟူ၍....
ဘာမှ မဖြေဖြစ်ပဲ ပြုံးရုံပြုံးကာ အပေါ်တက်လာလိုက်သည်
အခန်းထဲ ရောက်တော့ ကုတင်ပေါ် လှဲချလိုက်တာ ဗိုင်းခနဲ .....
ကုတင်ပေါ် လှဲရက် အနေအထားကနေ ခေါင်းစောင်း ကြည့်တော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံထဲက မျက်ဝန်းညိုညို တွေနဲ့ ဆုံသည်...
မျက်ဝန်းညိုညိုတွေကို တည့်တည့်စိုက်ကြည့်ကာ ပြောပစ်ချင်မိသည်။
~ကျွန်တော် ခင်ဗျားရဲ့ Kyung မဟုတ်ဘူး ~
ဟူ၍.........
...
...
...
...
...
...
...
ဒန့်...တန့်...တန်... ပေါ်တော်မူလေးနော်... အချစ်ကလေးတို့ ....
အလဲ့လေး က ရေခဲတောင် ကြာပွင့်လေးပါ ... ( အယ်လယ်)..
အခုဆိုရင် Wp ရဲ့ Kadi_EmollientGarden လေးက follower 1K တောင် ပြည့်သွားခဲ့ပါပြီ...
လိုအပ်ချက်လေးတွေ ရှိနေတာတောင်မှ အများကြီး ချစ်ပေးကြတာမို့ တကယ့်ကို ကျေးဇူးလည်း တင်ပါတယ်... ချစ်လည်း ချစ်ပါတယ်....
နောက်လည်း အများကြီး ချစ်ပေးကြပါဦးလို့...♡♡♡♡♡♡♡
အင်း ... ထပ်လျှာရှည်ချင်တာလေး က fb လေးတွေ လည်း ပေးကြပါလို့... ❤❤❤