Jonginလည္း မင္းသားေလးဆီ မသြားရသျဖင့္ သူ႕အတြက္ေပးထားသည့္ နန္းေတာ္ရဲမက္ေဆာင္ အခန္းငယ္ေလး၌သာ လွဲလိုက္အိပ္လိုက္ စာဖတ္လိုက္ လုပ္ရင္းျဖင့္သာ အခ်ိန္မ်ားကို ကုန္ဆံုးေစပါသည္။
“အခုရက္ပိုင္း အမတ္ခ်ဳပ္ၾကီးရဲ႕သားက နန္းေတာ္ထဲ အလာစိတ္ေနပါလား ရဲမက္ဟန္"
“အလာစိတ္ဆို မင္းသားေလးက အခစား၀င္ခိုင္းေနတာကိုး ရဲမက္ဂင္ရဲ႕"
တဖက္အခန္းမွ ရဲမက္ႏွစ္ေယာက္ ေျပာေနေသာစကားမ်ားက စာဖတ္ေနေသာ သူ႕ရဲ႕နားထဲသို႔ မဖိတ္ေခၚပဲ ၀င္လာခ့ဲၾကပါသည္။
“မင္းသားေလးကလည္း သခင္ေလးOhကို ေတာ္ေတာ္အေရးေပးတာပဲ သေဘာက်ေနလားမသိဘူး"
“ဟုတ္ခ်င္လည္း ဟုတ္မွာေပါ့ ရဲမက္ၾကီးရယ္"
“ေအးကြာ က်ဳပ္လည္း အားက်မိပါရဲ႕"
“ရဲမက္ၾကီးက သင့္ရဲ႕ေခါင္းကို ႏႈတ္ဆက္ခ်င္ျပီထင္တယ္"
“ဟား...ဟား...ဟား...ဟား"
တဖက္အခန္းမွ ရဲမက္ႏွစ္ေယာက္ ေျပာေနေသာ စကားသံမ်ားၾကားျပီးေနာက္ သူ႕ရင္ထဲ၌ ေသြးမ်ားေျပာင္းျပန္စီးဆင္းေနသလို တဖ်ဥ္းဖ်ဥ္းႏွင့္ ဆူပြက္လာခ့ဲပါေတာ့သည္။
“ေတာက္|||"
~~မင္းသားေလးက တျခားသူဆီသြားမယ္ဆိုလည္း ခင္မ်ားရဲ႕ ခႏၶာကုိယ္ပဲသြားပါ က်ဳပ္ၾကင္ရာေတာ္ရဲ႕ အသည္းႏွလံုးကိုေတာ့ ျပန္ယူထားရလိမ့္မယ္~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညဥ့္သန္းေခါင္ယံ အခ်ိန္ေရာက္သည္ႏွင့္ မည္သူမွ မသိေအာင္ မင္းသားေလးရဲ႕ နန္းေဆာင္ဆီသို႔ သူခ်ဥ္းကပ္လာခ့ဲပါသည္။
မင္းသားေလးရဲ႕ နန္းေဆာင္ေရွ႕ေရာက္သည္ႏွင့္ အနက္ေရာင္ အခိုးအေငြ႕သ႑ာန္ဖန္ဆင္းလိုက္၍ တံခါးၾကားမွတဆင့္ မင္းသားေလးရဲ႕ အိပ္ေဆာင္ဆီ ၀င္လာခ့ဲပါေတာ့သည္။
အိမ္မက္ထဲ၌ ကိုယ္ရံေတာ္Kimက သူ႕တကိုယ္လံုးကို ေအးစက္ႏူးညံ့သည့္ ႏႈတ္ခမ္းပါးေလးမ်ားျဖင့္ စုန္ခ်ည္ဆန္ခ်ည္ နမ္းရိႈက္ေနသည္တ့ဲ....
“အ!!"
သူ႕ရဲ႕ လည္တိုင္ေလးကို ကိုယ္ရံေတာ္Kimက အသည္းယားျပီး ဆဲြစုပ္လိုက္ေသာေၾကာင့္ နာက်င္သြားသျဖင့္ တိုးတိုးေလး ေအာ္မိသြားပါသည္။
အိမ္မက္လိုလို တကယ္လိုလို ရင္ထဲမွာ တလွပ္လွပ္ ခံစားေနရသျဖင့္ မ်က္လံုးေလးဖြင့္ၾကည့္လိုက္ေတာ့
“ဟင္!!"
မင္းသားေလးဆီမွ ေနာက္ဆက္တဲြ စကားလံုးမ်ား ထြက္မလာခင္ မင္းသားေလးရဲ႕ ပါးစပ္ကို သူ႕လက္ျဖင့္ လွမ္းပိတ္လိုက္ပါသည္။
“မေအာ္နဲ႔... မင္းသား!"
မင္းသားေလးက မ်က္လံုးျပဴးေလးျဖင့္ ေခါင္းညိတ္ျပလာမွ မင္းသားေလးပါးစပ္ကို ပိတ္ထားေသာသူ႕ရဲ႕လက္ ဖယ္ေပးလိုက္ပါသည္။
“ဖယ္စမ္း!! Kim jongin"
ကိုယ္ေပၚတြင္ ေရာက္ေနေသာ ကိုယ္ရံေတာ္Kimကို တြန္းဖယ္ခ်လိုက္ေတာ႔ သူ႔ေခါင္းအံုးကို မီွျပီး ထီမထင္သည့္ဟန္ျဖင္႔ လွဲေနျပန္ပါသည္။
“အခုခ်က္ခ်င္း က်ဳပ္ရဲ႕နန္းေဆာင္ထဲက ထြက္သြားစမ္း!!"
“ေဒါသေတြ ၾကီးလွခ်ည္လား.... မင္းသားေလးရဲ႕"
ေဒါသထြက္ျပီး မ်က္ႏွာနီနီေလးျဖင့္ ေမာင္းထုတ္ေနေသာ အိမ္ေရွ႕စံမင္းသားေလးရဲ႕ ေမးဖ်ားေလးကို လက္ညိဳႇးေလးျဖင့္ တို႔ထိရင္း စ,လိုက္သည္။
“အခုခ်က္ခ်င္း ငါ့နန္းေဆာင္ကထြက္သြားလို႔ မင္းကိုအမိန္႔ေပးေနတယ္ေနာ္ Kim Jongin"
“ဟုတ္ပါျပီ__ေဒါသကလည္း ၾကီးရန္ေကာ မင္းသာေလးရယ္... မနက္ျဖန္မနက္ကစျပီး မင္းသားေလးရဲ႕ နန္းေဆာင္မွာ တာ၀န္ျပန္ထမ္းေဆာင္မယ္ဆိုတာ လာေျပာတာပါ ကဲ!က်ဳပ္သြားမယ္ မင္းသားေလး..."
“ေနစမ္းပါဦး ကိုယ္ရံေတာ္Kimရယ္ နန္းေဆာင္မွာ တာ၀န္ျပန္ထမ္းေဆာင္မယ္ဆိုေတာ့ ဘယ္သူ႕သေဘာနဲ႔လဲ"
သူ႕အိပ္ယာနံေဘးတြင္ က်ေနေသာ ၀တ္ရုံေလးကို ျပန္လည္၀တ္ဆင္လိုက္ရင္း နန္းေဆာင္မွ ျပန္ထြက္သြားရန္ ျပင္ေနေသာ ကိုယ္ရံေတာ္kimရဲ႕ လက္ေမာင္းကို လွမ္းဆဲြျပီး ေမးလိုက္သည္။
“ဘယ္သူ႕သေဘာနဲ႔လည္းဆိုေတာ့ ခင္မ်ားအသည္းႏွလံုးရဲ႕ သေဘာနဲ႔ေပါ့ အရမ္းခ်စ္တယ္... ၾကင္ရာေတာ္ရယ္"
သူ႕ရဲ႕ အက်ႌေလးကို ဖြင့္ျပီး လက္၀ဲဘက္ ရင္အံုကို အနမ္းေလးေပးကာ ေလသာျပတင္းေပါက္မွ ခုန္ဆင္းသြားေသာ ကိုယ္ရံေတာ္Kimရဲ႕ ေနာက္ေက်ာျပင္ေလးကို ေငးၾကည့္ျပီး ဒါဟာ အိမ္မက္လား တကယ္လားကြယ္
ၾကင္ရာေတာ္တ့ဲ ငါ့ကိုေခၚသြားတာလား...
အေတြးေလးေၾကာင့္ ျပံဳးမိပါေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နံနက္ အာရုံမတက္ခင္ကတည္းက မင္းသားေလးရဲ႕ နန္းေဆာင္ထဲကို သူေရာက္ေနပါသည္။
ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေမာက်ေနေသာ မင္းသားေလးကို တစိမ့္စိမ့္ၾကည့္ေနမိသည္။
ၾကည့္ေနရင္း ၾကည့္ေနရင္းျဖင့္ မင္းသားေလးက ၾကင္ရာေတာ္Luနဲ႔ တူလာသလိုလို
“ခ်စ္လိုက္တာ ၾကင္ရာေတာ္ရယ္ လြမ္းလိုက္တာကြယ္"
သူ႕နဖူးသို႔ ထိကပ္လာေသာ ေအးစက္စက္အနမ္းေၾကာင့္ အိပ္ေပ်ာ္ေနရာမွ လန္႔ႏိူးလာခ့ဲပါသည္။
“ဟင္!!မင္းေရာက္လာျပန္ျပီလား ကိုယ္ရံေတာ္Kim.."
“မေန႔ညက က်ဳပ္ေျပာသြားခ့ဲတာ မင္းသားေလး ေမ့သြားၿပီထင္တယ္"
သူဘာမွေျပာမေနေတာ့ပဲ အိပ္ယာထဲမွ ထလိုက္သည္။
“အျပင္မွာ ဘယ္သူရိွလဲ"
အျပင္မွ ဘာသံမွမၾကားရ
“အျပင္မွာ ဘယ္သူရိွလဲ"
“ေခၚမေနနဲ႔ေတာ့ မင္းသား...! အျပင္မွာဘယ္သူမွမရိွေတာ႔ဘူး က်ဳပ္သြားခိုင္းလိုက္ျပီ"
“ဘာ!!!"
“ျဖည္းျဖည္းေအာ္ပါ မင္းသားရဲ႕... က်ဳပ္ရဲ႕ မရိွမ့ဲရိွမ့ဲ လိပ္ျပာေလး လန္႔ျပီး ထြက္ေျပးသြားဦးမယ္... ကဲပါ ေနာက္မွပဲ က်ဳပ္ကို စိတ္ဆိုးပါေတာ့ အခုေတာ့ မင္းသားေလး မ်က္ႏွာသစ္ဖို႔ အရင္ဆံုးလုပ္လိုက္ပါဦး"
ကိုယ္ရံေတာ္Kimလုပ္ေပးသမ်ွ မေက်မနပ္ စူပုတ္ပုတ္ျဖင့္ ျငိမ္ခံလိုက္ရပါေတာ့သည္။
“ၾကည့္ပါဦး မေန႔ညက က်ဳပ္လုပ္ေပးထားတ့ဲ အနီမွတ္ကေလး အခုထိရိွေနတုန္းပဲ"
၀တ္ရုံလႊာ ၀တ္ေပးသည့္အခ်ိန္ လည္ပင္းမွ အနီမွတ္ကို ျမင္လိုက္သျဖင့္ ေျပာလိုက္ျခင္း ျဖစ္ပါသည္။
“အ့ဲဒါ မင္းအက်င့္မေကာင္းတာ မင္းယုတ္မာတာေလ"
“အဟင္း..ဟင္း..ဟင္း အ့ဲဒီလို မလုပ္ခ်င္တ့ဲလူကို လုပ္တတ္ေအာင္ လုပ္ခ်င္လာေအာင္ ဆဲြေဆာင္ခ့ဲတာလည္း မင္းသားေလးပဲေလ"
“မင္း__!!!"
“သခင္ေလးOh ေတြ႕ခြင့္ေတာင္းေနပါတယ္ မင္းသား..."
အခန္းျပင္မွ လီကုန္းကုန္း ေအာ္သံေၾကာင့္ ေျပာမ့ဲစကားမ်ား ျပတ္ေတာက္သြားခ့ဲျပီး
“ဥယ်ာဥ္ေတာ္ထဲမွာ ေစာင့္ေနပါလို႔ ေျပာလိုက္ပါ"
“အမိန္႔အတိုင္းပါ မင္းသား..."
ကုန္းကုန္းအသံေပ်ာက္သြားသည္ႏွင့္ ၀တ္ရုံလႊာျမန္ျမန္၀တ္လိုက္သည္။
“ကဲ!!ျမန္ျမန္ေလး ၀တ္ေပးစမ္းပါ ကိုယ္ရံေတာ္Kimရယ္ ဧည့္သည္ကို ဥယ်ာဥ္ေတာ္ထဲမွာ ေစာင့္ခိုင္းထားရတာ အားနာစရာေကာင္းေနျပီ"
“ေစာင့္ပါေစေပါ့ သူ႕ဟာသူ အလုပ္မရိွအကိုင္မရိွ မိုးမလင္းခင္ကတည္းက လာေနတာပဲ"
“မသိပဲနဲ႔ ေလ်ာက္ေျပာမေနပါနဲ႔... က်ဳပ္အေခၚဆင့္ထားလို႔ ေရာက္ေနတာပါ အလုပ္မရိွအကိုင္မရိွမဟုတ္ပါဘူး အရာရိွစာေမးပဲြေျဖထားတာပါ"
ထိုေကာင္ေလးဘက္မွ ဆတ္ဆတ္ခါနာေနေသာ မင္းသားေလးကို စိတ္တိုသြားျပီး
“ခင္မ်ားက သိပ္သြားခ်င္ေနတာလား....မင္းသား..!"
“က်ဳပ္ကို ဘယ္လိုေမးလိုက္တယ္ ကိုယ္ရံေတာ္Kim မင္းမွာ ေခါင္းအပိုပါတယ္ ထင္ေနသလား"
“က်ဳပ္ကို ေသရမွာေၾကာက္တ့ဲသူလို႔ မင္းသားေလးက ထင္ေနတာလား ေရာ့!ဒီမွာ ဓါး က်ဳပ္ကို သတ္ခ်င္ရင္ သတ္ပစ္လိုက္စမ္းပါ"
မင္းသားေလးရဲ႕ လက္ထဲသို႔ အသင့္ေဆာင္ ဓါးေျမာင္ေလး ထည့္ေပးလိုက္သည္။
လက္ထဲသို႔ ကိုယ္ရံေတာ္Kim ထည့္ေပးလာေသာ ဓါးေျမာင္ေလးကိုကိုင္ျပီး လက္ေတြ တဆတ္ဆတ္တုန္ေနပါသည္။
မ်က္ႏွာမွာ ေသြးမရိွေတာ့သည့္အလား ျဖဴစုပ္သြားသည့္ မင္းသားေလးကိုၾကည့္ျပီး စိတ္ပူသြားရသူက Kim Jonginပါ
“မင္းသားေလး... မင္းသားေလး... သတိထားပါဦး မင္းသားေလး"
သတိလြတ္သလို ျဖစ္ေနတ့ဲ မင္းသားေလးကို ရင္ခြင္ထဲ ဆဲြဖက္လိုက္သည္။
|||__ေဒါက္__|||
“အဟင့္... ဟင့္... ဟင့္... ဟင့္..."
လက္ထဲမွ ဓါး ျပဳတ္က်သြားျပီး ကိုယ္ရံေတာ္Kimရဲ႕ ရင္ခြင္ထဲ တိုး၀င္ငိုရိႈက္လိုက္ပါေတာ့သည္။
“တိတ္ပါမင္းသားေလးရယ္ တိတ္ပါေတာ့ကြယ္ က်ဳပ္မွားပါတယ္ က်ဳပ္ေတာင္းပန္ပါတယ္ေနာ္"
“ဟင့္.. ဟင့္... ေနာက္ဘယ္ေတာ့မွ အ့ဲဒီလို မလုပ္ခိုင္းပါဘူးဆိုတ့ဲကတိ ငါ့ကိုေပးပါ ကိုယ္ရံေတာ္Kim"
“ဟုတ္က့ဲ... မင္းသားေလးေတာင္းတ့ဲကတိ က်ဳပ္ေပးပါတယ္... ေနာက္ဘယ္ေတာ့မွ အ့ဲဒီလို မလုပ္ေတာ့ပါဘူး မင္းသားေလးရယ္... ကဲကဲ မ်က္ရည္ေတြသုတ္ေတာ့ သခင္ေလးOh ေစာင့္ေနေရာ့မယ္ သြားၾကရေအာင္"
မင္းသားေလးရဲ႕ မ်က္ရည္မ်ားကို ၾကင္နာယုယစြာ သုတ္ေပးလိုက္ျပီး ရဲြ႕ေစာင္း ယိုယြင္းသြားေသာ ၀တ္ရုံေတာ္ကိုလည္း ျပန္လည္ျပင္ဆင္ေပးလိုက္သည္။
ထို႔ေနာက္ သခင္ေလးOh ေစာင့္ေနသည့္ ဥယ်ာဥ္ေတာ္နားေနေဆာင္သို႔ ေခၚေဆာင္ေပးခ့ဲပါသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ေစာင့္ခိုင္းရလို႔ အားနာပါရဲ႕ Oh Sehun"
ဥယ်ာဥ္ေတာ္ နားေနေဆာင္တြင္ ထိုင္ေစာင့္ေနေသာ Ohစံအိမ္ရဲ႕ သခင္ေလးကို အားနာစကားဆိုလိုက္ပါသည္။
“ဟာ__မဟုတ္တာပဲ မင္းသားေလးရယ္ ကြ်န္ေတာ္မ်ိဳးက အေစာၾကီးေရာက္လာတ့ဲအတြက္ ေတာင္းပန္ရမွာပါ"
“မဟုတ္တာပဲကြယ္ ထားပါေတာ့.. ထားပါေတာ့.. တေယာက္နဲ႔တေယာက္ အားနာလိုက္ ေတာင္းပန္လိုက္နဲ႔ ျပီးေတာ့မွာမဟုတ္ဖူး ကဲ ေျပာစမ္းပါဦး ေသြးစုပ္လူသားေတြနဲ႔ မဟူရာတပ္ေတြရဲ႕ တိုက္ပဲြအေၾကာင္း"
နားေနေဆာင္ေပၚ လိုက္တက္မသြားပဲ ေအာက္မွာေစာင့္ေနခ့ဲရေပမ့ဲ မင္းသားေလးနဲ႔ Ohသခင္ေလးတို႔ ေျပာေနသည့္အေၾကာင္းမ်ားကို အားလံုးၾကားေနရသည္။
~~ေသြးစုပ္လူသားနဲ႔ မဟူရာတပ္ေတြရဲ႕ တိုက္ပဲြအေၾကာင္းကို မင္းသားေလးက ဘာျဖစ္လို႔ သိခ်င္ေနရတာလဲ~~
“ေသြးစုပ္မိစၦာေခါင္းေဆာင္မွာ Xiao Luhanဆိုတ့ဲ ၾကင္ရာေတာ္ ရိွခ့ဲတယ္လို႔ေတာ့ မွတ္တမ္းမွာ ေတြ႕ရတယ္ မင္းသားေလး"
~~ဟင္____ ငါနဲ႔ၾကင္ရာေတာ္Luရဲ႕ အေၾကာင္းေျပာေနတာပဲ မျဖစ္ေတာ့ဘူး ဘာလုပ္ရမလဲ.....~~
•••ဟုတ္ျပီ!!!•••
ရလာသည့္အၾကံကို ခ်က္ခ်င္း အေကာင္အထည္ ေဖာ္လိုက္ပါေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိကၡာစာရင္းရုံးမွ စာရင္းအင္းမ်ား စစ္ေဆးျပီး ျပန္ထြက္လာေသာ အမတ္ခ်ဳပ္Ohကို မူးေ၀သြားေစသည့္ ရနံ႕တခ်ဳိ႕ကို သူ ေပးရွဴလိုက္ပါသည္။
“အ!! အ!! မူးလိုက္တာ!! မူးလိုက္တာကြယ္"
နထင္ကိုဖိကိုင္ရင္း မူးတယ္ မူးတယ္ ျဖင့္ လဲက်သြားေသာ အမတ္ခ်ဳပ္ၾကီးကို အနီးအနားတြင္ရိွေသာ ရဲမက္မ်ားက ေပြ႕ခ်ီလိုက္ၾကျပီး
“Ohလူၾကီးမင္း မူးလဲလို႔ နန္းတြင္းေဆးေပးခန္းကိုပို႔ နန္းတြင္းေဆးေပးခန္းကိုပို႔ေပးၾက"
ခ်က္ခ်င္းဆိုသလို ေအာ္ဟစ္ဆူညံသြားခ့ဲျပီး ရုတ္ရုတ္သည္းသည္း ျဖစ္သြားၾကပါသည္။
“ဥယ်ာဥ္ေတာ္ထဲမွာ သခင္ေလးOhရိွတယ္ မင္းသားေလးနဲ႔ စကားေျပာေနတယ္ အမတ္ခ်ဳပ္ၾကီး မူးလဲတ့ဲအေၾကာင္း အေၾကာင္းၾကားေပးၾကပါဦး"
“ဟုတ္က့ဲပါ ေဆာလူၾကီးမင္း"
အမတ္ေဆာက ဥယ်ာဥ္ထဲ၌ ေတြ႕လာေသာ Ohအမတ္ခ်ဳပ္ၾကီးရဲ႕သား Oh sehunကို အေခၚလြတ္လိုက္သျဖင့္ ရဲမက္Byun ပ်ာယီးပ်ာယာ ထြက္လာခ့ဲပါသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမတ္ခ်ဳပ္ၾကီး မူးလဲလို႔ဟု ရဲမက္ေလး လာေခၚသျဖင့္ မင္းသားေလးနဲ႔ စကားေျပာေနရာမွ လိုက္သြားခ့ဲပါသည္။
“ကိုယ္ရံေတာ္Kim က်ဳပ္တို႔လည္း နန္းတြင္း ေဆးေပးခန္းကို လိုက္သြားမွနဲ႔တူတယ္"
၀တ္ရုံလႊာကို ျပင္လိုက္ရင္း ေအာက္မွာရပ္ေစာင့္ေနေသာ ကိုယ္ရံေတာ္Kimကို လွမ္းေျပာလိုက္ပါသည္။
“လိုက္သြားမေနပါနဲ႔ေတာ့ မင္းသားေလးရယ္ အမတ္ခ်ဳပ္ၾကီး ဘာမွမျဖစ္ပါဘူး"
ကိုယ္လုပ္ခ့ဲတ့ဲအေၾကာင္း ကိုယ္သာအသိဆံုးမလား...
“မင္းက သမားေတာ္လား ဒါမွမဟုတ္ ေရွ႕ျဖစ္နိမိတ္ေဟာတ့ဲ နတ္ဆရာလား... က်ဳပ္ကသြားမယ္ဆိုရင္ မင္းက လိုက္ပို႔ေပးဖို႔ပဲ မဟုတ္လား"
“စိုးရံြမိေပမ့ဲ အေရးမၾကီးလို႔ မၾကီးဘူးေျပာတာပါ နန္းေဆာင္ကိုပဲ ျပန္ၾကပါစို႔ မင္းသားေလး..."
“ေကာင္းျပီေလ ဒါဆိုလည္း နန္းေဆာင္ေတာ္ကိုပဲ ျပန္ၾကတာေပါ့"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ညဥ္႔ဦးယံ အခ်ိန္ ေရာက္ပါျပီ"
“ညဥ့္ဦးယံ အခ်ိန္ ေရာက္ပါျပီ"
ကင္းေစာင့္တပ္သား၏ အခ်ိန္ေအာ္သံၾကားေတာ့မွ ဖတ္ေနေသာ စာအုပ္ကို သူပိတ္လိုက္ပါသည္။
“ကိုယ္ရံေတာ္Kim"
“ရိွပါတယ္ မင္းသားေလး"
“က်ဳပ္ မင္းကို ေျပာစရာရိွတယ္"
“ဟုတ္က့ဲ အမိန္႔ရိွပါ"
“က်ဳပ္အခုဖတ္ေနတ့ဲ စာအုပ္က ဘာစာအုပ္လည္း မင္းသိသလား"
“မသိပါဘူး မင္းသားေလး"
“ေသြးစုပ္လူသားေတြရဲ႕အေၾကာင္း ေသြးစုပ္လူသားေတြရဲ႕ အက်င့္စရိုက္လကဏာၡေတြကို အေသးစိတ္ မွတ္တမ္းတင္ထားတ့ဲ စာအုပ္ပဲ"
“ဟုတ္က့ဲ ကြ်န္ေတာ္မ်ိဳးမွတ္ထားပါ့မယ္"
“ကိုယ္ရံေတာ္Kimက မွတ္ထားစရာ လို,လို႔လား"
မင္းသားေလးရဲ႕စကားေၾကာင့္ လန္႔ထိတ္သြားခ့ဲရသည္။
“ဘာျဖစ္လို႔လဲ မင္းသား... က်ြန္ေတာ္မ်ိဳးမွ အ့ဲဒါေတြ မသိတာ မွတ္ထားရမွာေပါ့"
“ေရာ့!ဒီမွာ မနက္က က်ဳပ္ကို မင္းေပးထားတ့ဲဓါးေျမာင္"
“ေက်းဇူးတင္ပါတယ္..."
မင္းသားေလး လက္ထဲမွ ဓါးေျမာင္ကို လွမ္းယူလိုက္ေပမ့ဲ မင္းသားေလးက သူမထင္မွတ္ထားတ့ဲ အျပဳအမူကို လုပ္လိုက္ပါသည္။
လက္ထဲမွ လွမ္းယူမည္လုပ္ေနေသာ ဓါးေျမာင္းျဖင့္ ကိုယ္ရံေတာ္Kimရဲ႕အေရွ႕တြင္ လက္ကို လွီးျဖတ္လိုက္ပါေတာ့သည္။
လက္ဖ၀ါးထဲ၌ ေသြးခ်င္းနီနီ ရဲသြားခ့ဲပါတယ္
ေသြးသားဆာေလာင္မြတ္သိပ္မႈကို ႏွစ္ဆတိုးေစေသာ ေသြးနံ႔
သူၾကိဳက္ေသာ အားပါးတရေသာက္သုံးပစ္ခ်င္ေသာ ေသြးေတြက သူ႕ေရွ႕ၾကမ္းျပင္ေပၚတြင္ တစက္စက္စီးက်ေနတာကို ေတြ႕လိုက္ရသည့္တခဏ
ထိန္းခ်ဳပ္ကြယ္ဝွက္ထားေသာ သြားစြယ္ေတြက သြားဖံုးေအာက္မွ တိုးထြက္ခ်င္ေနၾကသည္။
“ဒီမွာ ေသြးေတြ ေတြ႕လား ကိုယ္ရံေတာ္Kim ေရာ့ေလ လာေသာက္ေလ"
“ခင္__ခင္မ်ား ဘာလုပ္တာလဲ မင္းသားေလး ခင္မ်ားရူးေနလား ခင္မ်ား ေသခ်င္ေနျပီလား"
“မင္း, လူမဟုတ္ဘူး Kim jongin"
“အျပင္မွာ ဘယ္သူရိွလဲ ကုန္းကုန္း...! ျမန္ျမန္၀င္လာခ့ဲပါ ဒီမွာ မင္းသားေလးရဲ႕လက္ ဓါးထိသြားတယ္"
“ဟုတ္__ဟုတ္က့ဲပါ ကိုယ္ရံေတာ္ၾကီး"
“အပ်ိဳေတာ္ကန္ နန္းတြင္းသမားေတာ္ၾကီးကို ျမန္ျမန္သြားေခၚလာခ့ဲ အပ်ိဳေတာ္ဆုန္း စားဖိုေဆာင္ကိုသြားျပီး ေရေႏြးသြားယူလာခ့ဲ"
“ဟုတ္က့ဲ လီကုန္းကုန္း.."
အားလံုး ပ်ာယာခတ္ေနၾကသည့္အခ်ိန္ ေလသာျပတင္းေပါက္မွ ခုန္ဆင္းျပီး နန္းေတာ္အေနာက္ဘက္ ကန္႔သတ္နယ္ေျမသို႔ Jongin ထြက္လာခ့ဲပါသည္။
ဆက္ရန္»»»
(unicode)
Jonginလည်း မင်းသားလေးဆီ မသွားရသဖြင့် သူ့အတွက်ပေးထားသည့် နန်းတော်ရဲမက်ဆောင် အခန်းငယ်လေး၌သာ လှဲလိုက်အိပ်လိုက် စာဖတ်လိုက် လုပ်ရင်းဖြင့်သာ အချိန်များကို ကုန်ဆုံးစေပါသည်။
“အခုရက်ပိုင်း အမတ်ချုပ်ကြီးရဲ့သားက နန်းတော်ထဲ အလာစိတ်နေပါလား ရဲမက်ဟန်"
“အလာစိတ်ဆို မင်းသားလေးက အခစားဝင်ခိုင်းနေတာကိုး ရဲမက်ဂင်ရဲ့"
တဖက်အခန်းမှ ရဲမက်နှစ်ယောက် ပြောနေသောစကားများက စာဖတ်နေသော သူ့ရဲ့နားထဲသို့ မဖိတ်ခေါ်ပဲ ဝင်လာခဲ့ကြပါသည်။
“မင်းသားလေးကလည်း သခင်လေးOhကို တော်တော်အရေးပေးတာပဲ သဘောကျနေလားမသိဘူး"
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ရဲမက်ကြီးရယ်"
“အေးကွာ ကျုပ်လည်း အားကျမိပါရဲ့"
“ရဲမက်ကြီးက သင့်ရဲ့ခေါင်းကို နှုတ်ဆက်ချင်ပြီထင်တယ်"
“ဟား...ဟား...ဟား...ဟား"
တဖက်အခန်းမှ ရဲမက်နှစ်ယောက် ပြောနေသော စကားသံများကြားပြီးနောက် သူ့ရင်ထဲ၌ သွေးများပြောင်းပြန်စီးဆင်းနေသလို တဖျဉ်းဖျဉ်းနှင့် ဆူပွက်လာခဲ့ပါတော့သည်။
“တောက်|||"
~~မင်းသားလေးက တခြားသူဆီသွားမယ်ဆိုလည်း ခင်များရဲ့ ခန္ဓာကိုယ်ပဲသွားပါ ကျုပ်ကြင်ရာတော်ရဲ့ အသည်းနှလုံးကိုတော့ ပြန်ယူထားရလိမ့်မယ်~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညဥ့်သန်းခေါင်ယံ အချိန်ရောက်သည်နှင့် မည်သူမှ မသိအောင် မင်းသားလေးရဲ့ နန်းဆောင်ဆီသို့ သူချဉ်းကပ်လာခဲ့ပါသည်။
မင်းသားလေးရဲ့ နန်းဆောင်ရှေ့ရောက်သည်နှင့် အနက်ရောင် အခိုးအငွေ့သဏ္ဍာန်ဖန်ဆင်းလိုက်၍ တံခါးကြားမှတဆင့် မင်းသားလေးရဲ့ အိပ်ဆောင်ဆီ ဝင်လာခဲ့ပါတော့သည်။
အိမ်မက်ထဲ၌ ကိုယ်ရံတော်Kimက သူ့တကိုယ်လုံးကို အေးစက်နူးညံ့သည့် နှုတ်ခမ်းပါးလေးများဖြင့် စုန်ချည်ဆန်ချည် နမ်းရှိုက်နေသည်တဲ့....
“အ!!"
သူ့ရဲ့ လည်တိုင်လေးကို ကိုယ်ရံတော်Kimက အသည်းယားပြီး ဆွဲစုပ်လိုက်သောကြောင့် နာကျင်သွားသဖြင့် တိုးတိုးလေး အော်မိသွားပါသည်။
အိမ်မက်လိုလို တကယ်လိုလို ရင်ထဲမှာ တလှပ်လှပ် ခံစားနေရသဖြင့် မျက်လုံးလေးဖွင့်ကြည့်လိုက်တော့
“ဟင်!!"
မင်းသားလေးဆီမှ နောက်ဆက်တွဲ စကားလုံးများ ထွက်မလာခင် မင်းသားလေးရဲ့ ပါးစပ်ကို သူ့လက်ဖြင့် လှမ်းပိတ်လိုက်ပါသည်။
“မအော်နဲ့... မင်းသား!"
မင်းသားလေးက မျက်လုံးပြူးလေးဖြင့် ခေါင်းညိတ်ပြလာမှ မင်းသားလေးပါးစပ်ကို ပိတ်ထားသောသူ့ရဲ့လက် ဖယ်ပေးလိုက်ပါသည်။
“ဖယ်စမ်း!! Kim jongin"
ကိုယ်ပေါ်တွင် ရောက်နေသော ကိုယ်ရံတော်Kimကို တွန်းဖယ်ချလိုက်တော့ သူ့ခေါင်းအုံးကို မှီပြီး ထီမထင်သည့်ဟန်ဖြင့် လှဲနေပြန်ပါသည်။
“အခုချက်ချင်း ကျုပ်ရဲ့နန်းဆောင်ထဲက ထွက်သွားစမ်း!!"
“ဒေါသတွေ ကြီးလှချည်လား.... မင်းသားလေးရဲ့"
ဒေါသထွက်ပြီး မျက်နှာနီနီလေးဖြင့် မောင်းထုတ်နေသော အိမ်ရှေ့စံမင်းသားလေးရဲ့ မေးဖျားလေးကို လက်ညိုှးလေးဖြင့် တို့ထိရင်း စ,လိုက်သည်။
“အခုချက်ချင်း ငါ့နန်းဆောင်ကထွက်သွားလို့ မင်းကိုအမိန့်ပေးနေတယ်နော် Kim Jongin"
“ဟုတ်ပါပြီ__ဒေါသကလည်း ကြီးရန်ကော မင်းသာလေးရယ်... မနက်ဖြန်မနက်ကစပြီး မင်းသားလေးရဲ့ နန်းဆောင်မှာ တာဝန်ပြန်ထမ်းဆောင်မယ်ဆိုတာ လာပြောတာပါ ကဲ!ကျုပ်သွားမယ် မင်းသားလေး..."
“နေစမ်းပါဦး ကိုယ်ရံတော်Kimရယ် နန်းဆောင်မှာ တာဝန်ပြန်ထမ်းဆောင်မယ်ဆိုတော့ ဘယ်သူ့သဘောနဲ့လဲ"
သူ့အိပ်ယာနံဘေးတွင် ကျနေသော ဝတ်ရုံလေးကို ပြန်လည်ဝတ်ဆင်လိုက်ရင်း နန်းဆောင်မှ ပြန်ထွက်သွားရန် ပြင်နေသော ကိုယ်ရံတော်kimရဲ့ လက်မောင်းကို လှမ်းဆွဲပြီး မေးလိုက်သည်။
“ဘယ်သူ့သဘောနဲ့လည်းဆိုတော့ ခင်များအသည်းနှလုံးရဲ့ သဘောနဲ့ပေါ့ အရမ်းချစ်တယ်... ကြင်ရာတော်ရယ်"
သူ့ရဲ့ အကျႌလေးကို ဖွင့်ပြီး လက်ဝဲဘက် ရင်အုံကို အနမ်းလေးပေးကာ လေသာပြတင်းပေါက်မှ ခုန်ဆင်းသွားသော ကိုယ်ရံတော်Kimရဲ့ နောက်ကျောပြင်လေးကို ငေးကြည့်ပြီး ဒါဟာ အိမ်မက်လား တကယ်လားကွယ်
ကြင်ရာတော်တဲ့ ငါ့ကိုခေါ်သွားတာလား...
အတွေးလေးကြောင့် ပြုံးမိပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နံနက် အာရုံမတက်ခင်ကတည်းက မင်းသားလေးရဲ့ နန်းဆောင်ထဲကို သူရောက်နေပါသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော မင်းသားလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။
ကြည့်နေရင်း ကြည့်နေရင်းဖြင့် မင်းသားလေးက ကြင်ရာတော်Luနဲ့ တူလာသလိုလို
“ချစ်လိုက်တာ ကြင်ရာတော်ရယ် လွမ်းလိုက်တာကွယ်"
သူ့နဖူးသို့ ထိကပ်လာသော အေးစက်စက်အနမ်းကြောင့် အိပ်ပျော်နေရာမှ လန့်နိူးလာခဲ့ပါသည်။
“ဟင်!!မင်းရောက်လာပြန်ပြီလား ကိုယ်ရံတော်Kim.."
“မနေ့ညက ကျုပ်ပြောသွားခဲ့တာ မင်းသားလေး မေ့သွားပြီထင်တယ်"
သူဘာမှပြောမနေတော့ပဲ အိပ်ယာထဲမှ ထလိုက်သည်။
“အပြင်မှာ ဘယ်သူရှိလဲ"
အပြင်မှ ဘာသံမှမကြားရ
“အပြင်မှာ ဘယ်သူရှိလဲ"
“ခေါ်မနေနဲ့တော့ မင်းသား...! အပြင်မှာဘယ်သူမှမရှိတော့ဘူး ကျုပ်သွားခိုင်းလိုက်ပြီ"
“ဘာ!!!"
“ဖြည်းဖြည်းအော်ပါ မင်းသားရဲ့... ကျုပ်ရဲ့ မရှိမဲ့ရှိမဲ့ လိပ်ပြာလေး လန့်ပြီး ထွက်ပြေးသွားဦးမယ်... ကဲပါ နောက်မှပဲ ကျုပ်ကို စိတ်ဆိုးပါတော့ အခုတော့ မင်းသားလေး မျက်နှာသစ်ဖို့ အရင်ဆုံးလုပ်လိုက်ပါဦး"
ကိုယ်ရံတော်Kimလုပ်ပေးသမျှ မကျေမနပ် စူပုတ်ပုတ်ဖြင့် ငြိမ်ခံလိုက်ရပါတော့သည်။
“ကြည့်ပါဦး မနေ့ညက ကျုပ်လုပ်ပေးထားတဲ့ အနီမှတ်ကလေး အခုထိရှိနေတုန်းပဲ"
ဝတ်ရုံလွှာ ဝတ်ပေးသည့်အချိန် လည်ပင်းမှ အနီမှတ်ကို မြင်လိုက်သဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။
“အဲ့ဒါ မင်းအကျင့်မကောင်းတာ မင်းယုတ်မာတာလေ"
“အဟင်း..ဟင်း..ဟင်း အဲ့ဒီလို မလုပ်ချင်တဲ့လူကို လုပ်တတ်အောင် လုပ်ချင်လာအောင် ဆွဲဆောင်ခဲ့တာလည်း မင်းသားလေးပဲလေ"
“မင်း__!!!"
“သခင်လေးOh တွေ့ခွင့်တောင်းနေပါတယ် မင်းသား..."
အခန်းပြင်မှ လီကုန်းကုန်း အော်သံကြောင့် ပြောမဲ့စကားများ ပြတ်တောက်သွားခဲ့ပြီး
“ဥယျာဉ်တော်ထဲမှာ စောင့်နေပါလို့ ပြောလိုက်ပါ"
“အမိန့်အတိုင်းပါ မင်းသား..."
ကုန်းကုန်းအသံပျောက်သွားသည်နှင့် ဝတ်ရုံလွှာမြန်မြန်ဝတ်လိုက်သည်။
“ကဲ!!မြန်မြန်လေး ဝတ်ပေးစမ်းပါ ကိုယ်ရံတော်Kimရယ် ဧည့်သည်ကို ဥယျာဉ်တော်ထဲမှာ စောင့်ခိုင်းထားရတာ အားနာစရာကောင်းနေပြီ"
“စောင့်ပါစေပေါ့ သူ့ဟာသူ အလုပ်မရှိအကိုင်မရှိ မိုးမလင်းခင်ကတည်းက လာနေတာပဲ"
“မသိပဲနဲ့ လျောက်ပြောမနေပါနဲ့... ကျုပ်အခေါ်ဆင့်ထားလို့ ရောက်နေတာပါ အလုပ်မရှိအကိုင်မရှိမဟုတ်ပါဘူး အရာရှိစာမေးပွဲဖြေထားတာပါ"
ထိုကောင်လေးဘက်မှ ဆတ်ဆတ်ခါနာနေသော မင်းသားလေးကို စိတ်တိုသွားပြီး
“ခင်များက သိပ်သွားချင်နေတာလား....မင်းသား..!"
“ကျုပ်ကို ဘယ်လိုမေးလိုက်တယ် ကိုယ်ရံတော်Kim မင်းမှာ ခေါင်းအပိုပါတယ် ထင်နေသလား"
“ကျုပ်ကို သေရမှာကြောက်တဲ့သူလို့ မင်းသားလေးက ထင်နေတာလား ရော့!ဒီမှာ ဓါး ကျုပ်ကို သတ်ချင်ရင် သတ်ပစ်လိုက်စမ်းပါ"
မင်းသားလေးရဲ့ လက်ထဲသို့ အသင့်ဆောင် ဓါးမြောင်လေး ထည့်ပေးလိုက်သည်။
လက်ထဲသို့ ကိုယ်ရံတော်Kim ထည့်ပေးလာသော ဓါးမြောင်လေးကိုကိုင်ပြီး လက်တွေ တဆတ်ဆတ်တုန်နေပါသည်။
မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူစုပ်သွားသည့် မင်းသားလေးကိုကြည့်ပြီး စိတ်ပူသွားရသူက Kim Jonginပါ
“မင်းသားလေး... မင်းသားလေး... သတိထားပါဦး မင်းသားလေး"
သတိလွတ်သလို ဖြစ်နေတဲ့ မင်းသားလေးကို ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။
|||__ဒေါက်__|||
“အဟင့်... ဟင့်... ဟင့်... ဟင့်..."
လက်ထဲမှ ဓါး ပြုတ်ကျသွားပြီး ကိုယ်ရံတော်Kimရဲ့ ရင်ခွင်ထဲ တိုးဝင်ငိုရှိုက်လိုက်ပါတော့သည်။
“တိတ်ပါမင်းသားလေးရယ် တိတ်ပါတော့ကွယ် ကျုပ်မှားပါတယ် ကျုပ်တောင်းပန်ပါတယ်နော်"
“ဟင့်.. ဟင့်... နောက်ဘယ်တော့မှ အဲ့ဒီလို မလုပ်ခိုင်းပါဘူးဆိုတဲ့ကတိ ငါ့ကိုပေးပါ ကိုယ်ရံတော်Kim"
“ဟုတ်ကဲ့... မင်းသားလေးတောင်းတဲ့ကတိ ကျုပ်ပေးပါတယ်... နောက်ဘယ်တော့မှ အဲ့ဒီလို မလုပ်တော့ပါဘူး မင်းသားလေးရယ်... ကဲကဲ မျက်ရည်တွေသုတ်တော့ သခင်လေးOh စောင့်နေရော့မယ် သွားကြရအောင်"
မင်းသားလေးရဲ့ မျက်ရည်များကို ကြင်နာယုယစွာ သုတ်ပေးလိုက်ပြီး ရွဲ့စောင်း ယိုယွင်းသွားသော ဝတ်ရုံတော်ကိုလည်း ပြန်လည်ပြင်ဆင်ပေးလိုက်သည်။
ထို့နောက် သခင်လေးOh စောင့်နေသည့် ဥယျာဉ်တော်နားနေဆောင်သို့ ခေါ်ဆောင်ပေးခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“စောင့်ခိုင်းရလို့ အားနာပါရဲ့ Oh Sehun"
ဥယျာဉ်တော် နားနေဆောင်တွင် ထိုင်စောင့်နေသော Ohစံအိမ်ရဲ့ သခင်လေးကို အားနာစကားဆိုလိုက်ပါသည်။
“ဟာ__မဟုတ်တာပဲ မင်းသားလေးရယ် ကျွန်တော်မျိုးက အစောကြီးရောက်လာတဲ့အတွက် တောင်းပန်ရမှာပါ"
“မဟုတ်တာပဲကွယ် ထားပါတော့.. ထားပါတော့.. တယောက်နဲ့တယောက် အားနာလိုက် တောင်းပန်လိုက်နဲ့ ပြီးတော့မှာမဟုတ်ဖူး ကဲ ပြောစမ်းပါဦး သွေးစုပ်လူသားတွေနဲ့ မဟူရာတပ်တွေရဲ့ တိုက်ပွဲအကြောင်း"
နားနေဆောင်ပေါ် လိုက်တက်မသွားပဲ အောက်မှာစောင့်နေခဲ့ရပေမဲ့ မင်းသားလေးနဲ့ Ohသခင်လေးတို့ ပြောနေသည့်အကြောင်းများကို အားလုံးကြားနေရသည်။
~~သွေးစုပ်လူသားနဲ့ မဟူရာတပ်တွေရဲ့ တိုက်ပွဲအကြောင်းကို မင်းသားလေးက ဘာဖြစ်လို့ သိချင်နေရတာလဲ~~
“သွေးစုပ်မိစ္ဆာခေါင်းဆောင်မှာ Xiao Luhanဆိုတဲ့ ကြင်ရာတော် ရှိခဲ့တယ်လို့တော့ မှတ်တမ်းမှာ တွေ့ရတယ် မင်းသားလေး"
~~ဟင်____ ငါနဲ့ကြင်ရာတော်Luရဲ့ အကြောင်းပြောနေတာပဲ မဖြစ်တော့ဘူး ဘာလုပ်ရမလဲ.....~~
•••ဟုတ်ပြီ!!!•••
ရလာသည့်အကြံကို ချက်ချင်း အကောင်အထည် ဖော်လိုက်ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိက္ခာစာရင်းရုံးမှ စာရင်းအင်းများ စစ်ဆေးပြီး ပြန်ထွက်လာသော အမတ်ချုပ်Ohကို မူးဝေသွားစေသည့် ရနံ့တချို့ကို သူ ပေးရှူလိုက်ပါသည်။
“အ!! အ!! မူးလိုက်တာ!! မူးလိုက်တာကွယ်"
နထင်ကိုဖိကိုင်ရင်း မူးတယ် မူးတယ် ဖြင့် လဲကျသွားသော အမတ်ချုပ်ကြီးကို အနီးအနားတွင်ရှိသော ရဲမက်များက ပွေ့ချီလိုက်ကြပြီး
“Ohလူကြီးမင်း မူးလဲလို့ နန်းတွင်းဆေးပေးခန်းကိုပို့ နန်းတွင်းဆေးပေးခန်းကိုပို့ပေးကြ"
ချက်ချင်းဆိုသလို အော်ဟစ်ဆူညံသွားခဲ့ပြီး ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြပါသည်။
“ဥယျာဉ်တော်ထဲမှာ သခင်လေးOhရှိတယ် မင်းသားလေးနဲ့ စကားပြောနေတယ် အမတ်ချုပ်ကြီး မူးလဲတဲ့အကြောင်း အကြောင်းကြားပေးကြပါဦး"
“ဟုတ်ကဲ့ပါ ဆောလူကြီးမင်း"
အမတ်ဆောက ဥယျာဉ်ထဲ၌ တွေ့လာသော Ohအမတ်ချုပ်ကြီးရဲ့သား Oh sehunကို အခေါ်လွတ်လိုက်သဖြင့် ရဲမက်Byun ပျာယီးပျာယာ ထွက်လာခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမတ်ချုပ်ကြီး မူးလဲလို့ဟု ရဲမက်လေး လာခေါ်သဖြင့် မင်းသားလေးနဲ့ စကားပြောနေရာမှ လိုက်သွားခဲ့ပါသည်။
“ကိုယ်ရံတော်Kim ကျုပ်တို့လည်း နန်းတွင်း ဆေးပေးခန်းကို လိုက်သွားမှနဲ့တူတယ်"
ဝတ်ရုံလွှာကို ပြင်လိုက်ရင်း အောက်မှာရပ်စောင့်နေသော ကိုယ်ရံတော်Kimကို လှမ်းပြောလိုက်ပါသည်။
“လိုက်သွားမနေပါနဲ့တော့ မင်းသားလေးရယ် အမတ်ချုပ်ကြီး ဘာမှမဖြစ်ပါဘူး"
ကိုယ်လုပ်ခဲ့တဲ့အကြောင်း ကိုယ်သာအသိဆုံးမလား...
“မင်းက သမားတော်လား ဒါမှမဟုတ် ရှေ့ဖြစ်နိမိတ်ဟောတဲ့ နတ်ဆရာလား... ကျုပ်ကသွားမယ်ဆိုရင် မင်းက လိုက်ပို့ပေးဖို့ပဲ မဟုတ်လား"
“စိုးရံွမိပေမဲ့ အရေးမကြီးလို့ မကြီးဘူးပြောတာပါ နန်းဆောင်ကိုပဲ ပြန်ကြပါစို့ မင်းသားလေး..."
“ကောင်းပြီလေ ဒါဆိုလည်း နန်းဆောင်တော်ကိုပဲ ပြန်ကြတာပေါ့"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ညဥ့်ဦးယံ အချိန် ရောက်ပါပြီ"
“ညဥ့်ဦးယံ အချိန် ရောက်ပါပြီ"
ကင်းစောင့်တပ်သား၏ အချိန်အော်သံကြားတော့မှ ဖတ်နေသော စာအုပ်ကို သူပိတ်လိုက်ပါသည်။
“ကိုယ်ရံတော်Kim"
“ရှိပါတယ် မင်းသားလေး"
“ကျုပ် မင်းကို ပြောစရာရှိတယ်"
“ဟုတ်ကဲ့ အမိန့်ရှိပါ"
“ကျုပ်အခုဖတ်နေတဲ့ စာအုပ်က ဘာစာအုပ်လည်း မင်းသိသလား"
“မသိပါဘူး မင်းသားလေး"
“သွေးစုပ်လူသားတွေရဲ့အကြောင်း သွေးစုပ်လူသားတွေရဲ့ အကျင့်စရိုက်လကဏ္ခာတွေကို အသေးစိတ် မှတ်တမ်းတင်ထားတဲ့ စာအုပ်ပဲ"
“ဟုတ်ကဲ့ ကျွန်တော်မျိုးမှတ်ထားပါ့မယ်"
“ကိုယ်ရံတော်Kimက မှတ်ထားစရာ လို,လို့လား"
မင်းသားလေးရဲ့စကားကြောင့် လန့်ထိတ်သွားခဲ့ရသည်။
“ဘာဖြစ်လို့လဲ မင်းသား... ကျွန်တော်မျိုးမှ အဲ့ဒါတွေ မသိတာ မှတ်ထားရမှာပေါ့"
“ရော့!ဒီမှာ မနက်က ကျုပ်ကို မင်းပေးထားတဲ့ဓါးမြောင်"
“ကျေးဇူးတင်ပါတယ်..."
မင်းသားလေး လက်ထဲမှ ဓါးမြောင်ကို လှမ်းယူလိုက်ပေမဲ့ မင်းသားလေးက သူမထင်မှတ်ထားတဲ့ အပြုအမူကို လုပ်လိုက်ပါသည်။
လက်ထဲမှ လှမ်းယူမည်လုပ်နေသော ဓါးမြောင်းဖြင့် ကိုယ်ရံတော်Kimရဲ့အရှေ့တွင် လက်ကို လှီးဖြတ်လိုက်ပါတော့သည်။
လက်ဖဝါးထဲ၌ သွေးချင်းနီနီ ရဲသွားခဲ့ပါတယ်
သွေးသားဆာလောင်မွတ်သိပ်မှုကို နှစ်ဆတိုးစေသော သွေးနံ့
သူကြိုက်သော အားပါးတရသောက်သုံးပစ်ချင်သော သွေးတွေက သူ့ရှေ့ကြမ်းပြင်ပေါ်တွင် တစက်စက်စီးကျနေတာကို တွေ့လိုက်ရသည့်တခဏ
ထိန်းချုပ်ကွယ်ဝှက်ထားသော သွားစွယ်တွေက သွားဖုံးအောက်မှ တိုးထွက်ချင်နေကြသည်။
“ဒီမှာ သွေးတွေ တွေ့လား ကိုယ်ရံတော်Kim ရော့လေ လာသောက်လေ"
“ခင်__ခင်များ ဘာလုပ်တာလဲ မင်းသားလေး ခင်များရူးနေလား ခင်များ သေချင်နေပြီလား"
“မင်း, လူမဟုတ်ဘူး Kim jongin"
“အပြင်မှာ ဘယ်သူရှိလဲ ကုန်းကုန်း...! မြန်မြန်ဝင်လာခဲ့ပါ ဒီမှာ မင်းသားလေးရဲ့လက် ဓါးထိသွားတယ်"
“ဟုတ်__ဟုတ်ကဲ့ပါ ကိုယ်ရံတော်ကြီး"
“အပျိုတော်ကန် နန်းတွင်းသမားတော်ကြီးကို မြန်မြန်သွားခေါ်လာခဲ့ အပျိုတော်ဆုန်း စားဖိုဆောင်ကိုသွားပြီး ရေနွေးသွားယူလာခဲ့"
“ဟုတ်ကဲ့ လီကုန်းကုန်း.."
အားလုံး ပျာယာခတ်နေကြသည့်အချိန် လေသာပြတင်းပေါက်မှ ခုန်ဆင်းပြီး နန်းတော်အနောက်ဘက် ကန့်သတ်နယ်မြေသို့ Jongin ထွက်လာခဲ့ပါသည်။
ဆက်ရန်»»»