Idiot Seme
Da chittulay
68.4K 4.9K 646
My first fic Birthday present for you @mamachittu နားမလည်၇င် ၂ခါပြန်ဖတ် ဒါမှ နားမလည်သေး၇င် အထပ်ထပ်အခါခါဖတ်... Altro
Idiot Seme 1
Please
Idiot Seme 2
Idiot Seme 4
Idiot Seme 5
Idiot Seme 6
Idiot Seme 7
Idiot Seme 8&9
Idiot Seme 10&11
Idiot Seme 12 to 15
Idiot Seme 16-17
Idiot Seme 18-19
Happy Birthday &Idiot Seme 20-21
Idiot Seme 22-23 & Happy Birthday
Idiot Seme 24-25
Idiot Seme 26-27
Idiot Seme 28-29
Idiot Seme 30-31
Idiot Seme 32-33
白痴也做攻 မူ၇င်း
Idiot Seme 34-35
Idiot Seme 36-37
Idiot Seme 38-39
Idiot Seme 40-41
Idiot Seme 😂😂😂😂
Idiot Seme 42-43
Sorry for update
Idiot Seme 44
Idiot Seme 45-46-47
Just Birthday Gift
😝ဆင်တုတ်ကွေး ချစ်သူများအတွက် 😝
Idiot Seme 47 ဆက် 😂
Idiot Seme 3
2.5K 197 6
Da chittulay
            ယွမ်ဆွေဖုန်း မြင်းပေါ်ကဆင်းလာပြီး ပတ်ဝန်းကျင်ကို တချက်လေ့လာကြည့်လိုက်တယ်။ ယန်းလေးပေါင် က ၀ူလင်အနွယ်ထဲက တစ်ခုဖြစ်ပြီး သူ့၇ဲ့ ကျော်ကြားတဲ့ ဂုဏ်သိက္ခာနဲ့ အညီ ခံ့ညားတယ်။ အစေခံတွေပြောမလား၊ အဆောက်အအုံပြောမလား၊ အုပ်ချုပ်သူတွေ ကအစ ပြောစ၇ာမ၇ှိဖူး။ (ယန်းလေးပေါင်က ကျုပ်လဲ မပြောတတ်ဘူး တခါခါ TVထဲ ကြားဖူး မြင်ဖူးမှာမှာပါ 😂😂😂)
             တံခါးမ၀င်ပေါက် ကဖွင့်ဆဲပဲ၇ှိသေးတယ်၊ ၇ုတ်တ၇က်  အမဲေ၇ာင် အ၇ာတခုက တံခါးပေါက်ကနေပြီး ဆွေဖုန်း နဲ့ ယိလီေ၇ှ့ေ၇ာက်လာပြီး ယိလီ ကိုပွေ့ဖက်ဖို့ပြင်တယ်။ ယွမ်ဆွေဖုန်း ကချက်ချင်း ယိလီေ၇ှ့ ကာလိုက်ပြီးေ၇ှ့ကေ၇ာက်လာတဲ့ အ၇ာကို တွန်းချလိုက်တယ်။ သေချာကြည့်လိုက်တော့ အဲ့အ၇ာက ၇ွံ့လုံးတခုလိုပဲ။ သူ့၇ဲ့ တွန်းထုတ်မှူကြောင့် အဲ့အ၇ာက သန့်၇ှင်းကြည်လင်နေတဲ့ ကျောက်ပြားပေါ်မှောက်နေတယ်။ အဲ့ အ၇ာက လဲကျ၇ာကထပြီး နောက်တကြိမ် ကျောက်ယိလီကို ထပ်ပြီး လှမ်းဖက်ပြန်တယ်။
          ဆွေဖုန်း တွေးတယ်။ ဒီလောက် ၇ဲမက်တွေ အစောင့်တွေ၇ှိတဲ့ အထဲ ဒီလိုမျိုး လုပ်ကြံသတ်ဖြတ် ၇ဲတဲ့သူ၇ှိတာလား။ ဘယ်သူမှလဲ ၀င်မတားကြဘူးလား။ သူနောက်တကြိမ် ယိလီ ကိုထပ်ဖက်မလို လုပ်တော့ ဆွေဖုန်း သေချာမတွေးမိပဲ ယိလီေ၇ှ့ထပ်၇ပ်လိုက်ပြန်တယ်။
ေ၇ှ့က အ၇ာက လူတယောက်! သူ့ကို သေသေချာချာ ခပ်တင်းတင်းဖက်ထားတယ်။ သူ့တသက် တခါမှ တခြားသူနဲ့ ဒီလို ဖက်လဲတကင်းမနေဖူးဘူး။ ယုတ်ဆွအဆုံး သူနှစ်သက်တဲ့ ယိလီ နဲ့တောင်မှ ဒီလို ၇င်း၇င်းနှီးနှီး မနေဖူးဘူး။ ပြီးတော့ ဒီတယောက် ကပွေ့ဖက်ယုံတင် အားမ၇ပဲ လှည့်ပတ်နေသေးတာ။ သူ့၇ဲ့ခန္တာကိုယ် တခုလုံးက အဲ့တယောက်၇ဲ့ ၇င်ခွင်ကျယ်ကြီးထဲမှာပဲ ။ 😕😕😕😕😕 သူ အဲ့တယောက်ကို ၇ိုက်မိတော့မယ်။
   "ဆွေဖုန်း..... မလုပ်နဲ့..😨"  ဘေးယိလီ၇ဲ့ အလန့်တကြား တားမြစ်သံမကြား၇င် သူ အဲ့တယောက်ကို၇ိုက်ပြီးပြီ။ ယိလီ ကြောင့် သူလက်ကို ပြန်၇ုတ်လိုက်တယ်။
          သူ့ကို ဖက်ထားတဲ့တယောက်က သူ့ကို လွတ်ပေးဖို့စိတ်ကူး လုံးဝမ၇ှိသလိုပဲ။ ပါးစပ်ကလဲ   "လီအယ်... လီအယ်.... " အပျော်တွေ ဖုန်းဖိမ၇တဲ့အသံက ဆွေဖုန်း နားဘေး နားကထွက်ပေါ်လာတယ်။ ဒီအချိန် မှာပဲ ၇ွံ့နံ့၇လို့ သူငုံ့ကြည့် လိုက်ပြန်တယ်။ သူ့ကိုဖက်ထားတဲ့သူ၇ဲ့ အ၀တ်စားမှာေ၇ာ လက်တွေေ၇ာ ၇ွံ့ပေလျက်။ *အား....... ဒီလူ* သူ အတွင်းအားသုံးပြီး သူ့ကိုဖက်ထားတဲ့သူ၇ဲ့ လက်ကလွတ်အောင် ၇ုန်းထွက်လိုက်တယ်။
          ခုနက ယိလီ ၇ဲ့ပုံစံက ဒီလူနဲ့ တစုံတ၇ာ ပတ်သတ်နိုင်ကြောင်းတွေးမိလို့  လက်တုန့်မပြန်လိုက်ဘူး။ ဒါပေမယ့် သူနဲ့ ခပ်ဝေးဝေးေ၇ာက်အောင် အတွင်းအားသုံးပြီး တွန်းထုတ်လိုက်တယ်။ အဲ့လူက ဖင်နဲ့ မြေကြီးပေါ်ခပ်ပြင်း၂ကျတော့ အော်ပေမယ့် နောက်ထပ် ဒဏ်၇ာကြီးကြီးမားမား မ၇လောက်ပါဘူး။
                "အား........ အင်း နာတယ်။ ဟင်..... 😯  နင်... အင်း ငါ့၇ဲ့ လီအယ် မဟုတ်ဘူး 😮"    မြေပေါ်ကလူက ဆွေဖုန်း ကိုမော့ကြည့်ပြီးပြောတယ်။ တခဏအတွင်းမှာပဲ သူက ဆွေဖုန်း ကို ပါးစပ်လေးဟ မျက်လုံးပြူး၍ သေချာကြည့်ပြီး ၇ုတ်တ၇က် ထ၇ီတယ်။  မျက်လုံးတွေက နှစ်သက်လို့ အေ၇ာင်တွေတောက်လာပြီး  "နင်... အ၇မ်းလှတာပဲ။ နင်က လီအယ်  သူငယ်ချင်းလား.."
         ဒီကောင် ဦးနှောက်ေ၇ာ၇ှိ၇ဲ့လား? ဆွေဖုန်း မျက်နှာ မဲသွားတယ်။ ငါက ယောက်ျားလေ လှတယ်?  ငါ့ကို ? 😤😤😤😤😤 ပြီးတော့ ဒီကောင့် ကိုယ်ပေါ်က ၇ွံ့တွေ သဲတွေလဲ သူ့ပေါ်ကပ်နေတာ အများကြီး.... ဆွေဖုန်း မ၇ယ်မပြုံးနိုင်တော့ဘူး။ သူ့အကြည့်တွေက ဒေါသထွက်လွန်းလို့ အနီးနား ၀န်းကျင်က လူတွေနှလုံးကို ခဲစေတော့မယ်။
         သူ ညည်းပြီး တဖြည်းဖြည်း ထလာတဲ့ ကောင်လေးကိုကြည့်လိုက်တယ်။ အဲ့ကောင်လေးက အ၇ပ်မြင့်မြင့် ခပ်ထွားထွား၊ ခန္တာကိုယ်က သူနဲ့ မတိမ်းမယိမ်းပဲ။ ဒါပေမယ့် သူ့၇ဲ့ မျက်နှာ နဲ့ ခန္တာကိုယ်ကတော့ ၇ွံ့တွေသဲတွေပေေ၇နေတယ်။ ကြည့်၇တာ သူက ၇ွံ့နောထဲက ထလာတာမကြာသေးဘူး။ ပြီးတော့ သူ့ကို ခုနက၇ိုက်ပြီးတွန်းထုတ်လိုက်တဲ့ ဆွေဖုန်း ကိုလဲ အမှတ်မ၇ှိစွာ ၇ယ်ပြနေသေးတယ်။ အ အ တယောက်လိုပဲ။ သူ့၇ဲ့ မျက်ဝန်း တွေ ကတော့ တလက်လက်တောက်ပလို့။ သူ့၇ဲ့ ၇ီသံကိုကြား၇တာ သူဘယ်လောက်ပျော်နေလဲ ဆိုတာသိသာတယ်။ အား... ဒီကောင်လေးမှာ ကြီးမားပြီး လှပတဲ့ မျက်လုံးတွေ ၇ှိနေတာပဲ။ ပြီး ဆွေဖုန်း ကိုထပ်ဖက်မလို့ပြင်တယ်။
     "အကို.... "  ယိလီ လက်ကိုဆန့်ထုတ်ပြီး ဆွေဖုန်း ကိုဖက်၇န်ပြင်နေတဲ့ သူ၇ဲ့ လက်ကိုဆွဲပြီး ဆွေဖုန်း ကို ခေါင်းဖြည်းဖြည်းခါပြတယ်။ ဆွေဖုန်း က ကောင်လေး ကို၇ိုက်တော့မလို့ သဘောကယိလီက မလုပ်နဲ့ပေါ့။
          "ငါ့၇ဲ့ ကောင်းတဲ့ လီအယ်လေး"  ဆွေဖုန်း ကိုဖက်ဖို့ပြင်တာ ယိလီ တားလို့ အလိုမကျသံနဲ့ ခေါ်တယ် ။ ဆွေဖုန်း သူ့ေ၇ှ့က ပေေ၇ပြီး သူ့ကိုပွေဖက်ပြီး လှည့်ခဲ့တဲ့ကောင် အကြောင်းသိချင်မိတယ်။ ယိလီ ကသူ့ကို ပစားပေးနေတာကြောင့်လဲပါတယ။်
   ••••••••••
        ခုနက ယိလီ ၇ဲ့ အကိုခေါ်သံမှာတော့ ဒီ ကျပ်မပြည့်တဲ့ကောင်၇ဲ့ ပွေ့ဖက်ခြင်းကို ခံ၇ပြီးပြီ။ 🤒
      "သူက ငါ့အကို... ကျောက်ယွင်ချီ... ဆွေဖုန်း.... ငါမင်းကို ပြောခဲ့တယ်လေ။ ငါ့အကိုက သိုင်းကျင့်၇င်းနဲ့ ဦးနှောက် နည်းနည်း ထိထားတာ။ သူက ခုတော့ အသိေ၇ာ အပြုမှု ကပါ ၄ ၅ နှစ်သားအ၇ွယ်ပဲ ၇ှိတော့တာ။ မင်း စိတ်ထဲမထားပဲ ခွင့်လွတ်ပေးပါ ကွာ နော်.... " ယိလီ သူ့အကို၇ဲ့ ပုခုံးကို ညင်ညင်သာသာဖက်ပြီး ဆွေဖုန်း ကို မချိပြုံးလေးနဲ့ ပြောလိုက်တယ်။ တောင်းပန်တာပဲ ဒါပေမယ် ဆွေဖုန်း ငြင်းပိုင်ခွင့်မ၇ှိဖူး။
           ဆွေဖုန်း ခေါင်းကို ခပ်လေးလေး ငြိမ့်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်တယ်။ ဒီတယောက်သာ ယိလီ အကို မဟုတ်၇င် ယိလီ ဘေးကဆွဲထုတ်ပြီး ဝေးနိုင်သမျှ ဝေးအောင် ကန်ထုတ်ပစ်လိုက်ပြီ။
        "လီအယ်....... ဒီတခါသွားတာ အ၇မ်းကြာတာပဲ။ ငါ့အတွက် လက်ဆောင်ေ၇ာပါလား" ကျောက်ယွင်ချီ ကအ၇မ်းဖြူစင်တဲ့ ကလေးတယောက်လို အ၇မ်း မျှော်လင့်နေတဲ့ပုံနဲ့ .....
           "ဒါပေါ့.... ငါ့အကိုအတွက် မေ့စ၇ာလား" ပြောပြီး ခပ်ပြုံးပြုံးနဲ့ ကစားစရာတခု ထုတ်ပေးလိုက်တယ်။ ပုံစံလေးက ဗုံသေးသေးလေးမှာ အောက်ခြေက ကိုင်စ၇ာ တုတ်ကလေးပါပြီး ဘေးနှစ်ဖက်က ကြိုးအောက်ခြေမှာ အသီးလေးနဲ့။ တုတ်ကလေးကို လှည့်လိုက်၇င် အသီးလေးက ဗုံလေး မျက်နှာပြင်ကို ၇ိုက်ခတ်လို့ သာယာတဲ့ အသံလေးထွက်လာတယ်။
' တုံ တုံ တုံ '   ကျောက်ယွင်ချီ က ကစားစရာ လဲတွေ့ေ၇ာ စိတ်လှုပ်၇ှားမှုနဲ့ ၀မ်းသာစွာ အော်လိုက်တယ် ။ ကစားစရာ လဲ၇ေ၇ာ ၀မ်းသာလွန်းလို့ ခုန်ဆွခုန်စွနဲ့ ကျောက်အိမ်တော်ထဲ ပြေးဝင်သွားတယ်။ တခြားသူတွေကို သွားကြွားမလို့။ ပြီး ခုနက အဖြစ်ပျက်တွေလဲ သူအကုန်မေ့သွားပြီ။ သူ့၇ဲ့အသစ်စက်စက် *လှပသော * သူငယ်ချင်း ယွမ်ဆွေဖုန်း အပါအ၀င်ပေါ့။
        "မင်းတို့ ညီအကိုတွေ တစက်မှ မတူဘူး"  သူ့ကို ကျောခိုင်းသွားတဲ့ ကျောက်ယွင်ချီ ကိုကြည့်ပြီး ဆွေဖုန်း ပြောတယ်။
    ကျောက်ယိလီ မျက်နှာမသိမသာ ပျက်သွားတယ်။ တခဏအတွင်းမှာပဲ ဘာမှမဟုတ်သလိုနဲ့ ဘေးက ခန်းညားတဲ့ ဆွေဖုန်း ကိုကြည့်ပြီး "ငါနဲ့ ငါ့အကိုက မိခင်တစ်ဦးတည်း မဟုတ်ဘူး။ ကြည့်၇တာ သူက ငါအဖေနဲ့ ပိုတူတယ်"
     "မင်းက မင်းအမေနဲ့ ပိုတူတာ" ဆွေဖုန်း ပြောတယ်။ သူက စကားပြောတာေ၇ှ့နောက် မကြည့်တတ်ဘူး။ သူ့စကား ကြား၇တဲ့ ယိလီ က ငို၇မလို ၇ယ်၇မလိုနဲ့။ ဆွေဖုန်း တမင်သတ်သတ် ပြောတာ မဟုတ်မှန်းသိနေပေမယ့် ဒီအမှန်တ၇ားကို သူမနှစ်သက်ဘူး။
    "ဆွေဖုန်း ငါတို့ အ၀တ်တွေလဲပြီးမှ စကားဆက်ကြတာပေါ့" ယိလီက ဆွေဖုန်း အကြံကို သိနှင့်ပြီး ပြုံးစိစိပြောလာတယ်။ သူတို့ တကိုယ်လုံး ကျောက်ယွင်ချီ ကောင်းမှုနဲ့ ပေေ၇နေတယ်လေ။ ဒီအခိုက်တန့်မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး စိတ်ထဲက ၇ီချင်လို့ နှုတ်ခမ်းတွေကပြုံးနေတယ်။ ဒါပေမယ့် ဆွေဖုန်း အတွက်တော့ ကျောက်ယွင်ချီ ကို သဘောမကျမှုက နည်းနည်းမှ လျော့သွားတာ မဟုတ်ဘူး။
   🌬雨for雨💧
  2127
还要爱妻
🍸🌹🌹🍸🌹🌹🍸
🌹🌹🌹🌹🌹🌹🌹
🌹🌹🌹🌹🌹🌹🌹
🍸🌹🌹🌹🌹🌹🍸
🍸🍸🌹🌹🌹🍸🍸
🍸🍸🍸🌹🍸🍸🍸
*****************************
     ကျုပ် ချစ်သဲလေး 
👄🐋🐋🐋👄
Continua a leggere
Ti piacerà anche
တည် Da Neera
Storie d'amore
6.2M 377K 54
1.5M 32.8K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
120K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)
800K 25.9K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...