brokeback mountain

By YinChanmyae

27.6K 2.2K 106

brokeback moumtain ရုပ်ရှင်ဟာ 2005 ခုနှစ် ဆု ၈ ဆုရခဲ့ပါတယ်.. ပထမဆုံး လူကြိုက်အများဆုံး Gay ရုပ်ရှင်ပါ.. ကိုယ်... More

မိတ်ဆက်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုငိး 7
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ ဇာတ်သိမ်း

အပိုင်း ၈

1.3K 138 3
By YinChanmyae

ချောက်.... ချောက်...


Anna .. သူယောင်္ကျားကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေသည်

Ennis တစ်ယောက် မနက်မိုးလင်းထဲ ကားလမ်းကို မြင်ရတဲ့ ပြတင်းပေါက်နားမှာထိုင်ကာ တစ်ချိန်လုံး လမ်းမကို စူးစိုက်ကြည့်နေသည်... စိတ်လှုပ်ရှားကာ တစ်ချိန်လုံး လှူပ်လှုပ်ရွရွ နဲ့ ... ဘီယာကို မော့ သောက်ကာ စိတ်လှုပ်ရှားနေတာကို ငြိမ်အောင် ကြိုးစားနေသည်







ဒါလေး ကုန်အောင်စား Jennie ပြီးရင် Mommy ဆော့ခိုင်းမယ်... Anna ထမင်းစားခန်းထဲမှာ Jennie လေးကို အစားချော့ကျွေးနေသည်








Jack fucking twist !!

















Anna ... ဒါ Jack Twist ..


Jack ဒါ Anna .. ငါ့မိန်းမ ...















-----------------------//------------------

Motel တစ်ခု အတွင်းမှာ











--------------------------//----------------




















---------------------------------//-----------------------


ရေးးးဟေးးး















အဲဒါ က မဖြစ်ဘူးလေ.. မင်းသိပါတယ်.. ဒါက နည်းလမ်းကောင်း မဟုတ်ဘူးဆိုတာ မင်းသိတယ်... မင်း မှာ မိန်းမ ရှိတယ် ကလေးလည်း ရှိတယ်.. မင်းဘဝက Texas မှာ အခြေကျနေပြီ.. ငါလည်း ဒီ Riverton မှာ ငါဘဝ နဲ့ ငါ.. အခြေကျနေပြီ... Ennis Jack ကိုပြောလိုက်သည်













------------------------------//-------------------
Unicode

ချောက်.... ချောက်...

Ennis လမ်းမကို စိုက်ကြည့်နေရင်း လက်ကလည်း မီးခြစ်ကို ဖွင့်လိုက် ပိတ်လိုက်နှင့် ဆော့နေသည်

Anna .. သူယောင်္ကျားကို ကြည့်ကာ နားမလည်နိူင်ဖြစ်နေသည်

Ennis တစ်ယောက် မနက်မိုးလင်းထဲ ကားလမ်းကို မြင်ရတဲ့ ပြတင်းပေါက်နားမှာထိူင်ကာ တစ်ချိန်လုံး လမ်းမကို စူးစိုက်ကြည့်နေသည်... စိတ်လှုပ်ရှားကာ တစ်ချိန်လုံး လှူပ်လှုပ်ရွရွ နဲ့ ... ဘီယာကို မော့ သောက်ကာ စိတ်လှုပ်ရှားနေတာကို ငြိမ်အောင် ကြိုးစားနေသည်

Ennis ကတော့ ကိုယ်ဘာကိုယ် သတိမထားမိပေမယ့် သူရဲ့ ပုံမှန် မဟုတ်တဲ့ အပြုအမူတွေကြောင့် Anna က သူ့ယောင်္ကျား အရမ်းကို စိတ်လှုပ်ရှားနေမှန်း သိနေသည်

ကလေးထိန်းငှါးရင် ကောင်းမလား.... Anna ဘီယာကုန်လို့ နောက်ထပ်သွားယူဖို့ မီးဖိုခန်း ဝင်သွားတဲ့ Ennis ကို လှမ်းမေးလိုက်သည်

အွန်..ဟွန်..Ennis ဘီယာအသစ် ကို ဖောက်ကာ မော့လိုက်သည်

ရှင့်သူငယ်ချင်းကို ဘယ်ကို ခေါ်သွားပြီး ကျွေးမှာလဲ... Knife and fork လား... Anna မေးလိုက်သည်

ဟင့်အင်း .. Jack က စားသောက်ဆိုင်မှာ စားတတ်တဲ့ လူစား မဟုတ်ဘူး အသောက်သမား အပြင်မှာ သောက်ဖြစ်ဖို့များတယ်... Ennis ဆေးလိပ်ကို မီးညှိကာ သောက်ရင်း ပြန်ဖြေလိုက်သည်

နေ့လည်တောင် ကျော်လို့ ညစာ စားချိန် ရောက်လာခဲ့ပြီ

ဒါလေး ကုန်အောင်စား Jennie ပြီးရင် Mommy ဆော့ခိူင်းမယ်... Anna ထမင်းစားခန်းထဲမှာ Jennie လေးကို အစားချော့ကျွေးနေသည်

Ennis ကတော့ စောင့်ရင်း သောက်ရင်း နဲ့ မူးကာ ဧည့်ခန်း ဆိုဖာပေါ် အိပ်ပျော်နေသည် ... ရှေ့မှာလည်း beer ပုလင်း အလွတ်တွေ အများကြီး....အိပ်ချင်တာတောင် အခန်းထဲ မသွားနိုင်အောင် ပဲ ဆိုဖာပေါ်မှာ သာ အိပ်နေသည်

တော်လိုက်တာ... သမီးက ကောင်းကောင်းစားသားပဲ.. Anna Jennie လေးကို ချီးကျူးပြီး ပန်းကန်တွေ သိမ်းဖို့လုပ်လိုက်သည်

အိမ်ရှေ့မှာ ကားသံကြားသည်

အင်ဟင်.. Ennis ကုန်းရုန်းထကာ ပြတင်းပေါက်ကို ပြေးကြည့်သည်

ကားသံကြားတာနဲ့ ချက်ချင်း ပြတင်းပေါက် ပြေးကြည့်တဲ့ ယောင်္ကျားကို Anna လှမ်းကြည့်လိုက်သည်

အကောင်းစား pick up ကား နို့နှစ်ရောင် နဲ့ အနီရောင် စပ်ဖထားတဲ့ ကားပေါ်က ဆင်းလာတဲ့ Jack ...

Ennis ဝမ်းသာအားရ အိမ်တံခါး ပြေးဖွင့်ပြီး လှေကား ထိပ်ကနေ လှမ်းအော်လိုက်သည်

Jack fucking twist !!

လှေကားက နေ အမြန်ပြေးဆင်းလာတဲ့ Ennis ကို Jack ဆီးကာ ဖက်လိုက်သည်

son of bitch ... ခပ်တိုးတ်ုး ဆဲရင်း Jack လွတ်ထွက်သွားမှာ စိုးသည့်အလား ခပ်တင်းတင်း ဖက်ထားမိသည်

Ennis Jack ကို အတင်းပြန်ဖက်ထားသည်

Ennis Jack ကို လူခြင်းတွန်းကာ ခွါလိုက်သည်

ဟိုတုန်းကအတိုင်း Jack က Ennis ရဲ့ အင်းကျီ ကော်လံ ပြန်ဆွဲထားသည်

Ennis ဘေးဘီဝဲယာ ကြည့်လိုက်သည် ပြီးတော့ Jack ရဲ့ အင်းကျီ ကော်လံတွေ ပြန်ဆုပ်ကိုင်ကာ အိမ်ရှေ့ အကွယ်လှေကား နေရာ ကို ဆွဲခေါ်လိုက်သည်

Jack ကို နံရံဘက်တွန်း Ennis ထိန်းချုပ်သမျှ လွတ်လိုက်ကာ အငမ်းမရ Jack ရဲ့ နှုတ်ခမ်းတွေ ကို နမ်းလိုက်သည် Jack ကာ ပြန်လည် နမ်းသည် နှစ်ယောက်သား အနမ်းတွေ နက် သထက် နက်ရှိုင်းလာသည်

Anna ညစာစား ထားတဲ့ ပန်းကန်တွေဆေးလိုက်သည်ပြီးတော့ Jack အသည်းအသန်ဆင်းသွားလို့ ပိတ်ဖို့မေ့ကျန်ခဲ့တဲ့ အိမ်တံခါးကို ပိတ်ဖို့အတွက် အပြင်က မှန်တံခါးကို ဆွဲလိုက်သည်

Anna အသံထွက်ကာ အာမေထိတ် ပြုဖို့တောင် သတိမရနိုင်... ဆွံ့အသွားသည်... Ennis က ယောင်္ကျားတစ်ယောက်ကို တရှိုက်မက်မက် နမ်းနေတယိ...



နမ်းနေတာများ.. ဘယ်လောက်တောင် လွမ်းနေလဲ မေးစရာမလိုအောင်...

Anna မြင်နေရတာကို ပျောက်လို ပျောက်သွား ငြား တံခါးတွေ ဆွဲပိတ်ကာ ဧည့်ခန်းကို ထွက်လာမိသည်

Jack အားရအောင် နမ်း ပြီးမှ အိမ်ပေါ်ကို Jack ကို ဆွဲခေါ်ခဲ့သည်

Anna စားပွဲနား မတ်တပ်ရပ်ရင်း စိတ်နဲ့ လူနဲ့ မကပ်.......သူမျက်စိကိုတောင် သူ မယုံနိုင် Ennis က အဲလို လူမျူ်း မဟုတ်ပါဘူး.. သူမြင်လိုက်ရတာ တကယ်ရော ဟုတ်လို့လား ...

လှေကားက ခြေသံကြား၍ Anna အနားရှိတဲ့ အိတ်ကို လွယ်ကာ အဝင်တံခါးဘက် မျက်နှာမူလိုက်သည်

Anna ... ဒါ Jack Twist ..

Hello ... Anna Jack ကို ရွံရှာသလို စိုက်ကြည့်လိုက်သည်

Jack ဒါ Anna .. ငါ့မိန်းမ ...

ကလေးလည်း ရှိတာပဲ... Jack အခန်းထဲမှာဆော့ နေတဲ့ Jennie အသံကို ကြားကာ ပြောလိုက်သည်

သမီးလေး ၂ ယောက် ရှိတယ် ...  Ennis ပြန်ပြောသည်

ဟုတ်လား... ငါ့မှာ သားလေး...၈ လရှိပြီ မျက်နှာက တော်တော်ချိုတယ်.. Jack Anna ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်

ဟုတ်လား.. Ennis မလုံမလဲ ပြုံးရင်း Anna ကို ကြည့်သည်

ဟုတ်တယ် Childress မှာ အလှဆုံး မိန်းခလေး နဲ့ လပ်ထပ်ခဲ့တာ.. နံမည်က Lureen တဲ့ ... Jack Ennis ကိုပြောလိုက်သည်

ဟုတ်လား... arr... Anna .. Jack ကို အပြင်မှာ လိုက်တိုက်လိုက်ဦးမယ်... ည ပြန်မလာဖြစ်လောက်ဘူး ..ဖြစ်လား... Ennis မျက်နှာ အချိုဆုံး နဲ့ Anna ကို ပြောလိုက်သည်

yeahhhh.... Anna ယောင်ယမ်းကာ ခေါင်းညိမ့်လိုက်သည်

တွေ့ရတာ ဝမ်းသာပါတယိ မဒမ်... Jack Anna အကြည့်တွေကို ရင်မဆိုင်နိုင်သလို တစ်ချက်ကြည့်ကာ ပြောပြီး ခေါင်းငုံထားသည်

Ennis က ကတော့ လိုချင်တာ ရတဲ့ ကလေးလို ရွှင်မြူးကာ ကုတ်အငိးကျီ ကို ဆွဲယူရင်း အပြင်သွားဖို့ Jack ကို တွန်းလိုက်သည်

ကိုယ်နဲ့ Jack နဲ့ အပြင်သွားသောက်လိုက်ဦးမယ်.. ပြောစရာတွေက များလွန်းလို့ ဒီ ည ဘယ်လို မှ ပြန်မလာနိုင်ဘူး... ပြောပြီး Ennis လှေကားကနေ ပြေးဆင်းသွားသည်

Ennis ... ကျွန်မကို စီးကရက်  တစ်ဗူးလောက်.. ဝယ်မပေးသွားနိုင်ဘူး.လား... Anna Ennis အနောက်လိုက်ကာ ပြောလိုက်သည်

မင်း စီးကရက် သောက်ချင်ရင် ငါ့ အပြာရောင် အင်းကျီ အပေါ် အိတ်ထဲမှာရှိတယ် ယူလို့ ရတယိ....

Anna ဝေးသွားတဲ့ ကားသံကို နားထောင်နေရင်း အသက်မဲ့သွားသလို ခံစားရတယ်...

Ennis ရယ် ကျွန်မတို့ ၁၇ နှစ် အရွယ်ထဲက ချစ်သူဖြစ်ခဲ့ကြတာပါ.....

-----------------------//------------------

Motel တစ်ခု အတွင်းမှာ

အဝတ်အစားမဲ့နေတဲ့ ယောင်္ကျား နှစ်ယောက်... ကုတင်ပေါ်မှာ တစ်ဦးကိုတစ်ဦး မှီထားရင်း ဆေးလိပ်သောက်နေသည်

4 နှစ်တောင်..... Jack သူ့ရင်ဘတ် နဲ့ ပုခုံးကို မှီကာ လှဲနေတဲ့ Ennis ရဲ့ ခေါင်းကို ပွေ့ဖက်ထားရင်း ဆံပင်ကို တစ်ချက် နမ်းလိုက်သည်

ဟုတ်တယ်.... 4 နှစ်တောင်... မင်းဆီက အခုလို ဆက်သွယ်လာမယ်လို့ ငါ တစ်ခါမှ မစဉ်းစားမိဘူး....ငါ မင်းကို လက်သီးနဲ့ထိုးလိုက်တာ မင်းတော်တော် နာသွားတော့ .. မင်းစိတ်နာသွားပြီလို့ ငါ ထင်နေတာ.... Ennis Jack ကိုမှီထားရင်း ဆေးလိပ်ကို လည်း တစ်ချက်ဖွါလိုက်သည်

နောက်တစ်နှစ် နွေမှာ ငါ brokeback ကို ကားမောင်းပြီး သွားသေးတယ်.. ပြီးတော့ အဘိုးကြီး ဆီက အလုပ်တောင်းသေးတယ်... သူက မင်းမလာဘူးပြောတော့ ငါလည်း ပြန်လာခဲ့တယ်.... Taxes ဘက်ကို ထွက်လာပြီး နွားရိုင်းစီးတဲ့ဘက်မှာ စိတ်နှစ်ထားတယ် အဲဒီမှာ ငါ Lureen နဲ့တွေ့တာ...ငါ တစ်နှစ်လုံးမှ ဒေါ်လာ ၂၀၀၀ ပဲ ဝင်ငွေရှိတာ... မသေရုံတမယ် ပဲ စားသောက်နေရတယ်... Lureen ရဲ့ အဖေက လယ်ယာသုံး စက်တွေ ရောင်းတယ်.. အဘိုးကြီးက တော်တော်လေး အလုပ်ဖြစ်နေတာ....ငါကိုတော့ အထင်မကြီး ပါဘူး.. နွားရိုင်းစီးတဲ့ကောင် ဆ်ူပြီး အရေးမလုပ်ဘူး... ငါကို အစွမ်းအစ မရှိဘူး ထင်နေတာ....

Hmmm... စစ်ထဲ လိုက်မသွားဘူးလား.... Ennis Jack စစ်ထဲလိုက်သွားလိမ့်လို့ ထင်နေခဲ့တာ....

ဟင့်အင်း... ငါ မသွားဖြစ်ဘူး... နွားရိုင်းစီးတာကလည်း Daddy တို့ခေတ်လို မကောင်းတော့ပါဘူးကွာ.. ကြာရင် ဒုက္ခတိဖြစ်သွားနိုင်လို့ ငါ လမ်းလျောက်နိုင်တုန်း အဲဒီ အလုပ်ကို ရပ်ပစ်လိုက်ရတယ်...ကျိန်ဆ်ု ကျိန်ရဲပါတယ်... မင်း နဲ့ ထပ်ပြီး ပတ်သတ်မိမယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး...ငါ ဒီကို မြန်မြန်ရောက်ချင်လို့ လမ်းမှာ မီးနီတွေ အကုန် ဖြတ်မောင်းခဲ့တယ်.. အဲလောက် မြန်မြန်မောင်း နေတာတောင် နှေးနေတယ် ထင်နေတာ... ငါ မင်းကို အဲလောက် တောင် တွေ့ချင်နေခဲ့တာ...မင်းရော..ဘယ်လိုလဲ... Jack Ennis ရဲ့ ဆံပင်တွေ အထပ်ထပ်နမ်းကာ ပြောလိုက်သည်

ငါလား ??? မသိဘူး... Ennis ဆေးလိပ်ကို ရှိုက်ဖွါရင်း ပြောလိုက်သည်

ငါတို့ ကို Old Brokeback ကြီးက အကောင်းတွေ ပေးခဲ့ပါတယ်.. ဟုတ်တယ် မဟုတ်လား.. အခု ငါတို့ ဘာဆက်လုပ်ကြမလဲ.... Jack Ennis ကို မေးလိုက်သည်

ငါထင်တာ ငါတို့ ဘာမှ ဆက်လုပ်လို့ မရဘူးလေ... ငါက ဒီနေရာမှာ ပိတ်မိနေပြီ ငါမှာ တစ်ချိန်လုံး စားဝတ်နေရေးအတွက် လုံးပမ်းနေရတယ်... Ennis  သူပင်ပန်းစွာရပ်တည်နေရတာကို ပြောပြမိသည်

Jack Ennis မျက်နှာကို မမြင်ရပေမယ့် ရင်ထဲကို မြင်ရသလို စိုက်ကြည့်နေမိသည်

--------------------------//----------------

Anna တစ်ညလုံး အိပ်မပျော် တစ်ညလုံး ငုတ်တုတ်ထိုငိကာ ငိုနေခဲ့မိသည်.. တစ်ရက်ထဲနဲ့ သူရင်တစ်ခုလုံး ကြေမွသွားသည်

Anna ထမင်းစား စားပွဲမှာ black coffee တစ်ခွက် ဖျော်ထားပြီး မသောက်ရသေး ... စားပွဲမှာထိုင်ရင်း ခေါင်းထဲ Ennis အကြောင်းတွေ ရောက်လာရင် မျက်ရည်က အလိုလိုကျလာသည်

ကားသံကြားတော့ Anna ကော်ဖီ ခွက် ကောက်ကိုငိကာ အိမ်တံခါးကို ကြည့်လိုက်သည်

Hey.. ကိုယ် နဲ့ Jack .. တောင်ပေါ်မှာ ငါးသွားမျှားမလို့ .. တစိရက် နှစိရက် လောက်ကြာမယ်.... ရမလား...Ennis Anna ကို ပါးစပ်ကသာ ခွင့်တောင်းသလို ပြောလိုက်ပေမယ့် ကိုယ်တိုင်ကတော့ အိတ်ယူကာ အဝတ်တွေ ထည့်နေသည်

ရှင့် သူငယ်ချင်း ကို အိမ်ထဲဖိတ်ပါဦး ကော်ဖီ တစ်ခွက် လောက် သောက်ရအောင်လို့.... Anna Ennis အနောက်ကနေလိုက်ရင်း ပြောလိုက်သည်

သူက Texas က လာတာလေ... Ennis သွားတိုက်တံတွေ သွားတိုကိဆေးတွေ ယူရင်းပြောလိုက်သည်

ဘာလို့လဲ... Texas က လူတွေက ကော်ဖီမသောက်ဘူးလား... Anna ပစ္စည်းတွေ အသည်းအသန်ထည့်နေတဲ့  Ennis ကို စိတ်တိုလာကာ မေးလိုက်သည် Ennis ဆီ က စကားသံပြန်မကြားရ...

ရှင် အလုပ်ကရော.. ခွင့်ယူလို့ရလို့လား... ရှင်ရဲ့ foreman က အလုပ်မဖြုတ်တာ သေချာရဲ့လား... အမြဲတမ်း အလုပ်က ခွင့်မရဘူး ပြောလေ့ရှိတာကို Anna သတိရသွားပြီး Ennis ကိုမေးလိုက်သည်

အာာ... အဲဒီ foreman က ကိုယ့်ကို အလုပ်ကြွေး ရှိတယ်လေ.. မင်း သိပါတယ်...ပြီးခဲ့တဲ့ ခရစ်စမတ်မှာ ပိတ်ရက်မယူပဲ ကိုယ်အလုပ်ဆင်းထားတာလေ.. မှတ်မိလား.. အဲဒီအစား ပေါ့... နောက်ပြီး တစ်ရက် နှစ်ရက်ပဲဟာ.. ဘာမှ ပြသနာ မရှိပါဘူး... Ennis Anna ကို ပြောလိုက်သည်

Daddy !!! ငါးအကြီးကြီး ဖမ်းခဲ့နော်.. အကြီးကြီး... Jr Anna လေးက Ennis ဆီပြေးလာပြောသည်

Ennis jr.Anna လေးကို ပွေ့ချီကာ နမ်းလိုက်ပြီး Anna ဆီ ပေးလိုက်သည်

လာ သမီး.. Mommy ဆီလာ... Anna Jr လေးကို လှမ်းယူပြီး ဖက်ထားမိသည်

လာပါဦး... Ennis jr လေးကို ပါးကို နမ်းလိုက်သည်.. ပြီးတော့ Anna ကို ပြုံးပြပြီး အနမ်းနဲ့ နှုတ်ဆက်လိုက်သည်

ကိုယ်တွေ့ sunday ပြန်တွေ့ကြမယ်.. အနောက်ကျဆုံး sunday ပေါ့... Ennis Anna ကို ပြောပြီး အိမ်ပေါ်ကနေ ပြေးဆင်းသွားသည်

Anna Ennis ရဲ့ ကျောပြင်ကို ငေးကြည့်နေရာကနေ အိမ်ရှေ့ကို မြင်ရ ပြတင်းပေါက်ဆီလျောက်ကာ Ennis နဲ့ Jack ကို ကြည့်လိုက်သည် Jack က ကားကိုမှီကာ ဆေးလိပ်သောက်ရင်း Ennis ကို စောင့်နေသည်

Ennis ကားအနောက်ခနိးမှာ ပစ္စည်းတွေ တင်လိုက်သည်
Jack က ကားတံခါးဖွင့်ကာ မောင်းသူနေရာ ဝင်ထိုင်လိုက်သည်

ဗိုကိဆာနေပြီကွာ... Ennis Jack ကိုပြောရင်း ကားထဲဝယ်ထိုင်လိုက်သည်

စားဖို့ တစ်နေရာရာ ကို သွားကြမလား... Jack က Ennis ကို ပြောရင်း ကားမောင်းထွက်လိုက်သည်

တဖြည်းဖြည်းဝေးသွားတဲ့ ကားကို ကြည့်ရင်း Anna ငိုမိသည်  ချီထားတဲ့ Jr လေးကိုသာ တင်းတင်းဖက်ထားရင်း အသံမထွက်အောင် ကြိတ်ငိုနေမိသည်

---------------------------------//-----------------------

ကွေ့ကောက်နေတဲ့ ကားလမ်းမထက်မှာ အဖြူ နဲ့ အနီ စပ်ထားတဲ့ အကောင်းစား pick up ကားလေးဟာ Brokeback တောင်တန်းတွေ ဆီ တရှိန်ထိုး ပြေးနေသည်

ရေးးးဟေးးး

အဝတ်ဗလာ နဲ့ လူနှစ်ယောက် ချောက်ကမ်းပါးကနေ ရေထဲခုန်ချကာ ပျော်ရွှင်မြူးတူးနေကျသည်

တစ်နေကုန် ပျော်ပါးပြီး ညနေ မြစိကမ်းဘေးမှာ ရွက်ဖျင်တဲထိုး မီးဖိုကာ အနားယူနေကျသည်

Ennis ဟာ အေးအေးသက်သာ လှဲလျောင်းရင်း  ကောင်းကင်ကို ပြုံးကာ အတန်ကြာ မော့ကြည့်နေသည်

မိုးပေါ်မှာ စိတ်ဝင်စား စရာ ရှိလို့လား ... Jack Ennis ကိုမေးလိုက်သည်

အင်းးး .. ငါ ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း ပြောနေတာ.. Ennis Jack ကို ပြန်ဖြေလိုက်သည်

ဘာအတွက်လဲ.... Jack ပြန်မေးလိုက်သည်

မင်းရဲ့ ဘာဂျာ မပါလာတဲ့ အတွက်လေ...Ennis မရယ်မိအောင်ထိန်း ရင်း ဖြေလိုက်သည်

အဟားးဟားးး .. Jack မထိန်းနိုင်ပဲ ခပ်တိုးတိုးရယ်မိသည်

ဟုတ်တယ်လေ... အဲဒါကြောင့် အခုလို တိတ်ဆိတ်အေးချမ်းမှုကို ခံစားလို့ရတာ.... Ennis မနေနိုင်စွာ ပြုံးရယ်မိရင်း ဖြေလိုက်သည်

ငါတ်ု့... ဒီအတိုင်းပဲ... ဒီအတိုင်းပဲ အမြဲနေလို့ မရဘူးဆိုတာ မင်းသိတယ်နော်... Jack ကတော့ မရယ်မပြုံးပဲ သူရဲ့ ဦးထုတ်က ကြိုးမှာ တစ်ခုခုထူးခြားတာ ရှိနေသလိုမျိုး ရှာကြည့်ရင်း Ennis ကို ပြောလိုက်သည်

အင်းးးးးးးး မင်း ဘယ်လိုစဉ်းစားထားလို့လဲ... Ennis Jack ကို လှမ်းကြည့်ကာ မေးလိုက်သည်

ငါ နဲ့ မင်း နဲ့ တစ်နေရာရာ မှာ စိုက်ပျိုးရေး ခြံ လေး လောက် ဝယ် နွားမွေးမြူရေးလုပ်ပြီး အေးအေးဆေးဆေး နေကြမလားလို့... ငါတို့ ပျော်ပျော်ရွှင်ရွှင် နေကြမယ်.. ငါတို့ဘဝ ပျော်စရာကောင်းမှာ.. နောက် Lureen အဖေက ငါကို သူ့သမီးဆီက ထွက်သွားမယ်ဆ်ု ငါ တောင်းသလောက် ပေးမယ်တဲ့... ဘယ်လောက်ဖြစ်ဖြစ်တဲ့ နည်းတယ် များတယ် မသတ်မှတ်ဘူး ပေးမယ် လို့ ပြောဖူးတယ်... Jack နောက်ဆုံး စကားတွေကို ရွတ်သလို နောက်သလို ရယ်ကျဲကျဲ လုပ်ကာ လေသံပြောင်းရင်း Ennis ကို ကြည့်ပြီးပြောလိုက်သည်

Jack ရင်ထဲရှိတာ ပြောပြလိုက်ပေမယ့် Ennis ကို အတည်လို့ သူရင်ထဲ တကယ်ဆန္ဒပါလို့ မပြောရဲဘူး.. ငြင်းလိုက်ရင်... ငြင်းလိုက်ရင် Jack ရဲ့ ယောင်္ကျား သိက္ခာဆိုတာ.. ဘယ်မှာမှ ရှာလို့မရတော့ဘူး ..

Ennis ခေါင်းခါကာ ထထိုင်သည် ဦးထုတ်လည်း ပြန်ဆောင်းပြီး မီးဖိုနား ကပ်ထိုင်လိုက်သည်

အဲဒါ က မဖြစ်ဘူးလေ.. မင်းသိပါတယ်.. ဒါက နည်းလမ်းကောင်း မဟုတ်ဘူးဆိူတာ မင်းသိတယ်... မင်း မှာ မိန်းမ ရှိတယ် ကလေးလည်း ရှိတယ်.. မင်းဘဝက Texas မှာ အခြေကျနေပြီ.. ငါလည်း ဒီ Riverton မှာ ငါဘဝ နဲ့ ငါ.. အခြေကျနေပြီ... Ennis Jack ကိုပြောလိုက်သည်

ဟုတ်လား ... မင်း နဲ့ Anna နဲ့က မင်းဘဝလား.... Jack တည်တငိးကာ Ennis ကို ပြန်မေးလိုက်သည်

မင်း Anna ကို ထည့်မပြောစရာ မလိုဘူး !! သူ့မှာ ဘာအပြစ်မှ မရှိဘူး ! ..Ennis လေသံမာ သွားတော့ Jack ဟာ မကျေမနပ် နဲ့ Ennis ကို စိုက်ကြည့်လိုက်သည်

ငါ ပြောချင်တာက ငါတ်ု့ နောက်တစ်ကြိမ် အတူတူ အမြဲရှိချင်တာ မှန်ပေမယ့် နေရာရွေးတာ မှားရင် အချိန်ရွေးတာ မှား ရင် ငါတ်ု့သေမှာ... ငါတို့ သေပြီပဲ.. Ennis Jack ကို မကြည့်ပဲ ပြောလိုက်သည်

ဒါပေမယ့် Jack ရဲ့ ပုံစံဟာ Ennis ပြောတာကို ကျေနပ်ပုံမရဘူး ... ခပ်တင်းတင်း မျက်နှာထား နဲ့ Ennis ကို စိုက်ကြည့်လိုက်သည်

ငါ ငယ်ငယ်တုန်း က ငါတို့ နေတဲ့ မြို့မှာ စိုက်ပျိုးရေးခြံတွေရှိတယ် အဲဒီက တစ်ခြံမှာ Earl နဲ့ Rich ဆိုတဲ့ ယောင်္ကျား နှစ်ယောက် အတူတူနေကြတယ် အတူတူ အလုပ်လုပ်ကြတယ်..မြို့မှာ ဒါ ရယ်စရာတစ်ခုလိုပဲ..သူတို့က သိုသိုသိပ်သိပ်နေတာတောင် သူတို့ကို မြင်ရင် လူတွေက ဟာသတစ်ခုတွေ့သလိုပဲ... ထားတော့ .. တရက် ကျ Earl ဆည်မြောင်း ကမြောင်းထဲမှာ သေနေတယ်... သွေးတွေ နဲ့ ဂျင်းဘောင်းဘီက ဒူးဆစ်နားမှာ.. သူ့ငယ်ပါကို သံချိတ် နဲ့ ချိတ်ပြီး တရွတ်တိုက်ဆွဲထားတာ ပြုတ်ထွက် တဲ့ အထိပဲ...

မင်း... တွေ့လိုက်ရတာလား... Jack Ennis က်ုမေးလိုက်သည်

ငါ့အဖေက ငါ နဲ့ ငါ အစ်ကို ကို ခေါ်ပြတာ... ငါ့ အသက် ၉ နှစ်လောက်ပဲ ရှိသေးတယ်... ပြီးတော့ ငါတို့ ခေါင်းထဲရိုက်သွင်းသွားတယ်.. ယောင်္ကျား ၂ ယောက် အတူနေတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ.. မဖြစ်နိုင်ဘူး... ငါတို့ တစ်ခါတစ်လေ အခုလိုမျိုး ဘယ်သူမှ မတွေ့တဲ့ နေရာ မှာ အတူတူနေလို့ ရ...

ဘာာ တစ်ခါတစ်လေ ??? $ 4 နှစ်တောင် ကြာပြီး မှ .. တစ်တစ်လေ ဟုတ်လား !... Jack အလိုမကျစွာ လေသံက မာဆတ်နေသည်

တစ်ခါတစ်လေ ပေါ့.. အဲလို ကိစ္စတွေ ကို မရင်ဆိုင်နိုင်သေးသရွေ့... ငါတို့ သည်းခံရမှာပဲ.. Ennis ခေါင်းငုံထားမိသည်

ဘယ်လောက်ကြာအောင်လဲ.... Jack တစ်စောင်းမြင်နေရတဲ့ Ennis မျက်နှာကို ကြည့်ကာမေးလိုက်သည်

မြင်းစီးသလိုပေါ့.. Jack ... ဒီ ဇတ်ကြိုးကို မထိန်းနိုင်သရွေ့ .. ခုန်လည်း မချနိုင်သေးသရွေ့.. စီးနေရမှာပဲ... ငါ အလွယ်တကူ ဒီ ဇတ်ကြိုးကို မသပ်နိုင်ဘူး.... Ennis ပြောရင်း အသံတွေ တိုးလျသွားသည်

Jack Ennis ရဲ့ နားရွက်လေးကို ခပ်ဖွဖွ လှမ်းပွတ်ပေးရင်းက နေ Ennis ပါးတွေကို ထိတွေ့ရင်းး စာနာနားလည်စွာ အားပေးလိုက်သည်... Ennis ရင်ထဲက အကြောက်တရားတွေ ကို နားလည်စွာ ခွင့်လွတ်လိုက်မိသည်

------------------------------------------

Continue Reading

You'll Also Like

40.4K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
50.5K 7.8K 17
සද නොදනින නමුදු සදට එලිය හිරු ගෙනේ...... නුඹ නොදනින නමුදු නුඹට සෙවණ මම වෙමි...... සෙනෙහස හද තුල උතුරා ගලනු දැනි දැනි.... තව විමසන සිරිතට නිහඩවම හිනැහ...
1.1M 54.9K 74
ငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပ...
1M 138K 95
သာမန်ရိုးရှင်းတဲ့အိမ်ထောင်သည်ဘဝဟာသဘာသာပြန်လေးပါ.. All Credit original authors & translators. Fan translation and offlline purpose .