ကြင်ယာတော် "မို့ရန်"

By Iris-Lily

398K 42.7K 1.6K

အချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
:(
အပိုင်း (၁၃)
အခန်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
:D
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အသိပေးအကြောင်းကြားခြင်း
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉)
အပိုင်း (၆၀)
အပိုင်း (၆၁)
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း (၆၇)
အပိုင်း (၆၈)
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)

အပိုင်း (၈)

7.5K 874 21
By Iris-Lily


"အားရှီ…"

"ဟုတ်ကဲ့မမလေး…"

"နင်သိတဲ့ သခင်မလေးအကြောင်း ငါ့ကို ပြောပြ…"

"မမလေး… မမလေး တကယ်ပြောနေတာလား…"

"ဟုတ်တယ်…. ငါ့နာမည်ကအစ ငါမသိဘူး…"

မို့ရန် လိမ်လိုက်သည်။ ထိုမှသာ ဒီဇာတ်ထဲ သူမ ဝင်ကလို့ အဆင်ပြေမည်ဟု ထင်မိသည်။ အားရှီကတော့ သူမကို မျက်လုံးပြူးများဖြင့် ကြည့်နေသည်။ အားရှီက ချစ်စရာကောင်းပါသည်။ သူမကိုလည်း ဂရုစိုက်သည်။ လိုလေသေးမရှိအောင် ပြုစုသဖြင့် သူမနေရထိုင်ရ ခက်သည်အထိပင်။ ဒီအိမ်ဆီ သူမရောက်နေသည်မှာ လက်တစ်ဖက်ရှိ လက်ချောင်းတွေ မပြည့်ခင်လေးမှာပင် အားရှီကို သူမခင်သွားသည်။

"မမလေး… မမလေး နာမည်က ယွမ်မို့ရန် ပါ… မမလေးက အမတ်ကြီး ယွမ်ကော်ရဲ့ သမီးရင်း…"

"သမီးရင်း… မွေးစားတွေ ရှိသေးလို့လား.."

အားရှီ ခေါင်းကို ပုတ်သင်ညိုလေးကဲ့သို့ ညိတ်ပြလိုက်သည်။

"မမလေးက သခင်ကြီးယွမ်ရဲ့ ပထမဇနီးက မွေးလာတဲ့ သမီးပါ.."

"ဒါဆို ဟိုတစ်ယောက်… ယွမ်သခင်လေးဆိုတာကရော…"

"သခင်လေးက မမလေးရဲ့ အစ်ကိုရင်း…"

"သူ့နာမည်က.. ဘာ…"

"ယွမ်… ကွမ်း… ချီ…"

"အင်း ငါသိပြီ… ဆက်ပြော.."

!မမလေးရဲ့ အမေ… ရှင်းသခင်မကြီးက မမလေးကိုမွေးပြီး ၅နှစ်အကြာမှာ ဆုံးသွားတယ်… ပြီးတော့ သခင်ကြီးက ဒုတိယအိမ်ထောင် ထပ်ပြုလိုက်တယ်… အခုအိမ်တစ်ဆောင်လုံးရဲ့ ထိန်းသိမ်းမှုကို သခင်မကြီးဝမ် တာဝန်ယူထားတယ်…"

"သူက ဒုအိမ်ထောင်ဆိုတာလား.."

"ဟုတ်… သူ့မှာ သမီးနှစ်ယောက် ပါလာတယ်…"

မို့ရန် သက်ပြင်းချလိုက်မိသည်။

"အားရှီ… ငါက နင်တို့သခင်မလေးနဲ့ အရမ်းတူလို့လား…"

"မမလေး… ဘာတွေလျှောက်ပြောနေတာလဲ… မမလေးက မမလေးပဲလေ… မမလေးမှာ ဒီလက်စွပ်လည်း ရှိတယ်… ပြီးတော့ မမလေးကျောပေါ်က ဖီးနစ်ငှက်ပုံ အမှတ်လည်း ရှိတယ်… အားရှီ ဘာလို့လူမှားရမှာလဲ…"

လက်စွပ်ဟု ပြောလာသဖြင့် မို့ရန် သူမလက်ကို ထောင်ကြည့်လိုက်သည်။ ကောက်ရထားပြီး အမှတ်မထင် လက်မှာစွပ်ကြည့်လိုက်သည့် အရာက သူမကို ယွမ်မို့ရန်ဟု ထင်သွားစေတာလား။ ဖီးနစ်ငှက်ပုံအမှတ်အသားကရော ဘယ်ကရောက်လာသနည်း။ သူမကျောတွင် ထိုအမှတ်အသား မရှိသဖြင့် အားရှီ အမြင်မှားနေတာရော မဖြစ်နိုင်ဘူးလား။ လက်စွပ်လေးဆီမှ တောက်ပစွာလင်းသွားသော အလင်းရောင်ကိုတော့ မို့ရန် သတိမထားလိုက်မိပါချေ။
……………………

"အားရန်…. အစ်ကို မင်းကို အိမ်ဝင်းထဲ လျှောက်ကြည့်လို့ရအောင် ကူညီပေးမယ်…."

ရေချိုးအဝတ်အစားလဲပြီး မှန်တင်ခုံရှေ့တွင် ထိုင်မိလိုက်ချိန်တွင် ကွမ်းချီ ရောက်လာခြင်း ဖြစ်သည်။ မို့ရန်က ခေါင်းလျှော်ထားသဖြင့် ဆံပင်တွေကို ဒီအတိုင်း ဖြန့်ချထားသည်။ အားရှီကတော့ အဝတ်တစ်ခုကိုယူကာ သူမခေါင်းကို ခြောက်အောင် သုတ်ပေးနေသည်။ ကွမ်းချီ အားရှီဆီက အဝတ်ကိုယူလိုက်ပြီး ခေါင်းသုတ်ပေးသည်။

"အားရန်… ညီမလေးဆံပင်တွေက သိပ်လှတယ်… အနက်ရောင် စွေးနေတဲ့အပြင် ကောက်ကွေးသွားတာလည်း မရှိဘူး… တစ်ညီတည်းပဲ… ဒီလိုဆံပင်နဲ့ ဒီလောက်လှတဲ့ မျက်နှာပိုင်ထားတဲ့ ငါ့ညီမလေးကို သဘောမကျတဲ့သူက အရူးပဲ…"

မို့ရန် မျက်နှာလေးကို မဲ့လိုက်သည်။ ဘာတစ်ညီထဲလည်း… ဒီက ဆံပင်ဖြောင့်ထားတာကို… ဘာတွေ လာပြောနေတာလဲ…!

ကွမ်းချီက ဆံပင်ရေစိုနေသည်ကို ခြောက်အောင်သုတ်ပြီးနောက် ဘီးကိုယူကာ ဖြီးပေးသည်။ ကွမ်းချီ၏ အပြုအမူများကို မြင်တော့ မို့ရန် သူမအစ်ကိုကို သတိရသွားသည်။ အစ်ကိုချန်လည်း သူမကို ဒီလိုအမြဲလုပ်ပေးသည်။ သူမက ခေါင်းလျှောက်ပြီးရင် ဘယ်တော့မှ ရေခြောက်အောင် မသုတ်။ ဒီအတိုင်းဖြန့်ထားတတ်သည်မို့ အစ်ကိုချန်က ခေါင်းကိုက်ရောဂါ ဖြစ်နေဦးမယ်ဟု အမြဲပြောကာ သူပဲ ဒီဆံပင်တွေကို ဂရုစိုက်ပေးသည်။ အဲဒီ ယွမ်မို့ရန်ဆိုတဲ့ ကောင်မလေးမှာ ဒီလိုအစ်ကို ရှိတာ ကံကောင်းသည်ဟု မြင်မိသည်။ ကွမ်းချီဆိုသည့်လူက သူ့ညီမကို အတော်ချစ်ပုံပေါ်သည်။ အလိုလိုက်မည့်ပုံလည်း ရှိမည်။

ခေါင်းဖြီးပေးပြီးနောက် ကွမ်းချီက မို့ရန်၏ ဆံပင်ကို ဆံထုံးထုံးပေးပြီး ပန်းပုံစံငွေဆံထိုးလေးကို ထုတ်ယူလိုက်ကာ ဆံထုံးတွင် သေချာထိုးစိုက်လိုက်သည်။

"ဒီလောကမှာ င့ါညီမ အလှဆုံးပဲ…"

သူမ ကွမ်းချီကို ယောင်ယောင်လေးသာ ပြုံးပြလိုက်သည်။ ညီမကို မြှောက်ပြောနေသည့် အစ်ကိုပုံစံက ရင်းနှီးနွေးထွေးလွန်းလှသည်။ ယွမ်မို့ရန်အစစ်သာဆိုရင် စကားတွေ တွတ်တီးတွတ်တာနဲ့ အစ်ကိုကို ချွဲနေလောက်မည်။

ယွမ်မို့ရန်… တောင်းပန်ပါတယ်… င့ါကို နင့်နေရာ လူမှားပြီး ခေါ်ထားကြတာကို ငါ အခွင့်အရေးယူမိသလို ဖြစ်သွားတယ်…!

ထို့နောက် သူမကို အခန်းဝထိ ကွမ်းချီ တွဲခေါ်သွားကာ တံခါးဝတွင် ချထားသည့် ဘီးတပ်ကုလားထိုင်ပေါ် တင်ပေးသည်။ သူမက ပွေ့ချီတာကို မကြိုက်ဘူးဟု တစ်ခါ ပြောထားပြီးကတည်းက ကွမ်းချီ သူမကို တွဲပေးတာပဲ လုပ်တော့သဖြင့် မို့ရန် ကျေနပ်သွားမိသည်။

အခန်းကနေ အိမ်တော်ဝင်းရှိ ပန်းခြံအငယ်လေးတွေရှိရာ၊ ကြာပန်းရေကန်ရှိရာအပြင် အနီးအနားရှိ နားနေဆောင်အချို့အထိ ခေါ်သွားကာ ကွမ်းချီက တစ်ခုချင်းရှင်းပြသည်။ ဒါမှ သူ့ညီမ အားလုံးကို သိသွားမှာ မဟုတ်လား။

"အားရန်… မင်း အစ်ကို မရှိချိန် ဒီလိုဖြစ်သွားတာ စိတ်မကောင်းဘူး… ကိုယ့်ညီမလေးကိုတောင် ဂရုမစိုက်နိုင်တဲ့ အစ်ကိုက ဘယ်မှာ အသုံးကျပါတော့မလဲ…"

"ယွမ်သခင်…. အဲ… အ… အစ်ကို…. အမ်…"

သူ့ကို ဘယ်လိုခေါ်ရမှန်း မသိနေသည့် မို့ရန်ကို ကြည့်ပြီး ကွမ်းချီမျက်နှာ မှိုင်းသွားသည်။ ညီမလေးက သူခေါ်နေကျ နာမ်စားတောင် မမှတ်မိပြန်။

"မင်းကြိုက်သလိုခေါ်လို့ရတယ်… အားရန်…"

"အင်း… အဲဒါဆို အစ်ကိုယွမ်လို့ပဲ ခေါ်မယ်…"

ကွမ်းချီခေါင်းညိတ်ပြလိုက်ပြီး ကုလားထိုင်ကို အိမ်ရှေ့တံခါးဝနားထိ တွန်းသွားလိုက်သည်။ ဧည့်ဆောင်နားရောက်တော့ မို့ရန်က

"ခဏ… ခဏရပ်ဦး… ဒါက ဘာ.. ဘာကြီးလဲ… ဒီတံခါးက…"

သူမမျက်လုံးတို့ ပြူးကျယ်လာပြီး ထိတ်လန့်သွားသည်။ ဟုတ်သည်။ ဒီတံခါးကို သူမကောင်းကောင်းကြီး မှတ်မိသည်။ မြို့ပျက်ထဲ လျှောက်လေ့လာတုန်းက သူမသဘောကျခဲ့သည့် နဂါးပုံထွင်းထားသည့် တံခါး။

"ဒါက ဘယ်လိုလုပ်ပြီး…"

"အားရန်… ဒါ အစ်ကို့ကို မင်းကြီးချီးမြှင့်ထားတဲ့ နဂါးတံခါးလေ… ညီမလေး သဘောကျတယ်ဆိုလို့ ညီမလေးရဲ့ အိမ်ဝင်းမှာ အစ်ကို ထားပေးထားတာ… မကြိုက်လို့လား…"

သူမ အထိတ်ထိတ်အပြာပြာဖြင့် အိမ်ရှေ့တံခါးဝကို လှမ်းကြည့်လိုက်သည်။ ပြီးနောက် အနီးအနားရှိ ပတ်ဝန်းကျင်ကိုလည်း ကြည့်သည်။ သစ်ပင်ပန်းမာန်တို့ကြောင့် အိမ်ဝင်းက သပ်ရပ်လှပနေပေမယ့် သူမမြင်ခဲ့ဖူးသည့် အပြိုအပျက်များကြားက အိမ်ဝင်းနှင့် ဆက်စပ်ကြည့်ရင် အတော်ကြီး နီးစပ်သည်။

ဘုရားရေ… ငါ နာနာဘဝတွေနဲ့ လာတွေ့နေတာလား…!

နှလုံးက ရင်ဘတ်ထဲကနေ အပြင်ကို ခုန်ထွက်လောက်တော့မတတ် တုန်ခါသွားသလို ချွေးစီးတို့ပြန်လာလေသည်။ သရဲမကြောက်တတ်ပေမယ့် တကယ်အခြောက်ခံရသဖြင့် နှလုံးတုန် ရင်ခုန်သွားသလိုလို။ အာစေးတို့ ခြောက်ကပ်လာလေပြီး တံတွေးကို အနိုင်နိုင် မြိုချလိုက်သည်။

ဂလု…!



Continue Reading

You'll Also Like

1.5M 183K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
216K 35.4K 57
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
177K 26.6K 200
Book-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
56.7K 8.6K 91
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...