Come And Find Me
___________________________________
လမ်းတလျှောက်လုံး အေးအေးလူလူ စာအုပ်တအုပ်နှင့်
ငြိမ်သက်သားကောင်းနေတဲ့ မင်ဆော့ကြောင့်
ဆယ်ဟွန်းလဲ တိတ်တိတ်ဆိတ်ဆိတ်ကားကိုသာ
အာရုံစိုက်မောင်းလာလိုက်သည်။စာအုပ်ပေါ်စိတ်နစ်
လို့ ငြိမ်သက်နေတဲ့မင်ဆော့ကို စောင်းငဲ့ကြည့်မိရင်း
ဆယ်ဟွန်း အခါခါပြုံးရပါသည်။
ငုံထားမတတ် ထားစရာမရှိလောက်အောင် ချစ်သည်
ဆိုတာ ဒါမျိုးကိုပြောတာဖြစ်ရမည်။
ကိုယ်အကြိမ်ကြိမ်ပြုံးမိအောင် ထိုလူသားက စွမ်းဆောင်နိုင်သည်။
သူ့ဘာသာငြိမ်ငြိမ်ကလေး ရှိနေတာတောင် ကိုယ့်
အတွက်တော့ ကြည့်မဝဖြစ်နေရသည်လေ။
" ဆယ်ဟွန်း !!ကားကိုအာရုံစိုက်မောင်း"
မင်ဆော့က ပြန်လည်စောင်းငဲ့ကြည့်လာခြင်းမရှိပေမဲ့
သိနေပုံပေါ်သည်။ စာအုပ်ကိုအကြည့်မပျက်ဘဲ
သတိပေးစကားဆိုလိုက်တော့ အိုဆယ်ဟွန်းဟာ
သဘောတကျပြုံးကာ ရှေ့ကိုသာအာရုံပြန်စိုက်သွား
သည်။ လမ်းတလျှောက်လုံး စကားတခွန်းတလေမှ
မပြောရပေမဲ့ ဆယ်ဟွန်းမပျင်းရပါ။ သူငြိမ်ငြိမ်လေး
ရှိနေတာကို ကိုယ်ခဏခဏလှည့်ကြည့်ရင်း အခါခါ
ပြုံးလို့ ကျေနပ်နေရသည်။
ကားက အိမ်ခြံဝင်းထဲ ဝင်လိုက်တော့မှ မင်ဆော့က
စာအုပ်လေးကိုပိတ်ကာ ဆယ်ဟွန်းဘက်လှည့်ပြုံးပြ
လာသည်။ကားရပ်လိုက်တာနဲ့ စာအုပ်ကိုလက်ကကိုင်
ပြီး တံခါးဖွင့်ဆင်းသွားသည်။
" အိုး!! ငါ့ကလေးတို့ ရောက်လာပြီ !ငါ့တို့မင်ဆော့လေး
နောက်ဆုံးတော့ ရောက်လာပြီပေါ့ ၊ မျှော်နေတာ !!
အိမ်ထဲဝင် လာ !! "
အိမ်ထဲတောင်မဝင်ရသေး အိမ်ပြင်ကြိုရောက်လာတဲ့
မာမီက မင်ဆော့ကိုတွေ့တာနဲ့ အတင်းပြေးဖက်တော့
တာပဲ။အရင်ရက်တွေထဲက ခဏခဏ မင်ဆော့ကိုခေါ်
လာပေးဖို့ချည်းပြောနေတာ။မာမီက မင်ဆော့ကို
တော်တော်လေးချစ်သည်။ ပြုံးပြုံးရယ်ရယ်နဲ့ နှစ်
ယောက်စလုံးအိမ်ထဲဝင်သွားတော့ သူသာကျန်ခဲ့သည်။
ကားနောက်ခန်းထဲမှာထည့်ထားတဲ့ မင်ဆော့ရဲ့ကျော
ပိုးအိတ်နဲ့စာအုပ်ထုပ်ကို သူသယ်လိုက်သည်။
ဆယ်ဟွန်းကတော့ ကုမ္ပဏီကတန်းလာတာမို့
အဝတ်အစားတောင်မလဲရသေး။လူကြီးလူကောင်းဆန်
ဆန်ပုံစံနဲ့ ကျောပိုးအိတ်ကိုတစောင်းလွယ်ထားပြီး
လက်ကစာအုပ်ထုပ်ကိုပါဆွဲထားရသေးသည်။
မာမီနဲ့မင်ဆော့ကတော့ နှစ်ယောက်သား မတွေ့တာ
ကြာလို့ အလွမ်းသယ်နေကြတဲ့သူတွေလို။
"အားရီးဂူး!!! ပါးလေးတွေဖောင်းလာသလားလို့
ကြည့်ပါဦး !! ဒါလေးက ငါ့ကလေးတဲ့လား !!
အမလေး ငါတို့ဆယ်ဟွန်းလေး ကံကောင်းလိုက်တာ"
မာမီက မင်ဆော့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့အုပ်ကိုင်
လို့ လှုပ်ခါနေတော့ အချစ်က သွားလေးပေါ်အောင်ရယ်
လို့ ကလေးလေးလိုလုပ်သမျှငြိမ်ခံနေလေရဲ့။
ဆယ်ဟွန်းကတော့ ထိုမြင်ကွင်းကို ရယ်ကာ ဘေးက
နေကြည့်နေလိုက်သည်။ အထုပ်တွေအပိုးတွေနဲ့သူ့ပုံစံ
ကြောင့် ဦးလေးချို ကတွေ့တော့ ကပြာကယာအထုပ်
တွေလာယူဖို့လုပ်တော့သူခေါင်းခါပြလိုက်ပြီး မင်ဆော့
ကျောပိုးအိတ်နဲ့စာအုပ်ထုပ်ကို စားပွဲပေါ်တင်လိုက်သည်
"မာမီလုပ်တာနဲ့ အချစ်ပါးတွေ နာကုန်တော့မယ်!!
ကလေးလေးလဲမဟုတ်ပဲ ပါးကိုအတင်းဖိကိုင်နေတာပဲ
!! ဟိုတယောက်ကလဲ ငြိမ်ခံနေတာ "
တယောက်ထဲထိုင်နေရင်း ပွစိပွစိရေရွတ်လိုက်တဲ့
ဆယ်ဟွန်းကြောင့် သူကောဆယ်ဟွန်းမာမီပါ
တယောက်မျက်နှာတယောက်ကြည့်ရင်းထရယ်လိုက်
ကြတော့တယ်။
" တစုံတယောက်တော့ အူတိုနေပါပြီကွယ်"
ဆယ်ဟွန်းမာမီက ဆယ်ဟွန်းကို လှမ်းစလိုက်ပြီး
မင်ဆော့ဘက်ကို လှည့်ရယ်ပြလာသည်။ သားအမိ
နှစ်ယောက်ကြောင့် ကြားထဲက မင်ဆော့က ခေါင်း
မဖော်တမ်းရယ်နေတယ်။
" အစ်မဂျီဟွန်းကော ??"
" အာ !! သားအစ်မက သူ့သူငယ်ချင်းတယောက်နဲ့
သွားတွေ့တယ်!!ကုမ္ပဏီအလုပ်တွေနဲ့ပဲလုံးပန်းနေရ
တာ သူလဲ သူငယ်ချင်းတွေနဲ့တွေ့ချင်မှာပေါ့သားရယ်"
အလုပ်တွေနဲ့အမြဲလုံးပန်းနေရတဲ့ အစ်မဂျီဟွန်းလဲ
နားချိန်ဆိုတာရှားသည်။
ဆယ်ဟွန်းမာမီနဲ့မင်ဆော့ စကားလက်ဆုံကျနေတုန်း
ဆယ်ဟွန်းကတော့အပေါ်ထပ်တက်သွားတော့သည်။
ဆယ်ဟွန်းအပေါ်ထပ်တက်သွားတာကို ဆယ်ဟွန်းမာမီ
ကလှည့်ကြည့်လိုက်ပြီး မင်ဆော့ဘက်အသာကပ်လာ
သည်။
" သားက ပြောတယ် သူ အလုပ်ခွင်မှာ ကလေးကို
ဆူမိလိုက်တယ်တဲ့လေ!! အဲ့တာနဲ့ မာမီလဲသူ့ကိုဆူ
ပစ်လိုက်တာပေါ့ !! သူ တော်တော်လေးကိုစိတ်
မကောင်းဖြစ်နေတာ !! အပြစ်လုပ်ထားတဲ့သူကြီးကျ
လို့. ကလေးကပဲပြန်နှစ်သိမ့်ပေးလိုက်ဦး !ရောဂါက
မသေးဘူး ကလေးရဲ့!!"
ဆယ်ဟွန်းမာမီက သူ့ကိုတိုးတိုးကပ်ပြောရင်းရယ်လဲ
ရယ်နေသည်။ ဆူတုန်းကဆူပြီး စိတ်မကောင်းဖြစ်နေ
တဲ့ OH ရဲ့ သူဋ္ဌေးကြီး အရူး´လို့ မင်ဆော့လဲ
တိုးတိုးလေးပြန်ကပ်ပြောလိုက်ပြီး နှစ်ယောက်သား
အတိုင်အဖောက်ညီညီထရယ်လိုက်ကြတော့တယ်။
ခဏနေတော့ဆယ်ဟွန်းပြန်ရောက်လာသည်။အပေါ်
ထပ်အင်္ကျီကိုချွတ်ထားတာမို့ ရှပ်အင်္ကျီဖြူနှင့်။
သူနဲ့ဆယ်ဟွန်းမာမီက အတူထိုင်နေတာမို့ ဆယ်ဟွန်း
ကမျက်နှာချင်းဆိုင်မှာတယောက်ထဲထိုင်နေသည်၊
" ဒါနဲ့ ကလေးအလုပ်ဝင်နေရပြီဆိုတော့ ပင်ပန်းတော့
မှာပေါ့!! အဆင်ကောပြေရဲ့လား !!"
"ပြေပါတယ် !! OHမှာအလုပ်ဝင်ရဖို့က ကျွန်တော့်
ရည်မှန်းချက်လေ !! "
နှစ်ယောက်ထဲတကမ္ဘာ စကားလက်ဆုံကျနေတဲ့
နှစ်ယောက်ကြောင့် ဆယ်ဟွန်းကတော့ လူပိုလိုဖြစ်
နေရသည်။ သည်အတိုင်းသား ထိုင်ကြည့်နေလိုက်
သည်။မာမီနဲ့မင်ဆော့ နှစ်ယောက်သားရယ်ရယ်မော
မောစကားပြောနေသည့်မြင်ကွင်းက သူ့အတွက်
ကြည်နူးစရာကောင်းသည့်မြင်ကွင်းပင်။
" အဟမ်း !! ရောက်ကြပြီလား!!"
လှေကားထိပ်ကနေ မတ်တပ်ရပ်လို့ ချောင်းသံပေးလိုက်
တဲ့သူဋ္ဌေးကြီးကြောင့်မင်ဆော့ကပြာကယာလေးမတ်
တပ်ထရပ်တော့ ဆယ်ဟွန်းပြုံးကာမော့ကြည့်လိုက်
သည်။ မာမီကလဲမတ်တပ်ထရပ်လိုက်သည်။
" နေကောင်းပါရဲ့လား သူဋ္ဌေးကြီး!!"
မင်ဆော့က ခေါင်းလေးငုံ့အရိုအသေလေးပေးလိုက်
တော့ဒယ်ဒီကခေါင်းတညိတ်ညိတ်။
"အင်း!! ဒီမှာသုံးလေးရက်နေကြမယ်ဆို !!စာအုပ်ဖတ်
ချင်ရင်စာကြည့်ခန်းထဲကလာယူဖတ်ချည်"
"ဟုတ်ကဲ့!!ကျွန်တော်လဲ ရှာဝယ်လာသေးတယ်!
အခုနာမည်ကြီးနေတဲ့စာအုပ်တွေ၊"
ဒယ်ဒီနဲ့ပါအပေးအယူတည့်နေတဲ့ အချစ်ကို ဆယ်ဟွန်း
ပြုံးကာထိုင်သာကြည့်နေလိုက်သည်။ 'ယောက္ခမတွေ
နဲ့တည့်နေတဲ့အချစ်´။
"မင်းလာမှပဲသာစာပေအကြောင်းပြောရတာ!!
ဟို အိုဆယ်ဟွန်းကဘာမှသုံးစားမရ"
ထိထိမိမိကြီး အချစ်ရှေ့ ဂုဏ်အဖော်ခံလိုက်ရတဲ့
ဆယ်ဟွန်းတယောက်ရှုံ့ မဲ့သွားတော့သည်။
'ပြောပြန်ပြီ´လို့ ညည်းတွားလိုက်ရင်း ဆံပင်တွေကို
ဖွလန်ကြဲပစ်တော့သည်။မင်ဆော့နဲ့ဆယ်ဟွန်းမာမီ
ကတော့ အသံထွက်လုနီးပါးထိရယ်ကြတော့သည်။
သူဋ္ဌေးကြီးကတော့ ပြုံးစိစိလုပ်ရင်း သူ့အခန်းဘက်ပြန်
လှည့်သွားတော့သည်။ ဘေးက ဦးလေးချိုနဲ့အိမ်အကူ
မိန်းကလေးတွေတောင်ပြုံးစိစိဖြစ်နေကြသည်။
" ဦးလေးချိုရေ!! မင်ဆော့လေးနေဖို့ အခန်းပြင်ပြီးပြီ
လား !!"
မာမီ့စကားကြောင့် အိုဆယ်ဟွန်းတယောက် ရှူးရှူး
ရှဲရှဲထဖြစ်တော့သည်။
" မင်ဆော့က ကျွန်တော့်အခန်းမှာပဲနေမှာလေ!!
ဘာလို့အခန်းသပ်သပ်ပြင်နေရဦးမှာလဲ!! မဟုတ်တာတွေ .!! လာ ကိုယ့်နောက်လိုက်ခဲ့"
မင်ဆော့ရဲ့ကျောပိုးအိတ်ကိုကောက်ယူပစ်ကာလက်
တဖက်ကမင်ဆော့လက်ကိုလှမ်းဆွဲပီး ဆယ်ဟွန်းက
ချက်ချင်းထသွားတော့ မင်ဆော့မှာအပြေးတပိုင်းနဲ့
လိုက်သွားရတော့သည်။ ကျန်တဲ့သူတွေရဲ့ပြုံးစိစိ
မျက်နှာထားကြောင့်မျက်နှာလဲပူရသေးသည်။
အိုဆယ်ဟွန်းရဲ့အခန်းကိုရောက်တာ ပထမဆုံးအကြိမ်
မဖြစ်တော့တာကြောင့်အထူးအဆန်းတော့ဖြစ်မနေတော့။
"ငါ့ကိုမျက်နှာပူရအောင်လုပ်တယ်!!"
"ကိုယ်မှအခန်းခွဲပြီးမနေနိုင်တာ !ကိုယ်ရေချိုးလိုက်ဦး
မယ် .!အချစ် ကိုယ့်အတွက် အဝတ်အစားရွေးပေး
ပါ့လား"
မင်ဆော့ ခေါင်းညိတ်ပြလိုက်တော့ ဆယ်ဟွန်းက
နဖူးကို ဖိကပ်နမ်းလိုက်သည်။ 'မြန်မြန်သွားစမ်းပါ´
လို့တွန်းထုတ်ပစ်လိုက်တာကို အရူးလို့လာရယ်နေပြန်
တဲ့အိုဆယ်ဟွန်းကြောင့် မျက်မှောင်ကြုတ်ကာကြည့်
ပစ်လိုက်သည် ။ ဆယ်ဟွန်း ရေချိုးနေတုန်း အဝတ်
အစားထုတ်ပေးဖို့သူပြင်ရတော့သည်။ အဝတ်ဗီရိုကြီး
တွေထဲက သူ့အဝတ်အစားအများကြီးကြောင့် ရှာရ
ခက်လွန်းနေသည်။အိမ်နေရင်းပေါ့ပေါ့ပါးပါးသာဝတ်
စေချင်တာမို့။နောက်ထပ်အဝတ်ဗီရိုကြီးတလုံးထပ်
ဖွင့်ကြည့်တော့မှ အိမ်နေရင်းဝတ်တဲ့အဝတ်အစားမျိုး
တွေတွေ့ရတော့သည်။
အဝတ်အစားထုတ်ပေးပြီး ပျင်းပျင်းရှိတာနဲ့ အိပ်ယာ
ပေါ်ခဏလှဲနေလိုက်သည် ။
ဆယ်ဟွန်း ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာ
ကိုယ်လေးတခြမ်းစောင်းလို့ လက်ကိုခေါင်းခုလို့
အိပ်ပျော်နေတဲ့ မင်ဆော့ကိုတွေ့လိုက်ရသည်။
ကုတင်ခြေရင်းမှာတင်ထားတဲ့အဝတ်အစားတွေကို
သူလှမ်းယူလိုက်ရင်း အိပ်နေတဲ့မင်ဆော့ကို ပြုံးကာ
ကြည့်လိုက်သည်။ ပေါ့ပေါ့ပါးပါးတီရှပ်ခဲရောင်လေးနဲ့
ဒူးလောက်ဘောင်းဘီတိုလေးကို ရွေးပေးထားတာ
တဲ့အချစ်။ အဝတ်အစားဝတ်ပြီး အိပ်နေတဲ့သူ့ကို
မနိုးရက်တာကြောင့် မင်ဆော့မျက်နှာပေးထားကာ
ဘက်မှာ သူဝင်လှဲလိုက်သည်။မင်ဆော့နဲ့မျက်နှာချင်း
ဆိုင်လှဲအိပ်လိုက်ရင် သူ ငြိမ်ငြိမ်လေးနေကာ
မင်ဆော့မျက်နှာလေးကိုအနီးကပ်ကြည့်နေလိုက်သည်၊
မင်ဆော့ရဲ့နှာခေါင်းလေးကို သူ့လက်ညိုးထိပ်လေးနဲ့
လိုက်ထိရင်းအလုပ်ရှုပ်နေမိသည်။ပါးအိအိလေးကို
လက်ညိုးထိပ်လေးနဲ့တို့ထိလိုက်ရင်း သူရယ်မိသည်။
ပါးအိအိလေးကို အသာဖိကပ်နမ်းပစ်လိုက်တော့
အချစ်က နည်းနည်းလေးလွန့်လူးလာတာမို့ သူငြိမ်
ငြိမ်လေးပြန်နေလိုက်သည်။တော်တော်လေးအိပ်မော
ကျနေတဲ့အချစ်က တော်တော်နဲ့နိုးမလာတာမို့
အသည်းတယားရှိလှတဲ့ လည်ပင်းသားဖြူဖြူလေးကို
သူဖိနပ်နမ်းပစ်လိုက်တော့သည်၊ အရှိန်ပါသွားသည့်ထင်။လည်ပင်းသားဖြူဖြူလေးထက်
နီနီရဲရဲအကွက်ကြောင့်ဆယ်ဟွန်း ခေါင်းနပန်းကြီး
သွားတော့သည်။
'အား!!သိသွားရင်စိတ်ဆိုးတော့မှာပဲ´
မင်ဆော့က အင်းအဲ လုပ်ကာ မျက်လုံးတွေပွင့်လာ
သည့်မို့ သူကပြာကယာလှဲအိပ်နေရာကနေထလိုက်
တော့ မင်ဆော့ကပါ အတင်းထ ထိုင်တော့သည်။
အိပ်ချင်မူးတူးမို့မပွင့်တပွင့်ဖြစ်နေတဲ့မျက်လုံးလေး
တွေကိုလက်နဲ့ပွတ်သပ်ရင်း ကုတင်ပေါ်ကဆင်း
တော့သည်။
" အိပ်ပျော်သွားတယ်!!နိုးလိုက်တာမဟုတ်ဘဲနဲ့"
အသည်းယားဖို့ကောင်းအောင် အိပ်ချင်နေတဲ့အသံ
လေးနဲ့စကားပြောနေတဲ့မင်ဆော့ကြောင့်ဆယ်ဟွန်း
ဘာမှပြန်မပြောဘဲသည်အတိုင်းသာရပ်ကြည့်နေလိုက်
သည်။
" လာကြည့်နေတယ် !! မမြင်ဖူးဘူးလား !!
ရယ်ပဲရယ်နေတာပဲ !!"
" ရား !!! အိုဆယ်ဟွန်း !!!"
အသည်းယားဖို့ကောင်းနေတဲ့အချစ်ရဲ့အပြစ်ကြောင့်
ဆယ်ဟွန်းဟာ ခြေမြန်လက်မြန် ပါးနှစ်ဖက်စလုံးကို
တရွှတ်ရွှတ်မြည်အောင်နမ်းပစ်လိုက်တော့သည်။
ရုတ်တရတ်ကြီးမို့ကြောင်အသွားတဲ့ မင်ဆော့က
နမ်းပြီးတော့မှ ထအော်တော့သည်၊ ထိုအချိန်မှာ
အိုဆယ်ဟွန်းက အသံထွက်အောင်ရယ်နေပြီဖြစ်သည်။
" အစ်ကိုလေး!! သူဋ္ဌေးကတော်က အောက်ဆင်းလာ
ဖို့ပြောခိုင်းလို့ပါ ""
အပြင်ဘက်ကအသံကြောင့် မင်ဆော့ နူတ်ခမ်းကိုဆူ
လို့ဘောက်ဆတ်ဆတ်လေး အပြင်ထွက်သွားတော့
သညိ။ဆယ်ဟွန်းရယ်နေရင်းတန်းလန်းကနေရပ်သွား
ကာ လည်ကုတ်ကိုလက်ဖဝါးနဲ့ပွတ်သပ်ကာအကြံ
အိုက်သွားသည်။
' အချစ်!! စိတ်ဆိုးသွားပြီ´
ထမင်းဝိုင်းမှာ မိသားစုစုံလင်နေပြီ။အစ်မလဲ ပြန်ရောက်
နေတာကြောင့်အကုန်လုံးစုံစုံလင်လင်။ 'ဟိုဟင်း၊
ဒီဟင်း´ဟင်းခွက်ပေါင်းစုံက ဟင်းအမယ်မျိုးစုံဟာ
မာမီနဲ့အစ်မလက်ချက်ကြောင့်မင်ဆော့ပန်ကန်းထဲ
ပုံလို့။ဆယ်ဟွန်းကတော့သူ့အပြစ်နဲ့သူမို့ငြိမ်ငြိမ်လေး
စားနေသည်။
"ကလေး လည်ပင်းကအနီကွက်က ဘာဖြစ်တာလဲ
အိုဆယ်ဟွန်း!!"
"အဟွတ်ဟွတ်!!!"
မျက်စိလျင်လှတဲ့မာမီကြောင့် ရုတ်တရတ်ကြီး
ဆယ်ဟွန်း ထမင်းတွေတောင်ပြန်ထွက်မတတ်သီး
ကုန်တော့သည်။မင်ဆော့ကတော့ ဘာမှမသိ။
ကြောင်တောင်တောင်လေးနဲ့သူ့လည်ပင်းကိုလက်ဖဝါး
လေးနဲ့ပွတ်ကာ စမ်းနေသည်၊ ပြီးတော့ချက်ချင်းပဲ
ရေခွက်ထဲရေဖြည့်လိုက်ကာ ဆယ်ဟွန်းရှေ့ချပေး
လိုက်သေးသည်။ဆယ်ဟွန်းတယောက် မင်ဆော့
ချပေးလာတဲ့ရေတခွက်ကိုတကျိုက်ထဲမော့သောက်
ပစ်လိုက်ရသည်။
" ဆယ်ဟွန်းကတော့နော် !!"
အစ်မကပြုံးစိစိလုပ်နေတာကြောင့် ဆယ်ဟွန်း
မင်ဆော့ကိုမရဲတရဲလေးလှမ်းကြည့်လိုက်သည်။
မင်ဆော့ကတော့ စူပုတ်ပုတ်ရုပ်လေးနဲ့ဆယ်ဟွန်းကို.ပြန်စိုက်ကြည့်နေတာမို့ ။ ဆယ်ဟွန်းမှာ နေစရာနေရာ
မရှိတော့။
အချစ်ဟာသူ့ကို အနားအကပ်မခံ။ ကံကောင်းထောက်
မစွာ တီဗွီရှေ့ရောက်တော့မှဘေးချင်းကပ်ထိုင်ခွင့်
ရတော့သည်။သူနဲ့မင်ဆော့ကအလည်ထိုင်ခုံမှာ
နှစ်ယောက်ထဲ။မာမီနဲ့အစ်မကဘေးတဖက်တချက်
ထိုင်ခုံတွေမှာတကိုယ်တော်။ ဇာတ်ကားကဘယ်
လောက်ပဲကောင်းနေနေ ဆယ်ဟွန်းမျက်လုံးတွေက
မင်ဆော့မျက်နှာပေါ်မှာသာ။ 'စိတ်မဆိုးပါနဲ့နော်´
လို့ဘေးကနေတတွတ်တွတ်တောင်းပန်နေရတော့
သည်။
" အချစ် !! ကျေးဇူးပြုပြီးကွာ ... စိတ်မဆိုးပါနဲ့"
"အချစ်!! ကိုယ် ရူးတော့မှာနော်"
" ကိုယ် တောင်းပန်တယ်လို့!! "
" အချစ်ရာ !! စိတ်ဆိုးပြေတော့ကွာ"
ဆယ်ဟွန်းတယောက် ကမ္ဘာပျက်နေရသည်။
အချစ်က သူ့ကိုတစက်ကလေးတောင်လှည့်မကြည့်။
"ဆယ်ဟွန်းရာ.!ငြိမ်ငြိမ်နေကွာ ကောင်းကောင်းမကြည့်
ရဘူး!! သူလုပ်ချင်သလိုလုပ်ပြီးမှ လာချော့မနေနဲ့!!"
တိုးတိုးကြိတ်ကြိတ် ပြသာနာရှင်းနေတဲ့သူတို့နှစ်
ယောက်။ဘယ်သူမှမသိဘဲ သူတို့နှစ်ယောက်သာ
ပြသာနာတက်နေတာ။ လက်ကိုအုပ်ကိုင်ထားတဲ့
ဆယ်ဟွန်းလက်ကိုမင်ဆော့ခါထုတ်ပစ်လိုက်တော့
ဆယ်ဟွန်းငြိမ်ချက်သားကျသွားသည်။ပြီးနောက်
ထ ထွက်သွားတော့သည်။ အပေါ်ထပ်အခန်းထဲ
ပြန်ဝင်သွားတော့သည် ။ဆယ်ဟွန်း စိတိမကောင်းဖြစ်
သွားပြန်တော့မင်ဆော့မှာမနေနိုင်ပြန်တော့၊
ထထွက်လာရမှာအားနာတာမို့ဇာတ်လမ်းပြီးသည်
အထိထိုင်သာကြည့်နေရတာစိတ်ကဆယ်ဟွန်း
ဆီကိုသာ။
ဇာတ်လမ်းပြီးတာနဲ့သူ အခန်းထဲ ပြန်ပြေးရတော့သည်၊
ကုတင်ပေါ်မှာငြိမ်ချက်သားကျနေတဲ့ဆယ်ဟွန်းက
သူဝင်လာတော့ အတင်း ထ ထိုင်တော့သည်။
"အချစ်!! ကိုယ် __________"
ဆယ်ဟွန်းစကားစရုံသာရှိသေး သူ ဆယ်ဟွန်းကို
သိုင်းဖက်လိုက်သည်။
" စိတ်မကောင်းဖြစ်သွားတယ်မလား!! တောင်းပန်
ပါတယ်!!ငါမှားသွားတာ"
မင်ဆော့ကိုယ်လေးကိုပြန်လည်သိုင်းဖက်လိုက်ရင်း
ဆယ်ဟွန်းခေါင်းခါလိုက်သည်။
" ဟင့်အင်း!!မတောင်းပန်ပါနဲ့ အချစ်ရာ !
ကိုယ့်ကြောင့် အချစ် မျက်နှာပူသွားရပြီလေ"
"အဲ့ကိစ္စကြီးတော်တော့.!ရှက်စရာကြီး
ပြောရောပေါ့.!မပြောပဲနေတော့တွေ့ကုန်ကြရောပေါ့"
"အချစ် စိတ်ဆိုးသွားမှာကြောက်လို့!!"
နောက်ဆုံးတော့လဲ တယောက်တလှည့်ပြန်ချော့ကြ
ရင်း အခြေအနေကပုံမှန်ပြန်ဖြစ်သွားပြန်တယ်။
ရင်ခွင်ထဲဝယ် ငြိမ်ငြိမ်လေးအိပ်နေတဲ့ မင်ဆော့ခေါင်း
ကို ဖိကပ်နမ်းလိုက်ရင်း။
"အိပ်တော့မလား!"
"အွန်း!! အိပ်ကြရအောင်!!"
တိတ်ဆိတ်သွားသောအခန်းထဲဝယ် နှစ်ဦးသားသည်
တယောက်နဲ့တယောက်ဖက်တွယ်လို့နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားကြတော့သည်၊
___________________________________