" မေဘာချက်နေလဲ"
အား မေးလိုက်သည်...
မယ်"
နေမိသည်.....
ပီးတော့အဆိုးဆုံးက... ကျွန်တော့အကို့ရဲ့ အင်္ကျီမရှိ
ဖြစ်လေသည်....
မလာပေ.....
တွေးပစ်လိုက်သည်....
ဆိုမှ"
ကို...."
အကြောင်းမှာ အိမ်တွင်သားယောင်္ကျားလေးတွေချည်း
သည်....
နှင့်ဝင်လာသော ဖေတို့....
" သားငယ်လေး AD လေးရော...."
" သားသွားကြည့်လိုက်....."
" အားလုံး Morning"
" ဟော... သားလာပီ"
.... စားလိုက်ကြတာမဟုတ်ဘူး"
လေသည်.... အမGrace က
အကို့အဖေက မေးလာလေသည်....
သည်...
နောင်ခါလာ နောင်ခါဈေးပဲ လောလောဆယ် လူ့
မေကမေးလာလေသည်....
ရော..."
ခရီသွားမှာဆိုတော့....."
ဆိုတော့...."
ပင်ပန်းတယ်မလိုက်နဲ့.... မေနဲ့အတူ တရားစ
ခန်းလိုက်လေ..."
" မေကလဲ...."
မယ်...."
"ဟင်.....မေကစနေတယ်... ဟုတ်လား"
ပါနေတာကို"
" ဟား... မေကျေးဇူး"
လိုက်ရသောအခါဝယ်.....
" မဘောခကျြနလေဲ"
မီးဖိုခန်းထဲတွင် တကုတ်ကုတ်နှင့်ချက်နေသော မေ
အား မေးလိုက်သည်...
" ကြက်ဥပေါက်မုန့်ကြော်နေတာ.... သားဗိုက်ဆာပီလား... မုန့်ဟင်းခါးက ကျက်နေပီ.... ဒါပေမဲ့ မစား
နဲ့ဦးနော်.... မိမိတို့ကိုစောင့်ရဦးမှာ"
" မဆာသေးဘူး မေ.... သား ကော်ဖီဖျော်ပေး
မယ်"
ဆိုရင်း ကော်ဖီအစေ့များအား coffee Maker ထဲသို့
ထည့်ကျိတ်လိုက်သည်... ရလာသောအမှုန့်အား
ရေနွေး နှင့် နှပ်လိုက်သည်... တဖြည်းဖြည့်ချင်းကျ
နေသည်မို့ စောင့်ရင်းနှင့် အတွေးတွေပတ်ချာလည်
နေမိသည်.....
ကျွန်တော် အကို့ကို စတွေ့တွေ့ချင်း အရမ်းသဘော
ကျမိသည်.... သူရဲ့ အနေအထိုင်တည်ကြည်မှု...
US ကပြန်လာတာဆိုပေမဲ့ ဟော့ဟော့ရမ်းရမ်းမရှိပေ
ပီးတော့အဆိုးဆုံးက... ကျွန်တော့အကို့ရဲ့ အကျႌမရှိ
တဲ့ ရင်ခွင်ဗလာနဲ့မြင်ရင် အရမ်းရှက်တတ်တာကို
ဖြစ်လေသည်....
...အကိုတို့မိသားစု ကျွန်တော်တို့အိမ်ကို ရောက်နေ
သည်မှာ ၂ ပတ်တောင်ကျော်ပီဖြစ်လေသည်....
အကိုတို့မွေးရပ်က ပြင်ဦးလွင် ကလို့မေမေကတော့
ပြောလေသည်.... ဒါပေမဲ့ အကို့ဖွား ဆုံးပီးက
တည်းက ပြင်ဦးလွင်ကနေ US သို့ပြောင်းသွား
ကြလေသည်..... အခုမှ မြန်မာပြည်ကို အလည်အပတ်
သဘောဖြင့်ရောက်လာကြလေသည်....
အစကတော့နှစ်ပတ်လောက်နေပီးပြန်မလို့
ပေမယ့်.... အခုက မင်္ဂလာကိစ္စနဲ့ဆိုတော့ တလ
ကျော်လောက်တောင် နေရမည်ဖြစ်သည်....
ကျွန်တော်မနက်က အကို့အပေါ်ပြုမူလိုက်တဲ့ အပေါ်
ကိုယ့်ကိုယ်ကို ဝေခွဲမရဖြစ်နေလေသည်....
ဘာကြောင့်နမ်းမိသွားလဲအဖြေကိုမထုတ်ချင်ပေ
မဲ့လဲ,... မသိစိတ်က သူ့ဘာသာ အဖြေထုတ်နေ
ပြန်သည်,,..ဒါပေမဲ့ ရေရာတဲ့အဖြေရယ်လို့ ထွက်
မလာပေ.....
အား.... ခေါင်းရှုပ်လာပီ..... သူလဲငါ့ကိုနမ်းတာပဲ....
ငါလဲနမ်းတယ် ဘာဖြစ်လဲဆိုပီး ကလေးအတွေး
တွေးပစ်လိုက်သည်....
" ဖြူလေး.... တစ်ယောက်တည်းလုပ်ပြန်ပီ.... ငါ့ကိုနှိုးပါ
ဆိုမှ"
ဒေါ်မိမိက ထမင်းစားခန်းထဲဝင်လာရင်း အားနားဟန်ဖြင့် မေမေ့အားပြောလေသည်...
" အမလေး မိမိရယ် ဒါ ငါလုပ်နေကျအလုပ်တွေပါ...
အေးဆေး... ဘာမှအားမနာနဲ့.... မနက်စာလေးပဲ
လုပ်ရတာ နေ့လည်က နင်နဲ့ သမီး ကူညီနေတဲ့ဟာ
ကို...."
မေက အိမ်မှာ အိမ်ဖော်လုံးဝမထားပေ....
အကြောင်းမှာ အိမ်တွင်သားယောကျင်္ားလေးတွေချည်း
ရှိတော့ မသင့်တော်ဟု အကြောင်းပြကာ တစ်ယောက်
တည်းသာ ဒိုင်ခံလုပ်လေသည်...
ကိုကြီး နဲ့ကျွန်တော်က
တော့ တစ်ပတ်တခါ အိမ်သန့်ရှင်းရေး လုပ်ပေးရ
သည်....
ခဏနေတော့ အကိုကြီး နှင့် အမပါ ထမင်းစားခန်းသို့
ဝင်လာလေသည်.... နောက်တော့ စကားပြောပြော
နှင့်ဝင်လာသော ဖေတို့....
ကျွန်တော့ရဲ့မျှော်သူကတော့ပေါ်မလာသေးပေ....
* ဘာဖြစ်လို့မနိုးသေးပါလိမ့်*
ကျွန်တော်တွေးတုန်းရှိသေးတယ် အမေက
" သားငယ်လေး AD လေးရော...."
" သားဆင်းလာတုန်းက အိပ်တုန်းမေ"
" ဟုတ်လား...ဒီကလေး ဘယ်တုန်းက ဒီအချိန်ထိအိပ်
ဖူးလို့လဲ.... ၈ နာရီတောင်ထိုးနေပီကို......"
အကိုအမေက စိတ်ပူဟန်ဖြင့်ဝင်ပြောလေသည်....
" သားသွားကြည့်လိုက်....."
ပြောတုန်းရှိသေ... မျှော်ရသူကြီးက ဝင်လာလေသည်..
" အားလုံး Morning"
" ဟော... သားလာပီ"
" sorry သားနောက်ကျသွားတယ်....ညက အိပ်ယာဝင်
နောက်ကျသွားလို့.... သားကိုစောင့်နေကြတာလား
.... စားလိုက်ကြတာမဟုတ်ဘူူး"
အကိုကပြောရင်းဆိုရင်း နဲ့ ထမင်းစားဝိုင်းတွင်ဝင်ထိုင်
လေသည်.... အမGrace က
မုန့်ဟင်းခါး ပန်ကန်များပြင်ပေးပီး...
ကျွန်တော်က ဟင်းရည်များ လိုက်ထည့်ပေးရသည်...
" ဒါနဲ့ သဘက်ခါသင်္ကြန်ကျတော့မယ်.... ကလေးတွေဘယ်သွားကြမလဲ..." ပျော်ပျော်နေတတ်ဟန်ရှိသော
အကို့အဖေက မေးလာလေသည်....
" ဖြုလေးနဲ့ မိမိကတော့တရားစခန်းဝင်မှာ
... မိမိက ဒီရောက်တုန်း ကြုံရခဲတဲ့ စရားစခန်း
လေးဝင်ချင်တယ်ပြောလို့...."
ဒေါ်မိမိကလဲ လက်ခံတဲ့သဘောဖြင့် ခေါင်းငြိမ့်လေ
သည်...
" အေးဟ ငါလဲတရားစခန်းပဲလိုက်တော့မယ်...
ဒီက အကိုကလည်း သင်္ကြန်အတွင်းဆို ခွင့်မရတာနဲ့
ဆရာဝန်အလုပ်ဆိုတော့လဲ....."
" ဟုတ်ပဗျာ ကျန်တဲ့အချိန်သာ လူမစည်ချင်နေမယ်
သင်္ကြန်တွင်းကတော့ ယဉ်တိုက်မှု ရန်ဖြစ်မှု လူသေ
မှု နဲ့ ဆိုတော့ ဆေးရုံက ကလေးတွေချည်းလွှတ်ထား
ရမှ စိတ်မချရဘူးဗျ.... သေမှုသေခင်းတွေပါလာရင်...
ဥပဒေ နဲ့ညိလာတော့ အရမ်းအလုပ်ရှုပ်ရလို့....
တချို့ဆရာဝန်တွေက ဥပဒေနဲ့ ညိမှာစိုးလို့ ရန်ဖြစ်
ပီးသေမလိုရောက်လာတဲ့လူတွေဆို ဆေးမကု
ဘဲဒီအတိုင်းထားထားတာ.... ကျွန်တော်ကတော့
နောင်ခါလာ နောင်ခါစျေးပဲ လောလောဆယ် လူ့
အသက်တစ်ချောင်းပဲအရင်ကယ်လိုက်တာပဲ...."
" ယဉ်တိုက်မှု လူသေမှုဆိုမှ မေမေ့သားတွေကို
စိတ်မချဘူးကွယ်... ဘယ်သွားဖို့အစီအစဉ်ရှိလဲ..."
မေကမေးလာလေသည်....
" သားနဲ့ Grace က မန္တလေးကို တက်မလားလို့တိုင်
ပင်နေတာ.... သားသူငယ်ချင်းတွေလဲပါတယ်...
ပီးတော့ Grace က ပြင်ဦးလွင်လဲ တက်မယ်ပြော
တယ်... သူငယ်ချင်းတွေနဲ့ တွေ့ချင်လို့တဲ့"
အကိုကြီးက သူ့အစီအစဉ်အားချပြလေသည်...
" ကောင်းတယ်ကောင်းတယ်.... သားငယ်လေးက
ရော..."
" သားက ဘာမှမရှိဘူး အစက ကိုကြီးတို့သွားရင်
သားကကပ်လိုက်မလို့ဟာ.... အခုက အကိုကြီးက
ခရီသွားမှာဆိုတော့....."
" မှူးလေးလဲ လိုက်ခဲ့လေ အိမ်မှာ တယောက်တည်း
ဘယ်ဖြစ်မလဲ.... AD ကလဲ မမတို့နဲ့ အတူလိုက်မှာ
ဆိုတော့...."
ဟန် အကိုပါပါမှာလား... ရင်ထဲတွင်ပျော်သွားရသည်
" မထည့်ပေးနိုင်ပါဘူးသမီးရယ်... သားငယ်လေး
ပင်ပန်းတယ်မလိ်ုက်နဲ့.... မေနဲ့အတူ တရားစ
ခန်းလိုက်လေ..."
" မေကလဲ...."
မှူးလေးစိတ်ညစ်သွားရသည်.... အဲလိုပဲမေက
အကိုကြီးဆို ဘယ်သွားသွားလွှတ်ပေမဲ့....ကျွန်တော်
ကျ သိပ်မလွှတ်ပေ... စိတ်မချဘူးဆိုပီး... မေက
သူ့အနားတွင်သာထားလေသည်..."
" ကဲ မေရယ် သားညီလေးကိုမစပါနဲ့ ဟိုမှာငိုတော့
မယ်...."
"ဟင်.....မေကစနေတယ်... ဟုတ်လား"
မေအား အားကိုးတကြီးကြည့်လိုက်တော့ ကျွန်တော် အား ချစ်စနိုးနှင့်ရယ်ပြနေလေသည်....
" ဒီကလေးကတော့လေ ရှင့်အကိုကြီးပါတော့ ကျွန်
မက တားစရာလား... မေ့ထက်ဂရုစိုက်မဲ့သူ
ပါနေတာကို"
" ဟား... မေကျေးဇူး"
မေအားပြေးရင်း ခုန်ဖက်မိလေသည်...
အားလုံးကတော့ ရယ်နေရင်း သားအမိနှစ်ယောက်
ဖြစ်နေပုံကို ကြည့်နေကြလေသည်....
တမင်တကာ တိုက်ဆိုင်စွာ အကိုအား ကျွန်တော်ကြည့်
မိတော့.... ကျွန်တော်အားကြည့်ပီးပြုံးနေသူအားတွေ့
လိုက်ရသောအခါဝယ်.....