Bind You With A Sweet Contrac...

By food_iz_luv

2.2K 97 2

Without you, I do not know what I have to do .So stay beside me forever ๐Ÿ’• P.S This plot in this fiction is i... More

Bind
With
A Sweet Contract๐Ÿ’•

You

307 23 0
By food_iz_luv

Unicode
အချိန်စက်ဝန်းများ ပြောင်းလဲလာချေပြီ။
သူလေးကို ပထမဆုံး လက်ကြယ်သီး တပ်ပေးရသည့် အချိန်နဲ့မတူ။ 15နှစ်ဆိုသော အချိန်ကာလက တဖြည်းဖြည်းကုန်လွန်ခဲ့ပေပြီ။

4နှစ် အရွယ် ကလေးလက်မှ အခုတော့ 19နှစ် ကောင်လေးတစ်ယောက်ရဲ့ လက်ကြယ်သီးကို တပ်ပေးနေရပြီ။

သူရဲ့mentor အနေနဲ့စရောက်လာသော ကျတော်သည် နောက်ပိုင်းတွင် ထိုကောင်လေး၏Secretary တစ်ယောက်ဖြစ်လာသည်။

''ဒီနေ့ ကျတော်တို့ အမေရိကန်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲရှိတယ်။ နေ့လည် 1နာရီ မှာ
ပါတီတစ်ခု တက်စရာရှိတယ်။ 3နာရီမတိုင်ခင် Company ကို ပြန်လာရမယ် သခင်လေး''

သူကို အကျီၤ လဲပေးရင်း ဒီနေ့လုပ်ရမည့် to-do listကို သတိပေးနေရသည်။
ဖြောင့်တန်းကာ မဲမှောင်နေသော စင်ရော်မျက်ခုံးမွှေး  V-shaped ပုံစံ မျက်နှာ တောင့်တင်းကျစ်လျစ်သော body structure တို့သည် အရွယ်ရောက် ယောကျာ်းပျို တစ်ယောက်၏ကြည့်ကောင်းသော အဂါၤရပ်များပင်။
အပြာရောင်မျက်ဝန်းတစ်စုံသည် စွဲဆောင်မှုတစ်မျိုး  ။

ကျနော် ပထမဆုံးစတွေ့ခဲ့သော Jo ဟုသော ကလေးလေးသည် ယခုတော့ ကုမ္ပဏီ သုံးခု နှင့် Minamijojo လုပ်ငန်းစုကြီးကို အုပ်ချုပ်ရသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပေပြီ ။

တစ်ခုရှိတာက သူရဲ့ ကြယ်သီးတွေကိုတောင် အခုချိန်ထိ သူမတပ်တတ်သေးဘူး။ ကြာလာတော့သူကိုယ်တိုင် တကိုယ်ရည် လုပ်ရမဲ့အရာတွေမှာတောင် မကျွမ်းကျင်တော့ဘူး။

''ဒီနေ့ အပြာရောင် Neck tieကို ဝတ်ကို ဝတ်ရမှာလား ?''

''သခင်လေးမကြိုက်ဘူးလား ''

ကျတော် Neck tieချည်ပေးရင်း

''သခင်လေးနဲ့လိုက်ပါတယ်။ တွေ့လား ''

ပြောရင်း လက်မောင်းကို ကိုင်ကာ မှန်ရှေ့သို့ သူကိုယ်သူ လှည့်ကြည့်ခိုင်းလိုက်သည်။
့် အသက် 40ကျော် လူကြီးပိုင်း အရွယ်ရောက်နေပြီဖြစ်သည့် ကျတော် နှင့် အရပ် မတိမ်းမယိမ်း ယှဉ်ရပ်နေသော  နုနယ် ပျိုရွယ်ခန့်ညားသော ထိုကောင်လေး ၏ပုံရိပ်သည် မှန်ထဲတွင်ထင်နေလျက်။

ထိုအခါမှ
''ဟုတ်သားဘဲ''
ဟုဆိုကာ သဘောကျစွာ ပြုံး ရင်း . .

ကလေးတစ်ယောက်ကဲ့သို့ နှစ်လိုစွာ ပြုံးနေသော ထိုအပြုံးလေး ဘယ်တော့မှ မပြောင်းလဲသွားပါစေနှင့်ဟု ကျတော်မျှော်လင့်မိသည်။

~~~~~~

''ဒါနဲ့ သခင်လေး ဒီဓာတ်ပုံတွေ တချက်လောက်ကြည့်ပေးပါလား ''

မိန်းကလေးအချောအလှများပါဝင်သည့် ဓာတ်ပုံ Album အထပ်လိုက်ကို စားပွဲပေါ်သို့တင်ပေးလိုက်သည်။

''အာတာတွေက ဘာတွေလဲ ''

''သခင်လေးရဲ့ အိမ်ထောင်ရေးအတွက် ရွေးချယ်ထားတဲ့ မိန်းကလေးတွေရဲ့ ဓာတ်ပုံတွေပါ''

သူရှေ့က ကော်ဖီခွက်ကို ယူကာ တစ်ငုံသောက်ရင်း အေးဆေးသော လေသံဖြင့်
''ကြည့်ရတာ ကျတော်မိဘတွေက လက်ထပ်ကိစ္စကို အလျှော့မပေးသေးဘူး ထင်တယ် ။ အဟက် ကျတော် လက်ထပ်ဖို့ စိတ်ကူးမရှိဘူး။
မိန်းကလေးရှင်နဲ့တောင် မတွေ့ရသေးဘဲနဲ့ သူတို့တွေ မင်္ဂလာခန်းမတောင် ဌားပြီးနေလောက်ပြီ။ တော်ပြီ''

album စာအုပ်အမဲရောင်ကို ပြန်တွန်းပို့လိုက်သည်။

''ကျေးဇူးပြု၍ တစ်ချက်လောက်ကြည့်ကြည့်ပါအုံး  ''

album ကို သူဘက်သို့ အနည်းငယ် တွန်းပို့လိုက်သည်။

''Ooyama!!''

ကျတော်ကို လေသံမာမာဖြင့် ခေါ်လိုက်ခြင်းသည် သဘောမကျ မနှစ်သက်ခြင်းကို ပြနေခြင်းပင်။
ကျတော်ကို တည့်တည့်ကြည့်နေသော မျက်ဝန်းပြာများ အောက်တွင် ဒေါသရိပ် များ ရှပ်ပြေးလျက် . . . .

Zawgyi
အခ်ိန္စက္ဝန္းမ်ား ေျပာင္းလဲလာေခ်ျပီ။
သူေလးကို ပထမဆုံး လက္ျကယ္သီး တပ္ေပးရသည့္ အခ်ိန္နဲ႕မတူ။ 15ႏွစ္ဆိုေသာ အခ်ိန္ကာလက တျဖည္းျဖည္းကုန္လြန္ခဲ႔ေပျပီ။

4နွစ္ အရြယ္ ကေလးလက္မွ အခုေတာ့ 22နွစ္ ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ျကယ္သီးကို တပ္ေပးေနရျပီ။

သူရဲ႕mentor အေနနဲ႕စေရာက္လာေသာ က်ေတာ္သည္ ေနာက္ပိုင္းတြင္ ထိုေကာင္ေလး၏Secretary တစ္ေယာက္ျဖစ္လာသည္။

''ဒီေန႕ က်ေတာ္တို႕ အေမရိကန္အဖြဲ႕နွင့္ ေတြ႕ဆုံေဆြးေႏြးပြဲရွိတယ္။ ေန႕လည္ 1နာရီ မွာ
ပါတီတစ္ခု တက္စရာရွိတယ္။ 3နာရီမတိုင္ခင္ Company ကို ျပန္လာရမယ္ သခင္ေလး''

သူကို အက်ီၤ လဲေပးရင္း ဒီေန႕လုပ္ရမည့္ to-do listကို သတိေပးေနရသည္။
ေျဖာင့္တန္းကာ မဲေမွာင္ေနေသာ စင္ေရာ္မ်က္ခုံးေမႊး  V-shaped ပုံစံ မ်က္နွာ ေတာင့္တင္းက်စ္လ်စ္ေသာ body structure တို႕သည္ အရြယ္ေရာက္ ေယာက်ာ္းပ်ိဳ တစ္ေယာက္၏ျကည့္ေကာင္းေသာ အဂါၤရပ္မ်ားပင္။
အျပာေရာင္မ်က္ဝန္းတစ္စုံသည္ စြဲေဆာင္မွုတစ္မ်ိဳး  ။

က်ေနာ္ ပထမဆုံးစေတြ႕ခဲ႔ေသာ Jo ဟုေသာ ကေလးေလးသည္ ယခုေတာ့ ကုမၸဏီ သုံးခု နွင့္ Minamijojo လုပ္ငန္းစုျကီးကို အုပ္ခ်ဳပ္ရေသာ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ေနေပျပီ ။

တစ္ခုရွိတာက သူရဲ႕ ျကယ္သီးေတြကိုေတာင္ အခုခ်ိန္ထိ သူမတပ္တတ္ေသးဘူး။ ျကာလာေတာ့သူကိုယ္တိုင္ တကိုယ္ရည္ လုပ္ရမဲ႔အရာေတြမွာေတာင္ မကြ်မ္းက်င္ေတာ့ဘူး။

''ဒီေန႕ အျပာေရာင္ Neck tieကို ဝတ္ကို ဝတ္ရမွာလား ?''

''သခင္ေလးမျကိုက္ဘူးလား ''

က်ေတာ္ Neck tieခ်ည္ေပးရင္း

''သခင္ေလးနဲ႕လိုက္ပါတယ္။ ေတြ႕လား ''

ေျပာရင္း လက္ေမာင္းကို ကိုင္ကာ မွန္ေရွ႕သို႕ သူကိုယ္သူ လွည့္ျကည့္ခိုင္းလိုက္သည္။
့္ အသက္ 40ေက်ာ္ လူျကီးပိုင္း အရြယ္ေရာက္ေနျပီျဖစ္သည့္ က်ေတာ္ နွင့္ အရပ္ မတိမ္းမယိမ္း ယွဥ္ရပ္ေနေသာ  နုနယ္ ပ်ိဳရြယ္ခန္႕ညားေသာ ထိုေကာင္ေလး ၏ပုံရိပ္သည္ မွန္ထဲတြင္ထင္ေနလ်က္။

ထိုအခါမွ
''ဟုတ္သားဘဲ''
ဟုဆိုကာ သေဘာက်စြာ ျပံဳး ရင္း . .

ကေလးတစ္ေယာက္ကဲ႔သို႕ နွစ္လိုစြာ ျပဳံးေနေသာ ထိုအျပံဳးေလး ဘယ္ေတာ့မွ မေျပာင္းလဲသြားပါေစနွင့္ဟု က်ေတာ္ေမွ်ာ္လင့္မိသည္။

~~~~~~

''ဒါနဲ႕ သခင္ေလး ဒီဓာတ္ပုံေတြ တခ်က္ေလာက္ျကည့္ေပးပါလား ''

မိန္းကေလးအေခ်ာအလွမ်ားပါဝင္သည့္ ဓာတ္ပုံ Album အထပ္လိုက္ကို စားပြဲေပၚသို႕တင္ေပးလိုက္သည္။

''အာတာေတြက ဘာေတြလဲ ''

''သခင္ေလးရဲ႕ အိမ္ေထာင္ေရးအတြက္ ေရြးခ်ယ္ထားတဲ႔ မိန္းကေလးေတြရဲ႕ ဓာတ္ပုံေတြပါ''

သူေရွ့က ေကာ္ဖီခြက္ကို ယူကာ တစ္ငုံေသာက္ရင္း ေအးေဆးေသာ ေလသံျဖင့္
''ျကည့္ရတာ က်ေတာ္မိဘေတြက လက္ထပ္ကိစၥကို အေလွ်ာ့မေပးေသးဘူး ထင္တယ္ ။ အဟက္ က်ေတာ္ လက္ထပ္ဖို ႕ စိတ္ကူးမရွိဘူး။
မိန္းကေလးရွင္နဲ႕ေတာင္ မေတြ႕ရေသးဘဲနဲ႕ သူတို႕ေတြ မဂၤလာခန္းမေတာင္ ဌားျပီးေနေလာက္ျပီ။ ေတာ္ျပီ''

album စာအုပ္အမဲေရာင္ကို ျပန္တြန္းပို႔လိုက္သည္။

''ေက်းဇူးျပဳ၍ တစ္ခ်က္ေလာက္ျကည့္ျကည့္ပါအုံး  ''

album ကို သူဘက္သို႕ အနည္းငယ္ တြန္းပို႕လိုက္သည္။

''Ooyama!!''

က်ေတာ္ကို ေလသံမာမာျဖင့္ ေခၚလိုက္ျခင္းသည္ သေဘာမက် မနွစ္သက္ျခင္းကို ျပေနျခင္းပင္။
က်​ေတာ္​ကို တည္​့တည္​့ၾကည္​့​ေန​ေသာ မ်က္​ဝန္​းျပာမ်ား ​ေအာက္​တြင္​ ​ေဒါသရိပ္​ မ်ား ႐ွပ္​​ေျပးလ်က္​ . . .

Continue Reading

You'll Also Like

10.8M 251K 60
๐…๐ซ๐จ๐ฆ ๐„๐ง๐ž๐ฆ๐ข๐ž๐ฌ ๐ญ๐จ ๐‹๐จ๐ฏ๐ž๐ซ๐ฌ Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
8.8K 106 28
yall i am really unimaginative so send in requests
3.9M 250K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...