~• ဝှား.... နိုးတောင် နိုးနေပြီလား.....Kyung Soo .... •~
မနက်စာ အတွက် ပြင်ဆင်နေတုန်း နောက်ကျောဘက်က ထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ ထမင်းစားခန်း အဝ မှာ မှီပြီး ရပ်နေတဲ့ Baekhyun....
အိပ်ရာနိုးခါစ ဆံပင် စုတ်ဖွားနဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာပေး အရ ညက အကျိုးဆက်ကြောင့် အရက်နာကျသွားပုံပင်...
နားထင်ကြောကို ဖိနှိပ်နေသေးတာ.......
ခုံပေါ်က ပျားရည် ခွက်ကို မေးငေါ့ပြတော့ ကျေးဇူး ဟု ဆိုကာ တစ်ကျိုက်တည်း မော့သောက်လေရဲ့....
~• ဩော်.... ဒါနဲ့ Baekhyun.... •~
ညက ပုံတွေ အကြောင်း မေးဖို့ သတိရတာကြောင့် စကားစမိတော့ ပျားရည် သောက်နေရင်း တန်းလန်း နဲ့ လှည့်ကြည့်လာသည်။
~• ညက မင်း ငါ့ကို ပေးတဲ့ ပုံထဲက လူက ဘယ်သူလဲ.... အခန်းထဲက ပုံတွေကလည်း သူ့ပုံတွေပဲ မဟုတ်လား...•~
~• ဟင်!.....Kyung Soo ya!... မင်း တကယ် မမှတ်မိတာလား... သူ့ကိုလေ... •~
Baekhyun ဒီလောက် ပြူးတူး ကြောင်တောင် ဖြစ်နေပုံအရ တော်တော် အရေးကြီးသည့် သူ ထင်သည်။
~• အင်း!.... ငါ တကယ် မမှတ်မိဘူး Baekhyun •~
~• သူက .... မင်းနဲ့.... စေ့စပ်ထားတဲ့ လူလေ...မင်းရဲ့ ချစ်သူလေ..•~
~• ဘာ..........•~
.
.
.
.
.
.
.
.
.
.
အခန်းထဲ ချိတ်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း ကြည့်ရင်း စိတ်တွေ ရှုပ်လာရသည်။
မယုံနိုင်စရာတွေ ဆက်တိုက် ဆိုသလို ဖြစ်လာနေတာမို့ ဘယ်လို ဖြေရှင်းရမယ် မှန်းလည်း မသိ.....
အခုလည်း သူဟာ ယောကျာ်း တစ်ယောက်နဲ့ ချစ်ကြိုက်ပြီး စေ့စပ်ထားပြန်သည် တဲ့.....
ဘာတွေ မှား နေမှန်း မသဲကွဲ ပေမယ့် တစ်ခုခု တော့ မှား နေတာ သေချာသည်။
စိတ်ရှုပ်ရှုပ်နှင့် နံရံက ဓာတ်ပုံတွေကို မျက်စောင်းတွေ လှိမ့်ထိုးကာ ဝရန်တာ ကို ထွက်လာ လိုက်မိသည်။
ဝရန်တာမှာ ဟိုကြည့် သည်ကြည့် လုပ်နေတုန်း အိမ်ရှေ့ ခပ်လှမ်းလှမ်းက လူရိပ်ကြောင့် အခန်းထဲ လှစ်ခနဲ ပြန်ဝင်လိုက်မိသည်။
ထိုလူကတော့ Kyung Soo ကို မြင်လိုက်ပုံမပေါ်....
အခန်းထဲက မှောင်ရိပ်ကွယ်ကာ စောင့်ကြည့်မိတော့ ထိုသူက Kyung Soo အခန်းရှိရာ ဆီကို လှမ်းကြည့်နေသည်။
မဖြစ်တော့.. ဒီ ကိစ္စကို သေသေချာချာ ရှင်းမှ ဖြစ်မည်ဟု တွေးရင်း အနွေးထည် ကို ကောက်ဆွဲကာ အောက်ထပ် ပြေးဆင်း လာလိုက်သည်။
အပြင်ကို ခပ်သုပ်သုပ် ထွက်သွားတဲ့ သူ့ကို အောက်ထပ်မှာ TV ကြည့်နေတဲ့ Baekhyun လှမ်းအော်တာလည်း ပြန်မဖြေဖြစ်ခဲ့...
ခြံပြင်ထွက်လာရင်း ထိုလူ မြင်သာအောင် ရှေ့ကဖြတ်လျှောက်ကာ ထွက်လာခဲ့သည်။
နောက်ကို မသိမသာ စောင်းငဲ့ ကြည့်တော့ ခပ်လှမ်းလှမ်းက ပါလာပြန်တာ တွေ့ရသည်။
ခေါင်းထဲ လှစ်ခနဲ ပေါ်လာတဲ့ အတွေးကြောင့် လမ်းချိုးထဲ ချိုးဝင်ကာ အကွယ် တစ်နေရာမှာ ပုန်းနေလိုက်သည်။
Kyung Soo ပုန်းနေတဲ့ နေရာကို အနည်းငယ်ကျော်ထွက်သွားတဲ့ ထိုလူကို နောက်ကနေ အလစ်တိုက်ကာ နံရံမှာ တွန်းကပ်ထားလိုက်သည်။
ခေါင်းက ဦးထုပ်ကို ဆွဲချွတ်ကာ Mask အထိ ဆွဲ ဖြုတ်ပြီးမှ သိလိုက်ရတာက ထိုလူသည် Kyung Soo ခန့်မှန်း ထားခဲ့သလို ယောက်ျား တစ်ဦးမဟုတ်ပဲ မိန်းမ တစ်ဦးဖြစ်နေခဲ့ ကြောင်းကို........
.
.
.
.
.
.
.
.
~• ခင်ဗျား က ဘယ်သူလဲ.... •~
တိတ်ဆိတ်နေတဲ့ အခန်းအတွင်း Kyung Soo စကားစလိုက်တာမို့ ရှေ့က အမျိုးသမီးက မျက်လုံးလှန်ကြည့်လာသည်။
စူးရှနေတဲ့ မျက်ဝန်း အစုံနဲ့ သူ့ရဲ့ တည်ကြည်မှုကြောင့် တော်တော် ကျက်သရေရှိသည့် အမျိုးသမီး ဟု ဆိုနိုင်သေးသည်။
သူ့နောက် ခပ်လှမ်းလှမ်း မှာတော့ Kyung Soo နောက်ကို လိုက်ခဲ့ တဲ့ အမျိုးသမီးက ခေါင်းငုံ့ကာ ခပ်ကုပ်ကုပ် ရပ်နေလေသည်။
~• မင်း....... ဒီကို ဘယ်လို ရောက်လာလဲ ဆိုတာကို သိနေတဲ့ တစ်ဦးတည်းသော သူ..... •~
~• ဗျာ.....•~
သူမ နှုတ်ခမ်းဖျားက တစ်လုံးစီ ထွက်ကျလာတဲ့ စကားကြောင့် အံ့ဩသွားမိသည်။
Kyung Soo ကိုယ်တိုင်တောင် မသိတဲ့ ကိစ္စကို သူမက ဘာလို့?
~• ခင်ဗျား ဘယ်လို သိနေခဲ့တာလဲ... •~
~• မင်းရောက်လာရတဲ့ အဓိက သော့ချက်က တို့ မိသားစုနဲ့ သက်ဆိုင်လို့ပါ... ဒါနဲ့ စကား မစပ် တို့ကို Mira လို့ပဲ ခေါ်ပါ... Kyung Soo sshi... ခင်ဗျား ဆိုတာကြီးက နားကလောတယ်... •~
~• ဟုတ်ပါပြီ....Mira sshi... ကျွန်တော် ဘာတွေ ဖြစ်သွားခဲ့တာလဲ... အဲ့ဒီ့ အဓိက သော့ချက် ဆိုတာ ဘာလဲ... •~
~• ဆွဲကြိုး .... Kyung Soo လည်ပင်းက သော့ပုံစံ... ဆွဲကြိုး.... •~
သူမ မျက်ခုံးပင့်ပြီး ပြောလိုက်တဲ့ အဆုံးသတ်မှာ လက်က အင်္ကျီအောက်က ဆွဲကြိုးကို အလိုလို ထိမိလျှက်သား....
~• ဒီ....ဒီဆွဲကြိုးကြောင့် ..... •~
~• အင်း...ဟုတ်တယ်... ဒီ ဆွဲကြိုးက တို့ မိသားစုရဲ့ ပစ္စည်းတစ်ခုပါ.... ပြောရရင်တော့ အမွေအနှစ်ပေါ့......
ဒီဆွဲကြိုး ရှိနေတဲ့ သူက စကြာဝဠာထဲ ဖြစ်တည်နေတဲ့ အပြိုင် ကမ္ဘာနှစ်ခုကို ကူးသန်းနေလို့ရတယ်....
အခု လက်ရှိ အမွေကို ထိန်းသိမ်းရမယ့် လူကတော့ တို့ပေါ့...
ဒါပေမယ့် ကံမကောင်းစွာပဲ လွန်ခဲ့တဲ့ ငါးနှစ်က ပျောက်သွားတဲ့ ဆွဲကြိုးက အခု တစ်ဖက်ကမ္ဘာက Kyung Soo ဆီ ရောက်နေခဲ့တာပဲ...... •~
~• ဒါဆို...ဒါဆို.. ကျွန်တော် ရောက်နေတာက •~
~• ဟုတ်ပါတယ်... Kyung Soo က Kyung Soo ရှင်သန်ခဲ့တဲ့ ကမ္ဘာနဲ့ အပြိုင် ဖြစ်ပေါ်နေတဲ့ နောက်ထပ် ကမ္ဘာတစ်ခုဆီရောက်နေခဲ့တာပါ... •~
သူမရဲ့ ရှည်လျားတဲ့ စကားသံ နောက်မှာ Kyung Soo အဖြစ်က ချောက်နက်ကြီး တစ်ခုထဲ ထိုးကျသွားသလိုမျိုး ခံစားလိုက်ရသည်။
ဒါဆို စာအုပ်ထဲက အတိုင်း ဖြစ်နေခဲ့တာပေါ့....
Kyung Soo မယုံခဲ့တဲ့ အရာက တစ်ကယ် ဖြစ်နေတာတဲ့လား.....
~• ကျွန်တော်..ကျွန်တော့် ကမ္ဘာကို ပြန်လို့ရမယ် မဟုတ်လား..... •~
~• အချိန် တန်ရင်ပေါ့...... အခုတော့ အိမ်အရင် ပြန်လိုက်ပါဦး...... ပြောချင်တာ တစ်ခုခု ရှိရင်တော့ သူ နဲ့ပဲ ဆက်သွယ်ပါ့မယ်... •~
နှင်သည် မမည်တဲ့ နှင်ထုတ်သံ အဆုံး ခေါင်းငြိမ့်ပြကာ ထထွက်လာခဲ့လိုက်သည်။ ....
မှားယွင်းမှုတွေကို သိပြီး တာတောင် ဘာမှ မဖြေရှင်းနိုင်ပြန်တဲ့ ကိုယ့်ကိုကိုယ် အားမလို အားမရ တွေ ဖြစ်လာမိသည်။
စိတ်တွေ ရှုပ်နေတာ ကြောင့် တော်တော် နဲ့ အိပ်မပြန်ဖြစ်ပဲ လျှောက်သွားနေမိသည်။
Baekhyun ဖုန်း ခေါ်တာတွေကို သိသော်လည်း စကား ပြောချင်စိတ် မရှိသေးတာမို့ ပြန်မဖြေဖြစ်..
စိတ်တည်ငြိမ်သွားလို့ အိမ်ကို ပြန်ဖြစ်တော့ ည မိုးချုပ်နေပြီ....
.
.
.
~• Ya!.... ဘယ်တွေ သွားနေတာလဲ.... ဘာမှ လည်း ပြောမသွားဘူး .. ဖုန်းလည်း မကိုင်ဘူး...•~
ခြံ ထဲ ရောက်တာနဲ့ ကြားလိုက်ရတဲ့ Baekhyun အော်သံကြောင့် ခပ်ဖျော့ဖျော့သာ ပြုံးပြ မိလိုက်သည်။
သူ့ အပြုံးတွေ အသက်မပါတာကို Baekhyun က သတိထားမိသည် ထင်ရဲ့..
~• မင်း..တစ်ခုခု များ ဖြစ်လာသလား....Kyung Soo.. •~
~• မဖြစ်ပါဘူးကွာ... ဟို... နည်းနည်း ပင်ပန်းနေလို့ပါ..... လာ.. အထဲ ဝင်ရအောင်... •~
~• အေး...အေး... ဩော်... ဒါ နဲ့ အထဲ မှာ မင်း ဧည့်သည် ရောက်နေတယ် .. အဟင်း... •~
ပြောနေရင်း ပြုံးစိစိ လုပ်နေပြန်တာကြောင့် အထဲကို မြန်မြန်ဝင်လိုက်ရသည်။
ဒါ နဲ့ ဘယ်က ဧည့်သည်ပါလိမ့်.... သေချာတာက ထိုသူကိုလည်း Kyung Soo သိမှာ မဟုတ်...
ဧည့်ခန်းထဲကို Kyung Soo ခြေချ လိုက်တာနဲ့ ကျောပေးထိုင်နေတဲ့ သူက လှည့်ကြည့်လာသည်။
မျက်စိရှေ့မှာ ရပ်နေတဲ့ သူ့ကြောင့် ကြက်သေသေ သွားမိသည်။
ထိုလူက Kyung Soo နဲ့ စေ့စပ်ထားတယ် ဆိုတဲ့ ချစ်သူ.....
ကြောင်ကြည့်နေမိတဲ့ Kyung Soo ဆီ တစ်လှမ်းချင်း လျှောက်လာတဲ့ သူ က ဘာလို့ ထိုမျှလောက် ကြည့်ကောင်းနေတယ် မသိ...
ရှေ့တည့်တည့်မှာ ခြေစုံရပ်လိုက်တဲ့ သူက Kyung Soo ထက်တော့ သိသိသာသာ အရပ်မြင့်သည်။
Kyung Sooပခုံး တွေကို ထိန်းကိုင်ထားတဲ့ သူ့ရဲ့ လက်ဖဝါးခပ်ကြီးကြီးတွေက နွေးထွေးသလိုပဲ...
မထူမပါး နှုတ်ခမ်း တစ်စုံက ခဏကြာ ပြုံးယောင်သန်းနေခဲ့ပြီးမှ ခပ်ဟဟပွင့်ချလာသည့် စကားသံတွေ....
~• ကိုယ် ပြန်လာပြီ ..... Kyung •~ တဲ့ ..
ထိုအချိန်က Kyung Soo ရင်ထဲ ခံစားချက် တစ်မျိုး ဖြတ်ပြေးသွားခဲ့လေရဲ့...
ထိုခံစားချက်က ဘယ်ကို ဦးတည်နေမှန်း သိသော်ငြား... ခဏတော့ ရူးသွပ်ချင်ခဲ့တာမို့ .....
ရင်ခွင်ထဲ တိုးဝင်မိလိုက်သည်။ ...
စိတ်ထဲကလည်း ရှေ့က ရင်ခွင်ပိုင်ရှင်ရဲ့... တကယ့်ချစ်သူကို တီးတိုးတောင်းပန်မိရင်း....
...
...
...
...
...
အဟိ...တွေ့သွားပြီနော်.... ☻☻......
ဖြည်းဖြည်း နဲ့ မှန်မှန်လေး သွားကြတာပေါ့... ❤...
ချစ်တယ်နော်......❤❤