မင်းဖြစ်နေလို့ ( complete)

By kayhsoo

720K 41.5K 328

Bl story မင်းဖြစ်နေလို့ ( complete) More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part - 23
Part-24
Part 25
Part-26
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-45
Part-46
Ending
Extra
ကြော်ငြာ

Part-15

13.2K 834 1
By kayhsoo

" ခင်ဗျားရူးနေလား... ဟား..... ယျောင်္ားအချင်းချင်းကိုဗျာ... ခင်ဗျာရွံစရာတော်တော်ကောင်းတာပဲ"
..............
ကိုယ်က ယောင်္ကျားလေးတွေကိုချစ်တာ မဟုတ်ပါဘူး


...ကလင်း...ကလင်း...
" hello"
" ADရော..."
" မသိဘူအမ Grace...သားနိုးတော့မရှိတော့ဘူး..."
မုသားစကားပြောမိသည်...
" ကျွတ် ဒီလေးဘယ်ရောက်နေပါလိမ့်..."

ရယ်သံတွေ ဘေးနားက ကြားနေရတာမို့ ကျွန်တော့ မျက်လုံးတွေဖွင့်ချင်မဖွင့်ချင်နှင့် အသံလာရာဆီသို့ ကြည့်လိုက်တော့ Grace နဲ့ အကိုကြီး ပီးတော့ အကိုကြီးသူငယ်ချင်းတွေ...  လူကလှုပ်လို့မရလို့ဘေနားကြည့်လိုက်တော့... တရားခံက လူကိုဖက်လုံးအလား အတင်းဖက်ထားသော မှူးလေး... ကျွန်တော် Grace တို့ရှိရာသို့ လှမ်းကြည့်လိုက်ပီး ရှိသမျှ သွားတွေ အကုန်ပေါ်အောင်ရီပြလိုက်ရလေသည်
" သူက သရဲကြောက်လို့တဲ့... အဲဒါ"
"ဟား..ဟား... ငါ့ညီတော့ ဒီခွေးပေါက်ကြောင့် တညလုံးဒုက္ခတွေရောက်နေရပီ... Sorry ကွာ... အကို ငယ်လေးကို ဂရုမစိုက်သလိုဖြစ်သွားတယ်..."
" ဟာ.. မဟုတ်တာရပါတယ်.. သူဘာမှ ဒုက္ခမပေးပါဘူး..."
" လွှတ်ထားလိုက်ပါ ကိုရယ်... သူGrace ကို နှိပ်စက်ခက်သမျှ ငယ်လေး ပြန်လုပ်ပါစေ..."
" နင်နော်... ငါကဘာလုပ်လို့လဲ"
" တော်ပီ ဒီမောင်နှမ ရန်သတ်တာတွေ... ငယ်လေးကိုနှိုးရမယ် ...ကြည့်ပါဦးအိပ်နေတာ သူ့အိမ်ကျနေတာပဲ... ညီလဲညောင်းနေပီ"
" သားငယ်လေး... ငယ်လေး ထတော့ Hotel ရောက်ပီ... "
အိပ်ချင်မူးတူး နှင့် မျက်လုံးတွေဖွင့်လာသော ကလေးငယ်...
" အာ .. ရောက်ပီလား ... အိပ်ချင်သေးတာကို" ပြောရင်းဆိုရင်းနဲ့ ပင်ပြန်မှေးနေသော မှူးလေး...
" ထတော့... Hotel က အခန်းထဲရောက်မှ ပြန်အိပ်
AD ကိုလဲအားနားဦး ငယ်လေး... ခင်ဗျားလေး ခြေထောက်တွေက AD ပေါင်ပေါ်မှာ ... ခင်ဗျားလေးမထတော့ သူလဲထလို့မရဘူး" ဆိုမှ ငေါက်ခနဲ ထလာပီး
ကျွန်တော့် ကိုပြူးပြဲကြည့်လာလေသည်...
" ဟာဗျာ... ပြောတာမဟုတ်ဘူး .. အားနာလိုက်တာ
ကျွန်တော်ကအဲလိုပဲ အိပ်ရင် ဟိုတင်ဒီတင်မှ အိပ်တတ်တာ..." ဟုဆိုရင်း ခြေထောက်အား အမြန်ဖယ်ပေးလေသည်..
ခင်ဗျားလေးက ဟိုတင်ဒီတင်သာမဟုတ်ဘူး...
အဖက်ပါကြမ်းတယ်ပြောလိုက်ချင်ပေမဲ့ ... လူတွေရှိနေလို့မပြောဖြစ်တော့ပေ...
ကားပေါ်မှ ထုတ်တွေချပီး check it ဝင်တော့ မှူးလေးနဲ့ ကျွန်တော်တစ်ခန်းတည်းဆိုတော့ ... ကျွန်တော်ပျော်ပေမဲ့ မပျော်နိုင်ဖြစ်ရသည်... မျက်နှာလေးအား အမြဲမြင်နေရတာကို ပျော်ရပေမဲ့ မြင်သာမြင်ရ မကြင်ရဘဝနဲ့ တော့ မနေချင်မိ... ရှောင်လေ ထိပ်တိုက်တွေ့လေ ဖြစ်နေတာမို့ ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိဖြစ်ရလေသည်...
" အကို ကျွန်တော်အိပ်ဦးမယ်... အကိုရေအရင်ချိုး"
ကျွန်တော်ပြုံးလိုက်မိသည်... တစ်လမ်းလုံးအိပ်လာတာလဲသူပဲ.. အခုလဲကြည့်ဦး... အိပ်ယာပေါ်မှာကန့်လန့်ကြီးအိပ်နေတာက... လုံးဝမအိပ်ရသေးသည့်ပုံ
...ချစ်စရာကောင်းလိုက်တာကွာ...
ဆေးကူစရာမလို့ နှုတ်ခမ်းနီစွေစွေ အားအကြည့်ရောက်မိတော့ ရေငတ်သလိုလို... ကြီးဖြစ်လာသောကြောင့် ... ရေချိုးခန်းထဲအမြန်ဝင်လိုက်ရသည်....
" သွားပီ ငါရူးနေပီ....ခွေးပေါက်ကဘာမှမဖြစ်ဘူး... ငါပဲဂယောက်ဂယက်နဲ့"
ရေပန်းအောက်တွင် အကြားကြီးရပ်ပီး ရေချိုးလိုက်မှ လူကအနည်းငယ် လန်းလာရသည်....
ရေချိုးခန်းထဲက ထွက်လာပီး မှူးလေးရှိရာကြည့်မိတော့...ပါးစပ်လှုပ်စိလှုပ်စိနှင့် ဘာတွေဝါးနေမှန်းမသိ
ကျွန်တော်သူ့ဘေးနားတွင်ရပ်လိုက်ပီး နှုတ်ခမ်းလေးအား ငုံ့နမ်းလိုက်မိသည်...အစကတာ့ထိရုံလေးနမ်းလိုက်ပေမယ့် အခုတော့ သူ့နှုတ်ခမ်းဖျားမှ မခွာချင်တော့ပေ...အပေါ်တလည့်အောက်တလှည့်နှင့် နမ်းနေရင်း မှူးလေးအားကြည်လိုက်တော့ ကျွန်တော့အား တအံ့တသြကြည့်နေပီး ရုတ်တရက်တွန်းထုတ်ပစ်လိုက်လေသည်....
" ခင်ဗျားရူးနေလား... ဟား..... ယောျင်္ားအချင်းချင်းကိုဗျာ... ခင်ဗျာရွံစရာတော်တော်ကောင်းတာပဲ"
ကျွန်တော် အကို့အား နစ်နစ်နာနာပြောခဲ့ပီး ရေချိုးခန်းထဲပြေးဝင်လာခဲ့သည်... တုန်နေသည့်ရင်ဘတ်အားဖိထားရင်း ဘာပြောရမှန်းမသိ ဆွံ့အနေသည့်အကို့ပုံအား မြင်ယောင်လာမိသည်...
..............
ပြောရက်လိုက်တာ မှူးလေးရာ ငါ့ကို ရွံတယ်တဲ့လား
... အဟက်... ဒီလိုပြောသွားတာထက် ထိုးသွားတာမှ ခံနိုင်ဦးမည်.... သစ္စာမရှိသည့် မျက်ရည်က အလိုမတူပါပဲ စီးကျလာခဲ့သည်...
AD မင်း ကလေးကိုမေ့လိုက်တော့....သူက အဲလိုကောင်တွေကိုရွံတယ်တဲ့...... ဒါပေမယ့် ကလေးရယ်...
ကိုယ်က ယောကျင်္ားလေးတွေကိုချစ်တာ မဟုတ်ပါဘူး
မင်းမို့လို... မင်းမို့လိုချစ်မိသွားတာပါကွာ....
ဒါပေမယ့် မင်းမကြိုက်ဘူးဆို ... မင်းမကြိုက်တာဆို ကိုယ် လုံးဝမလုပ်တော့ပါဘူး... ဖွင့်ပြောမှာလဲမဟုတ်သလို  သိအောင်လဲ နောင်နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး... ကိုယ်ကတိပေးပါတယ်...
သူမကြားနိုင်ပေမယ့် ကတိတွေ ထပ်ခါထပ်ခါပေးနေမိသည်... ဒီအသက်ဒီအရွယ်ထိ ကိုယ့်ဘက်က ရင်ခုန်ရတဲ့ ရင်ခုန်ဘက်ဆိုလို့ မှူးလေးတယောက်သာရှိဖူးတာမို့...ခံစားရတာကတော့ မသက်သာပေ...

တော်တော်ကြာနေပီဖြစ်သည့်သည့်တိုင် ရေချိုးခန်းတံခါးပွင့်မလာသေးတာကြောင့် ကျွန်တော် အဝတ်အစားအမြန်ဝတ်ပီး အပြင်ထွက်လာလိုက်သည်... ဘယ်သွားရမှန်းလဲမသိ....မနက်ဖြန်မှ သင်္ကြန်ကျမှာဆိုတော့ အကိုကြီးနဲ့ သူငယ်ချင်းတွေက အခန်းထဲမှာ အသီးသီ အနားယူနေကြသည်....နေ့လည်လောက်မှ ဦးပိန်ဘက်သွားမည်ဟုပြောသံကြားနေရသည်....
ကျွန်တော်တယောက်တည်း Hotel ကအကူအညီဖြင့်
ဆိုင်ကယ် ကယ်ရီ နှင့် ဦးပိန်ဘက်ထွက်လာထိုင်နေမိသည်.... သာယာလှတဲ့ ပတ်ဝန်းကျင်က ရင်အေးစရာဖြစ်နေပေမယ့် ကျွန်တော့အတွက်တော့ မဟုတ်ပေ....
ကျွန်တော့အားရှင်းပြခွင့်လေးတောင်မပေးသည့် မှူးလေးအား အပြစ်မဆိုရက်ပေ....
ဦးပိန်နားက စားသောက်ဆိုင်တွင် စားသောက်စရာများစားသောက်ပီးချိန်တွင် ၁၁ နာရီလောက်ရှိနေပီ...
ကျွန်တော်လဲ အိပ်ချင်လာတာကြောင့်ခဏမှေးလိုက်မိသည်...

...ကလင်း...ကလင်း...
ကျယ်လောက်စွာထွက်လာသည့် Telephone အသံကြောင့် မှူးလေးလန့်သွားရသည်...
" hello"
" ငယ်လေး မပီးသေးဘူးလား ... ဦးပိန်ဘက်သွားမယ်
AD ကိုလဲပြောလိုက်ဦး နောက် 5 မိနစ်ဆိုစထွက်မယ် Hotel က"
ဆိုပီး ဖုန်းချသွားလေသည်...
မနက်ကတည်းက အကိုထွက်သွားတာ အခုထိပြန်မလာသေးပေ... ကျွန်တော်ပြောလိုက်တာ အရမ်းလွန်သွားမှန်းသိပေမဲ့... တောင်းလဲမတောင်းပန်ချင်ဘဲဖြစ်ရသည်... မသိစိတ်ကလဲ သူမရှိတော့ အရမ်းစိုးရိမ်နေမိသည်....
ကျွန်တော်အခန်းပြင်ထွက်လာတော့ ...
" ADရော..."
" မသိဘူးအမ Grace...သားနိုးတော့မရှိတော့ဘူး..."
မုသားစကားပြောမိသည်...
" ကျွတ် ဒီကလေးဘယ်ရောက်နေပါလိမ့်..."
ဖုန်းထုတ်ရင်းဆက်နေသော အမ Grace အား စိတ်လှုပ်ရှားစွာ ကျွန်တော့ ကြည့်နေမိသည်...
" အေးပီးရော ပီးရော... အဲမှာပဲစောင့် ငါ့တို့လာပီ"
" ဦးပိန်ရောက်နေတယ်တဲ့.... ဘယ်လိုဖြစ်လို့တယောက်တည်း သွားရတာလဲမသိဘူး"
ကျွန်တော်တို့လဲ ကားပေါ်သို့တက်ပီး ဦးပိန်တံတားရှိရာဆီဦးတည်လိုက်ကြသည်....

Continue Reading

You'll Also Like

478K 39.7K 45
မသိတာကို အပြစ်​မမြင်​ရက်​ပါဘူး ' မြက်​​ထွေး' ​သွေးစိမ်းရှင်​ရှင်​ထွက်​​အောင်​လုပ်​မှရက်​စက်​တာမဟုတ်​ပါဘူး အပြစ်​မမြင်​ဘူးဆိုတဲ့ ခင်​ဗျားကမှ ရက်​စက်​...
326K 17.9K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
479K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
683K 65.9K 48
Kōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.