Mafia ချစ်​သူ
By ChannieLao
121K 7K 660
ဟောင်​​ကောင်​မြို့ကြီးက ... အာဏာအကြီးမားဆုံး .... Mafia ​ခေါင်း​ဆောင်​​တွေ ထဲက ... တ​ယောက်​ဖြစ်​သည့်​ " Par... More
Intro
Ep 1
Ep2
Ep 3
Ep 4
Ep 5
နယူးလ်ဖိ
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Lovely Readers 💚
Ep 19
EP 20
you with him AND our love
Ep 21
Ep 22
Ep 24
💜Mafia 💜
A.N
EP.25
Hello all readers
🎊Give Away 💛
My Little Fighter 💛
GA Winner 💛
Ep 23
3.3K 269 27
By ChannieLao
                         ✴Mafia ချစ်သူ ✴
ဒေါက်ဒေါက်...
Baek'One ဘယ်သွားတာလဲ?
.......
✴✴✴
တံခါးကို မခေါက်ပဲ တခါတည်း ဆွဲဖွင့်လိုက်တာကြောင့်... အလုပ်ခန်းထဲက..ဆိုဖာပေါ်တွင်. ကိစ္စတစ်ခုခုကို ဆွေးနွေးနေကြသည့်.. သုံးယောက်သား.. baekhyun ကို ကြောင်အစွာကြည့်နေကြသောကြောင့်.. baekhyun ကိုယ်တိုင်သည်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကာ.. အခန်းထဲသို့ ခပ်တည်တည်ဖြင့် ဝင်သွားလိုက်သည်။
            ✴✴✴✴ Mafia ချစ်သူ ✴✴✴✴
Baekhyun နူးညံသည့် ကုတင်ထက်သို့ ထိုင်ချလိုက်ပြီး..ခေါင်းထဲပေါ်လာသည့် အတိတ်က အကြောင်းအရာတွေကိုမောငးထုတ်ဖို့ ခေါင်းကိုခါလိုက်ပြီး ..မိမိရဲ့ ဓာတ်ပုံကို သူ့နေရာကိုပြန်ထားလိုက်ပြီးနောက် စာအုပ်စင် ရှိရာကိုသာ လျှောက်လာလိုက်သည်။
Baek' နာလိုက်တာ...
Yeol' ဘယ်နားနာ.တာလဲ?
Yeol' ခြေဆစ်က.မလား.
Baek' ကျေးဇူးတင်ပါတယ်...
   ✴✴✴✴✴✴✴✴Mafia ✴✴✴✴✴✴✴✴
sweet သလားမေး? 😝
#Loey_gry 👑
                         ✴Mafia ချစ်သူ ✴
Baekhyun တစ်ယောက်.. အိမ်ပြန်ရောက်လာကတည်းက ..အခန်းထဲရှိ ဆိုဖာပေါ်၌ လှဲအိပ်နေသည်..အခုတွင် baekhyun ၏ စိတ်ထဲမှာ အနည်းငယ်ပေါ့ပါးသွားခဲ့ပြီဖြစ်သည်။တစ်ယောက်ထဲ နေရတာ အထီးကျန်နေတာကလွဲလို့ပေါ့.. chanyeolပြန်ရောက်ပြီလားဟု သိချင်ပေမဲ့ အောက်ထပ်ကို မဆင်းချင်တာကြောင့် tv လိုင်း တစ်ခုပြီးတစ်ခု ပြောင်းကြည့်နေလိုက်သည်။
ဒေါက်ဒေါက်...
Arjima' သခင်လေး baekhyun.. ညနေစာ.ထမင်းစားပွဲ အဆင်သင့်ဖြစ်ပါပြီ...
Arjima စကားကြောင့် baekhyun လဲ ဆိုဖာပေါ်ကနေ ဆက်ကနဲထလာကာ.. ရေချိုးခန်းထဲဝင်သွားပြီး မျက်နှာသစ်.. အဝတ်အစားတွေလြဲပီး အောက်ထပ်ကို ဆင်းလာလိုက်သည်။သို့သော် အောက်ထပ်ကို ဆင်းလာတော့ မြင်နေရတဲ့ ထမင်းစားပွဲက တစ်ယောက်စာ ဖြစ်နေသည့်အတွက်.. baekhyun စိတ်ထဲ အလိုမကျဖြစ်မိသည်။
Lee arjima သည် မျက်မှောင်ကြုံ့လျှက် တစ်ခုခု အလိုမကျဟန် နှင့်ရပ်နေငည့် baekhyun ကြောင့်..
Arjima' Park သခင်းလေးက.. အလုပ်ခန်းထဲထမင်းပွဲကို ပြင်ထားခိုင်းပါတယ်..byun သခင်လေးပဲ အရင်စားနှင့်လိုက်ပါ..  Park သခင်လေးကို စောင့်မနေပါနဲ့
Arjima ရဲ့စကားကြောင့် မခံချင်စိတ်ဖြင့် baekhyun ပြန်ပြော လိုက်သည်...
Baek 'baek သူ့ကို စောင့်နေတယ်လို့ ဘယ်သူပြောလို့လဲ.. သူ့ဘာသူ.. ဘယ်မှာစားစား.. သူ့ကိစ္စလေ...
ပြောပြီး မိမိအတွက်ပြင်ထားသည့် ထမင်းပွဲကို.. စိတ်မပါစွာစားနေသည်.. တစ်ယောက်တည်း စားနေရတာကြောင့်.. စားလို့မဝင်ချင်.. ထို့ကြောင့်.. လူယုံ bodyguard ဘယ်ရောက်နေသည်ကို မေးလိုက်သည်။
Baek'One ဘယ်သွားတာလဲ?
Arjima' bodyguard One က park သခင်လေးနဲ့ အလုပ်ခန်းထဲမှာပါ...
Arjima ၏ အဖြေကို baekhyun ကသဘောပေါက်ပြီ ဆိုသည့် သဘောဖြင့် ခေါင်းငြိမ့်ပြီး.. ထမင်းကိုသာ.. ဆက်စားနေသည်... စိတ်ထဲတွင်တော့..အစုလိုက်အပုံလိုက်နေကြပြီး မိမိကို တစ်ယောက်ထဲ ထားခဲ့ကြသည့်.. သူတို့ကို မကျေမနပ်ဖြစ်နေမိသည်။
.......
စားသောက်ပြီးတော့.. ကိုယ့်အခန်းကိုပြန်ဖို့ တက်လာသည့် baekhyun...လှေကားရဲ့ အပေါ်ဆုံးထပ်သို့ရောက်တော့. အကြည့်တွေက.. ဘယ်ဘက်က အစွန်ဆုံးအခန်းသို့ အလိုလိုရောက်သွားသည်။နေ့လည်ကပဲ စကားများကြတာ.. အခု တံခါးသွားခေါက်ပြီး အထီးကျန်တယ်လို့ သွားပြောမယ်ပေါ့? သေလိုက်ပါတော့ baekhyun ရယ်...
အဲ့လိုတာ တွေးပြီး မိမိအခန်းရှိရာ ညာဖက်ကို သွားတော့သည်။သို့သော် မခံချင်သည့်စိတ်က baekhyun ကို နောက်သို့ပြန်လှည့်စေခဲ့၏။
✴✴✴
တံံခါးကို မခေါက်ပဲ တခါတည်း ဆွဲဖွင့်လိုက်တာကြောင့်... အလုပ်ခန်းထဲက..ဆိုဖာပေါ်တွင်. ကိစ္စတစ်ခုခုကို ဆွေးနွေးနေကြသည့်.. သုံးယောက်သား.. baekhyun ကို ကြောင်အစွာကြည့်နေကြသောကြောင့်.. baekhyun ကိုယ်တိုင်သည်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကာ.. အခန်းထဲသို့ ခပ်တည်တည်ဖြင့် ဝင်သွားလိုက်သည်။
Baek' ငါ စာအုပ်ဖတ်ချင်လို့...
Baekhyun ၏ စကားကြောင့် chanyeol တစ်ယောက် ပြုံးယောင်သန်းသွားပေမဲ့.. ခဏလေးအတွင်းမှာ မျက်နှာကိုပြန်တင်းထားလိုက်ပြီး...
Yeol' အင်း.. သက်တောင့်သက်သာနေပေါ့... ကြိုက်တဲ့စာအုပ်ရှိရင် one ကိုယူခိုင်းလိုက်လေ.
Baekhyun ဘာမှပြန်မပြော .... အထဲက စာအုပ်ခန်းရှိရာကို.. ဝင်သွားလိုက်ကာ.. အောက်နုတ်ခမ်းသေးသေးလေးကို မကျေနပ်စွာ ကိုက်ထားလိုက်သည်။ သူ့အပေါ် အရင်ကလို မနွေးထွေးပဲ.. အေးစက်စက်နှင့် ပြောင်းလဲသွားခဲ့သည့် Park Chanyeol ရဲ့ အပြုအမူကြောင့်.. မကျေနပ်ချင်
Baek' ဟွန့်.. နေလေ..ပြန်ချော့မယ်မထင်နဲ့
Baekhyun စာအုပ်စင် မှ စာအုပ်များကို တစ်ခုမှမကြိုက်.. စာအုပ်တိုင်းက စီးပွားရေး လုပ်ငန်းတို့နှင့် ဆိုင်သည့် စာအုပ်များတွေကြောင့် လက်ထဲတွင် စာအုပ်တစ်အုပ်မှ မပါပဲ ပြန်ထွက်လာသည်။
စာအုပ်ခန်းထဲ အချိန်အတော်ကြာရှိနေပြီး.. လက်ထဲ စာအုပ်တစ်အုပ်မှ ပါမလာသည့် baekhyun ကို chanyeol သန္တရ ဝင်စွာကြည့်နေသည် ။
Yeol' တစ်အုပ်မှ မကြိုက်ဘူးလား
Baek' စီးပွားရေး. စာအုပ်တွေပဲကို
Chanyeol ကို စကားမပြောချင်သလိုဖြင့် လက်ပိုက်ကာ မျက်နှာတစ်ဖက်လှည့်ပြီးပြောလာသည့် baekhyun.ကြောင့် chanyeol သက်ပျင်းအသာချပြီး
Yeol' ကိုယ့်အခန်းမှာတက်သွားကြည့်လိုက်လေ.. ကိုယ့်အမေရဲ့ ပုံပြင်စာအုပ် တွေရှိတယ်..
Chanyeol က သူ့အခန်းထဲဝင်ခွင့်ပြုတာကြောင့် baekhyun မအံ့သြ၍မနေနိုင်...lee arjima ပြောတော့.. သူ့အခန်းကို chen နဲ့ သန်းရှင်းရေးလုပ်ဖို့ lee arjima က လွှဲပီး ဘယ်သူမှ တက်ခွင့်မရှိဘူးလို့ ပြောပြခဲ့သည်မဟုတ်လား?
ထိုချိန်မှာရင်ထဲ ထူးဆန်းစွာ ပျော်ရွှင်သွားသည်ကို..ငြင်းမရ..
Chen ကတော့ ဆန့်ကျင်စွာပင်.. မရယ်မိအောင်မနည်းထိန်းထားရသည်။ဘယ်လောက်ပဲ စကားများကြပါစေ.. နှစ်ယောက်လုံးရဲ့ ရင်ထဲ ဖြစ်ပေါ်နေသည့် ခံစားချက်တွေက.. လျော့နည်းသွားခြင်းမရှိ.. အစ.က.တင်းမာမလိုလိုနဲ့ နောက်ဆုံးတော့ baek သခင်လေးကို အလိုလိုက်ပေးသည့် ခေါင်းဆောင်ကြီးရဲ့ အဖြစ်ကလည်းမလွယ်လှ...ပြီး.. ဘယ်သူမှ တက်ခွင့်မရှိသည့် ခေါင်းဆောင်ကြီး ၏ အိပ်ခန်းထဲကို.လဲဝင် ခွင့်ပြုပေးခဲ့တာမဟုတ်လား..
Chen လဲ ဘေးက one ကို မျက်နှာရိပ်ပြလိုက်ပြီး...
Chen' ကိစ္စတွေ ပြီးပြီဆိုတော့ ကျွန်တော်နဲ့ one အောက်ထပ်က လုံခြုံရေးကို လိုက်ကြည့်လိုက်ပါအုန်းမယ်.. ခွင့်ပြုပါအုန်း...
ပြောပြီးအခန်းအပြင်ထွက်သွားသည့် chen နှင့် one ...
မတည့်အတူနေ.သခင် နှစ်ယောက်ကို အခန်းထဲမှာ.အတူ ထားခဲ့လိုက်သည်။
Baek အနည်းငယ်တွေဝေပြီး.. အပေါ်ထပ်ကို တက်သွားဖို့ လှေကားရှိရာကို လျှောက်သွားလိုက်သည်... သိချင်မြင်ချင်စိတ်က. အရာရာထက် ပိုအရေးပေးသည့် Baekhyun အတွက်.. ဘယ်သူမှ တက်ခွင့်မရှိတဲ့ ဒီအခန်းမှာ ဘာတွေများရှိနေမလဲဟု သိချင်နေမိသည်။
Chanyeol .အပေါ်ထပ်သို့တက်သွားသည့် baekhyun ကို မျက်စိအဆုံးထိ လိုက်ကြည့်နေမိသည်။ baekhyun အပေါ်ထပ်ရောက်တော့မှ.. မိမိလဲ.. ဆိုဖာပေါ် လွတ်လပ်စွာ လှဲချလိုက်တော့၏။ဒါပေမဲ့ သူ့ကို ရှောင်မနေသည့် baekhyun ကြောင့်အနည်းငယ်ပျော်သွားမိသည်။
အနည်းဆုံးတော့ ကလေးဆိုးလေးက သူနဲ့ စကားပြောသေးသည်မဟုတ်လား...ဒါပေမဲ့ baekhyun ရဲ့ မျက်လုံးထဲမှာ သူဟာ တန်ဖိုးမရှိတဲ့ လူတစ်ယောက်လို့ မြင်နေမည်ကိုတော့ သူသိပါသည်။
အဲ့ဒါကြောင့်.. သူဘာမှ.မပြောချင်..baekhyun ရဲ့ မျက်လုံးထဲ သူရှိနေဖို့ မကြိုးစားချင်တော့ ... ရက်စက် သည့် စကားလုံးတွေ နဲ့နှလုံးသားလေးကို မနာကျင်စေချင်တော့ဘူး... တခါတလေ လဲ မခံစားနိုင်လောက်အောင်နာကျင်သည်။ မျက်စိရှေ့မြင်နေရတဲ့ အချစ်ရဆုံး ကလေးကိုမြင်နေရတာနှင့် လုံလောက်ပါပြီ.. ကျန်တာဘာမှ မလိုအပ်တော့ပါ...
            ✴✴✴✴ Mafia ချစ်သူ ✴✴✴✴
ကွေ့ဝိုက်သည့် လှေကားရှည်ကြီး၏ အဆုံးမှာ.ရောက်တော့.. တွေ့နေရသည့်.. ကြီးမားလှသည့် အိပ်ခန်းတစ်ခု...အခန်းရှိ နံရံ ၏ တစ်ဝက်ကျော်ကျော်ရှိသည့် စာအုပ်စင် ကြီးကိုတွေ့လိုက်ရသည်။ အလယ်က..နိုးဆီရောင်ရှိ ကြီးမားသည့် King Size ကုတင်ကြီးတစ်ခုရှိပြီး ကုတင်ခြေရင်းမှာ.. ဆိုဖာ အကြီးတစ်ခုနှင့်.. LED tv အကြီးတစ်ခုကိုတွေ့ရသည် ။
နောက်တစ်ဖက်ကို ကြည့်လိုက်တော့ မှန်အကြည်တွေနဲ့ ကာထားသည့် အခန်းတစ်ခု..
Baek pov;. အဲ့ဒါကရေချိုးခန်း ? အကုန်မြင်ရကုန်မှာပေါ့..
Baekhyun စိတ်ထဲတွေးရင်း.. အထဲကို စပ်စုကြည့်လိုက်တော့ အလယ်မှာရှိသည့် ရေချိုးကန်တစ်ခုနှင့် နံရံ နားကပ်ထားသည့် မှန်အကြီးတစ်ခုနှင့် မျက်နှာသစ်ရန်နေရာ... နောက်တစ်ခုက.. ပိတ်စ အဖြူနှင့် ကာထားသောကြောင့် ကိုယ်ရေးကိုယ်တာ ကိစ္စ ရှင်းသည့် နေရာဖြစ်နိုင်သည်။
အခန်းတစ်ခုလုံး.. နို့ဆီရောင်ဖြင့် ပြုပြင်ထားသည်။ သို့ပေမဲ့ ထူးဆန်းသည့် နွေးထွေးမှုကို ဖြစ်ပေါ်စေပြန်သည်။
ကုတင်ခြေရင်း ဖက်ကိုလျှောက်သွားတော့ ...မှန် တံခါးအကြည်နှင့် နို့ဆီရောင်ပိတ်စအပါးဖြင့် ကာထားသည်မှာ ကြည့်ရုံနဲ့တင် ဝရံတာ မှန်းသိနိုင်ငည်။ ထို့နောက် အတွေးထဲဝင်လာသည့် lee arjima ပြောဖူးသည့်စကား
".Park သခင်လေးအခန်းကနေ ဟောင်ကောင်မြို့ရဲ့ရှုခင်းကို ကောင်းကောင်းမြင်နိုင်ပါတယ်..."
ဆိုသည့် စကားကြောင့် baekhyun ပိတ်စကိုဖယ်ကာ မှန်တံခါးကို တွန်းဖွင့်လိုက်တော့ တိုးဝင်လာသည့် လတ်ဆတ်သည့် လေညင်းလေး တစ်ချို့... အမှန်ပင်... မြို့ကြီး၏ ရှုခင်းကိုမြင်တွေ့နေရသည်. ပြီးတော့ baekhyun မသိဖူးသည့် အိမ်တော်ရဲ့ အနောက်က.. တိုက်ခန်း များစွာနှင့်..  ကြယ်ပြန့်သည့် မြေကွက်ကြီးတေသည် ..ခြံတစ်ခု ဖြစ်နိုင်၏ Park အိမ်တော်သည်.. မြို့ပြင်အနီးမှာရှိတာကြောင့်... ရှုပ်ရှုပ်ရှက်ရှက်မရှိပဲ.. မြင်နေရသည့် ရှုခင်းတွေမှာ စိတ်ထဲကြည်လင်ဖွယ်ကောင်းလှသည်။ အပြင်က ကြည့်လို့ဝမှ အခန်းထြဲပန် စပ်စုဖို့ ဝင်လာသည့် baekhyun
ကုတင်ခေါင်းရင်းမှာ ရှိသည့် ဓာတ်ပုံမှန်ဘောင်ထဲက အတွဲတစ်တွဲ..ပြောရရင်.. Park Chanyeol ၏ မိဘတွေရဲ့ပုံပင်..စီးပွားရေးဆိုင်ရာ စာအုပ် နှစ်အုပ်သုံးအုပ်လောက် ဆင့်ထားပြီး ... ကုတင်နောက်တစ်ဖက်ကိုအကြည့်ရောက်မိတော့ ... မျက်စိထဲ ရင်းနှီးနေသည့် ဓာတ်ပုံတစ်ပုံ... အဲ့ဒါသည် baekhyun ငယ်ငယ်တုန်းက ပုံဖြစ်သည်။ ထင်တာမမှားရင် အဲ့ဒီပုံကို ရိုက်သည့်သူဟာ chanyeol ပင်ဖြစ်လိမ့်မည်.. ဓာတ်ပုံထဲမှာ ပြုံးရွှင်စွာ ကစားနေသည့် baekhyun.. အဲ့တုန်းက Boem hyung လဲရှိနေသေးပြီး ..တစ်ချိန်တုန်းကသူ့တို့တွေ အရမ်းခင်မြင်ကြသည်မဟုတ်လား...
Baekhyun နူးညံသည့် ကုတင်ထက်သို့ ထိုင်ချလိုက်ပြီး..ခေါင်းထဲပေါ်လာသည့် အတိတ်က အကြောင်းအရာတွေကိုမောငးထုတ်ဖု့ိ ခေါင်းကိုခါလိုက်ပြီး ..မိမိရဲ့ ဓာတ်ပုံကို သူ့နေရာကိုပြန်ထားလိုက်ပြီးနောက် စာအုပ်စင် ရှိရာကိုသာ လျှောက်လာလိုက်သည်။
စာအုပ်စင်မှ စိတ်ဝင်စားစရာ ကောင်းမည့် စာအုပ်တစ်အုပ်ကို ရှာကြည့်လိုက်တော့.. တွေ့ပါပြီ.. စိတ်ဝင်စားဖွယ်ကောင်းမည့် ပုံပြင်စာအုပ်လေးတစ်အုပ်.. သို့သော် ဤစာအုပ်က baekhyun လှမ်းယူ၍ ရနိုင်သည်ထက် မြင့်နေတာကြောင့်.. ဘယ်.ညာ လှည့်ကြည့်လိုက်တော့. ကုတင်ဘေးနားက.. သစ်သားစားပွဲ ခုံတစ်ခုကို တွေ့ရ
၍ အဲ့ခုံအပုလေးကို ယူကာ..baekhyun က ခုံပေါ်တက်လိုက်ပြီး... စာအုပ်ကို လှမ်းယူတော့.. ခြေချော်ပြီး. ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့် baekhyun...
Baek' နာလိုက်တာ...
Chanyeol အပေါ်ထပ်က အသံကြားတော့.. အမြန်ပင် လှေကားကနေ ပြေးတက်သွားသည်... မိမိအခန်းထဲရောက်တော့.. စာအုပ်စင်ရဲ့ ကြမ်းပြင်ပေါ်မှာ ခြေဆစ်လေးနားကိုင်ပြီး ရှုံ့မဲ့နေသည့် baekhyun ကြောင့် စိတ်ပူသွားကာ.. ကလေးဆိုးလေးကို မ့ချီလိုက်ပြီး.. ကုတင်ပေါ်တင်ပေးလိုက်သည်။baekhyun က ရုတ်တရက် လာပွေ့ချီသည့် chanyeol ကြောင့် အနည်းငယ် ရုန်းလိုက်သည်။
Baek' မလိုဘူး..ငါ့ဘာသာ လျှောက်သွားလို့ရတယ်...
Chanyeol ဘာမှပြန်မဖြေပဲ.. baekhyun ကို ဒီတိုင်းသာ ချီလာခဲ့သည်.. baekhyun နှင့်လဲ ထပ်ပြီး စကားမများချင်တော့..နေ့လည်ကတည်းက သူနောင်တရနေခဲ့ပြီ...
Chanyeol အောက်ထပ်ကို ဆင်းသွားလိုက်ပြီး..မကြာလိုက် လက်ထဲက ဆေးသေတ္တာအသေးလေးနှင့် ပြန်တက်လာပြီး..baekhyun နားဒူးထောက်လိုက်ကာ... သေတ္တာလေးထဲက.. ဆေးဘူး တစ်ခုကို ယူပြီး..
Yeol' ဘယ်နားနာ.တာလဲ?
Baek' မလိုဘူး.. င့ါ အခန်းပြန်မယ်...
ပြောပြီးထ ရပ်လိုက်တော့ ခြေဆစ် နားက နာကျင်မှုကြောင့် ကုတင်ပေါ်သုံ့ ပြန်ထိုင်ချလိုက်ရသည်။
Yeol' ခြေဆစ်က.မလား.
ပြောပြီး ဒူးထောက်ရာကနေ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ကာ.. အနည်းငယ် နီရဲနေသည့် baekhyun ၏ခြေထောက်လေးကို ကိုင်ကာ သူ့ခြေထောက်ပေါ်တင်ထားလိုက်ပြီး ညင်သာစွာ နိတ်ပေးနေသည့် chanyeol..ကြောင့် baekhyun မှာ အံြ့သနေရပြန်သည်။ ရင်ထဲတွင် အမည်မသိ ခံစားချက် တစ်ခုကလည်း နှလုံးသားထဲသို့ စီးဝင်သွားခဲ့သည်။
Yeol' အနည်းငယ်တော့ ယောင်လိမ့်မယ်.. မနက်ဖြန်တော့ သတ်သာပါပြီ...
Chanyeol ပြောပြီး ခေါင်းကို မော့ကြည့်လိုက်တော့.. အချိန်အတော်ကြာ သူ့ကို ငေးကြည့်နေခဲ့သည့် baekhyun... chanyeol နှင့်အကြည့် ချင်းဆုံမိတော့  သူစိတ်မဝင်စွာသဖွယ်ဖြင့်.. မျက်နှာ အမြန်လွဲလိုက်သည်။
Baek' အင်း.. ငါအခန်းထဲ ပြန်မယ်
Baekhyun စိတ်မရှည်သလို ပြောပြီး. ထမည်ပြင်တော့ အမြန်တားလိုက်သည့် chanyeol..
Yeol 'ခဏလေး.. ဘယ်စာအုပ်ကို လိုချင်တာလဲ ...
သူ့အပေါ် နွေးထွေးပေးတတ်လွန်းသည့် chanyeol ကြောင့်.. ရင်ထဲတစ်ချက်  တုန်သွားခဲ့သည်...ထို့ကြောင့် စာအုပ်စင်ပေါ်က မိမိလိုချင်သည့် ...မိမိကို ဒီလိုနာကျင်စေခဲ့သည့် စာအုပ်ကို လက်ညိုးထိုးပြလိုက်တော့.. ဤ စာအုပ်ကို.လွယ်ကူစွာဖြင့်လှမ်းယူလိုက်သည့် chanyeol..baekhyun ကို စာအုပ်ပေးလိုက်ပြီး.. နောက်ထပ်ပွေ့ချီလိုက်သည်။
Baek' မလိုဘူး. ငါ့ဘာသာ လျှောက်နိုင်တယ် ...
Chanyeol ဘာမှပြန်မပြောပဲ baekhyun ကိုမိမိအခန်းထဲကနေ ပွေ့ချီကာ ဆင်းလာလိုက်သည်.. baekhyun ရုန်းကန်ရင်း ခဏအကြာတော့ ငြိမ်သွားကာ.. ရင်ခွင်ထဲကနေ chanyeol ၏ မျက်နှာကို..သတိလက်လွတ်စွာဖြင့်   လှမ်းကြည့်နေပြန်သည်။
ထူးခြားသည့် ခံစားချက်တွေဟာလည်း baekhyun ၏ နှလုံးသား လေးကို မရပ်မနားစွာ နိတ်စက်နေသည် ..၍အတွေးတွေကို မောင်းထုတ်ဖို့ ခေါင်း ခါနေရသည်မှာ သုံးခါမကတော့.. ဒါပေမဲ့ စိတ်ထဲအလိုမကျသည်က.. ဒီတနေ့လုံး chanyeolသည် သူ့ကို မပြုံးပြခဲ့ဘူးမဟုတ်လား...အရင်က သူ့ကို ဆဲဆိုနေတာတောင်.. အပြုံးနဲ့ပဲ သူ့ကို ကြည့်နေတတ်တဲ့ သူက ပြောင်းလဲသွားတော့.. ရင်ထဲ တစ်ခုခုကို လိုအပ်နေသလို..
Chanyeol..Baekhyun.ကိုပွေ့ချီလာရင်း အခန်းသို့ရောက်လာတော့ baekhyun က တံခါး ကိုဖွင့်လိုက်သည်။.chanyeol လဲ baekhyun ကိုပွေ့ချီရင်း အခန်းထဲသို့ဝင်လာပြီး.. ကုတင်ပေါ်သို့ နူးညံစွာချပေးလိုက်ရင်း..
Yeol' လမ်းအရမ်းမလျှောက်သေးနဲ့အုန်း... အနာပြန်ထမှာဆိုးလို့.. မြန်မြန်ပျောက်အောင်လို့လေ...
ပြောပြီး နှုတ်ဆက်စကားတောင်မဆိုပဲ.. ဒီတိုင်းထွက်သွားသည့် chanyeol ၏ ကျောပြင်ကြီးကိုကြည့်ရင်း... baekhyun လက်ထဲက. Chanyeol ယူပေးထားသည့် စာအုပ်ကို ငုံ့ကြည့်လျှက် baekhyun ခပ်တိုးတိုးရေရွတ်လိုက်သည်က..
Baek' ကျေးဇူးတင်ပါတယ်...
   ✴✴✴✴✴✴✴✴Mafia ✴✴✴✴✴✴✴✴
sweet သလားမေး? 😝
အ့ထက်လဲ မဆွိနိုင်တော့ ကြိတ်မှိတ်ပြီး ဆွိလိုက်ကြပါရန်...
မိုးအုံ့နေလို့ update ပေးသည် ဖြစ်ကြောင်း... 😂
#Loey_gry 👑
Continue Reading
You'll Also Like
60.2K 15.7K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
32.4K 7K 41
tk sinhala
109K 4.8K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...