"ကိုကို!!!!...."
"လာပြီ Taeလေးရေ... လာပြီ..."
"နိုးပြီလား Taeလေး..."
"အင်္ကျီပါနော် ကိုကို..."
"ကိုကို သိပါတယ်ကွာ..."
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
"ကိုကို... Tae ဗိုက်ဆာပြီ..."
"အဆင်သင့်ပဲ ကလေးရေ..."
"ကိုကို Banana milkရော..."
"အင်း... wednesdayလေ..."
"ကိုကို!!!..."
♡ ♡♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
"ကလေး သွားမယ်လေ..."
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
♡ ♡ ♡♡ ♡ ♡ ♡ ♡ ♡♡ ♡ ♡ ♡
"ဟာ... ဒီကလေးနဲ့တော့..."
"Taeလေး စားပြီးပြီလား..."
"အွန်း ပြီးပြီ ကိုကို..."
"ဟုတ် ကိုကို..."
Minhoပြောလိုက်တော့ မျက်နှာလေးဝင်းလက်သွားကာ ရေချိုးခန်းဆီသို့ ပြေးသွားတဲ့ ကလေး... ဒီကလေး ဘာထင်သွားလဲ Minho သိပ်သိတာပေါ့... သူ့အထင်နဲ့များလွဲရင် ဘယ်လိုများနေမလဲမသိ... Minhoကလည်း အဲ့လိုမျိုးဆို ပိုစချင်တာ...
"ကိုကို..."
ရေချိုးခန်းထဲ bathrobeနဲ့ ထွက်လာတဲ့ ကလေး... မျက်နှာနဲ့ ဆံစတို့မှာ ရေစက်တို့တွဲခိုလျက်... ရေချိုးပြီးလည်း ချစ်ဖို့ကောင်းနေပြန်ရော... ဘယ်အချိန်ကြည့်ကြည့် ကလေးက အမြဲချစ်ဖို့ကောင်းနေတာပါလေ...။
"ဟုတ် ကိုကို..."
"အာ... ကိုကိုကလည်း..."
"ဟုတ် ကိုကို..."
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
"ကလေး..."
Taeမွေးနေ့ကို မေ့နေခဲ့တယ်လို့ Taeမှားယွင်းစွာစွတ်စွဲခဲ့သည်ပဲ... တကယ်တော့ Taeကမှ မကောင်းတဲ့သူမလား... Taeမေ့နေခဲ့တာကမှ Taeတို့ရဲ့ တကယ့်ကို အရေးကြီးသောနေ့လေ...
"ဘာလို့လည်း Taeလေး..."
"Happy Birthday ကလေး..."
"Yarrr!!!... Lee Tae Min..."
"Wae???..."
"ငါ အကုန်ကြားတယ်နော်..."
"Lee!!! Jinki!!! Hyunggg!!!!..."
"Wae?..."
ကိုကိုပြောတဲ့ အတိုင်း Taeတိုးကပ်သွားမိတော့ ကိုကို လက်ထဲမှာ လက်ခနဲတွေ့လိုက်ရသည်လေးက Taeလည်ပင်းပေါ်ရောက်လာသည်...
💗💗 💗💗
💗🌟🌟💗🌟🌟💗
💗🌟✨✨✨🌟💗
💗🌟✨🌟💗
💗🌟💗
💗
#Happy_Taemin_Day
#ForeverSHINee
#SHINeeisFive
18.07.2018 (wed)
Happy Birthday Taemin
♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢
Unicode⇒
"ကိုကို!!!!...."
Minhoတယောက် မနက်စာပြင်နေတုန်း... ခေါ်ပြီလေ သူ့ရဲ့ ကလေး...
"ကိုကို!!!... Taeခေါ်နေတယ်လေ..."
"လာပြီ Taeလေးရေ... လာပြီ..."
Minho... လုပ်လက်စတွေကိုရပ် ရေခဲသေတ္တာထဲမှ ရေဘူးနဲ့ ဖန်ခွက်တစ်ခွက်ကိုယူပြီး... သူတို့ရဲ့ အိပ်ခန်းရှိရာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
"နိုးပြီလား Taeလေး..."
"ကိုကိုရာ.... Taeခေါ်နေတာကြာလှပြီ... ဘာလုပ်နေတာလဲ.... ပြောရတာမောလိုက်တာနော်..."
သြော်.... လှေကားထစ်ပေါင်းသုံးဆယ်ကျော်ကို နင်းပြီး အပြေးအလွှား တက်လာခဲ့ရတဲ့ Minhoက မမောရဘူး... သိနေတယ်လေ အဲ့ဒါကြောင့်ကြိုတင်ယူလာတဲ့ ရေဘူးထဲကရေကို ဖန်ခွက်ထဲထည့်ပြီးပေးလိုက်ကာ Minhoလည်း ရေဘူးဖြင့်မော့သောက်လိုက်သည်။
ဤအိမ်ကြီးကို လက်ဖွဲ့ပေးခဲ့တဲ့ နှစ်ဖက်မိဘတွေကိုလည်း အပြစ်တင်ချင်မိတယ်... နှစ်ယောက်တည်းနေမယ့် အိမ်က အဲ့လောက်ကြီးစရာလိုလို့လား... နှစ်ဖက်အမျိုးတွေကိုတောင် ခေါ်တင်ထားလို့ရတယ်...
"ကိုကို Taeမျက်နှာသစ်မယ်..."
"အင်း... သစ်လေ အဆင်သင့်ပဲ... ကိုကိုပြင်ပေးထားတယ်..."
"ကိုကို ပို့ပေးလေ ရေချိုးခန်းကို..."
ချွဲတယ်လို့လည်း မဆိုသာတဲ့ လေသံတို့ဖြင့် ပြောလာသူလေးကို Minhoပြုံးကာကြည့်လိုက်သည်....ဒါဟာ မနက်တိုင်း လုပ်ပေးနေကျအလုပ်တစ်ခု...
"ဟုတ်ပါပြီကွာ... ကဲ လာ အပျင်းလေး..."
ကုတင်ပေါ်မှာ ထိုင်နေသူလေးကို ပွေ့ချီလိုက်တော့ အလိုက်သင့်လေးပါလာသည်။ ကုတင်နေရာမှ ခြေလှမ်းဆယ်လှမ်းတောင် မပြည့်ချင်တဲ့ ရေချိုးခန်းထဲ ထိုကလေးကို ချပေးပြီး လှည့်အထွက်...
"ကိုကို..."ဟုခေါ်ကာ ပြုံးစိစိနဲ့ ကြည့်နေတာမို့ ဘာလဲဟုမေးလိုက်တော့...
"ကိုကိုက apronနဲ့ သိပ်လိုက်တာပဲ... ဟီး ဟီးး ချစ်စရာကြီး..."
Taeလေး အော်ခေါ်နေသည်မို့ မနက်စာပြင်နေရင်းက ပြေးတက်လာတာမို့ apronကို Minho မချွတ်ထားခဲ့မိတာ...
"ကိုကို ချောတာ ကိုကို သိတယ် ကလေး... ကိုကို မနက်စာ ပြင်ထားမယ် ရေချိုးပြီးဆင်းလာခဲ့ ဟုတ်ပြီလား..."
"အင်္ကျီပါနော် ကိုကို..."
"ကိုကို သိပါတယ်ကွာ..."
Minho ရေချိုးခန်း တံခါးကို ဆွဲပိတ်လိုက်ပြီး... Taeလေး ဝတ်မယ့် အဝတ်အစားကိုထုတ်ထားလိုက်ပြီး... အိပ်ယာသိမ်းရန် ကုတင်ဆီသို့ လှမ်းလိုက်သည်... အိပ်ယာ သိမ်းပြီးနောက်မှာတော့...
Minhoရဲ့ ချစ်လှစွာသော သခင်လေး သုံးဆောင်ရန် မနက်စာပြင်ပေးရအုံးမည်လေ။
အိမ်ထောင်ကျကာစက အိမ်အကူလေး ထားမိပါတယ်... ကိုကိုနဲ့ စိတ်မချဘူးဆိုပြီး ဖြုတ်ပစ်လိုက်တာ... ထပ်ပြီးတော့မခန့်နဲ့ Taeက ကိုကိုချက်ကျွေးတာကိုပဲစားချင်တာ... အရသာ ကောင်းကောင်းဆိုးဆိုး ကိုကိုပဲ ချက်ကျွေးရမယ်တဲ့လေ...
ကဲ အဲဒီတော့ ဒီကလူက ဘာပြန်ပြောနိုင်မှာလဲ... ချစ်လို့ ယူထားတဲ့သူမို့ မခိုင်းရက်တာနဲ့ပဲ... တစ်အိမ်လုံးရဲ့ အလုပ်တွေကို Minho တစ်ယောက်ပဲ လုပ်နေရတာ...
ပြီးတော့ ခြံစောင့် Arjushiကလွဲလို့ တစ်အိမ်လုံးမှာ Minhoနဲ့ ကလေးနှစ်ယောက်တည်း... ယောက္ခမဘက်ကတော့ အိမ်သန့်ရှင်းရေးလုပ်ဖို့ တစ်ပါတ်တစ်ကြိမ် လူလွှတ်ပေးတာကိုတော့ ကလေး လက်ခံခဲ့တာကပဲ တော်သေးသည်... မဟုတ်ရင် အိမ်သန့်ရှင်းရေးပါ Minhoလုပ်နေရမှာ...
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
"ကိုကို... Tae ဗိုက်ဆာပြီ..."
"အဆင်သင့်ပဲ ကလေးရေ..."
စားပွဲမှာ ဝင်ထိုင်လာသူလေး အတွက် မနက်စာအသင့်ချပေးလိုက်သည်... Minhoကတော့ မနက်စာပြင်နေရင်းနဲ့ ဟိုမြည်း ဒီမြည်းနဲ့ စားလိုက်တာ... မနက်စာကို သီးသန့်မစားဖြစ်တော့ဘူး...
"ကိုကို Banana milkရော..."
"ဒီမှာ ကလေး... ကိုကို companyသွားဖို့ သွားပြင်လိုက်အုံးမယ်နော်..."
မနက်တိုင်း... မဟုတ်ဘူး... တစ်နေကုန် အချိန်မရွေး ကလေးသောက်နေကြ Banana milkဘူးလေးကို စားပွဲပေါ်တင်ပေးပြီး... Minho ထမင်းစားခန်းထဲမှ အထွက်...
"သြော် ကိုကို ဒီနေ့ဘာနေ့လည်းသိလား..."
"အင်း... wednesdayလေ..."
"ကိုကို!!!..."
ကလေးမေးတာ Minhoသိတာပေါ့... တမင်ဖြေလိုက်တာ... ကလေးကတော့ မျက်နှာဆူပုတ်သွားလေရဲ့...
"ဘာလို့အော်တာလဲ Taeလေးရဲ့... Taeလေးမေးလို့ ကိုကိုဖြေတာ ဘာမှားသွားလို့လဲ... အာ သိပြီ July,18လေ..."
"တော်ပြီ ကိုကို မမှားဘူး... မေးမိတဲ့ Taeမှားတာ... သွား သွား ကိုကို လုပ်စရာရှိတာသာ သွားလုပ်တော့..."
♡ ♡♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
"ကလေး သွားမယ်လေ..."
Minhoပြင်ဆင်ပြီး ထွက်လာတော့ ဧည့်ခန်းမှာ ထိုင်နေသူလေးကို ခေါ်ရသေးတယ်...
"Tae မသွားတော့ဘူး... အိမ်မှာပဲနေတော့မယ်..."
Minhoထက် နှစ်နှစ်သာငယ်ပေမယ့်... Taeလေးကို Company မှာ မလုပ်ခိုင်းပဲ အိမ်မှာပဲ အေးဆေးနေခိုင်းတာကို ပျင်းလို့ဟုဆိုကာ သူ့စိတ်ကြိုက်
Bakeryဆိုင် တစ်ခုဖွင့်ပေးထားတာ...
အရင်ကဆို ဆိုင်သွားဖို့ တက်ကြွနေသလောက်... ခု Taeလေး မေးတာကို Minho အမှန်မဖြေလို့ စိတ်ကောက်နေမှန်းသိသာလှသည်လေ... Minhoလည်း တမင် ချော့မနေတော့ပဲ...
"ဒါဖြင့်လည်း ကိုကိုသွားပြီနော်..."
Minhoကားသော့ယူကာ ထွက်လာခဲ့လိုက်သည်... Arjushiကိုတော့ ကလေးကို ဂရုစိုက်ဖို့ မှာခဲ့ရသေးသည်။
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
"ဟွန်း... ကိုကိုစုတ် သူများမွေးနေ့ကို မေ့နေတာ.... မပြောဘူး.... သူတောင်မေ့နေတာ Taeလေးကပြောပြစရာလား..."
Taeလေး တစ်ယောက်တည်း ဆိုဖာမှာထိုင်ရင်း ရေရွတ်နေမိသည်...
ဆိုင်ကိုလည်း သွားချင်စိတ်မရှိ... အိမ်မှာလည်း တစ်ယောက်တည်းမို့ ဘာမှ လုပ်စရာမရှိ...
အိမ်အလုပ်လား? Taeလုပ်စရာကို မလိုတာ... ကိုကိုက အကုန်လုပ်ပေးတာ... ကိုကို ပင်ပန်းတာ သိပေမယ့်လည်း အိမ်အကူမှ Taeမထားချင်တာ... Taeကလည်း ဘာမှ မလုပ်တက်ဘူး...
အိမ်အကူ ထားမိပါတယ် ကိုကို့ကို ကြည့်နေတဲ့ အကြည့်တွေကို Taeသဘောမကျတာနဲ့ ဖြုတ်ပစ်လိုက်တာ...
Ommaတို့ အိမ်က Arjumaကို ပို့ပေးမယ်ပြောပေမယ့်လည်း... Taeမထားချင်ဘူး... ကိုကိုနဲ့နှစ်ယောက်တည်းပဲနေချင်တာ... ကိုကိုချက်ကျွေးတာတွေပဲ စားချင်တာလို့ပြောထားလို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ... ကိုကို တစ်ချက်မငြီးခဲ့...
Arjumaကို တစ်ပါတ်တစ်ခါ သန့်ရှင်းရေးလုပ်ဖို့လွှတ်ပေးတာကို Tae မငြင်းတော့ဘူး... ကိုကိုလည်း နားလို့ရတယ်လေ...
(တော်သေးတာပေါ့ ကလေးရယ် သိတက်ပေလို့.... မဟုတ်ရင် ကလေးရဲ့ကိုကိုလည်း တစ်အိမ်လုံး အလုပ်တွေလုပ်ရင်း သေသွားနိုင်တယ်)
ကိုကိုက အရမ်းခန့်ညားပြီး ချောလွန်းတာကြောင့်... companyမှာတောင် အတွင်းရေးမှူးက Taeရဲ့ hyungကို လုပ်ခိုင်းထားတာ တခြားသူဆို စိတ်မချလို့...
ကိုကိုက Taeလေးတစ်ဦးတည်းအပိုင်... ကိုကို့ အနားမှာ တခြားသူတွေရှိနေရင် Taeလေးက သိပ်ကြိုက်ချင်တာ မဟုတ်ဘူး...
Taeဆိုးတာ Taeသိတယ်... ကိုကို့ကို သိပ်ချစ်လွန်းလို့ပါ... တစ်ခါတစ်လေ Taeဆိုးလွန်းလို့ ကိုကို ငြိုငြင်မှာလည်း Taeကြောက်တယ်...
ခုလည်းကြည့်လေ Tae ခဏလေး စိတ်ကောက်ပြလိုက်တာကို မချော့ပဲနဲ့ ထွက်သွားတယ်... ကိုကို Taeကို စိတ်ကုန်နေပြီလားမသိ... Tae တကယ်ဝမ်းနည်းမိသည်...
"Taeminလေး နေ့လည်စာကို... Arjushi ဘာလုပ်ပေးရမလဲ..."
"နေပါစေ Taeလေး မဆာသေးဘူး... တစ်ခုခုဆို Taeလေး အပေါ်ထပ်မှာ ရှိမယ် Arjushi..."
Tae စားချင်စိတ်လည်း မရှိတာမို့...Arjushiကို ပြောပြီး Taeတို့ အိပ်ခန်းရှိရာဆီသို့ တက်လာခဲ့လိုက်သည်။
♡ ♡ ♡♡ ♡ ♡ ♡ ♡ ♡♡ ♡ ♡ ♡
"Arjushi... Taeလေးရော တစ်နေကုန် အိမ်မှာပဲလား..."
Minho အလုပ်ကနေ ပြန်ရောက်တော့ Taeလေး အရိပ်အယောင်တောင် မတွေ့ရတာမို့ Arjushiကို မေးမိသည်။
"အိမ်မှာပဲ သား... နေ့လည်စာလည်း မစားဘူး... အပေါ်ထပ်ကနေကို ဆင်းမလာတာ..."
"ဟာ... ဒီကလေးနဲ့တော့..."
Minho~ Taeလေး အတွက် စိုးရိမ်သွားကာ... ပေါင်မုန့်ရယ် နွားနို့ပူပူလေး တစ်ခွက်ရယ် ပြင်ဆင်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။
"Taeလေးရေ ကိုကို ပြန်လာပြီ..."
အသံပြုရင်း အခန်းထဲဝင်သွားတော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ Taeလေး... တစ်နေကုန် ဒီအတိုင်းပဲ နေနေတယ်ထင်ပါရဲ့...
အနားကို ကပ်သွားလိုက်တော့ Taeလေး ထံမှာ ရှိုက်သံအချို့နဲ့အတူ*ကိုကို Taeလေးကို ထားမသွားပါနဲ့... Taeလေးက ကိုကို့ကို သိပ်ချစ်လို့ ဆိုးမိတာပါ*တဲ့လေ...
Minhoစလိုက်တာ ကလေးဘယ်လောက်တောင် ဝမ်းနည်းသွားရတာလည်း... အိပ်မက်ထဲ အထိတောင်ယောင်နေတာ... ကလေးရယ် ကိုကိုကလည်း ကလေးကို သိပ်ချစ်တာ ထားသွားစရာလား...
ဒီကလေး ဒီလောက်အချိန်အကြာကြီးအိပ်ရင် ဖျားနိုင်တယ် နှိုးမှရတော့မယ်။
"Taeလေး... ထ ထအုံး အကြာကြီး မအိပ်နဲ့တော့နော်..."
အိပ်ပျော်နေသော ကလေးဘေးနားဝင်ထိုင်နှိုးလိုက်တော့...
"အင်း... ကိုကို... ပြန်ရောက်နေပြီလား..."
အိပ်မှုံစုံမွှားလေးနဲ့ ပြောနေသော ကလေး...
"အင်း ပြန်ရောက်ပြီ ကလေးရဲ့ ... တစ်နေကုန် ဘာမှမစားဘူးဆို... ခု ကိုကို ပေါင်မုန့်နဲ့ နွားနို့ ပူပူလေးယူလာတယ် စားလိုက်နော်..."
Minhoပြောနေတုန်းပဲ ရှိသေးတယ်... တအိအိနဲ့ငိုပြီး Minhoကို လက်သီးဆုပ်တို့ဖြင့်ထုကာ ပါးစပ်ကလည်း...
"အဲ့ဒါ ကိုကို့ကြောင့်ပေါ့... မနက်ကဘာလို့ Taeလေးကို ပစ်သွားလဲ... အရင်ကဆို Taeလေး ဘယ်လောက်ပဲ စိတ်ကောက်ကောက်ရအောင် ချော့ခေါ်ပြီး... ခုတော့ ဘာလဲ ကိုကို အသစ်တွေ့နေပြီလား... အာ့ကြောင့် Taeလေးကို မချစ်တော့တာလားဟင်..."
"ပြောချင်ရာတွေ ပြောနေတော့တာပဲ ကလေးရာ... ဒီလောက်တောင် ချစ်ဖို့ကောင်းနေတဲ့ ကလေးရှိတာ ကိုကိုက နောက်တစ်ယောက်ရှာစရာလား... တိတ်တိတ် မငိုနဲ့တော့နော်... အိပ်ယာထစ ငိုရင် ခေါင်းကိုက်လိမ့်မယ်... မုန့်လေးစား ပြီးရင် ဆေးလေးသောက်လိုက်နော်...."
Minho ပြောလိုက်တော့ အငိုတိတ်ကာ... မုန့်ယူစားလေသည်။
"Taeလေး စားပြီးပြီလား..."
"အွန်း ပြီးပြီ ကိုကို..."
ခေါင်းလေးငြိမ့်ကာဖြေတဲ့ ကလေး ချစ်ဖို့ကောင်းလိုက်တာနော်... Minho အသည်းယားလာသဖြင့် ဖယောင်းအလား ပျော့ဖတ်လွန်းတဲ့ ကလေးရဲ့ ဆံနွယ်တို့ကို လက်ချောင်းတို့ဖြင့် ထိုးဖွလိုက်သည်။
"ပြီးရင် ကိုကိုတို့ အပြင်သွားစရာရှိတယ်... လန်းဆန်းသွားအောင် ရေလေးချိုးလိုက်နော်..."
"ဟုတ် ကိုကို..."
Minhoပြောလိုက်တော့ မျက်နှာလေးဝင်းလက်သွားကာ ရေချိုးခန်းဆီသို့ ပြေးသွားတဲ့ ကလေး... ဒီကလေး ဘာထင်သွားလဲ Minho သိပ်သိတာပေါ့... သ့ူအထင်နဲ့များလွဲရင် ဘယ်လိုများနေမလဲမသိ... Minhoကလည်း အဲ့လိုမျိုးဆို ပိုစချင်တာ...
ဒီနေ့က ကလေးရဲ့ မွေးနေ့လည်းဟုတ်သလို... Minhoတို့ရဲ့ မင်္ဂလာနှစ်ပါတ်လည် သုံးနှစ်ပြည့်ဆိုလည်း မမှား... မနက်က ကလေးမေးတော့ Minhoမှတ်မိရဲ့သားနဲ့ တမင်မဖြေတာ... ဒီလောက် အရေးကြီးတဲ့ နေ့ကို Minho ဘယ်မေ့မလဲ...
မနက်က အိမ်ကထွက်လာထဲက company ကိုမသွားပဲ... ဒီနေ့လေးအတွက် ချစ်ရသော ယောက်ဖရယ်... သူငယ်ချင်းတွေရယ်နဲ့ အတူပြင်ဆင်နေခဲ့တာ... cakeကတော့ ကလေးရဲ့ဆိုင်မှာ အထူးမှာထားခဲ့တာ ကလေးက ဆိုင်မသွားတော့ ပိုအဆင်ပြေသွားခဲ့သည်လေ။
ကလေးရေသွားချိုးနေချိန်မှာပဲ ကလေး ဝတ်ဖို့ အဖြူ ရောင် အနောက်တိုင်းဝတ်စုံ အသစ်လေးကို ကုတင်ပေါ်တင်ထားပေးလိုက်သည်။
"ကိုကို..."
ရေချိူးခန်းထဲ bathrobeနဲ့ ထွက်လာတဲ့ ကလေး... မျက်နှာနဲ့ ဆံစတို့မှာ ရေစက်တို့တွဲခိုလျက်... ရေချိုးပြီးလည်း ချစ်ဖို့ကောင်းနေပြန်ရော... ဘယ်အချိန်ကြည့်ကြည့် ကလေးက အမြဲချစ်ဖို့ကောင်းနေတာပါလေ...။
Minho Taeလေး အနားကိုသွားကာ ပါးပြင်လေးကို ဖျတ်ခနဲ အနမ်းတစ်ပွင့်ခြွေလိုက်တော့...
"ကိုကိုကလည်း... Taeလေး ရေတောင် မသုတ်ရသေးဘူး..."
မကြိုက်ဟန်ဆောင်နေပေမယ့်... လေသံတို့မှာ သဘောကျချင်းတို့အပြည့်ဆိုတာ Minhoသိတာပေါ့...
"ကလေးကိုကြည့်ပြီး အသည်းယားလာလို့ပါကွာ... ကလေးကလည်း ချစ်ဖို့ကောင်းအောင် လုပ်နေတာကို..."
"ဟွန့်... ဖြစ်ရမယ်... Taeက ဒီတိုင်းပဲနေတာပါနော်... ကိုကို ခေါင်းသုတ်ပေးအုံး..."
ကုတင်စွန်းမှာ ထိုင်ရင်းပြောနေသူလေးထံ သွားလိုက်တော့... လက်ထဲကို သဘတ်လေးထိုးပေးသည်....
Minhoလည်း ကလေး ဆံပင်တို့ ခြောက်သွားသည် အထိသုတ်ပေးလိုက်ပြီးနောက်မှာတော့...
"ကလေး ပြီးရင် ဒီဝတ်စုံလေး ဝတ်ထားလိုက် ကိုကို ရေသွားချိုးအုံးမယ်..."
"ဟုတ် ကိုကို..."
Minho ပြောသမျှကို တက်တက်ကြွကြွနဲ့ကို ခေါင်းတွေငြိမ့်နေတာ... သူထင်နေတာတွေ မဟုတ်ပါဘူးလို့ ထင်အောင်ကို နောက်မှ စအုံးမယ်... ခုတော့ ရေသွားချိုးလိုက်အုံးမယ်...
Taeလေးအတွက် ကိုကိုပြင်ပေးထားတဲ့ ဝတ်စုံတို့ကို ဝတ်ဆင်ပြီးချိန်မှာတော့...
ရေချိုးခန်းထဲက ထွက်လာတဲ့ ကိုကို့ကို Taeငေးမိသည်... အောက်ပိုင်းကို သဘတ်ပတ်ထားပြီး... အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ခန္ဓာကိုယ်... ခပ်ညိုညို အသားရေနဲ့ လိုက်ဖက်စွာရှိနေသော အဖုအထစ်များ...
ကိုကိုဟာ အားကစားလုပ်တဲ့သူမို့... six packsတို့ဟာ အရမ်းကြည့်ကောင်းနေတာ... Taeလည်း ကိုကို့လိုဖြစ်ချင်လို့ gymဆော့မယ်ဆိုတော့လည်း ပင်ပန်းမယ် မဆော့ပါနဲ့လားတဲ့... ကလေး ဘယ်လိုနေနေကိုကိုက ချစ်ပြီးသားဆိုတဲ့ ကိုကို စကားတစ်ခွန်းထဲနဲ့ Tae မဆော့ဖြစ်တော့...
"ကလေးရာ... အမြဲမြင်နေရတာတောင် ကြည့်မဝဘူးလား..."
"အာ... ကိုကိုကလည်း..."
ပြုံးစိစိနဲ့ပြောလာတဲ့ ကိုကိုစကားတို့ကြောင့်... အောက်ထပ်ကို ပြေးဆင်းမိတဲ့ Taeမျက်နှာတို့ ရှက်စိတ်တို့ကြောင့်ရဲနေမှာတော့ အသေချာပါပဲ။
ခဏအကြာမှာ Taeလေး ဝတ်စုံနဲ့ ဆင်တူကို ဝတ်ထားတဲ့ ကိုကို ဆင်းလာလေသည်။
"ကလေး... အဆင်သင့်ဖြစ်ရင် သွားရအောင်..."
"ဟုတ် ကိုကို..."
Tae ကိုကို့ လက်မောင်းလေးကို တွယ်ချိတ်ကာ အိမ်အပြင်ကို ထွက်လာခဲ့သည်... ကားပေါ်တက်ခါနီးမှာလည်း ကားတံခါးကို အသင့်ဖွင့်ပေးပြန်သည်။ Taeဟာ ကိုကိုအတွက်တော့ မင်းသားလေးတစ်ပါးအလား ဂရုစိုက်ပေးလွန်းသည်လေ။
"ကဲရောက်ပြီ ကလေး ဆင်းတော့..."
Taeကြည့်လိုက်တော့ ကိုကို ပိုင်ဆိုင်လေသော 5 Star Hotel... ကိုကိုက ဒီမှာများ Taeလေးကို Birthday surpriseများလုပ်ပေး မလို့များလား... တွေးရင်း ရင်ခုန်လာသည်။
ကိုကို့ လက်မောင်းကို ဟန်ပါပါချိတ်တွဲကာ ကိုကိုနဲ့အတူ Hotelထဲဝင်လာခဲ့ပြီး... elevatorထဲ မဝင်ခင် ကိုကို ပြောလိုက်တဲ့ စကားတစ်ခွန်းက Taeမျှော်လင့်သမျှ ကုန်လွင့်ပျယ်ကုန်သည်။
"သြော် ဒီကိုလာတဲ့ ကိစ္စ ကိုကို Taeလေးကိုပြောဖို့မေ့နေတာ... ကိုကို ရဲ့ သူငယ်ချင်းစေ့စပ်ပွဲလေ... အဲ့ဒါ Taeလေးကိုပါ ခေါ်ခဲ့ပါလို့ပြောလို့...."
အဆုံးထိကို ကိုကို Taeလေးရဲ့ မွေးနေ့ကို မမှတ်မိခဲ့ဘူးပဲ... Tae ငိုချင်စိတ်တို့ကို ထိန်းလိုက်သည့်ကြားမှ မျက်ရည်စက်အချို့က ပေါက်ခနဲ... ကိုကို မမြင်ခင် အသာသုတ်လိုက်ရသည်။
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
Tae ဒီခန်းမထဲ ထိုင်နေရတာကိုပင် စိတ်မပါတော့... ပွဲကလည်း ခုထိမစသေး... ခန်းမတစ်ခုလုံးမှာ ထိုင်နေတာ Taeတစ်ယောက်တည်း... ကိုကိုကလည်း ခဏဆိုပြီး ဘယ်ပျောက်သွားမှန်း မသိ...
"ညီလေး... အကို့ကို တစ်ခုလောက်ကူညီပါလား..."
လာပြောသူကိုလည်း Tae မသိ...
"Taeက ဘာကူညီပေးရမှာလည်း..."
"ဒီလိုပါ... ပွဲကနောက်တစ်နာရီမှာစမှာ... ပွဲမစခင် အကို လုပ်ချင်တဲ့ အစီအစဉ်လေးမှာ... ဒီကညီလေးက ကူညီပေးဖို့တောင်းဆိုချင်တာပါ..."
နောက်တစ်နာရီမှ စမယ့်ပွဲကို ခုထဲကရောက်နေမိသည်ကို Taeအံ့သြသွားရသည်... တယ်လည်း တက်ကြွတဲ့ ကိုကိုပါလားဟု Taeမှတ်ချက်ပေးမိတော့သည်။
Tae ငြင်းချင်ပေမယ့်လည်း... ကိုကို သူငယ်ချင်းပွဲဟု ကိုကိုပြောထား၍...
"အင်း... Tae ကူညီပေးပါမယ်... ဘယ်လိုလုပ်ပေးရမှာလဲ..."
"ဟောဒီက ပုဝါလေးကို မျက်လုံးမှာ စည်းပြီး stageပေါ်မှာ ခဏလေးရပ်ပေးရုံပါပဲ..."
"ကောင်းပါပြီ... Taeလုပ်ပေးပါ့မယ်..."
"ဒါဖြင့် အကို စည်းပေးမယ်နော်..."
Tae ခေါင်းငြိမ့်လိုက်တော့... အဲ့ဒီ အကိုက Taeမျက်လုံးတို့ကို ပုဝါဖြင့် လာစည်းပေးသည်...
အဲ့ဒီနောက်မှာတော့ ထိုအကို ခေါ်ဆောင်ရာနောက်သို့ လိုက်ခဲ့ပြီးနောက်...
"ညီလေး... ရှေ့မှာ လှေကားထစ်တွေ တက်မယ်နော်... ဖြည်းဖြည်း ဖြည်းဖြည်း... ရောက်ပြီ ညီလေး ဒီအတိုင်းလေးပဲ နေနေပေးနော်..."
Taeကို ရပ်ခိုင်းတဲ့ အတိုင်းပဲရပ်နေမိသည်... ခဏအကြာမှာတော့ piano အသံလေး လွင့်ပျံ့လာသည်... ထူးဆန်းသည်က တီးလုံးသံက birthday တီးလုံးသံဖြစ်နေတာ...
"ကဲ မွေးနေ့ရှင်လေး ပုဝါစကို ဖြည်လိုက်ပါအုံး..."
မိုက်ကနေ လွင့်ပျယ်လာတဲ့ အသံ... ဒါ Tae... Taeကိုပြောနေတာလား???... ပြီးတော့ ဒီအသံ Taeကောင်းကောင်းကြီးကြားဖူးတယ်... Jonghyun hyung!!!... ဟုတ်တယ် Jonghyun hyung အသံ...
"မွေးနေ့ရှင်လေးရယ် ပုဝါလေးဖြည်လိုက်ပါတော့..."
Tae အတွေးမဆုံးခင်... ထပ်ပြီးပြောလာတာမို့... ပုဝါလေးကို Taeဖြည်လိုက်တော့... Tae ရှေ့မှာရှိနေတဲ့ cake... ထိုကိတ်ပေါ်မှာ happy birthday Taeminnie ဆိုတဲ့ စာတန်းနဲ့အတူ happy 3rd anniversary ဆိုတဲ့စာတန်းလေး...
ထိုစာတန်းလေးကို မြင်မိတော့မှပဲ တစ်စုံတစ်ခုကို Taeသတိရတော့သည်... ဟုတ်သားပဲ ဒီနေ့ဟာ Taeလေးနဲ့ ကိုကို လက်ထပ်ထားတာ သုံးနှစ်ပြည့်တဲ့နေ့ပဲ... Taeမေ့နေ့ခဲ့တာပဲ...
"ကလေး..."
Taeဆီသို့လျှောက်လှမ်းလာနေသော ကိုကို့ လက်ထဲမှာ နှင်းဆီပန်းစည်းကြီးကို ကိုင်လို့...
Taeမွေးနေ့ကို မေ့နေခဲ့တယ်လ့ို Taeမှားယွင်းစွာစွတ်စွဲခဲ့သည်ပဲ... တကယ်တော့ Taeကမှ မကောင်းတဲ့သူမလား... Taeမေ့နေခဲ့တာကမှ Taeတို့ရဲ့ တကယ့်ကို အရေးကြီးသောနေ့လေ...
Taeဆီ လှမ်းလာနေသော ကိုကို့ကို ကြည့်ရင်း Tae ငိုမိလေတော့... Tae အနားကို အပြေးအလွှားရောက်လာတဲ့ ကိုကို့ကို မျက်ရည်ကြားမှ ဝေဝါးစွာမြင်လိုက်ရသည်...
"Taeလေး... ကလေး ဘာဖြစ်လို့လဲဟင်..."
မေးလာသူ ကိုကို့ရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ ပိုလို့ငိုမိသည်...
"Taeလေးရယ် ဘာများဖြစ်လို့လဲ... ကိုကိုစိတ်ပူလာပြီ..."
"ကိုကို... Taeလေး တောင်းပန်ပါတယ်..."
ကိုကို့ကို ဖက်ထားလျက်နဲ့ပဲ တောင်းပန်မိသည်....
"ဘာလို့လည်း Taeလေး..."
"Taeတို့ရဲ့ anniကို မေ့နေခဲ့လို့ပါ... ပြီတော့ Tae မွေးနေ့ကို မမှတ်မိဘူးထင်ပြီး စိတ်ကောက်ခဲ့မိလို့..."
"အာ အဲ့ဒါကြောင့်လား... ဘာမှမဖြစ်ဘူး စိတ်ထဲမထားနဲ့တော့နော်..."
"ဟိုနှစ်ယောက်... cakeပေါ်က ဖယောင်းတိုင်တွေ အရည်ပျော်တော့မယ်..."
Key hyung???... Tae ကိုကို့ ရင်ခွင်ထဲမှ ထွက်ကာကြည့်လိုက်တော့... Key hyung အပြင် piano တီးနေသူက Taeရဲ့ တစ်ဦးတည်းသောအစ်ကို Jinki hyung... stageအောက်မှာလည်း Taeတို့ရဲ့ နှစ်ဖက်မိဘတွေ... Taeသူငယ်ချင်းတွေ... ကိုကို့ မိတ်ဆွေတွေ...
"ကဲပါ Taeminရယ် ဖယောင်းတိုင်တွေ မပျော်ခင် အမြန်မှုတ်လိုက် အောက်က ဧည့်သည်တွေလည်း စောင့်နေကြတယ်..."
Key hyung ပြောနေတာမို့... ကိုကိုနဲ့အတူ ဖယောင်းတိုင်မှုတ်နေချိန်... Jinki hyungထံမှ တီးလုံးသံလေးထွက်လာသည်။
Cakeခွဲပြီးနောက် ဧည့်သည်တွေ အစားအသောက်တို့ သုံးဆောင်နေချိန် stageပေါ်မှာ Taeတို့ ငါးယောက်သာ...
"Happy Birthday ကလေး..."
ကိုကို ကိုင်ထားခဲ့တဲ့ နှင်းဆီပန်းစည်းကြီးက Taeလက်ထဲသို့ ရောက်လာသည်...
"Happy birthday Taemin... ပြီးတော့ happy anniပါ..."
Hyungတို့ရဲ့ ဆုတောင်းစကားသံ...
"Taemin ဘယ်လိုလဲ hyungရဲ့လက်ရာ..."
Key hyungပြောသည်ကို နားမလည်းစွာ Taeကြည့်မိတော့ Taeဝတ်ထားတဲ့ ဝတ်စုံကို မေးငေါ့ပြသည်...
"အာ ဒီဝတ်စုံက hyungလက်ရာ???..."
"ဒါပေါ့ ဒီကောင်ကြီး အပူကပ်လွန်းလို့... hyung မအားတဲ့ကြားက လုပ်ပေးထားတာ မွေးနေ့လက်ဆောင်ပေါ့..."
Fashionဆိုင်ဖွင့်ထားတဲ့ Designer Key hyungက ကိုကို့ ပခုံးကိုပုတ်ရင်း ပြောလာသည်...
"ငါ့ရဲ့ ကလေးက ဘာဝတ်ဝတ်လိုက်ပြီးသားပဲ... ငါ့ဘဝရဲ့ နတ်သားလေးလေ မသိဘူးလား..."
Tae မျက်နှာကို ဖွဖွလေးတို့ထိကာ နတ်သားလေးဟု တင်စားပြန်တော့ Tae ရှက်ပြုံးလေးပြုံးမိပြန်သည်....
"တော်ပါတော့ Minhoရာ... Taeminnie ရှက်နေပြီ... Taeminnieရော့ ဒါက hyungရဲ့ လက်ဆောင်..."
Jonghyun hyungပေးတဲ့ လက်ဆောင် စာအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ Taeသိပ်သွားချင်နေတဲ့ Japan နိုင်ငံခရီးစဉ် လက်မှတ် နှစ်စောင်...
Jonghyun hyungက Taeကို ညီအရင်းလေးတစ်ယောက်လို သိပ်ချစ်တာ... ကိုကိုပြီးရင် Taeဆိုးသမျှကို ခံနိုင်တဲ့ ဒုတိယလူဆိုလည်း မမှား...
"wow... ခုရက်ပိုင်း Tae အရမ်းသွားချင်နေတာ... gomawor hyung... hyung hyungကရော တစ်ဦးတည်းသော ညီလေးအတွက် လက်ဆောင်ပေးလေ..."
Tae hyungဆီကတောင်းတော့ မသိချင်ယောင်ဆောင်သွားတဲ့ hyung...
"ကပ်စေးနဲကြီး... အာ့ကြောင့် လူပျိုကြီးဖြစ်နေတာ..."
Taeခပ်တိုးတိုးလေးပြောပေမယ့် ကြားဖြစ်အောင် ကြားသွားတဲ့ hyung...
"Yarrr!!!... Lee Tae Min..."
"Wae???..."
Tae ခပ်စောင့်စောင့်လေးပြန်ထူးလိုက်တော့...
"ငါ အကုန်ကြားတယ်နော်..."
"ကြားတော့ကောင်းတာပေါ့..."
"Minhoရေ... ယောက်ဖ မင်းတော့ ဒီကောင်လေးကို ဘယ်လို သည်းခံနေလဲမသိဘူး... Taemin မင်းလည်း ကြည့်ဆိုး... ကြာလာရင် Minho မင်းကို စိတ်ကုန်ပြီးထားခဲ့လိမ့်မယ်..."
မကြိုက်ဘူး Taeကို ထားသွားမယ်ဆိုတဲ့ စကားက Tae မကြားချင်ဆုံး စကားပဲ...
"Lee!!! Jinki!!! Hyunggg!!!!..."
အစ်ကိုတွေဘာတွေ မသိတော့ဘူး Tae အော်ပစ်လိုက်သည်...
"Wae?..."
ကလေး အော်လိုက်တော့ ဧည့်သည်တွေကကြည့်လာသည်မို့ Minhoတို့ ငါးယောက်သား သွားအဖြီးသားနဲ့ ဘာမှမဖြစ်ကြောင်းပြောရသေးသည်။ ဧည်သည့်တွေကိုလည်း ဧည့်မခံနိုင်သေး... တော်သေးတာက ဧည့်သည်တွေက လူရင်းတွေချည်းပဲမို့...
"တော်ပါတော့ Taeလေးရယ်... hyungကလည်း မစနဲ့တော့... Taeလေး ကိုကိုပြောပြမယ် ဒီကိုကြည့်..."
သူ့အစ်ကိုစ၍ ဒေါသထွက်နေသူလေးကို ပခုံးမှကိုင်ကာ Minhoနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်သည်...
"ဒီနေ့ပွဲ တစ်ခုလုံးကို Onew hyungပဲပြင်ဆင်ပေးပြီး အစအဆုံးလုပ်ပေးထားတာ... ကလေး hyungကို ပြန်တောင်းပန်လိုက်နော်..."
"ဟုတ်လား hyung... hyungကလည်း စောစောကပြောရောပေါ့... Taeလေး မသိလို့ ပြောမိတာ တောင်းပန်ပါတယ်နော်..."
"တက်လည်းတက်နိုင်တယ်... အပြောင်းအလဲကလည်း မြန်ပါ့..."
Tae တောင်းပန်လိုက်တော့... ပြုံးစစနဲ့ hyungက ပြန်ပြောသည်...
"ကမ္ဘာပေါ်မှာ Taeလေးရဲ့ hyungက အကောင်းဆုံး... hyungကို အရမ်းချစ်တယ်နော်လို့..."
လက်မလေးတစ်ထောင်ထောင်နဲ့ ပြောနေသူ Taeလေးကို ကြည့်ကာ Onewတစ်ယောက် ချစ်မဝခဲ့... သူ့ညီလေးဆိုးသမျှကို သည်းခံနိုင်သူမှာ Minhoတစ်ယောက်သာရှိသည်လေ...။
ဘယ်လောက်တောင်လဲဆိုတာ... Minhoရဲ့ အတွင်းရေးမှူးကိုဖြုတ်ခိုင်းပြီး... စီးပွားရေးအကြောင်း ဘာမှမသိတဲ့ သူ့ကို အတွင်းရေးမှူး ဝင်လုပ်ခိုင်းတယ်...
Taeလေး စကားတစ်ခွန်းဆို တစ်ခွန်းနာခံတက်သူ ရွှေယောက်ဖ Minhoကလည်း hyung ဘာမှ မတက်လည်း ရတယ် ကျွန်တော် အကုန်လုပ်မယ်... Taeလေး စကား အတိုင်း ကျွန်တော့် အတွင်းရေးမှူးလုပ်ပေးပါတဲ့...
ငြင်းမရတဲ့ အဆုံး ဝင်လုပ်ရတော့တာပေါ့... သူဌေးရဲ့ယောက်ဖက ဘာမှ မတက်ဘူးလို့ မပြောမခံနိုင်လို့ Onew သေချာလေ့လာပြီး ကြိုးစားခဲ့ရတာ Minhoမျက်နှာလွှဲထားခဲ့လို့ ရတဲ့အထိတောင် ဖြစ်လာခဲ့ပြီလေ...။
"Hyungကလည်း Taeလေးကို ချစ်ပြီးသာပါကွာ..."
"အင်း ချစ်ပါ... ဒီကလူကို ပစ်ပြီးတော့... ကိုကိုနောက်ထပ်ပေးမယ့် လက်ဆောင်ကို Taeလေးက မလိုအပ်တော့ဘူးထင်တယ်...."
Minho စိတ်မကောင်းဟန်လေးနဲ့ ပြောလိုက်တော့ သူ့အစ်ကိုနား ကပ်နေရာမှ Minhoအနားကို လှစ်ခနဲရောက်လာတဲ့ ကလေး...
"ကိုကိုကလည်း Taeက အားလုံးထက် ကိုကို့ကို ပိုချစ်လို့ ကိုကို့ကို လက်ထပ်ခဲ့တာလေ..."
"ယောက်ဖရေ မင်းကလေးပေါက်စ အပြောင်းအလဲမြန်တာတွေ့လား... ကဲ hyung Ommaတို့ဆီ သွားလိုက်အုံးမယ်..."
"Taeလည်း လိုက်မယ်လေ... လက်ဆောင် လိုက်တောင်းရအုံးမယ်..."
ပန်းစည်းကြီးပိုက်လျက် သူ့အစ်ကို နောက်ကို လိုက်ရန်ပြင်နေသော ကလေးကို Minho အမြန် လှမ်းဆွဲထားလိုက်ရင်း...
"နေပါအုံး ကလေးရယ် ကိုကို ပေးစရာ လက်ဆောင် ကျန်သေးတယ်...Key ပန်းစည်း ခဏလောက်ကိုင်ပေးထား..."
Minho ကလေးလက်ထဲမှ ပန်းစည်းကို ယူကာ Keyကို ပေးထားလိုက်သည်...
"ငါတို့လည်း မုန့်သွားစားလိုက်အုံးမယ်ကွာ... ဗိုက်ဆာနေပြီကွ... လာ Key သွားရအောင်..."
Jonghyun hyungခေါ်ရာ နောက်သို့ Key hyungပါ ပါသွားသည်...
"Tae ကိုကို့ အနားကိုတိုး..."
ကိုကိုပြောတဲ့ အတိုင်း Taeတိုးကပ်သွားမိတော့ ကိုကို လက်ထဲမှာ လက်ခနဲတေ့ွလိုက်ရသည်လေးက Taeလည်ပင်းပေါ်ရောက်လာသည်...
"အဲ့ဒါက ကလေးအတွက်... ပြီးတော့ ဒီမှာက ကိုကို့ အတွက်..."
Tae ရှေ့မှာ ကိုကို မြှောက်ပြလာသည်က T ပုံ လော့ကတ်လေးနဲ့အတူ ခပ်ပါးပါး ဆွဲကြိုးလေး... Taeလည်ပင်းကို ငုံ့ကြည့်တော့ ပုံစံတူ ဆွဲကြိုးလေးမှာ M ပုံစံလေး...
"ကိုကိုတို့ရဲ့ နာမည် အတိုကောက်လေးလေ... Taeလေး ကိုကို့ကို ပြန်ဆွဲပေးအုံးလေ..."
Tae ကိုကို့လက်ထဲမှာ ဆွဲကြိုလေးကို ယူကာ ဆွဲပေးလိုက်ရင်း... အံ့သြလောက်တဲ့ ကိုကို့ရဲ့ အချစ်တို့ကြောင့် Tae မျက်ရည်ဝဲမိရပြန်သည်... Taeအတွက် တကယ်ကို surprise ဖြစ်တဲ့နေ့လေးပါ... ကိုကို တကယ်တော်ပါတယ်....
"ကိုကို... ကိုကို ဒီနေ့လုပ်ပေးခဲ့တာတွေက လိုအပ်တာထက်ကို ပြီးပြည့်စုံလွန်းနေတယ်... Taeဘက်က ဘာလက်ဆောင်မှတောင်ပြန် မပေးနိုင်ခဲ့ဘူး..."
"ဘာလက်ဆောင်မှ မလိုဘူး ကိုကိုအတွက် Taeလေးရှိနေတာနဲ့တင် ပြည့်စုံနေပြီ... aigoo ကိုကို့ ကလေးလေးကတော့ ဒီနေ့တစ်နေကုန် ကိုကို့ကြောင့် ငိုနေရပါရောလား..."
Tae မျက်ရည်တို့ကို လက်နှစ်ဖက်နဲ့ သုတ်ပေးနေလေတဲ့ သိပ်ချစ်တက်လွန်းသူ ကိုကိုအတွက် အခု Taeပေးနိုင်တဲ့ လက်ဆောင်ကတော့...
Taeထက် အရပ်အနည်းငယ်မြင့်သော ကိုကို့ လည်ပင်းကို Taeလက်နှစ်ဖက်ဖြင့် သိုင်းဖက်ပြီး... ခြေဖျားလေးထောက်ကာ နှစ်ခမ်းနှစ်စုံတို့ကို ထိတွေ့စေလိုက်သည်။
ပထမတော့ ကိုကိုက အံ့သြနေပြီးမှ... Taeခါးလေးကို ဆွဲယူကာ ပို၍နီးကပ်စေပြီး... ပို၍နက်ရှိုင်းသော အလှပဆုံးသော အနမ်းတို့ကိုပုံဖော်လေသူ ကိုကို့ရဲ့ ဦးဆောင်မှုနောက်သို့ Taeအလိုက်သင့်လေး လိုက်ပါမိသည်။
*သိပ်ချစ်တယ် ကိုကိုရယ်... ကိုကို့အပေါ် Taeခုထက်ပိုပြီး ဆိုးခွင့်ပြုပါ...*
*ကိုကိုလည်း Taeလေးကို သိပ်ချစ်တယ်... ကိုကိုက Taeလေး အတွက်မွေးဖွားလာတာမို့ Taeလေး စိတ်ကြိုက်ဆိုးနိုင်ပါတယ်... ခွင့်တောင်းစရာ မလိုပါဘူး...*
💗💗 💗💗
💗🌟🌟💗🌟🌟💗
💗🌟✨✨✨🌟💗
💗🌟✨🌟💗
💗🌟💗
💗
#Happy_Taemin_Day
#HappyBirthdayLeeTaeMin
#ForeverSHINee
#SHINeeisFive
*အငယ်လေးရေ ခုချိန်ထိ hyungတွေနဲ့ အတူလက်တွဲပေးခဲ့လို့ ကျေးဇူးတင်ပါတယ်... hyungတွေရဲ့ အချစ်တွေကိုရထားတဲ့ အငယ်လေးရေ hyungတွေကိုလည်း များများချစ်ပေးပါ... 25yrsလို့ဆိုပေမယ့် မျက်စိထဲမှာတော့ ခုထိကလေးလိုပဲမြင်နေမိတယ်... အငယ်လေး အများကြီးရင့်ကျက်လာပြီဆိုတာ သိပါတယ်... မွေးနေ့မှာပျော်ရွှင်ပါစေနော်...*
ရေးလိုက်ပြန်ပြီ TaeလေးBDအတွက် 2minလေး... sweetအောင်ရေးချင်ပေမယ့်လည်း... သိပ်မsweetဘူးမလား... မကောင်းမကန်းလေးကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်... တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်မိတာပါ... ပိုများတဲ့ readerလေးတွေတော့ လိုချင်မိတယ်...
18.07.2018 (wed)
Happy Birthday Taemin