Kim Taehyung...
ထူးဆန်းလိုက်တာ ..။
မချက်ကျွေးနိုင်တဲ့နေ့မျိုး ဆိုရင်တောင်
ဒါပေမယ့်လဲ Jeonသည်
သူဒီနေ့ဘယ်သွားမယ်
ပြန်ရောက်မယ်ဆိုတာမျိုးကို
နေ့တိုင်းရေးတတ်ပြီး
ဒါပေမယ့်ဒီနေ့တော့
ဘာစားစရာမှမတွေ့သလို
ဘာnoteမှလဲမတွေ့
သူဗိုက်ဆာလာလို့
ယုတ်စွာအဆုံး
သူခြံထဲဆင်းလာတော့
မဟုတ်လောက်ပါဘူးနော်
ဘာမှမဖြစ်ဘူးဆိုလဲ
ငါသွားကြည့်သင့်လား...
အတွးပေါင်းများစွာနဲ့
ခေါက်တုန့်ခေါက်ပြန်
Lockမချထားတာကြောင့်
Jeon Jungkook
သူအနားကပ်ကြည့်တော
ထိကြည့်တော့
ပူနေတာဘဲ...
Oh....God ဖျားနေတာဘဲ...
ရုတ်တရက်
သူဘာလုပ်ပေးရမလဲမသိ
ခေါင်းတွေ ထူပူလာသည်။
သူများကိုသြူပန်ဂရုမစိုက်ပေးတတ်သလို
ဘာမှလဲမလုပ်ပေးတတ်...
ချက်ချင်းမလာနိုင်
လုပ်ရတော့မှာဘဲ...
သူ့လက်လေးတွေတုန်နေတယ်သူသိတယ်။
မင်းလဲယောင်္ကျားဘဲ....
ဒါပေမယ့်
တောင့်တင်းသန်မာတဲ့
ရင်ဖက်ကြွက်သားတွေရယ်
ပြေလျော့သွားလေရဲ့
Jin Hyungရောက်လာတယ် ။
ပြန်သွားတယ်။
Jungkookဘေးနားမှာဘဲ
သူတွေးမိတယ်။
ငါ့စိတ်ထဲတစ်မျိုးဘဲ...
ဘေးနားမှာဝင်လှဲရင်း
အလုပ်တွေများနေလေရဲ့....။
Kim Taehyung...
သူအိပ်ယာနိုးတော့မနက်၉နာရီ
အင်း.....အစောကြီးနိုးနေတာဘဲ။
မနက်ပိုင်း ကျောင်းချိန်ရှိသောရက်တွေမှာ
သူစောစောထလေ့ရှိပေမယ့်
ခုလိုစနေ တနင်္ဂနွေ
အားလပ်ရက်မျိုးဆိုလျှင်တော့
သူထချင်တဲ့အချိန်မှသာ ထလေ့ရှိတယ်။
ရေချိုးသန့်စင်ပြီးအောက်ထပ်ဆင်းလာတော့
တစ်အိမ်လုံးက တိတ်ဆိတ်နေတယ်
Jeon Jungkook အပြင်ထွက်သွားတာလား
ထမင်းစားခန်းထဲရောက်တော့
စားပွဲပေါ်ဘာမှမရှိ...။
ရေခဲသေတ္တာကိုကြည့်တော့လဲ
နေ့တိုင်းတွေ့နေကျ sticky noteလေးမတွေ့
ထူးဆန်းလိုက်တာ ..။
ပုံမှန်အတိုင်းဆိုJeonဟာ
အရမ်းအလုပ်များပေမယ့်
သူနဲ့ပတ်သက်လာရင်တော့ဂရုစိုက်တတ်သူ..
အချိန်မလောက်လို့ မနက်စာ ညစာ
မချက်ကျွေးနိုင်တဲ့နေ့မျိုုး ဆိုရင်တောင်
သူ့အကြိုက်ဆုံး resturantက
သူကြိုက်တတ်တာလေးတွေကို
မှာပေးထားတတ်တဲ့သူမျိုး...။
Jeonက စောစောအလုပ်သွားတတ်သူမို့
မနက်ဖက်တွေဆို
သူနဲ့မဆုံတာဖြစ်တာများသည်။
ဒါပေမယ့်လဲ Jeonသည်
သူဒီနေ့ဘယ်သွားမယ်
ဘာလုပ်မယ် ဘယ်အချိန်လောက်
ပြန်ေရာက်မယ်ဆိုတာမျိုးကို
sticky note လေးတွေပေါ်မှာနေ့တိုင်း
ရေးတတ်ပြီး သူမြင်သာတဲ့နေရာမှာ
ကပ်ထားပေးလေ့ရှိတယ်။
ဒါပေမယ့်ဒီနေ့တော့
ဘာစားစရာမှမတွေ့သလို
ဘာnoteမှလဲမတွေ့ ..
သူဗိုက်ဆာလာလို့
တစ်ခုခုစားဖို့စဉ်းစားပေမယ့်
ခက်တာက သူဘာမှမလုပ်တတ်
ယုတ်စွာအဆုံးခေါက်ဆွဲပြုတ်တောင်
ဘယ်လိုပြုတ်ရလဲသူမသိ..
စိတ်ပျက်လက်ပျက် နဲ့အပြင်ထွက်စားဖို့
သူခြံထဲဆင်းလာတော့
Jeonကားကခြံထဲမှာရှိနေတုန်းပင်..
ဟင်...အိမ်မှာရှိနေတုန်းလား
အဲ့ဒါဆို သူ့အခန်းထဲမှာပေါ့...
အခန်းထဲတစ်ခုခုဖြစ်နေတာတော့
မဟုတ်လောက်ပါဘူးနော်
ဘာမှမဖြစ်ဘူးဆိုလဲ
ဘာလို့ခုချိန်ထိထွက်မလာရတာလဲ
ငါသွားကြည့်သင့်လား...????
အတွးပေါင်းများစွာနဲဲ့
ဧည့်ခန်းထဲမိနစ် ၂၀လောက်
ခေါက်တုန့်ခေါက်ပြန်
လမ်းလျောက်ပြီးတဲ့နောက်မှာတော့
Jungkook အခန်းတံခါးကို
သွားခေါက်ကြည့်ဖို့ သူဆုံးဖြတ်လိုက်တယ်။
တံခါးခေါက်ကြည့်ပေမယ့်
ဘာတုန့်ပြန်မှုမှမရှိ
Lockမချထားတာကြောင့်
အခန်းထဲအသာဖွင့်ပြီးသူဝင်လိုက်မိတယ်။
အခန်းအလည်က အိပ်ယာပေါ်မှာ
Jeon Jungkook ..
အသက်ရှုသံ ပြင်းပြင်းတွေနဲ့
တုန်ရင်နေတယ်။
သူအနားကပ်ကြည့်တော
တစ်ကိုယ်လုံးချွေးတွေ ရွဲနစ်လို့
ထိကြည့်တော့
အသားကလဲခြစ်ခြစ်တောက်အောင်
ပူနေတာဘဲ...
Oh....God ဖျားနေတာဘဲ...။
ရုတ်တရက် သူဘာလုပ်ပေးရမလဲဲမသိ
ခေါင်းတွေ ထူပူလာသည်။
သူ့တစ်သက်လုံးမှာ လူတွေရဲ့ယုယမှု
ဂရုစိုက်မှုတွေကိုသာ သူခံယူလာရတာ
သူများကိုသူပြန်ဂရုမစိုက်ပေးတတ်သလို
ဘာမှလဲမလုပ်ပေးတတ်...
ကြံရာမရတဲ့အဆုံး ဆရာဝန်တစ်ယောက်
ဖြစ်တဲ့အစ်ကိုဝမ်းကွဲKim Seokjinကို
ဖုန်းခေါ်တော့ ဂျူတီချိန်မပြီးသေးလို့
ချက်ချင်းမလာနိုင်..
သူမရောက်သေးခင် ရေဖတ်အရင်
တိုက်ထားပေးဖို့မှာပြီး ဖုန်းချသွားတယ်။
ရေပက်၀တ်ကိုကိုင်ရင်း ကုတင်ဘေးမှာ
သူအတော်ကြာ ထိုင်နေမိတယ် ။
Jungkookကတော့နာကျင်မှုကြောင့်
မျက်ခုံးတွေတွန့်ချိုးရင်း အိပ်ပျော်နေတယ်။
Shit.....မတတ်နိုင်ဘူးအခုချိန်မှတော့
လုပ်ရတော့မှာဘဲ...
Jungkookအင်္ကျီကြယ်သီးကိုဖြုတ်နေတဲ့
သူ့လက်လေးတွေတုန်နေတာ သူသိတယ်။
ဘာမှမဖြစ်နဲ့Kim Taehyung
မင်းလဲယောက်ျားဘဲ....။
ဒါပေမယ့်
အင်္ကျီစကွာကျသွားချိန်မှာပေါ်လာတဲ့
တောင့်တင်းသန်မာတဲ့
ရင်ဘက်ကြွက်သားတွေရယ်
six packအထပ်ထပ်နဲ့ဝမ်းဗိုက်ရယ်ကို
သူမြင်လိုက်ရတဲ့အချိ န်မှာတော့
သူ့မျက်နှာတစ်ခုလုံး ပူထူသွားတယ်။
မျက်နှာကို ခပ်လွဲလွဲထားရင်း
သူရေပတ်ခပ်ဖွဖွတိုက်ပေးနေမိတယ်။
အပူရှိန်နည်းနည်း ကျသွားလို့ထင်တယ်
တွန့်ချိုးထားတဲ့မျက်ခုံးတွေတော့
ပြေလျော့သွားလေရဲ့...
အဝတ်တွေလဲပေးပြီးချိန်ထိ
Jungkookမနိုးသေး..
သူကတော့တော်တော်ပင်ပန်းနေသလို
ကိုယ်လက်တွေပါနာနေပြီ
သူ့နှစ်ဆလောက်ရှိတဲ့Jungkookကို
အဝတ်လဲပေးရတာလွယ်တာမှတ်လို့..
နောက်တစ်နာရီလောက်ကြာတော့
Jin Hyungရောက်လာတယ် ။
ဆေးတစ်လုံးထိုးပေးပြီးနိုးလာရင်
သောက်ရမယ့်ဆေးတွေပေးရင်း
Jungkook ကိုသေချာအနားယူခိုင်းဖို့မှာပြီး
ပြန်သွားတယ်။
ဘာလုပ်ရမှန်းမသိတဲ့အတူတူ
Jungkookဘေးနားမှာဘဲ
သူထိုင်စောင့်နေမိတယ်...
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
မျက်နှာချောချောကိုကြည့်ရင်း
သူတွေးမိတယ်။
ငါကမင်းကို အရမ်းပြည့်စုံတဲ့
စက်ရုပ်လို့ဘဲ ထင်နေမိတာ jeon...
မင်းဖျားတာ နာကျင်တတ်တာကိုမြင်ရတာ
ငါ့စိတ်ထဲတစ်မျိုးဘဲ...။
နည်းနည်းကြာတော့ ငြိမ်ငြိမ်နေနေရတာရော
ပင်ပန်းတဲ့အရှိန်ကြောင့်ပါပေါင်းပြီး
သူ့မျက်လုံးတွေမှေးစင်းလာတယ်။
ဘေးနားမှာဝင်လှဲရင်း
သူတဖြေးဖြေး အိပ်ပျော်သွားတယ်။
သူ့အိမ်မက်ထဲမှာတော့ jeon jungkookက
အရင်အတိုင်းခံစားချက်မရှိတဲ့မျက်နှာသေနဲ့
အလုပ်တွေများနေလေရဲ့....။