သခင့်​ထံပါးခစားခွင့်​​ပေးပါ

By user46730075

139K 6.2K 889

BL boyxboy Myanmar fanfiction.... အရင်​acc hunhanlover မှာ​ရေး​နေတဲ့ficပါ ​​...acc ကဝင်​မရ​တော့လို့ နောက်​အပ... More

Ep.16
EP.17
Ep.18
EP.19
Ep.20
Ep.21
EP.22
Ep.23
Ep.24
Ep.25
Ep.26
Ep.27
Ep.28
Ep.29[End]
miss you so much
Extra
Extra

Extra

7.3K 413 29
By user46730075





ဟိုခ​လေး ကျ​နော့်​ကို ​ရှောင်​​နေတာသိသာသည်​။
ဖျတ်​ခနဲရိပ်​ခနဲသာ မြင်​လိုက်​ရ​ပေမယ့်​ မျက်​နှာချင်းဆိုင်​ တစ်​ခါမှမဆုံ ၊ ကျ​နော်​က​ရော သူ့ကိုမမြင်​ရမှ ဘာလို့​တွေ့ချင်​​နေရတာလဲ ၊ အ​ဝေးကလှမ်းမြင်​ရ​တာ​တောင်​ ဘာလို့နှုတ်​ခမ်းပါးပါး​လေး​တွေကိုပဲ ထင်း​နေ​အောင်​မြင်​​နေရတာလဲ ။

" just မင်းနဲ့ဟိုက​လေး ရန်​ဖြစ်​ထားလား "

" မဖြစ်​ ဖြစ်​ပါဘူး ...ဘာလို့လဲ "

" ​အော်​ ...အရင်​လို မင်းအနားမှာ အရိပ်​လိုဖြစ်​​နေတာ
မ​တွေ့လို့​လေ "

နေ က​တောင်​သတိထားမိပြီး ​မေးလာတဲ့အထိ ။
ကျ​နော်​က​ရော သူနဲ့ မျက်​နှာချင်းဆိုင်​​တွေ့ရင်​ဘာ​ပြောရမလဲ၊
ရှက်​​နေတာလားလို့ ​မေးရမလား ၊ မဟုတ်​​သေးပါဘူး ။
ငါကလဲ first kiss ကွလို့​ပြောရမလား ၊ ဟား ရူးချင်​လာသလိုပဲ ၊ အခုမှ မကြီးမငယ်​နဲ့ ၊ က​လေးကလားနဲ့  ​ချော့ရ​အောင်​လဲ သူကစိတ်​​ကောက်​​နေတဲ့ ကိုယ့်​ချစ်​သူမဟုတ်​။
မသိ​တော့ဘူးကွာ ၊ ​နေပ​စေ​တော့ ။




ဂစ်​တာကိုကြိုးညှီပြီး သံစဉ်​ညှီ​နေ​ပေမယ့်​ ဘာသီချင်းမှစဉ်းစားလို့မရ ၊ အိမ်​ထဲမှာ ဟိုလူကြီးနဲလဲ မျက်​နှာချင်းမဆိုင်​ချင်​၊
အိပ်​လဲမအိပ်​ချင်​​သေးတာနဲ့ ဂစ်​တာယူပြီး ခြံထဲဆင်းလာတာ။
စိတ်​ထဲမကြာခန နှိပ်​စက်​​နေတဲ့ ဟိုလူကြီး​ကြောင့်​ ဘာသီချင်းမှစဉ်းစားလို့မရ ။

" အဲ့မှာ ခြင်​မကိုက်​ဘူးလား "

" ဟင်​ "

သေ​ရောပဲ  ....။
ဒီလူကြီး ဒီထိဘာလာလုပ်​တာလဲ ၊ ထထွက်​သွားဖို့လဲမဖြစ်​။
ရှောင်​​နေတာမှန်​​ပေမယ့်​ ဘာလို့​ရှောင်​​နေတာလဲလို့​မေးလာခဲ့ရင်​ ဘယ်​လိုလုပ်​ရမလဲ ။

" အင်း ....မကိုက်​ဘူး "

" ကိုယ်​ပါ ထိုင်​လို့ရလား "

" ထိုင်​​ပေါ့ ကျ​နော်​ပိုင်​တဲ့ ခုံမှမဟုတ်​တာ "

" မင်း တစ်​ခုခုကို စိတ်​ဆိုး​နေသလိုပဲ "

" မဟုတ်​ပါဘူး "

" မသိပါဘူး ကိုယ့်​ကိုများစိတ်​ဆိုး​နေသလားလို့ "

သေလိုက်​​တော့ ၊ ခင်​ဗျားဟာ​လေ အဲ့ဒါ​ကြောင့်​ အခုချိန်​ထိ
ရည်းစားမရှိ ချစ်​သူမရှိနဲ့ FA ဖြစ်​​နေတာ ၊ အဲ့လိုစကားကို
တည့်​တိုး​ပြောရသလား ။
သူ​ပြောတဲ့အတိုင်း လိုက်​လို့က​တော့ ဟို​နေ့ကအနမ်းအ​ကြောင်း​ရောက်​သွားမှာ မလွဲမို့ ရှိုင်းစကားလွှဲလိုက်​သည်​။

" ခင်​ဗျား တီးတတ်​လား "

" အင်း ....နည်းနည်းပါးပါးပါ ...မတီးတာကြာပြီ "

" တီးမလား ....ကျ​နော်​နား​ထောင်​ချင်​လို့ "

သေစမ်း ဘာ​တွေ​ပြောမိပြန်​ရတာလဲ ၊ ဒီပါးစပ်​က ။
ပြုံးသွားသည့်​ မျက်​နှာမြင်​ရပြန်​​တော့ မျက်​ဝန်း​တွေကအလိုက်​မသိစွာ ​ငေးမိပြန်​သည်​ ။
မင်းကို​တော့ သူအထင်​​သေး​တော့မှာပဲ ရှိုင်းရာ။

ဂစ်​တာကို အသံစမ်းကြည့်​ပြီး သီချင်းတစ်​ပုဒ်​ကို စတင်​တီးခတ်​တာနဲ့ သူ့မျက်​ဝန်း​တွေ ​ဆွေး​မြေ့သွားတာကိုသတိထားမိသည်​။
အသက်​သုံးဆယ်​အရွယ်​ ​ယောက်ျားတစ်​​ယောက်​ရဲ့ ရင့်​ကျက်​တည်​ငြိမ်​​သော ဟန်​ပန်​နဲ့ အတူ လူငယ်​တစ်​​ယောက်​လိုခံစားချက်​​တွေ ပွင့်​အံ​နေပုံက အတူ​ရောပါ​နေကာ
တမျိုးကြည့်​​ကောင်း​နေ​စေသည်​။ မဟုတ်​ဘူး ဆွဲ​ဆောင်​နိုင်​တယ်​ဆို ပိုမှန်​လိမ့်​မယ်​ ၊ ကျ​နော်​ မျက်​လုံး​တွေ လွှဲဖယ်​ဖို့​တောင်​​မေ့​နေပြီး သူ့သီချင်းသံမှာ စီး​မျော​နေမိတယ်​ ။


🎶 အသက်​ရှုသံ​တွေ နီးစပ်​ရုံပဲ တတ်​နိုင်​တယ်​...
အချိန်​​တွေကို အတူကုန်​ဆုံးဖို့ပဲ တတ်​နိုင်​တယ်​ သူငယ်​ချင်း
လိုမျိုး.....ဒါ​ပေမယ့်​ ငါ့ခံစားချက်​​တွေကို မထိန်းချုပ်​နိုင်​ခဲ့ဘူး........🎶

🎶မင်းရဲ့ခံစားချက်​​တွေ အနက်​ရှိုင်းဆုံးမှာ မင်းဘယ်​လို
ခံစားရလဲ....
ငါမင်းကို ဘယ်​​လောက်​ချစ်​ချစ်​ ဒါ​ပေမယ့်​ ငါဘယ်​တုန်းကမှ
အဲ့ဒီ့အ​ကြောင်း မ​ပြောခဲ့ဘူး.....
ငါ့နှလုံးသားထဲမှာ ဘာဘဲဖြစ်​​နေ​နေ သိမ်းထားခဲ့တယ်​.....
ဒီ​ပျော်​ရွှင်​မှု​လေးကပဲ အရမ်းကို ကြီးမား​နေပါပြီ......🎶

🎶မင်းကငါ့အတွက်​ ခံစားချက်​ရှိ​လေမလား ....
မင်းငါ့ကို ကြည့်​ဖူးလား ....ငါတို့နှစ်​​ယောက်​ကြားမှာ
ဘာ​တွေဖြစ်​​နေလဲ...မင်းငါ့အတွက်​ ခံစားချက်​ရှိ​လေမလား..
ငါ့နှလုံးသားထဲက ကာလကြာရှည်​သိချင်​​နေတဲ့ အမှန်​တရားပဲ.....ဒါ​ပေမယ့်​ ငါမ​မေးချင်​ဘူး......
မင်း​ပြောင်းလဲသွားမှာကို​ကြောက်​လို့.....🎶

🎶မ​မေးတာက ပို​ကောင်းလိမ့်​မယ်​ ...ဘာ​ကြောင့်​လဲဆို​တော့ ငါ​မေးလိုက်​ရင်​ ငါ့ခံစားချက်​​တွေကို နာကျင်​​စေမယ့်
စကားလုံး​တွေကို ငါ​ကြောက်​တယ်​ .....


" ဘယ်​လို​နေလဲ "

" ​ကောင်း​နေတာကို ဘာလို့ရပ်​လိုက်​တာလဲ "

" ဘားမှမဖြစ်​ပါဘူး ဒီတိုင်းပဲ ...အဟွန်း "

ပြုံးပြန်​ပြီ ။ ဒါ​ပေမယ့်​ ​စောနကလို အသက်​ဝင်​စွာမဟုတ်​ ။
မချိပြုံး ပြုံးခြင်း ။
စိတ်​ထဲမှာ သိချင်​​နေသည့်​အရာက နှုတ်​ဖျားတို့ကိုအတင်းအကျပ်​​စေခိုင်း​နေသည်​မို့။

" ခင်​ဗျား .....လူတစ်​​ယောက်​ကို တစ်​ဖက်​သက်​ချစ်​ခဲ့ဖူးတာလား "

" ဟင်​......သီချင်းကို နားလည်​လိုက်​တာလား "

" ကျ​နော်​က နယ်​စပ်​မှာ ကြီးလာတဲ့သူပါ ...ထိုင်းစကားကို
ထမင်းစား​ရေ​သောက်​ထက်​ မနည်းတတ်​တယ်​ "

" ​အော်​ ...."

" ကျ​နော်​​မေးတာ မ​ဖြေ​သေးဘူး "

" ဆိုပါ​တော့ "

ရင်​ထဲမှာ ​ဆွေးသွားသလိုပဲ ၊ ခံစားချက်​ကြီးကဘယ်​လိုကြီးမှန်းမသိဘူး ၊ ဒီအသက်​အရွယ်​​ရောက်​​နေပြီပဲ ရှိခဲ့ဖူးမှာ​ပေါ့လို့​ဖြေ​တွေး​နေ​ပေမယ့်​ မရဘူး ၊ သူဘာဖြစ်​​နေပါလိမ့်​ ၊ ​သေချာတာကရူးသွားပြီထင်​တယ်​ ။

" ခင်​ဗျား.....အခု ....ချိန်​ထိ....သူ့ကို ....ချစ်​​နေ​သေးလား"

ဒီစကားကို​တော့ ရှိုင်းသူ့ကိုမကြည့်​ပဲ ​မေးတာဖြစ်​သည်​။
ပြီး​တော့ စိတ်​လှုပ်​ရှားသလို ​ခြေဖျားထိပ်​နဲ့ မြက်​ခင်းကိုကန်​​နေသည်​။
Just ဂစ်​တာကို ​ဘေးမှာ​ထောင်​လိုက်​ပြီး ရှိုင်းဖက်​လှည့်​လိုက်​သည်​။

" ဟင့်​အင်း .....အဲ့ခံစားချက်​​တွေက ကြာခဲ့ပါပြီ...ပြီး​တော့
နာကျင်​​စေတယ်​ ....အဲ့ဒါ​ကြောင့်​ ကိုယ်​လက်​လွှတ်​လိုက်​ပြီ...အခု ​ပျော်​ရွှင်​​စေမယ့်​ အချစ်​တစ်​ခု​နောက်​ပဲ ​လိုက်​​တော့မလို့ "

မော့ကြည့်​လာသည့်​ မျက်​ဝန်းတစ်​စုံသည်​ ညအ​မှောင်​မှာ
ကြယ်​တာရာ​တွေ လင်းလက်​​နေသလို မယုံနိုင်​ခြင်း ၊​ပျော်​ရွှင်​ခြင်းများနဲ့ တလဲ့လဲ့​တောက်​ပ​နေသည်​။
ခပ်​ပါးပါး​လေးရဲ​နေ​သော နှုတ်​ခမ်းများက ပြုံးရယ်​​နေလျှက်​။
အသက်​၁၈နှစ်​သာ ရှိ​သေး​သော ​ကောင်​ငယ်​​လေးသည်
သူ့နှလုံးသားထဲကို ချဉ်းနင်းဝင်​​ရောက်​​နေခဲ့ပြီး သူ့ရင်​ခုန်​သံ​တွေကို အသစ်​တဖန်​နိုးထ​စေခဲ့သည်​။


" ကိုယ်​ပထမဆုံး အကြိမ်​ မြည်းဖူးတဲ့ သကြားသီး​လေးတစ်​လုံးကို ​နောက်​ထပ်​အကြိမ်​​ပေါင်းများစွာ မြည်းစမ်းချင်​​နေမိတယ်​....အဲ့ဒါ ကိုယ်​ဘယ်​လိုလုပ်​သင့်​လဲ..."

ဖျက်​ခနဲ ငုံလျိုးသွားတဲ့​ခေါင်း​လေး ၊ တိုးသဲ့စွာခပ်​ဟဟရယ်​သံနဲ့အတူ အရူးဆိုသည့်​ ​ဝေါဟာရတစ်​ခု သူ့အတွက်​ဖြစ်​လာသည်​။
ချစ်​ဖို့​ကောင်း​သော ခ​လေးငယ်​ ။

" ​ရေခဲတုံးကြီးက မထင်​ရဘူး​နော်​ "

" ​ရေခဲတုံးလဲ ချစ်​တတ်​ပါတယ်​...မယုံရင်​ ပြန်​ချစ်​ကြည့်​ပါလား"

" ခင်​ဗျား နစ်​နာ​နေမယ်​ "

" မင်းအတွက်​ပါ....ဘယ်​လိုလဲ ...ကိုယ့်​ကိုပြန်​ချစ်​မှာလား"

" ဟ ...ဘာလဲ ချက်​ချင်းကြီးပဲ "

" ကိုယ့်​အသက်​က မင်းလို၁၈နှစ်​မဟုတ်​​တော့ဘူး..
ပြီး​တော့ ​ကိုယ့်​အချစ်​​တွေကို မင်းပဲ​နောက်​ထပ်​တစ်​ကြိမ်
ရှင်​သန်​​စေခဲ့တာ...​နောက်​ထပ်​အချစ်​တစ်​ခုကို​တော့
ကိုယ်​အဆုံးရှုံးမခံချင်​​တော့ဘူး ..."

" ကျ​နော်​ စဉ်းစားအုံးမယ်​ "

" ဘာလဲ မတည့်​တဲ့အ​ကြောင်း​တွေလား "

" hk ...အဲ့ဒါပဲရှိတာ​လေ "

" ​နောက်​ထပ်​ ရှိမလာ​တော့ဘူးဆိုတာ ကိုယ်​အာမခံတယ်​..
မယုံရင်​ ချစ်​ကြည့်​ "

" ဟာ ဇွတ်​ပါလား "

" မင်းနဲ့​တွေ့မှပါ....မယုံဘူးလား "

" ရပြီ ...ချစ်​ကြည့်​လိုက်​​တော့မယ်​ "

" အဲ့လိုမှ​ပေါ့..ဟား ဟား ....ချစ်​တယ်​ ချာတိတ်​..
ကိုယ်​​တော့ ခ​လေးကို မုန့်​​ပေးကြိုက်​​ရ​တော့မယ်​ထင်​တယ်​"

" ဘာလဲ ​နောင်​တရ​နေပြီလား "

" ​နောင်​တဆိုတာ ဂျိုနဲ့လားလို့​မေး​နေရလို့ ကိုယ့်​ကို
ပြပါလို့ ​ပြောပါရ​စေ..."

" ဒီလိုဆို​တော့လဲ ခင်​ဗျားက စကားတတ်​သားပဲ "

" အချစ်​က သင်​​ပေးတာ​နေမှာ "

ရှိုင်းမနိုင်​ဘူးဆိုသည့်​ ပုံနဲ့​ခေါင်းခါသည်​။
ဒါ​ပေမယ့်​ ​မေးဖျားကိုကိုင်​ပြီး ဆွဲယူလိုက်​တဲ့သူ့​ကြောင့်
ရင်​​တွေ ​အကြမ်းပရမ်း​ဆောင့်​ခုန်​သွားသည်​။

" ကိုယ့်​ကို ဒုတိယအကြိမ်​အဖြစ်​ခွင့်​ပြုမှာလား ဟင်​ "

" ပထမ အကြိမ်​တုန်းက​ရော ခွင့်​​တောင်းခဲ့လို့လား"

" အဲ့တုန်းက မ​တော်​တဆဖြစ်​ခဲ့တာ ၊ ဒါ​ပေမယ့်​ ကိုယ်​စွဲလမ်းသွား​အောင်​ မင်းနှုတ်​ခမ်း​တွေက ချိုလွန်းတယ်​ ..အခုကိုယ်
ခွင့်​​တောင်းတာပါ "

" ကျ​နော်​က ခွင့်​မပြုဘူးဆိုရင်​​ရော "

" မင်း​နောင်​တရသွားမှာ "

ရန်​စကားမို့ ​ရှောင်​လွှဲလိုက်​မယ်​လို့ စိတ်​ကူးလိုက်​​ပေမယ့်
နူးညံစွာ ကျ​ရောက်​လာတဲ့ သူ့နှုတ်​ခမ်း​တွေက ကျ​နော့်​ဆန္ဒ​တွေကို​မေ့​လျော့​စေတယ်​။
ထိ​တွေ့ရုံမဟုတ်​ခဲ့သည့်​ အနမ်းတစ်​ခုက နှုတ်​ခမ်းတစ်​ခုလုံးကို စုပ်​ယူသိမ်းပိုက်​​နေရင်း ။
ချစ်​တယ်​ လူကြီး ၊ ကျ​နော်​ခင်​ဗျားကို အ​ကြောင်းပြချက်​မရှိပဲကိုချစ်​မိတာ ။







" just က ရှိုင်းကို ကြိုက်​​နေခဲ့တာလား "

" ha ha ...အခုမှသိတာလား ...ကိုယ့်​​ဘေဘီ​လေးက...
ဒီအိမ်​မှာ အခုဆို ​လေး​ယောက်​လုံး အတွဲကိုယ်​စီဖြစ်​သွားပြီ..
လာပါ သူများ​တွေနမ်း​နေတာကြည့်​ပြီး အားကျမ​နေနဲ့...နမ်းချင်​ရင်​ ဒီမှာ ခင်​ဗျား​လေး​ယောက်ျားတစ်​​ယောက်​လုံးရှိတယ်​..ကိုယ့်​ကိုနမ်း "

" ​ဒီလိပ်​ကတစ်​မျိုး ...ဒီမှာ စကား​ကောင်း​ပြောမလို့ကို..."

" ကဲ​ပြော ...ဘာ​ပြောမလို့လဲ "

" just ဘယ်​တုန်းက ​ယောက်ျား​လေးတစ်​​ယောက်​ကို
စိတ်​ဝင်​စားသွားတာလဲ "

" ဧကန္နကိုယ်​တို့ကို အားကျသွားတာဖြစ်​မယ်​ ..ကိုယ်​တို့က သူ့​ရှေ့မှာအရမ်းချစ်​ပြ​တော့ "

" အားကျစရာ ​လူကိုအမြဲတမ်း အနိုင်​ယူ​နေတဲ့သူကများ"

" မယူပါဘူး သခင်​ရာ ...ကျ​နော်​သခင့်​ကို ဘယ်​​လောက်​ချစ်​လဲ ​တွေ့တဲ့လူတိုင်း​မေးကြည့်​ အကုန်​သိတယ်​ "

" အဲ့​နောက်​မှာ မင်းလူလည်​ကျတာ​တွေကို ထည့်​​ပြောအုံး​​လေ.."

" အဟွန်း ...အဲ့ဒါ ချစ်​လို့....အနို​င်​ယူတာမဟုတ်​ပါဘူး
ချစ်​လို့ ...သခင်​ရန်​​တွေ့တာ​လေးကိုလည်း သ​ဘောကျလို့..
သခင်​စိတ်​ဆိုး​နေ ရှက်​​နေရင်​ ရဲ​နေတတ်​တဲ့ ပါး​လေးနှစ်​ဖက်​ကို သ​ဘောကျလို့ ...စ​နေမိတာ...အနိုင်​ယူဖို့​နေ​နေသာသာ
ချစ်​လွန်းလို့ ပါးစပ်​ထဲထည့်​ငုံထားမတတ်​ ထားစရာမရှိ​အောင်
ချစ်​​နေရတာကိုများ ​ပြောရက်​တယ်​ "

ကဲ..​ပြောရင်​လဲကျ​နော်​လွန်​ရာပဲ ကျအုံးမယ်​။
တကယ်​ပါ လည်​လွန်းလို့ လိုက်​မမှီဘူး ၊ အခုလဲ ကျ​နော့်​ကိုယ်​ကို ​နောက်​ကဖက်​ထားပြီး ဆံပင်​​တွေထဲ သူ့နှာ​ခေါင်းနှစ်​ပြီး နှိပ်​စက်​​နေတာ ၊ ​ခေါင်းတစ်​ခုလုံးလဲ ပွထ​နေ​တော့မယ်​။


" ရာစုသစ်​ "

" ဗျာ "

" ကြည့်​....စကား​ကောင်း​ပြောမလို့ "

" အင်း​ပြော​လေ ...ဒီကလဲလိမ်​လိမ်​မာမာနဲ့ထူးတာကို"

" ဟား...ထားလိုက်​​တော့ ...ဒီတစ်​ပတ်​ ဆရာ​လေးဆီသွားရ​အောင်​ ...ငါတို့ သူ့ဆီမသွားတာကြာပြီမှတ်​လား "

" သခင်​သွားချင်​ရင်​ အချိန်​မ​ရွေးလိုက်​ပို့လို့ရပါတယ်​ ...
မသွားဖြစ်​လဲ စိတ်​မ​ကောင်းစရာ​တော့မရှိပါဘူး...ဘာလို့ဆို
ရာရာက ​လောကီနဲ့အဆက်​အသွယ်​ပြက်​​လေ သူ့အတွက်​​အေးချမ်း​လေပဲ မဟုတ်​လား "

" ​အော်​​ဟော်​ ....တရား​တွေ​ပေါက်​​နေတယ်​​ပေါ့..
မင်း​ရော ​အေးချမ်းချင်​ရင်​ ဘုန်းကြီးဝတ်​လိုက်​ပါလား"

" အင်း ....ဝတ်​ချင်​တာ ....ကျ​နော့်​မိန်းမ​လေးကိုစိတ်​မချလို့
သူတစ်​​ယောက်​တည်း ကျန်​ခဲ့မှာ​တွေးပြီး.. ."

" ရာစုသစ်​ ...မင်းငါ့ကို မိန်းမလို့​ခေါ်ပြန်​ပြီလား .."

" အား....မကိုက်​နဲ့​လေ....သခင်​ရာ ...သူ့သွား​တွေက
ချွန်​​နေတာကို "

" ခံ​လေ ..နည်း​သေးတယ်​..."

" ​တော်​ပြီ ​နောက်​ကို မိန်းမလို့ ......."

" ရာစုသစ်​ "

" မ​ခေါ်​တော့ဘူးလို့ ​ပြောမလို့ ....ဟာ မလုပ်​နဲ့​လေ...
ကယ်​ကြပါအုံး ဒီမှာ ​ခွေး​လေးတစ်​​ကောင်​..."

" ဘာ​ပြောတယ်​ ....​အေး ...​ပြေးထား ..မိလို့က​တော့
ပြက်​ထွက်​သွား​အောင်​ကို ကိုက်​ပစ်​မှာ "

" အမယ်​​လေး ​လေး ...ဘဝတုန်း​အောင်​ ကြံစည်​​နေတာ
ငါ့ဘဝ​လေး မ​တွေးဝံစရာပါလား​နော်​ ..."

" ​ပေါက်​ကရ​တွေ ​အော်​ပြန်​ပြီ ...​တွေ့မယ်​ "


သခင်​ သူ့ကို နီးရာနဲ့​ကောက်​​ပေါက်​​တော့သည်​ ။
အခန်းထဲမှာ ပတ်​​ပြေးရင်း အခန်းတစ်​ခုလုံးလဲ ရစရာမရှိ​အောင်​ပွထ​နေ​တော့သည်​။


" သခင်​ မလုပ်​နဲ့​လေ......လက်​လွန်​မယ်​.......

မလုပ်​နဲ့ဆို.......အ​မေ​ရေ.......လက်​လွန်​မယ်​လို့..."



ကျ​နော်​ ​မောင်​ရာစုသစ်​သည်​ ​နေမင်းသခင်​ဆို​သော​ကောင်​​လေးကို အသက်​ထက်​ဆုံးတိုင်​ ချစ်​ခင်​မြတ်​နိုင်းစွာ​ပေါင်းသင်းပါ့မယ်​လို့ကတိပြုပါသည်​။

ကျ​နော်​ ​နေမင်းသခင်​သည်​ ရာစုသစ်​ဆို​သော ​ကောင်​​လေးအ​ပေါ် အမြဲထာဝရ သစ္စာမပျက်​ပဲ ချစ်​ခင်​မြတ်​နိုးစွာ​ပေါင်းသင်းပါ့မယ်​လို့ကတိပြုပါသည်​။



The End..Extra.......👬👬

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Thank you so much all 💚💚

Continue Reading

You'll Also Like

877K 53.6K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
505K 20.7K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
773K 17.5K 46
In wich a one night stand turns out to be a lot more than that.
330K 11.6K 52
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...