Dear Doctor Handsome [ Unicod...

By MinMyatChanYan

2.2M 148K 2.7K

Doctor Handsome & Medical Student More

Dear Doctor Handsome စာအုပ်ထွက်ရှိခြင်း
အမှာစာ နှင့် ကျေးဇူးတင်လွှာ
💚
Chapter ( 1 )
Chapter ( 2 ) *
Chapter ( 3 ) *
Chapter ( 4 ) *
Chapter ( 5 ) *
Chapter ( 6 ) *
Chapter ( 7 ) *
Chapter ( 8 ) *
Chapter ( 9 ) *
Chapter ( 10 )
Chapter ( 11 ) *
💚💚
Chapter ( 12 ) *
Chapter ( 13 ) *
Chapter ( 14 ) *
Chapter ( 15 ) *
Chapter ( 16 ) *
Chapter ( 16 ) အဆက် . 17 *
Chapter ( 17 ) 18*
Chapter ( 17 ) 18 အဆက် *
Chapter ( 18 ) 19 *
Chapter ( 19 ) 20 *
Chapter ( 19 ) အဆက် 20 အဆက် *
Chapter ( 20 ) 21 *
** FAN ART OF THE CHARACTERS**
Chapter ( 21 ) 22*
Chapter ( 21 ) အဆက် 23 *
Chapter ( 23 ) 25*
Chapter ( 24 ) 26*
Chapter ( 24 ) အဆက် 27 *
Chapter ( 25 ) 28 *
💚💚💚
Chapter ( 26 ) 29*
Chapter ( 27 ) 30*
Chapter ( 27 ) အဆက် *30 အဆက်
Chapter ( 28 ) 31*
Chapter ( 29 ) 32*
Chapter ( 29 ) *33
Chapter ( 30 ) 34 *
Chapter ( 30 ) အဆက် 35 *
Chapter ( 31 ) 36*
Chapter ( 32 ) 37 *
Chapter ( 33 ) 38*
💚💚💚💚
Chapter ( 34 ) 39*
Chapter ( 35 ) 40*
Chapter ( 36 ) 41*
The End
Extra
အမှာစာနှင့် ကျေးဇူးတင်လွှာ ( ZawGyi Version )
👨‍⚕️
Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
ch 10
Ch 11
👨‍⚕️👨‍⚕️
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 16 အဆကျ
Ch 17
Ch 17 အဆကျ
Ch 18
Ch 19
Ch 19 အဆကျ
Ch 20
Ch 21
Ch 21 အဆကျ
Ch 22
Ch 23
Ch 24
Ch 24 အဆကျ
Ch 25
👨‍⚕️👨‍⚕️👨‍⚕️
Ch 26
Ch 27
Ch 27 အဆကျ
Ch 28
Ch 29
Ch 29 အဆကျ
Ch 30
Ch 30 အဆကျ
Ch 31
Ch 32
Ch 33
Ch 34
👨‍⚕️👨‍⚕️👨‍⚕️👨‍⚕️
Ch 35
Ch 36
The End
Extra

Chapter ( 22 ) 24 *

37.8K 2.9K 82
By MinMyatChanYan

" Joy ကိုကန်တင်းမှာမဆုံရတာ ကြာပြီနော်။ အခုတစ်လော အတော်အလုပ်ရှုပ်နေပုံရတယ်။ စာတွေကတစ်ဖက်၊ သူ့အနုပညာအလုပ်ကတစ်ဖက်နဲ့ "

ဆရာ့စာသင်ချိန်ပြီးတော့ နေ့လယ်ထမင်းစားနားချိန်ဖြစ်သဖြင့် စိုင်းနဲ့ ကျော်ဇော် ကန်တင်းသို့ထွက်လာခဲ့ကြသည်။ကော်ရစ်တာမှာ နှစ်ယောက်ဘေးချင်းယှဉ်လျှောက်ရင်း ထိုစကားကို ကျော်ဇောက သတိတရ ပြောလာသောအခါ စိုင်းသည် Joy နဲ့မိမိအကြားမှာ ဖြစ်ပျက်သွားခဲ့သည့် အဲသည်နေ့ညနေက အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားခဲ့ပြီး မလုံမလဲဖြစ်သွားရကာ ရုတ်ချည်းပင် ဝမ်းနည်းလာခဲ့သည်။

တစ်ဦးတည်းသောသားဖြစ်သောကြောင့် အချိန်တော်တော်များများမှာ အဖော်ကင်းမဲ့စွာ တစ်ယောက်တည်းသာ ရှင်သန်ကြီးပြင်းခဲ့ရသောစိုင်းသည် အစ်ကိုတစ်ယောက်ဖြစ်ဖြစ်၊ ညီလေးတစ်ယောက်ဖြစ်ဖြစ် အသည်းအသန်လိုချင်ခဲ့၏။ အဲသည်စိတ်ကြောင့် Joy ကို အစ်ကိုအရင်းတစ်ယောက်လို၊ ပြောမနာဆိုမနာ သူငယ်ချင်းတစ်ယောက်လိုထက်ပို၍ နေရာမပေးနိုင်သည့်တိုင် ခင်မင်ရင်းနှီးစွာ ဆက်လက် အပေါင်းအသင်းဖြစ်လိုနေသေးသည်။ သို့သော် ဤကိစ္စပြေလည်သွားဖို့ဆိစိုင်းဘက်က စတင်လှုပ်ရှား၍ မဖြစ်ချေ။

Joy ကို မိမိဘက်က စပြီး
ရင်းနှီးလိုကြောင်း ပြောလိုက်လျှင်
မချစ်နိုင်မကြိုက်နိုင်ဘဲ မျှော်လင့်ချက်ပေးသည်ဟု ထင်မြင်ယူဆသွားမှာကို စိုင်း အလွန်တရာ စိုးရွံ့နေမိလေသည်။

" ဟယ်လိုကောင်လေးတို့ "

ရုတ်တရက် မိမိ၏ ညာဘက်ပခုံးကို ဆုပ်ကိုင်ဖျစ်ညှစ်လာသော လက်တစ်စုံကြောင့် မော့ကြည့်လိုက်တော့ မမျှော်လင့်စွာ Joy ဖြစ်နေခဲ့သောကြောင့် စိုင်း အံ့ဩတကြီး ဝမ်းသာသွား၏။ ခန္ဓာကိုယ်နှစ်ခုကြားမှာ နေ၍ မိမိတို့နှစ်ယောက်စလုံးကို တစ်ဖက်တစ်ချက်စီ ပွေ့ဖက်ထားခဲ့သော Joy ၏ ဖြူဝင်းချောမွှတ်သော မျက်နှာကလေး ပကတိပြုံးရွှင်နေသည်။

" အခုပဲ အစ်ကို့အကြောင်းပြောနေကြတာ "

သူတို့သုံးယောက် တပူးပူးတတွဲတွဲ လျှောက်လာရင်း ကျော်ဇောက အားတက်သရော ဆိုသည်။ စိုင်းသည် မျက်လွှာချလျက် Joy ၏ ဗန့်စ်တံဆိပ် အနက်ရောင် ခြေနင်းဖိနပ်ကလေးကို ငေးကြည့်ရင်း လျှောက်လာသည်။

" ဟုတ်လား ... ဘာတွေပြောနေကြတာလဲ "

" ဒီလိုပါပဲ အစ်ကို့ကိုမမြင်မိလို့ "

" အေးကွာ အခုတစ်လော ဆေးရုံပြေးလိုက်ရ၊
မဂ္ဂဇင်းမှာ ကြော်ငြာတစ်ချို့သွားရိုက်ပေးလိုက်ရနဲ့၊ ကျောင်းကန်တင်းကိုတောင် မထိုင်ဖြစ်ဘူး "

ထိုအခိုက် စိုင်း Joy ကို ဖျတ်ခနဲ မော့ကြည့်လိုက်သောအခါ အကြည့်ချင်းဆုံသွားကြသည်။
သူ့မျက်ဝန်းလှလှကလေးများထဲ၌ ကြိုးစားပမ်းစား ဖုံးကွယ်ထားသော အနေရခက်မှုကို မရိပ်မိအောင် Joy
ခပ်ရွှင်ရွှင်ကလေးပြုံးသည်။

" စိုင်း ကိုယ့်ကို မမြင်ဖူးဘူးလား။ ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေလို့လား။ ဒါမှမဟုတ် အစ်ကို အရမ်းချောနေလို့လား "

စိုင်း ခေါင်းရမ်းပြလျက် ခပ်ဟက်ဟက် ရယ်မောလိုက်ပါသည်။

ဆေးကျောင်းကန်တင်းသည် ဇွန်းနဲ့ ပန်းကန်ထိခတ်တဲ့ အသံများ ၊ စကားပြောသံများဖြင့် ဆူညံစွာ စည်ကားလျက်ရှိသည်။ မိမိတို့ထိုင်နေသော ဆိုင်အတွင်းတွင် တချို့စားသောက်ပြီးကြလို့ ပိုက်ဆံရှင်းပြီးနေရာမှ ထသွားကြသူများ ၊ အသစ်ဝင်လာကြသူများနဲ့ မျက်စိနောက်စရာကောင်းလောက်အောင် ရှုပ်ယှက်ခတ်နေသည်။
ခပ်လှမ်းလှမ်းက စားပွဲမှာ ထိုင်နေသည့် မိန်းကလေးတချို့က Joy ကို ပြုံးစိစိမျက်နှာများဖြင့် အကဲခတ်သလို လှမ်းလှမ်းကြည့်နေကြပြီး တီးတိုးတီးတိုး ပြောနေကြ၏။

ဆိုင်အတွင်း လူကျလာသည်နှင့်အမျှ စားပွဲထိုးတွေလည်း ပျာယာခတ်စွာ လစ်ဟင်းလာခဲ့သည်။
စားပွဲထိုးနဲ့ customer မမျှသော
ဤဆိုင်တွင် ကိုယ်မှာထားတာ ရရှိဖို့အတွက်အသာထားလိုက်ဦး။ မှာစရာရှိတာမှာမလို့ စားပွဲထိုးအနားရောက်လာဖို့ပင်လျှင် စိတ်ရှည်လက်ရှည် တော်တော်စောင့်ရပါသည်။

ကျော်ဇောက စိုင်းတို့မှာလိုက်သည်များကို အသေအချာမှတ်သား၍ ဆိုင်၏ ချက်ပြုတ်ပြင်ဆင်ခန်းကို ကိုယ်တိုင်ကိုယ်ကျ သွားမှာသည်။ ထိုအခါ စိုင်းနှင့် Joy တို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး သီးသန့်စကားပြောဖို့ အခွင့်အရေးတစ်ခုရသွားခဲ့သည်။

စိုင်းသည် ဘာစကားပြောလိုက်ရမလဲ မသိဘဲ ဖြစ်နေ၍ ခပ်လှမ်းလှမ်းက စာသင်ဆောင်အဆောက်အဦကိုသာ ငေးကြည့်နေလိုက်၏။ Joy ကလည်း အနေရခက်နေပုံရကာ စိတ်မပါလက်မပါ Facebook ကြည့်ရင်း နှုတ်ဆိတ်စွာ ငြိမ်သက်နေခဲ့သည်။

ဘယ်လိုမှ မနေနိုင်သည့်အဆုံးမှာတော့ Joy ဘက်ကစပြီး ရုတ်တရက် ပြောလာ၏။

" အစ်ကို သူငယ်ချင်းအဖြစ်တော့ ဆက်လက်ခင်မင်လို့ ရဦးမယ် မလားဟင် စိုင်း "

Joy ၏ စကားသံသည် တိုးတိတ်စွာ ညင်သာနေ၏။ စိုင်း လိုက်လျောဖော်ရွေစွာ ပြုံးပြလိုက်သည်။

" ဟုတ်ကဲ့ ကျနော်ရပါတယ်။ ကျနော်လည်း အစ်ကို့ကို ဆက်လက်ခင်မင်နေဆဲပါ "

Joy က ခပ်ယဲ့ယဲ့ပြုံးပြသည်။ ခင်မင်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်အဖြစ် အားကိုးအားထားပြုရသော စီနီယာအစ်ကိုတစ်ယောက်အဖြစ်မှာမှ ဆက်မနေနိုင်လျှင် သူ စိုင်းနှင့် လုံးဝ ဝေးကွာကြရတော့မည်မဟုတ်လား။

စိုင်းပြန်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ စိုင်းဘေးမှာ အခွင့်ရေးရှိသလောက် နေနိုင်ဖို့ Joy ဆုံးဖြတ်ထားသည်။ အကယ်၍ တစ်ချိန်ချိန်မှာ နောက်တစ်ယောက်ပေါ်လာခဲ့လျှင်တောင် စိုင်းလောက် သူ ချစ်နိုင်မှာမဟုတ်ဟု သေချာသည်အထိ သူ စိုင်းကို ချစ်ခဲ့မိသည်။

စိုင်းသည် ဘာနဲ့မျှ အစားထိုး၍မဖြစ်နိုင်သော သူ့ဘဝ၏ အချစ်ဦးပေတည်း။

Joy နှင့် အခင်အမင်မပျက် ဖြစ်သွားသည့်အတွက် ကန်တင်းကအပြန် စာသင်ခန်းသို့လျှောက်လာသည့် လမ်းမှာ စိုင်း၏ ခြေလှမ်းတွေ သွက်လက်စွာပေါ့ပါးလျက် ဝမ်းသာကျေနပ်နေမိသည်။ မကြာခင် ဖြေရမည့် ဒေါက်တာသက်သက်ဝေ၏ physiology ဘာသာရပ်နှင့်ပက်သက်၍ အနည်းငယ်မျှပင် စိတ်လှုပ်ရှားဖို့ သတိမရမိတော့သည်အထိဖြစ်၏။ သို့သော် စာသင်ခန်းထဲသို့ ဒေါက်တာသက်သက်ဝေ ဝင်ရောက်လာသောအခါ ကြည်လင်ချမ်းမြေ့နေခဲ့သော စိတ်တွေ ရုတ်ချည်းလေးလံထိုင်းမှိုင်းသွားရတော့လေသည်။

သက်သက်ဝေ၏ အဓိပ္ပါယ်တစ်မျိုးရသော စူးစူးရဲရဲအကြည့်က မိမိထံသို့ ဝေ့ခနဲ ဝေ့ခနဲ ရောက်ရှိလာသည်ကို သတိထားမိသော စိုင်းသည် မကြာခင် တစ်စုံတစ်ရာ ဆိုးဆိုးရွားရွားဖြစ်ပျက်တော့မည်ဟု စိတ်က အလိုလိုခံစားသိရှိနေမိပြီ။
ထင်ထားသည့်အတိုင်း ပြဿနာသည် အချိန်ကို ခပ်ကြာကြာမစောင့်ဆိုင်းခဲ့ချေ။ ကျူတိုရီရယ် ဖြေနေဆဲအချိန်မှာပင် စတင်ဖြစ်ပျက်သွားခဲ့လေသည်။

ကျောင်းသားအားလုံး ကျက်ထားသည့်စာများမမေ့သွားခင် ခေါင်းမဖော်တမ်း စာကိုသာ မဲတင်းပြီး သည်းကြီးမဲကြီး ငုံ့ရေးနေကြသည်ဖြစ်ရာ စာသင်ခန်းတစ်ခန်းလုံး
ဒေါက်တာသက်သက်ဝေ၏ ခွာမြင့်ဒေါက်ဖိနပ်သံ၊ တစ်ချက်တစ်ချက်ထွက်ပေါ်လာသော စာရွက်လှန်သံတို့ကလွဲ၍ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

သက်သက်ဝေသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် စာသင်ခန်း၏ အရှေ့ထိပ်နှင့် အနောက်ထပ်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်လျက် တစ်ယောက်နဲ့တစ်ယောက် နေရာခပ်ကျဲကျဲထိုင်၍ စာဖြေနေရသော ကျောင်းသားများကို စေ့စေ့စပ်စပ်လိုက်လံ အကဲခတ်နေခဲ့သည်။

သူမသည် စိုင်း၏ဘေးကနေ အခေါက်အခါခါဖြတ်လျှောက်သွားခဲ့သည်ကို စိုင်း သတိပြုမိ၏။ သို့သော် စိုင်း တစ်ချက်ကလေးမှတောင် မော့မကြည့်မိချေ။ ကျော်ဇောက သူ့ကို စာပြဖို့ ခပ်တိုးတိုးလှမ်းအကူအညီတောင်းတော့မှ သူ အခြေအနေအကဲခတ်သလို ဖျတ်ခနဲ မော့ကြည့်ဖြစ်သည်။

တီချယ်သည် စိုင်းတို့ကိုကျောပေးလျက် ရှေ့ဆက်လျှောက်နေ၏။ စားပွဲနားရောက်တော့မှ မိမိတို့ဘက်သို့ ပြန်လှည့်လျှောက်မည်ဟု စိုင်း တွက်သည်။ ထို့ကြောင့် ကျော်ဇောဘက်ကို လှည့်ကြည့်ပြီး အသည်း၏လုပ်ဆောင်ပုံ အဆင့်ဆင့်အကြောင်းနှင့်ပက်သက်၍ ကျော်ဇောမေ့နေသည့် အပိုင်းကို သူမ ပြန်လှည့်မလာခင် ခပ်သွက်သွက် ရွတ်ပြလိုက်၏။ သို့သော် စိုင်း ကံဆိုးစွာ မိသွားခဲ့ပါသည်။

" အဲတာ ဘာလုပ်လိုက်တာလဲ "

စိုင်း ဆတ်ခနဲ တုန်ယင်သွား၏။
တီချယ်က စိုင်းကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း
ကွန်ကရစ်ကြမ်းပြင်ကို ခပ်ဆောင့်ဆောင့် ဖိနင်းလျက် အနားသို့ ရောက်ရှိလာသည်။

" ငါ အားလုံးကို ပြောထားပြီးသား။ ခိုးချတာကို
နည်းနည်းလေးမှ ခွင့်မလွှတ်ဘူးလို့ "

ကျောင်းသားအားလုံး ခေါင်းထောင်လာပြီး စိုင်းတို့ဘက်သို့ စူးစမ်းသလို လှမ်းကြည့်နေကြသည်။
စိုင်း ရှက်စိတ်ဖြင့် ထူအမ်းသွား၏။

" သူခိုးကျင့်သူခိုးကြံနဲ့ မင်းမရှက်ဘူးလား စိုင်းမင်းခန့် "

ပြောရင်းဆိုရင်း တီချယ်က စိုင်း၏ အဖြေလွှာစာရွက်ကို ဆတ်ခနဲ ဆွဲယူလိုက်သောအခါ စိုင်း ခံပြင်းစွာ ဒေါသထွက်သွား၏။ သို့သော် စိတ်ကို တတ်နိုင်သမျှ ကြိုးစား၍ လျှော့ချထားလိုက်ရသည်။

သူမ၏စွပ်စွဲချက်များ မဟုတ်ကြောင်းဖြေရှင်းလိုက်မည်ဆိုပါက သေချာပေါက်ဖြစ်ရပ်မှန်ကို ရှင်းပြရတော့မည်မဟုတ်လား။ ကျော်ဇောကိုလှည့်ကြည့်တော့ မျက်နှာငယ်ကလေးဖြင့် တောင်းပန်တိုးလျှိုသလို မော့ငေးကြည့်နေသည်။

ဆေးကျောင်းဒုတိယနှစ်၌ Test 1, 2, 3 ဟုဆိုပြီး စာတွေ့၊လက်တွေ့ စာမေးပွဲ သုံးကြိမ်တိတိဖြေရမည်ဖြစ်ရာ Test သုံးကြိမ်လုံးအောင်မြင်သူ၊ သို့မဟုတ် Test နှစ်ကြိမ်အောင်မြင်၍ တစ်ကြိမ်ကျသူ ကျောင်းသားများသာလျှင် လွတ်လွတ်ကျွတ်ကျွတ် တတိယနှစ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
အကယ်၍ Test 1,2 ၌ ကျထားပါက နောက်ဆုံး Test 3 ၌ မည်မျှပင် ပြီးပြည့်စုံစွာ ဖြေဆိုနိုင်သူပင် ဖြစ်လင့်ကစား တတိယနှစ်သို့ တက်ရောက်ခွင့်ရဖို့ မဖြစ်နိုင်တော့ချေ။ ကျော်ဇော်သည် Test 1 စာမေးပွဲ၌ ခြေလွတ်လက်လွတ် ကျထားခဲ့သဖြင့် ကျူတိုရီရယ်စစ်ဆေးခြင်းများသည် သူ့အတွက် အလွန်အရေးကြီး၏။ တစ်ကြိမ်မှ လွတ်လို့မဖြစ်ပါ။

ထို့ကြောင့် ရင်းနှီးစွာ ခင်မင်ရသော သူငယ်ချင်းအားထိခိုက်သွားမည်ကို မလိုလားသော စိုင်းသည် သူမ စွပ်စွဲသလိုလက်ခံလိုက်ဖို့ မျက်စိစုံမှိတ် ဆုံးဖြတ်ချက်ချလိုက်ပြီး အပြစ်တကယ်ရှိနေသော အပြစ်သားတစ်ယောက်လို ရေငုံနှုတ်ပိတ်နေနေလိုက်ပါတော့သည်။

" ကဲ မင်း ဒီ ကျူတိုရီရယ်ကို ကျပြီလို့သာမှတ်လိုက်တော့။ သွား အခုချက်ချင်း စာသင်ခန်းထဲကထွက်သွား "

Test 1 တုန်းက အဆင့်သတ်မှတ်ချက် ကောင်းမွန်စွာ ရရှိထားသဖြင့် ကျူတိုရီရယ် တစ်ခေါက်ကလေး လွတ်သွားသည့်ကိစ္စကို စိုင်း အနည်းငယ်မျှပင် ဝမ်းမနည်းမိပါ။ သို့သော် လိုတာထက်ပို၍ ဆူပူကြိမ်းမောင်းနေသော သူမ၏လုပ်ရပ်ကိုတော့ စိတ်ကသိကအောက်ဖြစ်နေမိ၏။

စိုင်းသည် စာသင်ခန်းကော်ရစ်တာမှာ ဆောင့်ကြောင့်ထိုင်၍ နားကြပ်တပ်ကာ သူမ၏ အတန်းချိန်ပြီးသွားသည်အထိ စိတ်အေးလက်အေး သီချင်းနားထောင်ရင်း စောင့်နေလိုက်သည်။ မကြာခင် ကျောင်းသားအားလုံး၏ တစ်ပြိုင်နက်တည်း ထနှုတ်သံကို ကြားရပြီးနောက် သူမ စာသင်ခန်းထဲကနေ ထွက်လာပါသည်။
စိုင်းကိုမြင်တော့ စိမ်းကားစူးရှစွာ စိုက်ကြည့်ပြီး ခပ်ပြတ်ပြတ် ဆိုသည်။

" မင်းကိုငါ ပြောစရာရှိတယ် စိုင်းမင်းခန့်။ ငါ့ရုံးခန်းထဲ လိုက်ခဲ့ "

ကျူတီရီရယ် ကိစ္စလောက်ကလေးနဲ့ပက်သက်ပြီး ရုံးခန်းခေါ်ရတယ်လို့။ တဆိတ်တော့ ပုံကြီးချဲ့လွန်းသည်ဟု ယူဆပြီး စိုင်းသည် စိတ်ပျက်လက်ပျက်ဖြစ်သွားမှုကို မျက်နှာတွင်မပေါ်လွင်အောင် ထိန်းချုပ်လျက် သူမ၏ အနောက်သို့ တည်တည်ငြိမ်ငြိမ် လိုက်သွားသည်။

ဒေါက်တာသက်သက်ဝေ၏ ကိုယ်ပိုင်နားနေရုံးခန်းထဲသို့ ဝင်လျှင်ဝင်လိုက်ချင်း ရုတ်တရက် အေးစိမ့်သွား၏။ စိုင်းတံခါးကို ညင်ညင်သာသာပြန်ပိတ်လိုက်ပြီး မော့ကြည့်လိုက်တော့ သူမ၏ မီးတောက်မီးလျှံလို ပူပြင်းတောက်လောင်နေသည့် အကြည့်များကို ရင်ဆိုင်လိုက်ရလေသည်။
ထို့နောက် ရုတ်တရက် သူမ ရှေ့သို့ တိုးလာပြီး ဖြန်းခနဲ မြည်သံနှင့်အတူ စိုင်း၏ ပါးပြင်တစ်ခုလုံး နာကျင်စပ်ဖျင်းသွားခဲ့ရသည်။

စိုင်းသည် လျှပ်တစ်ပြက်အတွင်း ဘာဖြစ်လို့ဖြစ်သွားမှန်းမသိဘဲ ဆွံ့အကြောင်အမ်းစွာ သူမကို ငေးကြည့်ပြီး ပူထူနေ၏။ ပါးအရိုက်ခံလိုက်ရတာမှန်း သိသွားခဲ့တော့မှ ဒေါသတလိပ်လိပ်တက်လာပြီး သူမကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။ ကျူတိုရီရယ်ကိစ္စကြောင့် အခုလို ပါးရိုက်သည်အထိ အပြစ်ပေးလို့ရပါသလား။ သို့သော် ယခုပြဿနာသည် ကျူတိုရီရယ်ပြဿနာမဟုတ်မှန်း စိုင်းမကြာခင် အံ့အားသင့်တုန်လှုပ်စွာ သိလိုက်ရပါတော့သည်။

" ကျနော့်ကို ဘာလို့ရိုက်တာလဲ တီချယ် "

သူမက ဟက်ခနဲ လှောင်ရယ်လိုက်ပြီး နှုတ်ခမ်းတွေကို မဲ့ကွေးပစ်လိုက်၏။

" မုန်းလို့ ရွံလို့ "

" ကျနော်က တီချယ့်ကို ဘာလုပ်နေလို့လဲ။
ကျူတိုရီရယ်ကိစ္စမှာ ကျနော် အပြစ်ရှိတာ သိပါတယ်။
အဲအတွက်လည်း မဖြေဘဲနေလိုက်ပြီးပြီလေ။
အခုလိုအပြစ်ပေးတာ ကျနော် လုံးဝ မကျေနပ်ဘူး တီချယ်။ ကျနော် တီချယ့်ရဲ့လုပ်ရပ်ကို အားလုံးကိုပြောပြမှဖြစ်မယ် "

စကားအဆုံး၌ သူမ အက်ကွဲခြောက်သွေ့စွာ ရယ်လိုက်သောအခါ စိုင်းအခံရခက်သွားပါသည်။ တင်းမာခက်ထန်နေသည့် သူမ၏ မျက်ဝန်းများကို စိုင်း ခပ်ရိုင်းရိုင်းသာ ပြန်ကြည့်မိသည်။
စကားမပြောခင် သူမက မဲ့ပြုံး ပြုံးပြန်၏။

" တိုင်လေ ... တိုင်ပေါ့။ ပြီးရင် ဆရာနဲ့ကျောင်းသား ယောက်ျားချင်း တွဲနေကြတဲ့ကိစ္စကို သူတို့ ဘယ်လို ကောက်ချက်ချကြမလဲဆိုတာပါ တစ်ခါတည်းမေးခဲ့ "

စိုင်း တစ်ကိုယ်လုံး ပူပြင်းလောင်မြှိုက်သွားပါသည်။
စားပွဲပေါ်တင်ထားသော လက်ကိုင်အိတ်ဇစ်ကိုဖွင့်လိုက်ပြီး တစ်စုံတစ်ခုကို ထုတ်ယူလျက်ရှိသော သူမကို ငေးကြည့်ရင်း ကိုယ့်နှလုံးခုန်သံကိုပြန်ကြားနေရသည်။

သူမသည် လက်ထဲမှာ ဖုန်းကိုကိုင်လျက် စိုင်းအနားသို့ ပြန်လျှောက်လာ၏။ စိုင်းအား ဓာတ်ပုံတစ်ချို့ကိုပြသည်။

ထိုဓာတ်ပုံတွေကိုငေးကြည့်ရင်း စိုင်း ရုတ်ချည်း မျက်လုံးတွေ ပြာဝေမှောင်မိုက်ကာ ခြေသလုံးများ ညွတ်ခွေယိုင်လုမတတ်ဖြစ်သွားလေသည်။

" ဒါ ... ဒါ ... "

စိုင်းမျက်နှာပေါ်က ထိတ်လန့်တုန်လှုပ်မှုကို သိသိသာသာ မြင်လိုက်သောအခါ သူမ နာကျင်ခံပြင်းစွာဖြင့် အနောက်သို့ ဆုတ်လိုက်မိသည်။ အမှန်တရားကို ရင်မဆိုင်ရဲခဲ့သဖြင့် ရက်ပေါင်းများစွာ လိပ်ခဲတည်းလည်း မျိုသိပ်ခံစားခဲ့သည့် ဝေဒနာများသည် လွင့်စင်ပျောက်ပျက်မသွားဘဲ ပုံစံတစ်မျိုးဖြင့် ဝင်ရောက်ကာ ရင်ဘတ်တစ်ခုလုံး ပူလောင်တင်းကျပ်သွားရသည်။

အဲသည်နေ့ညက ဆေးရုံခေါင်မိုးထပ်မှာ တစ်ယောက်တည်း အရူးတစ်ယောက်လို စိတ်လွတ်လက်လွတ် ငိုရှိုက်ရင်း ကျန်ရစ်ခဲ့ရသော သူမသည် သတိဝင်လာသောအခါ ဗြုန်းခနဲ မောင့်နောက်သို့ ထလိုက်လာခဲ့သည်။ စုံစမ်းမေးမြန်းရေးကောင်တာက ဝန်ထမ်းကောင်မလေးတွေက ပန်းခြံဘက်သို့ထွက်သွားသည်ဟု
ညွှန်ပြသဖြင့် သုတ်ခြေတင် လိုက်လာခဲ့လေရာ
သူမအတွက် ဘယ်လိုမှ မျှော်လင့်မထားသော
ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကို မြင်ခဲ့ရခြင်းဖြစ်သည်။

မောင်သည် စိုင်းမင်းခန့်ဆိုသည့်ကောင်လေး၏ နှုတ်ခမ်းကို တွယ်တာစုံမက်စွာ နမ်းနေခဲ့၏။ သူမ ခြေဖျားလက်ဖျားတွေ အေးစက်တုန်ယင်နေသည့်ကြားမှ သူတို့နှစ်ယောက်ကို အမိအရ ဓာတ်ပုံရိုက်ယူထားလိုက်မိသည်။

ထိုအဖြစ်ကိုသိသိချင်း သူမခံစားရသည့် ဝေဒနာမှာ တကယ့်ငရဲပင်ဖြစ်တော့သည်။ မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရသည့်အပြင်၊ သက်သေဓာတ်ပုံများရှိသည့်တိုင် မဖြစ်နိုင်ပါဘူးဟု ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေခဲ့၏။ သို့သော် စာသင်ခန်းထဲမှာ မောင်က စိုင်းမင်းခန့်၏ လက်ကိုဆုပ်ကိုင်ထားသည့် မြင်ကွင်းကိုမြင်လိုက်ရချိန်မှာတော့
သူမ ထိန်းချုပ်မထားနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့ရတော့သည်။ အခုတော့ သူမ ရှေ့မှာ ကာယကံရှင်ရောက်ရှိနေခဲ့ပြီး အမှန်တရားကို တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်လိုက်ရပြီ။

" ငါ မောင့်ရဲ့ အနားမှာ မင်းကို မမြင်ချင်ဘူး
စိုင်းမင်းခန့် ... ။ အဲတာကြောင့် ဝေးဝေးနေပေးပါ
မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့ "

သူမသည် လက်ညှိုးငေါက်ငေါက်ထိုး၍ ကြမ်းကြမ်းရမ်းရမ်း ခြိမ်းခြောက်ပစ်လိုက်၏။ စိုင်းသည် သူမရှေ့မှာ သူ့ခန္ဓာကိုယ်လေး တဖြေးဖြေး သေးငယ်ပျောက်ကွယ်သွားတော့မလိုခံစားနေရသည်။

စိုင်း ချောက်ခြားအေးစက်စွာဖြင့် သူမ၏အခန်းထဲကနေ ခပ်သွက်သွက်ပြေးထွက်လာခဲ့သောအခါ ပါးပြင်ပေါ်က မျက်ရည်စကလေးများ ဝဲလွင့်ကျန်ရစ်ခဲ့လေသည်။

သက်သက်ဝေသည် နွမ်းနယ်နုံးချိလာပြီး ညွတ်ခွေမကျသွားအောင် စားပွဲစွန်းကို လက်ဖြင့်ထိန်းကိုင်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။ မောင်ဟာ homosexual မှန်း သူမနှင့် ချစ်သူတွေဖြစ်ခဲ့ကြစဉ်တုန်းက သူမ နည်းနည်းလေးမှ သတိမထားမိခဲ့။ လက်စသတ်တော့ မောင်ဟာ သူ့ရဲ့လိင်ဖြစ်တည်မှုကို ပိပိရိရိ ဖုံးကွယ်လိမ်ညာ၍ သူမ သူ့ကို မချစ်ချစ်လာအောင် ကြိုးစားပြီး မစာမနာ တွဲခဲ့တာပါလား။

သက်သက်ဝေသည် မခံချိမခံသာဖြင့် တင်းကျပ်ဆို့နင့်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ကျွန်မ သစ္စာဆိုတယ် မောင်။ မောင့်လုပ်ရပ်အတွက် မောင် ပြန်လည်ပေးဆပ်စေရမယ်။ မောင် သိပ်ချစ်တဲ့ အဲဒီကောင်လေးနဲ့ မောင်နဲ့ ကွဲစေရမယ်။

Continue Reading

You'll Also Like

2.2M 148K 104
Doctor Handsome & Medical Student
875K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
688K 94.3K 54
Zawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားခကျြတ...