Jeon Jungkook...
စီစဉ်ဖြစ်တယ်
အဓိကကတော့ ကျနော်ဘဲ
ကိုယ်ကမပါနိုင်။
Hyungကတော့ ဘာမှမပြော
ကျနော်ကိုယ်တိုင်ကလဲ
At Wedding day.......
အကျဉ်းချုပ်ပေမယ့်
ထင်မထားလောက်အောင်ကိုစည်ကားတယ်။
Wedding တတ်လာတဲ့
Kim Taehyungက
မျက်နှာလှလှလေးကို
ဘ၀မှာ ပထမဆုံးအကြိမ် ဆုတောင်းမိတယ်
ဆုတောင်းသံတွေ
ကျေနပ်အပြုံးတွေနဲ့
Hyung ommaကတော့
အိမ်ကိုပြန်တဲ့လမ်းတစ်လျောက်လုံး
ကားပေါ်မှာ hyungက
တိတ်တိတ်ဆိတ်ဆိတ်သာ
ထိုင်လိုက်လာတယ်။
လိုက်ကာတွေအဆုံး
အသုံးအဆောင်ပရိဘာဂတွေ အကုန်လုံးကို
ဖြေးဖြေးချင်း အသေးစိတ်ပြင်ဆင်ပေးထားတာ..
''ဒါhyungရဲ့အခန်း"
ခရမ်းရောင်လေးတွေ
hyungရဲ့အ၀တ်အစား
သူရွေ့ပေးထားပြီးပြီ ။
ဘေးကပ်ရပ်Bathroomထဲက
လက်ဆေးဆပ်ပြာရည်ကအစ
''မင်းကရော"
Hyungအရပ်က
သူကသာ သာမာန်ထက်ထွားကြိုင်းလွန်းနေတာ..
ဖြတ်ပြေးသွားသလိုဘဲ..
သူစိတ်ထင်တာလား
ဘာလို့လဲ???
တကယ်တော့ hyungကို
သူအနေမခက်စေချင်တာပါ။
hyungစိတ်အလိုမကျမှာကိုကြောက်တဲ့စိတ်က
ပိုအလေးသာနေတာ..
Hyungကိုမတွေ့
သူသိသလောက်hyungက
အပြင်မှာစားရင်တောင်
လုံးဝမစားချင်သူ
ဒါပေမယ့် ပြသနာမရှိ
သူကလဲ အချက်အပြုတ်ကို
Hyung Ommaက
သူလက်မခံခဲ့...
အာမခံခဲ့တယ်။
အိပ်ပျော်နေတဲ့hyung
တောင်းပန်ပါတယ်hyung
သူခပ်ဖွဖွလေးထိမိတယ်။
မနှိုးချင်ပေမယ့်
တအင်းအင်းတအဲအဲနဲ့လူးလဲထလာတယ်
ထမင်းစားခန်းရောက်တော့ ခုံဆွဲထိုင်ပြီး
''ဟင်....တော်ပြီလား....မကြိုက်လို့လား
ဘာထပ်လုပ်ပေးရမလဲ"
ရပ်လိုက်တာကြောင့်
သူစိတ်ပူသွားတယ်။
တကယ်တော့သူ့လက်ရာက
အတော်ကောင်းတဲ့အထဲမှာပါတယ်
''Arni...ဘာမှမဖြစ်ဘူးအဆင်ပြေတယ်
ငါသိပ်မစားနိုင်လို့"
အနည်းဆုံးတော့
ဘ၀မှာအကြီးမားဆုံး
Jeon Jungkook...
Hyungတောင်းဆိုတာကြောင့်
weddingကို အကျဉ်းချုံးလုပ်ရန်သာ
စီစဉ်ဖြစ်တယ် ... လက်စွပ်ရွေးတာ
၀တ်စုံချုပ်တာကအစ
ပန်းပြင်တာwedding cakeရွေးတာအဆုံး
ကျနော်နဲ့ hyung မိဘတွေဘဲစီစဉ်ဖြစ်တာ။
အဓိကကတော့ ကျနော်ဘဲ..
Arjushiကနေသိပ်မကောင်းတော့
စိတ်သွားပေမယ့်ကိုယ်ကမပါနိုင်။
Hyung ommaကလဲအမြဲအလုပ်ရှုပ်နေသူ..
ဒီတော့ကိစ္စအားလုံးက ကျနော့်တာဝန်သာ
Hyungကတော့ ဘာမှမပြော...
ကြိုက်သည်မကြိုက်သည် တစ်ခွန်းမှမဝေဖန်
သူ့ကိုလိုအပ်လို့ခေါ်ရင်တော့ လာပေးရှာတယ်။
အလုပ်တစ်ဖက် weddingကိစ္စတစ်ဖက်ဖြင့်
ဗျာများနေသော ကျနော့်အား
Arjushiရော သူ့Ommaပါအားနာနေပေမယ့်
သူကတော့ အားနာရမှန်းတောင် သိပုံမပေါ်။
ကျနော်ကိုယ်တိုင်ကလဲ
သူ့မျက်နှာမြင်နေရရင် ကျေနပ်နေသူဆိုတော့
ပင်ပန်းရမှန်းလဲ မသိတော့...
At Wedding day.......
ဘဝမှာအပျော်ဆုံးနေ့ပါဘဲ.....
ဘုရားကျောင်းသေးသေးလေးထဲမှာဘဲ
လုပ်ဖြစ်ခဲ့တဲ့ကျနော်တို့ရဲ့လက်ထပ်ပွဲဟာ
Hyungမိဘအသိုင်းအဝိုင်းကြောင့်
အကျဉ်းချုပ်ပေမယ့်
ထင်မထားေလာက်အောင်ကိုစည်ကားတယ်။
အဖြူရောင်၀တ်စုံနဲ့သူဟာ
တကယ့်ကို နတ်သားလေးလိုဘဲ..
Wedding တတ်လာတဲဲ့
လူအားလုံးရဲ့အကြည့်တွေကသူ့ဆီမှာသာ
တကယ်ကို လှရက်နိုင်လွန်းတယ်။
CEO Jeonက ကံကောင်းလိုက်တာ..
Kim Taehyungက
သေလောက်အောင်ကိုချောတာဘဲ...
မိဘတွေကလဲတကယ့်ဒိတ်ဒိတ်ကြဲတွေ
စတဲ့တိုးတိုးကြိတ်ကြိတ်စကားသံတွေ..
မနာလိုအားကျတဲ့အကြည့်တွေ..
ချီးကျူးဆုတောင်းစကားတွေ...
ကျနော်ဘာကိုမှအာရုံမစိုက်နိုင်ခဲ့ဘူး
ဒီတစ်သက် ဘာမှလည်း
ထပ်မလိုချင်တော့ပါဘူး...
မျက်နှာလှလှလေးကို
တစ်ချက်တစ်ချက် ခိုးကြည့်ရင်း
သူ့လက်ချောင်းလေးတွေကို
တင်းတင်းဆုပ်ကိုင်ရင်း
ဘဝမှာ ပထမဆုံးအကြိိမ်
ဆုတောင်းမိတယ် ဒါတွေ အားလုံး
အိမ်မက်မဖြစ်ပါစေနဲ့လို့ပေါ့။
ရှန်ပိန်ခွက်ချင်းတိုက်သံတွေ
ဆုတောင်းသံတွေ ..သီချင်းသံတွေနဲ့
ရယ်သံမောသံတွေကြားမှာ
လက်ထပ်ပွဲဟာပျော်ပျော်ရွင်ရွင်ဘဲ
ပြီးဆုံးသွားတယ်။
ဧည့်သည်တွေနဲ့မိဘတွေကိုနှုတ်ဆက်ပြီး
အိမ်ပြန်ခါနီးမှာ Kim Arjushiက
အခုတော့Appaဖြစ်ပြီပေါ့ဆိုတဲ့စကားနဲ့အတူ
ကျေနပ်အပြုံးတွေနဲ့
ကျနော့ကိုခပ်တင်းတင်းပွေ့ဖက်တယ်။
Hyung ommaကတော့
Taeကို့ သေချာရုစိုက်ပေးပါဆိုပြီး
မျက်ရည်စမ်းစမ်းနဲ့မှာရှာတယ်။
အိမ်ကိုပြန်တဲ့လမ်းတစ်ေလျာက်လုံးလဲ
ကားပေါ်မှာ hyungက
တိတ််တိတ်ဆိတ်ဆိတ်သာ
ထိုင်လိုက်လာတယ်။
ကျနော်တို့အိမ်အသစ်ကမြို့ပြင်မှာ
Hyung က ခြံဝန်းကျယ်ကျယ်နဲ့
တိတ်ဆိတ်တဲ့နေရာမှာနေချင်တယ်ဆိုလို့
သူ့Ommaကသေချာရှာဝယ်ပေးထားရတာ။
တကယ်တော့weddingမတိုင်ခင်ထဲက
ဒီအိမ်ကို ကျနော်ခဏခဏရောက်ဖြစ်တယ် ။
ခြံထဲကပန်းပင်လေးတွေအစ
လိုက်ကာတွေအဆုံး
အသုံးအေဆာင်ပရိဘာဂတွေ အကုန်လုံးကို
hyung အကြိုက်တွေဘဲဖြစ်စေချင်လို့
အချိန်ရတိုင်း ကျနော်ကိုယ်တိုင်လာပြီး
ဖြည်းဖြည်းချင်း
အသေးစိတ်ပြင်ဆင်ပေးထားတာ..
ခြံထဲကားရပ်ပြီး အိမ်ထဲဝင်တော့
သူအနောက်ကကပ်လိုက်လာတယ်
ပင်ပန်းပြီးစိတ်ရှုပ်နေတဲ့ရုပ်လေးနဲ့..
''ဒါhyungရဲ့အခန်း"
အိမ်အပေါ်ထပ်မှာရှိတဲ့
Master bedroomကိုဖွင့်လိုက်တော့
အထဲကအပြင်အဆင် အားလုံးက
ခရမ်းရောင်လေးတွေ ...
အခန်းနဲ့တွဲရပ် walk in closetထဲမှာလဲ
hyungရဲ့အဝတ်အစား
အသုံးအဆောင်တွေအားလုံးကို
သူရွေ့ပေးထားပြီးပြီ ။
ေဘးကပ်ရပ်Bathroomထဲက
လက်ဆေးဆပ်ပြာရည်ကအစ
ခေါင်းလျှော်ရည် လိုးရှင်းအားလုံးကလဲ
hyungသုံးနေကျ တံဆိပ်တွေသာ..
''မင်းကရော"
အံသြနေတဲ့မျက်နှာလေးနဲ့
သူ့ကို့မော့ကြည့်ရင်းမေးတယ်။
Hyungအရပ်က
သူ့ထက်ခေါင်းတစ်လုံးစာလောက်
ပိုနိမ့်တယ် ..။
တကယ်တော့Hyungကပုတာမဟုတ်ဘူး
သူကသာ သာမာန်ထက်
ထွားကျိုင်းလွန်းနေတာ..
''ဘေးကပ်ရပ်အခန်းမှာနေမှာ"
သူပြန်ဖြေတဲ့ စကားအဆုံးမှာ
hyungမျက်နှာပေါ်မှာ နာကျင်ရိပ်လေး
ဖြတ်ပြေးသွားသလိုဘဲ..
သူစိတ်ထင်တာလား
ဘာလို့လဲ???
တကယ်တော့ hyungကို
သူအနေမခက်စေချင်တာပါ။
ဘယ်လိုဘဲလက်ထက်ထားတယ်ပြောပြော
သူနဲ့hyungကရင်းနှီးမှုမရှိတဲ့
သူစိမ်းတွေဘဲလေ
အခုချိန်မှာhyungကိုပိုင်ဆိုင်ချင်တဲ့စိတ်ထက်
hyungစိတ်အလိုမကျမှာက်ိုကြောက်တဲ့စိတ်က
ပိုအလေးသာနေတာ..
သူရေချိုးပြီးအောက်ဆင်းလာတော့
Hyungကိိုမတွေ့
သူ့အခန်းထဲမှာဘဲထင်တယ်
ညစာချက်ပြီးတော့မှဘဲသွားခေါ်တော့မယ်။
သူသိသလောက်hyungက
အိမ်ထမင်းဟင်းကိုဘဲကြိုက်တယ်
အပြင်မှာစားရင်တောင်
သူစားနေကျဆိုင်မှမဟုတ်ရင်
လုံးဝမစားချင်သူ
အရမ်းဂျီးများပြီးအစားရွေးတဲ့သူ။
ဒါပေမယ့် ပြသနာမရှိ
သူကလဲ အချက်အပြုတ်ကို
ကျွမ်းကျွမ်းကျင်ကျင်ချက်နိုင်သူဘဲလေ။
Hyung Ommaက
သူတို့နှစ်ယောက်အဆင်မပြေမှာစိုးလို့
အိမ်ထိန်းတစ်ယောက်လွတ်ပေးမယ်ဆိုပေ
မယ့်သူလက်မခံခဲ့...သူကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပါမယ်လို့သာအာမခံခဲ့တယ်။
သူတစ်ယောက်ထဲနေစဉ်ကတည်းက
အိမ်သန့်ရှင်းရေး အချက်အပြုတ် အားလုံး
သူကိုယ်တိုင်ဘဲလုပ်ခဲ့တာ
အခုhyungနဲ့နေတော့ သူအားလုံးလုပ်ရလဲ
ထူးပြီးပင်ပန်းတာမျိုးမှ မဟုတ်တာ။
ညနေစာ ချက်ပြုတ်ပြင်ဆင်ပြီးချိန်မှာ
သူhyungအခန်းကို တံခါးသွားခေါက်တော့
ဘာသံမှပြန်မကြား တံခါးလဲlockမချထားလို့
သူ အသာယာဖွင့်ပြီးဝင်လာလိုက်တယ်။
ကုတင်ပေါ်မှာ ကွေးကွေးလေး
အိပ်ပျော်နေတဲ့hyung
ပါးမှာလဲမျက်ရည်စီးချောင်းနဲ့..
တောင်းပန်ပါတယ်hyung
ကျနော့်ကြောင့် ကျနော်အတ္တကြီးမိလို့
စိတ်ထဲရေရွတ်ရင်း ပါးပြင်နုနုကို
သူခပ်ဖွဖွလေးထိမိတယ်။
မနှိုးချင်ပေမယ့်
ညနေဘက်ကြီးအိပ်ရင်ဖျားမှာစိုးလို့
သူအသာအယာလှုပ်နိုးလိုက်တယ်။
"Hyung...ဒီအချိန်ကြီးမအိပ်နဲ့တော့လေ
ညစာစားပြီးမှပြန်အိပ်နော်"
တအင်းအင်းလတအဲအဲနဲ့လူးလဲထလာတယ်
ဆံပင်လေးတွေကရှုပ်ပွပြီး
မျက်လုံးကသိပ်မပွင့်ချင်ဘူး
ထမင်းစားခန်းကိုသူချီခေါ်သွားချင်ပေမယ့်
မလုပ်ရဲတာကြောင့် စိတ်မနဲထိန်းပြီး
သူအရင်ဆင်းခဲ့လိုက်တယ်။
Hyungကတော့ အိပ်ချင်မူးတူးနဲ့
အနောက်ကလိုက်ဆင်းလာတယ်။
ထမင်းစားခန်းေရာက်တော့ ခုံဆွဲထိုင်ပြီး
သူချက်ထားသမျှကိုဘာမှ မပြောဘဲ
အေးအေးဆေးဆေးစားနေလေရဲ့..
''ဟင်....ေတာ်ပြီလား....မကြိုက်လို့လား
ဘာထပ်လုပ်ပေးရမလဲ"
တို့ခနန်းဆိတ်ခနန်းသာ စားပြီး
ရပ်လိုက်တာကြောင့်သူစိတ်ပူသွားတယ်။
တကယ်တော့သူ့လက်ရာက
အတော်ကောင်းတဲ့အထဲဲမှာပါတယ်
အဲ့ဒါကြောင့်ဘဲ Chefခေါ်မယ့်အစား
သူကိုယ်တိုင်ဘဲချက်ကျွေးချင်တာ...
Chefခေါ်လည်း ဂျီးများတဲ့ hyungက
အကြိုက်တွေ့ဖို့မသေချာဘူး
ဒါပေမယ့်Hyungမကြိုက်တာလား
သူချက်ကျွေးတာကိုမစားချင်တာလား.....
''Arni...ဘာမှမဖြစ်ဘူးအဆင်ေပြတယ်
ငါသိပ်မစားနိုင်လို့"
သူ့မျက်နှာကိုတောင်မကြည့်ဘဲ ဖြေပြီး
ချာကနဲ လှည့်ထွက်သွားပေမယ့်
သူကတော့ အပျော်လွန်ပြီးကျန်ခဲ့တယ်။
အနည်းဆုံးတော့
သူချက်ပြုတ်ကျွေးတာကိုhyungစားတယ်လေ
ခါးခါးသီးသီးမငြင်းဘူးမဟုတ်လား။
Hyung သူ့ကို မရှိသလိုမမြင်သလို
ဥပက္ခာပြုထားတာလဲ သူပျော်ပါတယ်။
ဒီထက်ပိုပြီးလဲ သူလောဘမကြီးချင်တော့ဘူး
ချစ်သူမျက်နှာ နေ့တိုင်းမြင်နေရမှာကိုက
ဘဝမှာအကြီးမားဆုံး
ကံကောင်းချင်းတစ်မျိုးဘဲလေ။