"အော့....အော့...အဟင့်..."
"ဂျွန်မြောင်!!!ရရဲ့လား??"
ထိုးအန်နေသည်....
"မေမေသက်သာရဲ့လားဟင်??"
"သား....!!"
"လာပါအုံး ဒီနား..."
"ဟောဒီဗိုက်ထဲက ကလေးလေးက ယောက်ျားလေးတဲ့သား မကြာခင် လူ့လောကကြီးထဲကိုလာတော့မှာ..."
ဆယ်ဟွန်းမေမေဗိုက်ထဲကိုအသာကိုင်ကြည့်လိုက်တော့ ဗိုက်ကလှုပ်သွားတယ်...
"မေမေ.!!"
.................
"ဖေဖေတကယ်လားဟင်??"
"ဒါနဲ့..မေမေကရော??"
"ဟင်...မေမေသနားပါတယ်.."
"ဟုတ်.."
.............
"ဖေဖေ ဘာဖြစ်လို့လဲဟင်??"
ဗိုက်ဆာရင်ပြောနော်..."
"ဟုတ်.."
ဖေဖေကတော့ အရမ်းပျော်ရွှင်နေတဲ့မျက်နှာထားမျိုးနဲ့ဆယ်ဟွန်းကိုလှမ်းခေါ်သည်...
ဆယ်ဟွန်း အူယားတယ်....
.................
"ဘာလို့လဲဟင်??"
ဆယ်ဟွန်းမနိုင်ပါ...
"ဟုတ်..."
.................
"ပတ်ချန်းယောလ်??"
"ဟုတ်တယ် ကြိုက်လား.."
"ဆယ်ဟွန်းနီး သားရော??"
ဆယ်ဟွန်း မြတ်နိုးသည်...
ဆယ်ဟွန်းယုံတယ်......
TBC........
"အော့....အော့...အဟင့်..."
"ဂျွန်မြောင်!!!ရရဲ့လား??"
မေမေဆက်မပြောနိုင်ပဲ ဘေလ်စင်ထဲသာ
ထိုးအန်နေသည်....
ဆယ်ဟွန်းကတော့ မေမေကိုသနားမိတယ်..
ဘာလို့်များ အာ့လိုခဏခဏအန်နေတာပါလိမ့်နော်.....
အားရအောင် အန်ပြီးမှ ပျော့ခွေ့သွားဟန်ရှိသောမေမေကို ဖေဖေကပဲ ပါးစပ်နားတစ်ဝိုက်တစ်ရှူ းဖြင့်သုတ်ပေးကာ....
"လာ...လာ..အိပ်ယာထဲလှဲနေလိုက်...သက်သာရဲ့လား???"
"ရပါတယ်...ဆရာဝန်ကပြောတယ်..တစ်လလောက်ပဲသည်းခံလိုက်တဲ့နောက်ပိုင်းအဆင်ပြေမယ်တဲ့...."
"မေမေသက်သာရဲ့လားဟင်??"
ဆယ်ဟွန်းမေမေပါးပြင်လေးကိုကိုင်ကာမေးမိသည်...
"အင်း..သားလေး..မေမေသက်သာတယ်.."
ဂျွန်မြောင်ဗိုက်လေးကိုကိုင်ကာ ဆယ်ဟွန်းကိုကြည့်ပြီးပြောလိုက်တယ်...
ဆယ်ဟွန်းစိတ်ထဲ တစ်မျူ.ိးတစ်မည်လေးဖြစ်သွားကာ..ကလေးအတွေးတွေးမိသည်က
*မေမေဗိုက်ထဲက ကလေးလေးကြောင့် ဒီလိုဖြစ်နေတာလား??*
*အာ့လိုဆိုရင်တော့ ထိုကလေးလေးကို ဆယ်ဟွန်းမလိုလားဘူး..သူကြောင့် မေမေဒီလိုခံနေရတာမလား*
ထိုနောက်ပိုင်း မေမေဗိုက်ကတဖြေးဖြေးပူလာသည်...မေမေသည် ဆယ်ဟွန်းကိုအရင်ကလိုဂရုမစိုက်နိုင်...
သူဗိုက်ကိုသာ အမြဲတစေဂရုစိုက်ကာ စကားပြောပေးနေသည်...
"သား....!!"
ဆယ်ဟွန်း.TVကြည့်နေတုန်းမေမေခေါ်သံကြောင့်
"ဟုတ်ကဲ့မေမေ ဘာခိုင်းစရာရှိလို့လဲဟင်??"
"လာပါအုံး ဒီနား..."
မေမေခေါ်ရာတိုးကပ်သွားတော့...
"ဟောဒီဗိုက်ထဲက ကလေးလေးက ယောကျ်ားလေးတဲ့သား မကြာခင် လူ့လောကကြီးထဲကိုလာတော့မှာ..."
ဆယ်ဟွန်းမေမေဗိုက်ထဲကိုအသာကိုင်ကြည့့်လိုက်တော့ ဗိုက်ကလှုပ်သွားတယ်...
"မေမေ.!!"
"တွေ့လား??သားညီလေးက သားကိုမိတ်ဆက်နေတာ..."
ဆယ်ဟွန်းသဘောကျတယ် ဗိုက်ပေါ်ဆယ်ဟွန်းလက်တင်လိုက်တိုင်းလှုပ်သွားသည်ကိုပေါ့..
"ညီလေးကို စကားပြောလိုက်လေ.."
မေမေစကားကြောင့် ဆယ်ဟွန်းဗိုက်နားကပ်ကာ..ခပ်တိုးတိုးရွက်ဆိုလိုက်သည်..
"ညီလေး...မြန်မြန်ထွက်လာတော့ ငါမင်းနဲ့ကစားချင်နေပြီ..."
ဂျွန်မြောင် သားဖြစ်သူပြောတာကို သဘောကျစွာရီမောမိသည်...
"အားးဂူးးး ပျင်းနေပြီဟုတ်လား..ခဏပဲစောင့်
မကြာခင် သားညီလေးထွက်လာတော့မှာ"
ဆယ်ဟွန်းမေမေစကားကြောင့် ပြုံးကာခေါင်းလေးငြိမ့်ပြလိုက်သည်...
ဆယ်ဟွန်းထိုဗိုက်ထဲက ကလေးလေးကိုတွေ့ချင်လှပြီ...
.................
"ဖေဖေတကယ်လားဟင်??"
"ဒါပေါ့..ဖေဖေသားကို ကစားကွင်းလိုက်မပို့ရတာကြာပြီ..."
"ဒါနဲ့..မေမေကရော??"
"သားမေမေက ဗိုက်နဲ့ဆိုတော့ဘယ်လိုလိုက်လို့ရမလဲ..တို့သားဖပဲသွားကြမယ်.."
"ဟင်...မေမေသနားပါတယ်.."
ရီရှင်းသားဖြစ်သူဆံပင်လေးကို ခပ်ဖွဖွပွတ်သပ်ကာ..
"နောက်တစ်ခါကျမှ မေမေနဲ့တူတူ ညီလေးရောပါသွားကြမယ်လေ.."
"ဟုတ်.."
အင်း..သားတောင် လာမဲ့ကျောင်းဖွင့်ချိန် ကျောင်းအပ်ရတော့မည်...
.............
"ဘာ!!ဗိုက်နာလို့ ဆေးရုံပို့လိုက်ပြီဟုတ်လား?"
ရီရှင်းတို့ကားမောင်းနေစဉ် အိမ်ကအဒေါ်ကြီးကဖုန်းဆက်လာသည်.ဂျွန်မြောင်ဗိုက်နာလို့တဲ့လေ....
"ဟုတ်ပြီ ကျတော် ခုချက်ချင်းပြန်လှည့်ခဲ့မယ်"
ရီရှင်းကားကိုအလောတကြီးကွေ့ကာ ဆေးရုံးသွားမယ်လုပ်တော့...
"ဖေဖေ ဘာဖြစ်လို့လဲဟင်??"
"အင်း..သားမေမေဗိုက်နာလိုတဲ့"
ဆယ်ဟွန်းစိတ်ထဲ ကစားကွင်းမသွားရတော့လို့အနည်းငယ်တော့ စိတ်ဆိုးမိသည်..
ဆယ်ဟွန်း ဆေးရုံသွားတဲ့တစ်လမ်းလုံးစကားမပြော နှုတ်ခမ်းကိုသာဆူပုတ်ပြီး ငြိမ်နေတယ်..
ဖေဖေကတော့ အာ့တာကိုသတိတောင်းမထားမိ ကားကိုသာ အမြန်နှုန်းနဲ့မောင်းနေတာ....
ဆေးရုံရောက်တော့ ဆယ်ဟွန်းကိုအဒေါ်ကြီးနဲ့ထားခဲ့ကာ အမြန်မွေးခန်းဘက်ပြေးသွားတယ်.....
"ကြီးကြီး သားတို့လည်းလိုက်သွားမယ်လေ"
"အာ...လိုက်လို့မရဘူး...ဒီမှာပဲနေရမယ်သားရဲ့
ဗိုက်ဆာရင်ပြောနော်..."
ဆယ်ဟွန်း ခေါင်းငိုက်စိုက်ကျကာငြိမ်နေမိသည်
နာရီဝက်လောက်လည်းကြာရော...အဒေါ်ကြီးဆီဖုန်းလာကာ...
"ဆယ်ဟွန်းနီး ကလေးလေးမွေးပြီတဲ့ လာသွားကြမယ်..."
"ဟုတ်.."
ဆယ်ဟွန်းစိတ်ထဲလုံးဝမကျေနပ်......
"သား...လာ..လာ..ဒီမယ်သားညီလေး..."
ဆေးရုံဝင်ဝင်ချင်း မွေးကင်စအခန်းထဲက
ဘေဘီဂျွန်မြောင်လို့ရေးထားတဲ့ပုခတ်ပုလေးထဲကအနှီအဖြူ လေးနဲ့ကလေးငယ်....
ဖေဖေကတော့ အရမ်းပျော်ရွှင်နေတဲ့မျက်နှာထားမျူ ိးနဲ့ဆယ်ဟွန်းကိုလှမ်းခေါ်သည်...
ဆယ်ဟွန်း ထိုအခန်းငယ်နား တဖြေးဖြေးကပ်ကာကြည့်လိုက်တော့...ကလေးလေးကအိပ်နေသည်....
"သား...ချစ်စရာလေးနော်...သေးသေးလေးမလား??"
ဟုတ်တယ် တကယ့်သေးသေးလေး..
ဆယ်ဟွန်း ခုနစိတ်အလိုမကျမူများက ဒီကလေးငယ်လေးကိုလည်းမြင်ရော...အလိုလိုပျောက်သွားတယ်......
"ဖေဖေ...သူကမေမေဗိုက်ထဲကကလေးလေးလားဟင်??"
ဖေဖေကခေါင်းငြိမ့်ပြတယ်...
*ဘာလို့် သေးသေးလေးနဲ့အာ့လောက်ချစ်စရာကောင်းနေရတာလဲ*
ဆယ်ဟွန်း အူယားတယ်....
ထိုနေ့တစ်နေ့လုံး ဆယ်ဟွန်းထိုမွေးကင်စအခန်းထဲက ကလေးငယ်လေးကို အပြင်ကနေတစ်ချိန်လုံးရပ်ကြည့်ကာ ပျော်နေခဲ့သည်....
မေမေနားတောင်မသွားခဲ့ပါ....
.................
ကလေးလေး ၂လကျော်လာတော့ အနည်းငယ်ဝတုတ်တုတ်လေးဖြစ်လာသည်...
ထိုကလေးလေးမှာ ထူးခြားတာတစ်ခုက နားရွက်ကားလေးတွေပင်...
အာ့နားရွက်လေးကြောင့်ပဲ ကလေးလေးကိုမြင်သူတိုင်းချစ်မိတယ်..
"ဆယ်ဟွန်း ညီလေးကိုအာ့လိုမကိုင်ရဘူးလေ"
ကုတင်ပေါ် လက်များအားယက်ကန်ယက်ကန်လုပ်နေသောကလေးငယ်ရဲ့ပါးကိုဆယ်ဟွန်းကိုင်တော့
မေမေက အနည်းငယ်အလိုမကျသံနဲ့ပြောတယ်
"ဘာလို့လဲဟင်??"
"အော်..သားကခုမှကျောင်းပြန်လာတာလေ...သားလက်မှာရောဂါပိုးမွှားတွေပါလာမှပေါ့...အာ့ကျရင် ညီလေးဖျားလိမ့်မယ်..."
မေမေစကားကိုဆယ်ဟွန်းနားမလည်ပါ...
ဘာမှမပေတဲ့ သူ့လက်သေးသေးများကိုသာဖြန့်.့ကြည့်ကာ ရပ်နေမိသည်...
စိတ်ထဲမှာတော့ မေမေကအကဲပိုတယ်ပေါ့...
ထို့်နောက်ပိုင်း မေမေကဆယ်ဟွန်းလုံးဝပင်ဂရုမစိုက်နိုင်တော့...
ကလေးလေးတစ်ဖြေးဖြေးကြီးလာတော့ပိုဆိုးလာသည်....
ခုဆို ကလေးလေးက ၉လရောက်နေပြီ..
ဆယ်ဟွန်းကိုလည်း တော်တော်မှတ်မိနေပြီ
ဆယ်ဟွန်းကိုတွေ့တိုင်း ဘယ်သူ့ပေါ်ကနေနေအတင်းကော့ထိုးကာချီခိုင်းသည်...
ဒါမဲ့ သူကဝက်ပေါက်လေးလိုအရမ်းဝတစ်တော့
ဆယ်ဟွန်းမနိုင်ပါ...
ထို့ကြောင့် လုံးဝမချီရ..ပြုတ်ကျမှာလည်းစိုးရိမ်လို့ပါ...
"မေမေ သားဒီကြယ်သီးမတပ်တက်ဘူး.."
ဂျွန်မြောင် အလိုမကျသံနဲ့ပဲ..ကလေးဘောင်းဘီလဲပေးရင်း ဆယ်ဟွန်းဘက်လာကာ..
"သား...နောက်ဆို ကိုယ့်ပါကိုလုပ်တက်အောင်လုပ် မေမေကအလုပ်ရှုပ်နေတယ်လေ.."
"ဟုတ်..."
"သားအရွယ်နဲ့ဆို ဒါတွေကလုပ်တက်သင့်နေပြီ.."
ဆယ်ဟွန်း ဘာမှပြန်မပြောပဲ မေမေတပ်ပေးနေတဲ့ကြယ်သီးကိုသာသေချာဂရုစိုက်ကြည့်.နေလိုက်တယ်....
မေမေအာ့လိုပြောလို့ ဆယ်ဟွန်းဝမ်းနည်းပါတယ်....ဒါမဲ့...ဆယ်ဟွန်းညီလေးမျက်နှာမြင်လိုက်ရရင် အလိုလိုဝမ်းနည်းစိတ်ကပျောက်သွားရော....
ဆယ်ဟွန်း ညီလေးရဲ့လက်သေးသေးလေးများကိုချစ်တယ်..
အမြဲသရေတွေပွပြီးထော်နေတဲ့နှုတ်ခမ်းသေးသေးလေးတွေလည်းချစ်တယ်...
ဝက်ပေါက်ကလေးလို့လုံးတစ်နေတဲ့ကိုယ်လုံးလေးကိုရောပဲ...
အချစ်ဆုံးကနားရွက်ကားကားလေးတွေပဲ...
.................
"ပတ်ချန်းယောလ်??"
"ဟုတ်တယ် ကြိုက်လား.."
ဖေဖေပြောလိုက်တဲ့နာမည်လေးကို မေမေရောကျတော်ပါသဘောကျသည်...
"အင်း...ကျမကြိုက်တယ် ရှင်း..."
"ဆယ်ဟွန်းနီး သားရော??"
"ဟုတ် သားလည်းကြိုက်တယ်.."
မေမေလက်ထဲက ချန်းယောလ်လေးကို ဆယ်ဟွန်းငုံနမ်းကာပြောလိုက်သည်...
"အာ့ဆို ဒီနေ့ကစပြီး သားငယ်လေးကို
ပတ်ချန်းယောလ်လို့မှည့်လိုက်ပြီး..."
"အားဂူး...မေမေချန်းယောလ်လေးလား??"
မေမေက ချန်းယောလ်လေးကိုကိုင်မြှောက်ကာ
ပြောပြီး မြူ တော့ တခစ်ခစ်နဲ့ရီလေသည်....
"ဂျွန်မြောင်..ကိုယ့်ကတော့..သားငယ်ကို..
ချန်းလေးလို့ခေါ်တော့မယ်.."
"အင်း..ကျမလည်းအာ့လိုပဲခေါ်မယ်.."
"သားကတော့ ယောလ်လေးလို့ပဲခေါ်မယ်.."
ဟုတ်တယ် ဖေဖေတို့ခေါ်တာနဲ့မတူချင်..
"အေးပါကွာ...သားကြီးကြိုက်သလိုခေါ်ပါ.."
ဖေဖေပြောအပြီး မေမေရောကျတော်ပါရီမောခဲ့ကြသည်...
ပျော်ရွှင်စရာကောင်းတဲ့ ဒီမိသားစုလေးကို
ဆယ်ဟွန်း မြတ်နိုးသည်...
နောက်အနာဂတ်ထိ ဒီလိုလေး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားရမယ်လို့လဲ..
ဆယ်ဟွန်းယုံတယ်......
TBC........
ကဲ..ချန်းယောလ်လီလေးအကောင်ပေါက်ပြီ😌