Unicode
ငယ်လေး ရေ ပစ္စည်းတွေစုံပြီလားကြည့်လိုက်ပါဦး"
"ဟုတ်မေသား စစ်ပြီးပြီ ပစ္စည်းစုံပါတယ်"
ကျွန်တော်ကတော့ မုန်းခန့်ထည်ပါ ။မော်လမြိုင်သားတစ်ယောက်ပေါ့။အခုရန်ကုန်ကိုကျောင်းပြန်သွားတက်ဖို့ပြင်ဆင်နေကြခြင်း ပင်။ ကျွန်တော်ကဆေးတက္ကသိုလ်နောက်ဆုံးနှစ်တက်နေတာပါ။ကျွန်တော့်ဘဝကတော့ ရိုရိုးလေးပါပဲ ။ဖေဖေက စစ်ဗိုလ်မေမေက အထက်တန်းပြဆရာမ ကမွေးဖွားလာတဲ့ သား အငယ်ပေါ့ ဗျာ ။ ကျွန်တော့်မှာ က အမတစ်ယောက်ရှိတယ်။ အမက လည်းကျောင်းဆရာမပဲ ။ ကျွန်တော်ကမေမေတို့ဖေဖေတို့ ရဲ့ အဆုံးအမအောက်မှာ စည်းကမ်းသေဝပ်ခဲ့ သည်ကိုး။ စားလည်းကြိုးစားခဲ့ ပါရဲ့ ။ ဒါကြောင့်ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့အောင်မြင်ခဲ့ ပါတယ်။ ကျွန်တော့်မိဘတွေက ဝန်ထမ်းတွေဆိုတော့ ကျွန်တော်က နယ်မှာပဲကျောင်းတက်ဖို့လုပ်ခဲ့ပေမဲ့ မိဘတွေက ဖြစ်ထွန်းစေချင်လို့ဆေးတက္ကလ်အမှတ်လည်းမှီတယ်ဆိုတော့ဆေးတက္ကသိုလ်တက်ခဲ့ရတာပါ ။ကျွန်တော့်ရဲ့ကမ္ဘာကတော့ရိုးရှင်းပါတယ်
။မိဘစကားနားထောင်တယ်။.စာကြိုးစားတယ်။အော်ဒါနဲ့ကျွန်တော့်မှာ "သဲ" လို့ခေါ်တဲ့ ချစ်သူလေးရဲ့ရှိတယ်။သူမက မုံရွာသူလေ ။ကျွန်တော်မော်လမြိုင်ကနေရန်ကုန်ရောက်ကာစ က မသွားတတ်မလာတတ်နဲ့ သူမက ပဲအကုန်ကူညီခဲ့တာပေါ့ ။ သဲ ကရန်ကုန်မှာ အနေကြာပြီဆိုတော့ လည်လည်ဝယ်ဝယ်ရှိတယ်လေ ။ ကျွန်တော်တို့နှစ်ယောက်က နယ်က လာတာလည်းတူတယ်၊အောင်မြင်အောင်ကြိုးစားရမယ်ဆိုတဲ့ရည်ရွယ်ချက်ချင်းလည်းတူတော့ တစ်ယောက်ကို တစ်ယောက်သဘောကျမိတာပေါ့ ။နောက်သူငယ်ချင်းတွေကလည်း ဝိုင်းတွန်းကြတာနဲ့ ကျွန်တော်လည်း ဒုတိယနှစ်ရောက်တော့ဖွင့်ပြောလိုက်တာပေါ့ ၊သဲကလည်း လက်ခံခဲ့တယ်လေ ဒီလိုနဲ့ ကျွန်တော်တို့ချစ်သူဖြစ်ခဲ့သည်ပေါ့ ၊ ဒါပေမဲ့ နှစ်ယောက်လုံးက အထူးကုဖြစ်ပြီးမိဘတွေကိုလုပ်ကျွေးပြီးမှ လက်ထပ်ကြမယ်လို့ ကတိထားထားတော့ လက်ထပ်ဖို့ကတော့အဝေးကြီးလိုပါသေးတယ်ခင်ဗျ ။ ဒါကတော့ ကျွန်တော်မုန်းခန့်ထည်ရဲ့ ကမ္ဘာပဲပေါ့ ဗျာ ။ကျွန်တော့ရဲ့ကမ္ဘာလေးက ခုချိန်ထိရိုးရှင်းနေတုန်းပဲနောက်လည်းရိုးရှင်းစွာနဲ့ဖြတ်သန်းရမယ်လို့ထင်ခဲ့မိတာပေါ့ဗျာ ။
ဒါပေမဲ့ မမြင်နိုင်တဲ့နေရာကနေ မုန်တိုင်းတွေ တိုက်ခက်လာမယ်လို့ကျွန်တော်လည်းမထင်ခဲ့ မိတာပါ ။ ကျွန်တော့်ဘဝတစ်ဆစ်ချိုးကိုပြောင်းလဲစေတဲ့မုန်တိုင်းကတော့......