ေသမင္းတမန္ အဖဲြ႕အစည္းၾကီး၏ ေျမေအာက္ လ်ိဳ႕၀ွက္စခန္းထဲတြင္ေတာ့
“က်ဳပ္နဲ႔ အိမ္ေရွ႕စံမင္းသားေလး လက္ဆက္မ့ဲရက္ကို က်ဳပ္ကိုယ္တိုင္ပဲ ေရြးခ်ယ္မယ္ အမတ္ခ်ဳပ္oh"
မဟူရာေရာင္ ပိုးဖဲသား ၀တ္ရုံလႊာ ၀တ္ဆင္ထားျပီး ပုလဲႏွစ္ေရာင္ ဆံႏြယ္ရွည္ရွည္မ်ားကို စည္းေႏွာင္ျခင္းမရိွဘဲ ေက်ာေပၚသို႔ ဖ်န္႔ခ်ထားသည့္ လူငယ္ေလးတစ္ဦး
ထိုလူငယ္ေလးက ေက်ာမွီသည့္ ေခါင္းအံုးကို ခပ္ေလ်ာ့ေလ်ာ့မီွလ်က္ တိုင္းျပည္ၾကီး၏ အားကိုးရေသာ အမတ္ခ်ဳပ္ၾကီးကို ညႊန္ၾကားအမိန္႔ေပးေနပါသည္။
“ဟုတ္က့ဲ! သခင္ၾကီးရဲ႕ အမိန္႔အတိုင္း ေဆာင္ရြက္လိုက္ပါ့မယ္"
အမတ္ခ်ဳပ္ၾကီးကလည္း ထိုေကာင္ေလး၏ စကားကို ရိုက်ိဳးစြာပင္ နာခံေနပါသည္။
“က်ဳပ္ကို ခင္မ်ားရဲ႕ သားအျဖစ္နဲ႔ပဲ အိမ္ေရွ႕စံ မင္းသားေလးသိပါေစ"
“ဟုတ္က့ဲပါ သခင္ၾကီး က်ဳပ္ကို ေနာက္ထပ္ဘာမ်ား ညႊန္ၾကားခ်င္ပါေသးလဲ"
“ရပါျပီ... အဓိကမွာခ်င္တာက က်ဳပ္ကို မဟူရာတပ္ရဲ႕ ဂိုဏ္းခ်ဳပ္ဆိုတာသာ မင္းသားေလး မသိပါေစနဲ႔"
“အ့ဲဒီအတြက္ေတာ့ စိတ္ခ်ပါ သခင္ၾကီး က်ဳပ္ကို ခြင့္ျပဳပါဦး"
“ေကာင္းပါျပီ ထပ္ျပီး ညႊန္ၾကားစရာရိွရင္ ခင္မ်ားရဲ႕ အိမ္ေတာ္ကို က်ဳပ္လာခ့ဲပါ့မယ္ အမတ္ခ်ဳပ္ၾကီး..."
“ဟုတ္က့ဲပါ သခင္ၾကီး"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညအေတာ္ေမွာင္မွ မင္းသားေလး ျပန္လာသည္။
ညစာပင္မစားႏိုင္ေတာ့...
“မ်က္ႏွာလည္း မေကာင္းပါလား မင္းသား! ဦးရီးေတာ္က ဘာေျပာလိုက္လို႔လဲ"
“ဘာမွ မျဖစ္ပါဘူး ဦးရီေတာ္ကလည္း ဘာမွမေျပာပါဘူ ဒီအတိုင္း ငါ့ကိုသတိရလို႔ပါပဲ"
~~မင္းမသိခ်င္ပါနဲ႔ Kim Jongin ငါမင္းနဲ႔ မခြဲခ်င္ဘူး ဒါေပမ့ဲ...~~
“ငါပင္ပန္းေနျပီ အနားယူေတာ့မယ္ ကိုယ္ရံေတာ္Kim မင္းျပန္လို႔ရပါျပီ"
မင္းသားေလးက သူ႕ကိုျပန္ခိုင္းျပီး အိပ္ေဆာင္၀င္သြားခ့ဲပါျပီဆိုမွေတာ့ သူလည္း ဘာမွေမးလို႔ မရေတာ့...
“က်ဳပ္ကို ခိုင္းစရာရိွရင္ ေခၚလိုက္ပါ မင္းသားေလး အခုေတာ့ ျပန္ခြင့္ျပဳပါဦး"
“ေကာင္းပါျပီ ကိုယ္ရံေတာ္Kim"
မင္းသားေလးကို ႏႈတ္ဆက္၍ ရဲမက္ေဆာင္သို႔ ျပန္လာခ့ဲပါေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“Luမိန္းကေလး ေရာက္ေနပါတယ္ သခင္ၾကီးSehun"
Luမိန္းကေလး ဆိုသည္ႏွင့္ မဟူရာတပ္ၾကီးရဲ႕ ဂိုဏ္းခ်ဳပ္ သခင္ၾကီးSehunရဲ႕ မ်က္လံုးမ်ား အေရာင္လက္ ေတာက္ပလာခ့ဲပါသည္။
“Xiao Lu... ေရာက္လာပါျပီ သခင္ၾကီး"
ေခ်ာေမာလွပျပီး မိန္းမပီသလြန္းေသာ မိန္းကေလးတစ္ဦးက ပန္းႏုေရာင္ ၀တ္ရုံေလးကို ၀တ္ဆင္ထားျပီး ခါးလယ္ေလာက္ရိွတ့ဲ အနက္ေရာင္ဆံႏြယ္ေပ်ာ့မ်ားကို ပန္းႏုေရာင္ ဖဲျပားၾကိဳးေလးျဖင့္ ခပ္ေလ်ာ့ေလ်ာ့ စည္းေႏွာင္ထားသည္။
ဇင္ေယာ္ငွက္ကေလးမ်ား ပ်ံ၀ဲေနသေယာင္ ေသးသြယ္သြယ္ မ်က္ခံုးေလး...
ေကာ့ညႊတ္ရွည္လ်ားေသာ မ်က္ေတာင္ေမႊးမ်ားက ရီေ၀ရႊန္းလ့ဲေနေသာ မ်က္လံုးရႊဲၾကီးမ်ားကို အလွဆင္ထားျပန္ပါသည္။
မေဖာင္းလြန္း မပိန္လြန္းေသာ ပါးျပင္ မို႔မို႔ရဲရဲေလးႏွင့္ ႏွာတံစင္းစင္းေလးက အဖ်ားက်မွ လံုးသေယာင္ေယာင္
ပါးလႊာေသာ ႏွင္းဆီေရာင္ ႏႈတ္ခမ္းေလးဆီ အၾကည့္အေရာက္မွာေတာ့ သူ႕ရဲ႕ရင္ခုန္သံေတြက ထိန္းမရသိမ္းမရေအာင္ ကေသာင္းကနင္း ျဖစ္ရျပန္ပါသည္။
“က်ဳပ္ဆီလာပါဦး မိန္းကေလးရယ္"
ယုယစြာ ရင္ဖြင္႔ၾကိဳေတာ႔ မိန္းကေလးက အမူပိုစြာ ရင္ခြင္ထဲ တိုးဝင္လာသည္။
“လြမ္းလိုက္တာ ၾကင္ရာေတာ္ရယ္.."
“အဟင္း..ဟင္း... ဟုတ္လို႔လား... သခင္ၾကီးရဲ႕ သခင္ၾကီးကျဖင့္ အိမ္ေရွ႕စံမင္းသားေလးဆီ အခစား၀င္ေနရလို႔ ႏွမေတာ္ကို ေမ့ေနၿပီမလား"
သာယာေသာ အသံေလးျဖင့္ ခႏိုးခနဲ႔ စကားနာထိုးက မူယာမာယာမ်ားေနေသာ မိန္းကေလး Luရဲ႕ ခါးေလးကို ဆဲြဖက္လိုက္ျပီး သူ႕နံေဘး အိပ္ယာေပၚမွာ လွဲခ်လိုက္သည္။
“အိမ္ေရွ႕စံကို ဘာေၾကာင့္ ခ်ဥ္းကပ္ရတယ္ဆိုတာ ခင္မ်ားေလးသိေအာင္ က်ဳပ္ေျပာျပထားျပီးသားပဲ မိန္းကေလးရယ္.."
“ေျပာျပထားတာေတာ့ဟုတ္ပါတယ္ ဒါေပမ့ဲ ကိုယ့္ရဲ႕ ခင္ပြန္းက တျခားသူနဲ႔ လက္ဆက္ဖို႔ ျပင္ဆင္ေနတာကို ဘယ္မိန္းကေလးက ၾကည္ျဖဴမွာလဲ သခင္ၾကီးရဲ႕"
“စိတ္ခ်ပါ မိန္းကေလးLuရယ္ အိမ္ေရွ႕စံဆီမွာရိွေနတ့ဲ မိန္းကေလးရဲ႕ အသည္းႏွလံုးကို ျပန္ယူျပီးတာနဲ႔ အိမ္ေရွ႕စံနဲ႔ ကိုယ့္ရဲ႕ပတ္သက္မႈက ျပီးသြားပါျပီကြယ္"
“ေက်းဇူးတင္ပါတယ္ သခင္ၾကီး... Do Jun myeonဆိုတ့ဲ လူယုတ္မာကို ျပန္ျပီးလက္စားေခ်ေပးတ့ဲအတြက္ ႏွမက ေက်းဇူးတင္ပါတယ္... အ့ဲဒီလူယုတ္မာကို ဒီတသက္မေက်ဘူး... သူ႕ေၾကာင့္ ႏွမနဲ႔ ႏွမရဲ႕ ၾကင္ရာ ေသကြဲကြဲရတာ ႏွမေတာ္ စိတ္ဆင္းရဲခ့ဲရသလို နာက်င္ခ့ဲရသလို သူ႕ကိုလည္း ျပန္ျပီးခံစားေစရမယ္"
“အင္းပါ မိန္းကေလးရယ္... က်ဳပ္ေရွ႕မွာ မင္းရဲ႕ ၾကင္ရာအေၾကာင္း ခဏခဏမေျပာပါနဲ႔... ေသတ့ဲလူက ေသသြားျပီဆိုေပမ့ဲ က်ဳပ္မၾကိဳက္ဘူး... မခံစားႏိုင္ဘူးကြယ္... က်ဳပ္မွာေတာ့ မင္းကို ခ်စ္လြန္းလို႔ က်ဳပ္ရဲ႕ ႏွစ္တစ္ေထာင္ ၀ံပုေလြ ပုလဲအျမဳေတ ထည့္ေပးျပီး မင္းေလးကို အသက္သြင္းထားေပးတာပါ က်ဳပ္ကိုလည္း နည္းနည္းေလာက္ အားနာပါဦးကြယ္"
“စိတ္မေကာင္းမျဖစ္ပါနဲ႔ သခင္ၾကီးရယ္ ႏွမဘ၀မွာ ၾကင္ရာေတာ္ကို ဆံုးရႈံးျပီးေနာက္ပိုင္း သခင္ၾကီးက ႏွမဘ၀ရဲ႕ သံေယာဇဥ္အရိွဆံုးနဲ႔ အခ်စ္ရဆံုးေသာသူပါ"
“တကယ္ေျပာတာလား မိန္းကေလးLu... က်ဳပ္၀မ္းသာလိုက္တာ က်ဳပ္လည္း မင္းကို ခ်စ္ပါတယ္ကြယ္"
“အဟင္း...ဟင္း...ဟင္း... သခင္ၾကီးက စကားအရမ္းတတ္တာပဲ"
“ခင္မ်ားေလးကို ခ်စ္တာကိုး မိန္းကေလးရဲ႕"
“အဟင္း...ဟင္း...ဟင္း...ဟင္း"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင္းသားေလး ျပန္ခိုင္းလို႔ ရဲမက္ေဆာင္သို႔ ျပန္လာခ့ဲေပမ့ဲ မင္းသားေလး တခုခုျဖစ္ေနမွန္းေတာ့ သူသိပါတယ္
တျခားသူေတြရဲ႕ အေတြးေတြ စိတ္ကူးေတြကို ထိုးေဖာက္သိျမင္ႏိုင္စြမ္းရိွေပမ့ဲ မင္းသားေလးရဲ႕ အေတြးေတြ စိတ္ကူးေတြကို အာရုံခံႏိုင္စြမ္းမရိွ၍ ပထမဦးဆုံး ကိုယ့္ကိုယ္ကို စိတ္ပ်က္မိသည္။
“ဟူးးးး ခင္မ်ား ဘာေတြျဖစ္ေနလဲ မင္းသားေလးရယ္..က်ဳပ္ကိုေျပာျပမွ က်ဳပ္သိရမွာေပါ့..."
အေတြးေတြကို ပါးစပ္မွ ထုတ္ေဖာ္ညည္းညဴလိုက္ရင္း အေဆာင္ထဲတြင္ ေခါက္တံု႕ေခါက္ျပန္ လမ္းေလွ်ာက္ေနမိပါသည္။
“ေဟးးးးသန္းေခါင္းေက်ာ္ ညဥ့္တစ္ခ်က္တီးခ်ိန္ ေရာက္ေနပါျပီ ေဟးးးး"
ညပိုင္း ကင္းေစာင့္တာ၀န္က်သည့္ လံုၿခံဳေရးရဲမက္ရဲ႕ အခ်ိန္နာရီ အသိေပးသံအဆံုးတြင္ေတာ့.....
အိမ္ေရွ႕စံနန္းေဆာင္ဆီသို႔ ခ်ဥ္းကပ္ေနေသာ အရိပ္ေလးတစ္ခု
လမ္းေလွ်ာက္ေနသည္ႏွင့္မတူ တျဖည္းျဖည္းေရြ႕လ်ားေနသည္ဆိုလ်ွင္ ပိုမွန္ပါလိမ့္မည္။
နန္းေဆာင္ေရွ႕တြင္ရိွေသာ လံုျခံဳေရး ရဲမက္မ်ားကို မူးယစ္ရီေ၀သြားေစေသာ အနံ႔တခ်ိဳ႕ကို ထုတ္လႊတ္ကာ လွဲသိပ္လိုက္ပါေတာ့သည္။
အိမ္ေရွ႕စံမင္းသားေလးရဲ႕ အိပ္ေဆာင္ထဲတြင္ေတာ့ ဖေယာင္းတိုင္မီးမ်ား ဆီမီးခြက္မ်ားကို ျငိႇမ္းထားေပမ့ဲ ေကာင္းကင္မွ လမင္းၾကီးရဲ႕ အလင္းေရာင္က မင္းသားေလးရဲ႕ မ်က္ႏွာေလးေပၚ အလင္းျဖာေပးထားပါသည္။
အိပ္ေမာက်ေနေသာ မင္းသားေလးရဲ႕ အိပ္ယာေလးအနားသို႔ Jongin ကပ္လာခ့ဲပါသည္။
မင္းသားေလးရဲ႕ နံေဘးတြင္ ၀င္ထိုင္လိုက္ရင္း မင္းသားေလးရဲ႕ မ်က္ႏွာမို႔အစ္အစ္ေလးကို တေမ့တေျမာေငးၾကည့္ေနမိျပန္ပါသည္။
မ်က္ရည္စီးေၾကာင္းေတြက မေျခာက္တတ္ေသး ဘာေတြမ်ား စိတ္ညစ္စရာ ၀မ္းနည္းစရာေတြရိွလို႔ ဒီေလာက္ငိုထားရတာလဲ
ငိုထားတ့ဲအရိွန္ေၾကာင့္ အသည္းပုံႏႈတ္ခမ္းေလးမ်ား ေျခာက္ကပ္ေနသျဖင့္ ထိုေျခာက္ကပ္ေနေသာ ႏႈတ္ခမ္းထူထူေလးမ်ားကို သူ႕ရဲ႕အနမ္းတို႔ျဖင့္ စိုစြတ္ေစလိုက္ပါေတာ႔သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ္မက္လား...
ကိုယ္ရံေတာ္Kimက သူ႕ရဲ႕ေျခာက္ကပ္ေနတ့ဲ ႏႈတ္ခမ္းေလးေတြကို စြတ္စုိေစသည္တ့ဲ ဒါဟာ အိမ္မက္လား
အိမ္မက္ဆိုလည္း မႏိူးထပါရေစနဲ႔ေတာ႔...
ကိုယ္ရံေတာ္Kimရဲ႕ အနမ္းမ်ားကို ျပန္လည္တုန္႔ျပန္လိုက္ပါသည္။
ထိုအခ်ိန္ေလးမွာေတာ့ သူ႕ရင္ထဲမွာ ခံစားေနရေသာ ရင္ကြဲမတတ္ နာက်င္ေနရတ့ဲ ခံစားမႈတခ်ိဳ႕ သက္သာသြားသလို
ကိုယ္ရံေတာ္Kimနဲ႔ လမ္းခဲြရမယ္တ့ဲ
ဟင့္အင္း အ့ဲဒါက Do Kyungsoo...မင္းသြားေသလိုက္ေတာ့လို႔ ေျပာလိုက္တ့ဲအတိုင္းပါပဲ...
“ကိုယ္ရံေတာ္Kimရယ္ ငါမင္းကို အရမ္းခ်စ္တာပဲ မင္းနဲ႔မခဲြႏိုင္ဘူး ငါ့ကိုမထားခ့ဲပါနဲ႔ေနာ္"
ကိုယ္ရံေတာ္Kimရဲ႕ ေႏြးေထြးမႈမရိွတ့ဲ ရင္ခြင္ထဲကို သူအတင္းတိုး၀င္ရင္ တိုးတိုးေလးေျပာေနမိသည္။
“က်ဳပ္က မင္းသားေလးကို ဘာျဖစ္လို႔ ထားခ့ဲရမွာလဲ... မင္းသားေလး...! က်ဳပ္ကိုယ္တိုင္ကလည္း ခင္မ်ားေလးကို မခဲြႏိုင္ေအာင္ ခ်စ္ေနမိပါျပီ"
အနားနား ကပ္ေျပာလိုက္ေသာ Jonginရဲ႕ စကားသံေၾကာင့္ အိမ္မက္ မက္ေနသည္ထင္ေသာ သူ လန္႔ႏိူးလာခ့ဲျပီး မ်က္လံုးဖြင့္ၾကည့္လိုက္သည္။
“ဟင္!!!ကိုယ္__ကိုယ္ရံေတာ္Kim ဘယ္လိုလုပ္ျပီး ငါ့နန္းေဆာင္ထဲ ၀င္လာခ့ဲတာလဲ"
အထိတ္တလန္႔ႏွင့္ အိပ္ယာထဲမွ လူးလဲထလိုက္ေပမ့ဲ လ်င္ျမန္သန္မာလြန္းေသာ Jonginက သူ႕ကို တင္းၾကပ္စြာ ဖက္ထားလိုက္ရင္း
“အဟင္း...ဟင္း...က်ဳပ္က ေသြးစုပ္ေကာင္ဆိုတာ မင္းသားေလးေမ့ေနျပီထင္တယ္... က်ဳပ္အလိုရိွရင္ မင္းသားေလးရဲ႕ နန္းေဆာင္မွ မဟုတ္ဘူး! လံုျခံဳေရးေတြ အထပ္ထပ္ခ်ထားတ့ဲ မင္းၾကီးရဲ႕ နန္းမေဆာင္ထိ သြားလို႔ရပါတယ္"
“ဟြန္း!! အ့ဲဒါကို ဂုဏ္ယူျပီး ေျပာေနေသးတယ္ ဒါနဲ႔ မင္းက ငါ့ဆီကို ဘာလာလုပ္တာလဲ"
“ျဖစ္ေနတ့ဲ ျပႆနာကို တစ္ေယာက္တည္းမ်ိဳသိပ္ ေျဖရွင္းခ်င္ေနတ့ဲ ေကာင္ေလးကို အျပစ္ေပးရေအာင္လာတာ"
“အံမယ္!! ငါက ဘာေတြမ်ား ဖံုးကြယ္မ်ိဳသိပ္ထားလို႔လဲ မင္းကေရာ ငါ့ကိုဘာအျပစ္ေတြမ်ားေပးမလို႔လဲ"
“က်ဳပ္ကို ေျပာျပစမ္းပါ မင္းသားေလးရယ္ ခင္မ်ားဘာလို႔ ငိုတာလဲ"
~~မင္းမသိခ်င္ပါနဲ႔ Jonginရယ္ မင္းကို မနာက်င္ေစခ်င္ေတာ့ဘူး မင္းရဲ႕ဘ၀ေလးကို ေအးခ်မ္းသာယာေစခ်င္လို႔ပါ~~
“အဟင္း...ဟင္း ကိုယ္ရံေတာ္Kim, မဟုတ္ေသးဘူး Jongin"
“ေျပာပါ...မင္းသားေလး"
“ငါ့ကိုခ်စ္လား"
“ဘယ္လိုေမးလိုက္တာလဲ မင္းသားေလးရယ္ ခ်စ္တာေပါ့"
“အ့ဲဒါဆို ငါအခု မင္းရဲ႕အခ်စ္ခံခ်င္တယ္"
“ဘယ္လို မင္းသားေလး"
“ဟုတ္တယ္ ငါ့ကို ဟိုးေက်ာက္ဂူထဲမွာ ခ်စ္သလို ခ်စ္လိုက္စမ္းပါ"
“ျဖစ္__ျဖစ္ပါ့မလား မင္းသားေလးရယ္"
“ေအး!! အ့ဲဒါ ငါ့အမိန္႔ပဲ"
~~မင္းသားေလး ဘာျဖစ္ေနတာလဲ ဘယ္အရာကို ေမ့ပစ္ခ်င္ေနတာလဲ တစုံတခုကို ေမ့ႏိုင္ဖို႔အတြက္ နာက်င္မႈကို ေတာင့္တေနတာမလား~~
“ေကာင္းျပီေလ... မင္းသားေလးရဲ႕ အမိန္႔ဆိုေတာ့လည္း က်ဳပ္နာခံပါ့မယ္"
မင္းသားေလးရဲ႕ ညအိပ္၀တ္ ပိတ္ျဖဴသား အက်ႌေလးကို ညင္သာစြာ ခ်ြတ္ေပးလိုက္ျပီး.....
ဆက္ရန္»»»
သေမင်းတမန် အဖွဲ့အစည်းကြီး၏ မြေအောက် လျို့ဝှက်စခန်းထဲတွင်တော့
“ကျုပ်နဲ့ အိမ်ရှေ့စံမင်းသားလေး လက်ဆက်မဲ့ရက်ကို ကျုပ်ကိုယ်တိုင်ပဲ ရွေးချယ်မယ် အမတ်ချုပ်oh"
မဟူရာရောင် ပိုးဖဲသား ဝတ်ရုံလွှာ ဝတ်ဆင်ထားပြီး ပုလဲနှစ်ရောင် ဆံနွယ်ရှည်ရှည်များကို စည်းနှောင်ခြင်းမရှိဘဲ ကျောပေါ်သို့ ဖျန့်ချထားသည့် လူငယ်လေးတစ်ဦး
ထိုလူငယ်လေးက ကျောမှီသည့် ခေါင်းအုံးကို ခပ်လျော့လျော့မှီလျက် တိုင်းပြည်ကြီး၏ အားကိုးရသော အမတ်ချုပ်ကြီးကို ညွှန်ကြားအမိန့်ပေးနေပါသည်။
“ဟုတ်ကဲ့! သခင်ကြီးရဲ့ အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်"
အမတ်ချုပ်ကြီးကလည်း ထိုကောင်လေး၏ စကားကို ရိုကျိုးစွာပင် နာခံနေပါသည်။
“ကျုပ်ကို ခင်များရဲ့ သားအဖြစ်နဲ့ပဲ အိမ်ရှေ့စံ မင်းသားလေးသိပါစေ"
“ဟုတ်ကဲ့ပါ သခင်ကြီး ကျုပ်ကို နောက်ထပ်ဘာများ ညွှန်ကြားချင်ပါသေးလဲ"
“ရပါပြီ... အဓိကမှာချင်တာက ကျုပ်ကို မဟူရာတပ်ရဲ့ ဂိုဏ်းချုပ်ဆိုတာသာ မင်းသားလေး မသိပါစေနဲ့"
“အဲ့ဒီအတွက်တော့ စိတ်ချပါ သခင်ကြီး ကျုပ်ကို ခွင့်ပြုပါဦး"
“ကောင်းပါပြီ ထပ်ပြီး ညွှန်ကြားစရာရှိရင် ခင်များရဲ့ အိမ်တော်ကို ကျုပ်လာခဲ့ပါ့မယ် အမတ်ချုပ်ကြီး..."
“ဟုတ်ကဲ့ပါ သခင်ကြီး"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညအတော်မှောင်မှ မင်းသားလေး ပြန်လာသည်။
ညစာပင်မစားနိုင်တော့...
“မျက်နှာလည်း မကောင်းပါလား မင်းသား! ဦးရီးတော်က ဘာပြောလိုက်လို့လဲ"
“ဘာမှ မဖြစ်ပါဘူး ဦးရီတော်ကလည်း ဘာမှမပြောပါဘူ ဒီအတိုင်း ငါ့ကိုသတိရလို့ပါပဲ"
~~မင်းမသိချင်ပါနဲ့ Kim Jongin ငါမင်းနဲ့ မခွဲချင်ဘူး ဒါပေမဲ့...~~
“ငါပင်ပန်းနေပြီ အနားယူတော့မယ် ကိုယ်ရံတော်Kim မင်းပြန်လို့ရပါပြီ"
မင်းသားလေးက သူ့ကိုပြန်ခိုင်းပြီး အိပ်ဆောင်ဝင်သွားခဲ့ပါပြီဆိုမှတော့ သူလည်း ဘာမှမေးလို့ မရတော့...
“ကျုပ်ကို ခိုင်းစရာရှိရင် ခေါ်လိုက်ပါ မင်းသားလေး အခုတော့ ပြန်ခွင့်ပြုပါဦး"
“ကောင်းပါပြီ ကိုယ်ရံတော်Kim"
မင်းသားလေးကို နှုတ်ဆက်၍ ရဲမက်ဆောင်သို့ ပြန်လာခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“Luမိန်းကလေး ရောက်နေပါတယ် သခင်ကြီးSehun"
Luမိန်းကလေး ဆိုသည်နှင့် မဟူရာတပ်ကြီးရဲ့ ဂိုဏ်းချုပ် သခင်ကြီးSehunရဲ့ မျက်လုံးများ အရောင်လက် တောက်ပလာခဲ့ပါသည်။
“Xiao Lu... ရောက်လာပါပြီ သခင်ကြီး"
ချောမောလှပပြီး မိန်းမပီသလွန်းသော မိန်းကလေးတစ်ဦးက ပန်းနုရောင် ဝတ်ရုံလေးကို ဝတ်ဆင်ထားပြီး ခါးလယ်လောက်ရှိတဲ့ အနက်ရောင်ဆံနွယ်ပျော့များကို ပန်းနုရောင် ဖဲပြားကြိုးလေးဖြင့် ခပ်လျော့လျော့ စည်းနှောင်ထားသည်။
ဇင်ယော်ငှက်ကလေးများ ပျံဝဲနေသယောင် သေးသွယ်သွယ် မျက်ခုံးလေး...
ကော့ညွှတ်ရှည်လျားသော မျက်တောင်မွှေးများက ရီဝေရွှန်းလဲ့နေသော မျက်လုံးရွှဲကြီးများကို အလှဆင်ထားပြန်ပါသည်။
မဖောင်းလွန်း မပိန်လွန်းသော ပါးပြင် မို့မို့ရဲရဲလေးနှင့် နှာတံစင်းစင်းလေးက အဖျားကျမှ လုံးသယောင်ယောင်
ပါးလွှာသော နှင်းဆီရောင် နှုတ်ခမ်းလေးဆီ အကြည့်အရောက်မှာတော့ သူ့ရဲ့ရင်ခုန်သံတွေက ထိန်းမရသိမ်းမရအောင် ကသောင်းကနင်း ဖြစ်ရပြန်ပါသည်။
“ကျုပ်ဆီလာပါဦး မိန်းကလေးရယ်"
ယုယစွာ ရင်ဖွင့်ကြိုတော့ မိန်းကလေးက အမူပိုစွာ ရင်ခွင်ထဲ တိုးဝင်လာသည်။
“လွမ်းလိုက်တာ ကြင်ရာတော်ရယ်.."
“အဟင်း..ဟင်း... ဟုတ်လို့လား... သခင်ကြီးရဲ့ သခင်ကြီးကဖြင့် အိမ်ရှေ့စံမင်းသားလေးဆီ အခစားဝင်နေရလို့ နှမတော်ကို မေ့နေပြီမလား"
သာယာသော အသံလေးဖြင့် ခနိုးခနဲ့ စကားနာထိုးက မူယာမာယာများနေသော မိန်းကလေး Luရဲ့ ခါးလေးကို ဆွဲဖက်လိုက်ပြီး သူ့နံဘေး အိပ်ယာပေါ်မှာ လှဲချလိုက်သည်။
“အိမ်ရှေ့စံကို ဘာကြောင့် ချဉ်းကပ်ရတယ်ဆိုတာ ခင်များလေးသိအောင် ကျုပ်ပြောပြထားပြီးသားပဲ မိန်းကလေးရယ်.."
“ပြောပြထားတာတော့ဟုတ်ပါတယ် ဒါပေမဲ့ ကိုယ့်ရဲ့ ခင်ပွန်းက တခြားသူနဲ့ လက်ဆက်ဖို့ ပြင်ဆင်နေတာကို ဘယ်မိန်းကလေးက ကြည်ဖြူမှာလဲ သခင်ကြီးရဲ့"
“စိတ်ချပါ မိန်းကလေးLuရယ် အိမ်ရှေ့စံဆီမှာရှိနေတဲ့ မိန်းကလေးရဲ့ အသည်းနှလုံးကို ပြန်ယူပြီးတာနဲ့ အိမ်ရှေ့စံနဲ့ ကိုယ့်ရဲ့ပတ်သက်မှုက ပြီးသွားပါပြီကွယ်"
“ကျေးဇူးတင်ပါတယ် သခင်ကြီး... Do Jun myeonဆိုတဲ့ လူယုတ်မာကို ပြန်ပြီးလက်စားချေပေးတဲ့အတွက် နှမက ကျေးဇူးတင်ပါတယ်... အဲ့ဒီလူယုတ်မာကို ဒီတသက်မကျေဘူး... သူ့ကြောင့် နှမနဲ့ နှမရဲ့ ကြင်ရာ သေကွဲကွဲရတာ နှမတော် စိတ်ဆင်းရဲခဲ့ရသလို နာကျင်ခဲ့ရသလို သူ့ကိုလည်း ပြန်ပြီးခံစားစေရမယ်"
“အင်းပါ မိန်းကလေးရယ်... ကျုပ်ရှေ့မှာ မင်းရဲ့ ကြင်ရာအကြောင်း ခဏခဏမပြောပါနဲ့... သေတဲ့လူက သေသွားပြီဆိုပေမဲ့ ကျုပ်မကြိုက်ဘူး... မခံစားနိုင်ဘူးကွယ်... ကျုပ်မှာတော့ မင်းကို ချစ်လွန်းလို့ ကျုပ်ရဲ့ နှစ်တစ်ထောင် ဝံပုလွေ ပုလဲအမြုတေ ထည့်ပေးပြီး မင်းလေးကို အသက်သွင်းထားပေးတာပါ ကျုပ်ကိုလည်း နည်းနည်းလောက် အားနာပါဦးကွယ်"
“စိတ်မကောင်းမဖြစ်ပါနဲ့ သခင်ကြီးရယ် နှမဘဝမှာ ကြင်ရာတော်ကို ဆုံးရှုံးပြီးနောက်ပိုင်း သခင်ကြီးက နှမဘဝရဲ့ သံယောဇဉ်အရှိဆုံးနဲ့ အချစ်ရဆုံးသောသူပါ"
“တကယ်ပြောတာလား မိန်းကလေးLu... ကျုပ်ဝမ်းသာလိုက်တာ ကျုပ်လည်း မင်းကို ချစ်ပါတယ်ကွယ်"
“အဟင်း...ဟင်း...ဟင်း... သခင်ကြီးက စကားအရမ်းတတ်တာပဲ"
“ခင်များလေးကို ချစ်တာကိုး မိန်းကလေးရဲ့"
“အဟင်း...ဟင်း...ဟင်း...ဟင်း"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းသားလေး ပြန်ခိုင်းလို့ ရဲမက်ဆောင်သို့ ပြန်လာခဲ့ပေမဲ့ မင်းသားလေး တခုခုဖြစ်နေမှန်းတော့ သူသိပါတယ်
တခြားသူတွေရဲ့ အတွေးတွေ စိတ်ကူးတွေကို ထိုးဖောက်သိမြင်နိုင်စွမ်းရှိပေမဲ့ မင်းသားလေးရဲ့ အတွေးတွေ စိတ်ကူးတွေကို အာရုံခံနိုင်စွမ်းမရှိ၍ ပထမဦးဆုံး ကိုယ့်ကိုယ်ကို စိတ်ပျက်မိသည်။
“ဟူးးးး ခင်များ ဘာတွေဖြစ်နေလဲ မင်းသားလေးရယ်..ကျုပ်ကိုပြောပြမှ ကျုပ်သိရမှာပေါ့..."
အတွေးတွေကို ပါးစပ်မှ ထုတ်ဖော်ညည်းညူလိုက်ရင်း အဆောင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပါသည်။
“ဟေးးးးသန်းခေါင်းကျော် ညဥ့်တစ်ချက်တီးချိန် ရောက်နေပါပြီ ဟေးးးး"
ညပိုင်း ကင်းစောင့်တာဝန်ကျသည့် လုံခြုံရေးရဲမက်ရဲ့ အချိန်နာရီ အသိပေးသံအဆုံးတွင်တော့.....
အိမ်ရှေ့စံနန်းဆောင်ဆီသို့ ချဉ်းကပ်နေသော အရိပ်လေးတစ်ခု
လမ်းလျှောက်နေသည်နှင့်မတူ တဖြည်းဖြည်းရွေ့လျားနေသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။
နန်းဆောင်ရှေ့တွင်ရှိသော လုံခြုံရေး ရဲမက်များကို မူးယစ်ရီဝေသွားစေသော အနံ့တချို့ကို ထုတ်လွှတ်ကာ လှဲသိပ်လိုက်ပါတော့သည်။
အိမ်ရှေ့စံမင်းသားလေးရဲ့ အိပ်ဆောင်ထဲတွင်တော့ ဖယောင်းတိုင်မီးများ ဆီမီးခွက်များကို ငြှိမ်းထားပေမဲ့ ကောင်းကင်မှ လမင်းကြီးရဲ့ အလင်းရောင်က မင်းသားလေးရဲ့ မျက်နှာလေးပေါ် အလင်းဖြာပေးထားပါသည်။
အိပ်မောကျနေသော မင်းသားလေးရဲ့ အိပ်ယာလေးအနားသို့ Jongin ကပ်လာခဲ့ပါသည်။
မင်းသားလေးရဲ့ နံဘေးတွင် ဝင်ထိုင်လိုက်ရင်း မင်းသားလေးရဲ့ မျက်နှာမို့အစ်အစ်လေးကို တမေ့တမြောငေးကြည့်နေမိပြန်ပါသည်။
မျက်ရည်စီးကြောင်းတွေက မခြောက်တတ်သေး ဘာတွေများ စိတ်ညစ်စရာ ဝမ်းနည်းစရာတွေရှိလို့ ဒီလောက်ငိုထားရတာလဲ
ငိုထားတဲ့အရှိန်ကြောင့် အသည်းပုံနှုတ်ခမ်းလေးများ ခြောက်ကပ်နေသဖြင့် ထိုခြောက်ကပ်နေသော နှုတ်ခမ်းထူထူလေးများကို သူ့ရဲ့အနမ်းတို့ဖြင့် စိုစွတ်စေလိုက်ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်မက်လား...
ကိုယ်ရံတော်Kimက သူ့ရဲ့ခြောက်ကပ်နေတဲ့ နှုတ်ခမ်းလေးတွေကို စွတ်စိုစေသည်တဲ့ ဒါဟာ အိမ်မက်လား
အိမ်မက်ဆိုလည်း မနိူးထပါရစေနဲ့တော့...
ကိုယ်ရံတော်Kimရဲ့ အနမ်းများကို ပြန်လည်တုန့်ပြန်လိုက်ပါသည်။
ထိုအချိန်လေးမှာတော့ သူ့ရင်ထဲမှာ ခံစားနေရသော ရင်ကွဲမတတ် နာကျင်နေရတဲ့ ခံစားမှုတချို့ သက်သာသွားသလို
ကိုယ်ရံတော်Kimနဲ့ လမ်းခွဲရမယ်တဲ့
ဟင့်အင်း အဲ့ဒါက Do Kyungsoo...မင်းသွားသေလိုက်တော့လို့ ပြောလိုက်တဲ့အတိုင်းပါပဲ...
“ကိုယ်ရံတော်Kimရယ် ငါမင်းကို အရမ်းချစ်တာပဲ မင်းနဲ့မခွဲနိုင်ဘူး ငါ့ကိုမထားခဲ့ပါနဲ့နော်"
ကိုယ်ရံတော်Kimရဲ့ နွေးထွေးမှုမရှိတဲ့ ရင်ခွင်ထဲကို သူအတင်းတိုးဝင်ရင် တိုးတိုးလေးပြောနေမိသည်။
“ကျုပ်က မင်းသားလေးကို ဘာဖြစ်လို့ ထားခဲ့ရမှာလဲ... မင်းသားလေး...! ကျုပ်ကိုယ်တိုင်ကလည်း ခင်များလေးကို မခွဲနိုင်အောင် ချစ်နေမိပါပြီ"
အနားနား ကပ်ပြောလိုက်သော Jonginရဲ့ စကားသံကြောင့် အိမ်မက် မက်နေသည်ထင်သော သူ လန့်နိူးလာခဲ့ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။
“ဟင်!!!ကိုယ်__ကိုယ်ရံတော်Kim ဘယ်လိုလုပ်ပြီး ငါ့နန်းဆောင်ထဲ ဝင်လာခဲ့တာလဲ"
အထိတ်တလန့်နှင့် အိပ်ယာထဲမှ လူးလဲထလိုက်ပေမဲ့ လျင်မြန်သန်မာလွန်းသော Jonginက သူ့ကို တင်းကြပ်စွာ ဖက်ထားလိုက်ရင်း
“အဟင်း...ဟင်း...ကျုပ်က သွေးစုပ်ကောင်ဆိုတာ မင်းသားလေးမေ့နေပြီထင်တယ်... ကျုပ်အလိုရှိရင် မင်းသားလေးရဲ့ နန်းဆောင်မှ မဟုတ်ဘူး! လုံခြုံရေးတွေ အထပ်ထပ်ချထားတဲ့ မင်းကြီးရဲ့ နန်းမဆောင်ထိ သွားလို့ရပါတယ်"
“ဟွန်း!! အဲ့ဒါကို ဂုဏ်ယူပြီး ပြောနေသေးတယ် ဒါနဲ့ မင်းက ငါ့ဆီကို ဘာလာလုပ်တာလဲ"
“ဖြစ်နေတဲ့ ပြဿနာကို တစ်ယောက်တည်းမျိုသိပ် ဖြေရှင်းချင်နေတဲ့ ကောင်လေးကို အပြစ်ပေးရအောင်လာတာ"
“အံမယ်!! ငါက ဘာတွေများ ဖုံးကွယ်မျိုသိပ်ထားလို့လဲ မင်းကရော ငါ့ကိုဘာအပြစ်တွေများပေးမလို့လဲ"
“ကျုပ်ကို ပြောပြစမ်းပါ မင်းသားလေးရယ် ခင်များဘာလို့ ငိုတာလဲ"
~~မင်းမသိချင်ပါနဲ့ Jonginရယ် မင်းကို မနာကျင်စေချင်တော့ဘူး မင်းရဲ့ဘဝလေးကို အေးချမ်းသာယာစေချင်လို့ပါ~~
“အဟင်း...ဟင်း ကိုယ်ရံတော်Kim, မဟုတ်သေးဘူး Jongin"
“ပြောပါ...မင်းသားလေး"
“ငါ့ကိုချစ်လား"
“ဘယ်လိုမေးလိုက်တာလဲ မင်းသားလေးရယ် ချစ်တာပေါ့"
“အဲ့ဒါဆို ငါအခု မင်းရဲ့အချစ်ခံချင်တယ်"
“ဘယ်လို မင်းသားလေး"
“ဟုတ်တယ် ငါ့ကို ဟိုးကျောက်ဂူထဲမှာ ချစ်သလို ချစ်လိုက်စမ်းပါ"
“ဖြစ်__ဖြစ်ပါ့မလား မင်းသားလေးရယ်"
“အေး!! အဲ့ဒါ ငါ့အမိန့်ပဲ"
~~မင်းသားလေး ဘာဖြစ်နေတာလဲ ဘယ်အရာကို မေ့ပစ်ချင်နေတာလဲ တစုံတခုကို မေ့နိုင်ဖို့အတွက် နာကျင်မှုကို တောင့်တနေတာမလား~~
“ကောင်းပြီလေ... မင်းသားလေးရဲ့ အမိန့်ဆိုတော့လည်း ကျုပ်နာခံပါ့မယ်"
မင်းသားလေးရဲ့ ညအိပ်ဝတ် ပိတ်ဖြူသား အကျႌလေးကို ညင်သာစွာ ချွတ်ပေးလိုက်ပြီး.....
ဆက်ရန်»»»