အမြင့်တစ်နေရာမှလိမ့်ဆင်းလာတဲ့အန်စာတုံးလေးဟာတစ်ဖြည်းဖြည်းငြိမ်ကျသွားပြီးရပ်တန့်သွားသည်။
"၆ ဒီတစ်ခါတော့...နံပါတ်က၆"
နန်းတော်သကဲ့သို့လှေကားထစ်ပေါင်းများစွာရှိသည့်ကြီးကျယ်ခမ်းနားသောနေရာတွင်လူတစ်ယောက်ဟာလှေကားအပေါ်ဆုံးမှနေ၍အောက်မှလှေကားထစ်တစ်ထစ်ချင်းစီတွင်မတ်တပ်ရပ်ကာတန်းစီနေသောလူတစ်ယောက်ချင်းစီရဲ့ပစ်လိုက်သောအန်စာတုံး၏နံပါတ်များကိုအော်ပေးလျက်ရှိနေသည်။
"ကျလာတဲ့အန်စာတုံးရဲ့နံပါတ်က ၆ ဂုဏ်ယူပါတယ်! အားလုံးပဲသူ့အတွက်လက်ခုပ်သြဘာပေးလိုက်ကြပါ!"
လှေကားအပေါ်ဆုံးတွင်ရပ်နေသောထိုလူ၏နောက်တွင်မူဖြူဖွေးသောတိမ်တိုက်များမှလွဲ၍မည်သည့်အရာမှမရှိ။
လှေကားတစ်ထစ်ချင်းစီတွင်ရပ်နေကြသောလူများနှင့်အောက်မှတန်းစီနေကြသောလူများမှာလက်ခုပ်သြဘာပေးနေကြသည်။
အလင်းရောင်မရှိမှောင်မိုက်သောထိုနေရာတွင်ယောကျင်္ား၊မိန်းမ အသက်အရွယ်မရွေး လူတန်းစားများအားလုံးကို Dong Si Cheng ထူးဆန်းစွာကြည့်ရင်းတီးတိုးရေရွတ်မိသည်။
အာ...ဒီနေရာကဘယ်နေရာလဲ...?
"ဟိုလေ..အကို..ကျနော်တို့ဘယ်ကိုရောက်နေကြတာလဲခင်ဗျ? ဒီမှာဘာတွေဖြစ်နေကြတာလဲ..?"
ကျွန်တော့်အရှေ့မှတန်းစီနေသောအကိုတစ်ယောက်အားသိချင်စိတ်ဖြင့်မေးမြန်းလိုက်သည်။
"မင်းဘာမှလုပ်လို့မရတော့ဘူး...မင်းကသေသွားခဲ့ပြီ..သူပေးတဲ့အန်စာတုံးကိုပစ်မှမင်းကထပ်မွေးဖွားလာနိုင်မှာ..."
ဘာ...!? ကျွန်တော်ကသေသွားပြီ...?
"result ကိုကြေညာမယ်! ပါဝင်သူနံပါတ် ၁၅၃ပစ်လိုက်တဲ့နံပါတ် ၆ ကျသွားတဲ့သူဟာဆိုရင်နောက်ဘဝမှာချမ်းသာတဲ့သူတစ်ယောက်သို့မဟုတ်ကျော်ကြားတဲ့ idol တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာမယ်"
သူတို့တွေကကျွန်တော်တို့ရဲ့နောက်ဘဝကိုဒီအန်စာတုံးလေးခေါက်လိုက်ရုံနဲ့ရလာတဲ့ရလဒ်အတိုင်းဆုံးဖြတ်နေကြတာလား....?
"ရော့! အခုမင်းအလှည့်!"
အရှေ့မှလူတစ်ယောက်ကကျွန်တော့်လက်ထဲသို့ထိုအန်စာတုံးကြီးအားပစ်ထည့်ပေးလိုက်သည်။
"ကဲ! ကောင်းကောင်းလှိမ့်မယ်!! နောက်ဆုံးမှာမင်းရဲ့ဘဝကအန်စာတုံးပေါ်မှာမူတည်တယ်!"
ဂလုလို့အသံကျယ်ကြီးထွက်သွားတဲ့ထိမရှိမယ့်ရှိမယ့်တံတွေးကိုကျွန်တော်မျိုချလိုက်မိတယ်။
"မင်းဘဝတစ်သက်တာအတွက်တစ်ခုတည်းသောအခွင့်အရေးပဲ...ပြီးရင်နောက်တစ်ယောက်ကသူ့အန်စာတုံးကိုပစ်မယ်!"
လှေကားထိ်ပ်ဆုံးမှအမိန့်ပေးနေသောထိုလူကြီးထံအားကုန်သုံး၍ကျွန်တော်ပစ်လိုက်သည်။
တစ်လိမ့်လိမ့်နဲ့သွားနေတဲ့အန်စာတုံးကိုပါးစပ်အဟောင်းသားနဲ့ကျွန်တော်စိုက်ကြည့်နေတယ်။
တစ်ဖြည်းဖြည်းလိမ့်ရင်းကနေရပ်တန့်သွားတဲ့အန်စာတုံးနံပါတ်က....
"၁ ! ကျလာတဲ့နံပါတ်က ၁ !! "
ထိုလူကြီးစကားအဆုံးတွင်အောက်မှလူများ၏တီးတိုးသံများထွက်လာသည်။
"အိုး...သူ ၁ ရတာတော်တော်ဆိုးတာပဲ"
"ဒီကောင်လေးတော့အကူအညီမဲ့ပြီ.."
"ကံဆိုးလိုက်တာ..."
အဲ့ဒါဘာအဓိပ္ပာယ်လဲ...?
"ကဲ! ရလဒ်ထွက်လာပြီ.... စိတ်တော့မကောင်းပါဘူး...ဒါမင်းရဲ့နောက်ဘဝပဲ..."
---လူတစ်ကာခိုင်းဖတ်---
လုံးဝပဲ!!! မဖြစ်နိုင်ဘူး.....!!!
"မင်းအတွက်ဒီလိုဘဝကလွယ်မှာတော့မဟုတ်ဖူး ဒါပေမယ့်ငါလည်းမတတ်နိုင်ဘူး အားတင်းထားပါ!!"
မဟုတ်ဖူး...လုံးဝပဲ...
မဖြစ်နိုင်ဘူး!!!!!!
ကျွန်တော်အနောက်ကိုဆုတ်လိုက်တဲ့အချိန်နင်းဖို့မြေမရှိတော့။
တိမ်တိုက်ကြားထဲမှကျွန်တော်ဟာဟိုးအောက်ဆုံးကိုထိုးဆင်းကျနေပြီဖြစ်သည်။
ကျွန်တော့်လက်တွေနဲ့အပေါ်ကလူတွေမြင်လိုမြင်ညားဆိုပြီးလှမ်းတားနေပေမယ့်သူတို့ကကျွန်တော့်ကိုလှည့်တောင်မကြည့်ကြတော့။
ကျွန်တော်ပြန်လည်မွေးဖွားခံရချင်တယ်!!!!!
~~~~~
"Hey! Si Cheng!!"
"Si Cheng!!"
"Si Cheng အရူး ငါခေါ်နေတာကြားလား!!!!"
"ဟင်?"
*ဖြန်း*
Si Cheng...ဒါကျွန်တော့်နာမည်ပဲ..
ငို်ုင်နေသောကျွန်တော့်အားပါးပြင်ထက်သို့ကြမ်းတမ်းတဲ့လက်ဝါးနဲ့မိတ်ဆက်လာတယ်။
"ဘာေ$ာက်ကြောင်းတွေတွေးနေတာလဲဟမ်!? အဲ့ဒါကြောင့်မင်းစျေးတောင်ကောင်းကောင်းမဝယ်နိုင်တာ!!"
ကျွန်တော့်နာမည်ကိုမကြိုက်ဖူးဆိုတာတော့ပြောစရာမလိုတော့ပါဘူး....။
အမြဲတမ်းကျွန်တော့်နာမည်ကိုခေါ်ပြီးသူတို့လိုအပ်တာတွေလုပ်ခိုင်းကြတယ်....။
"ငါမင်းကိုကော်ဖီနဲ့နို့ဝယ်ခိုင်းတာ..နို့ကော်ဖီဝယ်ခိုင်းတာမဟုတ်ဖူး! ဒါလေးတောင်မမှတ်မိဘူးလားအရူးရဲ့"
"တောင်းပန်ပါတယ်.."
"တော်ပြီ..ဒါတွေမင်းပဲသောက်လိုက်တော့.. haha ကောင်းတယ်.."
စက္ကူဘူးထဲမှနို့ကော်ဖီများအားဖောက်ကာကျွန်တော့်ကိုယ်ပေါ်သိို့လောင်းချလိုက်လေသည်။
ကျောင်းထဲရှိယောကျင်္ားလေးများဆေးလိပ်သောက်ရာချောင်ကျသောထောင့်တစ်နေရာတွင်ကျွန်တော့်အပေါ်နို့ကော်ဖီများလောင်းချသွားသည့်တစ်ယောက်နှှင့်အနောက်တွင်ဆေးလိပ်သောက်ကာရပ်စောင့်နေသောနှစ်ယောက်ထွက်သွားကြလေသည်။
နောက်ဆုံးမှာတော့ဒါဟာ Si Cheng အဖြစ်နေထိုင်လာခဲ့တဲ့ ၁ရ နှစ်နဲ့တစ်ဝက်တာကျွန်တော့်ဘဝပဲဖြစ်တယ်။
ကျွန်တော့်စိတ်ထဲမှာပေါ်လာတဲ့မေးခွန်းတစ်ခု....
ကျွန်တော်ဟာမျှော်လင့်ချက်တွေအားလုံးဆုံးရှုံးသွားခဲ့ရပြီလား...?
ကျွန်တော်ကြိုးစားရင်အခွင့်အရေးများရနိုင်ဦးမလား..?
ထိုင်နေရာမှထလာကာကျောင်းအတွင်းသို့ဝင်လာခဲ့လိုက်သည်။
"ah.."
Nakamoto Yuta..
ကျွန်တော့်ရှေ့ကဖြတ်သွားတဲ့ကျွန်တော်လေးစားအားကျရတဲ့ senior အကို..
ကျွန်တော်သူနဲ့ရင်းနှီးခွင့်ရဖို့ဘယ်တော့မှအခွင့်အရေးရှိလာမှာမဟုတ်ဖူး......
ရုတ်တရက်...
ချောင်းကြည့်နေတဲ့ကျွန်တော့်ဘက်ကိုသူလှည့်လာလို့အကြည့်ချင်းဆုံသွားမိတယ်...။
"yuta ဘာဖြစ်လို့လဲ?"
"ah..ဘာမှမဖြစ်ပါဘူး.."
"သွားရအောင်..."
ဘေးကသူ့သူငယ်ချင်းပြောလို့ကျွန်တော့်ကိုအကြည့်လွှဲကာသူ့လမ်းအတိုင်းဆက်သွားနေတယ်။
သူကတစ်ကျောင်းလုံးမှာအချောဆုံးပဲ...မိန်းကလေးတွေအားလုံးသူ့ကိုကြိုက်ကြတယ်...ဒါပေမယ့်တစ်ယောက်မှသူ့အချစ်ကိုမရခဲ့ကြဘူး...ကျွန်တော်နဲ့ယှဉ်ရင်ဘာလို့အဲ့လောက်ကွာခြားနေရတာလဲ..? ကျွန်တော်ကရုပ်ရည်မရှိလူတကာခိုင်းဖက်ဖြစ်နေတယ်...ဒါပေမယ့်သူကတော့တစ်ကျောင်းလုံးကမိန်းကလေးတွေအသည်းစွဲ..စာလည်းတော်..ရုပ်လည်းချော...ဘက်စုံပြည့်စုံနေတယ်....
ဘယ်လိုပဲဖြစ်ဖြစ်အနည်းဆုံးတော့သူ့အပြုံးကကျွန်တော့်အတွက်မဟုတ်ပေမယ့်ဘယ်သူ့အတွက်မှလည်းမဟုတ်ဖူး...။
ဒါပေမယ့်...တစ်နေ့နေ့မှာသူတစ်ယောက်ယောက်ကိုချစ်မိသွားမှာပဲ။
haha..ကျွန်တော့်ဘဝကတော့မျှော်လင့်ချက်မဲ့ပါပဲ...။
အတန်းထဲသို့ဝင်ရန်နှေးကွေးသောခြေလှမ်းများဖြင့် corridor တစ်လျှောက်လေးလံစွာလျှောက်လာနေချိန်ခေါင်းငုံ့ထားသောကြောင့်အရှေ့မှလူတစ်ယောက်၏ရင်ဘတ်အားဝင်တိုက်မိသည်။
"အာ့!"
အဲ့ဒီလူကဘာမှပြန်မပြောပဲကျွန်တော့်အားကျော်ကာဆက်သွားနေသည်။
Keychainအသံလိုမျိုးအသံလေးတစ်သံကြားလိုက်ရတာကြောင့်ကျွန်တော်သူ့ကိုလှည့်ကြည့်လိုက်တယ်။
သူ့လက်ထဲမှကိုင်ထားတဲ့ဖုန်းတွင်တပ်ထားသောအန်စာတုံးပုံ Keychain လေးကိုကျွန်တော်တွေ့လိုက်ရတယ်။
ကျွန်တော်တို့ကျောင်းမှာသူ့ကိုတွေ့တာဒါပထမဆုံးပဲ။
ကျွန်တော့်ရဲ့မျှော်လင့်ချက်မဲ့တဲ့ဒီ ၁ရ နှစ်အတွင်းမှာ...ပြန်စဉ်းစားကြည့်မယ်ဆိုရင်...အရာအားလုံးက..အဲ့ဒီနေ့ကစခဲ့တာ....
"Si Cheng!! burger နဲ့ coke သုံးလုံး"
အတန်းထဲဝင်ဝင်ချင်းထိုစကားသံတွေနဲ့ဆီးကြိုလာတော့အပြင်ပြန်ထွက်ရန်ပြင်ရတော့တယ်။
အပြင်သို့ရောက်တဲ့အခါမှာ...
"ဘယ်သွားမလို့လဲ winwin..?"
မော့ကြည့်လိုက်တော့...
yuta gege..😳
လက်ထဲတွင်စာအုပ်အထပ်များကိုင်ထားကာကျွန်တော့်အားမေးလာသည်။
"ဟို...ဗိုက်ဆာလို့..."
"aww..."
"ဟိုလေ....အဲ့ဒါ.. မုန့်သွားဝယ်မလို့..ဒီနားကပေါင်မုန့်က...ကောင်းတယ်ပြောတယ်....အကို့အတွက်တစ်ခုဝယ်လာပေးရမလား..??"
"ဟင်?? ရပါတယ် winwin မစားတော့ပါဘူး"
ကျွန်တော်ဘာတွေပြောမိတာလဲ..!?? အား!!! ရူးတော့မယ်!!! ဘာတွေသွားပြောမိတာလဲ..? အကို့အတွက်တစ်ခုဝယ်လာပေးရမလား..?? ကျွန်တော်တကယ်ရူးနေတာပဲ...!!!! ><
သူ့ရှေ့မှမျက်နှာချင်းမဆိုင်ရဲတော့တာကြောင့်အမြန်ဆုံးပြေးထွက်လာခဲ့လိုက်တယ်။
လှေကားကိုဆင်းရင်းကိုယ်ပြောမိတဲ့စကားတွေကြောင့်ရှက်ကိုးရှက်ကန်းဖြစ်နေမိတယ်။ အား....Dong Si Cheng မင်းရူးတော့မယ်!!! >\\\<
("ဟင်?? ရပါတယ် winwin မစားတော့ပါဘူး")
စောနကသူပြန်ပြောလိုက်တဲ့စကား...သူကျွန်တော့်အိမ်နာမည်ကိုသိတယ်ဆိုတာယုံတောင်မယုံနိုင်ဘူး။ ဘယ်လိုများသိတာလဲ....?
ထို့နောက်မှာထားသောစားစရာများအားဝယ်ကာအတန်းထဲသို့အဝင်~
"သူကချောတာပဲ.."
"ဘယ်ကျောင်းကပြောင်းလာတာလဲမသိဘူးနော်.."
အတန်းထဲမှမိန်းကလေးများ၏တီးတိုးစကားသံများအားကြားလိုက်ရသည်။
"Ni hao!! ကျွန်တော့်နာမည်က Kun ပါ! ဒီကျောင်းကိုပြောင်းလာတဲ့ကျောင်သားအသစ်ပါ..အားလုံးပဲကျွန်တော့်ကိုခင်ပေးကြပါ ဘယ်သူနဲ့မခင်သေးလို့အားလုံးနဲ့ခင်ချင်ပါတယ်"
ကျွန်တော်အတန်းထဲသို့ဝင်လာကာသူတို့မှာထားသည်များကိုပေးလိုက်လေသည်။
"ရော့! ဒီမှာ"
"ဟျောင့် ရူးနေလား!! ဆရာမရှိတယ်လေ"
"ah..sorry.."
ထို့နောက်ကျွန်တော့်နေရာဖြစ်သောနောက်ဆုံးလိုင်းတွင်ဝင်ထိုင်လိုက်သည်။
"ကဲ အဲ့ဒါဆို မနေ့ကသင်လက်စအခန်းကိုကြည့်မယ်"
ဘယ်သူမှကျွန်တော့်ဘေနားမထိုင်ချင်ကြတဲ့အချိန်အဲ့ဒီကျောင်းသားအသစ် Kun ဆိုသူကလွတ်နေတဲ့ကျွန်တော့်ဘေးနားကခုံမှာလာထိုင်တယ်။
ဘာလို့များကျွန်တော့်ဘေးနားလာထိုင်ရတာလဲ...!?
သူ့လိုချောတဲ့သူကကျွန်တော့်ဘေးလာထိုင်တော့ကျွန်တော့်ကိုပိုအကျည်းတန်စေသလိုပဲ။
သူကကျွန်တော်နဲ့ယှဉ်ရင်အရမ်းကွာခြားလွန်းတယ်...သူ့မျက်လုံးတွေကကြည်လင်ပြီးတောက်ပနေတယ်...သူ့အသားအရေကကြည့်တာနဲ့အရမ်းနူးညံံ့မှန်းသိသာတယ်...။
"မင်းဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ..?"
"ဟင်! ဘာမှမဟုတ်ပါဘူး...ဘာမှမဟုတ်ဖူး...."
"....."
"ဒါနဲ့မင်းအရင်ဘဝကဘာတွေလုပ်ခဲ့တာလဲ??"
"huh???"
"Si Cheng ငါမှာထားတာယူလာတော့!"
"ခန..ပြီးမှပြောမယ်"
သူကျွန်တော့်ကိုထူးဆန်းစွာကြောင်ကြည့်နေတယ်။
"ဟျောင့်! မင်းဒါတမင်လုပ်လာတာမလား!?"
မှာထားသောစားစရာနှင့်ကျွန်တော့်အားမလိုမကျကာပစ်ပေါက်နေချိန်မှာတော့~
"Ni hao Kun"
"ဘာလို့သူ့ဘေးမှာသွားထိုင်တာလဲ?"
"Basketball ဆော့လား??"
"ရည်းစားရှိလား?? ဟိဟိ.."
အတန်းထဲမှာမိန်းကလေးတွေရောယောကျင်္ားလေးတွေပါ Kun ဘေးနားသို့သွားကာမိတ်ဆက်နေကြလေသည်။
Kun ကတော့မျက်လုံးများမှိတ်သည်အထိပြုံးနေလေသည်။
ဒီလိုနဲ့ Kun ဟာကျောင်းမှာ Basketball တော်တဲ့သူတစ်ယောက်ဖြစ်လာပြီးနာမည်ကြီးလာတယ်။
ဘာလို့သူကအဲ့လောက်ပြည့်စုံနေရတာလဲ..?သူ့ဆီမှာရှိတဲ့အရည်အချင်းတွေကျွန်တော့်ဆီမှာမရှိဘူး...
သူ့ဆီမှာတော့အကုန်ရှိတယ်...
"Kun ညီ့ကိုဆရာကတွေ့ချင်လို့တဲ့.."
Yuta gege ကလည်း Basketball ဆော့တာကြောင့် Kun နဲ့အလွယ်တကူရင်းနှီးသွားတယ်။
ကစားဖော်ကစားဖက်မို့ရယ်ရယ်မောမောနဲ့စကားစမြည်ပြောကာသွားကြရင်း yuta gege က kun ခေါင်းပေါ်မှဆံပင်များကိုဖွကာပြုံးလျက်ကြည့်နေတယ်။
လက်ထဲမှကိုင်ထားသော parcel ထုတ်များဖြင့်ကျောင်းအပြင်သို့ပြေးထွက်လာလိုက်တယ်။
သူ့အပြုံးကိုခိုးခိုးကြည့်နေရပေမယ့်အခုတော့ kun ကသူ့အပြုံးကိုမျက်နှာချင်းဆိုင်ကြည့်ခွင့်ရနေပြီ။
အရှိန်ဖြင့်ကမန်းကတန်းပြေးလာလိုက်တာကြောင့်ကိုင်ထားသောအထုတ်များရောကျွန်တော်ပါလဲကျသွားတယ်။
"အား..."
"ကျောင်းသားအသစ်ကြောင့်စိတ်တိုနေရတဲ့ထဲမင်းကပါငါ့ကိုစိတ်ပျက်အောင်လာလုပ်နေတယ်!!"
"အာ့"
ရင်ဘတ်ပေါ်သို့ကျရောက်လာတဲ့ခြေတစ်စုံ...။
သူတို့မှာထားသည်များကိုလမ်းပေါ်တွင်ပြန့်ကျဲအောင်လုပ်မိသည့်အတွက်အခုကျွန်တော်ပယ်ပယ်နဲဲနဲအရိုက်ခံနေရပြီ။
"နောက်တစ်ခေါက်သွားဝယ်စမ်း!!!"
ကျွန်တော်ပင်ပန်းလှပြီ....
ဒီလိုဘဝမျိုးမှာနေနေရတာပင်ပန်းလှပြီ....
ညနေကျောင်းဆင်းချိန်ရောက်ပြီဖြစ်၍အတန်းထဲတွင်ထားခဲ့သောကျွန်တော့်လွယ်အိတ်အားယူရန်လာခဲ့လိုက်သည်။
အတန်းထဲဝင်လိုက်ချိန်တွင်တစ်ယောက်မှရှိမနေပဲနောက်ဆုံးလိုင်းတွင်တစ်ယောက်တည်းထိုင်နေသော kun ကိုတွေ့လိုက်ရသည်။
သူဘာလုပ်နေတာပါလိမ့်? လက်ထဲမှာလည်းဖုန်းနဲ့... အာ... game ဆော့နေတာထင်တယ်...
"မင်းမျက်နှာ...အရိုက်ခံထားရတာလား..?"
"...."
"သွေးထွက်နေတယ်..."
"ရတယ်..မလိုဘူး.."
"ရော့! ငါ့ tissue နဲ့သုတ်လိုက်.."
"မလိုဘူးလို့ပြောနေတယ်!!!!"
မျက်နှာကိုလာစမ်းနေသည့်သူ့လက်က်ိုကျွန်တော်ပုတ်ထုတ်လိုက်တယ်။
မုန်းတယ်!! yuta gege နဲ့အလွယ်တကူရင်းနှီးသွားတဲ့သူ့ကိုမုန်းတယ်...မဟုတ်ဖူး...အားကျတာ...ကျွန်တော့်ထက်အစစအရာရာပြည့်စုံနေတဲ့သူ့ကိုကျွန်တော်အားကျတယ်...!!!!!!
"...."
"sorry..ဘာလို့အရိုက်ခံရလဲဆိုတော့..ငါကဒီလိုမျိုးမွေးဖွားလာခဲ့လို့... ငါမင်းကိုအားကျတယ်...ငါမင်းကိုတကယ်အားကျတယ်....."
"...."
"ငါသာမင်းလိုမျိုးမွေးလာခဲ့ရင်ကောင်းမယ်...."
ခေါင်းငုံ့ကာရှုံ့ငိုနေမိသောကျွန်တော့်အား kun ကထူးဆန်းစွာကြည့်ကာပြောလာသည်။
"အရာအားလုံးကိုပြောင်းလဲနိုင်မယ်ဆ်ိုရင်..မင်းအဲ့ဒါကိုလုပ်မှာလား....?"
"ဟင်? ဘယ်လိုမေးခွန်းကြီးလဲ! နောက်နေတာလား!?"
"မင်းလိုချင်သလိုပြောင်းလဲနိုင်တယ်..."
"ဘာ?"
ခေါင်းငုံ့ထားရာမှမော့လိုက်ချိန်တွင်သူ့လက်ထဲမှကိုင်ထားသောဖုန်းကအန်စာတုံးပုံ keychain လေးကိုတွေ့လိုက်ရတယ်။
သူကကျွန်တော်ဟိုနေ့ကနောက်ကျောကနေတွေ့ခဲ့ရတဲ့သူပေါ့...?
ကျွန်တော့်အားသူ့ရဲ့တည်ငြိမ်သောအကြည့်များဖြင့်ကြည့်ကာမေးခွန်းတစ်ခုမေးလာတယ်။
"မင်း game ဆော့မလား..?"
###
TBC
ဘဝကို game ထဲကလိုကိုယ်ပြောင်းချင်တိုင်းပြောင်းလဲလို့မရပေမယ့်ကိုယ်ကတော့ပြောင်းလဲလိုက်p😛