°°Toy°° [COMPLETED] (Z+U)

By puppyyeol614

718K 38K 1.7K

Zawgyi တကယ်တော့ အချစ်ဆိုတာ အချိန်တိုင်း နူးညံ့လို့ ကောင်းတဲ့အရာ မဟုတ်ဘူး.... Chanbaek (Yaoi) Unicode တကယျတော့... More

Intro
°°1°°
°°2°°
°°3°°
°°4°°
°°5°°
°°6°°
°°7°°
°°8°°
°°9°°
°°10°°
°°11°°
🚨🚨🚨🚨🚨
°°12°°
°°13°°
°°14°°
°°15°°
°°16°°
°°18°°
°°19°°
°°20°°
°°21°°
New Fic 📣📣
°°22°°
°°23°°
°°24°°
°°25°°
°°26°°
°°27°°
°°28°°
°°29°°
°°30°°
°°31°°
°°32°° ( Final )
Attention plz (◑_◑)
Extra °1°
Extra °2°
Extra °3°
°°Toy°°
Shape of You
Extra °4°
Extra °5°
Bye Bye!

°°17°°

15.1K 970 34
By puppyyeol614

[Zawgyi]

ချစ်သောသူနဲ့ ဝေးကွာရသော ဒုက္ခ.. မချစ်နှဲစ်သက်တဲ့သူနဲ့ အတူနေရတဲ့ဒုက္ခ.. ဘယ်လောက်တောင်များ.. စိတ်ဆင်းရဲစေလိုက်သလဲ..






အမှန်ဆို ခင်များလက်က ပြေးဖို့ တွေးနေတာလို့ စိတ်ရှိတိုင်း.. ဖြေလိုက်ချင်ပေမယ့် မတတ်သာတဲ့ အခြေအနေမို့ အသာလေးခေါင်းခါပြရင်း.. ကားမှန်ဘက် ပြန်လှည့်လိုက်တော့ သူ့ဆီက ဟက်ခနဲ ရယ်သံကို ကြားလိုက်ရတယ်..



Baek: မုန်းလိုက်တာ..



နူးညံ့ခြင်း တစုံတရာရှိမနေတဲ့ သူ့ရဲ့ ချစ်စကားကြောင့် နှာခေါင်းရှုံ့လိုက်မိတယ်.. လူကို အရုပ်လို သဘောထားတာ သူ့အချစ်လား.. ဒီလိုမျိုး သူ့ဆီက မနူးမညံ့အချစ်ခံရဖို့ ထားရာနေစေရာသွား ဘဝ မဖစ်ချင်ပါ..


Baek: ဟူး......

♥♥♥♥♥♥♥♥♥♥♥♥




Baek: အင်း..


Yeol: ခဏလောက်..



Baek: ဘာတေပြောနေတာလဲ..




♥♥♥♥♥♥♥♥♥♥♥♥





"ဒေါက်.. ဒေါက်.. "







Baek: Arrr.. ဘာတွေလဲ..




















♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥TBC



Thz for reading ❤❤

Saranghaeyo EXO&EXOLs 😍😘

==========================

[Unicode]

ချစ်သောသူနဲ့ ဝေးကွာရသော ဒုက္ခ.. မချစ်မနှစ်သက်တဲ့သူနဲ့ အတူနေရတဲ့ဒုက္ခ.. ဘယ်လောက်တောင်များ.. စိတ်ဆင်းရဲစေလိုက်သလဲ..

ကျွန်တော်လည်း အခု မချစ်မနှစ်သက်တဲ့သူရဲ့ လက်ထဲမှာ ဘဝဆုံးရတော့မှာမို့ ဘယ်လိုပြေးရမလဲ ကြံနေပေမယ့်.. မနက်ထဲက အခန်းဝကနေ ထိုင်စောင့်ပီး ပြင်ဆင်စေကာ အခုဆို မင်္ဂလာခန်းမကိုတောင် သွားနေရပီ..

မမြင်ချင်တဲ့ မျက်နှာပိုင်ဆိုင်ရှင်က ကြည်နူးသလိုလို ပီတိဖြာသလိုလိုရုပ်ပေါက်နေတာမို့ ကားမှန်ဘက်ပဲ မျက်နှာလှည့်နေလိုက်တယ်..

ဒီလူ့လက်က ဘယ်လိုပြေးရပါ့မလဲနော်..

Yeol: Baekhyun ဘာဖစ်နေတာလဲ..

သူ့လက်မာ ဘဝဆုံးရတော့မာမို့ အကြံအိုက်ပီး သက်ပြင်းချနေမိတော့ သူက သတိထားမိသွားသည်ထင်.. စီယာတိုင်ကို ညာဖက်ကကိုင်ပီး ကျန်တဲ့ဘယ်လက်နဲ့ သူ့ဘက်ကို ဆွဲလှည့်ပီး မေးလာတယ်..

အမှန်ဆို ခင်များလက်က ပြေးဖို့ တွေးနေတာလို့ စိတ်ရှိတိုင်း.. ဖြေလိုက််ချင်ပေမယ့် မတတ်သာတဲ့ အခြေအနေမို့ အသာလေးခေါင်းခါပြရင်း.. ကားမှန်ဘက် ပြန်လှည့်လိုက်တော့ သူ့ဆီက ဟက်ခနဲ ရယ်သံကို ကြားလိုက်ရတယ်..

Yeol: Ok Ok! စကားတောင်မပြောချင်ဘူးဆိုတာ သိတာမို့လို့ ဘာမှမပြောတော့ဘူး.. ဒါနဲ့ ထွက်ပြေးဖို့ မကြိုးစားနဲ့နော်.. အလကား မိတ်ကပ်ပျက်ပီး ပင်ပန်းနေမာဆိုးလို့..

ကျေနပ်နေပုံရတဲ့သူ့အသံက အမြင်ကတ်စရာ.. အင်းပေါ့လေ သူများသားသမီးကို မတရားယူရတော့မယ်ဆိုတော့ ပျော်နေမာပေါ့..

Baek: မုန်းလိုက်တာ..

တိုးတိုးလေး ပြောလိုက်တာပေမယ့် သူကြားလောက်ပါတယ်.. ဘာစကားမှ မတုန့်ပြန်ဘူးဆိုပေမယ့် သူ့ရဲ့အသက်ရှုသံပြင်းပြင်းကို ကြားနေရတယ်လေ..

Yeol: မင်းကို ချစ်တယ်.. Baekhyun..

နူးည့ံခြင်း တစုံတရာရှိမနေတဲ့ သူ့ရဲ့ ချစ်စကားကြောင့် နှာခေါင်းရှုံ့လိုက်မိတယ်.. လူကို အရုပ်လို သဘောထားတာ သူ့အချစ်လား.. ဒီလိုမျိုး သူ့ဆီက မနူးမည့ံအချစ်ခံရဖို့ ထားရာနေစေရာသွား ဘဝ မဖစ်ချင်ပါ..

ခုလောလောဆယ်တော့.. မျက်စိရှေ့က နီနေတဲ့ မီးပွိုင့်ကြီး မစိမ်းပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်.. ဘာမှမဆိုင်တာတောင် ဒီလောက် ထင်တိုင်းကြဲပီး စိုးမိုးနေတာ.. လက်များထပ်မိလိုက်လို့ကတော့ မတွေးရဲစရာပဲလေ..

Baek: ဟူး......

♥♥♥♥♥♥♥♥♥♥♥♥

Makeup room ထဲမှာ အလှပြင်ခံနေပေမယ့် လူက စိတ်မပါ.. ဘေးက ထိုင်ကြည့်နေတဲ့ သူ့ကြောင့်.. နေရခက်လှတယ်..

မမြင်ချင်ယောင်ဆောင်နေပေမယ့်လည်း မလိုက်မသိတဲ့ မျက်လုံးက သူ့ကို ခဏခဏသွားသွားကြည့်မိနေတာ.. မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့ သူ့မျက်လုံး စူးရှရှတွေနဲ့ အကြည့်ချင်းဆုံတိုင်း လန့်လန့်သွားတာမို့ မကြည့်တော့ဖို့ ဆုံးဖြတ်ပီး မျက်လုံးကို စုံမှိတ်ထားလိုက်တော့တယ်..

Yeol: Baek.. ကိုယ်အပြင်ထွက်တော့မယ်.. ဖာသာနဲ့လည်း ခဏတွေ့မလို့.. ပွဲစခါနီးရင် လူလွှတ်လိုက်မယ်..

Baek: အင်း..

မျက်လုံးမဖွင့်ဘူးလို့ ဆုံးဖြတ်ထားတာမို့ မြန်မြန်သွား ပီးရောဆိုပီး ဖစ်သလိုပဲ ပြန်ဖြေလိုက်တယ်..

Yeol: ခဏလောက်..

ရုတ်တရက် သူ့အသံကြီးက အနားရောက်လာမို့ ဆတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်တယ်.. သူက makeup artist တေကို ခဏဘေးဖယ်ခိုင်းနေတာပင်.. ဘာလုပ်တာပါလိမ့်..

Yeol: တခါလောက်.. ယုံကြည့်မယ်.. ကိုယ့်ဘဝနဲ့ လဲပီးတော့လေ..

Baek: ဘာတေပြောနေတာလဲ..

အလေးအနက်ကြီး ပြောနေတဲ့ သူ့ပုံစံကြောင့် နားမလည်စွာ ပြန်မေးလိုက်တော့ သူက ပြုံးနေတယ်.. ခါတိုင်းအပြုံးတွေနဲ့မတူပဲ တခုခုထူးဆန်းနေသလိုပင်..

Yeol: ကိုယ်စောင့်နေမယ်..

Chanyeol ကတော့ ပြောစရာရှိတာပြောပီး.. နှဖူးကို တချက်နမ်းကာ ထွက်သွားတယ်.. Baekhyun မှာသာ နားမလည်ခြင်းများစွာနဲ့...

♥♥♥♥♥♥♥♥♥♥♥♥

Baek: ဒီလို လာစောင့်နေကြတော့.. ဘယ်ကနေ ပြေးရတော့မလဲ.. Drama ကားတွေထဲကလို ခန်းမထဲရောက်မှ.. မင်္ဂလာဝတ်စုံကြီးနဲ့ ထွက်ပြေးလိုက်ရမလား..

Baekhyun တယောက် Makeup room ထဲမှာ ဟိုလျှောက်ဒီလျှောက်နဲ့ ကြံရာမရဖစ်နေတယ်.. Chanyeol ထွက်သွားပီး ခဏနေတော့ မိတ်ကပ်ပြင်တာလည်း ပီးပီဆိုကာ.. artist တွေ ထွက်သွားတာမို့ အသည်းအသန်ပြေးဖို့ ကြံမိပါတယ်.. တံခါးဝမှာ ကိုယ်စီရပ်နေတဲ့ အစောင့်တွေ တွေ့လိုက်ရတယ်လေ..

ဟိုလူကြီးက ဖာသာနဲ့ တွေ့ဖို့ ထွက်သွားပေမယ့်.. အခန်းဝမှာ သူ့အစောင့်တွေ ထားခဲ့တော့ ဘယ်လိုမှ ထွက်လို့မရဘူးဖစ်နေတော့တယ်..

ပွဲကလည်း သေးသေးမဟုတ်.. သူ့လို CEO ပုံနဲ့ဆို နာမည်တောင်ကျော်သွားမလားပဲ.. ဒီလိုဆို တကမ္ဘာလုံးကို ကြေညာလိုက်သလို ဖစ်သွားမှာ မဟုတ်လား..

"ဒေါက်.. ဒေါက်.. "

" သတို့သား မင်္ဂလာပွဲစပါတော့မယ်.. အဆင်သင့်ဖစ်ရင် သွားရအောင်ပါ.. "

တံခါးခေါက်သံနဲ့အတူ ကောင်မလေးတယောက်က လာခေါ်တော့ Baekhyun သေချင်စော်ပါနံသွားတယ်.. ဘယ်လိုမှ မလွတ်နိုင်တော့ဘူးလားလို့လည်းတွေးနေမိတယ်..

Baek's pov ( တကယ်ပဲ ခန်းမထဲက ထွက်ပြေးရင်ကောင်းမလား..

ဒါနဲ့.. အာ့လိုလုပ်လို့ ကောင်းပါ့မလား.. မုန်းတာက မုန်းပေမယ့် သူ့သိက္ခာက ရှိသေးတယ်လေ.. လူတေအများကြီးနဲ့ဆိုတော့..

ဒါကို ဂရုစိုက်စရာလိုလို့လား.. သူ့ဘာသာ ဘာဖစ်ဖစ် ကိုယ်လွတ်အောင် ပြေးရင်ရတာပဲလေ..

မဟုတ်သေးပါဘူး.. ဒါကြီးကတော့.. ယူပီးမှ လက်စားချေရင်ရော.. )

Baek: Arrr.. ဘာတွေလဲ..

အစကတော့.. အပီအပြင် ကလဲ့စားချေပီး ထွက်ပြေးမယ်လို့ စဉ်းစားထားပေမယ့် တကယ့်တကယ်ကျတော့.. ဒီလောက်မကောင်းတဲ့သူကို အားနာသလိုလို သနားသလိုလိုနဲ့ ဘာကဆွဲလို့ဆွဲနေမှန်းမသိအောင် စိတ်က လေးလံနေတယ်..

" အကို ဘာဖစ်လို့လဲ..အပြင်မှာ ပွဲစတော့မယ်.."

Baek: Aww.. အင်းအင်း.. သွားရအောင်..

ဘေးက ကောင်မလေးခေါ်သံကြားမှပဲ အယောင်အမှားမှားနဲ့ သူလမ်းပြတဲ့ နောက်ကို လိုက်လာခဲ့မိတယ်..

Baek's pov ( ဘယ်လိုလုပ်ရမလဲ.. ငါဘယ်လိုလုပ်ရမလဲ.. )

လူက ထွက်ပြေးလိုက်ချင်ပေမယ့် ဘာလို့ ခြေထောက်တွေက မင်္ဂလာခန်းမဆီ သွားနေမှန်းမသိတော့..

ဒန်..ဒန်..ဒန်..ဒန်..🎉🎉 ဒန်..ဒန်း..ဒန်..ဒန်.. 🎉🎉🎉🎉

Baek's pov ( ဘုရားရေ.. ငါခန်းမထဲတောင် ရောက်လာပါလား.. )

မင်္ဂလာတီးလုံးသံတွေ ကြားမှပဲ သတိထားမိတော့ လျှောက်လမ်းအဝမှာ ရောက်နေတာဖစ်ပီး.. သူနဲ့ ဆွေမျိုးလိုနေတယ်ဆိုတဲ့.. ဦးလေးကြီးတယောက်က သူ့လက်ကို ချိတ်ဖို့ ပြုံးပီးခေါ်နေတယ်.. အင်းလေ သူရော ကျွန်တော်ရော မိဘတွေမှ မရှိတော့တာ.. ဒါဆို တကယ်ကြီး သူ့ကို ယူရတော့မှာပေါ့..

Baek's pov ( အမလေး.. ရင်တွေ ခုန်လိုက်တာ.. )

ဟုတ်ပါသည်.. ကျွန်တော်ရင်တွေ ပက်ပက်စက်စက်ကို ခုန်နေပါသည်.. ဖာသာရှေ့မှာ ပါးချိုင့်ကြီး ခွက်နေအောင် ပြုံးနေတဲ့သူ့ကို မြင်နေရတော့ ပိုဆိုးသည်..

အရည်လဲ့လဲ့ဖြစ်တည်နေတဲ့ သူ့မျက်ဝန်းတွေမှာ အချစ်.. ကြင်နာမှု.. ကျေနပ်မှု.. ပျော်ရွှင်မှုတွေအားလုံး တွေ့နေရတယ်..

ကျွန်တော့ကို ရတာ အာ့လောက်ပျော်နေတာလား.. ခင်များရယ်..

Baekhyun တယောက် တွေးရင်းတွေးရင်းပင် ဖာသာရှေ့ ဘယ်လိုရောက်သွားမှန်းမသိလိုက်သလို မေးခွန်းတွေလည်း ဖြေလိုက်လား မဖြေလိုက်လားတောင် မသဲကွဲ..

နောက်ဆုံး သတိထားလိုက်မိမှာတော့.. ဆတ်ခနဲ ဆွဲယူခံလိုက်ရတဲ့ ခန္ဓာကိုယ်က ရှေ့ကလူရဲ့ ရင်ခွင်ထဲကို အံဝင်ခွင်ကျရောက်နေပီး.. ကျွန်တော့ရဲ့ နှုတ်ခမ်းတစ်စုံဟာလည်း သူစိတ်ရှိတိုင်း ခြယ်လှယ်တာကို ခံနေရလေပီ..

Yeol: ကျေးဇူးတင်ပါတယ်.. ကလေးလေးရယ်..

သူပြောတာ အရမ်းတိုးပေမယ့် နီးကပ်နေတဲ့ ကျွန်တော်ကတော့ သေချာကို ကြားလိုက်ရပါတယ်.. ဘာကိုဆိုလိုမှန်း ပြန်မေးမယ် အကြံမှာပဲ ကျွန်တော့နှုတ်ခမ်းတွေက သူ့ဆီကို နောက်တကြိမ်ရောက်သွားပြန်တယ်..

လူတွေရဲ့ လက်ခုပ်တီးသံတွေကြောင့်ပဲလား.. တဖျက်ဖျက်ရိုက်နေတဲ့ camera တွေ ကြောင့်ပဲလား.. သူပေးနေတဲ့ အနမ်းတွေကြောင့်လား မသိပေမယ့်.. သေချာတာတော့ ကျွန်တော် တကယ်ကို ရင်ခုန်နေပါသည်...

ဘယ်လောက်ထိအောင်လဲဆိုရင် သူ့ဆီက ထွက်ပြေးမယ်ဆိုတဲ့ အစီအစဉ်တွေရော.. သူ့ကို မုန်းပါတယ်ဆိုတဲ့ စိတ်တွေရော အကုန်လုံး မေ့သွားတဲ့အထိပဲလေ..

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥TBC

ကလေးနှစ်ယောက်ကိုတော့ ဆွဲစိလိုက်ပီ.. 😁😁

ဒီရက်ပိုင်း စိတ်နဲ့လူနဲ့ မကပ်လို့ စာရေးလို့ကိုမရဘူး.. တကယ်ပဲ စိတ်ညစ်တယ် 😥😥

Thz for reading ❤❤

Saranghaeyo EXO&EXOLs 😍😘

Continue Reading

You'll Also Like

21.2K 3.5K 31
"ပရိယာယ်မပါတဲ့ကြိုးမျှင်လေးပါ ရုန်းလိုသည်ဖြစ်စေ... တွယ်လိုသည်ဖြစ်စေ ... ဒီမေတ္တာတရားခမ်းနားနေဦးမှာ..." "ပရိယာယ်မပါတဲ့ကြိုးမျှင်လေးပါ ရုန်းလိုသည်ဖြစ်စ...
281K 15.9K 40
My priority /property/privacy
291K 25.8K 39
[Zawgyi] စာအုပ်​တွေကလွဲပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ ကောင်လေးတစ်ယောက်.. အချစ်နဲ့တွေ့ပီးနောက်.. ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတော့.. Sweet, Romance,Funny...