မဂၤလာဦး အိပ္ခန္းထဲတြင္ေတာ့ အိမ္ေရွ႕စံ မင္းသားေလးက Kim Jonginႏွင့္ ေတြ႕ရန္ ေမွ်ာ္ေနမိပါသည္။
Ohသခင္ေလးနဲ႔ မဂၤလာပြဲျပီးလ်ွင္ Jonginႏွင့္ ေတြ႕ခြင့္ေပးမည္ဟု မင္းၾကီးကတိေပးထားသည္ မဟုတ္လား...
အခု မင္းၾကီးျဖစ္ေစခ်င္တ့ဲအတိုင္း Ohသခင္ေလးနဲ႔ မဂၤလာပြဲျပီးသြားခ့ဲျပီ Kim Jonginႏွင္႔ ေတြ႕ခြင့္ရဖို႔သာ က်န္ပါေတာ့သည္။
အခန္းေလးထဲ အေရွ႕ေလ်ွာက္လိုက္ အေနာက္ေလ်ွာက္လိုက္ျဖင့္ Jongin အလာကို ရင္ခုန္စိတ္လႈပ္ရွားစြာ ေစာင့္ေနမိပါသည္။
“မင္းသားေလး ရက္စက္တယ္!! အရမ္းရက္စက္တယ္ မင္းသားေလးရယ္.."
ဘယ္ကဘယ္လို ေရာက္လာမွန္းမသိသည့္ခ်စ္သူရဲ႕ လက္တစ္စုံက သူ႕ခါးမွာ ဖက္တြယ္ထားလ်က္ ရက္စက္သည္ဟု စြပ္စြဲေနသည္။
“Jongin... စိတ္ပူလိုက္ရတာ Jonginရယ္ မင္းဘာမွမျဖစ္ဖူးေနာ္"
“စိတ္ပူတယ္ ဟုတ္လား အဟက္!!ဘာကို စိတ္ပူတာလဲ ခင္မ်ားရဲ႕ မဂၤလာပြဲကို က်ဳပ္လာဖ်က္မွာ စိတ္ပူေနတာလား"
“ေျပာပါ... မင္းရဲ႕စိတ္ထဲမွာ ေျပာခ်င္တ့ဲအတိုင္းသာ ငါ့ကိုေျပာပါေတာ့... ဒါေပမ့ဲ တစ္ခုပဲ သိထားပါ... ငါလုပ္ခ့ဲတ့ဲ ကိစၥေတြအားလံုးက မင္းအတြက္ Kim Jongin..."
“သိတယ္!! အ့ဲဒါေတြေၾကာင့္လည္း က်ဳပ္မွာ ပိုျပီး နာက်င္ခံစားေနရတယ္... အ့ဲဒါေတြ ခင္မ်ားသိလား မင္းသား.."
Jonginရင္ထဲမွာ မခ်ိတင္ကဲျဖစ္တိုင္း မင္းသားေလးအေပၚမွာ စြပ္စြဲေနမိတ့ဲ ကိုယ့္ကိုကိုယ္ ပိုျပီး နာက်ည္းေနမိပါတယ္
မေစာင့္ေရွာက္ႏိုင္ခ့ဲဘူး မင္းသားေလးကို အဆုံးစြန္ထိ မေစာင့္ေရွာက္ႏိုင္ခ့ဲဘူး...
မင္းၾကီးႏွင့္ သြားေတြ႕ျပီးအျပန္ မဟူရာတပ္သားေတြရဲ႕ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းကို သူခံလိုက္ရပါသည္။
မဟူရာတပ္ရဲ႕ လ်ိဳ႕၀ွက္အခ်ဳပ္ခန္းတြင္ အခ်ဳပ္က်ျပီး ဆယ္ရက္ေျမာက္သည့္ေန႔ သူ႕ကို မင္းၾကီးကိုယ္တိုင္ လာျပီး အခ်ဳပ္ခန္းမွ ျပန္လႊတ္ေပးခ့ဲပါသည္။
အခ်ဳပ္ခန္းမွ လႊတ္ျပီးရဲမက္ေဆာင္သို႔ ျပန္ေရာက္ေရာက္ျခင္း ၾကားလိုက္ရသည္က မင္းသားေလးနဲ႔ Ohအိမ္ေတာ္သခင္ေလးရဲ႕ မဂၤလာပြဲအေၾကာင္း...
သူ႕ရင္ေတြ ကဲြေၾကသြားခ့ဲျပီး ခ်က္ခ်င္းပင္ မင္းသားေလးရဲ႕နန္းေဆာင္ဆီ ထြက္လာခ့ဲပါသည္။
နန္းေဆာင္သို႔ ေရာက္ေသာ္ မင္းသားေလးရဲ႕ ခ်ဳံးခ်ဳံးက်ေနတ့ဲ ပံုစံေလးကို ျမင္လိုက္ရေတာ့လည္း သူစိတ္မေကာင္း...
သို႔ေပမ့ဲ ခ်စ္ရသူက တပါးသူရဲ႕ အပိုင္ျဖစ္သြားျပီဆိုတ့ဲ အေတြးေတြ၀င္လာတိုင္း နာက်ည္းစိတ္တို႔က ရုန္းၾကြလာခ့ဲျပီး မင္းသားေလးကို ရက္စက္တယ္လို႔သာ စြပ္စြဲလိုက္ခ်င္သည္။
အခုေတာ့ ဒီမဂၤလာပဲြက သူ႕ေၾကာင့္တ့ဲလား...
“အ့ဲဒါဆို မင္းသားေလး က်ဳပ္ေခၚတ့ဲေနာက္လိုက္ခ့ဲေတာ့"
Kyungsooစိတ္ရိွတ့ဲအတိုင္းဆိုရင္ ခ်စ္သူေခၚတ့ဲေနာက္ ခ်က္ခ်င္းကို လိုက္ခ့ဲမိမွာပါ
သို႔ေပမ့ဲ ေသြးစုပ္ေကာင္ေတြနဲ႔ ၀ံပုေလြေတြရဲ႕ ေသြးေခ်ာင္းစီးမ့ဲတိုက္ပဲြ အ့ဲဒီေသြးေခ်ာင္းထဲမွာ ခ်စ္သူရဲ႕ေသြးေတြ စီးဆင္းသြားမွာ စိုးရိမ္မိတယ္
“မ__မျဖစ္ႏိုင္ဘူး Jongin"
“ဘာျဖစ္လို႔လဲ... ဘာလဲ Oh Sehunဆိုတ့ဲ မဟူရာတပ္ရဲ႕ ေခါင္းေဆာင္ကို ခ်စ္မိသြားလို႔လား... အ့ဲဒီေကာင္က မင္းသားေလးကို က်ဳပ္ထက္သာယာမႈေတြ ေပးႏိုင္လို႔လား...ဟုတ္လား.. မင္းသား!!!"
“ဖ်န္း!!!!!"
Kyungsooရဲ႕ လက္ဖ၀ါးက Jonginရဲ႕ ပါးေပၚကို က်ေရာက္သြားခ့ဲျပီ
“လူကို ေစာ္ကားတာ သည္းခံႏိုင္တယ္... ငါ့အခ်စ္ ငါ့သစၥာေတြကိုေတာ့ မင္းမေစာ္ကားနဲ႔ Kim Jongin"
“က်ဳပ္အ႔ဲဒါေတြမသိဘူး မင္းသား... က်ဳပ္သိတာတစ္ခုတည္းပဲ ခင္မ်ားကိုခ်စ္တယ္ မစြန္႔လြတ္ႏိုင္ဘူး မင္းသား"
မ်က္စိေရွ႕မွာ ေဒါသေတြ ထြက္ျပီး အသားတဆတ္ဆတ္ တုန္ေနတ့ဲ မင္းသားေလးကို တင္းၾကပ္စြာ ဖက္ထားလိုက္ပါသည္။
“ငါလည္း မင္းကိုခ်စ္တာပဲ Jonginရဲ႕...ဒါေပမ့ဲ!!!"
“ဒါေပမ့ဲ ဘာျဖစ္လဲ မင္းသားေလးရယ္ က်ဳပ္ေနာက္ကို လိုက္ခ့ဲပါေနာ္ ျဖစ္လာသမ်ွကိစၥအားလံုးကို က်ဳပ္ရင္ဆိုင္ပါ့မယ္"
“မင္း ငါ့ကိုေခၚသြားလို႔ ေနာင္တမရမွာ ေသခ်ာလား..."
“ေသခ်ာတယ္... ခင္မ်ားေၾကာင့္ ျဖစ္ပ်က္လာမ့ဲ ေနာက္ဆက္တဲြ အေၾကာင္းအရာေတြအတြက္ က်ဳပ္ဘယ္ေတာ့မွ ေနာင္တမရဘူး"
“ေကာင္းျပီ မင္းေနာက္ကို ငါလိုက္ခ့ဲမယ္ Jongin"
“၀မ္းသာလိုက္တာ မင္းသားေလးရယ္...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“သခင္ၾကီး... သခင္ၾကီး"
ေျမေအာက္ လ်ိွဳ႕၀ွက္စခန္းထဲသို႔ ပ်ာယီးပ်ာယာျဖင့္ ၀င္လာေသာ အမတ္ခ်ဳပ္ၾကီးေၾကာင့္ မိန္းကေလးLuရဲ႕ ရင္ခြင္ထဲမွာ မွီျပီး ေသရည္ေသာက္ေနတဲ့ Sehunေခါင္းေထာင္လာခ့ဲပါသည္။
“အခ်စ္..! ျပန္ေတာ့ေနာ္ မနက္ျဖန္မွ က်ဳပ္လာခ့ဲပါ့မယ္"
“ေကာင္းပါျပီ..."
အေပၚထပ္ ပု၀ါပါး ၀တ္ရုံပန္းေရာင္ေလးကို လႊမ္းၿခံဳလိုက္ျပီး သူမကိုေပးထားေသာ အခန္းေလးဆီသို႔ လ်ိဳ႕ဝွက္လမ္းမွ ျပန္သြားခ႔ဲပါေတာ႔သည္။
“ဘာလဲ ဘာကိစၥရိွလို႔လဲ အမတ္ခ်ဳပ္ၾကီး..."
“ျပႆနာတက္ျပီ သခင္ၾကီး"
“စကားကို ရွင္းရွင္းလင္းလင္း မေျပာတတ္ဖူးလား အမတ္ၾကီး..."
“ေတာင္းပန္ပါတယ္ ကြ်န္ေတာ္မ်ိဳး မွားသြားပါတယ္..."
အမတ္ၾကီးလည္း ေျမၾကီးေပၚသို႔ ဒူးေထာက္လိုက္ျပီး နဖူးနဲ႔ ၾကမ္းျပင္နဲ႔ ထိကာ မဟူရာဂိုဏ္း၏ သခင္ၾကီးကို ေတာင္းပန္လိုက္ပါသည္။
“ေျပာစမ္း! ဘာျပႆနာ ျဖစ္ျပီလဲ"
“ဟို__မင္းသား__ အိမ္ေရွ႕စံမင္းသားေလး... နန္းေတာ္ကေန ထြက္ေျပးသြားပါျပီ"
“ဘာ!!!! မင္းသား ထြက္ေျပးသြားျပီ ဟုတ္လား!!! အမတ္ၾကီး"
“ဟုတ္ပါတယ္.... Kim Jonginဆိုတ့ဲ ေသြးစုပ္မိစၧာေကာင္နဲ႔ ထြက္ေျပးသြားပါျပီ"
“ဘာ!!!!"
“ညာလက္ရုံး"
တန္းေပၚတြင္ တင္ထားေသာ အနီေရာင္ မဂၤလာ၀တ္ရုံကို ထပ္၀တ္လိုက္၍ အခန္းျပင္မွာရိွတ့ဲ မဟူရာတပ္ရဲ႕ ညာလက္ရုံးကို ေခၚလိုက္သည္။
“ရိွပါတယ္ ေခါင္းေဆာင္"
“ငါတို႔ ဒီေန႔ည ေသြးစုပ္ေကာင္ ဖမ္းရေတာ့မယ္ အဖြဲ႕သားေတြကို အေၾကာင္းၾကားထားလိုက္ပါ..."
“ဟုတ္က့ဲ! အခုခ်က္ခ်င္း အေၾကာင္းၾကားလိုက္ပါေတာ႔မယ္ ေခါင္းေဆာင္"
ညာလက္ရုံးက အဖြဲ႕သားေတြကို အေၾကာင္းၾကားရန္ ျပန္ထြက္သြားပါျပီ
“က်ဳပ္တို႔ နန္းတြင္း၀င္ၾကမယ္ အမတ္ၾကီး"
“ဟုတ္က့ဲပါ သခင္ၾကီး"
~~ဟင္!!!ေသြးစုပ္ေကာင္Kim Jonginဆိုပါလား ေမာင္ေတာ္လား ေမာင္ေတာ္မေသဘူးလား ႏွမေတာ္ရဲ႕ ၾကင္ရာလား~~
Sehunျပန္ခိုင္းေပမ့ဲ မျပန္ေသးပဲ ေထာင့္အကြယ္မွ ခိုးနားေထာင္ေနတ႔ဲ မိန္းကေလးLuက အမတ္ၾကီးေျပာေနေသာ အေၾကာင္းအရာမ်ားၾကားျပီး Kim Jonginဆိုသည့္ အမည္ကိုၾကားလိုက္ရသျဖင့္ Oh sehunအေနာက္မွ ေနာက္ေယာင္ခံၿပီး လိုက္လာခ့ဲပါသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
••အာ ၀ူး...၀ူး...အူး...အူး...••
သူ႕ကို ေပြ႕ခ်ီျပီး ေျပးေနသည့္ေနာက္သို႔ ၀ံပုေလြမ်ား လိုက္လာၾကပါျပီ
“Jongin ငါေၾကာက္တယ္"
Kim jonginရဲ႕ လည္တိုင္ေလးကို တင္းၾကပ္စြာ ဖက္ထားရင္းျဖင့္ သူေျပာလိုက္သည္။
“မေၾကာက္ပါနဲ႔ မင္းသားေလးရယ္ က်ဳပ္အသက္ရွင္ေနသေရြ႕ မင္းသားေလးရဲ႕ ဆံခ်ည္တစ္မ်ွင္ မထိခိုက္ေစရပါဘူး"
“မဟုတ္ဘူး... ငါ့အသက္ဆုံးရႈံးရမွာကို ေၾကာက္ေနတာမဟုတ္ဖူး မင္းကိုဆုံးရႈံးရမွာ ငါေၾကာက္တယ္ မင္းနဲ႔မခြဲႏိုင္ဘူး Jongin..."
“စိတ္ခ်ပါ မင္းသားေလးကို ဘယ္ေတာ့မွ မထားသြားဘူး"
••ဂါး ဂယား ဂါးးး••
သူတို႔ အေရွ႕သို႔ ခုန္အုပ္လာေသာ ၀ံပုေလြ အညိဳေရာင္ၾကီး အစြယ္ေတြက တေဖြးေဖြး မ်က္လံုးေတြက က်ဥ္းေျမာင္းေနေပမ့ဲ သားေကာင္ကို ေတြ႕ထားျပီး အလြတ္ေပးမည့္ပုံမေပၚ
Jonginလည္း ရန္သူကို အလစ္မေပးစတမ္း ၾကည့္ေနရင္း ရင္ခြင္ထဲမွာ ေပြ႕ခ်ီထားတ့ဲ မင္းသားေလးကို အသာအယာခ်ေပးလိုက္ပါတယ္
“ဒီမွာ ခဏေနဦး... မင္းသားေလး"
Jonginက ေျပာျပီးသည္ႏွင့္ ၀ံပုေလြကို ရင္ဆိုင္ရန္ ခ်ဥ္းကပ္သြားခ့ဲပါေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အသင့္ျဖစ္ျပီလား မင္းၾကီး"
အနက္ေရာင္ ျမင္းၾကီးေပၚ ခြထိုင္ထားျပီး နန္းေတာ္အေနာက္ဘက္ ေတာလမ္းေလးကို ဦးတည္ထားတ့ဲ မင္းၾကီး Do Junn myeonကို လွမ္းေမးလိုက္ပါသည္။
“က်ဳပ္အသင့္ျဖစ္ပါျပီ သူတို႔ႏွစ္ေယာက္ကိုေတြ႕တာနဲ႔ Kim jonginကို ရွင္းပစ္လိုက္ပါ... အိမ္ေရွ႕စံကို ပြန္းပဲ့ရာေလးေတာင္ မထင္ပါေစနဲ႔..."
“ဟုတ္က့ဲ အမိန္႔အတိုင္းပါပဲ မင္းၾကီး...! အသင့္ျဖစ္ျပီဆိုရင္ ကြ်န္ေတာ္မ်ိဳးအေနာက္ကလိုက္ခ့ဲပါ..."
“ေကာင္းျပီ..."
မင္းၾကီးဆီက ခြင့္ျပဳမိန္႔ရသည္ႏွင့္ သူလည္း ၀ံပုေလြအသြင္ေျပာင္းလိုက္ျပီး ေတာထဲကို ေျပး၀င္လာခ့ဲပါသည္။
~~မင္းထြက္ေျပးလို႔မရဘူး Do Kyungsoo က်ဳပ္ခ်စ္သူရဲ႕ အသည္းႏွလံုးကို ျပန္ယူရဦးမယ္~~
Sehunအေနာက္မွ ေနာက္ေယာင္ခံ လိုက္လာတ့ဲ Xiao Lu စိတ္ပူေနမိတယ္ သူမရဲ႕ ၾကင္ရာကို သတ္ပစ္ၾကေတာ့မယ္ ဘယ္လိုလုပ္ရမလဲ
စိုးရိမ္စိတ္တို႔နွင့္ Sehun ၀င္သြားသည့္ ေတာလမ္းေလးအတိုင္း အေနာက္မွ ေျပးလိုက္သြားခ့ဲပါေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Kim jonginနဲ႔ ၀ံပုေလြၾကီးရဲ႕ တိုက္ပဲြက ျပင္းထန္လြန္းလွသျဖင့္ ေျမၾကီးေတြပင္ တုန္ေနသလိုလို အင္အားျခင္းက ကြာျခားေနသျဖင့္ Jongin အထိနာေနပါသည္။
သူ႕မွာ လူေသြးမေသာက္ထားေတာ့ ထင္သေလာက္ မတိုက္ခိုက္ႏိုင္ ေနာက္ဆံုးအားကုန္သုံးျပီး ၀ံပုေလြၾကီးကို သစ္ပင္ၾကီးဆီ ကိုင္ေပါက္ပစ္လိုက္ကာ ဇီ၀ိန္ခ်ဳပ္ေပးလိုက္ပါေတာ့သည္။
••အု••အု••အု••
၀ံပုေလြညိဳၾကီးက နာက်င္မႈေၾကာင္႔ ေအာ္ပင္မေအာ္ႏိုင္ေတာ့ပဲ ညည္းသံတိုးတိုးေလးျဖင့္သာ ညည္းညဴျပီး အသက္ေပ်ာက္သြားခ့ဲပါေတာ့သည္။
၀ံပုေလြ ကိုက္ခဲထားသည့္ ဒဏ္ရာဒဏ္ခ်က္မ်ားေၾကာင့္ သူ႔မွာ ေသြးသံရဲရဲျဖစ္ေနျပီး ေမာပန္းေနေေပမ့ဲလည္း အေမာမေျဖႏိုင္ေသး မင္းသားေလးကို ေျပးေပြ႕ကာ ေတာနက္ထဲသို႔ ခရီးဆက္လာခ့ဲပါသည္။
“မင္းအရမ္းနာေနလား Jongin..."
ေသြးစုပ္ေကာင္ေတြက သာမန္ဒဏ္ရာဆိုလ်ွင္ ခ်က္ခ်င္းေပ်ာက္သြားေပမ့ဲ ၀ံပုေလြကိုက္ခဲသည့္ ဒဏ္ရာဒဏ္ခ်က္ေတြကေတာ့ ခ်က္ခ်င္းမေပ်ာက္ႏိုင္ပါ
“မနာပါဘူး မင္းသားေလးရဲ႕ ခင္မ်ားသာ က်ဳပ္အနားမွာ ရိွေနရင္ ဒီဒဏ္ရာေတြက က်ဳပ္ကို နာက်င္ေအာင္ မစြမ္းေဆာင္ႏိုင္ပါဘူး"
“မင္းသြားမ့ဲ ေနရာက မေရာက္ေသးဘူးလား..."
“ေရာက္ေတာ့မွာပါ ေရွ႕သုံးမိုင္ေလာက္ သြားလိုက္ရင္ မဟူရာတပ္ရဲ႕ နယ္နိမိတ္ကုန္သြားပါျပီ အ့ဲဒီေနရာေက်ာ္သြားတာရင္ ခင္မ်ားန႔ဲက်ဳပ္ကို ဘယ္သူမွ မခြဲႏိုင္ေတာ့ဘူး"
••ေ၀ါင္း••
တိတ္တဆိတ္ေရာက္လာျပီး သူႏွင့္ Kim Jonginသြားမ့ဲ လမ္းကို ပိတ္ထားတ့ဲ အျဖဴေရာင္ ၀ံပုေလြၾကီး
“Oh Sehun!!!"
အံ့ၾသမွင္တက္စြာ ေရရြတ္လိုက္ပါသည္။
“Jongin ငါ__ ငါျပန္လိုက္သြားေတာ့မယ္"
“ဟင့္အင္း!! က်ဳပ္ကိုမထားခ့ဲပါနဲ႔"
“မင္း အရမ္းနာေနျပီ jonginရဲ႕... မတိုက္ခိုက္ပါနဲ႔ေတာ႔... မင္းေသသြားလိမ့္မယ္.."
“က်ဳပ္ကို ခြဲမသြားပါနဲ႔ မင္းသား...ေတာင္းပန္ပါတယ္"
“အဟင့္...ဟင့္...ဟင့္ ငါဘာဆက္လုပ္ရမလဲ Jongin မင္းေသသြားတာကို ထိုင္ၾကည့္ခိုင္းမလို႔လား အဟင့္....ဟင့္.....ဟင့္"
“မင္းသားေလး နန္းေတာ္ကို ျပန္လိုက္သြားရင္ေရာ မင္းၾကီးက က်ဳပ္ကိုအလြတ္ေပးမယ္ ထင္လို႔လား"
“ငါ__ငါမသိဘူးjongin"
ဆက္ရန္»»»
(unicode)
မင်္ဂလာဦး အိပ်ခန်းထဲတွင်တော့ အိမ်ရှေ့စံ မင်းသားလေးက Kim Jonginနှင့် တွေ့ရန် မျှော်နေမိပါသည်။
Ohသခင်လေးနဲ့ မင်္ဂလာပွဲပြီးလျှင် Jonginနှင့် တွေ့ခွင့်ပေးမည်ဟု မင်းကြီးကတိပေးထားသည် မဟုတ်လား...
အခု မင်းကြီးဖြစ်စေချင်တဲ့အတိုင်း Ohသခင်လေးနဲ့ မင်္ဂလာပွဲပြီးသွားခဲ့ပြီ Kim Jonginနှင့် တွေ့ခွင့်ရဖို့သာ ကျန်ပါတော့သည်။
အခန်းလေးထဲ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် Jongin အလာကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်နေမိပါသည်။
“မင်းသားလေး ရက်စက်တယ်!! အရမ်းရက်စက်တယ် မင်းသားလေးရယ်.."
ဘယ်ကဘယ်လို ရောက်လာမှန်းမသိသည့်ချစ်သူရဲ့ လက်တစ်စုံက သူ့ခါးမှာ ဖက်တွယ်ထားလျက် ရက်စက်သည်ဟု စွပ်စွဲနေသည်။
“Jongin... စိတ်ပူလိုက်ရတာ Jonginရယ် မင်းဘာမှမဖြစ်ဖူးနော်"
“စိတ်ပူတယ် ဟုတ်လား အဟက်!!ဘာကို စိတ်ပူတာလဲ ခင်များရဲ့ မင်္ဂလာပွဲကို ကျုပ်လာဖျက်မှာ စိတ်ပူနေတာလား"
“ပြောပါ... မင်းရဲ့စိတ်ထဲမှာ ပြောချင်တဲ့အတိုင်းသာ ငါ့ကိုပြောပါတော့... ဒါပေမဲ့ တစ်ခုပဲ သိထားပါ... ငါလုပ်ခဲ့တဲ့ ကိစ္စတွေအားလုံးက မင်းအတွက် Kim Jongin..."
“သိတယ်!! အဲ့ဒါတွေကြောင့်လည်း ကျုပ်မှာ ပိုပြီး နာကျင်ခံစားနေရတယ်... အဲ့ဒါတွေ ခင်များသိလား မင်းသား.."
Jonginရင်ထဲမှာ မချိတင်ကဲဖြစ်တိုင်း မင်းသားလေးအပေါ်မှာ စွပ်စွဲနေမိတဲ့ ကိုယ့်ကိုကိုယ် ပိုပြီး နာကျည်းနေမိပါတယ်
မစောင့်ရှောက်နိုင်ခဲ့ဘူး မင်းသားလေးကို အဆုံးစွန်ထိ မစောင့်ရှောက်နိုင်ခဲ့ဘူး...
မင်းကြီးနှင့် သွားတွေ့ပြီးအပြန် မဟူရာတပ်သားတွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို သူခံလိုက်ရပါသည်။
မဟူရာတပ်ရဲ့ လျို့ဝှက်အချုပ်ခန်းတွင် အချုပ်ကျပြီး ဆယ်ရက်မြောက်သည့်နေ့ သူ့ကို မင်းကြီးကိုယ်တိုင် လာပြီး အချုပ်ခန်းမှ ပြန်လွှတ်ပေးခဲ့ပါသည်။
အချုပ်ခန်းမှ လွှတ်ပြီးရဲမက်ဆောင်သို့ ပြန်ရောက်ရောက်ခြင်း ကြားလိုက်ရသည်က မင်းသားလေးနဲ့ Ohအိမ်တော်သခင်လေးရဲ့ မင်္ဂလာပွဲအကြောင်း...
သူ့ရင်တွေ ကွဲကြေသွားခဲ့ပြီး ချက်ချင်းပင် မင်းသားလေးရဲ့နန်းဆောင်ဆီ ထွက်လာခဲ့ပါသည်။
နန်းဆောင်သို့ ရောက်သော် မင်းသားလေးရဲ့ ချုံးချုံးကျနေတဲ့ ပုံစံလေးကို မြင်လိုက်ရတော့လည်း သူစိတ်မကောင်း...
သို့ပေမဲ့ ချစ်ရသူက တပါးသူရဲ့ အပိုင်ဖြစ်သွားပြီဆိုတဲ့ အတွေးတွေဝင်လာတိုင်း နာကျည်းစိတ်တို့က ရုန်းကြွလာခဲ့ပြီး မင်းသားလေးကို ရက်စက်တယ်လို့သာ စွပ်စွဲလိုက်ချင်သည်။
အခုတော့ ဒီမင်္ဂလာပွဲက သူ့ကြောင့်တဲ့လား...
“အဲ့ဒါဆို မင်းသားလေး ကျုပ်ခေါ်တဲ့နောက်လိုက်ခဲ့တော့"
Kyungsooစိတ်ရှိတဲ့အတိုင်းဆိုရင် ချစ်သူခေါ်တဲ့နောက် ချက်ချင်းကို လိုက်ခဲ့မိမှာပါ
သို့ပေမဲ့ သွေးစုပ်ကောင်တွေနဲ့ ဝံပုလွေတွေရဲ့ သွေးချောင်းစီးမဲ့တိုက်ပွဲ အဲ့ဒီသွေးချောင်းထဲမှာ ချစ်သူရဲ့သွေးတွေ စီးဆင်းသွားမှာ စိုးရိမ်မိတယ်
“မ__မဖြစ်နိုင်ဘူး Jongin"
“ဘာဖြစ်လို့လဲ... ဘာလဲ Oh Sehunဆိုတဲ့ မဟူရာတပ်ရဲ့ ခေါင်းဆောင်ကို ချစ်မိသွားလို့လား... အဲ့ဒီကောင်က မင်းသားလေးကို ကျုပ်ထက်သာယာမှုတွေ ပေးနိုင်လို့လား...ဟုတ်လား.. မင်းသား!!!"
“ဖျန်း!!!!!"
Kyungsooရဲ့ လက်ဖဝါးက Jonginရဲ့ ပါးပေါ်ကို ကျရောက်သွားခဲ့ပြီ
“လူကို စော်ကားတာ သည်းခံနိုင်တယ်... ငါ့အချစ် ငါ့သစ္စာတွေကိုတော့ မင်းမစော်ကားနဲ့ Kim Jongin"
“ကျုပ်အဲ့ဒါတွေမသိဘူး မင်းသား... ကျုပ်သိတာတစ်ခုတည်းပဲ ခင်များကိုချစ်တယ် မစွန့်လွတ်နိုင်ဘူး မင်းသား"
မျက်စိရှေ့မှာ ဒေါသတွေ ထွက်ပြီး အသားတဆတ်ဆတ် တုန်နေတဲ့ မင်းသားလေးကို တင်းကြပ်စွာ ဖက်ထားလိုက်ပါသည်။
“ငါလည်း မင်းကိုချစ်တာပဲ Jonginရဲ့...ဒါပေမဲ့!!!"
“ဒါပေမဲ့ ဘာဖြစ်လဲ မင်းသားလေးရယ် ကျုပ်နောက်ကို လိုက်ခဲ့ပါနော် ဖြစ်လာသမျှကိစ္စအားလုံးကို ကျုပ်ရင်ဆိုင်ပါ့မယ်"
“မင်း ငါ့ကိုခေါ်သွားလို့ နောင်တမရမှာ သေချာလား..."
“သေချာတယ်... ခင်များကြောင့် ဖြစ်ပျက်လာမဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေအတွက် ကျုပ်ဘယ်တော့မှ နောင်တမရဘူး"
“ကောင်းပြီ မင်းနောက်ကို ငါလိုက်ခဲ့မယ် Jongin"
“ဝမ်းသာလိုက်တာ မင်းသားလေးရယ်...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“သခင်ကြီး... သခင်ကြီး"
မြေအောက် လျှို့ဝှက်စခန်းထဲသို့ ပျာယီးပျာယာဖြင့် ဝင်လာသော အမတ်ချုပ်ကြီးကြောင့် မိန်းကလေးLuရဲ့ ရင်ခွင်ထဲမှာ မှီပြီး သေရည်သောက်နေတဲ့ Sehunခေါင်းထောင်လာခဲ့ပါသည်။
“အချစ်..! ပြန်တော့နော် မနက်ဖြန်မှ ကျုပ်လာခဲ့ပါ့မယ်"
“ကောင်းပါပြီ..."
အပေါ်ထပ် ပုဝါပါး ဝတ်ရုံပန်းရောင်လေးကို လွှမ်းခြုံလိုက်ပြီး သူမကိုပေးထားသော အခန်းလေးဆီသို့ လျို့ဝှက်လမ်းမှ ပြန်သွားခဲ့ပါတော့သည်။
“ဘာလဲ ဘာကိစ္စရှိလို့လဲ အမတ်ချုပ်ကြီး..."
“ပြဿနာတက်ပြီ သခင်ကြီး"
“စကားကို ရှင်းရှင်းလင်းလင်း မပြောတတ်ဖူးလား အမတ်ကြီး..."
“တောင်းပန်ပါတယ် ကျွန်တော်မျိုး မှားသွားပါတယ်..."
အမတ်ကြီးလည်း မြေကြီးပေါ်သို့ ဒူးထောက်လိုက်ပြီး နဖူးနဲ့ ကြမ်းပြင်နဲ့ ထိကာ မဟူရာဂိုဏ်း၏ သခင်ကြီးကို တောင်းပန်လိုက်ပါသည်။
“ပြောစမ်း! ဘာပြဿနာ ဖြစ်ပြီလဲ"
“ဟို__မင်းသား__ အိမ်ရှေ့စံမင်းသားလေး... နန်းတော်ကနေ ထွက်ပြေးသွားပါပြီ"
“ဘာ!!!! မင်းသား ထွက်ပြေးသွားပြီ ဟုတ်လား!!! အမတ်ကြီး"
“ဟုတ်ပါတယ်.... Kim Jonginဆိုတဲ့ သွေးစုပ်မိစ္ဆာကောင်နဲ့ ထွက်ပြေးသွားပါပြီ"
“ဘာ!!!!"
“ညာလက်ရုံး"
တန်းပေါ်တွင် တင်ထားသော အနီရောင် မင်္ဂလာဝတ်ရုံကို ထပ်ဝတ်လိုက်၍ အခန်းပြင်မှာရှိတဲ့ မဟူရာတပ်ရဲ့ ညာလက်ရုံးကို ခေါ်လိုက်သည်။
“ရှိပါတယ် ခေါင်းဆောင်"
“ငါတို့ ဒီနေ့ည သွေးစုပ်ကောင် ဖမ်းရတော့မယ် အဖွဲ့သားတွေကို အကြောင်းကြားထားလိုက်ပါ..."
“ဟုတ်ကဲ့! အခုချက်ချင်း အကြောင်းကြားလိုက်ပါတော့မယ် ခေါင်းဆောင်"
ညာလက်ရုံးက အဖွဲ့သားတွေကို အကြောင်းကြားရန် ပြန်ထွက်သွားပါပြီ
“ကျုပ်တို့ နန်းတွင်းဝင်ကြမယ် အမတ်ကြီး"
“ဟုတ်ကဲ့ပါ သခင်ကြီး"
~~ဟင်!!!သွေးစုပ်ကောင်Kim Jonginဆိုပါလား မောင်တော်လား မောင်တော်မသေဘူးလား နှမတော်ရဲ့ ကြင်ရာလား~~
Sehunပြန်ခိုင်းပေမဲ့ မပြန်သေးပဲ ထောင့်အကွယ်မှ ခိုးနားထောင်နေတဲ့ မိန်းကလေးLuက အမတ်ကြီးပြောနေသော အကြောင်းအရာများကြားပြီး Kim Jonginဆိုသည့် အမည်ကိုကြားလိုက်ရသဖြင့် Oh sehunအနောက်မှ နောက်ယောင်ခံပြီး လိုက်လာခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
••အာ ဝူး...ဝူး...အူး...အူး...••
သူ့ကို ပွေ့ချီပြီး ပြေးနေသည့်နောက်သို့ ဝံပုလွေများ လိုက်လာကြပါပြီ
“Jongin ငါကြောက်တယ်"
Kim jonginရဲ့ လည်တိုင်လေးကို တင်းကြပ်စွာ ဖက်ထားရင်းဖြင့် သူပြောလိုက်သည်။
“မကြောက်ပါနဲ့ မင်းသားလေးရယ် ကျုပ်အသက်ရှင်နေသရွေ့ မင်းသားလေးရဲ့ ဆံချည်တစ်မျှင် မထိခိုက်စေရပါဘူး"
“မဟုတ်ဘူး... ငါ့အသက်ဆုံးရှုံးရမှာကို ကြောက်နေတာမဟုတ်ဖူး မင်းကိုဆုံးရှုံးရမှာ ငါကြောက်တယ် မင်းနဲ့မခွဲနိုင်ဘူး Jongin..."
“စိတ်ချပါ မင်းသားလေးကို ဘယ်တော့မှ မထားသွားဘူး"
••ဂါး ဂယား ဂါးးး••
သူတို့ အရှေ့သို့ ခုန်အုပ်လာသော ဝံပုလွေ အညိုရောင်ကြီး အစွယ်တွေက တဖွေးဖွေး မျက်လုံးတွေက ကျဉ်းမြောင်းနေပေမဲ့ သားကောင်ကို တွေ့ထားပြီး အလွတ်ပေးမည့်ပုံမပေါ်
Jonginလည်း ရန်သူကို အလစ်မပေးစတမ်း ကြည့်နေရင်း ရင်ခွင်ထဲမှာ ပွေ့ချီထားတဲ့ မင်းသားလေးကို အသာအယာချပေးလိုက်ပါတယ်
“ဒီမှာ ခဏနေဦး... မင်းသားလေး"
Jonginက ပြောပြီးသည်နှင့် ဝံပုလွေကို ရင်ဆိုင်ရန် ချဉ်းကပ်သွားခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အသင့်ဖြစ်ပြီလား မင်းကြီး"
အနက်ရောင် မြင်းကြီးပေါ် ခွထိုင်ထားပြီး နန်းတော်အနောက်ဘက် တောလမ်းလေးကို ဦးတည်ထားတဲ့ မင်းကြီး Do Junn myeonကို လှမ်းမေးလိုက်ပါသည်။
“ကျုပ်အသင့်ဖြစ်ပါပြီ သူတို့နှစ်ယောက်ကိုတွေ့တာနဲ့ Kim jonginကို ရှင်းပစ်လိုက်ပါ... အိမ်ရှေ့စံကို ပွန်းပဲ့ရာလေးတောင် မထင်ပါစေနဲ့..."
“ဟုတ်ကဲ့ အမိန့်အတိုင်းပါပဲ မင်းကြီး...! အသင့်ဖြစ်ပြီဆိုရင် ကျွန်တော်မျိုးအနောက်ကလိုက်ခဲ့ပါ..."
“ကောင်းပြီ..."
မင်းကြီးဆီက ခွင့်ပြုမိန့်ရသည်နှင့် သူလည်း ဝံပုလွေအသွင်ပြောင်းလိုက်ပြီး တောထဲကို ပြေးဝင်လာခဲ့ပါသည်။
~~မင်းထွက်ပြေးလို့မရဘူး Do Kyungsoo ကျုပ်ချစ်သူရဲ့ အသည်းနှလုံးကို ပြန်ယူရဦးမယ်~~
Sehunအနောက်မှ နောက်ယောင်ခံ လိုက်လာတဲ့ Xiao Lu စိတ်ပူနေမိတယ် သူမရဲ့ ကြင်ရာကို သတ်ပစ်ကြတော့မယ် ဘယ်လိုလုပ်ရမလဲ
စိုးရိမ်စိတ်တို့နှင့် Sehun ဝင်သွားသည့် တောလမ်းလေးအတိုင်း အနောက်မှ ပြေးလိုက်သွားခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Kim jonginနဲ့ ဝံပုလွေကြီးရဲ့ တိုက်ပွဲက ပြင်းထန်လွန်းလှသဖြင့် မြေကြီးတွေပင် တုန်နေသလိုလို အင်အားခြင်းက ကွာခြားနေသဖြင့် Jongin အထိနာနေပါသည်။
သူ့မှာ လူသွေးမသောက်ထားတော့ ထင်သလောက် မတိုက်ခိုက်နိုင် နောက်ဆုံးအားကုန်သုံးပြီး ဝံပုလွေကြီးကို သစ်ပင်ကြီးဆီ ကိုင်ပေါက်ပစ်လိုက်ကာ ဇီဝိန်ချုပ်ပေးလိုက်ပါတော့သည်။
••အု••အု••အု••
ဝံပုလွေညိုကြီးက နာကျင်မှုကြောင့် အော်ပင်မအော်နိုင်တော့ပဲ ညည်းသံတိုးတိုးလေးဖြင့်သာ ညည်းညူပြီး အသက်ပျောက်သွားခဲ့ပါတော့သည်။
ဝံပုလွေ ကိုက်ခဲထားသည့် ဒဏ်ရာဒဏ်ချက်များကြောင့် သူ့မှာ သွေးသံရဲရဲဖြစ်နေပြီး မောပန်းနေေပေမဲ့လည်း အမောမဖြေနိုင်သေး မင်းသားလေးကို ပြေးပွေ့ကာ တောနက်ထဲသို့ ခရီးဆက်လာခဲ့ပါသည်။
“မင်းအရမ်းနာနေလား Jongin..."
သွေးစုပ်ကောင်တွေက သာမန်ဒဏ်ရာဆိုလျှင် ချက်ချင်းပျောက်သွားပေမဲ့ ဝံပုလွေကိုက်ခဲသည့် ဒဏ်ရာဒဏ်ချက်တွေကတော့ ချက်ချင်းမပျောက်နိုင်ပါ
“မနာပါဘူး မင်းသားလေးရဲ့ ခင်များသာ ကျုပ်အနားမှာ ရှိနေရင် ဒီဒဏ်ရာတွေက ကျုပ်ကို နာကျင်အောင် မစွမ်းဆောင်နိုင်ပါဘူး"
“မင်းသွားမဲ့ နေရာက မရောက်သေးဘူးလား..."
“ရောက်တော့မှာပါ ရှေ့သုံးမိုင်လောက် သွားလိုက်ရင် မဟူရာတပ်ရဲ့ နယ်နိမိတ်ကုန်သွားပါပြီ အဲ့ဒီနေရာကျော်သွားတာရင် ခင်များနဲ့ကျုပ်ကို ဘယ်သူမှ မခွဲနိုင်တော့ဘူး"
••ဝေါင်း••
တိတ်တဆိတ်ရောက်လာပြီး သူနှင့် Kim Jonginသွားမဲ့ လမ်းကို ပိတ်ထားတဲ့ အဖြူရောင် ဝံပုလွေကြီး
“Oh Sehun!!!"
အံ့သြမှင်တက်စွာ ရေရွတ်လိုက်ပါသည်။
“Jongin ငါ__ ငါပြန်လိုက်သွားတော့မယ်"
“ဟင့်အင်း!! ကျုပ်ကိုမထားခဲ့ပါနဲ့"
“မင်း အရမ်းနာနေပြီ jonginရဲ့... မတိုက်ခိုက်ပါနဲ့တော့... မင်းသေသွားလိမ့်မယ်.."
“ကျုပ်ကို ခွဲမသွားပါနဲ့ မင်းသား...တောင်းပန်ပါတယ်"
“အဟင့်...ဟင့်...ဟင့် ငါဘာဆက်လုပ်ရမလဲ Jongin မင်းသေသွားတာကို ထိုင်ကြည့်ခိုင်းမလို့လား အဟင့်....ဟင့်.....ဟင့်"
“မင်းသားလေး နန်းတော်ကို ပြန်လိုက်သွားရင်ရော မင်းကြီးက ကျုပ်ကိုအလွတ်ပေးမယ် ထင်လို့လား"
“ငါ__ငါမသိဘူးjongin"
ဆက်ရန်»»»