EX (Zawgyi+ Unicode)

By nora_nono

354K 38.6K 2.2K

ခ်စ္ေနဆဲ.... ျမတ္ႏိုးေနဆဲ.... လိုအပ္ေနဆဲပါပဲကြာ..... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
EX FMV
Part 16
Part 17
EX FMV 2
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27

Part 8

13K 1.5K 109
By nora_nono

တေျဖးေျဖး ညဥ့္နက္လာသည္နဲ႔အမ်ွ မီးလံုးေရာင္စံု မိႈင္းဖ်ဖ်ေလးေတြဟာလည္း မိုးေကာင္းကင္က ၾကယ္ေလးေတြနဲ႔အၿပိဳင္ လွပလာၾကသည္။

ပတ္ဝန္းက်င္က တိတ္ဆိတ္လာေသာ္လည္း ရႊင္ျမဴးျမဴးအခ်စ္သီခ်င္းခ်ိဳခ်ိဳေလးေတြနဲ႔ လူငယ္တစ္စု ေပ်ာ္ရႊင္ရယ္ေမာသံတစ္ခ်ိဳ႕ကပိုမိုပီျပင္လို႔လာသည္။

စားစရာ ေသာက္စရာ အျပည့္စီစဥ္ေပးထားတာေၾကာင့္ ေသာက္တဲ့သူကေသာက္ ေတးသီခ်င္းေလးစီးေျမာရင္း ဟန္ခ်က္လိုက္သူကလိုက္နဲ႔ ေပ်ာ္စရာညေလးတစ္ညအျဖစ္ အသက္သြင္းေနၾကသည္။

ပိုပီးေပ်ာ္စရာေကာင္းသည္က လူသားႏွစ္ဦး၏ခ်စ္ျခင္းေမတၱာကို ဂုဏ္ျပဳေပးၾကသည့္ ညတစ္ညျဖစ္သည္မလား။

ဟိုတယ္ ျမက္ခင္းျပင္မွာ ခင္းက်င္းထားသည့္ Jonginတို႔ရဲ႕ မဂၤလာညစာစားပြဲေလးဟာ ႀကီးႀကီးက်ယ္က်ယ္ မဟုတ္ေသာ္လည္း လူအနည္းက်ဥ္းေလာက္နဲ႔ ေပ်ာ္စရာေကာင္းသည္ေတာ့အမွန္။

ေက်ာင္းတည္းက ကြဲသြားသည့္ ေဘာ္ဒါေတာ္ေတာ္မ်ားကို ခုလိုပြဲ႐ွိမွသာ တစ္စုတစ္စည္းတည္း ျပန္ေတြ႔ရတာျဖစ္သည္။ သူငယ္ခ်င္းအရင္းႀကီးေတြခ်ည္းပဲ ႐ွိသည္မို႕ Jonginရဲ႕ ပြဲကိုအေၾကာင္းျပဳကာ အလြတ္ကိုေပ်ာ္ေနၾကသည္။

အလုပ္ကိစၥ လူမႈေရးစသည့္ ဖိအားမ်ားကို ခဏေလာက္ေမ့ကာ လြတ္လြတ္လပ္လပ္ကို ကဲေနၾကသည္။ Jonginကလည္း စိတ္ႀကိဳက္ကဲၾက ဟိုတယ္အခန္းစီစဥ္ေပးထားသည္ဆိုေတာ့ ဘယ္သူ႔ကိုမွ ထိန္းမရေတာ့။

ထိုေပ်ာ္ေနၾကသူထဲတြင္ အျပည့္အဝမေပ်ာ္ႏိုင္ေသးပဲ ဆန္႔တငင္ငင္ျဖစ္ေနသူက Park Chanyeol။

ဟိုတယ္ ဝင္ေပါက္ဘက္မ်က္ႏွာမူထားသည့္ စားပြဲဝိုင္းတစ္ခုမွာ ေလ်ာ့တိေလ်ာ့ရဲထိုင္ေနကာ ေဘးမွာထိုင္ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္နဲ႔ စကားေျပာေနေပမယ့္ စိတ္အာရံုက စကားဝိုင္းမွာမ႐ွိ။ တစ္စံုတစ္ေယာက္ကို လြတ္သြားမွာစိုးသည့္အလား ဟိုတယ္ဝင္ေပါက္ကိုသာ သည္းႀကီးမည္းႀကီးၾကည့္ေနမိသည္။

ည႐ွစ္နာရီေလာက္က စသည့္ Jonginတို႔ ညစာစားပြဲဟာ ခုကိုးနာရီနဲ႔မိနစ္သံုးဆယ္စြန္းစြန္းသို႔ ေရာက္႐ွိေနခ်ိန္မွာ အ႐ွိန္တေျဖးေျဖးရလာပီျဖစ္ေပမယ့္ Baekhyunတစ္ေယာက္ကေတာ့ ေပၚမလာေသး။

မနက္ကပြဲမွာလည္း လည္ပင္း႐ွည္ေအာင္ေစာင့္ေနေပမယ့္ Baekhyunကေပၚမလာ။ မေနႏိုင္၍ Jonginကို အပူကပ္ကာေမးေတာ့မွ Jonginက Baekhyunဆီ ဖုန္းေခၚေပးသည္။

စာအုပ္အသစ္မိတ္ဆက္ပြဲႏွင့္ တိုက္ေနေသာေၾကာင့္ ေနာက္က်မည္ျဖစ္ေၾကာင္း အကယ္၍ေနာက္က်လို႔ မနက္ပြဲမမွီပါက ဒင္နာပြဲေတာ့ဆက္ဆက္လာပါမည္ဟု Jonginကို ေတာင္းေတာင္းပန္ပန္ႏွင့္ေျပာေနသည္။

သို႔ေသာ္လည္း မ်က္စိႏွင့္ျမင္မွ စိတ္ခ်ႏိုင္မည္မို႔ Jonginကို Baekhyunဆီ Video Call ခ်က္ခ်င္းပင္ေခၚခိုင္းလိုက္သည္။

Baekhyunတို႔ကုမၸဏီက စာအုပ္သစ္မိတ္ဆက္တာ မွန္ေၾကာင္းကို Video Callကတစ္ဆင့္ ျမင္ေနရေပမယ့္ ေဘးက တပူးကပ္ကပ္ျဖစ္ေနသည့္ Baekhyunရဲ႕ Bossဆိုတဲ့သူေၾကာင့္ Chanyeol စိတ္မၾကည္ျဖစ္ေနမိသည္မွာ တစ္ေန႔လံုး။ သူလမ္းခြဲလိုက္ပီးေနာက္မွာ Baekhyunက ထိုBossဆိုသူနဲ႔ အခ်ိန္တိုတြင္း ရင္းႏွီးလြန္းသြားသည္ကို မေက်နပ္။

ခုလည္း ည႐ွစ္နာရီကစသည့္ပြဲကို ကိုးနာရီေက်ာ္သည္ထိမေရာက္ေသးေတာ့ ဘယ္လိုေနရမွန္းမသိ။ ဖုန္းဆက္ရေအာင္လည္း Black Listလုပ္ထားသည္မို႔ ဆက္မရ။ အဲ့ေတာ့ လုပ္ႏိုင္သည့္ ေမ်ွာ္တာတစ္ခုကိုပဲ ဟိုတယ္ဝင္ေပါက္ကို တစိုက္စိုက္ၾကည့္ကာေဆာင္ရြက္ေနရသည္။

ထိုစဥ္ ရင္းႏွီးေနသည့္ ကားအျဖဴေလးက ဟိုတယ္ထဲဝင္လာသည္ကို ေတြ႔သည္မို႔ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေနသည့္ ခနၶာကိုယ္ကို မတ္လိုက္သည္။ ေသခ်ာသြားေအာင္ ကားနံပါတ္ျပားကို ျပဴးျပဲျကည့္ရေသးသည္။

......

......

......

ကားတံခါးဖြင့္ကာ ေျခေထာက္ေလးတစ္ဖက္ခ်လာသည္ကအစ ၾကည့္ေနမိသည္။

ကုတ္အမဲ ေဘာင္းဘီအမဲအျပင္ အတြင္းက႐ွပ္ကအစ အမဲေရာင္ဝတ္ထားသည္။ ဟိုတေလာကမွ ဆိုးထားသည့္ ေငြမွင္ေရာင္ဆံႏြယ္ေပ်ာ့ေပ်ာ့တို႔က ပံုသြင္းထားသည္မို႔ suit အမဲနဲ႔ လိုက္ဖက္သည္ထက္ကိုပိုေနသည္။ အရင္ကတပ္ေနက် မ်က္မွန္ဝိုင္းဝိုင္းေလးအစား မ်က္ကပ္မွန္တပ္ထားသည္မို႔ မ်က္ဝန္းေလးေတြကအစ ညိဳ႕ခ်က္ျပင္းေနသည္။

တစ္လွမ္းခ်င္းေလ်ွာက္ကာ ပြဲအလယ္က Jonginတို႔ဆီတစ္လွမ္းခ်င္းလွမ္းေလ်ွာက္ေနပံုကအရင္ ျမင္ဖူးေနက် Baekhyunမဟုတ္သလို။
နားတစ္ဖက္က နားကြင္းပါးပါးေလးဝတ္ထားကာ မ်က္ႏွာဝင္းဝင္းေျပာင္ေျပာင္ေလးနဲ႔မို႔ အျမင္႐ိုင္းမသြား။

ပြဲထဲဝင္လာမွ သတိထားမိသည္က အတြင္းက ႐ွပ္အမဲကို ၾကယ္သီးတစ္ခ်ိဳ႕ျဖဳတ္ထားကာ ဝတ္ထားသည္မို႔ ၾကည့္ေကာင္းသည္ထက္ေက်ာ္လြန္ကာ ဆြဲေဆာင္မႈ႐ွိေနျခင္း။

'Baekhyunက မင္းနဲ႔ျပတ္ပီးမွ အရမ္းမိုက္လာတယ္ေနာ္'

Baekhyunအေပၚ အာရံုအားလံုးစုပံုထားသည္မို႔ ေဘးကအသံၾကားမွသာ သတိျပန္ဝင္လာရသည္။

ခုဏေလးတင္ထိ Chanyeolနဲ႔ စကားလက္ဆံုက်ေနသည့္ ေက်ာင္းတုန္းကသူငယ္ခ်င္းက မ်က္လံုးႀကီးကြၽတ္က်မတတ္ သေရတျမားျမားနဲ႔ Baekhyunကို ငမ္းေနသည္မို႔ Chanyeol ခပ္တင္းတင္းတစ္ခ်က္စိုက္ၾကည့္လိုက္မွသာ သေကာင့္သားက အၾကည့္လႊဲသြားသည္။

တဆက္တည္းမွာ ထိုင္ရာကထပီး Chanyeolလုပ္မိသည္က ရင္ဘတ္ပြင့္ေနသည့္ Baekhyunကို ၾကယ္သီးသြားတပ္ေပးျခင္း။

"ဟ...လန္႔လိုက္တာ...ဘာျဖစ္ေနတာလဲ Chanyeol''

Jonginတို႔နဲ႔ ႏႇဳတ္ဆက္စကားေျပာေနသည့္ Baekhyunက အေလာတႀကီးေျပးဝင္လာပီး ၾကယ္သီးေတြဇြတ္တပ္ေပးေနေသာ Chanyeolေၾကာင့္ ဟန္ခ်က္အနည္းငယ္ပ်က္သြားရသည္။

"မင္းက ဘာကိစၥ ဒီလိုႀကီးဝတ္ထားလဲ???''

"ဘာလို႔ ငါ့ လာေအာ္ေနတာလဲ...ငါ့ဟာငါ ဘာဝတ္ဝတ္ေပါ့...မင္းနဲ႔ဘာဆိုင္လဲ??''

ပြဲလယ္ေခါင္မွာ Chanyeolက ၾကယ္သီးေတြ ဇြတ္အတင္းတပ္ေပး Baekhyun ကChanyeolလက္ေတြကို အတင္းဖယ္ခ်နဲ႔ ကိုးလို႔ကန္႔လန္႔ျဖစ္ေနမွာ အေသခ်ာပင္။

'ေတာ္ပါေတာ့ကြာ... လာေအးေဆးထိုင္... လာ'

Jonginျဖန္ေျဖေပးလို႔ ၿငိမ္သက္သြားေပမယ့္ Baekhyunက Chanyeol ထိုင္ခဲ့သည့္ စားပြဲဝိုင္းမွာ ဝင္ထိုင္ရံုမက ဟိုသေကာင့္သားေဘးမွာ ပါဝင္ထိုင္ေလေတာ့.....

မရေတာ့....

Chanyeol ဘယ္လိုမွမရေတာ့တာမို႔ သူတို႔ႏွစ္ေယာက္ၾကားထဲ အတင္းပင္ဝင္ထိုင္လိုကေတာ့သည္။

"ဘယ္လိုျဖစ္ေနတာကြာ... Chanyeol ရာ....''

"ဘာမွမျဖစ္ဘူး...အျပင္းေတြမေသာက္နဲ႔ ေရာ့.... ဒါေလးပဲေသာက္''

ဝီစကီခြက္ေတြ ေဘးဖယ္ကာ ႐ွန္ပိန္တစ္ခြက္ကိုသာ Baekhyunေ႐ွ႕ခ်ေပးလိုက္သည္။

႐ွန္ပိန္ခြက္ကို မေသာက္ေသးပဲ လက္ထဲမွာ လွည့္ကစားေနရင္း သီခ်င္းလိုက္ညည္းေနပံု ရသည့္ Baekhyunက မီးေရာင္ေအာက္မွာ ဆြဲေဆာင္မႈျပင္းထန္လြန္းေနသည္။

Baekhyun ပံုစံေတြ ေျပာင္းသြားသည္က အေရးမႀကီး ေဘးက ဟိုေကာင္မ်က္လံုးႀကီး ကြၽတ္မသြားဖို႔ကအေရးႀကီးသည္မို႔ ခပ္တည္တည္ပင္ Baekhyunကို ျကည့္လို႔မရေအာင္အတင္းပိတ္ကာ Baekhyunဘက္လွည့္ထိုင္လိုက္သည္။

ဒီလိုေတြ ျဖစ္လာမွာစိုးလို႔ Baekhyunနဲ႔လမ္းခြဲသည့္ ကိစၥကို မေျပာေသးရန္ Jonginကို အကူအညီေတာင္းထားေပမယ့္ Baekhyunလည္း လြတ္လြတ္လပ္လပ္ေနခ်င္မွာေပါ့ဆိုကာ လာသမ်ွလူေတြကို Baekhyunနဲ႔ Chanyeolအေၾကာင္း အကုန္ေျပာျပေနသည္။

Kim Jonginတစ္ေယာက္ ရြဲ႔ပီးမ်ားေျပာေနသလားထင္ရသည္။

ဒါ့အျပင္ အရင္ကနဲ႔မတူ ပံုစံေတြ အရမ္းမိုက္လာသည့္ Baekhyunကို တိုးတိုးသာသာတစ္မ်ိဳး ေပၚတင္တစ္မ်ိဳးနဲ႔ ငမ္းေနၾကသည္ျမင္ရေတာ့ ေဒါသေတြခ်ည္းသာ လိမ့္ထြက္ေနမိသည္။

အရင္ကဆို Chanyeolရဲ႕ အကာအကြယ္ေအာက္မွာ ႐ွိသည့္ Baekhyunကို အေတြးထဲေတာင္ မပစ္မွားရဲၾက။ အခု မဆိုင္ေတာ့မွန္းသိေတာ့ ေပၚတင္ပင္ ငမ္းေနၾကသည့္ သူမ်ားက လူလြတ္ေတြတင္မက အတြဲ႐ွိသူမ်ားပင္ပါသည္။

စိတ္တိုတိုနဲ႔ မ်က္ေစာင္းေတြခ်ည္း ပိတ္ထိုးေနေတာ့ မင္းနဲ႔ဆိုင္ေသးလို္႔လားဆိုသည့္ ခပ္ေလွာင္ေလွာင္အၾကည့္ေတြသာျပန္ရသည္။

Chanyeol ပထမဆံုးေနာင္တရမိသည္က Baekhyunရဲ႕အနီးဆံုးကေနပီးေစာင့္ေ႐ွာက္ေပးခြင့္႐ွိပါလ်က္နဲ႔ ကိုယ္တိုင္လက္လြတ္လိုက္မိျခင္း.......

.......

.......

Jonginရဲ့ တရားဝင္ေယာက်ာ္းေလး Kyungsoo ကို လက္တစ္ဖက္က ႐ွန္ပိန္ခြက္ေလးကိုင္ကာ လက္ဟန္ေျခဟန္ေတြနဲ႔ အားရပါးရစကားေျပာေနသည့္ Baekhyunက တစ္ခ်က္တစ္ခ်က္ သီခ်င္းသံနဲ႔စည္းခ်က္လိုက္ကာ ကေနတတ္ေသးသည္။

ဒီေန႔မွ Baekhyunရဲ႕ လႈပ္႐ွားမႈေတြက ေမွာ္ဆန္ေနကာ ပြဲထဲမွာ႐ွိေနသည့္ လူေတြအားလံုးကို ညိဳ႕ေနသေယာင္။

အကုန္လံုးက ရင္းႏွီးပီးသားသူေတြမို႔ Baekhyunရဲ႕ အနားသာတိုးကပ္ေနၾကပီး အတင္းေတြဝင္ေရာေနသည္။

Chanyeolအျဖစ္က ကိုယ္ပစ္ပယ္လိုက္သည့္ အပင္ေလးက ထင္မွတ္မထားစြာ ပြင့္ေဝလာသည္မို႔ ျခဴခ်င္သူေတြ မ်ားလာရသည့္အျဖစ္။ ပန္းေလးကို ကိုယ့္အပိုင္ဆိုပီး ဟစ္ေႂကြးခ်င္ေပမယ့္ ပစ္ထားလိုက္မိသည့္ ကိုယ့္အျပစ္ေၾကာင့္ မဝံရဲ။

စားပြဲေပၚ႐ွိသည့္ ဝီစကီ.....
တစ္ခြက္ပီးတစ္ခြက္ငွဲ႔ေသာက္ရင္းသာ မူးေမ့ေပ်ာက္ေအာင္ေဆာင္ရြက္ေနေပမယ့္....

ဝီစကီပုလင္းသာေလ်ာ့သြားသည္။ မူးမလာသည့္အျပင္ ရင္ေတြသာပူေလာင္လာရသည္။...

......

.......

ဟင့္အင္း.....

Chanyeol အပိုင္ျဖစ္ခဲ့သည့္ ပန္းေလးကို ဘယ္နည္းနဲ႔မွ လက္မလြတ္ႏိုင္ေတာ့.....

အဖိုးတန္လြန္းလွသည္မို႔ ....
မည္သူတစ္ဦးတစ္ေယာက္ လက္ထဲသို႔ ထည့္ႏိုင္မည္မဟုတ္ေပ.......




တဖြေးဖြေး ညဉ့်နက်လာသည်နဲ့အမျှ မီးလုံးရောင်စုံ မှိုင်းဖျဖျလေးတွေဟာလည်း မိုးကောင်းကင်က ကြယ်လေးတွေနဲ့အပြိုင် လှပလာကြသည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်လာသော်လည်း ရွှင်မြူးမြူးအချစ်သီချင်းချိုချိုလေးတွေနဲ့ လူငယ်တစ်စု ပျော်ရွှင်ရယ်မောသံတစ်ချို့ကပိုမိုပီပြင်လို့လာသည်။

စားစရာ သောက်စရာ အပြည့်စီစဉ်ပေးထားတာကြောင့် သောက်တဲ့သူကသောက် တေးသီချင်းလေးစီးမြောရင်း ဟန်ချက်လိုက်သူကလိုက်နဲ့ ပျော်စရာညလေးတစ်ညအဖြစ် အသက်သွင်းနေကြသည်။

ပိုပီးပျော်စရာကောင်းသည်က လူသားနှစ်ဦး၏ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုပေးကြသည့် ညတစ်ညဖြစ်သည်မလား။

ဟိုတယ် မြက်ခင်းပြင်မှာ ခင်းကျင်းထားသည့် Jonginတို့ရဲ့ မင်္ဂလာညစာစားပွဲလေးဟာ ကြီးကြီးကျယ်ကျယ် မဟုတ်သော်လည်း လူအနည်းကျဉ်းလောက်နဲ့ ပျော်စရာကောင်းသည်တော့အမှန်။

ကျောင်းတည်းက ကွဲသွားသည့် ဘော်ဒါတော်တော်များကို ခုလိုပွဲရှိမှသာ တစ်စုတစ်စည်းတည်း ပြန်တွေ့ရတာဖြစ်သည်။ သူငယ်ချင်းအရင်းကြီးတွေချည်းပဲ ရှိသည်မို့ Jonginရဲ့ ပွဲကိုအကြောင်းပြုကာ အလွတ်ကိုပျော်နေကြသည်။

အလုပ်ကိစ္စ လူမှုရေးစသည့် ဖိအားများကို ခဏလောက်မေ့ကာ လွတ်လွတ်လပ်လပ်ကို ကဲနေကြသည်။ Jonginကလည်း စိတ်ကြိုက်ကဲကြ ဟိုတယ်အခန်းစီစဉ်ပေးထားသည်ဆိုတော့ ဘယ်သူ့ကိုမှ ထိန်းမရတော့။

ထိုပျော်နေကြသူထဲတွင် အပြည့်အဝမပျော်နိုင်သေးပဲ ဆန့်တငင်ငင်ဖြစ်နေသူက Park Chanyeol။

ဟိုတယ် ဝင်ပေါက်ဘက်မျက်နှာမူထားသည့် စားပွဲဝိုင်းတစ်ခုမှာ လျော့တိလျော့ရဲထိုင်နေကာ ဘေးမှာထိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေပေမယ့် စိတ်အာရုံက စကားဝိုင်းမှာမရှိ။ တစ်စုံတစ်ယောက်ကို လွတ်သွားမှာစိုးသည့်အလား ဟိုတယ်ဝင်ပေါက်ကိုသာ သည်းကြီးမည်းကြီးကြည့်နေမိသည်။

ညရှစ်နာရီလောက်က စသည့် Jonginတို့ ညစာစားပွဲဟာ ခုကိုးနာရီနဲ့မိနစ်သုံးဆယ်စွန်းစွန်းသို့ ရောက်ရှိနေချိန်မှာ အရှိန်တဖြေးဖြေးရလာပီဖြစ်ပေမယ့် Baekhyunတစ်ယောက်ကတော့ ပေါ်မလာသေး။

မနက်ကပွဲမှာလည်း လည်ပင်းရှည်အောင်စောင့်နေပေမယ့် Baekhyunကပေါ်မလာ။ မနေနိုင်၍ Jonginကို အပူကပ်ကာမေးတော့မှ Jonginက Baekhyunဆီ ဖုန်းခေါ်ပေးသည်။

စာအုပ်အသစ်မိတ်ဆက်ပွဲနှင့် တိုက်နေသောကြောင့် နောက်ကျမည်ဖြစ်ကြောင်း အကယ်၍နောက်ကျလို့ မနက်ပွဲမမှီပါက ဒင်နာပွဲတော့ဆက်ဆက်လာပါမည်ဟု Jonginကို တောင်းတောင်းပန်ပန်နှင့်ပြောနေသည်။

သို့သော်လည်း မျက်စိနှင့်မြင်မှ စိတ်ချနိုင်မည်မို့ Jonginကို Baekhyunဆီ Video Call ချက်ချင်းပင်ခေါ်ခိုင်းလိုက်သည်။

Baekhyunတို့ကုမ္ပဏီက စာအုပ်သစ်မိတ်ဆက်တာ မှန်ကြောင်းကို Video Callကတစ်ဆင့် မြင်နေရပေမယ့် ဘေးက တပူးကပ်ကပ်ဖြစ်နေသည့် Baekhyunရဲ့ Bossဆိုတဲ့သူကြောင့် Chanyeol စိတ်မကြည်ဖြစ်နေမိသည်မှာ တစ်နေ့လုံး။ သူလမ်းခွဲလိုက်ပီးနောက်မှာ Baekhyunက ထိုBossဆိုသူနဲ့ အချိန်တိုတွင်း ရင်းနှီးလွန်းသွားသည်ကို မကျေနပ်။

ခုလည်း ညရှစ်နာရီကစသည့်ပွဲကို ကိုးနာရီကျော်သည်ထိမရောက်သေးတော့ ဘယ်လိုနေရမှန်းမသိ။ ဖုန်းဆက်ရအောင်လည်း Black Listလုပ်ထားသည်မို့ ဆက်မရ။ အဲ့တော့ လုပ်နိုင်သည့် မျှော်တာတစ်ခုကိုပဲ ဟိုတယ်ဝင်ပေါက်ကို တစိုက်စိုက်ကြည့်ကာဆောင်ရွက်နေရသည်။

ထိုစဉ် ရင်းနှီးနေသည့် ကားအဖြူလေးက ဟိုတယ်ထဲဝင်လာသည်ကို တွေ့သည်မို့ လျော့တိလျော့ရဲ ဖြစ်နေသည့် ခန္ဓာကိုယ်ကို မတ်လိုက်သည်။ သေချာသွားအောင် ကားနံပါတ်ပြားကို ပြူးပြဲကြည့်ရသေးသည်။

......

......

......

ကားတံခါးဖွင့်ကာ ခြေထောက်လေးတစ်ဖက်ချလာသည်ကအစ ကြည့်နေမိသည်။

ကုတ်အမဲ ဘောင်းဘီအမဲအပြင် အတွင်းကရှပ်ကအစ အမဲရောင်ဝတ်ထားသည်။ ဟိုတလောကမှ ဆိုးထားသည့် ငွေမှင်ရောင်ဆံနွယ်ပျော့ပျော့တို့က ပုံသွင်းထားသည်မို့ suit အမဲနဲ့ လိုက်ဖက်သည်ထက်ကိုပိုနေသည်။ အရင်ကတပ်နေကျ မျက်မှန်ဝိုင်းဝိုင်းလေးအစား မျက်ကပ်မှန်တပ်ထားသည်မို့ မျက်ဝန်းလေးတွေကအစ ညို့ချက်ပြင်းနေသည်။

တစ်လှမ်းချင်းလျှောက်ကာ ပွဲအလယ်က Jonginတို့ဆီတစ်လှမ်းချင်းလှမ်းလျှောက်နေပုံကအရင် မြင်ဖူးနေကျ Baekhyunမဟုတ်သလို။
နားတစ်ဖက်က နားကွင်းပါးပါးလေးဝတ်ထားကာ မျက်နှာဝင်းဝင်းပြောင်ပြောင်လေးနဲ့မို့ အမြင်ရိုင်းမသွား။

ပွဲထဲဝင်လာမှ သတိထားမိသည်က အတွင်းက ရှပ်အမဲကို ကြယ်သီးတစ်ချို့ဖြုတ်ထားကာ ဝတ်ထားသည်မို့ ကြည့်ကောင်းသည်ထက်ကျော်လွန်ကာ ဆွဲဆောင်မှုရှိနေခြင်း။

'Baekhyunက မင်းနဲ့ပြတ်ပီးမှ အရမ်းမိုက်လာတယ်နော်'

Baekhyunအပေါ် အာရုံအားလုံးစုပုံထားသည်မို့ ဘေးကအသံကြားမှသာ သတိပြန်ဝင်လာရသည်။

ခုဏလေးတင်ထိ Chanyeolနဲ့ စကားလက်ဆုံကျနေသည့် ကျောင်းတုန်းကသူငယ်ချင်းက မျက်လုံးကြီးကျွတ်ကျမတတ် သရေတမြားမြားနဲ့ Baekhyunကို ငမ်းနေသည်မို့ Chanyeol ခပ်တင်းတင်းတစ်ချက်စိုက်ကြည့်လိုက်မှသာ သကောင့်သားက အကြည့်လွှဲသွားသည်။

တဆက်တည်းမှာ ထိုင်ရာကထပီး Chanyeolလုပ်မိသည်က ရင်ဘတ်ပွင့်နေသည့် Baekhyunကို ကြယ်သီးသွားတပ်ပေးခြင်း။

"ဟ...လန့်လိုက်တာ...ဘာဖြစ်နေတာလဲ Chanyeol''

Jonginတို့နဲ့ နှုတ်ဆက်စကားပြောနေသည့် Baekhyunက အလောတကြီးပြေးဝင်လာပီး ကြယ်သီးတွေဇွတ်တပ်ပေးနေသော Chanyeolကြောင့် ဟန်ချက်အနည်းငယ်ပျက်သွားရသည်။

"မင်းက ဘာကိစ္စ ဒီလိုကြီးဝတ်ထားလဲ???''

"ဘာလို့ ငါ့ လာအော်နေတာလဲ...ငါ့ဟာငါ ဘာဝတ်ဝတ်ပေါ့...မင်းနဲ့ဘာဆိုင်လဲ??''

ပွဲလယ်ခေါင်မှာ Chanyeolက ကြယ်သီးတွေ ဇွတ်အတင်းတပ်ပေး Baekhyun ကChanyeolလက်တွေကို အတင်းဖယ်ချနဲ့ ကိုးလို့ကန့်လန့်ဖြစ်နေမှာ အသေချာပင်။

'တော်ပါတော့ကွာ... လာအေးဆေးထိုင်... လာ'

Jonginဖြန်ဖြေပေးလို့ ငြိမ်သက်သွားပေမယ့် Baekhyunက Chanyeol ထိုင်ခဲ့သည့် စားပွဲဝိုင်းမှာ ဝင်ထိုင်ရုံမက ဟိုသကောင့်သားဘေးမှာ ပါဝင်ထိုင်လေတော့.....

မရတော့....

Chanyeol ဘယ်လိုမှမရတော့တာမို့ သူတို့နှစ်ယောက်ကြားထဲ အတင်းပင်ဝင်ထိုင်လိုကတော့သည်။

"ဘယ်လိုဖြစ်နေတာကွာ... Chanyeol ရာ....''

"ဘာမှမဖြစ်ဘူး...အပြင်းတွေမသောက်နဲ့ ရော့.... ဒါလေးပဲသောက်''

ဝီစကီခွက်တွေ ဘေးဖယ်ကာ ရှန်ပိန်တစ်ခွက်ကိုသာ Baekhyunရှေ့ချပေးလိုက်သည်။

ရှန်ပိန်ခွက်ကို မသောက်သေးပဲ လက်ထဲမှာ လှည့်ကစားနေရင်း သီချင်းလိုက်ညည်းနေပုံ ရသည့် Baekhyunက မီးရောင်အောက်မှာ ဆွဲဆောင်မှုပြင်းထန်လွန်းနေသည်။

Baekhyun ပုံစံတွေ ပြောင်းသွားသည်က အရေးမကြီး ဘေးက ဟိုကောင်မျက်လုံးကြီး ကျွတ်မသွားဖို့ကအရေးကြီးသည်မို့ ခပ်တည်တည်ပင် Baekhyunကို ကြည့်လို့မရအောင်အတင်းပိတ်ကာ Baekhyunဘက်လှည့်ထိုင်လိုက်သည်။

ဒီလိုတွေ ဖြစ်လာမှာစိုးလို့ Baekhyunနဲ့လမ်းခွဲသည့် ကိစ္စကို မပြောသေးရန် Jonginကို အကူအညီတောင်းထားပေမယ့် Baekhyunလည်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့ဆိုကာ လာသမျှလူတွေကို Baekhyunနဲ့ Chanyeolအကြောင်း အကုန်ပြောပြနေသည်။

Kim Jonginတစ်ယောက် ရွဲ့ပီးများပြောနေသလားထင်ရသည်။

ဒါ့အပြင် အရင်ကနဲ့မတူ ပုံစံတွေ အရမ်းမိုက်လာသည့် Baekhyunကို တိုးတိုးသာသာတစ်မျိုး ပေါ်တင်တစ်မျိုးနဲ့ ငမ်းနေကြသည်မြင်ရတော့ ဒေါသတွေချည်းသာ လိမ့်ထွက်နေမိသည်။

အရင်ကဆို Chanyeolရဲ့ အကာအကွယ်အောက်မှာ ရှိသည့် Baekhyunကို အတွေးထဲတောင် မပစ်မှားရဲကြ။ အခု မဆိုင်တော့မှန်းသိတော့ ပေါ်တင်ပင် ငမ်းနေကြသည့် သူများက လူလွတ်တွေတင်မက အတွဲရှိသူများပင်ပါသည်။

စိတ်တိုတိုနဲ့ မျက်စောင်းတွေချည်း ပိတ်ထိုးနေတော့ မင်းနဲ့ဆိုင်သေးလ်ို့လားဆိုသည့် ခပ်လှောင်လှောင်အကြည့်တွေသာပြန်ရသည်။

Chanyeol ပထမဆုံးနောင်တရမိသည်က Baekhyunရဲ့အနီးဆုံးကနေပီးစောင့်ရှောက်ပေးခွင့်ရှိပါလျက်နဲ့ ကိုယ်တိုင်လက်လွတ်လိုက်မိခြင်း.......

.......

.......

Jonginရဲ့ တရားဝင်ယောက်ျားလေး Kyungsoo ကို လက်တစ်ဖက်က ရှန်ပိန်ခွက်လေးကိုင်ကာ လက်ဟန်ခြေဟန်တွေနဲ့ အားရပါးရစကားပြောနေသည့် Baekhyunက တစ်ချက်တစ်ချက် သီချင်းသံနဲ့စည်းချက်လိုက်ကာ ကနေတတ်သေးသည်။

ဒီနေ့မှ Baekhyunရဲ့ လှုပ်ရှားမှုတွေက မှော်ဆန်နေကာ ပွဲထဲမှာရှိနေသည့် လူတွေအားလုံးကို ညို့နေသယောင်။

အကုန်လုံးက ရင်းနှီးပီးသားသူတွေမို့ Baekhyunရဲ့ အနားသာတိုးကပ်နေကြပီး အတင်းတွေဝင်ရောနေသည်။

Chanyeolအဖြစ်က ကိုယ်ပစ်ပယ်လိုက်သည့် အပင်လေးက ထင်မှတ်မထားစွာ ပွင့်ဝေလာသည်မို့ ခြူချင်သူတွေ များလာရသည့်အဖြစ်။ ပန်းလေးကို ကိုယ့်အပိုင်ဆိုပီး ဟစ်ကြွေးချင်ပေမယ့် ပစ်ထားလိုက်မိသည့် ကိုယ့်အပြစ်ကြောင့် မဝံရဲ။

စားပွဲပေါ်ရှိသည့် ဝီစကီ.....
တစ်ခွက်ပီးတစ်ခွက်ငှဲ့သောက်ရင်းသာ မူးမေ့ပျောက်အောင်ဆောင်ရွက်နေပေမယ့်....

ဝီစကီပုလင်းသာလျော့သွားသည်။ မူးမလာသည့်အပြင် ရင်တွေသာပူလောင်လာရသည်။...

......

.......

ဟင့်အင်း.....

Chanyeol အပိုင်ဖြစ်ခဲ့သည့် ပန်းလေးကို ဘယ်နည်းနဲ့မှ လက်မလွတ်နိုင်တော့.....

အဖိုးတန်လွန်းလှသည်မို့ ....
မည်သူတစ်ဦးတစ်ယောက် လက်ထဲသို့ ထည့်နိုင်မည်မဟုတ်ပေ.......

Continue Reading

You'll Also Like

60.5K 1.2K 46
*Completed* "Fake it till you make it?" A PR relationship with a heartbroken singer in the midst of a world tour sounds like the last thing Lando Nor...
137K 6.3K 35
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...
91.1K 3.1K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
1M 25.5K 24
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...