ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳP...

By KaiLoveDikaKaihun

11.4K 1.1K 112

dika kaisoo စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် More

ဘ၀ခြင်းခြားပါစေ...ချစ်မှာ(1)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(2)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(3)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(4)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(5)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(6)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(7)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(9)(Z+U)
ဘဝခြင်းခြားပါစေ...ချစ်မှာ(10)(Z+U)
ဘ၀ခြင်းခြားပါစေ...ချစ်မှာ(11)(Z+U)
ဘ၀ခြင်းခြားပါစေ...ချစ်မှာ(12)(Z+U)
ဘ၀ခြင်းခြားပါစေ...ချစ်မှာ(13)(Z+U)
ဘ၀ခြင်းခြားပါစေ...ချစ်မှာ(14)(Z+U)
ဘ၀ခြင်းခြားပါစေ...ချစ်မှာ(Final)(Z+U)

ဘဝခြင်းခြားပါစေ...ချစ်မှာ(8)(Z+U)

622 64 6
By KaiLoveDikaKaihun






“အာ_______၀ူး________"

°~°~°~°~°~°~°~°~°~°~°~°~°~








~~~~~~~~~~~~~~~~~~~~~~~~~~~~~










~~~~~~~~~~~~~~~~~~~~~~~~~~~~~





“အာ______၀ူးအူအူး______"

ကောင်းကင်မှ ထိန်ထိန်သာနေသော လမင်းကြီးကို မော့ကြည့်၍ ဆွဲဆွဲငင်ငင် အူလိုက်သော ၀ံပုလွေကြီးကို အလစ်အငိုက် ပြေးဖက်လိုက်ပြီး ၀ံပုလွေကြီးရဲ့ လည်မျိုကို ကိုက်ခဲထားလိုက်ပါသည်။




“Ohသခင်လေး... မလုပ်ပါနဲ့!!"


~~~~~~~~~~~~~~~~~~~~~~~~~~~~~


“Ohသခင်လေး မလုပ်ပါနဲ့"


“မင်းသွားတော့ Oh Sehun"


















သူကသာ တကြော်ကြော်ခေါ်နေရင်း လှုပ်နိုးနေပေမဲ့ တုံ့တုံ့မှ မလှုပ်သော ကိုယ်ရံတော်Kimရဲ့ ပါးစပ်ထဲသို့ သူ့လက်ဖ၀ါးမှ တစိမ့်စိမ့် ထွက်ကျနေသော သွေးတို့ကို တိုက်လိုက်ပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~





“Jongin သတိရလာပြီလား"












“အ!!!"





“ပြစမ်း ခင်များရဲ့လက်"

“ဟင့်အင်း"





“စိတ်ပူလို့ပါ"


“တကယ်!!!!"



“ဒါပေမဲ့ ဘာဖြစ်လဲ"







“ဘာလုပ်မလို့လဲ"

“သိရမှာပေါ့"




ဆက်ရန်»»»

(unicode)

မင်းသားရဲ့ နန်းဆောင်မှ ထွက်ပြေးလာပြီး ခြေလှမ်းတွေကို ကန့်သတ်နယ်မြေဆီသို့ သူဦးတည်လိုက်သည်။

လေအဝေ့မှာ အန္တာရာယ်ရဲ့ အငွေ့အသက်ကို သူခံစားမိလိုက်ရပါသည်။

ခပ်သွက်သွက်လှမ်းနေသော ခြေလှမ်းတွေအစား အလျင်အမြန်ပြေးခြင်းကို အစားထိုးလိုက်ပါသည်။

အနောက်မှ အမျိုးအမည်မသိသော အန္တာရာယ်ကလည်း သူ့ခြေလှမ်းတွေနှင့်အတူ ထက်ကြပ်မကွာ အမှီပြေးလိုက်လာခဲ့ပါသည်။

သူ မောနေပြီ သွေးသားဆာလောင်ခြင်းကို အတင်းအဓ္ဓမ ထိန်းချုပ်လိုက်ရသောကြောင့် အားအင်တွေ ကုန်ခန်းနေပြီ

“အာ_______ဝူး________"

°~°~°~°~°~°~°~°~°~°~°~°~°~

နားထဲတွင် ကြားလိုက်ရသော ဝံပုလွေတစ်ကောင်ရဲ့ ဆွဲဆွဲငင်ငင်အူသံကြီးကြောင့် အိပ်ယာထဲတွင် လှဲလျောင်းနေရာမှ Kyungsooထထိုင်လိုက်ပါသည်။

“မင်းသားလေး လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ဦး"

ရုတ်တရက် အိပ်ယာထဲမှ ငုတ်တုတ်ထထိုင်လိုက်သော သူ့ကို သမားတော်ကြီးက ကပျာကယာ တားမြစ်လိုက်ပါသည်။

“ကျုပ် သွားစရာရှိတယ် လီကုန်းကုန်း မီးအိမ်တစ်လုံး အမြန်စီစဉ်ပေးစမ်း!!"

“ဘယ်သွားမလို့လဲ မင်းသားလေးရယ် လက်မှာလည်း ဒဏ်ရာကြီးနဲ့ မဟုတ်လား"

“သင့်ရဲ့လျှာ ပြတ်ချင်ပြီလား.."

“ကျွန်တော်မျိုး သေသင့်ပါတယ်... မင်းသားလေး အမိန့်တော်အတိုင်း မီးအိမ်တစ်လုံး ယူလာပေးပါ့မယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“မင်းသားလေး.... ဘယ်ကိုသွားနေတာလဲ အဲ့ဒါ ကန့်သတ်နယ်မြေ မဟုတ်လား"

အနောက်မှ မောပန်းဟန်ဖြင့် ပြေးလိုက်လာသော ကုန်းကုန်းရဲ့ အမေးကို မဖြေနိုင် စိတ်ထဲမှာ ကိုယ်ရံတော်Kimအတွက်ကိုပဲ စိတ်ပူနေမိပါသည်။

စကားများတဲ့ ကုန်းကုန်းလေးကို စောင့်ခေါ်မနေတော့ပဲ စက္ကူမီးအိမ်လေးကိုကိုင်ပြီး အရှေ့မှ ခပ်သွက်သွက် လျောက်လိုက်ပါတော့သည်။

“မင်းသားလေး... တယောက်တည်း မသွားနဲ့ အန္တရာယ်များတယ် အ့!!!"

မင်းသားနောက်သို့ ပြေးလိုက်လာရင်း ခြေခွေလဲကာ ကုန်းစောင်းလေးမှ လှိမ့်ကျသွားခဲ့ပါသည်။

စက္ကူမီးအိမ်လေးရဲ့ အလင်းရောင်လေးကို အားပြု၍ စိတ်ဇောအဟုန်ဖြင့် မှောင်မှောင်မည်းမည်း တောအုပ်ကြီးထဲ မကြောက်မရွံသွားနေသော အိမ်ရှေ့စံမင်းသားလေး

လက်ကို အောက်ချထားသောကြောင့် သွေးများက အောက်ကျနေပြီး စည်းထားသည့် ပုဝါအဖြူတထည်လုံး သွေးချင်းနီနေပါပြီ

“ကိုယ်ရံတော်Kim...! ကိုယ်ရံတော်Kim..! ဘယ်မှာလဲ"

ဒီအတိုင်းရှာနေလို့ မတွေ့နိုင်တော့ နာမည်လေး အော်ခေါ်ရင်း ရှာလိုက်ပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားအင်တွေ ကုန်ခန်းကာ ချိနဲ့လာခဲ့ပြီ ရှေ့ဆက်သွားဖို့ ခြေလှမ်းများက အားမရှိတော့ ခွေလဲကျသွားခဲ့ပါသည်။

သူ့ဆီသို့ တစ်လှမ်းခြင်း လှမ်းလာတဲ့ ဝံပုလွေတစ်ကောင် သားကောင်ကို ကိုက်ဖြတ်စားသောက်ပစ်ရန် အစွယ်တဖွေးဖွေးက လရောင်အောက်မှာ သူ့ကိုခြိမ်းခြောက်နေသလို

မရှိရှိတဲ့အားအင်ကို စုစည်းလိုက်ပြီး သူ့ကို ကိုက်ဖြတ်ရန် ချောင်းမြောင်းနေသော ဝံပုလွေနှင့် ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။

“ဒီနေ့ သင့်သေနေ့ပဲ ခွေးစုတ်!!"

“အာ______ဝူးအူအူး______"

ကောင်းကင်မှ ထိန်ထိန်သာနေသော လမင်းကြီးကို မော့ကြည့်၍ ဆွဲဆွဲငင်ငင် အူလိုက်သော ဝံပုလွေကြီးကို အလစ်အငိုက် ပြေးဖက်လိုက်ပြီး ဝံပုလွေကြီးရဲ့ လည်မျိိုကို ကိုက်ခဲထားလိုက်ပါသည်။

ဝံပုလွေကြီးက နာကျင်သွားသောကြောင့် ခေါင်းကိုဘယ်ညာယမ်းပြီး သူ့ကိုခါချလိုက်ပါသည်။

အားအင်မရှိသောသူက ဝံပုလွေကြီးက တချက်နှစ်ချက် ခါချလိုက်ရုံနှင့် ခပ်ဝေးဝေးသို့ လွင့်စဉ်ပြုတ်ကျသွားခဲ့ပါသည်။

လည်ပင်းမှ ကိုက်ခံထားရသော ဒဏ်ရာကြောင့် ဝံပုလွေကြီး စိတ်တိုပြီး မြေကြီးပေါ်တွင် လဲကျနေသော သူ့ကို တစစီ ကိုက်ဖြတ်ပစ်ရန် ခုန်အအုပ်

“Ohသခင်လေး... မလုပ်ပါနဲ့!!"

Jongin မျက်စိမဖွင့်နိုင်တော့ နောက်ဆုံးကြားလိုက်ရသည်က မင်းသားလေးရဲ့ အသံမှန်းတော့ သိလိုက်ပြီး ထို့နောက်တွင်တော့ အမှောင်အတိ ကျသွားခဲ့ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူ့ရှေ့တွင် လဲကျနေသော သွေးစုပ်ကောင်ကို အပြီးသတ် ချေမှုန်းရန် Sehunခုန်အုပ်လိုက်ပါသည်။

“Ohသခင်လေး မလုပ်ပါနဲ့"

နားထဲတွင် ကြားလိုက်ရသော မင်းသားလေးရဲ့ တားမြစ်လိုက်သံကြောင့် ခုန်အုပ်မည့် သူ့ခြေထောက်တို့ ဝပ်စင်းသွားကာ ခွေးပေါက်လေးသဖွယ် ငြိမ်သွားခဲ့ပါတယ်

“မင်းသွားတော့ Oh Sehun"

ဝံပုလွေ အသွင်ပြောင်းထားသောSehun အိမ်ရှေ့စံမင်းသားလေးရဲ့ စကားကြောင့် လူအသွင်သို့ ပြန်ပြောင်းလိုက်ပြီးလျှင်

“မင်းသားလေး, သွေးစုပ်ကောင်ဆိုတာ ကျွန်တော်မျိုးတို့ မဟူရာတပ် သေမင်းတမန်တွေရဲ့ ရန်သူပဲ"

“မင်းက ငါလို အိမ်ရှေ့စံကို ပြန်ပြောဝံ့သလား Oh sehun"

“ကျုပ် မင်းသားလေးကို ပြန်မပြောရဲပါဘူး"

“အဲ့ဒါဆို မင်းကို သွားတော့လို့ပြောနေတဲ့ ငါ့စကားကို ဘာဖြစ်လို့ မနာခံတာလဲ"

“မင်းသားလေးက ဒီမိစ္ဆာကောင်ကို ချစ်နေမှန်း ကျုပ်သိပါတယ် ဘာကြောင့် ချစ်တဲ့စိတ်ဖြစ်ရတယ်ဆိုတဲ့ အဖြစ်မှန် အမှန်တရားကိုလည်း မင်းသားလေးသိအောင် ကျုပ်ပြောပြထားတာပဲ"

“ဘာလဲ ကျုပ်က ကိုယ်ရံတော်Kimရဲ့ ကြင်ရာတော် အဆိပ်မယ် Xiao Luhanရဲ့ အသည်းနှလုံးနဲ့ ရှင်သန်နေရလို့ ကိုယ်ရံတော်Kimကို ချစ်နေတယ်လို့ ပြောချင်တာမလား"

“အဲ့ဒါက အမှန်တရားပဲမဟုတ်လား မင်းသားလေး..."

“မှားတယ် မင်းထင်နေတာ မှားတယ်.. ကြင်ရာတော်ရဲ့ အသည်းနှလုံး ငါ့ရင်ဘတ်ထဲမှာ မရှိလည်း ငါက ကိုယ်ရံတော်Kimကို ချစ်မှာပဲ"

“သူက လူမဟုတ်ဘူးနော်... မင်းသားလေးကို အချိန်မရွေး အန္တာရာယ်ပြုနိုင်တယ်"

“ပြုပါစေ hun သူ့လက်ထဲမှာ ငါ့အသက်ကို စတေးရမယ်ဆိုလည်း ငါသေဖို့အသင့်ပါပဲ"

“ခင်များ မွှန်နေပြီ မိစ္ဆာကောင်ရဲ့ မာယာညို့ချက်မှာ မိပြီး ခင်များမရုန်းနိုင်တော့ဘူး"

“မရုန်းနိုင်တာ မဟုတ်ဖူး မရုန်းတာပါ မင်းသွားတော့ Sehun ငါသူ့ကိုယုံတယ် မင်းသွားပါတော့..."

“ကောင်းပြီလေ... ခင်များက နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားပဲ ခင်များရဲ့အမိန့်ကို နာခံရမှာပေါ့... တစ်ခုပဲ မင်းသားလေးရဲ့ မနီးမဝေးမှာ ကျုပ်ရှိနေမယ်... မင်းသားလေးကို ရန်ပြုမဲ့ အရိပ်အယောင်ပဲဖြစ်ဖြစ် စကားလေးပဲဖြစ်ဖြစ် လုပ်လာခဲ့ပြောလာခဲ့ရင် ကျုပ်အဆိုးမဆိုပါနဲ့ ကျုပ်သွားမယ်.."

Oh Sehunက ဝံပုလွေအသွင် ပြန်ပြောင်းလိုက်၍ အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ် သွားခဲ့ပါသည်။

ထိုအခါမှ သူလည်း သတိဝင်လာပြီး လဲကျနေသော ကိုယ်ရံတော်Kimကို ပြေးပွေ့လိုက်ပါသည်။

“Jongin... Jongin... သတိထားပါဦး Jongin...ငါခေါ်နေတယ်လေ"

သူကသာ တကြော်ကြော်ခေါ်နေရင်း လှုပ်နိူးနေပေမဲ့ တုံ့တုံ့မှ မလှုပ်သော ကိုယ်ရံတော်Kimရဲ့ ပါးစပ်ထဲသို့ သူ့လက်ဖဝါးမှ တစိမ့်စိမ့် ထွက်ကျနေသော သွေးတို့ကို တိုက်လိုက်ပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“Jongin... Jongin သတိရပြီလား"

Kim jonginအမှောင်ကမ္ဘာထဲသို့ ကမ်းမမြင် လမ်းမမြင် စမ်းတဝါးဝါးလျှောက်သွားနေစဉ် မျက်စိရှေ့မှ ဖျတ်ခနဲပေါ်လာတဲ့ အလင်းရောင်လေး ထိုအလင်းရောင်လေးရှိရာ အပြေးလေးသွားလိုက်မိတယ်

~~ဟင်!!!!မင်းသားလေးပါလား ငါ့ကို အနားလာခဲ့ဖို့ လက်ယပ်ခေါ်နေတယ်~~

“မင်းသားလေး... မင်းသားလေး..."

“Jongin သတိရလာပြီလား"

မျက်စိဖွင့်ကြည့်လိုက်တယ် နှုတ်ခမ်းပေါ်၌ ပေနေသော သွေးစတချို့ကို လျှာဖြင့်လျက်လိုက်ပြီး

“မင်းသားလေး... မင်းသားလေးရယ်..."

“စိတ်ပူလိုက်ရတာ Jonginရယ် ငါ့ကို ထားသွားပြီလားလို့ ငါဘယ်လောက်စိတ်ပူလိုက်ရသလဲ"

“မင်းသားက ကျုပ်လို သွေးစုပ်မိစ္ဆာကောင် မကြောက်ဖူးလား..."

သူ့စိတ်ထဲ၌ အသိချင်ဆုံး ဖြစ်နေသော မေးခွန်းတခုကို မေးလိုက်ပါသည်။

“ငါမင်းကို ကြောက်လည်းမကြောက်ဘူး...မုန်းလည်းမမုန်းဘူး ပြီးတော့ ငါမင်းကိုချစ်တယ် Kim Jongin..."

ရင်ခွင်ထဲသို့ တိုးဝင်လာသော မင်းသားလေးကို အလိုက်သင့် ပြန်လည်ဖက်ထားလိုက်ပြီး

“ကျုပ်မှာ မိတ်ဘက်ကြင်ရာတော်ရှိတယ်..."

“ငါသိပါတယ် တနေ့နေ့ တချိန်ချိန် မင်းရဲ့ကြင်ရာတော်ကို ပြန်တွေ့လို့ အသက်ပြန်သွင်းချင်တယ်ဆိုလည်း ငါ့ဆီမှာ ရှိနေတဲ့ မင်းကြင်ရာတော်ရဲ့ အသည်းနှလုံးကို ပြန်ပေးဖို့ အသင့်ပါပဲကွယ်"

~~မင်းသားရယ်……ကျုပ်ကို အဲ့ဒီလောက် ချစ်ရသလား~~

“ကဲပါလေ ကျုပ် မင်းသားကို နန်းဆောင်ပြန်ပို့ပေးမယ် ပြန်ကြစို့"

“အ!!!"

နန်းဆောင်သို့ပြန်ရန် အနောက်သို့အလှည့် ခေါင်းကိုကိုင်ပြီး ယိုင်သွားတဲ့ မင်းသားလေး

“မင်းသားလေး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ မင်းသားလေး"

မြေပေါ်သို့ လဲမကျခင် သူ့ကို အလျင်အမြန်ထိန်းပွေ့ကာ စိုးရိမ်တကြီးဖြင့် မေးနေသော Kim jonginကို ပြုံးပြလိုက်ပြီး

“ဘာမှမဖြစ်ပါဘူး ခေါင်းနည်းနည်းမူးသွားလို့ပါ"

“ပြစမ်း ခင်များရဲ့လက်"

“ဟင့်အင်း"

သူ့လက်မှ အတင်းရုန်းနေသော မင်းသားလေးရဲ့ လက်ကို ဇွတ်ဆွဲပြီး ကြည့်လိုက်ပါသည်။

သွေးမတိတ်သေးတဲ့ လက်ဖဝါးလေး သွေးတွေ တစိမ့်စိမ့်ထွက်နေပါတယ်

“Jongin မင်း ငါ့သွေးတွေမြင်တော့ သွေးမသောက်ချင်ဘူးလား"

“ခင်များကျုပ်ကို တိုက်ထားပြီးပြီမလား"

“စိတ်ပူလို့ပါ"

“ကျုပ်က သွေးတခါသောက်ပြီးရင် ဆယ်ရက်လောက် သွေးမသောက်ပဲ နေနိုင်တယ် မင်းသားလေးရဲ့"

“တကယ်!!!!"

မျက်လုံးပြူးလေးပြူးပြီး အံ့သြဟန်ဖြင့် မေးနေသော မင်းသားလေး

“တကယ်ပေါ့ မင်းသားရဲ့ ဒါပေမဲ့"

“ဒါပေမဲ့ ဘာဖြစ်လဲ"

“မင်းသားလေးရဲ့ သွေးကိုတော့ မသောက်ချင်အောင် ထိန်းချုပ်ရတာ ပိုခက်တယ် ရော့!!ဒီရဲ့ ဆေးမှုန့်လေး သိပ်ထားလိုက် သွေးတိတ်သွားလိမ့်မယ်"

ပြောလည်းပြော မင်းသားရဲ့ လက်ဖဝါးထဲသို့ ဆေးမှုန့်များ ဖြူးလိုက်ပြီး ခါးကြားမှ အသင့်ပါလာသော လက်ကိုင်ပဝါလေးဖြင့် စည်းပေးထားလိုက်ပါသည်။

“ငါ့ကို နန်းဆောင် ပြန်ပို့တော့မှာလား Jongin"

“ကဲပါလေ ခဏနေပဲ အာရုဏ်တက်တော့မယ် မိုးလင်းမှ နန်းဆောင်ပြန်ကြတာပေါ့ လောလောဆယ်တော့ ကျုပ်အရင်နေခဲ့တဲ့ လိုဏ်ဂူထဲ မင်းသားလေးကို ခေါ်သွားပါ့မယ်"

“ငါလည်း မင်းနေခဲ့တဲ့ နေရာလေးကို မြင်ဖူးချင်ပါတယ်"

“အဲ့ဒါဆို ကျုပ်ကိုဖက်ထား မင်းသား"

“ဘာလုပ်မလို့လဲ"

“သိရမှာပေါ့"

Kim Jonginရဲ့ လည်ပင်းလေးကို သိုင်းဖက်လိုက်သည်နှင့် Jonginက သူ့ကို ပွေ့ချီလိုက်ပြီး လေ၏အရှိန်နှုန်းဖြင့် တောတန်းတွေ သစ်ပင်တွေကြား ပြေးလွှားနေပါတော့သည်။

“မင်းနဲ့ အခုလို သွားလာနေရတာ ငါအရမ်းပျော်တာပဲ..."

“မင်းသားလေး ပျော်ရင် ကျုပ်လည်းပျော်ပါတယ် မင်းသားလေးရယ်……"

ဆက်ရန်»»»

Continue Reading

You'll Also Like

577K 12.4K 34
Maya has been hiding nearly her whole existence. She is an angel, and no I don't mean she acts like one, no she actually IS an angel! The angel of de...
1.1M 44.3K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
862K 40K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
2.4M 106K 63
Kim Taehyung, a cute little bubbly innocent 23 years old guy who doesn't know anything about the outside world but some circumstances happened and i...