" Behind The Sence " [ Zawgyi...

By sekaibubblechoco

402K 34.5K 2.2K

နှစ်​ဖက်​မိဘ သ​ဘောတူ လက်​ထပ်​ခြင်းဆိုတဲ့ ​ခေါင်းစ​ဉ်​​အောက်​က မင်းနဲ့ငါ.... Main Chat >> Sehun / Kai... More

-1-
-2-
-3-
- 4 -
- 5 -
-6-
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 13 -
- 14 -
- 15 -
-16-
- 17 -
- 18 -
-19-
- 20 -
- 21 -
-22-
- 23 -
-24-
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️
- 1 -
- 2 -
- 3 -
-4-
- 5 -
- 6 -
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 14 -
- 13 -
- 15 -
- 16 -
- 17 -
- 18 -
- 19 -
- 20 -
- 21 -
- 22 -
- 23 -
- 24 -
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️

- 25 -

7.4K 774 40
By sekaibubblechoco

" ကောင်းသော နေ့လေးဖြစ်ပါစေရှင်.."

Cashier ကငွေပြန်အမ်းတာကို Jongin ယူလိုက်ရင်း အထုတ်ကိုဆွဲကာ ဆိုင်အပြင်ကိုထွက်လိုက်သည်...

အနည်းငယ်အေးနေတဲ့ ရာသီဥတုကြောင့် ဝတ်လာတဲ့ hoodie ပွပွအိတ်ကပ်ထဲကို ပိုက်ဆံထိုးထည့်လိုက်ပြီး
အိမ်ပြန်ဖို့ ခြေလှမ်းစလိုက်တယ်..

Jongin တို့အိမ်နဲ့ သုံးလမ်းကျော်က mini market ကိုလိုအပ်တာလေးတွေ လာဝယ်ပြီး အပြန်လမ်းမှာ အကြောင်းမဲ့ Sehun အကြောင်းတွေးမိရင်း ဘဝင်မကျခြင်းများက နေရာယူလာပြန်သည်..

Sehun သွားတာ ၂ရက်မြောက်နေ့ဖြစ်သလို Jongin အလုပ်မသွားတာလည်း ၂ရက်ရှိပြီဖြစ်သည်...

Oh sehun စကားကို နားထောင်တာမဟုတ်ပါ..
Jongin ရဲ့ အဖေရော အမေကပါ ဘယ်မှမသွားခိုင်းသောကြောင့်..

ဘဝကလည်း အိမ်ထောင်ပင်ကျပြီးလို့ အဖက်မတင်လိုက်တဲ့
ကလေး၂ယောက်တောင်ရပြီးမှ ချုပ်ချယ်ခံနေရသည်...

တကယ်ဆို Sehun ကိုကြည်ဖြူနေသေးတဲ့ မိဘတွေကို Jongin ဘယ်လိုမှနားမလည်နိုင်...

Sehun လုပ်ရက်တွေကို Jongin ကတော့ မကြားချင်လောက်အောင် စိတ်နာသလို မုန်းလည်းမုန်းသည်..

ထားလိုက်ပါတော့.. ရေစက်လည်းကူန်နေပြီဘဲဟာ..

ကားလမ်းမကိုရောက်ခါနီးပြီမို့ ဘေးဘီကိုကြည့်ရင်း လမ်းတစ်ဖက်ကို ကူးမယ်ပြင်တုန်း အရှေ့ကို ဝေါခနဲ ထိုးရပ်လာတဲ့ မှန်အပြည့်နဲ့ ကားမဲတစ်စီးကြောင့် Jongin ထိတ်လန့်ကာ အံ့သြနေတုန်း ကားပေါ်ကို အတင်းဆွဲခေါ်ခံရတာကြောင့် လက်ထဲက အထုတ်တွေ ပြုတ်ကျကုန်တော့သည်..

ဘာမှန်းမသိခင် ခပ်ကြီးကြီးလက်ဖဝါးကြမ်းကြမ်းကြီးက
မျက်နှာပေါ်ကို ဖိကပ်ထားပြီး အသံမထွက်နိုင်အောင်လုပ်ထားတာမို့ Jongin ခေါင်းထဲ ဘာမှစဉ်းစားရမဘဲ ထိတ်လန့်ခြင်းတွေသာ စုပြုံလာသည်..

ဘုရားသခင်... နေ့ခင်းကြောင်တောင်ကြီး ပြန်ပေးဆွဲခံနေရတာလား ..!!

သန်မာတဲ့လက်တွေကြောင့် Jongin လက်မောင်းတွေ အောင့်တက်နာကျင်လာပေမယ့် ကြောက်လန့်စိတ်ကြောင့် အတင်းရုန်းကန်နေတုန်း နှာခေါင်းပေါ်ကို လာအုပ်တဲ့ ပုဝါစကြောင့် ခေါင်းတွေပြာဝေလာကာ အသိစိတ်တွေဝေဝါးကုန်သည်...

အသိစိတ်လုံးဝမလွတ်ခင် ကားတံခါးဆွဲဖွင့်သံတွေ ရိုက်ခွဲသံတွေကြားရပေမယ့် Jongin လုံးဝ အသိမရှိတော့သလို လှုပ်ရှားလို့မရဖြစ်ကာ မှောင်မိုက်ခြင်းဆီ အလည်ရောက်ရှိသွားတော့သည်...

Oh sehun ခင်ဗျား ဘယ်မှာလဲ..!

--------- / ---------

Jongin သတိရလာတော့  မျက်နှာကျက်က ရင်းနှီးလွန်းနေသည့် မီးဆိုင်းကြီးကြောင့် သက်ပြင်းအသာချလိုက်သည်..

အိမ်ပြန်ရောက်နေပြီဘဲ...

" သား သတိရလာပြီလား..."

စိုးရိမ်စွာနဲ့စောင့်နေတဲ့ မေမေ့ကိုတွေ့တော့ ခေါင်းနည်းနည်းနောက်နေပေမယ့် ဘာမှတော့မပြောဖြစ်..

" ဘယ်လိုဖြစ်သွားတာလဲ မေမေ..!
ဟိုလူတွေရော...!"

မေမေက Jongin ကုတင်ဘေးက ရေကရားထဲက ရေကို ဖန်ခွက်ထဲပြောင်းထည့်ပြီး Jongin ကိုလှမ်းပေးသည် .
ပြီးမှ...

" သားကို ပြန်ပေးဆွဲဖို့ကြိုးစားတာ..
Sehun လွှတ်ထားတဲ့ သက်တော်စောင့်တွေ ဝင်ကယ်တာမြန်လို့ သားဘာမှမဖြစ်တာ..."

မေမေပြောတာတွေကို Jongin နားလည်သလိုလိုရှိပေမယ့်
နားမလည်ပါ...

Sehun ကိုငွေညှစ်ချင်လို့ Jongin ကိုပြန်ပေးဆွဲရအောင်လည်း မကြာခင်မှာဘဲ တရားဝင် ပြတ်ဆဲကြတော့မယ့် အခြေနေ..

" မေမေဘာတွေသိထားလို့လဲ... ကျနော် မသိတာတစ်ခုခု
မေမေတို့ကြားမှာရှိမယ်ထင်တယ်..."

Jongin စကားကြောင့် မေမေက ခပ်လေးလေးသက်ပြင်းတစ်ခုကို ချကာ ကုတင်စွန်းမှာဝင်ထိုင်တယ်...

" မြေကွက်...! Sehun လုဝယ်လိုက်တယ်ဆိုတဲ့ မြေကွက်ကြောင့်ဘဲ..! အဲ့ဒီမြေကွက်မှာ သားတို့ ဓာတ်ခွဲခန်းအသစ်ကို အကြောင်းပြပြီး တရားမဝင်တာတွေလုပ်လိမ့်မယ်.. အဲ့ဒီ မြေကွက်မှာက ထူးထူးခြားခြား ဓာတ်ငွေ့တစ်ခုရှိနေတာမို့ ဒီမြေကွက်ကို နိင်ငံခြားက မူးယစ်ဂိုဏ်းတစ်ခုက လိုချင်နေတာ..
အစိုးရက လွှတ်ထားပေးရတဲ့အထိ အင်အားကြီးတဲ့ ဂိုဏ်းတစ်ခုဘဲ ... သူတို့ကို ဝယ်ခွင့်မပေးသေးတာမို့ ဝယ်သွားတဲ့သူကို ရန်ပြုမှာ အသေအချာဘဲ.. ဒါကြောင့်မို့ သားနာမည်နဲ့ ဝယ်မယ့် မြေကွက်မို့လို့ Sehun ကတစ်ဘက်လှည့်နဲ့ အန္တရာယ်ကို သူ့ဘက်ကို ခေါ်လိုက်တဲ့ ပုံစံမျိုး သား.. မေမေလည်း sehun ပြောပြသလောက်ဘဲသိတယ်.."

မထင်မှတ်ထားတာတွေကြားနေရတာမို့ Jongin ဆွံ့အနေမိသည်...ဘာတွေမှန်းသေချာနားမလည်ပေမယ့် oh sehun လုပ်နေတာ ကိုယ့်အတွက်ဆိုတာ သိလာသည်..

ဘယ်လိုမျိုးအထိတောင်လိုအပ်နေကြလို့ Jongin ကို
ပြန်ပေးဆွဲဖို့အထိ ကြိုးပမ်းလိုက်တာလဲ...

Oh sehun က ဒါတွေ အကူန်ကြိုသိနေတာလား..

"ဒါဆို အခု Sehun ခရီးသွားတာကရော..!!!!"

Jongin ရင်ထဲ အရာရာမေ့သွားကာ Sehun အတွက်စိုးရိမ်စိတ်တွေဘဲ ဒီရေလိုတက်လာတာကြောင့် ရင်ခုန်သံတွေပါမြန်လာသည်...

" အဲ့ဂိုဏ်းဆီက ကမ်းလှမ်းချက်ကို အလဲလှယ်လူပ်ဖို့ သွားတာ သား..
သူ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သူကိုယ်တိုင်မောင်းပြီး
သူတပည့် နဲ့ ၂ယောက်တည်းသွားတာ...
သားအလုပ်ကို သူမထောက်ပံ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား သားရယ်.. "

" သူအခု အန္တာရာယ်ကင်းလား..!!!!"

မေမေ့စကားကို ဆူံးအောင်နားမထောင်နိုင်ဘဲ Jongin ဖြတ်မေးတော့ မေမေက ခေါင်းခါပြရင်း..

" သားဖေဖေဘဲ သိမယ်.."ဆိုတာကြောင့် အိပ်ယာထဲကနေ အတင်းကုန်းရုန်းထကာ ဖေဖေရှိမယ်ထင်တဲ့ အခန်းကို ကူးသွားမိသည်....

ရင်တွေပါတစ်ဒူန်းဒူန်းခုန်ကာ sehunတစ်ခုခုဖြစ်သွားမှာ ကြောက်ရွံ့နေမိတာကြောင့် Jongin တစ်ကိုယ်လုံးထူပူနေသည်...

ဘာမှမဖြစ်မှာမဟုတ်ပါဘူးလို့ ယုံကြည်နေပေမယ့်

Living Room ရှေ့အရောက်မှာ TV ကထွက်ပေါ်လာတဲ့ breaking new ကြောင့် Jongin ခြေလှမ်းတွေ ရှေ့မဆက်နိုင်စွာနဲ့ ကြမ်းပြင်ပေါ် ညွှတ်ဆင်းသွားရသည်...

" SH Group မှ ဘီလျံနာ oh sehun ၏ ကိုယ်ပိုင်ဂျက်လေယာဉ် ပင်လယ်တွင်းရှိ ကျွန်းတစ်ကျွန်းပေါ် ပျက်ကျ ပေါက်ကွဲ..
အတူလိုက်ပါသွားသူကိုတော့ မီးလောင်သေဆူံးလျက်တွေ့ရှိရပြီး ပျောက်ဆုံးသူ oh sehun ကိုတော့ အာဏာပိုင်များက ရှာဖွေနေပါတယ်... ဖြစ်စဉ်အရ အသက်ရှင်ရန်ရာခိုင်နှုန်းနည်းပါးတာကြောင့်~~~"

Jongin ရင်ထဲ တောင်နံရံတွေပြိုကျသလို လစ်ဟာဆင်းသွားကာ နားထဲမှာ ဘာမှမကြားတော့ဘဲ
ခရီးမသွားခင်က စိတ်ပူစွာမှာသွားတဲ့ Sehun ပုံရိပ်တွေဘဲ မြင်လာကာ မျက်ရည်စက်တွေခုန်ဆင်းလာရသည်...

ဟင့်အင်း.. ဒီလိုကြီးတော့ လမ်းမခွဲဘူးနော် Sehun ..!
ခင်ဗျားကို ဒီလိုတော့ သွားခွင့်မပေးနိုင်ဘူး....

-------- / ---------

စိတ်ဆိုးနေတယိဆိုပေမယ့်
ပုံထဲကလိုလေးဘဲ :3

Continue Reading

You'll Also Like

422K 12.2K 21
You were forced to marry a cold and cruel but hot guy name Kim Taehyung in order to keep both yours and his families companies alive. How will it tur...
203K 4.7K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
874K 34.7K 45
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
265K 6.3K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc