အမုန္​းအဆံုးသတ္​

By PyarrYee143

795K 44.3K 1.6K

အခ်စ္ကို ကိုးကြယ္ေသာလူသားတစ္ေယာက္နဲ႔ အခ်စ္မခံခ်င္ေသာစိတ္ကူးယဥ္မဆန္ေသာလူသားတစ္ေယာက္ အခ်စ္ မွာဘယ္သူက က်႐ွံုးမ... More

character 1(Zawgyi/Unicode)
character.2(Zawgyi/Unicode)
1.​ေႏြဦးမိုးရဲ႕ကမၻာ(Zawgyi/Unicode)
2.မုန္​းခန္​႔ထည္​ရဲ႕ ကမၻာ(Zawgyi/Unicode)
"3"(Zawgyi/Unicode)
"4"(Zawgyi/Unicode)
"5"(Zawgyi/Unicode)
"6"(Zawgyi/Unicode)
"7"(Zawgyi/Unicode)
" 8" (Zawgyi/Unicode)
not update
" 9"(Zawgyi/Unicode)
"10"(Zawgyi/Unicode)
" 11"
"13"
" 14"
"15"
"16"
"17"
"18"
"19"
"20"
"21"
"22"
pls
"23"
"24"
"25"
"26"
"27"
" 28 "
"29"
" 30 "
" 31-1"
"31-2"
"32"
"33"
"34-1 "
"34-2"
"35"
"36"
" 37"
" 38 "
"39"
"40"
"41"
"42"
"43"
"44"
"45"
"46"
"47"
"48"
"49"
"50"
"51"
"52"
​ေတာင္​းပန္​ျခင္​း 🙏🙏
"53" Final (Zawgyi/Unicode)
Extra .part 1(U&Z )
Extra. part 2(U&Z)
Advertisement 😁
Extra .part.3(U&Z)
တမ္​းျခင္​း.
Valentine💖(U&Z)
အသက္​သြင္​းျခင္​း
💦💦💦Thingyan Extra 💦💦(U&Z)
ႏွစ္​သစ္​ လက္​​ေဆာင္​ (U&Z)
Justin ရဲ႕ဇြဲအတြက္​ အခ်စ္​ျပခန္​း (U&Z)
Happy Ending (U&Z)

"12"

9.3K 621 2
By PyarrYee143

ကိုယ္​ဟာ မင္​းနဲ႔ ထပ္​တူက်​ေအာင္​
အပင္​းထည္​့ျပဳစားထားတဲ့ အ႐ုပ္​တစ္​႐ုပ္​ လိ
မင္​းနာက်င္​ရင္​ ကိုယ္​လည္​းနာက်င္​သလို
မင္​း ​ေပ်ာ္​ရ​ႊင္​ရင္​ ကိုယ္​လည္​း​ေပ်ာ္​ရႊင္​ရတယ္

          ^^^^^^^^^^^^^^^

​ေက်ာင္​းသြားဖို႔ ျပင္​ ဆင္​ ​ေနရင္​း
ဖုန္​း လာ ​ေန​ေသာ​ေၾကာင္​့
အက်ီ ၤကိုလက္​ တစ္​ဖက္​က ထိုးထည္​့ရင္​း
ဖုန္​း ​ေခၚသူကို ၾကည္​့လိုက္​ ​ေတာ့

မမ ဖုန္းဆက္​တာပဲ ။ မနက္​ ​ေစာ​ေစာ
ဘာမွာစရာ႐ွိလို႔ပါလိမ္​့ ။

" ဟဲလို မမ "

" ငယ္​​ေလး. ​ေက်ာင္​းသြား​ေနၿပီလား "

" ကြၽန္​​ေတာ္​ အ​ေဆာင္​မွာ ျပင္​ဆင္​​ေနတုန္​း "

" ငယ္​​ေလး မမ​ေျပာတာ ​ေသခ်ာ နား​ေထာင္​​ေနာ္​ "

ဘာပါလိမ္​့ ။ မမ အဲ့လို ​ေျပာမွ ရင္​ထိတ္​လာရသည္​ ။

" ငယ္​​ေလး မမတို႔အခု ရန္​ကုန္​ ​ေရာက္​​ေနတယ္​"

" ဗ်ာ ဘယ္​တုန္​းက "

" တိတိက်က်​ေျပာရရင္​ ရန္​ကုန္​​ေဆးရံုႀကီးမွာ
ညကတည္​းက ​ေရာက္​တာ ငယ္​​ေလး ကို လာ​ေစခ်င္​
္​တယ္​ "

" မမ တစ္​ခုခု မ်ား
ဟင္​ .! ​ေမ​ေမ တစ္​ခုခုမ်ားျဖစ္​လို႔လား "

" ​ေရာက္​ရင္​ မမ​ေျပာျပမယ္​​ေနာ္​ ငယ္​​ေလး
အင္​့"

ဘုရား ။ ဖုန္​းထဲမွာၾကားလိုက္​တာ မမ ရဲ႕ ႐ိႈက္​သံ လိုလို ။
ငိုခ်င္​စိတ္​ကို ထိန္​းၿပီး​ေျပာ​ေနရသလို ။ စကား
အဆံုးသတ္​မွာ လိႈက္​ခါသြားသလို ။
ဟင္​့အင္​း နားၾကားလြဲတာ​ေနမွာ ။
တစ္​ခုခုမ်ား မျဖစ္​ပါ​ေစနဲ႔ ။

မုန္​းခန္​႔ထည္​ ကတုန္​ကရင္​ျဖစ္​​ေနၿပီး ​ေနရာမွာပင္​
ရပ္​ တန္​႔​ေနမိသည္​။ ဖုန္​းက က်သြားၿပီ ျဖစ္​ကာ
မမရဲ႕ ​​​​စိတ္​သိပ္​မလႈပ္​႐ွား ပါနဲ႔ ​ေျဖး​ေျဖးပဲလာ ငယ္​​ေလး
ဟုသာ ၾကားလိုက္​သည္​ ။ ​ေနာက္​ မွာ ဘာ​ေတြ​ေျပာ
မွန္​းမသိ​ေတာ့ ။

လြယ္​အိတ္​ထဲ ပိုက္​ဆံအိတ္​ရယ္​ဖုန္​းရယ္​ ​ေကာက္​ထည္​့
ကာ ကား.ဂိတ္​ကို အ​ေျပး လာ မိသည္​ ။

ကားဂိတ္​​ေရာက္​သည္​အထိ စိတ္​က မတည္​ၿငိမ္​ႏိုင္​​ေသး။
က​ေယာက္​ ကယက္​ျဖစ္​​ေနကာ စိတ္​ထဲ ထင္​့​ေန​ေသာ
တစ္​ခုခုကို ရင္​ဆိုင္​ရမွာ​ေၾကာက္​​ေနမိသည္​ ။

ကား ဆိုက္​လာ​ေတာ့ လူမ်ားၾကားထဲ တိုးတက္​ၿပီး
​ေနရာယူ ဖို႔ လည္​း သတိမရ။ မတ္​တပ္​ၾက​ီး ရပ္ၿပီး
​ေမ​ေမ့ကို စိတ္​ထဲ ​ေမတၱာ ပို႔ ဆု​ေတာင္​း​ေပးမိသည္​။

​ေဆးရံုႀကီး ​ေရာက္​ မွ မမ ကို အ​ေဆာင္​မ​ေမးရ​ေသး
တာသတိရသည္​။ ဖုန္​းခ်ကာနီး မမ ​ေနရာကို လွမ္​း​
​ေျပာတာ ​ေနမွာ ။ စိတ္​နဲ႔လူနဲ႔မကပ္​​ေတာ့သတိမထားမိ။

​ေမ​ေမ က ကင္​ဆာ ဆို​ေတာ့ ကင္​ဆာ အ​ေဆာင္​သာ
တန္​းသြား လိုက္​ၿပီး လမ္​း​ေလ်ွာက္​​ေနရင္​း
မမကို ဖုန္​းဆက္​လွမ္​း​ေမးရသည္​။

ဖုန္​းခ် ၿပီး ​ေလ်ွာက္​လမ္​းတစ္​​ေလ်ွာက္​ လမ္​း​ေလ်ွာက္​
လာ ရင္​း ​ေဘးဘီက တအီးအီး နဲ႔ ​ေဝဒနာ ခံစား ကာ
ၿငီးညဴ​ေန​ေသာ လူနာမ်ား ၊ လူနာအတြက္ စိတ္​ပူပန္​
​ေနရ​ေသာ လူနာ​ေစာင္​့မ်ား နဲ႔ ျပည္​့သိပ္​​ေန​ေသာ
ျမင္​ကြင္​း ကို မၾကည္​့ခ်င္​ဘဲ ျမင္​​ေနရသည္​။

လူနာ​ေဆာင္​မွာ မ​ေလာက္​သည္​့အတြက္​
အျပင္​ဘက္​ ခံုတန္​း​ေလးမ်ားမွာသာ ထိုင္​ရင္​း
​ေဆးပိုက္​တန္​းလန္​းနဲ႔ ​ေဆး​သြင္​း​ေနရ​ေသာ လူနာ
​ေတြကအမ်ားအျပား ။ ဓာတ္​ကင္​ရန္​​ေစာင္​့ဆိုင္​း​ေန​ေသာ လူနာ မ်ားကလည္​း ထပ္​​ေနသည္​။ ​ေလ်ွာက္​လမ္​း
အနည္​းငယ္​သာ က်န္​႐ွိၿပီး ​ေဘးပတ္​လည္​မွာ
လူနာမ်ားနဲ႔ ျပည္​့​ေန​ေသာ ​ေဝဒနာ ​ေတြ ခံစား​ေနရ​ေသာ
ျမင္​ကြင္​း မ်ားကို ၾကည္​့ရင္​း ​ေမ​ေမ ခံစား​ေနရတဲ့
​ေဝဒနာက ဒီ ထက္​ မဆိုး​ေတာင္​ ဒီ​ေလာက္​​ေတာ့
မ​ေလ်ာ့ႏိုင္​ ။ မၾကည္​့ခ်င္​ မျမင္​ ခ်င္​​ေတာ့သည္​့
အတြက္​ မ်က္​ႏွာ လႊဲ ၿပီး မမ ​ေျပာ​ေသာ အ​ေဆာင္​
သို႔သာ ခပ္​ျမန္​ျမန္​​ေလ်ွာက္​လာမိသည္​ ။

သားအိမ္​ ကင္​ဆာ အ​ေဆာင္​ကို ​ေရာက္​ ​ေတာ့
ခံုတန္​း လ်ား​ေလးမွာ ႏြမ္​းလ်စြာ ထိုင္​​ေန​ေသာ
မမ ကို ​ေတြ႔ ၿပီး ငို ခ်င္​စိတ္​ကို ထိန္​း ထားရသည္​။
မမ ပံုစံက အ​ေတာ္​ပင္​ ႏြမ္​းနယ္​​ေနကာ
ငိုထားသျဖင္​့ မ်က္​လံုးမ်ားပင္​ ​ေဖာင္​းမို႔​ေနသည္​ ။

" မမ "
ကြၽန္​​ေတာ္​့ ​ေခၚသံ ​ေၾကာင္​့ မမ လွမ္​းၾကည္​့ကာ
​ႏြမ္​းလ်စြာ တစ္​ခ်က္​သာ ျပံဳး ျပ ၿပီး
မ်က္​ရည္​ စီးက်လာ​ေတာ့သည္​။တစ္​​ေယာက္​တည္​း
ျဖစ္​သည္​မို႔ အားတင္​းကာ ႀကိတ္​မွိတ္​ ​ေနသမ်ွ
​ေမာင္​ ျဖစ္​​ေသာ ကြၽန္​​ေတာ့ကို​ေတြ ့​ေတာ့ မွ စိတ္​​ေလ်ွာ့
ကာ ငို​ေတာ့သည္​ ။

" မမ ဘာျဖစ္​လည္​း ကြၽန္​​ေတာ့ကို​ေျပာပါဦး
ရင္​ပူရတာ ​​ေသ​ေတာ့မယ္​ "

" ​ငယ္​​ေလး ​ေမ​ေမက​ေလကင္ဆာဆင္​့၄ ​ေရာက္​​ေနၿပီ
အခု ​ေဆးသြင္​းတာ မ​ေအာင္​ျမင္​ရင္​
မမ တို႔ လက္​လႊတ္​ လိုက္​ရလိမ္​့မယ္​ "

" ဗ်ာ "
ကြၽန္​​ေတာ့​ေခါင္​းထဲ မိုးႀကိဳး ပစ္​ခ်လိုက္​သလို
​ထူပူသြား​ေတာ့သည္​ ။ မျဖစ္​ႏိုင္​တာ ​ေမ​ေမက
ကြၽန္​​ေတာ့ ကို ဖုန္​းထဲမွာ ​ေျပာ​ေတာ့ ​
​ေန​ေကာင္​းပါတယ္​တဲ့ ။ ​ေဆး သြင္​း ​ေနတာ
​ေဆးပတ္​ျပည္​့ၿပီးရင္​ ​ေကာင္​း သြားမယ္​တဲ့ ။
​ေနာက္​ႁပီး ​ေမ​ေမက သားအိမ္​ထုတ္​ၿပီး
တစ္​လ ခြဲ ​ေလာက္​ ဓာတ္​ကင္​​ေသးတယ္​​ေလ ။
အခုလိုအ​ေျခ အ​ေနက ဘယ္​လို မွ
ဟား ဘယ္​လို မွ မျဖစ္​ႏိုင္​တာ ။

" မမ ကြၽန္​​ေတာ္​့ကို ​ေသခ်ာ ​ေျပာျပပါဦး
​ေမ​ေမ က ​ေဆးပတ္​ျပည္​့ ၿပီး မဟုတ္​လား
ဓာတ္​လည္​း ကင္​ထားတယ္​​ေလ
ဒီတစ္​​ေခါက္​ ​ေဆးသြင္​းၿပီးရင္​
​ေကာင္​း ၿပီဆို "

" တကယ္​​ေတာ့ ငယ္​​ေလး ရယ္​
​ေမ​ေမက ငယ္​​ေလး စိတ္​ညစ္​မွာ စိုးလို႔ မ​ေျပာခိုင္​းထား
တာ အဆင္​့ ​ေလးမွန္​း သိတာ ၾကာၿပီ
​ေဆးသြင္​း​ေနတာလည္​း ​ေဆးပတ္​ျပည္​့ခါနီးၿပီ​ေလ
ဒါ​ေပမဲ့ ​ေဘးက ​ေရာဂါ ​ေတြ လိုက္​ဝင္​ လာ
​ေတာ့ "

​ေျပာရင္​းမမ အသံ တိမ္​ဝင္​သြားၿပီး တစ္​ခ်က္​ ႐ိႈက္​ငိုသည္​ ။
ၿပီး မွ

" ​ေမ​ေမ့ က ​ေက်ာက္​ကပ္​လည္​း မ​ေကာင္​း​ေတာ့ဘူးတဲ့
အခု အ​ေျခ အ​ေနက ​ေက်ာက္​ကပ္​ အလုပ္​မလုပ္​ႏိုင္
​ေတာ့ ဆီးကို ဓမၼတာအတိုင္​းစြန္​႔လို႔မရ​ေတာ့ဘူးတဲ့
ဆီးအိမ္​ကို ​ေဖာက္​ၿပီးအျပင္ဘက္​ကို ပိုက္​နဲ႔ ထုတ္​
​ရမယ္​တဲ့ "

" မမရာ အဲ့ ​ေလာက္​ အ​ေျခ အ​ေနဆိုရင္​ ကြၽန္​​ေတာ္​့္ ကို
​ေျပာရ​ေတာ့မွာ မဟုတ္​ဘူးလား ကြၽန္​​ေတာ္​လည္​း
သားတစ္​​ေယာက္​​ေလ သိခြင္​့႐ွိ တယ္​ မဟုတ္​လား"

မုန္​းခန္​႔ထည္​သည္​ငိုခ်င္​စိတ္​ကို အံႀကိတ္​ကာ ​ေျပာသည္​ ။
တကယ္​​ေတာ့ မမကို အျပစ္​မတင္​ သင္​့ ။
ကြၽန္​​ေတာ္​ကိုယ္​တိုင္​ ​ေဆး​ေက်ာင္​းတက္​​ေနၿပီး
ဒီ​ေရာဂါ ရဲ႕ ဆိုးက်ိဳး​ေတြကို သိထားသင္​့သည္​ ။
ဖုန္​းဆက္​တိုင္​း​ေမ​ေမ့ရ​ဲ့ စိတ္​မပူဖို႔ ​ေျပာတာ​ေတြကို
ကြၽန္​​ေတာ္​ မယံုသင္​့ ။ ကြၽန္​​ေတာ္​ကိုယ္​တိုင္​က
​ေမ​ေမ့ကို သာမန္​ကာလွ်ံကာ ​ေမးၿပီး ပစ္​ထားသလို
ျဖစ္​သြားတာ ။ အားလံု း ကြၽန္​​ေတာ္​့အမွား ။

ကိုယ္​့အ​ေမ ခံစား​ေနရတဲ့ ​ေဝဒနာကို
​ေဆး​ေက်ာင္​းသားျဖစ္​လ်က္​ လ်စ္​လ်ဴ ႐ႈခဲ့မိတာ ။
ကိုယ္​့ကိုယ္​ကိုယ္​ ​ေတာင္​ ခြင္​့လႊတ္​ဖို႔ ထိုက္​တန္​ရဲ႕လား။

" အခု ​ေမ​ေမဘယ္​မွာလဲမမ "

" ​ေဆး သြင္​း​ေနတယ္​ ​ငယ္​​ေလး "

" မမတို႔ ညက ဘယ္​မွာ​တည္​းၾကလဲ "

" ဘုန္​းႀကီး​ေက်ာင္​းမွာ "

အ​ေျခ အ​ေန ​ေတြက ဆိုးရြားလိုက္​တာ ။
ကြၽန္​​ေတာ္​သာ သိဖို႔ ႀကိဳးစားခဲ့ရင္​ သာမန္​ကာလွ်ံကာ ​
မ​ေနခဲ့ ရင္​ ဒီလို​ေတြျဖစ္​မွာမဟုတ္​ ။

သဲဆီက ဖုန္​း လာသျဖင္​့
အ​ေဆာင္​ အျပင္​ထြက္​ ခဲ့သည္​။

" ဟဲလို "

" မုန္​း ​ေက်ာင္​း မလာဘူးလားခုထိမ​ုန္​းကိုမ​ေတြ ့လို႔
ဒီမွာ EC ​ေခၚခိုင္​း​ေနလို႔ "

" Sorry သဲ ရယ္​ ကိုယ္​ဒီ​ေန႔​ေက်ာင္​းမလာ​ေတာ့ဘူး
ခြင္​့တစ္​ခ်က္​တိုင္​​ေပးပါ​ေနာ္​ "

" မုန္​း အသံလည္​း မ​ေကာင္​းပါလား ဘာကိစၥျဖစ္​လို႔လဲ "

သဲ ​ေမး လိုက္​ကာမွ ဝမ္​းနည္​းစိတ္​တို႔ လိႈက္​တက္​
လာသည္​ ။ ငို​ေႂကြးခ်င္​​ေသာ က​ေလး မိခင္​နဲ႔​ေတြ႔သလို ။
ဖုန္​း ကို လက္​နဲ႔ ပိတ္​ကာ မ်က္​ရည္​ ​ေတြ​ေတြက်မိသည္​။
ဖုန္​းထဲမွ သဲ က စိုးရိမ္​တႀကီး လွမ္​း​ေမး​ေနတာမို႔
သက္​ျပင္​းတစ္​ခ်က္​ ႐ိႈက္​သြင္​းကာ
ဖုန္​းကို နားနားမွာ ျပန္​ကပ္​၍ ​ေမ​ေမ့ အ​ေျခ အ​ေနကို
​ေျပာျပ မိသည္​။

" ဟင္​ ဒါဆို သဲ ​ေန႔လည္​ ​ေန႔တစ္​ဝက္​ ခြင္​့ယူၿပီး
လာခဲ့မယ္​​ေနာ္​ "

" မလာပါနဲ႔ သဲ ရပါတယ္​ ကိုယ္​႐ွိတာပဲ "

" ဟင္​့အင္​းသဲလာခဲ့မယ္​ ဘယ္​အ​ေဆာင္​လဲ ​ေျပာျပ
​ေနာ္​ "

သဲကို အ​ေဆာင္​ ​ေျပာျပကာ ဖုန္​းခ် လိုက္​ၿပီး
မမဆီ ျပန္​ သြား ရသည္​။
မိန္​းမသား ႏွစ္​​​ေယာက္​ထဲ ဒီ အပူကို ဘယ္​လိုမ်ား
မ်ွ​ေဝခံစားခဲ့ ၾကသလဲ ။

" ငယ္​​ေလး မမ ဆရာဝန္​ႀကီးနဲ႔သြား​ေတြ ့ရမယ္​
ငယ္​​ေလး ​ေမ​ေမထြက္​လာတာ ​ေစာင္​့ ​ေန​ေပး​ေနာ္​ "

မုန္​းခန္​႔ထည္​​ေခါင္​း အသာ ၿငိမ္​့ျပကာ ခံုတန္​းလ်ား​ေပၚ
အ႐ုပ္​ႀကိဳးျပတ္​ထိုင္​ခ် လိုက္​သည္​။

ခနၾကာ​ေတာ့မမ ျပန္​​ေရာက္​လာသည္။
​ေမ​ေမ့ကို ဆီး အိမ္​ ​ေဖာက္​ဖို႔ ဆံုးျဖတ္​လိုက္​ၾကသည္​
တဲ့ ။ကြၽန္​​ေတာ္​ ​ေမ​ေမ့ကို ခုထိ မ​ေတြ႕ရ​ေသး ​ေခ် ။
​ေမ​ေမဘယ္​လို ​ေနမွာလဲ ။ ပိန္​​ေနမလား
ဝ​ေနမလား ။ ​ေမ​ေမ့ရဲ႕ ယခင္​က လွပခဲ့​ေသာ ႐ုပ္​က​ေလး
​ေတြ ဘယ္​လို ျဖစ္​​ေနမလဲ ။

" မုန္​း "

" သဲ ​ေရာက္​လာၿပီလား"

" အင္​း အန္​တီ​ေရာ "

" ​ေဆးသြင္​း​ေနတယ္​ ဒါက မမ​ေလ "

" ​ဟုတ္​ မမ စိတ္​မပူပါနဲ႔ ​ေနာ္​
ညီမ​ေလးမွာ ဆရာဝန္​ ​ႀကီး​ေတြ နဲ႔ အဆက္​အသြယ္​႐ွိ
တယ္​ အန္​တီ ဘာမွ မျဖစ္​​ေစရဘူး​ေနာ္​ "

" ​ေက်းဇူးပါ ညီမ​ေလးရယ္​ "

​ေန႔လည္​စာ ကို သဲယူလာ​ေပး၍
​ေတာ္​ ​ေတာ့သည္​ ။ ​ေမ​ေမ့အနားက
တစ္​ဖဝါးမွ မခြာခ်င္​ ။

​ေဆးသြင္​းခ်ိန္​ ၿပီး​ေၾကာင္​း လာ​ေျပာ​ၿပီး
​ေမ​ေမ့ကို တြန္​းလွည္​း ႏွင္​့ ​ေခၚထုတ္​လာသည္​။

​ေမ​ေမ
မ်က္​ႏွာ ​ေတြ​ေရာ ​ေျခလက္​​ေတြ​ေရာ
​ေက်ာက္​ကပ္​ မ​ေကာင္​းတာ​ေၾကာင္​့
​ေဖာ ​ေနကာ ဝမ္​း ဗိုက္​က
ပူ​ေနသည္​ ။ တြန္​းလွည္​း ကုတင္​​ေပၚမွာ
မလႈပ္​ႏိုင္​​ေတာ့​ေသာ ​ေမ​ေမက ကြၽန္​​ေတာ္​့ကို ျမင္​​ေတာ့
ၾကင္​နာစြာ အျပံဳးတစ္​ပြင္​့​ေတာ့ ​ေပး ​ေန​ေသး၏။
အရင္​က က်က္​သ​ေရ ႐ွိခဲ့​ေသာ ​ေမ​ေမ့ မ်က္​ႏွာ သည္​
အခု​ေတာ့ ​ေရာဂါဒဏ္​​ေၾကာင္​့ ​ေခ်ာင္​က်ကာ
​ေခ်ာ​ေမာမႈ​ေတြ ​ေပ်ာက္​ဆံုး.​ကုန္​သည္​။
​ေဆး႐ွိန္​​ေၾကာင္​့ ဆံပင္​ နက္​နက္​ထူထူ​ေတြ
က်ဲ ပါးခဲ့ ၿပီ။
​ေမ​ေမ့ကို ျမင္​လိုက္​ရ​ေသာ အခိုက္​အတန္​႔ ရင္​ထဲမွာ
စို႔နစ္​လာ ကာ တင္​းၾကပ္​​ေနသည္​ ။
ဝဲ တက္​ လာ​ေသာ မ်က္​ရည္​စ ​ေတြကို
​မ်က္​​ေတာင္​ျဖင္​့ပုတ္​ခတ္​သိမ္​းဆည္​းကာ
​ေမ​ေမ့အနားကို အ​ေျပးသြားၿပီး

" ​ေမ​ေမ ​ေနလို႔အဆင္​​ေျပလား ဘယ္​နားနာ​ေနလဲ "

​ေန​ေကာင္​းပါတယ္​ လို႔ ​ေမ​ေမျပန္​​ေျပာတာ​ေတာင္​
​ေမ​ေမ့အသံက တိုးလ်လ် ။

"ဟင္​့ "

မမ က​ေတာ့ အ​ေနာက္​မွာငို ​ေနၿပီ ျဖစ္​သည္​။
သဲက ကြၽန္​​ေတာ္​ ့ လက္​​ေမာင္​းကိုဆုပ္​ကိုင္​ကာ
အား​ေပး႐ွာသည္​။
ငိုလို႔မရ ။.ဒီ​ေနရာမွာ ကြၽန္​​ေတာ္​ငိုလို႔မျဖစ္​ ။
ကာကြယ္​​ေပးရမည္​့ ​ေမ​ေမ​ေရာ မမ​ ​ေရာ ႐ွိ​ေနသည္​။
ကြၽန္​​ေတာ္​​ေပ်ာ့ညံ ့လို႔မျဖစ္​ ။

သဲရဲ႕ အကူအညီနဲ႔ ​ေမ​ေမ လူနာ​ေဆာင္​မွာ ​ေနခြင္​့ရသည္​။
ဒီည​ေန ​ေမ​ေမ့ကို ​ဆီး လမ္​း ​ေၾကာင္​း ​ေဖာက္​ၿပီး
အျပင္​ထုတ္​မွာ ျဖစ္​တဲ့အတြက္​ ျပင္​ဆင္​စရာ႐ွိတာ
ျပင္​ဆင္​ရသည္​။

^^^^^^^^^^^^^^^^^^^^^^^^^^^

  ​မုန္​းခန္​႔ထည္​သည္​အျပင္​ကခံုတန္​းမွာ ထိုင္​​ေနစဥ္​
​ေႏြဦး​ေရာက္​လာသည္​။ဒီ​ေကာင္​​ေလး ဘယ္​က ဘယ္​လိုသိပါလိမ္​့။

" Sir အန္​တီ အဆင္​​ေျပလား ကြၽန္​​ေတာ္​
ကိုရဲမင္​းကိုဖုန္​းဆက္​​ေမးလိုက္​တာ "

".​ေအာ္​
အဆင္​​ေျပပါတယ္​ ဘာလို႔လိုက္​လာတာလဲ ​ေဆးရံု
မွာ အနံ ့အသက္​ ​ေတြ မ​ေကာင္​းတာနဲ႔ "

" ဘာမွမျဖစ္​ပါဘူး Sirကိုအား​ေပးဖို႔ လာတာ "

​ေႏြဦး မုန္​းခန္​႔ထည္​ကို ၾကည္​့ မိ​ေတာ့ အ​ေတာ္​​ေလး.ပင္​ပန္​း​ေနပံုရသည္​။ မ်က္​ႏွာ တို႔က ႏြမ္​း လ်လ် ။
သနား.စိတ္​ဝင္​ကာ ပုခံုး​ေလးကို အသာဖက္​ ၿပီး ႏွစ္​သိမ္​့
​​ေပး​ေတာ့ မုန္​းခန္​႔ထည္​က ​ေႏြဦးပုခံုးနားတိုးဝင္​ကာ
႐ိႈက္​ငို​ေတာ့သည္​။

" ကိုယ္​ ဘယ္​​ေလာက္​​ေတာင္​အသံုးမက်တဲ့ သားမ်ိဳးလဲ
ဆရာဝန္​ တစ္​​ေယာက္​ျဖစ္​လာမဲ့လူက
ကိုယ္​့အ​ေမ အ​ေျခ အ​ေနကို မရိပ္​မိရ​ေလာက္​​ေအာင္​
တစ္​ကိုယ္​​ေကာင္​းဆန္​​ေနခဲ့ မိတယ္​ "

ကြၽန္​​ေတာ္​့ပုခံုးထက္​ သူ႔မ်က္​ရည္​​ေတြစို လူး
ကုန္​၏။ ငို ပါ​ေစ ။ ငို႐ိႈက္​လိုက္​မွ ​သက္​သာ မယ္​ဆို
ရင္​ မ်က္​ရည္​ကုန္​သြား​ေအာင္​ ငို လိုက္​ပါ။
မ်က္​ရည္​ သုတ္​​ေပးမဲ့ ခင္​ဗ်ားကို  ခ်စ္​ရ​သူက
အသင္​့႐ွိ​ေနတာမို႔ ။
ခင္​ဗ်ားနာက်င္​ ေနရတာထက္​
ခင္​ဗ်ားကိုခုလိုျမင္​​ေနရတဲ့ သူက အဆမတန္​
ပိုနာက်င္​ ခံစား​ေနရလိမ္​့မယ္​ ။
ျဖစ္​ႏိုင္​ရင္​ ခင္​ဗ်ား.​ေနရာမွာ
သူသာ အစားဝင္​ ၿပီး နာက်င္​ ခ်င္​​ေနလိမ္​့မည္​။
အသည္​းနင္​့​ေအာင္​ ခ်စ္​ ​ေနရသူမို႔ သူက
ခင္​ဗ်ားကို အထိအခိုက္​​ေလး​ေတာင္​ ခံ ႏိုင္​မွာမဟုတ္​
တာ ခင္​ဗ်ား.သိရင္​ ​ေကာင္​းမယ္​ ။

ၾကယ္​​ေလး​ေရာ။ ၾကယ္​​ေလးသာဒီ​ေနရာမွာဆိုဒီလို ခံစား
​ေနရမွာလား။ နာက်င္​ ​ေၾကကြဲ​ေနမွာလား ။
​ေနထိတဲ့​ေန​ေလာင္​ပန္​းလို ညႇိဳးႏြမ္​း​ေနမွာလား။
ဟုတ္​တယ္​။.သူ​ေလး အရမ္​းခံစား​ေနရမွာ ။
သူခံစား​ေနရတာထက္​ပိုၿပီးကြၽန္​​ေတာ္​လည္​း
နာက်င္​ရမွာ ။ ၾကယ္​​ေလးသာ ဒီ​ေနရာမွာဆို ​ေပြ ့ဖက္​
ႏွစ္​သိမ္​့​ေပးၿပီး သူ႔နာက်င္​မႈ​ေတြ ကိုယ္​သာ
ယူပစ္​လိုက္​မွာ။

မုန္​းခန္​႔ထည္​ ခႏၶာကိုယ္​က တစ္​မနက္​အတြင္​း ​အားျပတ္​
​ခဲ့ပံု ရ၏။ ခႏၶာကိုယ္​က ​ေဖ်ာ့​ေတာ​့​ေန့ ၿပီး
မ်က္​လံုး မ်ားက ​ေတာက္​ပမႈမ႐ွိ​ေတာ့ ။

​ေႏြဦး မုန္​းခန္​႔ထည္​နဲ႔အတူ ထိုင္​​ေနစဥ္​
အခန္​းထဲမွ မမသဲနဲ႔ Sir ရဲ႕ အမ ျဖစ္​ဟန္​တူ​ေသာ
အမတစ္​​ေယာက္​ထြက္​လာသည္​။

" မမကို သဲ အိမ္​​ေခၚသြားလိုက္​မယ္​
​ေရခ်ိဳး ထမင္​းစားၿပီးရင္​ ျပန္​​ေခၚလာ ခဲ့​ေပးမယ္​​ေနာ္​
မမ တအားပင္​ပန္​း​ေန ၿပီ "

" အင္​း သဲ ​ေခၚသြားလိုက္​ပါ ဒီမွာ ကိုယ္​႐ွိ​ေနမယ္​ "

" ငယ္​​ေလး ​ မမျပန္​လာရင္​ ငယ္​​ေလးကအ​ေဆာင္​ျပန္​
လိုက္​​ေနာ္​ "

" ဟုတ္​မမ "

သဲ နဲ႔ မမ အိမ္​ ျပန္​သြားမွ မုန္​းခန္​႔ထည္​ ​ေမ​ေမ့ အခန္​း ထဲ
ဝင္​ ခဲ့ သည္​ ။ ​ေႏြဦး အ​ေနာက္​က လိုက္​ဝင္​လာတာ​
​ေတြ ့​ေတာ့

" ​ေႏြဦး မင္​းမျပန္​ဘူးလား
ဒီ​ေနရာက က​ေလး​ေတြ ႐ွိသင္​့တဲ့ ​ေနရာမဟုတ္​ဘူး​ေလ"

" ရတယ္​ Sirကို အတူ​ေစာင္​့​ေပးမယ္​ "

မုန္​းခန္​႔ထည္​ျပန္​မ​ေျပာ​ေတာ့ဘဲ ​သူ႔​ေမ​ေမေဘးနားက
ခံုမွာ ထိုင္​ကာ ​ ​သူ႔​ေမ​ေမကိုသာတစိုက္​မတ္​မတ္​ စိုက္​
ၾကည္​့​ေန၏။

​ေႏြဦးကအလိုက္​တသိပင္​
ခံုတစ္​ခံုယူထိုင္​ကာ တိတ္​တဆိတ္​​ေန​ေပးမိသည္​။

မုန္​းခန္​႔ထည္​ သည္​ဘယ္​​ေလာက္​ပင္​ပန္​း​ေနသည္​မသိ သူ႔​ေမ​ေမ လက္​ကိုင္​ကာ ကုတင္​​ေပၚ ​ေခါင္​း​ေလး​ေမွာက္​တင္​ၿပီး အိပ္​ ​ေပ်ာ္​​ေန​​ေလ သည္​ ။
​ေႏြဦးက ​ေစာင္​​ေလး.အသာျခံဳ​ေပးကာ ​ေဘးနားမွာ
​ေစာင္​့ၾကည္​့​ေပး​ေန၏။

မမ သဲ တို႔ျပန္​​ေရာက္​လာ​ေတာ့ မုန္​းခန္​႔ထည္​ကို
ႏိႈးၿပီး ျပန္​လိုက္​ပို႔​ေပးရန္​လုပ္​ရသည္​။

" Sir ကြၽန္​​ေတာ့အိမ္​ပဲလိုက္​ခဲ့​ေတာ့
ဟိုမွာ ​ေရမိုးခ်ိဳး အစာစားၿပီး ခနနားလိုက္​ ​ေလ
ကြၽန္​​ေတာ္​ ​ေဆးရံုကို ျပန္​လာပို႔​ေပးမယ္​ "

" ရတယ္​ ကိုယ္​ အ​ေဆာင္​ပဲ ျပန္​ လိုက္​မယ္​
ယူစရာ​ေလး​ေတြ႐ွိလို႔ "

" ဟုတ္​ကဲ့ ကြၽန္​​ေတာ္​ အ​ေဆာင္​လိုက္​ပို႔​ေပးမယ္​ "

အင္​း တစ္​လံုးသာမုန္​း​ခန္​႔ထည္​ေျပာၿပီး ၿငိမ္​က်သြား ၏။
​ေႏြဦးလွၫ္​့ၾကည္​့လိုက္​​ေတာ့
ကူ႐ွင္​​ေပၚ​ေခါင္​းမွီကာ မ်က္​လံုးမွိတ္​ၿငိမ္​သက္​​ေန၏။

နာက်င္​မႈ​ေတြရယ္​ ​ေဝးလြင့္​ပါ​ေစကြယ္​ ။
သူနာက်င္​ ​ေနရင္​ သူ႔ကို ခ်စ္​ရသူလည္​း နာက်င္​
ရတာမို႔ ။

^^^^^^^^^^^^^^^^^^^^^^^^

Unicode

ကိုယ်​ဟာ မင်းနဲ့ ထပ်​တူကျ​အောင်​
အပင်းထည့်​ပြုစားထားတဲ့ အရုပ်​တစ်​ရုပ်​လို
မင်းနာကျင်​ရင်​ကိုယ်​လည်းနာကျင်​သလို
မင်း​ပျော်​ရွှင်​ရင်​ကိုယ်​လည်း​ပျော်​ရွှင်​ရတယ်

          ^^^^^^^^^^^^^^^

​ကျောင်းသွားဖို့ ပြင်​ဆင်​နေရင်း
ဖုန်း လာ​နေ​သော​ကြောင့်​
အကျီ င်္ကိုလက်​တစ်​ဖက်​က ထိုးထည့်​ရင်း
ဖုန်း​ခေါ်သူကို ကြည့်​လိုက်​တော့

မမ ဖုန်းဆက်​တာပဲ ။ မနက်​စော​စော
ဘာမှာစရာရှိလို့ပါလိမ့်​။

" ဟဲလို မမ "

" ငယ်​လေး.​ကျောင်းသွား​နေပြီလား "

" ကျွန်​တော်​အ​ဆောင်​မှာ ပြင်​ဆင်​နေတုန်း "

" ငယ်​လေး မမ​ပြောတာ​သေချာ နား​ထောင်​နော်​"

ဘာပါလိမ့်​။ မမ အဲ့လို​ပြောမှ ရင်​ထိတ်​လာရသည်​။

" ငယ်​လေး မမတို့အခု ရန်​ကုန်​ရောက်​နေတယ်​"

" ဗျာ ဘယ်​တုန်းက "

" တိတိကျကျ​ပြောရရင်​ရန်​ကုန်​ဆေးရုံကြီးမှာ
ညကတည်းက​ရောက်​တာ ငယ်​လေး ကို လာ​စေချင်​
်​တယ်​"

" မမ တစ်​ခုခု များ
ဟင်​.!​မေ​မေ တစ်​ခုခုများဖြစ်​လို့လား "

"​ရောက်​ရင်​မမ​ပြောပြမယ်​နော်​ငယ်​လေး
အင့်​"

ဘုရား ။ ဖုန်းထဲမှာကြားလိုက်​တာ မမ ရဲ့ ရှိုက်​သံ လိုလို ။
ငိုချင်​စိတ်​ကို ထိန်းပြီး​ပြော​နေရသလို ။ စကား
အဆုံးသတ်​မှာ လှိုက်​ခါသွားသလို ။
ဟင့်​အင်း နားကြားလွဲတာ​နေမှာ ။
တစ်​ခုခုများ မဖြစ်​ပါ​စေနဲ့ ။

မုန်းခန့်​ထည်​ကတုန်​ကရင်​ဖြစ်​နေပြီး​နေရာမှာပင်​
ရပ်​တန့်​နေမိသည်​။ ဖုန်းက ကျသွားပြီ ဖြစ်​ကာ
မမရဲ့​စိတ်​သိပ်​မလှုပ်​ရှား ပါနဲ့​ဖြေး​ဖြေးပဲလာ ငယ်​လေး
ဟုသာ ကြားလိုက်​သည်​။​နောက်​မှာ ဘာ​တွေ​ပြော
မှန်းမသိ​တော့ ။

လွယ်​အိတ်​ထဲ ပိုက်​ဆံအိတ်​ရယ်​ဖုန်းရယ်​ကောက်​ထည့်​
ကာ ကား.ဂိတ်​ကို အ​ပြေး လာ မိသည်​။

ကားဂိတ်​ရောက်​သည်​အထိ စိတ်​က မတည်​ငြိမ်​နိုင်​သေး။
က​ယောက်​ကယက်​ဖြစ်​နေကာ စိတ်​ထဲ ထင့်​နေ​သော
တစ်​ခုခုကို ရင်​ဆိုင်​ရမှာ​ကြောက်​နေမိသည်​။

ကား ဆိုက်​လာ​တော့ လူများကြားထဲ တိုးတက်​ပြီး
​နေရာယူ ဖို့ လည်း သတိမရ။ မတ်​တပ်​ကြီး ရပ်ပြီး
​မေ​မေ့ကို စိတ်​ထဲ​မေတ္တာ ပို့ ဆု​တောင်း​ပေးမိသည်​။

​ဆေးရုံကြီး​ရောက်​မှ မမ ကို အ​ဆောင်​မ​မေးရ​သေး
တာသတိရသည်​။ ဖုန်းချကာနီး မမ​နေရာကို လှမ်း​
​ပြောတာ​နေမှာ ။ စိတ်​နဲ့လူနဲ့မကပ်​တော့သတိမထားမိ။

​မေ​မေ က ကင်​ဆာ ဆို​တော့ ကင်​ဆာ အ​ဆောင်​သာ
တန်းသွား လိုက်​ပြီး လမ်း​လျှောက်​နေရင်း
မမကို ဖုန်းဆက်​လှမ်း​မေးရသည်​။

ဖုန်းချ ပြီး​လျှောက်​လမ်းတစ်​လျှောက်​လမ်း​လျှောက်​
လာ ရင်း​ဘေးဘီက တအီးအီး နဲ့​ဝေဒနာ ခံစား ကာ
ငြီးညူ​နေ​သော လူနာများ ၊ လူနာအတွက် စိတ်​ပူပန်​
​နေရ​သော လူနာ​စောင့်​များ နဲ့ ပြည့်​သိပ်​နေ​သော
မြင်​ကွင်း ကို မကြည့်​ချင်​ဘဲ မြင်​နေရသည်​။

လူနာ​ဆောင်​မှာ မ​လောက်​သည့်​အတွက်​
အပြင်​ဘက်​ခုံတန်း​လေးများမှာသာ ထိုင်​ရင်း
​ဆေးပိုက်​တန်းလန်းနဲ့​ဆေး​သွင်း​နေရ​သော လူနာ
​တွေကအများအပြား ။ ဓာတ်​ကင်​ရန်​စောင့်​ဆိုင်း​နေ​သော လူနာ များကလည်း ထပ်​နေသည်​။​လျှောက်​လမ်း
အနည်းငယ်​သာ ကျန်​ရှိပြီး​ဘေးပတ်​လည်​မှာ
လူနာများနဲ့ ပြည့်​နေ​သော​ဝေဒနာ​တွေ ခံစား​နေရ​သော
မြင်​ကွင်း များကို ကြည့်​ရင်း​မေ​မေ ခံစား​နေရတဲ့
​ဝေဒနာက ဒီ ထက်​မဆိုး​တောင်​ဒီ​လောက်​တော့
မ​လျော့နိုင်​။ မကြည့်​ချင်​မမြင်​ချင်​တော့သည့်​
အတွက်​မျက်​နှာ လွှဲ ပြီး မမ​ပြော​သော အ​ဆောင်​
သို့သာ ခပ်​မြန်​မြန်​လျှောက်​လာမိသည်​။

သားအိမ်​ကင်​ဆာ အ​ဆောင်​ကို​ရောက်​တော့
ခုံတန်း လျား​လေးမှာ နွမ်းလျစွာ ထိုင်​နေ​သော
မမ ကို​တွေ့ ပြီး ငို ချင်​စိတ်​ကို ထိန်း ထားရသည်​။
မမ ပုံစံက အ​တော်​ပင်​နွမ်းနယ်​နေကာ
ငိုထားသဖြင့်​မျက်​လုံးများပင်​ဖောင်းမို့​နေသည်​။

" မမ "
ကျွန်​တော့်​ခေါ်သံ​ကြောင့်​မမ လှမ်းကြည့်​ကာ
​နွမ်းလျစွာ တစ်​ချက်​သာ ပြုံး ပြ ပြီး
မျက်​ရည်​စီးကျလာ​တော့သည်​။တစ်​ယောက်​တည်း
ဖြစ်​သည်​မို့ အားတင်းကာ ကြိတ်​မှိတ်​နေသမျှ
​မောင်​ဖြစ်​သော ကျွန်​တော့ကို​တွေ့​တော့ မှ စိတ်​လျှော့
ကာ ငို​တော့သည်​။

" မမ ဘာဖြစ်​လည်း ကျွန်​တော့ကို​ပြောပါဦး
ရင်​ပူရတာ​သေ​တော့မယ်​"

"​ငယ်​လေး​မေ​မေက​လေကင်ဆာဆင့်​၎​ရောက်​နေပြီ
အခု​ဆေးသွင်းတာ မ​အောင်​မြင်​ရင်​
မမ တို့ လက်​လွှတ်​လိုက်​ရလိမ့်​မယ်​"

" ဗျာ "
ကျွန်​တော့​ခေါင်းထဲ မိုးကြိုး ပစ်​ချလိုက်​သလို
​ထူပူသွား​တော့သည်​။ မဖြစ်​နိုင်​တာ​မေ​မေက
ကျွန်​တော့ ကို ဖုန်းထဲမှာ​ပြော​တော့​
​နေ​ကောင်းပါတယ်​တဲ့ ။​ဆေး သွင်း​နေတာ
​ဆေးပတ်​ပြည့်​ပြီးရင်​ကောင်း သွားမယ်​တဲ့ ။
​နောက်​ပြီး​မေ​မေက သားအိမ်​ထုတ်​ပြီး
တစ်​လ ခွဲ​လောက်​ဓာတ်​ကင်​သေးတယ်​လေ ။
အခုလိုအ​ခြေ အ​နေက ဘယ်​လို မှ
ဟား ဘယ်​လို မှ မဖြစ်​နိုင်​တာ ။

" မမ ကျွန်​တော့်​ကို​သေချာ​ပြောပြပါဦး
​မေ​မေ က​ဆေးပတ်​ပြည့်​ပြီး မဟုတ်​လား
ဓာတ်​လည်း ကင်​ထားတယ်​လေ
ဒီတစ်​ခေါက်​ဆေးသွင်းပြီးရင်​
​ကောင်း ပြီဆို "

" တကယ်​တော့ ငယ်​လေး ရယ်​
​မေ​မေက ငယ်​လေး စိတ်​ညစ်​မှာ စိုးလို့ မ​ပြောခိုင်းထား
တာ အဆင့်​လေးမှန်း သိတာ ကြာပြီ
​ဆေးသွင်း​နေတာလည်း​ဆေးပတ်​ပြည့်​ခါနီးပြီ​လေ
ဒါ​ပေမဲ့​ဘေးက​ရောဂါ​တွေ လိုက်​ဝင်​လာ
​တော့ "

​ပြောရင်းမမ အသံ တိမ်​ဝင်​သွားပြီး တစ်​ချက်​ရှိုက်​ငိုသည်​။
ပြီး မှ

"​မေ​မေ့ က​ကျောက်​ကပ်​လည်း မ​ကောင်း​တော့ဘူးတဲ့
အခု အ​ခြေ အ​နေက​ကျောက်​ကပ်​အလုပ်​မလုပ်​နိုင်
​တော့ ဆီးကို ဓမ္မတာအတိုင်းစွန့်​လို့မရ​တော့ဘူးတဲ့
ဆီးအိမ်​ကို​ဖောက်​ပြီးအပြင်ဘက်​ကို ပိုက်​နဲ့ ထုတ်​
​ရမယ်​တဲ့ "

" မမရာ အဲ့​လောက်​အ​ခြေ အ​နေဆိုရင်​ကျွန်​တော့်် ကို
​ပြောရ​တော့မှာ မဟုတ်​ဘူးလား ကျွန်​တော်​လည်း
သားတစ်​ယောက်​လေ သိခွင့်​ရှိ တယ်​မဟုတ်​လား"

မုန်းခန့်​ထည်​သည်​ငိုချင်​စိတ်​ကို အံကြိတ်​ကာ​ပြောသည်​။
တကယ်​တော့ မမကို အပြစ်​မတင်​သင့်​။
ကျွန်​တော်​ကိုယ်​တိုင်​ဆေး​ကျောင်းတက်​နေပြီး
ဒီ​ရောဂါ ရဲ့ ဆိုးကျိုး​တွေကို သိထားသင့်​သည်​။
ဖုန်းဆက်​တိုင်း​မေ​မေ့ရဲ့ စိတ်​မပူဖို့​ပြောတာ​တွေကို
ကျွန်​တော်​မယုံသင့်​။ ကျွန်​တော်​ကိုယ်​တိုင်​က
​မေ​မေ့ကို သာမန်​ကာလျှံကာ​မေးပြီး ပစ်​ထားသလို
ဖြစ်​သွားတာ ။ အားလုံး ကျွန်​တော့်​အမှား ။

ကိုယ့်​အ​မေ ခံစား​နေရတဲ့​ဝေဒနာကို
​ဆေး​ကျောင်းသားဖြစ်​လျက်​လျစ်​လျူ ရှုခဲ့မိတာ ။
ကိုယ့်​ကိုယ်​ကိုယ်​တောင်​ခွင့်​လွှတ်​ဖို့ ထိုက်​တန်​ရဲ့လား။

" အခု​မေ​မေဘယ်​မှာလဲမမ "

"​ဆေး သွင်း​နေတယ်​ငယ်​လေး "

" မမတို့ ညက ဘယ်​မှာ​တည်းကြလဲ "

" ဘုန်းကြီး​ကျောင်းမှာ "

အ​ခြေ အ​နေ​တွေက ဆိုးရွားလိုက်​တာ ။
ကျွန်​တော်​သာ သိဖို့ ကြိုးစားခဲ့ရင်​သာမန်​ကာလျှံကာ​
မ​နေခဲ့ ရင်​ဒီလို​တွေဖြစ်​မှာမဟုတ်​။

သဲဆီက ဖုန်း လာသဖြင့်​
အ​ဆောင်​အပြင်​ထွက်​ခဲ့သည်​။

" ဟဲလို "

" မုန်း​ကျောင်း မလာဘူးလားခုထိမုန်းကိုမ​တွေ့ လို့
ဒီမှာ EC​ခေါ်ခိုင်း​နေလို့ "

" Sorry သဲ ရယ်​ကိုယ်​ဒီ​နေ့​ကျောင်းမလာ​တော့ဘူး
ခွင့်​တစ်​ချက်​တိုင်​ပေးပါ​နော်​"

" မုန်း အသံလည်း မ​ကောင်းပါလား ဘာကိစ္စဖြစ်​လို့လဲ "

သဲ​မေး လိုက်​ကာမှ ဝမ်းနည်းစိတ်​တို့ လှိုက်​တက်​
လာသည်​။ ငို​ကြွေးချင်​သော က​လေး မိခင်​နဲ့​တွေ့သလို ။
ဖုန်း ကို လက်​နဲ့ ပိတ်​ကာ မျက်​ရည်​တွေ​တွေကျမိသည်​။
ဖုန်းထဲမှ သဲ က စိုးရိမ်​တကြီး လှမ်း​မေး​နေတာမို့
သက်​ပြင်းတစ်​ချက်​ရှိုက်​သွင်းကာ
ဖုန်းကို နားနားမှာ ပြန်​ကပ်​၍​မေ​မေ့ အ​ခြေ အ​နေကို
​ပြောပြ မိသည်​။

" ဟင်​ဒါဆို သဲ​နေ့လည်​နေ့တစ်​ဝက်​ခွင့်​ယူပြီး
လာခဲ့မယ်​နော်​"

" မလာပါနဲ့ သဲ ရပါတယ်​ကိုယ်​ရှိတာပဲ "

" ဟင့်​အင်းသဲလာခဲ့မယ်​ဘယ်​အ​ဆောင်​လဲ​ပြောပြ
​နော်​"

သဲကို အ​ဆောင်​ပြောပြကာ ဖုန်းချ လိုက်​ပြီး
မမဆီ ပြန်​သွား ရသည်​။
မိန်းမသား နှစ်​ယောက်​ထဲ ဒီ အပူကို ဘယ်​လိုများ
မျှ​ဝေခံစားခဲ့ ကြသလဲ ။

" ငယ်​လေး မမ ဆရာဝန်​ကြီးနဲ့သွား​တွေ့ ရမယ်​
ငယ်​လေး​မေ​မေထွက်​လာတာ​စောင့်​နေ​ပေး​နော်​"

မုန်းခန့်​ထည်​ခေါင်း အသာ ငြိမ့်​ပြကာ ခုံတန်းလျား​ပေါ်
အရုပ်​ကြိုးပြတ်​ထိုင်​ချ လိုက်​သည်​။

ခနကြာ​တော့မမ ပြန်​ရောက်​လာသည်။
​မေ​မေ့ကို ဆီး အိမ်​ဖောက်​ဖို့ ဆုံးဖြတ်​လိုက်​ကြသည်​
တဲ့ ။ကျွန်​တော်​မေ​မေ့ကို ခုထိ မ​တွေ့ရ​သေး​ချေ ။
​မေ​မေဘယ်​လို​နေမှာလဲ ။ ပိန်​နေမလား
ဝ​နေမလား ။​မေ​မေ့ရဲ့ ယခင်​က လှပခဲ့​သော ရုပ်​က​လေး
​တွေ ဘယ်​လို ဖြစ်​နေမလဲ ။

" မုန်း "

" သဲ​ရောက်​လာပြီလား"

" အင်း အန်​တီ​ရော "

"​ဆေးသွင်း​နေတယ်​ဒါက မမ​လေ "

"​ဟုတ်​မမ စိတ်​မပူပါနဲ့​နော်​
ညီမ​လေးမှာ ဆရာဝန်​ကြီး​တွေ နဲ့ အဆက်​အသွယ်​ရှိ
တယ်​အန်​တီ ဘာမှ မဖြစ်​စေရဘူး​နော်​"

"​ကျေးဇူးပါ ညီမ​လေးရယ်​"

​နေ့လည်​စာ ကို သဲယူလာ​ပေး၍
​တော်​တော့သည်​။​မေ​မေ့အနားက
တစ်​ဖဝါးမှ မခွာချင်​။

​ဆေးသွင်းချိန်​ပြီး​ကြောင်း လာ​ပြော​ပြီး
​မေ​မေ့ကို တွန်းလှည်း နှင့်​ခေါ်ထုတ်​လာသည်​။

​မေ​မေ
မျက်​နှာ​တွေ​ရော​ခြေလက်​တွေ​ရော
​ကျောက်​ကပ်​မ​ကောင်းတာ​ကြောင့်​
​ဖော​နေကာ ဝမ်း ဗိုက်​က
ပူ​နေသည်​။ တွန်းလှည်း ကုတင်​ပေါ်မှာ
မလှုပ်​နိုင်​တော့​သော​မေ​မေက ကျွန်​တော့်​ကို မြင်​တော့
ကြင်​နာစွာ အပြုံးတစ်​ပွင့်​တော့​ပေး​နေ​သေး၏။
အရင်​က ကျက်​သ​ရေ ရှိခဲ့​သော​မေ​မေ့ မျက်​နှာ သည်​
အခု​တော့​ရောဂါဒဏ်​ကြောင့်​ချောင်​ကျကာ
​ချော​မောမှု​တွေ​ပျောက်​ဆုံး.​ကုန်​သည်​။
​ဆေးရှိန်​ကြောင့်​ဆံပင်​နက်​နက်​ထူထူ​တွေ
ကျဲ ပါးခဲ့ ပြီ။
​မေ​မေ့ကို မြင်​လိုက်​ရ​သော အခိုက်​အတန့်​ရင်​ထဲမှာ
စို့နစ်​လာ ကာ တင်းကြပ်​နေသည်​။
ဝဲ တက်​လာ​သော မျက်​ရည်​စ​တွေကို
​မျက်​တောင်​ဖြင့်​ပုတ်​ခတ်​သိမ်းဆည်းကာ
​မေ​မေ့အနားကို အ​ပြေးသွားပြီး

"​မေ​မေ​နေလို့အဆင်​ပြေလား ဘယ်​နားနာ​နေလဲ "

​နေ​ကောင်းပါတယ်​လို့​မေ​မေပြန်​ပြောတာ​တောင်​
​မေ​မေ့အသံက တိုးလျလျ ။

"ဟင့်​"

မမ က​တော့ အ​နောက်​မှာငို​နေပြီ ဖြစ်​သည်​။
သဲက ကျွန်​တော့် လက်​မောင်းကိုဆုပ်​ကိုင်​ကာ
အား​ပေးရှာသည်​။
ငိုလို့မရ ။.ဒီ​နေရာမှာ ကျွန်​တော်​ငိုလို့မဖြစ်​။
ကာကွယ်​ပေးရမည့်​မေ​မေ​ရော မမ​ရော ရှိ​နေသည်​။
ကျွန်​တော်​ပျော့ညံ့ လို့မဖြစ်​။

သဲရဲ့ အကူအညီနဲ့​မေ​မေ လူနာ​ဆောင်​မှာ​နေခွင့်​ရသည်​။
ဒီည​နေ​မေ​မေ့ကို​ဆီး လမ်း​ကြောင်း​ဖောက်​ပြီး
အပြင်​ထုတ်​မှာ ဖြစ်​တဲ့အတွက်​ပြင်​ဆင်​စရာရှိတာ
ပြင်​ဆင်​ရသည်​။

^^^^^^^^^^^^^^^^^^^^^^^^^^^

​မုန်းခန့်​ထည်​သည်​အပြင်​ကခုံတန်းမှာ ထိုင်​နေစဉ်​
​နွေဦး​ရောက်​လာသည်​။ဒီ​ကောင်​လေး ဘယ်​က ဘယ်​လိုသိပါလိမ့်​။

" Sir အန်​တီ အဆင်​ပြေလား ကျွန်​တော်​
ကိုရဲမင်းကိုဖုန်းဆက်​မေးလိုက်​တာ "

".​အော်​
အဆင်​ပြေပါတယ်​ဘာလို့လိုက်​လာတာလဲ​ဆေးရုံ
မှာ အနံ့ အသက်​တွေ မ​ကောင်းတာနဲ့ "

" ဘာမှမဖြစ်​ပါဘူး Sirကိုအား​ပေးဖို့ လာတာ "

​နွေဦး မုန်းခန့်​ထည်​ကို ကြည့်​မိ​တော့ အ​တော်​လေး.ပင်​ပန်း​နေပုံရသည်​။ မျက်​နှာ တို့က နွမ်း လျလျ ။
သနား.စိတ်​ဝင်​ကာ ပုခုံး​လေးကို အသာဖက်​ပြီး နှစ်​သိမ့်​
​ပေး​တော့ မုန်းခန့်​ထည်​က​နွေဦးပုခုံးနားတိုးဝင်​ကာ
ရှိုက်​ငို​တော့သည်​။

" ကိုယ်​ဘယ်​လောက်​တောင်​အသုံးမကျတဲ့ သားမျိုးလဲ
ဆရာဝန်​တစ်​ယောက်​ဖြစ်​လာမဲ့လူက
ကိုယ့်​အ​မေ အ​ခြေ အ​နေကို မရိပ်​မိရ​လောက်​အောင်​
တစ်​ကိုယ်​ကောင်းဆန်​နေခဲ့ မိတယ်​"

ကျွန်​တော့်​ပုခုံးထက်​သူ့မျက်​ရည်​တွေစို လူး
ကုန်​၏။ ငို ပါ​စေ ။ ငိုရှိုက်​လိုက်​မှ​သက်​သာ မယ်​ဆို
ရင်​မျက်​ရည်​ကုန်​သွား​အောင်​ငို လိုက်​ပါ။
မျက်​ရည်​သုတ်​ပေးမဲ့ ခင်​ဗျားကို  ချစ်​ရ​သူက
အသင့်​ရှိ​နေတာမို့ ။
ခင်​ဗျားနာကျင်​နေရတာထက်​
ခင်​ဗျားကိုခုလိုမြင်​နေရတဲ့ သူက အဆမတန်​
ပိုနာကျင်​ခံစား​နေရလိမ့်​မယ်​။
ဖြစ်​နိုင်​ရင်​ခင်​ဗျား.​နေရာမှာ
သူသာ အစားဝင်​ပြီး နာကျင်​ချင်​နေလိမ့်​မည်​။
အသည်းနင့်​အောင်​ချစ်​နေရသူမို့ သူက
ခင်​ဗျားကို အထိအခိုက်​လေး​တောင်​ခံ နိုင်​မှာမဟုတ်​
တာ ခင်​ဗျား.သိရင်​ကောင်းမယ်​။

ကြယ်​လေး​ရော။ ကြယ်​လေးသာဒီ​နေရာမှာဆိုဒီလို ခံစား
​နေရမှာလား။ နာကျင်​ကြေကွဲ​နေမှာလား ။
​နေထိတဲ့​နေ​လောင်​ပန်းလို ညှိုးနွမ်း​နေမှာလား။
ဟုတ်​တယ်​။.သူ​လေး အရမ်းခံစား​နေရမှာ ။
သူခံစား​နေရတာထက်​ပိုပြီးကျွန်​တော်​လည်း
နာကျင်​ရမှာ ။ ကြယ်​လေးသာ ဒီ​နေရာမှာဆို​ပွေ့ ဖက်​
နှစ်​သိမ့်​ပေးပြီး သူ့နာကျင်​မှု​တွေ ကိုယ်​သာ
ယူပစ်​လိုက်​မှာ။

မုန်းခန့်​ထည်​ခန္ဓာကိုယ်​က တစ်​မနက်​အတွင်း​အားပြတ်​
​ခဲ့ပုံ ရ၏။ ခန္ဓာကိုယ်​က​ဖျော့​တော့​နေ့ ပြီး
မျက်​လုံး များက​တောက်​ပမှုမရှိ​တော့ ။

​နွေဦး မုန်းခန့်​ထည်​နဲ့အတူ ထိုင်​နေစဉ်​
အခန်းထဲမှ မမသဲနဲ့ Sir ရဲ့ အမ ဖြစ်​ဟန်​တူ​သော
အမတစ်​ယောက်​ထွက်​လာသည်​။

" မမကို သဲ အိမ်​ခေါ်သွားလိုက်​မယ်​
​ရေချိုး ထမင်းစားပြီးရင်​ပြန်​ခေါ်လာ ခဲ့​ပေးမယ်​နော်​
မမ တအားပင်​ပန်း​နေ ပြီ "

" အင်း သဲ​ခေါ်သွားလိုက်​ပါ ဒီမှာ ကိုယ်​ရှိ​နေမယ်​"

" ငယ်​လေး​မမပြန်​လာရင်​ငယ်​လေးကအ​ဆောင်​ပြန်​
လိုက်​နော်​"

" ဟုတ်​မမ "

သဲ နဲ့ မမ အိမ်​ပြန်​သွားမှ မုန်းခန့်​ထည်​မေ​မေ့ အခန်း ထဲ
ဝင်​ခဲ့ သည်​။​နွေဦး အ​နောက်​က လိုက်​ဝင်​လာတာ​
​တွေ့​တော့

"​နွေဦး မင်းမပြန်​ဘူးလား
ဒီ​နေရာက က​လေး​တွေ ရှိသင့်​တဲ့​နေရာမဟုတ်​ဘူး​လေ"

" ရတယ်​Sirကို အတူ​စောင့်​ပေးမယ်​"

မုန်းခန့်​ထည်​ပြန်​မ​ပြော​တော့ဘဲ​သူ့​မေ​မေဘေးနားက
ခုံမှာ ထိုင်​ကာ​သူ့​မေ​မေကိုသာတစိုက်​မတ်​မတ်​စိုက်​
ကြည့်​နေ၏။

​နွေဦးကအလိုက်​တသိပင်​
ခုံတစ်​ခုံယူထိုင်​ကာ တိတ်​တဆိတ်​နေ​ပေးမိသည်​။

မုန်းခန့်​ထည်​သည်​ဘယ်​လောက်​ပင်​ပန်း​နေသည်​မသိ သူ့​မေ​မေ လက်​ကိုင်​ကာ ကုတင်​ပေါ်​ခေါင်း​လေး​မှောက်​တင်​ပြီး အိပ်​ပျော်​နေ​လေ သည်​။
​နွေဦးက​စောင်​လေး.အသာခြုံ​ပေးကာ​ဘေးနားမှာ
​စောင့်​ကြည့်​ပေး​နေ၏။

မမ သဲ တို့ပြန်​ရောက်​လာ​တော့ မုန်းခန့်​ထည်​ကို
နှိုးပြီး ပြန်​လိုက်​ပို့​ပေးရန်​လုပ်​ရသည်​။

" Sir ကျွန်​တော့အိမ်​ပဲလိုက်​ခဲ့​တော့
ဟိုမှာ​ရေမိုးချိုး အစာစားပြီး ခနနားလိုက်​လေ
ကျွန်​တော်​ဆေးရုံကို ပြန်​လာပို့​ပေးမယ်​"

" ရတယ်​ကိုယ်​အ​ဆောင်​ပဲ ပြန်​လိုက်​မယ်​
ယူစရာ​လေး​တွေရှိလို့ "

" ဟုတ်​ကဲ့ ကျွန်​တော်​အ​ဆောင်​လိုက်​ပို့​ပေးမယ်​"

အင်း တစ်​လုံးသာမုန်း​ခန့်​ထည်​ပြောပြီး ငြိမ်​ကျသွား ၏။
​နွေဦးလှည့်​ကြည့်​လိုက်​တော့
ကူရှင်​ပေါ်​ခေါင်းမှီကာ မျက်​လုံးမှိတ်​ငြိမ်​သက်​နေ၏။

နာကျင်​မှု​တွေရယ်​ဝေးလွင့်​ပါ​စေကွယ်​။
သူနာကျင်​နေရင်​သူ့ကို ချစ်​ရသူလည်း နာကျင်​
ရတာမို့ ။

^^^^^^^^^^^^^^^^^^^^^^^^

Continue Reading

You'll Also Like

430K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
14K 514 55
ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ...
456K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
924K 72.4K 52
Zawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ