Opposite

By ShoonLaeYiNaing

964K 57.3K 3.3K

Cover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂... More

Intro
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_30(final)
promotion 😂
💙💙💙
💚💚
1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
16.
17.
18.
19.
20.
21.
22.
23.
24.
25.
26.
27.
28.
29.
30.Final
Season - 2 Info

Ep_29

11.6K 844 31
By ShoonLaeYiNaing

Opposite
Ep_29

အတော်လေး မူးနေပြီမို့ နှစ်ယောက်လုံး ခေါင်းတောင်မထူနိုင် ။ ကောင်းကတော့ မမူးပါ ....မူးချင်ယောင်ဆောင်ပြီး ဇွဲ ရင်ခွင်ထဲ တိုးဝင်နေခြင်း ။

"ပြန်ကြမယ်လေ ဇွဲ "
"မပြန်ချင်သေးပါဘူး "
"နေဦး သံပရာရည်သောက်လိုက်ဦး ဇွဲ တအားမူးနေတယ် "
"ကိုယ်မမူးပါဘူး မှန်ကြောင်လေးရာ "

ဘယ်ငမူးကမှ မူးတယ်လို့ မပြောတာကိုတော့ တကယ်အံ့ဩတယ် ။
အခုလည်းကြည့်လေ ဒီလောက် မူးရူးနေတာကိုတောင် မမူးဘူး ပြောနေသေးတယ် ။ ဂျယ်လီတွေနင်ပြီး တစ်ယောက်တည်း အပြင်စားတွေ သောက်ထားပြီးတော့များ ။

"သောက်လိုက် "
"အင်း "
"ကုန်အောင်သောက် "
"ချဉ်စူးနေတာဘဲ "
"တမင်ချဉ်စူးနေအောင် ဖျော်ခိုင်းထားတာ"

သံပရာရည်တစ်ခွက်သောက်ပြီး ခေါင်းနည်းနည်း ကြည်လာသည် ။ ဒါပေမယ့် နည်းနည်းတော့ မူးနောက်နေဆဲ ။
မှန်ကြောင်လေးက ကျွန်တော့်ကို ကြည့်ပြီးရယ်နေသည် ။

ကျွန်တော်မူးတာ ဘယ်သူ့ကြောင့်လဲ !

"ဇွဲ game ဆော့မလား "
"ဘာ game "
"ပုလင်းလှည့်ပြီး ကျတဲ့သူ အမှန်အတိုင်းပြောရတဲ့ ဂျင်မ်ရှီးဂိမ်းလေ "
"အင် မသိပါဘူး "
"အာ ကိုရီးယားကားတွေထဲမှာပါတယ်လေ"
"ကိုယ်မှ ကိုရီးယားကားမကြည့်တာ "

အရေးထဲ လာရစ်နေသေးတယ် ..ဒီအမူးသမားးကို ဘယ်လိုရှင်းပြရပါ့ !

"ဒီလိုလေ ဒီပုလင်းကို လှည့်မယ် အဖုံးဘက်ကြတဲ့သူကို ကြိုက်တာမေးကြေး အမှန်အတိုင်းဘဲ ဖြေရမှာနော် မဖြေချင်ရင် အရက်တစ်ခွက်သောက် ...ဒါမှမဟုတ်ရင် "
"အာ ဒီလောက်မူးနေတာကို ထပ်သောက်ရင် ကိုယ်မသောက်နိုင်တော့ဘူး "
"အဲ့တာဆို အမှန်အတိုင်းဘဲဖြေလေ "
"နေဦး မဖြေချင်တဲ့ မေးခွန်းတွေ မင်းကမေးလာရင်ရော ? ခုနက ဒါမှမဟုတ်ရင်ကို ဆက်ပြော "

မမေးခင်ကတည်းက မဖြေဖို့စဉ်းစားနေပြီ ။
ဇွဲ ဆိုတာလေ အဲ့လို အကျင့်မကောင်းတဲ့ လူကြီးပါဆို ။

"အရက်တစ်ခွက်သောက် ဒါမှမဟုတ်ရင် တစ်ယောက်ယောက်ကို နမ်း...ပြ ..တာ ဆိုရင်ရော "
"အိုခေလေ "
"ဖြေရင် အမှန်တိုင်းဘဲ ဖြေရမှာနော် လုံးဝ လိမ်လို့မရဘူး "
"အင်းပါ စလှည့်ပြီ မှန်ကြောင်လေး "

လည်နေသော ပုလင်းကို ကြည့်ရင်း ခေါင်းတောင်မူးလာသလိုလို ....တဖြည်းဖြည်းနဲ့ လည်နေရာက ရပ်သွားသည် ။

ဟင် ! ကျွန်တော်ဖြေရမှာလား

"ကိုယ်မေးမယ်နော် မှန်ကြောင်လေး ရည်းစားဘယ်နှယောက်ထားဖူးလဲ "
"တစ်ယောက်မှ မထားဖူးဘူး "
"မလိမ်နဲ့နော် "
"အမှန်တရား ဂိမ်းဆော့နေတာ လိမ်စရာလား"
"Wow ထင်မထားဘူး အနည်းဆုံးတော့ ၃ ယောက်လောက် ထားဖူးမယ်ထင်ထားတာ"
"ပြောသားဘဲ ကျွန်တော့်ကို ကြိုက်မယ့်သူမရှိပါဘူးဆို "
"ထပ်လှည့်ပြီနော်"

အရင်တစ်ခါလို 'ဒီလောက် ချစ်ဖို့ကောင်းတာကို ' လို့ ဘာလို့ မပြောတော့တာလဲ ဇွဲ ....။

"ဟဟ ကိုယ်ဘဲထပ်မေးရမှာပေါ့နော် "
"အင်း "
"Ideal type "
"Lisa "
"မသိဘူး "
"ကိုရီးယားက "
"Aww "

နောက်တစ်ကြိမ်ထပ်လှည့်ပြန်တော့လည်း သောက်ကျင့်မကောင်းတဲ့ ပုလင်းက ကျွန်တော့်ကိုဘဲ ညွှန်ပြသည် ။

Shit ! ဇွဲ ကို ဒီနေ့ မေးရဦးမှာလား ..

"ကိုယ်ဘဲ ထပ်မေးရမှာနော် ဟဲဟဲ "
"အင်း "
"ကိုယ့်ကို မေ့သွားမှာလား "

ဟင် ....ဘယ်လိုမေးခွန်းကြီးလဲ !

"တစ်ခါတစ်လေတော့ သတိရနေမှာပါ "
"ဒီတစ်ခါ နောက်ဆုံးတစ်ခေါက်ဘဲ ဒါပြီးရင် ပြန်ကြရအောင် မိုးချုပ်နေပြီ "
"ဟုတ် "

လည်နေသော ပုလင်းကိုကြည့်ရင်း ကောင်းထက် ဆုတောင်းနေမိသည်  ... ။

ကျေးဇူးပြုပြီ ..... plz ... ဇွဲ ကို မေးခွင့်ပေးပါ ...

လည်ရာကနေ ဖြည်းဖြည်းချင်း အရှိန်လျော့သွားပြီး နောက်ဆုံးကျတဲ့သူက ....
.
.
.
.
.
.
.
.
.

ဇွဲ

YES !

"ကိုယ့်ကို ဘာမေးစရာရှိ ..."

စကားပင်မဆုံးသေး မှန်ကြောင်လေးရဲ့ အလောတကြီး မေးသံက ခပ်ကျယ်ကျယ်ထွက်လာသည် ။

"ကျွန်တော့်ကို ချစ်လား ! "

"ဟင် "

အချစ်  ....ဟင့်အင်း ရှေ့ဆက်မတိုးချင်စမ်းပါနဲ့ မှန်ကြောင်လေးရာ ။

မင်းဆီက ချစ်တယ်ဆိုတဲ့ ဝန်ခံချက်ကို ကိုယ်နားမထောင်ချင်သလို ကိုယ်လည်း ချစ်တယ်လို့တော့ ပြောမှာမဟုတ်ဘူး ။

စည်းအတွင်းမှာဘဲ နေကြရအောင် ။
အချိန်တန်ရင် ထာဝရ ခွဲခွာရမယ့်သူတွေလေ ကိုယ်တို့က ။ ခဏနေ ကိုယ်တို့ ပြန်သွားရင် ထပ်တွေ့လို့ မရတော့ဘူး ။

"ဖြေလေ ဇွဲ "

ကျွန်တော့်နားသို့ ဖြည်းညှင်းစွာ တိုးကပ်လာပြီး ကျွန်တော့်ကိုယ်လုံးအား ခါးကနေ ပင့်ယူကာ ဆွဲမော့စေသည် ။ နီးကပ်နေသော မျက်နှာနှစ်ခုကြောင့် ဇွဲ ရဲ့ ထွက်သက်ငွေ့ငွေ့က ကျွန်တော့် မျက်နှာကို ရိုက်ခတ်နေသည် ။ ရီဝေဝေအကြည့်များက နှုတ်ခမ်းတစ်ခုတည်းကို စိုက်ကြည့်နေပြီး ...
ဇွဲ ရဲ့ နှုတ်ခမ်း ဦးတည်ရာက ....

စုပ်ယူမှုနှင့် အတူ စိုစွတ်သွားသော ကျွန်တော့် နှုတ်ခမ်း ။

တိုးဝင်လာသော လျှာဖျားလေးတွေ ။

နှုတ်ခမ်းလွှာ နှစ်ခု ပေါင်းစည်းမှုနှင့်အတူ တင်းကြပ်စွာ ဖက်ထားမိသည် ။ အချိန်အတော်ကြာတဲ့ အထိ နှစ်ယောက်လုံး မရပ်တံ့မိ ။

နူးညံ့သည် .... ချိုမြိန်လွန်းသည် .... သို့သော် နာကျင်ရသည် ။

ဇွဲ နှုတ်ကရော ကျွန်တော့် နှုတ်ကပါ ချစ်တယ်လို့ ပြောခွင့်မရှိဘူးလား ...။

အဲ့လောက်ထိ သတ္တိမရှိဘူးလား ။

ဇွဲ သာ ကျွန်တော့်ကို ချစ်တယ်လို့ ဖွင့်ဟခဲ့ရင် ဒီနိုင်ငံက ထွက်မသွားဖို့ ကျွန်တော်ဆွဲထားမိမှာ ။ ခုတော့ နောက်ဆုံးမနေနဲ့ မေးတာတောင် ဇွဲ က ထွက်ပြေးဖို့ကိုဘဲ ရွေးချယ်လိုက်တယ်ပေါ့ ။

ဇွဲ အတွက် မိသားစု ဘဝက အဲ့လောက်ထိ အရေးပါတယ်လား ....

ဘယ်တတ်နိုင်ပါ့မလဲ ဇွဲ အဖေလိုချင်တဲ့ မြေးကို ကျွန်တော်ကိုယ်တိုင်မှ မွေးမပေးနိုင်တာ ...

ထွက်သွားပါတော့ .... ကျွန်တော့်ဘဝထဲကပါ အပြီးတိုင် ထွက်သွားပါတော့ ....

အနမ်းတွေကြားက ပါးပြင်တွေ စိုစွတ်သွားသည် ။ မျက်ရည်စီးကြောင်း ... သေချာတာပေါ့ နှစ်ယောက်လုံး ငိုနေမိတာဘဲ ။

ဇွဲ ကို နားလည်တာမို့ ကျွန်တော်ထပ်ပြီး ဆွဲမထားတော့ပါဘူး ။

"ပြန်ကြရအောင် မှန်ကြောင်လေး "
"အင်း "

နှုတ်ဆက်ရတော့မှာပေါ့ ...တစ်သက်စာ အတွက် ။

"ခရီးမှာ အဆင်ပြေချောမွေ့ပါစေ "
"ကျေးဇူး "

》》》》》》

ပြီးပါပြီ ....

အဲလေ ဆောရီး ယောင်သွားလို့ ဟီး 😁😁

》》》

မေလေး အတန်းထဲရောက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းက ... ရှင်မင်းထိုက်နှင့် မင်းခန့်ဇေက စပ်ဖြီးဖြီးဖြစ်နေသလောက် ကောင်းကြီးကတော့ လဒမှိုင် မှိုင်ပြီး အသုဘနဲ့ ကျောင်းနဲ့ မှားလာတဲ့ ရုပ်နဲ့ ။

"ဟဲ့ ကောင်းကြီး ဘာဖြစ်နေတာလဲ "
"ဘာမှမဖြစ်ပါဘူးဟာ "
"နင့်ရုပ်က သေတော့မယ့်မသာအတိုင်းဘဲ "
"နင်ကလည်းဟာ "
"Tuto ဖြေပြီးရင် တန်းပြန်မှာသိလား "
"ကန်တင်းမထိုင်တော့ဘူးလား "
"အင်း ဒီနေ့ ရှင်မင်းထိုက် သူငယ်ချင်းနဲ့ တွေ့မလို့တဲ့ အဲ့တာချိန်းထားလို့ "
"ဘယ်မှာလဲ "
"J Donuts မှာ "

ရုတ်တရက် မျက်လုံးထဲ ဒိုးနတ်စ်မုန့်တွေ တန်းစီပေါ်လာပြီး ဗိုက်တောင် ဆာလာသလိုလိုဖြစ်လာသည် ။ သို့ပေမယ့်
ဇွဲ အကြောင်းကို တွေးမိပြန်တော့ စားချင်းစိတ်မရှိတော့ ....

လွမ်းသည် ....
သတိရသည် ....
တွေ့ချင်သည် ....

ဒါပေမယ့် ...

"မလိုက်တော့ဘူး အိမ်တန်းပြန်လိုက်တော့မယ် "
"ဘာလို့လဲ "
"ပျင်းလို့ "
"ကောင်းကြီး နင်ဘာဖြစ်နေတာလဲ "
"ဘာမှမဖြစ်ပါဘူးဆိုနေ "

ဘာမှမဖြစ်ဘူးဆိုသော်လည်း မျက်ဝန်းထဲက အကြီးအကျယ် ကြေကွဲနေတဲ့ အရိပ်အယောင်တွေ မြင်ရသည် ။ သေချာကြည့်ရင် မျက်ရည်ပါဝဲနေသလိုလို ... မျက်လုံးတွေလည်း နီရဲနေပြီး အသံကလည်း တိုးလျပြီး အားမရှိသည့် ပုံစံက "ဒါ ကောင်းထက် အစစ်ပါ " လို့ ပြောရင်တောင် ယုံနိုင်စရာမရှိ ။

သေချာပေါက် အသည်းကွဲနေတဲ့ ရုပ် ....
ကွဲတာမှ လုံးဝမဖြစ်နိုင်တဲ့ လူတစ်ယောက်ကို ချစ်မိလို့ နက်နက်နဲနဲ နာကျင်နေတဲ့ရုပ် ....

"ဇွဲ နဲ့ အဆင်မပြေဘူးလား "
"ဒီလိုပါဘဲ ငါစာပြန်နွှေးလိုက်ဦးမယ် "
"အေးပါ "

ဇွဲ အကြောင်း မင်းခန့်ဇေ ကို မေးကြည့်လို့ အနောင်လှည့်လိုက်တော့ ဒင်းက စာရေးခုံပေါ် မှောက်အိပ်နေသည် ။ မီးခိုးရောင် ဆံပင်တွေသာ မြင်ရသည် ။
ရှင်မင်းထိုက်ကို ကြည့်တော့လည်း ဂိမ်းထိုင်ဆော့နေသည် ။

ဘယ်သူ့မှ မမေးတော့ဘဲ အသစ်ထွက်တဲ့ Fake Love MV လေးဘဲ ထိုင် stream နေလိုက်တော့သည် ။

"Shimmy Shimmy Kokopop ...I think I like it ...🎶🎵 "

သီချင်းသံကြားလို့ ကြည့်လိုက်တော့ ...

"ခြည် ! "
"မမမေ tuto ရှိတယ်လား "
"အင်း ဟုတ်တယ် အဲ့တာကြောင့် အတန်းထဲ ရောက်နေတာပေါ့ ဒါနဲ့ ဘာလာလုပ်ကြတာလဲ "
"ဟိုမှာလေ ညီမင်းယံပေါ့ သူ့ရှိန်းဆီ လာတာ"
"အဲ့ဟာလေးတွေ တကယ်မနိုင်ဘူး "
"သူတို့လင်လင်တွေလောက်ဘဲ ခေါင်းထဲရှိတာ ကျန်တဲ့သူတွေ အဖက်တောင် မလုပ်ကြဘူး "
"တူတူပါဘဲ ခြည်ရယ် ဟိုအတွဲကြားနေရတာ ကြာတော့ အမြင်တွေကပ်လာတယ် "
"မမမေက live ကြည့်ပြီး နှာခေါင်းသွားလျှံနေရတာပေါ့ ခွီး "
"နှာခေါင်းသွေးလျှံရတာက နည်းနည်း အနှိမ်ခံရတာက များများပါ ခြည်လေးရယ်"

》》》》》》》

J Donuts တွင် ထိုင်နေရင်း အကြည့်က ဝင်ပေါက်ဆီရောက်သွားတော့ ..

မနေ့က တစ်ယောက် !

"ဖြိုး ဆိုတာသူလေ တွေ့လား မျက်နှာထားက တင်းနေတာဘဲ ငါဆို အစက ဇေ ကို စတွေ့တော့ ဖြိုးနဲ့ အမွှာတွေ ထင်နေတာ ယောက်ျားနဲ့ မိန်းမဘဲ ကွာတယ် အကျင့်စရိုက်က တစ်ပုံစံထဲဘဲ "

နဂိုကတည်း အရပ်မြင့်မြင့် လူကောင်ထွားထွားပါဆို high heel ကြီး စီးထားတော့ အရပ်က ရှည်ထွက်နေသည် ။
ဂျင်းအနက်ရောင် ဘောင်းဘီနှင့် တီရှပ် အနက်ရောင်ကို တွဲဝတ်ထားသည် ။
ကျောလောက်ရှိတဲ့ ဆံပင်တွေကို မနေ့ကအတိုင်း ပြောင်ရှင်းနေအောင် စုပြီး အမြင့်စည်းထားသည် ။

မိတ်ကပ်မပါတဲ့ မျက်နှာက ကြည်လင်နေသည် ။ လိုင်နာ တစ်ကြောင်းတည်း ဆွဲထားသည်ကိုက ဆွဲဆောင်မှုရှိနေသယောင် ။ တင်းနေသော မျက်နှာထားသည် မျက်ခုံး နက်နက်များကြောင့် ပိုပြီး ခပ်မိုက်မိုက်ပုံစံ ဖြစ်နေသည် ။

လမ်းလျှောက်လာသည်ကိုက ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်ဒီဇိုင်း ။ ချေမိုးနေသည်နှင့် လိုက်အောင် ရိုးရှင်းပြီး စမတ်ကျသည် ။

"သူက ဖြိုးလား "
"အင်းလေ "

》》》》》》》

Continue Reading

You'll Also Like

93K 2.8K 20
အမုန်းကနေစတင်လာတဲ့အချစ်တစ်ခု
106K 3.5K 34
အချစ်ဆိုတာကို ကျွန်တော်မယုံဘူး လက်တွေ့ဆန်တဲ့ ငွေကိုသာယုံကြည်တာ အချစ်ကလက်တွေ့မဆန်ဘူးအကို... နှင်းခါးဝိုင် သံသရာတဲ့ အစမရှိသလို အဆုံးလဲမရှိဘူး။ ကိုယ်ရဲ့...
58.5K 1.8K 39
ခုမှ စရေးတာမို့ လိုအပ်ချက်များရှိရင် ပြောပေးကြပါနော် အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးသွားပါ့မယ် တစ်နေ့ နှစ်ပိုင်းနဲ့ updateပေးနိုင်သမျှ updateပေးမှာ...
965K 40.8K 45
ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ နာကျင်မှုတွေပဲ ပြည့်နေခဲ့တဲ့မောင် ...။ ညီမလေးကို သူ့ကြောင့် ထပ်ဆုံးရှုံးလိုက်ရတဲ့အခါ .... သူနားခိုရမယ့်...
Wattpad App - Unlock exclusive features