မင်းဖြစ်နေလို့ ( complete)

Galing kay kayhsoo

720K 41.5K 328

Bl story မင်းဖြစ်နေလို့ ( complete) Higit pa

Part1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part - 23
Part-24
Part 25
Part-26
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-45
Part-46
Ending
Extra
ကြော်ငြာ

Part-3

20.6K 1.3K 4
Galing kay kayhsoo

ဒီမှာ မိမိတို့လာပီ"

ကားပေါ်က ဆင်းလာသူမှာ...အသက် ၅၀ အရယ် ခေတ်မှီသော အဝတ်အစားများနှင့်အန်တီတယောက်ဆင်းလာပါသည်... ခေတ်မှီပီး ကျက်သရေရှိတဲ့အလှမျိုး ...တစ်ဖက်ကဆင်းလာသူမှာ ယောင်္ကျားဖြစ်ဟန်တူပါသည်...အသားဖြူပီး လူကြီးလူကောင်းပီသတဲ့ရုပ်မျိုးကို ပိုင်ဆိုင်ထားသူ






အရပ်ကလဲအရှည်ကြီးပဲ ...ငါကရော... ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်....ဘယ်သူဘာပြောပြောငါက cuteတာ ဆိုပီး မှူးလေးကြံဖန်ကျေနပ်လိုက်သေးသည်....






"ရစေရမယ်..မိမိရေ"

"မေ့ကိုကူဦး"

"ဟုတ်မေ"


"ဟုတ်ကျေးဇူး အန်တီ .."


ဟုတ်တယ်နော်ဖြူ..."

















"Sorry နော် Grace"









" ဟယ် မိမိတို့လာပီ....ဖေကြီးရေ... သားတို့ရေ
ဒီမှာ မိမိတို့လာပီ"

အိမ်ရှေ့က မေမေ့ အော်သံကြောင့် ကျွန်တော်တို့သားအဖ အိမ်ရှေ့သို့ထွက်လာပါသည်...
ကားပေါ်က ဆင်းလာသူမှာ...အသက် ၅၀ အရယ် ခေတ်မှီသော အဝတ်အစားများနှင့်အန်တီတယောက်ဆင်းလာပါသည်... ခေတ်မှီပီး ကျက်သရေရှိတဲ့အလှမျိုး ...တစ်ဖက်ကဆင်းလာသူမှာ ယောကျင်္ားဖြစ်ဟန်တူပါသည်...အသားဖြူပီး လူကြီးလူကောင်းပီသတဲ့ရုပ်မျိုးကို ပိုင်ဆိုင်ထားသူ

နောက်ထပ်တစ်ယောက်ကတော့ မမချောချောတယောက် ခေတ်မှီလှပပီး မအေတူသမီးလို့ပြောရအောင် ကျက်သရေရှိလှပါသည်...ပြုံးလိုက်ရင် သွားတက်လေးတောင်ပါသေးသည်...ဆံပင်အရှည်ကို အညိုရောင်လေးဆိုးထားပီး အခွေအလိပ်ကြီးများကောက်ထားသည်မှာ အရမ်းကြည့်လို့ကောင်းနေပါသည်...

ကျွန်တော့ အကိုကြီးဆို အဲအမကြီးဆီက မျက်လုံးတောင်မခွာတော့ဘူး ..ကိုယ့်အကိုမို့ပြောတာမဟုတ်
အရှုပ်အရှင်းလည်းမရှိ တည်တည်ငြိမ်ငြိမ်နှင့် ကျွန်တော့ အကိုက ခန့်ချောကြီးဗျ...မိန်းကလေးတွေဆို ဖြတ်ခနဲ ကြည့်ရုံကလွဲရင် စေ့စေ့ကြည့်တယ်ဆိုလို့ တခါမှမတွေ့ဖူးဘူး....ဒီအမ ကျမှပဲ...

ကျွန်တော် အကိုကြီးကိုစချင်လာတာနဲ့ "အကိုကြီး အောက်ပြုတ်ကျနေပီ..."
အကိုကြီးက ဘာလဲဆိုသော အထာနဲ့ မေးဆတ်ပြလေသည်..
"ဘာလဲ ငယ်လေး...ဘာပြုတ်ကျတာလဲ..."

"မျက်လုံးတွေနေမှာပေါ့"

"ဟာ" ဆိုပီး အကိုကြီးရှက်သွားလေသည်...
ကျွန်တော်ကတော့ တခိခိနဲ့ သူများကိုစရလို့ကျေနပ်နေတာလေ...
နောက်ဆုံးတယောက်မှာတော့ ကျွန်တော် ခဏငြိမ်ကျသွားမိသည်..

စိတ်ထဲမှာတော့ တော်တော်ကြည့်ကောင်းတာပဲဆိုပြီး မှတ်ချက်ပြုမိသည်...
အရပ်ကလဲအရှည်ကြီးပဲ ...ငါကရော... ကိုယ့်ကိုုယ်ကို ပြန်ကြည့်မိသည်....ဘယ်သူဘာပြောပြောငါက cuteတာ ဆိုပီး မှူးလေးကြံဖန်ကျေနပ်လိုက်သေးသည်....

"လာကြ ..လာကြ မိမိရယ် လှလာလိုက်တာ..."

"ဖြူလေးရယ် နင်က ဘယ်အချိန်ကြည့်ကြည့် အေးချမ်းပီး ကျက်သရေကိုရှိနေတာပဲ"

"ဒါပေါ့..ဒါပေါ့ ငါ့သားတွေက ငါ့ဆို စိတ်ချမ်းသာအောင်ထားလို့နေမှာပေါ့"

"မိမိ...ထမင်းအရင်စားမယ်မလား"

"အေးဟယ် နင့်လက်ရာ မစားရတာကြာတော့ အခုစားချင်နေပီ"

"ရစေရမယ်..မိမိရေ"

" မှူးလေး....သားငယ်လေး...ထမင်းဝိုင်းပြင်ပေးနော်"
"မေ့ကိုကူဦး"

"ဟုတ်မေ"

" ဟယ် ဖြူ့ သားလေးလား....ချစ်စရာလေးဟယ်
မျက်လုံးလေးတွေက ကြယ်ကလေးအတိုင်းပဲ"

"ဟုတ်ကျေးဇူး အန်တီ .."

မှူးလေးသွားအဖြီးသားနှင့်ကျေနပ်နေလေသည်...ဒေါ်မိမိက
"ဒါအန်တီသားလေးလေ နာမည်က AD တဲ့... မှတ်ထားနော်"

"သား AD...ဒါက မှူးလေးတဲ့ သားညီလေးပေါ့...
ဟုတ်တယ်နော်ဖြူ..."

"ဟုတ်တယ်ဟုတ်တယ်....သား AD လေးထက် ၂ နှစ်ငယ်တယ် ..."

" တွေ့ရတာဝမ်းသာပါတယ်ညီ"
ဆိုပီးအသံအောအောလေးနှင့် လာနှုတ်ဆက်တဲ့ အကိုအား ခေါင်းလေးငြိမ့်ပီးပြန်ပြုံးပြမိသည်...

ပီးတော့ အဲအကိုက ခုမှစသိတာကို ချစ်စရာလေး ဆိုပီး ခေါင်းလေးကို လာဖွသေးတာ....
ကျွန်တော်က ကျွန်တော့ခေါင်းကိုင်ရင်မကြိုက်ဘူးရယ်
အကိုကြီးလာလာစပီး ဖွရင်တောင် စိတ်ဆိုးတတ်တာ
ဒီအကိုလာဖွတော့ ငြိမ်လို့... စိတ်မဆိုးတဲ့အပြင် ကျေတောင်ကျေနပ်နေတာ...

ပီးတော့ ကျွန်တော်ကိုကြီးခဏခဏခိုးကြည့်နေတဲ့ မမကို

"မမကရော နာမည်ဘယ်လိုလဲဟင်"

" ကျွန်တော်ကအမ အရမ်းလိုချင်တာ...မမက အရမ်းချောတာပဲ"

မမ က Grace ပါ ကလေးရဲ့ ဆိုပီး ကျွန်တော့ပါးဖောင်းဖောင်းလေးအားလာညှစ်ပါသည်။

"အရမ်းချစ်စရာကောင်းတာပဲ...ဟို ကလေးစုတ် AD လေးနဲ့များကွာပါ့"

" Grace နော်" ဆိုပီး AD က ဝင်ပြောပါသည်...

"မဟုတ်လို့လား...ငါ့ကိုမမလို့ ခေါ်ခိုင်းတာ တခါမှ မခေါ်ဘူး .... "

" တစ်သက်လုံး Grace ခေါ်လာတာကို အခုမှ ဘာထဖြစ်တာတုန်း" ဆိုပီး AD က သည်းလေသည်....

" အဲဒါသာ ကြည့်တော့ဖြူရယ် အမြဲတကျက်ကျက်နဲ့"
"ဘာဖြစ်လဲ မိမိရယ် အပြင်းပြေတာပေါ့"

" ဒါနဲ့ သားကြီးလေးက စကားလဲမပြောပါလားဖြူရဲ့"

"ဒီလိုပဲ မိမိရေ သူညီတယောက်က လွဲရင် ကျန်တဲ့သူတွေအရှေ့ဆို အဲအတိုင်းပဲ"

"ကိုကြီးက ငြိမ်ဆေးမိနေလို့ ...မေမေရ...မေမေသိတယ်မလား"
ဆိုပီး မျက်စလေးနဲ့ Grace ဘက်သို့ညွှန်ပြလေသည်။

"ဟာ... ငယ်လေး ပေါက်ကရတွေမပြောနဲ့ အားနာစရာကြီး"

"Sorry နော် Grace"
အားနာဟန်ဖြင့်အကိုကြီးက အမကို တောင်းပန်လေသည်...

အကုန်လုံးကတော့ တပြုံးပြုံးနှင်ပင်...

"သားငယ်လေးပြောမှပဲ မိမိရေ... ဘယ်လိုလဲ ကလေးတွေကိုနေရာ ချထားပေးရအောင်"

" မိမိ သမီးအတွက်တော့ အာမခံတယ်....ဖြူ သားသာ ok ရင်စီစဉ်လိုက်တော့"
ရယ်ရင်းမောရင်းနဲ့ပင် ထမင်းဝိုင်းကနေ မင်္ဂလာဝိုင်းဖြစ်သွားလေသည်....

နှစ်ယောက်လုံးရဲ့ မျက်နှာတွေကတော့ ရဲလို့
ဒီကြားထဲ ကျွန်တော်က အကိုကြီးအတွက် ဝင်လှော်ပေးလိုက်လေသည်

" မေမေ စီစဉ်လိုက်တော့ ... သားတစ်သက် အကိုကြီး ဂနာမငြိမ်ပဲ ခဏခဏ ခိုးကြည့်နေတာဆိုလို့  မမတစ်ယောက်ပဲရှိတယ်"

ကျွန်တော် နည်းတူ ထောက်ခံလာသူက AD

" ဟုတ်တယ်မေမေ....စီစဉ်လိုက်တော့....Grace ရှက်နေတာဆိုလို့ ကျွန်တော်လဲ ဒီတခါပဲမြင်ဖူးသေးတယ်....Graceကိုလာကြိုက်တဲ့ လူတွေမှအများကြီး ရှက်ဖို့နေနေသာသာ လှည့်တောင်မကြည့်ဘူး"
ဆိုပီးပြောချသွားလေသည်...

ကိုကြီးဆို ခေါင်းက မြေကြီးထဲဝင်တော့မဲ့အတိုင်ပင်...
မမကတော့ နိုင်ငံရပ်ခြားမှာ မွေးဖွား လာသူမို့လားမသိ
ရှက်ပြုံးလေး ပြုံးနေရုံသာ..,, အကိုကြီးသာ....

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
331K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
89.8K 6K 46
အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... See true beauty with your heart 💕 အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... Cover crd from pinterest 🎭 Complete (U...
686K 66.1K 48
Kōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.