Dear Doctor Handsome [ Unicod...
By MinMyatChanYan
2.1M 147K 2.7K
Doctor Handsome & Medical Student More
Dear Doctor Handsome စာအုပ်ထွက်ရှိခြင်း
အမှာစာ နှင့် ကျေးဇူးတင်လွှာ
💚
Chapter ( 1 )
Chapter ( 2 ) *
Chapter ( 3 ) *
Chapter ( 4 ) *
Chapter ( 5 ) *
Chapter ( 6 ) *
Chapter ( 7 ) *
Chapter ( 8 ) *
Chapter ( 9 ) *
Chapter ( 10 )
Chapter ( 11 ) *
💚💚
Chapter ( 12 ) *
Chapter ( 13 ) *
Chapter ( 15 ) *
Chapter ( 16 ) *
Chapter ( 16 ) အဆက် . 17 *
Chapter ( 17 ) 18*
Chapter ( 17 ) 18 အဆက် *
Chapter ( 18 ) 19 *
Chapter ( 19 ) 20 *
Chapter ( 19 ) အဆက် 20 အဆက် *
Chapter ( 20 ) 21 *
** FAN ART OF THE CHARACTERS**
Chapter ( 21 ) 22*
Chapter ( 21 ) အဆက် 23 *
Chapter ( 22 ) 24 *
Chapter ( 23 ) 25*
Chapter ( 24 ) 26*
Chapter ( 24 ) အဆက် 27 *
Chapter ( 25 ) 28 *
💚💚💚
Chapter ( 26 ) 29*
Chapter ( 27 ) 30*
Chapter ( 27 ) အဆက် *30 အဆက်
Chapter ( 28 ) 31*
Chapter ( 29 ) 32*
Chapter ( 29 ) *33
Chapter ( 30 ) 34 *
Chapter ( 30 ) အဆက် 35 *
Chapter ( 31 ) 36*
Chapter ( 32 ) 37 *
Chapter ( 33 ) 38*
💚💚💚💚
Chapter ( 34 ) 39*
Chapter ( 35 ) 40*
Chapter ( 36 ) 41*
The End
Extra
အမှာစာနှင့် ကျေးဇူးတင်လွှာ ( ZawGyi Version )
👨‍⚕️
Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
ch 10
Ch 11
👨‍⚕️👨‍⚕️
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 16 အဆကျ
Ch 17
Ch 17 အဆကျ
Ch 18
Ch 19
Ch 19 အဆကျ
Ch 20
Ch 21
Ch 21 အဆကျ
Ch 22
Ch 23
Ch 24
Ch 24 အဆကျ
Ch 25
👨‍⚕️👨‍⚕️👨‍⚕️
Ch 26
Ch 27
Ch 27 အဆကျ
Ch 28
Ch 29
Ch 29 အဆကျ
Ch 30
Ch 30 အဆကျ
Ch 31
Ch 32
Ch 33
Ch 34
👨‍⚕️👨‍⚕️👨‍⚕️👨‍⚕️
Ch 35
Ch 36
The End
Extra
Chapter ( 14 ) *
41.2K 3.2K 25
By MinMyatChanYan
မနက်ခင်းအိပ်ရာကနိုးထလာချိန်၌ မနေ့ညကလောက် ညှိုးနွမ်းနုံးခွေသလို မခံစားရတော့ဘဲ တော်တော်လေး သက်သာနေခဲ့ပြီ။ ထို့ကြောင့် စိုင်း အတန်းတက်ဖို့ ဆုံးဖြတ်လိုက်၏။
ရေပတ်တိုက်ပြီး အပြာနုရောင် ချည်သားရှပ်အင်္ကျီ ခပ်ပွပွ လဲဝတ်လိုက်ပြီးနောက် မီးဖိုခန်းရှိရာသို့လျှောက်လာခဲ့လေရာ ထမင်းစားစားပွဲပေါ်မှာ ဆရာပြင်ဆင်ပေးသွားခဲ့သော ဆန်ပြုတ်နှင့်သောက်ဆေးတချို့ကိုတွေ့ရသည်။ ပန်းကန်ပြား၏ အောက်မှာ အဝါရောင်လေးထောင့် စာရွက်ကလေးကို မြင်သာအောင် ဖိထား၏။ ကောက်ယူကြည့်တော့ အင်မတန် ဆရာဝန်ဆန်ဆန် ခပ်သော့သော့ လက်ရေးဖြင့် ရေးထားသော တိုတောင်းသည့်ဝါကျ တစ်ခုကိုသာတွေ့ရသည်။ စိုင်း ထိုဝါကျကို သေချာ အာရုံစူးစိုက်၍ အသံထွက်ဖတ်ရပါသည်။
" မသက်သာရင် အတန်းမတက်နဲ့ " တဲ့။
စိုင်း လှစ်ခနဲ ပြုံးမိသွား၏။ ဆရာ့ ဆန်ပြုတ်ကိုကုန်အောင်ကြိုးစား သောက်လိုက်ပြီးနောက် ဆေးသောက်ရသည်။
ပထမဆုံးအတန်းချိန်ကို နာရီဝက်တိတိ ကျော်လွန်သွားခဲ့ပြီဖြစ်တာကြောင့် အချိန်ကျ ဘာသာပြဆရာကို ခွင့်တောင်းပြီးဝင်လိုက်ရမှာ အားနာသဖြင့် ဒုတိယအတန်းချိန်ရောက်မှပဲ တက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အဆောင်ကမထွက်သေးဘဲ နာရီဝက်ကျော်ကျော်လောက် ဂိမ်းဆော့၍ အချိန်ဖြုန်း နေလိုက်ရပြီး အတန်းချိန်နီးတော့မှ သူ စာသင်ခန်းဆီ ထွက်လာဖြစ်ခဲ့ပါသည်။
" ဟာ ... စိုင်း၊ သက်သာသွားပြီလား " ကျော်ဇောကမေး၏။
" အေး မနေ့ညကထက်စာရင်
တော်တော်သက်သာသွားပြီ "
" ဘာအချိန်လဲ "
" ဆရာထွန်းကိုကိုရဲ့အချိန် "
ပြောရင်းဆိုရင်း တိုက်ဆိုင်စွာ စာသင်ခန်းထဲ ဆရာရောက်လာသဖြင့် သူတို့အားလုံး မတ်တပ်ရပ်လျက် နှုတ်ဆက်လိုက်ကြသည်။
ထိုင်နေကျခုံမှာ စိုင်းကိုတွေ့လိုက်ရသဖြင့်
ဆရာ့မျက်ခုံးတွေ ပင့်တက်သွား၏။
စိုင်း လှိုက်လှဲစွာ ပြုံးပြလိုက်သည်။ သို့သော်
ဆရာသည် နည်းနည်းလေးမှ ဖော်ရွေဟန်မပြဘဲ
ဘာမှမမြင်လိုက်သလို အကြည့်လွှဲသွားခဲ့လေသည်။
ဆရာ့မျက်နှာကို အလွတ်ရလုနီးပါး အမြဲအကဲခတ်နေလေ့ရှိသော စိုင်းက ဆရာ၏ သိသိသာသာ အေးစက်စိမ်းကားမှုကို သတိပြုမိသွားသည်။ နေမကောင်းသည့်ကြားက အတန်းလာတက်လို့ စိတ်ဆိုးသွားတာဖြစ်မည်။
ထို့ကြောင့် အတန်းချိန်ပြီးသောအခါ စိုင်းသည် ဆရာ့နောက်သို့ ကမန်းကတန်း ‌ထလိုက်လာခဲ့သည်။
" ဆရာ "
ဆရာက သူလှမ်းခေါ်သည်ကို မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်လျက်ရှိသည်။ လူရှင်းသော လက်တွေ့စမ်းသပ်ခန်းများဘက်က စင်္ကြန်လမ်းကိုရောက်တော့မှ စိုင်း ဆရာ့ကို မီပါတော့သည်။ စိုင်းသည် မြန်ဆန်သွက်လက်သော ခြေလှမ်းများဖြင့် ဘေးကနေ ကျော်တက်ကာ ဆရာ့ရှေ့ ပိတ်ရပ်ပစ်လိုက်သည်။
" ဘာလုပ်တာလဲ စိုင်းမင်းခန့် "
ဆရာ့အသံက ပြတ်တောက်မာကျောနေပြီး
ညိုလက်လက်မျက်လုံးများ စူးရှစွာ တောက်ပလျက်ရှိသောကြောင့် စိုင်း အနည်းငယ်ရှိန်သွားပါသည်။
" ဟို ... ပြောစရာရှိလို့ ဆရာ "
" ဘာပြောစရာရှိလို့လဲ ကဲပြော "
ဆရာက စိတ်မရှည်သလို မာကျောစွာ ပြောလိုက်သည်။ဆရာ့ကြည့်ရတာ စိတ်ရှုပ်နေသလိုပဲ။ သို့သော် စိုင်း ကြိုးစား၍ မကွယ်မဝှက် ဖွင့်မေးလိုက်ပါသည်။
" ဟို ဆရာ ကျွန်တော့်ကို အတန်းလာတက်လို့
စိတ်ဆိုးနေတာလားလို့ပါ။ ကျနော်လဲ သက်သာလာတာနဲ့ လာတက်လိုက်တာ "
တင်းမာသော မျက်နှာထားဖြင့် ဆရာ တစ်ချက်စုပ်သပ်လိုက်၏။
" မင်း အတန်းတက်တာ မတက်တာ မင်းရဲ့ Personal ပဲ။
ငါနဲ့ဘာဆိုင်လို့လဲ။ နောက် တစ်ခါ အဲလို အရေးမပါတာကို
အရာလုပ်မနေနဲ့ စိုင်း။ ကိုယ် အဲဒီလောက်အချိန်မအားဘူး "
စိုင်း ဆရာ့ကို အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ မာကျောခက်ထန်၍ ရန်လိုမှုအရိပ်အယောင်များဖြင့် ပြည့်နှက်လျက်ရှိသော ဆရာ့စကားတွေက စိုင်း၏ ရင်ဘတ်ထဲသို့ စူးရှချွန်မြစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ မနေ့ညက စိုင်းကို ယုယကြင်နာစွာဖြင့် ဂရုစိုက်ပေးခဲ့သော ဆရာထွန်းကိုကိုမှဟုတ်ပါရဲ့လား။ ဘာကြောင့် အခုလိုပြောင်းလဲသွားသလဲဆိုတာ စိုင်းသိမှဖြစ်မည်။
စိုင်းအပေါ် ဆရာအထင်လွဲနေတာတစ်ခုခုများ ရှိနေလား။
ဆရာက စိုင်းဘေးက ကျော်ဖြတ်၍ ထွက်သွားသောအခါ
စိုင်း ဆရာ့လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်မိသည်။
" ဖယ်စမ်းကွာ ဘာလုပ်တာလဲ "
" အ "
ဆရာက မိမိလက်ကို ဒေါသတကြီးပုတ်ထုတ်လိုက်သဖြင့် စိုင်း လက်ကောက်ဝတ်ကလေး နာကျင်သွား၏။
အဲတာထက် နှလုံးသား၏ နာကျင်မှုက ပိုမိုဆိုးဝါးသောကြောင့် မျက်ဝန်း၌ မျက်ရည်များ တဖြေးဖြေး ပြည်လျှံလာခဲ့သည်။ ထိုမျက်ရည်များ ပါးပြင်ပေါ်သို့ စီးမကျလာခင်မှာပင် စိုင်း ဆရာ့ရှေ့ကနေ ချာခနဲလှည့်ထွက်လာခဲ့ပါ‌တော့သည်။
သူ့ထံမှ ဝမ်းနည်းနာကျင်စွာ ပြေးထွက်သွားခဲ့သော ကောင်လေးကို ငေးကြည့်ရင်း ထွန်းကိုကို
စိတ်ပင်ပန်းနွမ်းလျစွာ ပင့်သက်ရှိုက်လိုက်မိသည်။ မဖြစ်သင့်တာတွေ မဖြစ်လာရအောင် ကိုယ်တို့နှစ်ယောက်ရဲ့ မမြင်နိုင်တဲ့ ကြိုးတွေကို အခုကတည်းက ဖြတ်တောက်ထားကြရအောင် စိုင်းမင်းခန့်။
+++
" ဟာ ... စိုင်း။ ဒီနေ့ကျောင်းလာတယ်ပေါ့ "
အတန်းချိန်အားလုံး တက်ရောက်ခဲ့ပြီး အဆောင်သို့ပြန်သည့် စင်္ကြန်လမ်းတစ်နေရာမှာ Joy နဲ့ မမျှော်လင့်ဘဲဆုံကြ၏။ စာမေးပွဲနီးပြီဖြစ်၍ ပင်ပန်းနွမ်းနယ်နေပုံရသော Joy သည် စိုင်းကိုမြင်သောအခါ ရုတ်ချည်း ရွှင်လန်းတက်ကြွစွာ ပြုံးသွားပြီး အနားသို့ ခပ်သွက်သွက်လျှောက်လာလေသည်။
Joy က ကြည်တောက်ဝင်းထိန်လျက်ရှိသော နေရောင်ခြည်အောက်မှာ ဂျူတီကုတ်အဖြူရောင်လေးနှင့် သန့်ပြန့်ချောမောလျက်ရှိသည်။ ဆရာ့ကိုတော့ စိုင်း ဂျူတီကုတ်နှင့် မမြင်ရတာကြာပြီ။ စိုင်းမြင်ဖူးသမျှ ဂျူတီကုတ်အဖြူရောင် ဝတ်ဆင်ထားကြသော ဆရာဝန်များထဲ၌ ဆရာသည် ခန့်ညားထည်ဝါစွာ အလိုက်ဖက်ဆုံးဖြစ်၏။
" တစ်ယောက်တည်းလား အကို " စိုင်းက ဖော်ရွေစွာ ပြုံး၍ ဆိုသောအခါ သူ ခေါင်းညိတ်ပြသည်။ ထို့နောက် ချက်ချင်းပင် စိုင်း၏ အခြေအနေကို မေးပါသည်။
" သက်သာသွားပြီလား "
" ဟုတ် သက်သာလာတာနဲ့ ဆေးသောက်ပြီး အတန်းချိန်တွေလာတက်လိုက်တာ "
Joy က စိုးရိမ်ပူပန်စိတ်ဖြင့် စိုင်းကို စူးစမ်းသလို ကြည့်နေ၏။
" အေးအေးဆေးဆေး နားနေတာမဟုတ်ဘူး စိုင်းရာ။ ရာသီဥတုက လေတမှုန်မှုန်နဲ့ တစ်မျိုးကြီး။ တော်ကြာ မသက်သာပဲနေမယ်။ မှန်းစမ်း "
ပြောရင်းဆိုရင်း စိုင်း၏ နဖူလေးပေါ် လက်ဖဝါးတင်လျက် Joy အသာအယာ စမ်းကြည့်သည်။
" အင်း ... အဖျားတော့ကျသွားပါပြီ၊ ညနေ ဘာစားချင်လဲ အစ်ကို လာပို့ပေးမယ်လေ "
" တော်ပါပြီ အစ်ကိုရာ ...အလုပ်ပိုနေပါ့မယ်။ ဒီရက်ပိုင်း အစ်ကိုက ကျောင်းစာတစ်ဖက်၊ ဆေးရုံတစ်ဖက်၊ နောက်ပြီး အကို့အနုပညာအလုပ်ကတစ်ဖက်နဲ့ဘယ်လောက် အလုပ်တွေရှုပ်နေတယ်ဆိုတာ ကျနော် သိသားပဲ "
" အစ်ကို့ကို အားနာမနေပါနဲ့ "
" အားမနာပါဘူးဗျာ။ တကယ်လို့ ကျွေးချင်ရင် ကျနော် လုံးဝ နေကောင်းလာပြီးမှသာ ဟော့ပေါ့ တို့ ဘာဘီကျုတို့လိုက်ကျွေးပေါ့ "
" အဟားဟား ... ဟုတ်ပြီ၊ အဲကြ သေချာပေါက်သွားကြတာပေါ့ "
+++
Joy က စိုင်း၏ နဖူးကို စမ်းသပ်လိုက်ဟန်၊
နှစ်ယောက်သား ပတ်ဝန်းကျင်ကို သတိမထားမိဘဲ
ရယ်ရယ်မောမောနဲ့ စကားပြောနေဟန်တို့ကို
ထွန်းကိုကို အဝေးကနေငေးကြည့်ရင်း နာကျင်စွာ ပူလောင်ဆူဝေသွားခဲ့သည်။ ဒီကောင်လေးနဲ့ပက်သက်လျှင်ဘာကြောင့် သူ့စိတ်တွေ ဗျာ‌ဝေလှုပ်ခတ်ရသလဲဆိုတာ နားမလည်နိုင်။ ဒီလိုခံစားချက်မျိုးသည် သူ ဆေးတက္ကသိုလ်ကျောင်းသားဘဝတုန်းက သူ၏ အချစ်ဦး မိန်းမတစ်ယောက်အပေါ်မှာ မကြာခဏ ဖြစ်ပေါ်ခဲ့ဖူးသော
သဝန်တိုစိတ်နှင့် အနီးစပ်ဆုံး ဆင်တူပါသည်။
ဘာသွေးသားမှ မတော်စပ်သော သူစိမ်းနှစ်ယောက်ကြားက သဝန်တိုမှုသည် အများအားဖြင့် အချစ်ကို အခြေခံ၍ဖြစ်ပေါ်လာလေ့ရှိ၏။ ထိုကဲ့သို့ စဉ်းစားဆင်ခြင်မိတော့ သူ ဗြုန်းခနဲ ဤခံစားချက်ကြီးအပေါ် ထိတ်လန့်သွားရသည်။ မဟုတ်သေးပါဘူး။ မဖြစ်နိုင်ဘူး။ ယူဆချက်တွေဟာ မှန်ကန်မယ်လို့ တထစ်ချပြောလို့မရဘူး။ သူ စိုင်းမင်းခန့်ကို အဲသည် ခံစားချက်ရှိနေတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဖြစ်လို့လည်းမရဘူး။
ဤသို့ဖြင့် ရက်ပေါင်းများစွာ စဉ်းစားချင့်ချိန်ပြီး နောက်ဆုံးမှာတော့ သူ ခိုင်မာသော ဆုံးဖြတ်ချက်ချတစ်ခုကို ယတိပြတ် ချလိုက်ပါသည်။
ကြိုးချင်းထား ကြိုးချင်းငြိ သည့်အဖြစ်တွေကို
ဖြတ်တောက်ပစ်ရမည်။ အိုးချင်းထားအိုးချင်းထိသည့်အဖြစ်တွေကို ရိုက်ခွဲပစ်ရမည်။ သူ စိုင်းမင်းခန့်နှင့် ဆရာတပည့် ဆက်ဆံရေးထက် ကျော်လွန်မသွားအောင်
ဒီထက်ပိုပြီး မနီးစပ်စေဘဲ တတ်နိုင်သလောက် ကြိုးစားနေထိုင်သွားပါတော့မည်။
+++
အနေဝေးကြသူများ တစ်ယောက်နှင့်တစ်ယောက် ခပ်ကင်းကင်းနေကြဖို့ တကူးတက ကြိုးစားအားထုတ်စရာမလိုသော်လည်း တစ်ခန်းတည်း အတူနေနေရသော သူ့အတွက်ကတော့ ခက်ခဲသောအလုပ်ဖြစ်သည်။ သို့သော်
ထွန်းကိုကို တတ်နိုင်သလောက် နှစ်ယောက်သား နီးစပ်မှုမရှိအောင် ကြံစည်အားထုတ်ရပါသည်။
စိုင်းမင်းခန့်ကို သူ စကားမပြောဘဲ စတွေ့သည့်အချိန်တုန်းကလိုခပ်တန်းတန်း ဆက်ဆံသည်။ နောက်ပြီး ညစာစားချိန်၌လည်း ဆိုင်မှာ နှစ်ယောက်အတူ ဆုံနေမည်စိုးသဖြင့် သူ တခြားဆိုင်တစ်ဆိုင် ပြောင်းထိုင်လိုက်ခြင်းအားဖြင့် တမင်ရှောင်နေလိုက်သည်။
ပထမတော့ စိုင်းဘက်က ရုတ်တရက် အေးစက်စိမ်းကားသွားသော ဆက်ဆံရေးတစ်ခုကို ပြန်လည်နွေးထွေးသွားအောင် အကြောင်းမရှိအကြောင်းရှာ၍ စကားပြောဖို့ကြိုးစားသေး၏။
ဥပမာ " စားသောက်ဆိုင်က စားပွဲထိုးကောင်လေးက ဆရာမလာတာကြာလို့ မေးနေတာ "
" ဒီနေ့ ခေါင်းနည်းနည်းကိုက်ချင်သလိုဖြစ်နေလို့ ဘာဆေးသောက်လိုက်ရမလဲ " စသဖြင့်ပေါ့။
တစ်ခါမှာတော့ သူ ညစာစားပြီးပြန်လာချိန်၌ စိုင်းမင်းခန့်က သူသင်ကြားနေသော ဘာသာရပ်နဲ့ပက်သက်ပြီး နားမလည်သော အချက်အလက်များကို လာမေးသည်။ သူ သတိလက်လွတ်ဖြင့် စိတ်လိုလက်ရ ပြန်ဖြေလိုက်ဖို့ ပြင်လိုက်ပြီးမှ ရုတ်တရက် တွန့်ဆုတ်သွားခဲ့၏။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ နှစ်ယောက်သား နီးကပ်စွာ တည်ရှိနေမည့် အခြေအနေမျိုးကို သူ သတိကြီးစွာ ရှောင်ကြဉ်ရမည်မဟုတ်လား။ အဲတာမှ တော်ကာကျမည်။ အဲသည်တုန်းက သူ စိုင်းကို ရင့်ရင့်သီးသီး ပြောလိုက်သည်။
" ဒါ ကိုယ့် Personal နားချိန်ပါ စိုင်းမင်းခန့်။ မေးစရာရှိရင် ကိုယ့်လက်ချာချိန်မှာမေးပါ "
သူ၏ သိသာလှစွာသော အရောမဝင်ချင်ဟန်ကြောင့် စိုင်း ရှက်ရွံ့သိမ်ငယ် သွားခဲ့ပုံရသည်။ ဒါမှမဟုတ် အရေးတကြီးအာရုံစိုက်စရာ စာမေးပွဲနီးလာတာကြောင့်ပဲလားမသိ။ နောက်ထပ် သူ့ကို မည်သည့်စကားမှ လာမပြောတော့ပေ။
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ဆုံတွေ့နေပါလျက်နဲ့ ဝေးနေကြသောသူများ ဖြစ်လာကြ‌လေသည်။ ယခုအခြေအနေသာလျှင် နှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်မည်ဟု ထွန်းကိုကို ဇွတ်မှိတ်ယုံကြည်ထားကာ လှိုက်စားလာသော နာကျင်မှုကို ဘာမှမဖြစ်သလိုပင် နေနေလိုက်သည်။ သူ့ဘဝမှာ ရွေးချယ်မှုမှားယွင်းခြင်း၏ တုန်လှုပ်ကြေကွဲဖွယ်ရာ ဝေဒနာမျိုး ဒုတိယအကြိမ် မခံစားချင်တော့။
ထို့ကြောင့် သိပ်မကြာခင် အချိန်အတောအတွင်းမှာ ဘယ်သူ့ကိုမှ မငဲ့ကွက်နေတော့ဘဲ အဆောင်ပြောင်းတော့မည်ဟု သူ ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။
+++
ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများ၏ Test 1 စာမေးပွဲ နောက်ဆုံးဘာသာရပ်ဖြေပြီးသွားသည့်မနက်ခင်းတွင် ထွန်းကိုကိုအတွက် အံ့အားသင့်တုန်လှုပ်သွားရလောက်အောင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုကို ကြုံလိုက်ရသည်။
စိုင်းမင်းခန့် နှင့် ပက်သက်သောကိစ္စ မဟုတ်ပါ။
တွေးကြည့်မိတိုင်း စူးနင့်နာကျင်စရာကောင်းလှသော သူ့အတိတ်က ဖြစ်ရပ်ကြီးတစ်ခုကို ပြန်အမှတ်ရမိစေနိုင်သော ကိစ္စဖြစ်၏။
သူ ထိုအတိတ်တွေကို ပြန်တွေးမိတိုင်း ဆို့နင့်မွန်းကျပ်လာမှုနဲ့အတူ မခံမရပ်နိုင်စွာ ဒေါသထွက်နာကျင်ခဲ့ရသည်။ ထို့ကြောင့် သူ့ဘဝရဲ့ လွတ်လပ်သော အချိန်တော်တော်များများမှာ အားလပ်ချိန် တတ်နိုင်သမျှ နည်းပါးအောင် ဆရာဝန်တစ်ယောက်၏ အလုပ်တာဝန်တွေထဲမှာ နှစ်မြှပ်ထားခဲ့ရတာ ယနေ့အထိပါပဲ။
" ထွန်း ... "
ကန်တင်းဘက်ကနေဖြတ် လျှောက်လာခိုက် လှမ်းခေါ်လိုက်သံကြောင့် ထွန်းကိုကို၏ ခြေလှမ်းများ ရုတ်ချည်းရပ်တန့်သွား၏။ လှည့်ကြည့်လိုက်တော့ ရှည်လျားနက်မှောင်နေသော ဆံပင်များ လှုပ်ခတ်သွားအောင် သူ့ဆီသို့ သွက်လက်တက်ကြွစွာ လှမ်းလျှောက်လာသည့် အရပ်အမောင်းကောင်းကောင်းနှင့် သွယ်လျသည့် ကိုယ်နေဟန်ထားရှိသော အမျိုးသမီးတစ်ယောက်ကို တွေ့ရလေသည်။
ထိုအမျိုးသမီး၏ ပန်းဆီရောင်သမ်းနေသောနှုတ်ခမ်းများ ချိုမြရွှင်သာစွာ ပြုံးနေကြပြီးနက်မှောင်သော မျက်လုံးကလေးများ စူးရှတောက်ပနေကြ၏။ သူ ထိုမျက်လုံးများကို တရင်းတနှီးမြင်ဖူးပါတယ်လို့ သေချာအကဲခတ်နေခိုက် အနားရောက်လာချိန်မှာတော့ သူမ ဘယ်သူလဲဆိုတာ သူ အံ့အားသင့်စွာ သိလိုက်ရပါ‌
တော့သည်။ ဟင် ... သက်သက်ဝေ ။
သူ့နှုတ်ခမ်းလေးများ သူမနာမည်ကို အသံမထွက်ဘဲ လှုပ်သည်ဆိုရုံ ရေရွတ်မိသွားသည်။ နှစ်အတော်ကြာ ချိုးနှိမ်ထားနိုင်ခဲ့သော မီးခဲပြာဖုံးဝေဒနာသည် ချက်ချင်းပင် ပြာမှုန်များလွင့်စင်သွားသလို ခံစားလိုက်ရပြီး ပူပြင်းလောင်မြှိုက်သွားသည်။
" သက်ကို မမှတ်မိတော့ဘူးလား မောင်ရဲ့ "
ထွန်းကိုကိုသည် ဘာစကားမှပြန်မပြောမိဘဲ သူမကို ခါးခါးသီးသီး စိုက်ကြည့်နေလျက်ရှိလေသည်။
" သက် ... ကျောင်းမှာ သင်ကြားရေးလုပ်ဖို့
အမေရိကကနေ အပြီးပြန်လာတာလေ။ လွန်ခဲ့တဲ့လကပဲ ဒီနိုင်ငံကို ပြန်ရောက်လာတာ "
သူ့မျက်လုံးတွေထဲက အေးစက်နာကျည်းမှုကို မသိကျိုးကျွံပြုလျက် ဆက်ပြောနေသော သက်သက်ဝေ၏ စကားများကို ထွန်းကိုကို ဆက်လက် မကြားချင်တော့ချေ။
မခံမရပ်နိုင်စွာ ပူလောင်လျက်ရှိသော ဒေါသများ
တမျှင်းမျှင်းအုံကြွလာခဲ့၏။ သူ ချာခနဲ လှည့်ထွက်လာခဲ့ပါသည်။ ဒီလိုမိန်းမမျိုးကို စာနာထောက်ထားပြီး အားနာပါးနာနဲ့ ဘာစကားမှ ရပ်ပြောနေဖို့မလိုဘူး။
" မောင် "
သက်သက်ဝေက အနည်းငယ်တုန်ယင်ချင်သောအသံဖြင့် တောင်းပန်တိုးလျှိုသလို လှမ်းခေါ်၏။ သူ ခံပြင်းစွာ အောင့်သက်သက် ဖြစ်သွားခဲ့ပါသည်။ နောက်ပြန်လှည့်၍ သူမဆီသို့ ဒေါသတကြီးလျှောက်သွားလိုက်သည်။
" ကျေးဇူးပြုပြီး အဲဒီအသုံးအနှုန်းမသုံးပါနဲ့
သက်သက်ဝေ။ မင်းနဲ့ ငါဘာဆိုင်တော့လို့လဲ "
အံကိုတင်းတင်းကြိတ်လျက် နှစ်ဦးတည်းသာ ကြားနိုင်လောက်သော အသံဖြင့် သူ နာကျည်းစွာ ပြောလိုက်၏။ စိမ်းကားထိရှလှသော သူ့စကားကြောင့် သက်သက်ဝေသည် ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်သွားပြီးနောက် ကြိုးစားပမ်းစား ပြုံးပြ‌သည်။
" အရင်က ခေါ်နေကြမို့ နှုတ်ကျိုးသွားတာ။ Sorry ပါမောင်ရယ် ... အဲ ... ထွန်း ရယ်နော်။ သက်တို့ အေးအေးဆေးဆေး စကားပြောလို့ရပါတယ် "
ထွန်းကိုကို စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
" မင်းနဲ့ငါ့အကြားမှာ ဘာတွေကျန်သေးလို့ စကားပြောဖို့လိုအပ်နေဦးမှာလဲ သက်သက်ဝေ။ ငါ့ဘဝနဲ့ငါ တည်ငြိမ်နေခဲ့တာ ကြာပြီ။ ဒါကြောင့် ငါ့ကို နောက်တွေ့ရင်တောင် နှုတ်ဆက်တာမျိုး လာမလုပ်ပါနဲ့။ ငါ့လျစ်လျူရှုမှုတွေကိုပဲ မင်းပြန်ရမှာပဲ။ မင်းဟာ ငါ့ဘဝထဲမှာ သေသွားခဲ့တာ ကြာခဲ့ပြီ "
ရင့်သီးမာကျောသော စကားလုံးများသည် သူကိုယ်တိုင်မယုံကြည်နိုင်လောက်အောင် သူ့နှုတ်ဖျားမှ ဆက်တိုက်ထွက်ပေါ်လာလေသည်။ သက်သက်ဝေ၏ မျက်ဝန်းထဲ၌ မျက်ရည်များစိမ့်အိုင်ကျလာခဲ့၏။ သူတို့နှင့် ခပ်လှမ်းလှမ်းကနေ ဖြတ်သန်းသွားလာနေကြသော ကျောင်းသားလေးများက သူတို့နှစ်ယောက်ကို အကဲခတ်သလိုငေးကြည့်သွားကြသည်။ သူမနဲ့အတူ ကြာကြာရပ်နေလို့ မဖြစ်တော့ပါ။
ထွန်းကိုကို ချာခနဲ လှည့်ထွက်လာသောအခါ သူမသည် နေရာမှာတင် ယိုင်နွဲ့စွာ မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့လေသည်။
Continue Reading
You'll Also Like
682K 93.9K 54
Zawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားခကျြတ...
2.9M 322K 101
2.2K 328 75
just as meadows can hold hidden beauty and growth, the reconnection of their hearts allowed their love to resurface, and bring them back to the place...
942K 80.9K 89