သၾကၤန္လည္ရေတာ့မွာမို႔ ကြ်န္ေတာ္မွာ အေပ်ာ္ႀကီးေပ်ာ္ေနမိသည္... ခါတိုင္း ႏွစ္ေတြဆို ရန္ကုန္ေလာက္ပဲလည္ခိုင္းတတ္တဲ႔ အေမေၾကာင့္ မွဴးေလးတခါမွ ခ႐ီးမထြက္ခဲ႔ရေပ...
အခုေတာ့ မႏၲေလးေရာ ျပင္ဦးလြင္ေရာ သြားရေတာ့မွာမို႔ အရမ္းစိတ္လႈပ္႐ွားေနမိသည္....
'' သားငယ္... အဝတ္ေတြထည့္ပီးပီလား.. အေႏြးထည္မ်ားမ်ားထည့္သြားေနာ္ အေအးပတ္မယ္... ေနပါဦး..မိုးကာအက်ႌပါယူသြား...''
'' ေမ.. သား သၾကၤန္လည္မွာေနာ္... ေက်ာင္းသြားမွာမဟုတ္ဘူး...ဘာလို႔ မိုးကာ အက်ႌ ယူရမွာလဲ..''
ေမက ေခါင္းသာခါရမ္းေနပီး အေလ်ာ႔မေပးသည့္ပံုစံျဖင့္
'' မရဘူးသားငယ္.. သားက က်န္းမာေရးက ခ်ဴျခာတာနဲ႔... ေမ့စကားနားမေထာင္ရင္ မလိုက္ရဘူးေနာ္''
" ေမစိတ္ႀကိဳက္သာထည့္ေတာ့... "
ဆိုပီးမွဴးေလးတစ္ေယာက္စူပုတ္ေနေတာ့သည္...
"ငယ္ေလးပီးပီလား... ခဏေနကားလာေတာ့မယ္ေနာ္"
"ပီးပီကိုႀကီးေရ ... ေမေမက လိုအပ္တာေလးေတြ ျဖည့္ေပးေနလို႔"
" ေမေဆးထည့္မေနနဲ႔ သားငယ္ေလးအတြက္အကုန္ထည့္ထားတယ္"
ေဒၚျဖဴေလးက ျပံဳးပီး
"ဒါေၾကာင့္မို႔ သားႀကီးလက္ထဲ႔ ေမ့သားငယ္ေလးကို စိတ္ခ် လက္ခ်ထည့္ႏိုင္တာ"
"ေမရယ္ .. ေမတို႔ေျပာမွပဲ သားက လူပမာ ႀကီးနဲ႔ကိုတူလို႔"
" အဲလိုမဟုတ္ပါဘူးငယ္ေလးရာ.... ေမနဲ႔ ကိုႀကီးက
ဒီေခြးေပါက္ေလးကို ဘယ္အေၾကာင္းေၾကာင့္မွ ပြန္းပဲ႔မခံႏိုင္လို႔"
မွဴးေလးမွ ေက်နပ္သြားေသာ အမူအယာျဖင့္ ႐ုတ္တရက္ထလာပီး ကြ်န္ေတာ္ ႏွင့္ ေမေမ့ကို အတင္းဖက္ကာ
"သားဒီမိသားစုမွာ လူျဖစ္ခြင့္ရတာ အရမ္းေက်နပ္တာပဲ... ပီးေတာ့ အရမ္းခ်စ္တယ္" ဆိုပီး ေမ့ ႏွင့္ ကြ်န္ေတာ္ အား လွမ္းနမ္းေလသည္...
ေဒါက္ ေဒါက္...
"အကိုတို႔ေရ အိမ္ေရွ႕ကားေရာက္ေနပီ... သားအမိေတြအလြမ္းသယ္ေနၾကတာ မပီးေသးဘူးလား"
ဆိုပီး Grace ကလွမ္းေအာ္ေလသည္...
" ပီးပီ သမီးေရ လိုအပ္တာေလးေတြ မွာေနလို႔ ...
သားငယ္ေလးကိုစိတ္မခ်လို႔ေလ..."
" မပူနဲ႔ အန္တီ သမီးတို႔ေသခ်ာ ဂ႐ုစိုက္လိုက္ပါမယ္ေနာ္"
" ေအးပါသမီးရယ္... အေသာက္အစားေတြမလုပ္ခိုင္းနဲ႔ေနာ္ သမီး"
"စိတ္ခ် အန္တီေရ" ဆိုပီး Grace က ေဒၚမိမိအားေပြးဖက္ႏႈတ္ဆက္ေလသည္...
" AD ေရာ... သမီး"
" အန္တီ သားက အေမ့တို႔ကိုခၽြဲေနတယ္ေလ... ေဟာ ေျပာရင္းဆိုရင္လာပါပီ"
"ပစၥည္းေတြကားေပၚတင္ပီးပီလား Grace... "
AD ကလွမ္းေမးေလေတာ့....
" ပီးပါပီ ကိုယ္ေတာ္ရယ္ ကားထဲသာ ႂကြခဲ႔ပါ႐ွင့္"
Grace က သူ႔ေမာင္အား မ်က္ေစာင္းထိုးပီးထြက္သြားေလသည္....
ကားေပၚေရာက္ေတာ့ AD ေဘးဘီ ၾကည့္လိုက္မိသည္...ကိုေအာင္ေလး သူငယ္ခ်င္းေတြ အကုန္လံုးက
အတြဲေတြ ကိုယ္စီႏွင့္ ထိုင္ေနၾကသည္,...
ဟိုကေလးကေတာ့ သူ႔အေမေတြကိုကပ္ခြ်ဲတုန္း
ပါးေတြနမ္းေနတာလဲမပီးေတာ့ဘူး....
ပါးေတြနမ္းတယ္ဆိုမွ ... မွဴးေလးအား ခိုးနမ္းမိတာေလးကို သတိ႐သြားမိသည္.... ကြ်န္ေတာ္ျပံဳးပီးေခါင္းခါရမ္းမိသည္... ငါေတာ့ေဂါက္ေနပီ ေယာက်ၤားေလး အခ်င္းခ်င္းကို ဆိုပီး ကိုယ့္ကိုယ္ကို လဲ ပစ္ပစ္ႏွစ္ႏွစ္ေဝဖန္လိုက္မိသည္...
ေနာက္ပီ Chatrium Hotel မွာတုန္းက ပိုးဥဆိုတဲ႔ ကေလးသူငယ္ခ်င္းမေလးအားေျပာခဲ႔ေသာစကား
အား ျပန္သတိရမိေတာ့ လူကငိုင္က်သြားရသည္
" ငါကေယ်ာၤက္အခ်င္းခ်င္းႀကိဳက္ရေအာင္ ေျခာက္ေနတာမဟုတ္ဘူးဟ"
AD ေခါင္းခါရမ္းမိသည္... ဒီအေတာအတြင္း ငါဘာလို႔
ေမ့ေနခဲ႔တာပါလိမ့္... ထိုကေလးအား အသည္းတယားယားႏွင့္ ျမတ္ႏိုးစိတ္က ဘာမွသတိမရေတာ့ေလာက္ေအာင္ လႊမ္းမိုးခဲ႔တာပဲ.... သူမႀကိဳက္ဘူး AD မင္းဆင္ျခင္သင့္တယ္.... မဟုတ္ဘူး ေခါင္းထဲကကို ထုတ္ပစ္သင့္တာ...
ခဏၾကာေတာ့ ကားေပၚတက္လာေသာမွဴးေလးက ေဘးက ခံုအလြတ္ႀကီးရွိေနေသာ ေနရာတြင္ဝင္ထိုင္လိုက္ေလသည္....
" အဟက္" AD အသံထြက္ပင္ရယ္မိေလသည္...
ဘာေတြေမွ်ာ္လင့္ေနတာလဲ AD မင္းမရွက္ဘူးလား
ထိုကေလးကေတာ့ ခံုတြင္သူတေယာက္တည္းစိတ္ႀကိဳက္ကို ထိုင္ေနေတာ့သည္...
ကားထြက္သည့္အခ်ိန္သည္ ..ညေန ၅ နာရီေလာက္ျဖစ္သည္... မႏၲေလးအား မနက္အေစာႀကီးေရာက္မယ္ထင္ပါရဲ႕... ကိုယ့္ဟာကိုယ္ေတြးပီးဟိုကေလးအား
ၾကည့္လိုက္မိေတာ့ ေျခေထာက္ေလးဆင္းပီး အိပ္ေတာင္ အိပ္ေနပီ... ကြ်န္ေတာ္ျပံဳးမိသည္... အရမ္းျဖဴစင္လြန္းတဲ႔ ေခြးေပါက္ေလး...
အတြဲေတြကေတာ့ တခိခိနဲ႔ေခါင္းခ်င္းဆိုင္လိုက္ နမ္းလိုက္ ႏွင့္ ႏွစ္ေယာက္ကမ႓ာေတြျဖစ္ေနၾကသည္...
ကြ်န္ေတာ္လဲ ဟိုေတြးဒီေတြးႏွင့္ခဏေနေတာ့ အိပ္ေပ်ာ္သြားေလသည္...
...
ေဘးနားကလႈပ္စိလႈပ္စိ နဲ႔မို႔ လူကႏိုးလာရသည္...
ေဘးကိုၾကည့္မိေတာ့... မွဴးေလးကကြ်န္ေတာ့လက္ေမာင္းအား အတင္းဖက္ထားေလသည္...
ကြ်န္ေတာ္ေလသံတိုးတိုးျဖင့္
" မွဴးေလး.... ဘာျဖစ္တာလဲ"
မွဴးေလးက ဝမ္းသာအားရင့္ ေခါင္းဇက္ခနဲ ေမာ့လာေလသည္...
" ႏိုးပီလား အကို ကြ်န္ေတာ္ေၾကာက္လို႔"
ဆိုပီး ကြ်န္ေတာ့္လက္ကိုေျမႇာက္ပီး ရင္ခြင္ထဲ တိုးဝင္လာပါေသာ ထိုကေလး.... ကြ်န္ေတာ္ ရင္ခုန္သံေတြက ထိန္းခ်ဳပ္ေနသည့္ၾကားက အလိုက္ကမ္းဆိုးမသိ က်ယ္ေလာင္လာေလသည္....
ထိုကေလးက
" အခုကြ်န္ေတာ္တို႔ေရာက္ေနတာ အျမန္လမ္းေလ အကို... ညဘက္ေတြဆို သရဲအရမ္းေျခာက္တယ္တဲ႔"
ေၾကာက္သြားဟန္ျဖင့္ ရင္ခြင္ထဲပိုတိုးဝင္လာေလသည္....
ကြ်န္ေတာ့ကေတာ့ သက္ျပင္းခ်ည္းပဲလွိမ့္ခ်ေနရသည္... ခဏေနေတာ့ ထိုကေလးစုတ္ေလးက အိပ္ေပ်ာ္သြားေလသည္,.. ကြ်န္ေတာ့္မွာသာ...
... ကဲ ေခြးေပါက္ေလးေရ ..ငါကေတာ့ မင္းကိုေရွာင္ေနတာပဲ... မင္းဟာမင္း ငါ့အနားေရာက္လာတာေတာ့ ငါလဲမတတ္ႏိုင္ဘူး... စိတ္လဲထိန္းမထားႏိုင္ေတာ့ဘူး..
ခြင့္လႊတ္ေနာ္...ဟုစိတ္ထဲကေတာင္းပန္ရင္း ကြ်န္ေတာ့လက္ႏွစ္ဖက္လံုးျဖင့္ ထိုေသးေသးေကြးေကြးကိုယ္လံုးေလးအား ဖက္ထားလိုက္မိသည္...
ထိုကေလးကလဲ လႈပ္လာပီး အင္းအဲ ႏွင့္ ကြ်န္ေတာ့္အား သူ႔ဖက္လံုးအလား အတင္းကိုဖက္ထားေတာ့တာပါပဲ...
ကြ်န္ေတာ့မွာသာ အူေတြအသည္းေတြယားပီ...
ေရွ႕ဆက္ရမဲ႔ေနရက္ေတြအစား ရင္ေလးရင္း
ထိုကေလး၏ နဖူးျပင္ႏွင့္ ပါးျပင္ေလးအား အႀကိမ္ႀကိမ္နမ္းရင္း နဲ႔ အိပ္မက္ကမ႓ာအား အလည္ေရာက္သြားေလသည္...
သင်္ကြန်လည်ရတော့မှာမို့ ကျွန်တော်မှာ အပျော်ကြီးပျော်နေမိသည်... ခါတိုင်း နှစ်တွေဆို ရန်ကုန်လောက်ပဲလည်ခိုင်းတတ်တဲ့ အမေကြောင့် မှူးလေးတခါမှ ခရီးမထွက်ခဲ့ရပေ...
အခုတော့ မန္တလေးရော ပြင်ဦးလွင်ရော သွားရတော့မှာမို့ အရမ်းစိတ်လှုပ်ရှားနေမိသည်....
'' သားငယ်... အဝတ်တွေထည့်ပီးပီလား.. အနွေးထည်များများထည့်သွားနော် အအေးပတ်မယ်... နေပါဦး..မိုးကာအကျႌပါယူသွား...''
'' မေ.. သား သင်္ကြန်လည်မှာနော်... ကျောင်းသွားမှာမဟုတ်ဘူး...ဘာလို့ မိုးကာ အကျႌ ယူရမှာလဲ..''
မေက ခေါင်းသာခါရမ်းနေပီး အလျော့မပေးသည့်ပုံစံဖြင့်
'' မရဘူးသားငယ်.. သားက ကျန်းမာရေးက ချူခြာတာနဲ့... မေ့စကားနားမထောင်ရင် မလိုက်ရဘူးနော်''
" မေစိတ်ကြိုက်သာထည့်တော့... "
ဆိုပီးမှူးလေးတစ်ယောက်စူပုတ်နေတော့သည်...
"ငယ်လေးပီးပီလား... ခဏနေကားလာတော့မယ်နော်"
"ပီးပီကိုကြီးရေ ... မေမေက လိုအပ်တာလေးတွေ ဖြည့်ပေးနေလို့"
" မေဆေးထည့်မနေနဲ့ သားငယ်လေးအတွက်အကုန်ထည့်ထားတယ်"
ဒေါ်ဖြူလေးက ပြုံးပီး
"ဒါကြောင့်မို့ သားကြီးလက်ထဲ့ မေ့သားငယ်လေးကို စိတ်ချ လက်ချထည့်နိုင်တာ"
"မေရယ် .. မေတို့ပြောမှပဲ သားက လူပမာ ကြီးနဲ့ကိုတူလို့"
" အဲလိုမဟုတ်ပါဘူးငယ်လေးရာ.... မေနဲ့ ကိုကြီးက
ဒီခွေးပေါက်လေးကို ဘယ်အကြောင်းကြောင့်မှ ပွန်းပဲ့မခံနိုင်လို့"
မှူးလေးမှ ကျေနပ်သွားသော အမူအယာဖြင့် ရုတ်တရက်ထလာပီး ကျွန်တော် နှင့် မေမေ့ကို အတင်းဖက်ကာ
"သားဒီမိသားစုမှာ လူဖြစ်ခွင့်ရတာ အရမ်းကျေနပ်တာပဲ... ပီးတော့ အရမ်းချစ်တယ်" ဆိုပီး မေ့ နှင့် ကျွန်တော် အား လှမ်းနမ်းလေသည်...
ဒေါက် ဒေါက်...
"အကိုတို့ရေ အိမ်ရှေ့ကားရောက်နေပီ... သားအမိတွေအလွမ်းသယ်နေကြတာ မပီးသေးဘူးလား"
ဆိုပီး Grace ကလှမ်းအော်လေသည်...
" ပီးပီ သမီးရေ လိုအပ်တာလေးတွေ မှာနေလို့ ...
သားငယ်လေးကိုစိတ်မချလို့လေ..."
" မပူနဲ့ အန်တီ သမီးတို့သေချာ ဂရုစိုက်လိုက်ပါမယ်နော်"
" အေးပါသမီးရယ်... အသောက်အစားတွေမလုပ်ခိုင်းနဲ့နော် သမီး"
"စိတ်ချ အန်တီရေ" ဆိုပီး Grace က ဒေါ်မိမိအားပွေးဖက်နှုတ်ဆက်လေသည်...
" AD ရော... သမီး"
" အန်တီ သားက အမေ့တို့ကိုချွဲနေတယ်လေ... ဟော ပြောရင်းဆိုရင်လာပါပီ"
"ပစ္စည်းတွေကားပေါ်တင်ပီးပီလား Grace... "
AD ကလှမ်းမေးလေတော့....
" ပီးပါပီ ကိုယ်တော်ရယ် ကားထဲသာ ကြွခဲ့ပါရှင့်"
Grace က သူ့မောင်အား မျက်စောင်းထိုးပီးထွက်သွားလေသည်....
ကားပေါ်ရောက်တော့ AD ဘေးဘီ ကြည့်လိုက်မိသည်...ကိုအောင်လေး သူငယ်ချင်းတွေ အကုန်လုံးက
အတွဲတွေ ကိုယ်စီနှင့် ထိုင်နေကြသည်,...
ဟိုကလေးကတော့ သူ့အမေတွေကိုကပ်ချွဲတုန်း
ပါးတွေနမ်းနေတာလဲမပီးတော့ဘူး....
ပါးတွေနမ်းတယ်ဆိုမှ ... မှူးလေးအား ခိုးနမ်းမိတာလေးကို သတိရသွားမိသည်.... ကျွန်တော်ပြုံးပီးခေါင်းခါရမ်းမိသည်... ငါတော့ဂေါက်နေပီ ယောကျင်္ားလေး အချင်းချင်းကို ဆိုပီး ကိုယ့်ကိုယ်ကို လဲ ပစ်ပစ်နှစ်နှစ်ဝေဖန်လိုက်မိသည်...
နောက်ပီ Chatrium Hotel မှာတုန်းက ပိုးဥဆိုတဲ့ ကလေးသူငယ်ချင်းမလေးအားပြောခဲ့သောစကား
အား ပြန်သတိရမိတော့ လူကငိုင်ကျသွားရသည်
" ငါကယျောင်္က်အချင်းချင်းကြိုက်ရအောင် ခြောက်နေတာမဟုတ်ဘူးဟ"
AD ခေါင်းခါရမ်းမိသည်... ဒီအတောအတွင်း ငါဘာလို့
မေ့နေခဲ့တာပါလိမ့်... ထိုကလေးအား အသည်းတယားယားနှင့် မြတ်နိုးစိတ်က ဘာမှသတိမရတော့လောက်အောင် လွှမ်းမိုးခဲ့တာပဲ.... သူမကြိုက်ဘူး AD မင်းဆင်ခြင်သင့်တယ်.... မဟုတ်ဘူး ခေါင်းထဲကကို ထုတ်ပစ်သင့်တာ...
ခဏကြာတော့ ကားပေါ်တက်လာသောမှူးလေးက ဘေးက ခုံအလွတ်ကြီးရှိနေသော နေရာတွင်ဝင်ထိုင်လိုက်လေသည်....
" အဟက်" AD အသံထွက်ပင်ရယ်မိလေသည်...
ဘာတွေမျှော်လင့်နေတာလဲ AD မင်းမရှက်ဘူးလား
ထိုကလေးကတော့ ခုံတွင်သူတယောက်တည်းစိတ်ကြိုက်ကို ထိုင်နေတော့သည်...
ကားထွက်သည့်အချိန်သည် ..ညနေ ၅ နာရီလောက်ဖြစ်သည်... မန္တလေးအား မနက်အစောကြီးရောက်မယ်ထင်ပါရဲ့... ကိုယ့်ဟာကိုယ်တွေးပီးဟိုကလေးအား
ကြည့်လိုက်မိတော့ ခြေထောက်လေးဆင်းပီး အိပ်တောင် အိပ်နေပီ... ကျွန်တော်ပြုံးမိသည်... အရမ်းဖြူစင်လွန်းတဲ့ ခွေးပေါက်လေး...
အတွဲတွေကတော့ တခိခိနဲ့ခေါင်းချင်းဆိုင်လိုက် နမ်းလိုက် နှင့် နှစ်ယောက်ကမ႓ာတွေဖြစ်နေကြသည်...
ကျွန်တော်လဲ ဟိုတွေးဒီတွေးနှင့်ခဏနေတော့ အိပ်ပျော်သွားလေသည်...
...
ဘေးနားကလှုပ်စိလှုပ်စိ နဲ့မို့ လူကနိုးလာရသည်...
ဘေးကိုကြည့်မိတော့... မှူးလေးကကျွန်တော့လက်မောင်းအား အတင်းဖက်ထားလေသည်...
ကျွန်တော်လေသံတိုးတိုးဖြင့်
" မှူးလေး.... ဘာဖြစ်တာလဲ"
မှူးလေးက ဝမ်းသာအားရင့် ခေါင်းဇက်ခနဲ မော့လာလေသည်...
" နိုးပီလား အကို ကျွန်တော်ကြောက်လို့"
ဆိုပီး ကျွန်တော့်လက်ကိုမြှောက်ပီး ရင်ခွင်ထဲ တိုးဝင်လာပါသော ထိုကလေး.... ကျွန်တော် ရင်ခုန်သံတွေက ထိန်းချုပ်နေသည့်ကြားက အလိုက်ကမ်းဆိုးမသိ ကျယ်လောင်လာလေသည်....
ထိုကလေးက
" အခုကျွန်တော်တို့ရောက်နေတာ အမြန်လမ်းလေ အကို... ညဘက်တွေဆို သရဲအရမ်းခြောက်တယ်တဲ့"
ကြောက်သွားဟန်ဖြင့် ရင်ခွင်ထဲပိုတိုးဝင်လာလေသည်....
ကျွန်တော့ကတော့ သက်ပြင်းချည်းပဲလှိမ့်ချနေရသည်... ခဏနေတော့ ထိုကလေးစုတ်လေးက အိပ်ပျော်သွားလေသည်,.. ကျွန်တော့်မှာသာ...
... ကဲ ခွေးပေါက်လေးရေ ..ငါကတော့ မင်းကိုရှောင်နေတာပဲ... မင်းဟာမင်း ငါ့အနားရောက်လာတာတော့ ငါလဲမတတ်နိုင်ဘူး... စိတ်လဲထိန်းမထားနိုင်တော့ဘူး..
ခွင့်လွှတ်နော်...ဟုစိတ်ထဲကတောင်းပန်ရင်း ကျွန်တော့လက်နှစ်ဖက်လုံးဖြင့် ထိုသေးသေးကွေးကွေးကိုယ်လုံးလေးအား ဖက်ထားလိုက်မိသည်...
ထိုကလေးကလဲ လှုပ်လာပီး အင်းအဲ နှင့် ကျွန်တော့်အား သူ့ဖက်လုံးအလား အတင်းကိုဖက်ထားတော့တာပါပဲ...
ကျွန်တော့မှာသာ အူတွေအသည်းတွေယားပီ...
ရှေ့ဆက်ရမဲ့နေရက်တွေအစား ရင်လေးရင်း
ထိုကလေး၏ နဖူးပြင်နှင့် ပါးပြင်လေးအား အကြိမ်ကြိမ်နမ်းရင်း နဲ့ အိပ်မက်ကမ႓ာအား အလည်ရောက်သွားလေသည်...